← Chapters

အခန်း ၂၂၄၆

Vol. 140 Ch. 2246

အခန်း ၂၂၄၆

Vol. 140 Ch. 2246

အခန်း (၂၂၄၆) ထွက်ပြေးနေသော အန်းလုရှန်း

"နတ်ဘုရား ဆိုတာ ဘာလဲ ငါ မသိဘူး၊ ဒါပေမဲ့ ငါတို့ အိပ်မက်ဆိုး သားရဲမျိုးနွယ်စုရဲ့ ရှေ့မှာ ဘယ်သူမှကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖို့ အခွင့်အရေး မရှိဘူး၊ ငါတို့ အိပ်မက်ဆိုး သားရဲတွေရဲ့ သခင်ကိုလည်း ဘယ်သူမှ ထိခိုက်အောင် လုပ်လို့ မရဘူး"

ယခုလေးတင်မှ ထိုက်ရှီ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်လိုက်သော အိပ်မက်ဆိုးသားရဲမှာ ထိုက်ရှီ၏ နောက်ကျောဘက်တွင် ခြေနှစ်ဖက်ခွာရပ်လျက် ရှိနေသည်။ ၎င်းက လက်နှစ်ဖက်ဖြင့် အလင်းစက်ဝန်း၏ အစွန်းနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခုမှာ ရေစီးကြောင်းအလား လက်မောင်းများကို ဖြတ်သန်းကာ ထိုက်ရှီ၏ဝိညာဉ်အတွင်းသို့ စီးဝင်သွားတော့သည်။

အနက်ရောင် အလင်းတန်းများ၏ အတွင်း၌ ကြီးမားကျယ်ပြန့်လှသော စုပ်ယူနိုင်စွမ်း ရှိသည့် ခွန်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ ထိုက်ရှီနှင့် ထိုအလင်းစက်ဝန်းကို ဟင်းလင်းပြင်ကြီးအတွင်း၌ မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်ရုံသာမက၊ အနက်ရောင် အလင်းတန်း လေးများမှာ ထိုက်ရှီ၏ ဝိညာဉ်အနက်ရှိုင်းဆုံးသော နေရာအထိ ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး သူ၏မိမိကိုယ်ကိုယ် ဖောက်ခွဲနိုင်သည့် စွမ်းရည်ကိုပါ လုံးဝ ချုပ်နှောင်ထားလိုက်တော့သည်။

ထိုအလင်းစက်ဝန်းမှာ မူလက အလင်းရောင်များ တစ်စထက်တစ်စ ပိုမိုတောက်ပ လင်းလက်လာခဲ့ပြီး၊ တစ်စထက်တစ်စ ပိုမိုနီရဲလာကာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေခဲ့သည်။ သို့သော် ဤအခိုက်အတန့်၌ အရောင်များ ကျွတ်သွားသည့်အလား အရောင်အသွေးမှာ တစ်စထက်တစ်စ ပိုမိုမှေးမှိန်လာခဲ့ပြီး အလင်းစက်ဝန်းမှ ပေါက်ကွဲထွက်ပေါ်နေသော အလင်းရောင်များမှာလည်း တစ်စထက်တစ်စ ပိုမိုအားနည်းလာတော့သည်။

အနည်းငယ် ဝေးကွာသော နေရာတွင် ဝမ်ချောင်မှာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။

ဂူကောင်းကင်အဆင့်၏ အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိနေသော အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးအနေဖြင့်၊ ထိုက်ရှီကိုကိုင်တွယ်ဖြေရှင်းရန်ဆိုသည်မှာ မူလက ထိုမျှလောက်အထိ လွယ်ကူလှသည် မဟုတ်ပါချေ။ သို့သော် ထိုက်ရှီမှာ သူ၏"ကောင်းကင်သားတော်၏ ဓားတစ်ချက်"ကို ခံလိုက်ရပြီးနောက် ယခင်ကကဲ့သို့ အစွမ်းထက်နေခြင်း မရှိတော့ဘဲ၊ အိပ်မက်ဆိုးသားရဲကဲ့သို့သော သန့်စင်သော စိတ်စွမ်းအင် သက်ရှိမျိုးကို ရင်ဆိုင်ရသည့်အခါတွင် သူ၏ဝိညာဉ်မှာ အပေါက်အပြဲတွေအပြည့်ဖြစ်နေပြီး အနည်းငယ်မျှ ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့ပါချေ။

ထိုက်ရှီမှာ မိမိကိုယ်ကိုယ် ဖောက်ခွဲရန် ကြိုးပမ်းနေခဲ့သည်။ သို့သော် အိပ်မက်ဆိုး သားရဲမှာမူ သူ့ကိုကိုင်တွယ် ဖြေရှင်းရန်အတွက် အကောင်းဆုံးသော ဖြေဆေးပင် ဖြစ်တော့သည်။

