အခန်း ၂၂၅၄
Vol. 140 Ch. 2254
အခန်း (၂၂၅၄) ကောင်းကင်ဘုံ နောက်တစ်ကြိမ် ထပ်မံ ပေါ်ထွက်လာခြင်း
"မဟုတ်ဘူး"
ဝမ်ချောင်၏ ဤဓားချက်ကြီးမှာ ကောင်းကင်ဘုံကို ချိန်ရွယ်ပြီး ခုတ်ပိုင်းလိုက်ခြင်း လုံးဝ မဟုတ်ပါချေ။ တောင်ကုန်းလေး၏ အောက်ဘက် မလှမ်းမကမ်းတွင် ရှိနေသော မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့် အန်းလုရှန်း၏ခေါင်းဆီသို့ တိုက်ရိုက် အပြင်းအထန် ခုတ်ပိုင်းလိုက်ခြင်း ပင်ဖြစ်သည်။
"မင်း ရဲတယ်ပေါ့"
ရုတ်တရက် ‘ထျန်း’၏ အလွန်ဒေါသထွက်နေသောအသံကြီးမှာ ဟင်းလင်းပြင်အတွင်း၌ ပဲ့တင်ထပ်သွားတော့သည်။ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးမှာ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး အလွန်အမင်း ကြီးမားကျယ်ပြန့်လှသော စွမ်းအားကြီးတစ်ခုမှာ ဟင်းလင်းပြင်ကြီး၏ အနက်ရှိုင်းဆုံးသော နေရာမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ ဝမ်ချောင်ကို လာရောက်တားဆီးလိုက်တော့သည်။
တစ်ချိန်တည်း လိုလိုပင် ဂျွတ်ခနဲ မြည်သံ နှင့်အတူ တောင်ကုန်းလေး၏ အထက် ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက် ကွဲအက်သွားခဲ့ပြီးနောက်၊ အလွန်ကြီးမားလှသော လက်တစ်ဖက်မှာ ထိုအက်ကွဲကြောင်းကြီး အတွင်းမှနေ၍ ရုတ်တရက် ဆန့်ထွက်လာခဲ့ပြီး၊ မြေပြင်ပေါ်သို့ ပြုတ်ကျနေသော အန်းလုရှန်း၏ခေါင်းကို လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ဤဧရာမ လက်မှာ အလွန်အမင်း ကြီးမားလွန်းလှသဖြင့် တောင်ကုန်းလေး တစ်ခုလုံးပင်လျှင် ထိုလက်ဖဝါးကြီး၏ရှေ့တွင် အလွန်အမင်း သေးငယ်နေသည့်အလား ပင်ဖြစ်နေတော့သည်။
ဝမ်ချောင်နှင့်ကျန်းရှို့ကွေးတို့၏ အလွန်အမင်း အံ့ဩထိတ်လန့်နေသော အကြည့်များ ရှေ့မှာပင်၊ အသက်ရှင်ခြင်း အရိပ်အယောင်များ လုံးဝမရှိတော့သော အန်းလုရှန်း၏ ခေါင်းအတွင်းမှနေ၍ လျှို့ဝှက်စွာဖုံးကွယ်ထားသော စွမ်းအားတစ်ခုမှာ ရုတ်တရက် နှိုးဆွခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။ အန်းလုရှန်း၏ခေါင်းကြီးအတွင်းမှ လိပ်တက်နေသော အနက်ရောင်အငွေ့များမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့်အလား ထိုဧရာမ လက်ဝါးကြီးဖြင့် အပြင်သို့ ဆွဲထုတ်ခံလိုက်ရတော့သည်။
ထိုအနက်ရောင် အငွေ့များမှာ ဟင်းလင်းပြင်ကြီးအတွင်း၌ လိမ်ကောက် ပြောင်းလဲသွားခဲ့ပြီးနောက် အလွန်အမင်း လိမ်ကောက်ကာ ရက်စက် ကြမ်းတမ်းပြီး နာကျင်နေသည့် လူမျက်နှာတစ်ခု၏ပုံစံအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ ထိုလူမျက်နှာမှာ အန်းလုရှန်း၏ မျက်နှာနှင့်တစ်ပုံစံတည်း ထပ်တူကျနေတော့သည်။
"ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အန်းလုရှန်း၏ ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်ခံလိုက်ရသော ဝိညာဉ်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ကျန်းရှို့ကွေး၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး မျက်နှာတစ်ခုလုံးတွင် အလွန်အမင်း အံ့ဩ ထိတ်လန့်နေသော အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။
အန်းလုရှန်းမှာ ခေါင်းနှင့်ကိုယ် သီးခြားစီ ဖြစ်သွားခဲ့ပြီဖြစ်ပြီး သေဆုံးသွားသည်မှာ အသေအချာ ပင်ဖြစ်သည်။ လူ တစ်ယောက်က သေဆုံးသွားသော အလောင်း အတွင်းမှနေ၍ ဝိညာဉ်ကို ဆွဲထုတ်သွားနိုင်လိမ့်မည်ဟု သူ လုံးဝတွေးတော မှန်းဆထားခဲ့ခြင်း မရှိပါချေ။
