← Chapters

အခန်း ၁၅၄၂

Vol. 105 Ch. 1542

အခန်း ၁၅၄၂

Vol. 105 Ch. 1542

အခန်း ၁၅၄၂ မည်သို့ ဖိတ်ကြားမည်နည်း

"သူဌေး... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ..."

ခါမီဒါ မာဆာအိုသည် ဖုန်းယွီ၏ ဖုန်းကို လက်ခံရရှိသောအခါ အလွန်အံ့အားသင့်သွားခဲ့သည်။ နှစ်သစ်ကူး အကြိုည ဆယ့်နှစ်နာရီ ကျော်သည်နှင့် သူက ဖုန်းဆက်ပြီး နှစ်သစ်ကူး နှုတ်ခွန်းဆက်လိုက်သည် မဟုတ်ပါလော။ တရုတ်၏ ရိုးရာ ပွဲတော်များကို ဖုန်းယွီထက်ပင် သူက ပို၍ရှင်းလင်းစွာ မှတ်မိနေသေးသည်။ ယခုမှ နေ့တစ်ဝက်သာ ရှိသေးသည်ကို သူဌေးက အဘယ်ကြောင့် သူ့ထံ ဖုန်းဆက်လာရသနည်း။

ကုမ္ပဏီမှာ ပြဿနာ တစ်ခုခုများ ဖြစ်နေလို့လား။

"ခါမီဒါ.. မင်း စဉ်းစားကြည့်စရာ ကိစ္စတစ်ခု ရှိတယ်... အကယ်၍ ငါက ကမ္ဘာ့အဆင့်မီ ကားဆုကြီး တစ်ခုကို ဖန်တီးမယ်ဆိုရင် ဂျပန်နိုင်ငံက ကားကုမ္ပဏီတွေ အားလုံးကို လာရောက် ပါဝင်ဖို့ ဖိတ်ကြားနိုင်မယ့် နည်းလမ်းများ မင်းဆီမှာ ရှိလား..."

သူဌေးက ကမ္ဘာ့အဆင့်မီ ကားဆုကြီး တစ်ခု ဖန်တီးမည် ဟုတ်လား... ဘာအဓိပ္ပာယ်လဲ... သူဌေးက ဆုအသစ်တစ်ခု ဖန်တီးချင်နေတာလား။

"သူဌေး... သူတို့ ကိုယ်စားလှယ်တွေ စေလွှတ်ပြီး လာရောက် ပါဝင်ဖို့ ဖိတ်ကြားရတာ မခက်ပါဘူး... ခက်တာက သူတို့က ဘယ်လို အဆင့်အတန်းရှိတဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်မလဲ ဆိုတာပါပဲ... ပြီးတော့ ဒီဆုက ပထမဆုံးအကြိမ် လုပ်တာ မဟုတ်လား... ဒါဆို လွှမ်းမိုးနိုင်စွမ်းက သေချာပေါက် မြင့်မားမှာ မဟုတ်တော့ သူတို့လည်း သိပ်ပြီး စိတ်ဝင်စားကြမှာ မဟုတ်ဘူး..."

"ကျွန်တော်တို့ ဂျပန်နိုင်ငံက ကားကုမ္ပဏီတွေ အားလုံး တရုတ်ဈေးကွက်ထဲ ဝင်ရောက်ချင်နေကြတယ် ဆိုတာကို ကျွန်တော် သိပါတယ်... ကမ္ဘာတစ်ဝန်းက ကားကုမ္ပဏီတွေ အားလုံးကတောင် တရုတ်ဈေးကွက်ထဲ ဝင်ချင်နေကြတာပါ... ဒါပေမဲ့ သူတို့မှာ အမှတ်တံဆိပ် နာမည်ကျော်ကြားမှုကို ချဲ့ထွင်ဖို့ အခြားသော နည်းလမ်းတွေ အများကြီး ရှိနေတယ်လေ... ဥပမာ သူတို့ရဲ့ လက်ရှိ နိုင်ငံတကာ အမှတ်တံဆိပ် နာမည်ကျော်ကြားမှုက Songjiang ကားကုမ္ပဏီ ထက်တောင် အထက်မှာ ရှိနေတာပါ..."