"ထိုက်ရှီ၊ မင်းရဲ့နောက်ဆုံးအချိန်လေးတွေကို သေချာလေး ခံစားလိုက်ပါဦး"

"ရှောင်ယန် ထိုက်ရှီရဲ့ ဝိညာဉ်ကို မင်းကိုပဲ ဆုချလိုက်ပြီ၊ အရင်က ကုန်ဆုံးသွားခဲ့တဲ့ စွမ်းအင်တွေကို အတိအကျ ပြန်လည်ဖြည့်တင်းပြီး မင်းရဲ့ဝိညာဉ်ကို ပိုအစွမ်းထက်လာအောင် ကူညီပေးနိုင်လိမ့်မယ်၊ အဲဒီလိုဆိုရင် ဒီခန္ဓာကိုယ် အသစ်ကိုလည်း ပိုပြီးကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်မှာ သေချာတယ်"

ဝမ်ချောင်က အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။ နောက်ဆုံးစကားကိုမူ ထိုက်ရှီ၏ နောက်ကျောဘက်တွင် ရှိနေသော အိပ်မက်ဆိုး သားရဲကို ရည်ရွယ်၍ ပြောဆိုလိုက်ခြင်းပင် ဖြစ်တော့သည်။

"ကျေးဇူးတင်ပါတယ် သခင်"

အိပ်မက်ဆိုး သားရဲမှာ ဤစကားကို ကြားလိုက်ရသည့်အခါ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့ပြီး ထိုက်ရှီ၏ဝိညာဉ်ကို စုပ်ယူနေမှုကို ချက်ချင်း အရှိန်မြှင့်လိုက်တော့သည်။

ဝမ်ချောင်၏ ယခုလေးတင် တိုက်ခိုက်လိုက်သော ဓားချက်ကြီးကို ရှောင်တိမ်းရန်အတွက် သူသည် ထိုက်ရှီ၏ကိုယ်တွင်း၌ ပုန်းအောင်းနေခဲ့ပြီး ဝိညာဉ်ကို ကျုံ့ထားခဲ့သည်ဆိုသော်ငြားလည်း၊ လက်တွေ့တွင် သူကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာများကို ရရှိထားခဲ့သည်ပင် ဖြစ်သည်။ ယခုအခါ ထိုက်ရှီ၏ ဝိညာဉ် စွမ်းအင်များကို စုပ်ယူလိုက်ရခြင်းက သူ၏ခွန်အားများနှင့် ဤခန္ဓာကိုယ်ကြီးကို အများအပြား ပြန်လည် ပြုပြင်ပေးနိုင်မည်ပင် ဖြစ်တော့သည်။

"မဟုတ်ဘူး"

"ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ။ ငါ လုံးဝမကျေနပ်ဘူး"

မိမိ၏ဝိညာဉ်ခွန်အားများမှာ အဆက်မပြတ် ဆုတ်ယုတ်ကျဆင်းနေပြီး အိပ်မက်ဆိုး သားရဲ၏ စုပ်ယူခြင်းကို အဆက်မပြတ် ခံနေရသည်ကို ခံစားသိရှိလိုက်ရသည့်အခါ၊ ထိုက်ရှီမှာ မထိန်းနိုင်တော့ဘဲ မျှော်လင့်ချက် ကင်းမဲ့နေသော အော်သံကြီးများကို အဆက်မပြတ် ထုတ်လွှတ်လိုက်တော့သည်။

သို့သော် သူ မည်မျှပင် ကျေနပ် လက်ခံနိုင်ခြင်း မရှိပါစေ သေဆုံးရမည့် ကံကြမ္မာကိုမူ လုံးဝပြောင်းလဲပစ်နိုင်စွမ်း မရှိတော့ပါချေ။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားခဲ့ရုံသာမက အိပ်မက်ဆိုး သားရဲ ကဲ့သို့သော အလွန်အမင်း အစွမ်းထက်လှသည့် စိတ်စွမ်းအင် သက်ရှိ၏ အဖိနှိပ်ခံရခြင်းကိုပါ ထပ်မံခံလိုက်ရပြီး ဟင်းလင်းပြင်နှင့်အချိန် မန္တန်ပြားပင်လျှင် သူ့ထံတွင် မရှိတော့ပါချေ။ လက်ရှိ ထိုက်ရှီမှာ မိမိတွင် ရှိနေသော အရင်းအနှီးများ အားလုံးကို လုံးဝဆုံးရှုံးသွားခဲ့ပြီ ဖြစ်ပြီး သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော သိုးသူငယ်လေးတစ်ကောင် သက်သက်သာ ဖြစ်နေတော့သည်။

ဝုန်း….

နောက်ဆုံး မျက်တောင်တစ်ခတ်မျှ အချိန်လေးတွင် အနည်းငယ်မျှသော ဝိညာဉ် လှိုင်းဂယက်လေးများ ပါဝင်နေသည့် မရေမတွက်နိုင်သော အနက်ရောင်အငွေ့များမှာ ညကောင်းကင်ယံကြီးအတွင်း၌ လုံးဝအပြည့်အဝ ပေါက်ကွဲထွက်ပေါ်သွားတော့သည်။ နောက်တစ်ခဏတွင် ထိုက်ရှီ၏ဝိညာဉ်မှာ ကြယ်ကြွေတစ်ပွင့်အလား ကောင်းကင်နှင့်မြေကြီး အကြားမှနေ၍ လုံးဝအမြစ်ပြတ် ပျောက်ကွယ်သွားတော့သည်။

"ဝမ်ချောင်မင်း သေချာပေါက် တန်ဖိုး ပေးဆပ်ရလိမ့်မယ်၊ ထျန်းက မင်းကို လုံးဝအလွတ် ပေးထားမှာ မဟုတ်ဘူး"

လေဟာနယ်အတွင်း၌ အသံများ ပဲ့တင်ထပ်နေခဲ့သည်။ ထိုအရာမှာ ထိုက်ရှီ မသေဆုံးမီ နောက်ဆုံး ထုတ်လွှတ်လိုက်သော အော်ဟစ်သံကြီ ပင် ဖြစ်တော့သည်။

‘ထျန်း….’

ဝမ်ချောင်မှာ ဟင်းလင်းပြင်ကြီး အတွင်း၌ မတ်မတ်ရပ်နေခဲ့ပြီး ထိုက်ရှီ၏ နောက်ဆုံး လက်ကျန် ခွန်အားလေးဖြင့် ထုတ်လွှတ်လိုက်သောအသံကို ကြားလိုက်ရသည့်အခါ၊ သူ၏မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားခဲ့ပြီး မျက်ဝန်းထဲ၌ အလွန်အမင်း စူးရှလှသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"တစ်နေ့ကျရင် ငါ ကောင်းကင်ဘုံကိုပါ သေချာပေါက် အမြစ်ပြတ် သတ်ဖြတ်ပစ်မယ်။ ဒီ ကောင်းကင်နဲ့မြေကြီးကြားက ကပ်ဘေးကြီးရဲ့အဓိက အရင်းအမြစ်ကို လုံးဝရှင်းလင်း ဖယ်ရှားပစ်မယ်"

ထိုက်ရှီအနေဖြင့် ဤစကားများမှာ မိမိကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ဝမ်ချောင်အတွက်မူ ထျန်းက သူ့ကို လာရောက်မရှာဖွေဘူးဆိုလျှင်တောင်မှ သူက အစောကြီး မဟုတ်ရင်တောင် နောက်ပိုင်းမှာ ထျန်းကို သေချာပေါက် သွားရောက် ရှာဖွေမည်ပင် ဖြစ်တော့သည်။

ထိုက်ရှီမှာ ရုပ်သေးရုပ်တစ်ရုပ် သက်သက်သာ ဖြစ်သည်။ ထျန်းသာလျှင် ကန့်လန့်ကာ နောက်ကွယ်မှ အစစ်အမှန်တရားခံပင် ဖြစ်တော့သည်။

ဤအတွေးများမှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်မှာ လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွားတော့သည်။ ထိုအချိန်မှာပင် ဝမ်ချောင်၏နားထဲသို့ အိပ်မက်ဆိုးသားရဲ၏အသံ ရောက်ရှိလာတော့သည်။

"သခင် ထိုက်ရှီ သေသွားပြီ၊ ဒါက သူ နောက်ဆုံး ချန်ထားခဲ့တဲ့ ပစ္စည်းပါ၊ သခင့် အတွက် သေချာပေါက် အကူအညီ ဖြစ်စေလိမ့်မယ်"

အသံပင် မဆုံးသေးမီ အိပ်မက်ဆိုးသားရဲမှာ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော သိမ်မွေ့လှသည့် ပန်းနွယ် ပုံစံများ ပါဝင်ပြီး၊ ဝမ်ချောင်ခွဲခြား မသိရှိနိုင်သော စာလုံးများ ထွင်းထုထားသည့် လိမ္မော်နီရောင် အချပ်ဝိုင်းကြီးတစ်ခုကို လက်နှစ်ဖက် ဖြင့်ကိုင်ဆောင်လျက် ခေါင်းငုံ့ကာ ဝမ်ချောင်၏ရှေ့မှောက်သို့ ရိုသေလေးစားစွာဖြင့် ဆက်သလိုက်တော့သည်။

အချပ်ဝိုင်းပေါ်ရှိ စွမ်းအင် လှိုင်းဂယက်များမှာ အများအပြား အားနည်းသွားခဲ့ပြီ ဖြစ်သည် ဆိုသော်ငြားလည်း၊ ဤအရာမှာ ထိုက်ရှီ အသုံးပြုခဲ့သော ထိုအလင်းစက်ဝန်း နတ်လက်နက်ကြီးပင် ဖြစ်ကြောင်းကို ဝမ်ချောင်တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ခွဲခြား သိရှိလိုက်တော့သည်။