"ပြီးတော့ အကဲဖြတ် ရွေးချယ်မယ် ဆိုရင်လည်း သူတို့က အကဲဖြတ်မယ့် ဧည့်သည်တော်တွေရဲ့ အရည်အချင်းနဲ့ တရားမျှတမှုအပေါ် သံသယ ဝင်ကြလိမ့်မယ်... ဒါတွေကို ဖြေရှင်းဖို့ကလည်း အရမ်း ခက်ခဲပါတယ်... သူဌေး... ဒီကိစ္စကို ကျွန်တော် နည်းလမ်း စဉ်းစားကြည့်လိုက်လို့ ရမလား..."

"ဟားဟားဟား... မလောပါဘူး... မင်း အရင် နည်းလမ်း စဉ်းစားကြည့်ပေါ့... ငါ့ဘက်မှာလည်း ဆွေးနွေးကြည့်မယ်... နောက်မှ ငါတို့ အားလုံးရဲ့ အကြံဉာဏ်တွေကို စုစည်းပြီး ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတစ်ခု ထုတ်ဖော်ကြတာပေါ့..."

ခါမီဒါ မာဆာအို၏ ဤစကားများက ဖုန်းယွီကို သတိပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ဆိုလိုသည်မှာ ဆုတစ်ခု ဖန်တီးရန် လွယ်ကူပြီး အခြားသူများ လာရောက် ပါဝင်ရန်လည်း လွယ်ကူသော်လည်း အခြားသူများက အလေးထားလာစေရန်နှင့် အသိအမှတ်ပြုလာစေရန် ပြုလုပ်ဖို့မှာမူ သိပ်မလွယ်ကူလှပေ။

ဖုန်းယွီသည် ကျုံးချင်းရှန်ထံသို့လည်း ဖုန်းဆက် အကြောင်းကြားလိုက်ပြီး အခြားသူများနှင့် ဆက်သွယ်ကာ မည်သို့ လုပ်ဆောင်သင့်သည်ကို စဉ်းစားခိုင်းလိုက်သည်။

အကယ်၍ နှစ်သစ်ကူး အချိန်နှင့် တိုက်ဆိုင်မနေပါက ဖုန်းယွီသည် အားလုံးကို ယခုချက်ချင်းပင် ခေါ်ယူစုစည်းကာ အစည်းအဝေး လုပ်ပြီး ဆွေးနွေးပစ်ချင်နေမိသည်။

ဖုန်းချသွားပြီးနောက် ခါမီဒါ မာဆာအိုသည် Wind-Rain Holdings အုပ်စု၏ အခြားသော အထက်တန်း စီမံခန့်ခွဲသူများနှင့် စတင် ဆက်သွယ်လိုက်ပြီး အထူးသဖြင့် သူ၏ အကြံပေး အဖွဲ့ကို ဆက်သွယ်လိုက်သည်။

သူဌေးက သူ့ထံ ဖုန်းဆက်ပြီး မေးမြန်းလာပြီ ဖြစ်ရာ သူသည် သေချာပေါက် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ကောင်းမွန်သော နည်းလမ်း ထွက်ပေါ်လာအောင် စဉ်းစားရုံသာမက အခြားသူများထက် ပိုမို လျင်မြန်စွာ စဉ်းစားနိုင်မှသာ ရမည် ဖြစ်သည်။

ခါမီဒါ မာဆာအို၏ အကြံပေး အဖွဲ့မှာ သူ၏ ရုံးခန်းထဲသို့ အလျင်အမြန် ရောက်ရှိလာကြသည်။ အားလုံးက ကိစ္စရပ်ကို ကြားသိရပြီးနောက်တွင် အလွန် ခက်ခဲရှုပ်ထွေးနေသည်ဟု ခံစားလိုက်ကြရသည်။