အကယ်၍ ဤအလွန်အမင်း အစွမ်းထက်လှသော မှော်လက်နက်ကြီးသာ မရှိခဲ့ဘူးဆိုပါက၊ ထိုက်ရှီ၏ကိုယ်ပိုင် ခွန်အား သက်သက်ဖြင့်ဆိုလျှင် သူ့ကို ဤမျှလောက်အထိ ကြီးမားလှသော ပြဿနာများကို ပေးစွမ်းနိုင်မည် မဟုတ်ပါချေ။

ဝမ်ချောင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး လျင်မြန်စွာပင် အိပ်မက်ဆိုး သားရဲ၏လက်ထဲမှ ဤအလင်းစက်ဝန်းနတ်လက်နက်ကြီးကို လှမ်းယူလိုက်တော့သည်။ ယခုအချိန်အထိ ဤအရာမှာ ဝမ်ချောင်မြင်တွေ့ဖူးသမျှ အစွမ်းအထက်ဆုံးသော နတ်လက်နက်ကြီးပင် ဖြစ်တော့သည်။ ထို့ပြင် ထိုက်ရှီ အသုံးပြုခဲ့သော အခြေအနေများအရ ကြည့်မည်ဆိုပါက အလင်းစက်ဝန်း၏ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ဖြစ်စေ၊ ပုံသဏ္ဌာန် ပြောင်းလဲထားသော နတ်ဘုရားဓား၏စွမ်းရည်ဖြစ်စေ၊ နောင်တစ်ချိန် နတ်ဘုရား အဖွဲ့အစည်းကို ရင်ဆိုင်တိုက်ခိုက်မည့်အချိန်တွင် မိမိအတွက် ကြီးမားလှသော အကူအညီ များကို ရရှိစေမည်မှာ အမှန်ပင် ဖြစ်တော့သည်။

လက်ဖဝါးနှင့် ထိတွေ့လိုက်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးများအလား ပြိုင်ဘက်ကင်းဖြစ်သော ခွန်အားများမှာ ထိုလိမ္မော်နီရောင် အချပ်ဝိုင်းကြီးအတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"တကယ်ကို အစွမ်းထက်တာပဲ"

ဝမ်ချောင်မှာ လက်ထဲတွင် အသာအယာ စမ်းသပ် ချိန်တွယ်ကြည့်လိုက်ရာ၊ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားတော့သည်။

ဤနတ်လက်နက်ကြီးမှာ ထိုက်ရှီ အကြိမ်ပေါင်းများစွာ လွန်ကဲစွာ အသုံးပြုခဲ့မှုကြောင့် အနည်းငယ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေခဲ့သည် ဆိုသော်ငြားလည်း၊ သေချာစွာ ပြုစုပျိုးထောင်ပေးမည်ဆိုပါက ဤနတ်လက်နက်ကြီးသည် မူလက အစွမ်းထက်လှသော ခွန်အားများကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်ပြသလာနိုင်မည်ပင် ဖြစ်သည်။

"အခုတော့ အန်းလုရှန်းတစ်ယောက်တည်းပဲ ကျန်တော့တယ်"

ဝမ်ချောင်မှာ ရင်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်တော့သည်။

ထိုက်ရှီ သေဆုံးသွားခဲ့ပြီဖြစ်သည် ဆိုသော်ငြားလည်း အန်းလုရှန်းမှာမူ အသက်ရှင် နေဆဲပင်ဖြစ်ပြီး လမ်းတစ်လျှောက်လုံး မြောက်ဘက်အရပ်ဆီသို့ ထွက်ပြေးနေခဲ့သည်။ ဤလောကကြီး၏ ဘေးအန္တရာယ်ကြီးကို သတ်ဖြတ်နိုင်မှသာလျှင်၊ ဤစစ်ပွဲကြီးမှာ အမှန်တကယ် ပြီးဆုံးသွားခဲ့ပြီ ဟု ခေါ်ဆိုနိုင်မည်ပင် ဖြစ်တော့သည်။

"ဝူး"

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။ ဝမ်ချောင်မှာ အပေါ်စီးမှနေ၍ မသိစိတ်အရ မြေပြင်ကို တစ်ချက်လှမ်းကြည့်လိုက်တော့သည်။

ဤစစ်ပွဲကြီးမှာ ယခုအချိန်အထိ ရောက်ရှိလာသည့်အခါတွင် အမှန်တကယ်တော့ အခြေအနေများအားလုံး အတည်ပြု ပြီးစီးသွားပြီ ဖြစ်သည်။ ဝမ်ချောင် လှမ်းမြင်နေရသည့် အတိုင်းပင် နိုင်ငံအသီးသီးမှ စစ်သည်များမှာ သေသူသေ၊ ဒဏ်ရာရသူ ဒဏ်ရာရ ဖြစ်နေကြပြီဖြစ်ပြီး၊ ရံဖန်ရံခါတွင် ရုန်းကန်ခုခံနေသော လူအချို့ ရှိနေသေးသည် ဆိုသော်ငြားလည်း ကြီးမားသော အင်အား လုံးဝဖြစ်လာနိုင်စွမ်း မရှိတော့သဖြင့်၊ ဝမ်ချောင်အနေဖြင့် အများကြီး စိတ်ပူနေရန် မလိုအပ်တော့ပါချေ။

သို့သော် အနောက်တောင်ဘက်ထောင့်သို့ အကြည့်များ ရောက်ရှိသွားသည့်အခါတွင် ဝမ်ချောင်၏မျက်နှာအမူအရာမှာ အနည်းငယ် လှုပ်ရှားသွားတော့သည်။

စစ်မြေပြင်ကြီးတစ်ခုလုံးတွင် အပြင်းအထန် သတ်ဖြတ် တိုက်ခိုက်နေကြဆဲ ဖြစ်သော စစ်တပ်ကြီး တစ်ခု ကျန်ရှိနေသေးသည်။

"ရွဲလော့ဟယ်တွေ ပဲ"

ဝမ်ချောင်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းပင် ခွဲခြား သိရှိလိုက်တော့သည်။

ဤဧရာမ ပေါက်ကွဲမှုကြီးအတွင်း၌ ရွဲလော့ဟယ်အများစုမှာ ပြိုကွဲပျက်စီးသွားခဲ့ပြီဆိုသော်ငြား အသက်ရှင် လွတ်မြောက်လာခဲ့သူ ထောင်နှင့်ချီ ကျန်ရှိနေသေးသည်ပင် ဖြစ်သည်။ ယခင်ကကဲ့သို့ ကြီးမားလှသော ခြိမ်းခြောက်မှုမျိုး မရှိတော့ဘဲ သူတို့၏ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းမှာ အလွန်အမင်း အစွမ်းထက်နေဆဲပင် ဖြစ်သည်။ ဤမျှသာမက သေခြင်းကင်းမဲ့သော ခန္ဓာကိုယ်များ ဖြစ်နေသည့်အတွက်ကြောင့် ထိပ်တန်းအထူးတပ်ဖွဲ့များ အမြောက်အမြားဖြင့် ပူးပေါင်း တိုက်ခိုက်နေသည်ဆိုလျှင်တောင်မှ အချိန်တိုအတွင်း သူတို့ကို အောင်မြင်စွာ နှိမ်နင်းနိုင်ရန်မှာ ခက်ခဲလှပေသည်။

"သခင်၊ ငါ့ကို အချိန် နည်းနည်းလောက် ပေးပါ၊ သူတို့ကို ငါ အောင်မြင်စွာ နှိမ်နင်းနိုင်တယ်၊ ဒီထိုက်ရှီရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီရွဲလော့ဟယ်တွေကို ထိန်းချုပ်နိုင်တဲ့ ပစ္စည်းတစ်ခု ရှိနေတယ်"

အိပ်မက်ဆိုး သားရဲ၏စိတ်စွမ်းအင်များမှာ ဝမ်ချောင်၏စိတ်စွမ်းအင်များနှင့် တစ်သားတည်း ပေါင်းစပ်နေပြီး အချင်းချင်း ရင်ထဲ၌ ဘာတွေ စဉ်းစားနေသည်ကို သိရှိနားလည်နိုင်စွမ်းရှိရာ၊ မြေပြင်ပေါ်ရှိ ဤရွဲလော့ဟယ်များကို ချက်ချင်း သတိပြုမိသွားတော့သည်။

"မင်း သူတို့ကို ထိန်းချုပ်နိုင်တယ်”

ဝမ်ချောင်မှာ ဤစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ် မှင်တက်သွားခဲ့ကာ လျင်မြန်စွာပင် သဘောပေါက် နားလည်သွားတော့သည်။ ရွဲလော့ဟယ်များကို မူလကတည်းက ထိုက်ရှီက ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အိပ်မက်ဆိုး သားရဲက သူ၏ခန္ဓာကိုယ်ကို ဝင်ရောက်ပူးကပ်လိုက်ပြီဖြစ်ရာ မူလက ထိုက်ရှီ ပိုင်ဆိုင်ခဲ့သော အရာများစွာမှာ သဘာဝကျကျပင် အိပ်မက်ဆိုး သားရဲထံသို့ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ထိုအထဲတွင် ရွဲလော့ဟယ်များလည်း ပါဝင်နေပေသည်။ ဝမ်ချောင်အတွက်မူ ဤအရာမှာ လုံးဝတွေးတော မှန်းဆမထားခဲ့မိသော ဝမ်းသာစရာကိစ္စကြီးတစ်ခုပင် ဖြစ်တော့သည်။

"အင်း…မင်းကိုပဲ လွှဲထားလိုက်ပြီ"