ဤမျှ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် မော်တော်ယာဉ် လုပ်ငန်းပိုင်းဆိုင်ရာ ထိပ်တန်း ဆုကြီးများမှာ လက်ချိုးရေ၍ ရနိုင်ပြီး ဥရောပနှင့် မြောက်အမေရိကကိုသာ အဓိကထား လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ မော်တော်ယာဉ် လုပ်ငန်းက ဤမျှ ဖွံ့ဖြိုးတိုးတက်နေသော်လည်း အာရှအဆင့် ဆုကြီး တစ်ခုကိုသာ ကျင်းပနိုင်ခဲ့သည် မဟုတ်ပါလော။

ထို့အပြင် ဤ အာရှအဆင့် ဆုကြီးကိုပင် ဥရောပနှင့် အမေရိကန်ဘက်က သိပ်ပြီး အထင်မကြီးကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က အာရှ၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းမှာ မမြင့်မားဘဲ လူဦးရေကသာ များပြားနေသောကြောင့် ဤဘက်ရှိ အဆင့်အတန်း ရွေးချယ်မှုများက မမြင့်မားလှဟု ယူဆထားသောကြောင့် ဖြစ်သည်။

ဂျပန်နိုင်ငံတောင်မှ ကမ္ဘာ့အဆင့်မီ မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုကြီးတစ်ခု မဖန်တီးနိုင်ခဲ့သည်ကို တရုတ်က ဖန်တီးချင်နေသည် ဆိုတော့ ဒါက အနည်းငယ် ယုံတမ်းစကား ဆန်မနေဘူးလား။

တရုတ်တစ်နိုင်ငံလုံး၏ ကားထုတ်လုပ်မှု ပမာဏမှာ Toyota ကုမ္ပဏီ တစ်ခုတည်းကိုပင် မမီနိုင်ရာ သူတို့တွင် မည်သည့် အရည်အချင်းများ ရှိနေသနည်း။

သို့သော် ဤစကားကို သူတို့ထဲမှ မည်သူကမျှ ထုတ်မပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ သူဌေး ကိုယ်တိုင်က ဖုန်းယွီအတွက် အလုပ်လုပ်ပေးနေရသည် ဆိုတာကို သူတို့ အားလုံး ရှင်းလင်းစွာ သိရှိထားကြသောကြောင့် ဖြစ်သည်။

ဖုန်းယွီဆိုသည့် နာမည်ကပင် ဤဆုကို ကျင်းပရန် အရည်အချင်း ရှိနေပြီ ဖြစ်သည်။

ဖုန်းယွီသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေသောကြောင့် သက်သက်တော့ မဟုတ်ပေ။ သူသည် အသက်အငယ်ဆုံး ထိပ်တန်း သူဌေးကြီး ဖြစ်သလို စည်းစိမ်ချမ်းသာ တိုးတက်မှု အမြန်ဆုံးသော ထိပ်တန်း သူဌေးကြီးလည်း ဖြစ်သည်။ ထို့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် ပိုင်ဆိုင်မှုတန်ဖိုး မြင့်တက်နိုင်စွမ်း အကြီးမားဆုံးသော ထိပ်တန်း သူဌေးကြီးလည်း ဖြစ်နေသေးသည်။

ဆိုလိုသည်မှာ ဖုန်းယွီ၏ ဤကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် နေရာကို အချိန်အလွန် ကြာမြင့်စွာ ယူထားရဖွယ် ရှိပေသည်။ အနည်းဆုံးတော့ ဖုန်းယွီကွယ်လွန်မသွားခင် အချိန်အထိ စည်းစိမ်ချမ်းသာအရ ဖုန်းယွီကို ကျော်တက်နိုင်မည့်သူ ရှိလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားကြပေ။

"ဥက္ကဋ္ဌကြီး... ကျွန်တော်တို့ နိုင်ငံက ကားကုမ္ပဏီတွေ အားလုံး လာရောက် ပါဝင်စေချင်တယ် ဆိုရင် သေချာပေါက် အလေးချိန် တူညီတဲ့ ကားကုမ္ပဏီတွေ ပါဝင်မှ ရပါလိမ့်မယ်... အဲဒီလိုမှ မဟုတ်ရင် Toyota လို ကုမ္ပဏီတွေ သွားတယ် ဆိုရင်တောင် အာရှအဆင့် ဆုတစ်ခု ထပ်ဖြစ်သွားရုံလောက်ပါပဲ..."

ခါမီဒါ မာဆာအိုက ခေါင်းညိတ်လိုက်သည်။ ဤအချက်က အလွန် ယုတ္တိရှိပေသည်။ သင့်လျော်သော အဆင့်အတန်းရှိသည့် ကားကုမ္ပဏီများ မပါဝင်ဘဲ ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများသာ သွားမည်ဆိုပါက ဤဆုကြီး၏ အဆင့်အတန်းမှာ အလွန်မြင့်မားနိုင်မည် မဟုတ်ဘဲ အဓိက ဒီဇိုင်နာများ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိနိုင်မည် မဟုတ်ပေ။

အကယ်၍ ဤဆုကြီးကို အသိအမှတ် မပြုကြပါက မည်သို့ ကြော်ငြာရန် အသုံးပြုနိုင်ပါမည်နည်း။

"နည်းလမ်းရှာကြ... ပိုများတဲ့ ထိပ်တန်း ကားကုမ္ပဏီတွေ ဘယ်လို လာရောက် ပါဝင်လာအောင် လုပ်ရမလဲ ဆိုတာကိုလေ... အကြီးကျယ် အခမ်းနားဆုံးနဲ့ စံနှုန်း အမြင့်မားဆုံးသော မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ ဆုကြီး တစ်ခု ဖြစ်လာအောင် လုပ်ရမယ်..."

ခါမီဒါ မာဆာအိုက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

"ဥက္ကဋ္ဌကြီး... ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်... ကျွန်တော်တို့က ထိပ်တန်း ကားကုမ္ပဏီ တစ်ခု နှစ်ခုလောက်ကို အရင် ဆက်သွယ်လိုက်တာ မကောင်းဘူးလား... အဲဒီနောက် အခြားကားကုမ္ပဏီတွေကို ဆက်သွယ်တဲ့အခါကျရင် ဘယ်ထိပ်တန်း ကားကုမ္ပဏီကတော့ ပါဝင်နေပြီလို့ ပြောလိုက်ရင် သူတို့လည်း သေချာပေါက် လာကြမှာပဲ မဟုတ်ဘူးလား..."

အို... ဤသည်က မဆိုးလှသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။

ဤ ထိပ်တန်း ကားကုမ္ပဏီများထဲတွင် မည်သူကများ အခြားသော ကားကုမ္ပဏီများကို နင်းမတက်ချင်ဘဲ နေမည်နည်း။ မြောက်အမေရိက ကားကုမ္ပဏီများနှင့် ဂျပန်နိုင်ငံ ကားကုမ္ပဏီများက ဥရောပရှိ ဆုပေးပွဲများတွင် သေချာပေါက် သွားရောက် ပါဝင်ကြသကဲ့သို့ပင် ဖြစ်သည်။ သူတို့သည် ဥရောပရှိ ထိုကားကုမ္ပဏီများကို ပါးရိုက်ရန်နှင့် ဥရောပတွင် သူတို့၏ အမှတ်တံဆိပ် နာမည်ကျော်ကြားမှုကို မြှင့်တင်ရန်အတွက် ဥရောပတွင် ဆုရရှိချင်နေကြခြင်း ဖြစ်သည်။

ယခု ခက်ခဲနေသည့် အချက်မှာ ပထမဆုံး ထိပ်တန်း ကားကုမ္ပဏီကို မည်သို့ ဆက်သွယ်ရမည်နည်း ဆိုသည်ပင် ဖြစ်သည်။ သို့မှသာ သူတို့၏ အရှိန်အဝါကို အသုံးပြု၍ အခြားသော ထိပ်တန်း ကားကုမ္ပဏီများကို ဆက်သွယ်နိုင်မည် ဖြစ်သည်။