ဝမ်ချောင်က ခေါင်းညိတ်ပြလျက် ဆိုလိုက်တော့သည်။

အိပ်မက်ဆိုး သားရဲ၏ လုပ်ဆောင်မှု အရှိန်မှာ ဝမ်ချောင်တွေးတောထားသည်ထက် ပို၍မြန်ဆန်လွန်းလှသည်။ အသက်တစ်ရှိုက် ရှူစာမျှ အချိန်တိုလေးပင် မကြာလိုက်မီမှာပင် အရာတစ်ခုခုကို ဖြေရှင်းလိုက်နိုင်သည့်အလား၊ အိပ်မက်ဆိုး သားရဲ၏ကိုယ်တွင်းမှနေ၍ အလွန်အမင်း ထူးခြားလှသော စိတ်စွမ်းအင် ကြိုးမျှင်လေးများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ လေဟာနယ်ကို ဖြတ်သန်းကာ မြေပြင်ပေါ်သို့ စီးဝင်သွားတော့သည်။

ခဏမျှ အချိန်လေး အတွင်းမှာပင် မြေပြင်ပေါ်တွင် အလွန်အမင်း ရက်စက်ကြမ်းတမ်းပြီးကိုင်တွယ် ဖြေရှင်းရန် အလွန် ခက်ခဲလှသော ရွဲလော့ဟယ်များမှာ ရုတ်တရက် လှုပ်ရှားမှု ရပ်တန့်သွားခဲ့ပြီး လုံးဝမလှုပ်မယှက် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရတော့သည်။

"ဒါ…"

မြေပြင်ပေါ်တွင် လီစီယီမှာ ဝူရှန်းသံချပ်ကာမြင်းစီးတပ် များကို ဦးဆောင်ကာ နောက်ဆုံး ကျန်ရှိနေသေးသော ရွဲလော့ဟယ်သုံးထောင်ကျော်ခန့်နှင့်အတူ အသေအလဲ ရုန်းကန် တိုက်ခိုက်နေခဲ့ရာမှ၊ ရုတ်တရက် ရွဲလော့ဟယ်များအားလုံး လုံးဝမလှုပ်မယှက် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ အံ့ဩသွားတော့သည်။ ဤမျှသာမက လူအချို့မှာ အခွင့်ကောင်းယူ၍ ဤရွဲလော့ဟယ်များ၏ခေါင်းကို ခုတ်ပိုင်းလိုက်ကြသည်ဆိုလျှင်တောင်မှ သူတို့အနေဖြင့် အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိခဲ့သည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ လီစီယီမှာ လုံးဝ မှင်တက်သွားတော့သည်။

"အရှင် ပဲ"

ဘာတွေ ဖြစ်ပျက်သွားသည်ကို နားမလည်သေးဘူး ဆိုသော်ငြားလည်း မသိစိတ်အရပင်လျှင် လီစီယီမှာ ဝမ်ချောင်၏ပုံရိပ်ကို ချက်ချင်း တွေးတောမိလိုက်တော့သည်။ ဤကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိသူမှာ ဝမ်ချောင်တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

ထိုအချိန်မှာပင် လီစီယီ၏နားထဲသို့ ရင်းနှီးကျွမ်းဝင်နေသော ဝမ်ချောင်၏အသံ ရောက်ရှိလာတော့သည်။

"ထိုက်ရှီ သေသွားပြီ၊ စစ်ပွဲ ပြီးဆုံးသွားပြီ"

ဝမ်ချောင်၏ ကျယ်လောင် ပြတ်သားလှသော အသံကြီးမှာ စစ်မြေပြင်ကြီးတစ်ခုလုံး၏ အထက်ကောင်းကင်ယံတွင် ထွက်ပေါ်လာတော့သည်။

ကြီးမားကျယ်ပြန့်လှသော မြို့ကြီး၏ အတွင်း၌ ပထမဆုံး အနေဖြင့် ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီးနောက်၊ ချက်ချင်းပင် စစ်တပ်ကြီးတစ်ခုလုံး မှနေ၍ ပြင်းထန်လှသော ဝမ်းသာအားရ အော်ဟစ်သံကြီးများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

နိုင်ငံအသီးသီးမှ ပုန်ကန်သော စစ်တပ်၏အနောက်ဘက်တွင် ရှိနေသော အစွမ်းအထက်ဆုံးလူ သေဆုံးသွားခဲ့ပြီဖြစ်ရာ၊ ဤစစ်ပွဲကြီးမှာ အမှန်တကယ်ပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး နောက်ထပ် အပြောင်းအလဲ များ လုံးဝရှိမလာနိုင်တော့ပါချေ။

မြို့တွင်း၌ ကျန်ရှိနေသေးသော စစ်သည်များကို ဦးဆောင်ကာ ခုခံနေကြဆဲဖြစ်သော နိုင်ငံအသီးသီးမှ ဗိုလ်ချုပ်အချို့မှာမူ၊ ဤစကားကို ကြားလိုက်ရသည့်အခါ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဖြစ်သွားခဲ့ကြပြီး၊ တိုက်ခိုက်လိုစိတ်များအားလုံး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆုံးရှုံးသွားကြတော့သည်။