ထိပ်တန်း ကားကုမ္ပဏီများ ပါဝင်လာသည်နှင့် တစ်ပြိုင်နက် ထိပ်တန်း မဟုတ်သော ကုမ္ပဏီများမှာလည်း သဘာဝကျကျပင် အပြေးအလွှား လာရောက် ပါဝင်ကြမည် ဖြစ်သည်။ ထိုကားကုမ္ပဏီငယ်လေးများမှာ လူသိရှင်ကြား ဖြစ်လာမည့် မည်သည့် အခွင့်အရေးကိုမျှ လက်လွတ်ခံမည် မဟုတ်ပေ။ သူတို့ အစိုးရိမ်ဆုံး အရာမှာ ပါဝင်ရန် အရည်အချင်း မမီမည်ကိုပင် ဖြစ်သည်။

မည်သည့်အရာကို ထိပ်တန်း ကားကုမ္ပဏီဟု ခေါ်ဆိုသနည်း။ ယခင်က သိန်းဂဏန်းချီသော ရောင်းအားများကို မပြောလျှင်ပင် လက်အောက်တွင် အနည်းဆုံး ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် ရာစာရင်းဝင် တစ်ခုတော့ ရှိရမည် မဟုတ်ပါလော။ သို့မဟုတ် အနည်းငယ် ထပ်ချဲ့လိုက်မည်ဆိုပါက ကမ္ဘာ့ထိပ်တန်း အမှတ်တံဆိပ် ငါးရာစာရင်းဝင် ဖြစ်သည်။

ကားကုမ္ပဏီငယ်များမှာမူ တရုတ်ရှိ ထို ဒေသတွင်း ကားကုမ္ပဏီများနှင့် အတူတူပင် ဖြစ်သည်။ နှစ်စဉ် ထုတ်လုပ်မှု ပမာဏမှာ ထို ထိပ်တန်း ကားကုမ္ပဏီများ၏ အစွန်းထွက်လေးကိုပင် မမီနိုင်သလို အမြတ်အစွန်းများ ဆိုလျှင်တော့ နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ။

ထိုအချိန်တွင် နောက်ထပ် အကြံပေး တစ်ဦးက ဝင်ပြောလိုက်သည်။ "ဥက္ကဋ္ဌကြီး... ကျွန်တော် ထင်တာက မစ္စတာဖုန်းကို ကိုယ်တိုင် ဖိတ်ကြားခိုင်းလိုက်ရင် မကောင်းဘူးလား... မစ္စတာဖုန်းရဲ့ မျက်နှာနဲ့ဆိုရင် ထိပ်တန်း ကားကုမ္ပဏီ တချို့ကို လာရောက် ပါဝင်ဖို့ ဖိတ်ကြားနိုင်မှာပါ..."

ခါမီဒါ မာဆာအိုက ကြိမ်းမောင်းလိုက်သည်။ "လူမိုက်... Boss ကိုယ်တိုင် ထွက်လာမှတော့ ဘယ်လိုလုပ် ထိပ်တန်း ကားကုမ္ပဏီ တချို့လောက်ပဲ ဖိတ်ကြားနိုင်မှာလဲ... သေချာပေါက် ကားကုမ္ပဏီတွေ အကုန်လုံးကို ဖိတ်ကြားနိုင်မှာပေါ့... တစ်ကမ္ဘာလုံးမှာ Boss နဲ့ မပူးပေါင်းချင်တဲ့ ကုမ္ပဏီ ဘယ်မှာရှိလို့လဲ..."

"အရင်တုန်းက နေမွန်းတည့်ချိန်လို တောက်ပနေတဲ့ Microsoft တောင်မှ Bossရဲ့ မျက်နှာကို မထောက်ထားမိလို့ အခုဘယ်လို အခြေအနေ ဖြစ်သွားပြီလဲ... အားသာချက် အရှိဆုံး ဆော့ဖ်ဝဲလ် လုပ်ငန်းကိုတောင် Bossရဲ့ ကုမ္ပဏီက အကွက်ကြီး တစ်ကွက် ဖဲ့ယူသွားရုံတင် မကဘဲ ဖိနှိပ်ထားခြင်းကိုတောင် ခံနေရတယ် မဟုတ်လား..."