နိုင်ငံအသီးသီး၏ဧကရာဇ်များ ထွက်ပြေးသွားခဲ့ကြပြီဖြစ်သလို၊ ခွန်အား အစွမ်းအထက်ဆုံးဖြစ်သော ထိုက်ရှီပင်လျှင် သေဆုံးသွားခဲ့ပြီဖြစ်ရာ၊ ဤစစ်ပွဲကြီးတွင် အောင်မြင်မှု ရရှိနိုင်မည့် မျှော်လင့်ချက်လေး တစ်စက်လေးပင် လုံးဝရှိမနေတော့ပါချေ။

"ငါတို့ အရှုံးပေးပါတယ်"

ဓားများနှင့်လှံများမှာ မြေပြင်ပေါ်သို့ အသီးသီး ပြုတ်ကျသွားခဲ့ကြပြီး၊ မြို့တွင်း၌ နောက်ဆုံး ကျန်ရှိနေသေးသော အနည်းငယ်မျှသော ခုခံမှုများ အားလုံးမှာလည်း လုံးဝပျောက်ကွယ်သွားကြတော့သည်။

တစ်ချိန်တည်းလိုလိုပင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီး မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခုမှာ မြို့၏ အနောက်တောင်ဘက်ထောင့်တွင် ဆင်းသက်လာတော့သည်။

"အားး"

အိပ်မက်ဆိုးသားရဲ ဝင်ရောက်ပူးကပ်ထားသော ထိုက်ရှီကို မြင်တွေ့လိုက်ရသည့်အခါ ဘေးပတ်ဝန်းကျင် အရပ်မျက်နှာအားလုံးမှ အံ့ဩထိတ်လန့်နေသော အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ လီစီယီ တစ်ဦးတည်း သာလျှင် မျက်နှာအမူအရာ အေးဆေးတည်ငြိမ်နေခဲ့ပြီး လက်ကို မြှောက်ကာ လူတိုင်းကို တားဆီးလိုက်တော့သည်။

"စိတ်မပူကြနဲ့၊ ဝမ်ရယ်ရဲ့ဘေးနားက လူပဲ"

လီစီယီ၏ခန္ဓာကိုယ် တစ်ချက် လှုပ်ရှားသွားခဲ့ပြီး လျင်မြန်စွာပင် ရှေ့သို့ ဆီးကြို သွားလိုက်တော့သည်။

လူအများစုမှာ အိပ်မက်ဆိုး သားရဲ၏ တည်ရှိမှုကို မသိရှိကြပါချေ။ ကျန်းချိုးကျန့်ချုံးတို့ပင်လျှင် မသိရှိကြပါချေ။ သို့သော် လီစီယီမှာမူ သိရှိထားသူပင် ဖြစ်တော့သည်။

"ရှောင်ယန်၊ ဝမ်ရယ် ကော"

လီစီယီမှာ အပျက်အစီးများ စုပုံနေသော နေရာတစ်ခု၏ထိပ်တွင် ရပ်နေရင်း အိပ်မက်ဆိုးသားရဲကို ကြည့်ကာ မေးမြန်းလိုက်တော့သည်။

"သခင်က အန်းလုရှန်းကို လိုက်ဖမ်းဖို့ သွားပြီ"

အိပ်မက်ဆိုး သားရဲ၏ စကားများမှာ တိုတောင်း လိုရင်းတိုရှင်း ဖြစ်နေတော့သည်။

……

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။ ဤအခိုက်အတန့်၌ သံမဏိခံတပ်နှင့် အလွန်အမင်း ဝေးကွာလှသော ကုန်းမြေ၏မြောက်ဘက် အစွန်အဖျားရှိ အရှေ့တာ့ခ်၏ ကြီးမားကျယ်ပြန့်လှသော မြက်ခင်းပြင်ကြီးပေါ်တွင် အနည်းငယ် ဝဖြိုးသော ပုံရိပ်တစ်ခုမှာ အလွန်အမင်း ထိတ်လန့်ခြောက်ခြားနေသော မျက်နှာအမူအရာဖြင့် လျင်မြန်စွာ ထွက်ပြေးနေခဲ့ရာ အိမ်မဲ့ခွေးတစ်ကောင်အလား ဖြစ်နေတော့သည်။

""

"ဘာဖြစ်လို့ ဒီလို ဖြစ်သွားရတာလဲ။ ငါ ဘာဖြစ်လို့ ရှုံးသွားရတာလဲ"

ဘေးပတ်ဝန်းကျင်တွင် နှင်းမုန်တိုင်းကြီးများ တလိမ့်လိမ့် ထွက်ပေါ်နေခဲ့သော်လည်း အန်းလုရှန်း၏ရင်ထဲ၌မူ ဘေးပတ်ဝန်းကျင်ရှိ နှင်းမုန်တိုင်းကြီးများထက်ပင် ပို၍ဖရိုဖရဲ ဖြစ်နေတော့သည်။