"ပြီးတော့ AIWA လည်း ရှိသေးတယ်... အရင်တုန်းက Sonyက ဖိနပ်စုတ် တစ်ရံလို လွှင့်ပစ်ခဲ့ပေမဲ့ သူဌေးရဲ့ လက်ထဲ ရောက်သွားတဲ့ အချိန်ကျတော့ သေရာကနေ ပြန်ရှင်လာရုံတင် မကဘဲ Sonyရဲ့ တေးဂီတ ဖွင့်စက် လုပ်ငန်းကိုတောင် ဖိနှိပ်ထားပြီး ကမ္ဘာ့နံပါတ်တစ် ဖြစ်လာခဲ့တယ်..."

"Bossသာ ကိုယ်တိုင် ထွက်လာရင် ဘယ်သူကများ မျက်နှာ မပေးဘဲ နေရဲမှာလဲ... ဒါပေမဲ့ Bossက လူလုံးထွက်ပြရတာကို သိပ်မကြိုက်ဘူးလေ... ဒါကြောင့် ငါတို့ကို နည်းလမ်း စဉ်းစားခိုင်းတာပေါ့... အကယ်၍ Bossကသာ ကိုယ်တိုင်ကိုယ်ကျ ထွက်လာရမယ် ဆိုရင် မင်းတို့ကို ဘာလုပ်ဖို့ ခေါ်ထားရဦးမှာလဲ..."

အခြားသူများ အားလုံးမှာ ခေါင်းများကို စားပွဲပေါ်သို့ တင်းတင်းကျပ်ကျပ် ကပ်ထားလိုက်ကြပြီး စောစောက ဝင်ပြောခဲ့သူဆိုလျှင် တိုက်ရိုက်ပင် ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်ကာ ခေါင်းကို ကြမ်းပြင်နှင့် ကပ်၍ တောင်းပန်လိုက်သည်။

"နည်းလမ်း စဉ်းစားကြ... မြန်မြန် စဉ်းစား..."

ခါမီဒါ မာဆာအိုစကားပြောနေဆဲမှာပင် ဖုန်းမြည်လာခဲ့သည်။ သူဌေး၏ဖုန်းပင် ဖြစ်သည်။ မလောဘူးဟု ပြောထားသည် မဟုတ်ပါလော။

"သူဌေး... ကျွန်တော်တို့ လူတွေနဲ့ နည်းလမ်း စဉ်းစားနေပါတယ်... တိုးတက်မှု နည်းနည်းတော့ ရှိနေပါပြီ... ကျွန်တော်တို့က ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီ တစ်ခုကို အရင် ကိုယ်စားပြု ပါဝင်ခိုင်းပြီး အဲဒီနောက် သူတို့ရဲ့ အရှိန်အဝါကို သုံးပြီး တခြား ကားကုမ္ပဏီတွေကို ပါဝင်လာအောင် ဖိတ်ကြားဖို့ စီစဉ်ထားပါတယ်..."

ဖုန်းထဲမှ ဖုန်းယွီ၏အသံ ထွက်ပေါ်လာခဲ့သည်။ "အို... မင်းတို့လည်း အဲဒီလို စီစဉ်ထားတာလား... ငါလည်း စဉ်းစားပြီးသွားပြီ။ Tata Motors ကို ကိုယ်စားပြု ပါဝင်ခိုင်းမယ်... သူတို့က စီးပွားဖြစ်သုံး ကားနယ်ပယ်မှာ ထိပ်တန်း ကားကုမ္ပဏီ ဖြစ်ပြီး လူစီးကား နယ်ပယ်မှာလည်း အထင်သေးလို့ မရဘူးလေ... သူတို့က ပထမဆုံး တုံ့ပြန်လာမယ် ဆိုရင် Toyota လို ကားကုမ္ပဏီတွေ လာရောက် ပါဝင်အောင် ဖိတ်ကြားဖို့ မင်းမှာ ယုံကြည်မှု ရှိပြီလား..."

...

******

All Chapters