ယခင်အခိုက်အတန့်တွင် သူသည် အောင်ပွဲ၏ ဝမ်းသာပျော်ရွှင်မှု များကို ခံစားနေခဲ့ပြီး မိမိ၏ ဧကရာဇ်ဘိသိက်ခံပွဲကို ကျင်းပရန် ပြင်ဆင်နေခဲ့သည်။ သို့သော် နောက်တစ်ခဏတွင် စစ်တပ်ကြီး ပြိုကွဲပျက်စီးသွားခဲ့ပြီး၊ သူကိုယ်တိုင်ပင်လျှင် ထွက်ပြေးနေရသော အထီးကျန်လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

အန်းလုရှန်းမှာ ယခု အချိန်အထိ ဘယ်နေရာမှာ မှားယွင်းသွားခဲ့သလဲ ဆိုတာကို နားမလည်နိုင်သေးပါချေ၊ အရာရာတိုင်းမှာ အလွန်အမင်း ရုတ်တရက် ဆန်လွန်းလှသည်

"ဝမ်ချောင်၊ မင်းက ငါ့ရဲ့ အစီအစဉ် တွေကို နောက်တစ်ခါ ဖျက်ဆီးပစ်ပြန်ပြီ။ ငါ မင်းကို လုံးဝအလွတ်မပေးဘူး၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်း ငါ့အပေါ်မှာ လုပ်ခဲ့သမျှ အရာအားလုံးကို ငါ မင်းဆီကို အကုန်ပြန်ပြီး ပေးဆပ်မယ်"

အန်းလုရှန်းမှာ အံကို တင်းကျပ်စွာ ကြိတ်ကာ ရင်ထဲ၌ ဒေါသထွက်ပြီး နာကြည်းနေတော့သည်။

ဝမ်ချောင်…

ဤနာမည်မှာ သူ၏ ကံကြမ္မာ၏ ရန်သူတော်ကြီး တစ်ဦးအလား ပင် ဖြစ်နေတော့သည်။ သူ မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ ဤနာမည်နှင့်သာ ပတ်သက်သွားခဲ့မည်ဆိုပါက အရာရာတိုင်းမှာ ပြိုကွဲပျက်စီးသွားလေ့ရှိပြီး အောင်မြင်လုနီးပါး အခြေအနေမှနေ၍ ကျရှုံးသွားရလေ့ ရှိပေသည်။

သို့သော် အန်းလုရှန်းစဉ်းစားတွေးတောရန် အချိန်ပင် မရလိုက်မီမှာပင် ပြင်းထန်လှသော မြည်ဟည်းသံကြီးတစ်ခုကို အနောက်ဘက်မှနေ၍ ရုတ်တရက် ကြားလိုက်ရတော့သည်။

အန်းလုရှန်း၏ရင်ထဲ၌ အံ့ဩတုန်လှုပ်သွားခဲ့ပြီး အနောက်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ၊ ဟင်းလင်းပြင်ကြီးအတွင်း၌ ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်သန့်စင်လှသော၊ မည်မျှလောက် ရှည်လျားမှန်း ခန့်မှန်း၍ မရနိုင်သော ရွှေဝါရောင် ဓားချီစွမ်းအင်ကြီးတစ်ခုမှာ လေဟာနယ်များကို ခွဲထုတ်လျက် ထွက်ပေါ်လာခဲ့ပြီး နှင်းမုန်တိုင်းကြီးကိုပင် ခုတ်ပိုင်းဖျက်ဆီးပစ်လိုက်သည်ကို မြင်တွေ့လိုက်ရတော့သည်။

မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် အန်းလုရှန်းတစ်ယောက် မှင်တက်သွားတော့သည်။

အန်းလုရှန်းအနေဖြင့် ဤဓားချက်ကြီးမှာ ဘယ်နေရာမှနေ၍ ထွက်ပေါ်လာသနည်းကို မသိရှိပါချေ။ သို့သော် သူ အတည်ပြုနိုင်သည့်အချက်တစ်ချက်မှာ၊ ဤဓားချက်မှာ ထိုက်ရှီ ထုတ်လွှတ်လိုက်သော ဓားချီ လုံးဝမဟုတ်ပါချေ။

ထိုက်ရှီမှာ ဓားသိုင်းကို ကျွမ်းကျင်သူတစ်ဦး မဟုတ်သလို၊ ဤအရာမှာ သူ၏အရှိန်အဝါမျိုးလည်း မဟုတ်ပါချေ။

"ဝမ်ချောင်"

ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားသည့်အခါတွင်၊ အန်းလုရှန်း၏ရင်ထဲ၌ အံ့ဩတုန်လှုပ်သွားသလို ဒေါသလည်း ထွက်သွားတော့သည်။

******

All Chapters