ဝိညာဉ် ဆိုသည်မှာ သိုင်းပညာရှင်များအတွက် တားမြစ်အရာတစ်ခု ပင်ဖြစ်သည်။
တစ်ဖက်လူက ထုတ်ဖော် ပြသလိုက်သော ဤစွမ်းအားမှာ လူသားများ၏ သိုင်းပညာ ဗဟုသုတ နယ်ပယ်ကို လုံးဝကျော်လွန်သွားခဲ့ပြီ ပင်ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားများ၏ နယ်ပယ်ပင်ဖြစ်တော့သည်။
"အိပ်မက်မက်မနေနဲ့။ သူ့ကို အောက်ချထားခဲ့စမ်း"
ထိုအချိန်မှာပင် ကောင်းကင်နှင့် မြေကြီး ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကောင်းကင်ယံတွင် အေးစက်စက် အလင်းရောင် တစ်ချက်လတ်သွားသည်ကို မြင်တွေ့လိုက်ရတော့သည်။ နောက်တစ်ခဏတွင် ဝမ်ချောင်မှာ ဟင်းလင်းပြင်နှင့်အချိန် စွမ်းအားများကို အသုံးပြု၍ ထိုဧရာမ လက်ဝါးကြီး၏ အထက်ကောင်းကင်ယံသို့ မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိသွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် နတ်ဘုရား ဓားကို ရုတ်တရက် ပစ်လွှတ်လိုက်ကာ ထိုဧရာမ လက်ဝါးကြီးရှိရာ အရပ်ဆီသို့ အပြင်းအထန် ခုတ်ပိုင်းချလိုက်တော့သည်။
"ဝုန်း"
ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခုကို ကြားလိုက်ရပြီး၊ ထိုဧရာမ လက်ဝါးကြီးမှာ နတ်ဘုရား ဓား၏ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီးကြောင့် လက်ချောင်း တစ်ချောင်း ပြတ်တောက်သွားတော့သည်။ ဓားရှည် ခုတ်ပိုင်းချလိုက်သည့် မျက်တောင်တစ်ခတ် အတွင်းမှာပင် သံကို ခုတ်ပိုင်းလိုက်သည့်အလား အသံရုတ်တရက် ထွက်ပေါ်လာတော့သည်။
သို့သော် ဝမ်ချောင်မှာ နောက်ဆုံးတွင် ခြေတစ်လှမ်း နောက်ကျသွားခဲ့သေးသည်မှာ အမှန်ပင် ဖြစ်သည်။ အလင်းတန်း တစ်ချက်လက်သွားခဲ့ပြီးနောက် အန်းလုရှန်း၏ခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး၊ သေခါနီး ဖြစ်နေသော သူ၏ဝိညာဉ်မှာ ထိုဧရာမ လက်ဝါးကြီးနှင့်အတူ ဒီရေများ ပြန်လည်ဆုတ်ခွာသွားသည့်အလား ဟင်းလင်းပြင်နှင့်အချိန်၏ အနက်ရှိုင်းဆုံးသော နေရာသို့ ရုတ်တရက် ကျုံ့ဝင်သွားခဲ့ပြီး လုံးဝပျောက်ကွယ်သွားတော့သည်။
"ဝမ်ချောင်၊ လောကရဲ့သားတော်က မင်းရဲ့လက်ထဲမှာ သေဆုံးသွားလို့ လုံးဝမဖြစ်သေးဘူး၊ သူရဲ့ ဝိညာဉ်ကို ငါ ယူသွားပြီ၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်းတို့ သေချာပေါက် ပြန်လည် တွေ့ဆုံရမယ့်နေ့ ရှိလာလိမ့်မယ်"
‘ထျန်း’၏ အလွန်ခမ်းနားကြီးကျယ်ပြီး ပြင်းထန်လှသော ဖိအားများ ပါဝင်သည့် အသံကြီးမှာ ဟင်းလင်းပြင်နှင့်အချိန်၏ အနက်ရှိုင်းဆုံးသောနေရာမှနေ၍ လွင့်ပျံလာတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် ‘ထျန်း’၏ ထိုကြီးမားကျယ်ပြန့်လှသော အရှိန်အဝါကြီးနှင့်အတူ အန်းလုရှန်း၏ဝိညာဉ်လည်း လုံးဝအပြည့်အဝ ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးမှာ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး၊ ကောင်းကင်နှင့် မြေကြီးအကြားတွင် လေအေးများ၏ တိုက်ခတ်သံများသာလျှင် ပဲ့တင်ထပ်နေတော့သည်။
ဝမ်ချောင်မှာ တောင်ကုန်းလေး၏အပေါ်တွင် မတ်မတ်ရပ်နေခဲ့ပြီး မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
အနောက်ဘက်တွင် ရပ်နေသော ကျန်းရှို့ကွေး၏မျက်နှာအမူအရာမှာလည်း အလွန်ပင်ဆိုးရွားနေတော့သည်။
သူတို့နှစ်ဦးစလုံးမှာ ဤကဲ့သို့သော အပြောင်းအလဲကြီးတစ်ခု ထပ်မံ ပေါ်ထွက်လာလိမ့်မည်ဟု လုံးဝ တွေးတော မှန်းဆထားခဲ့ခြင်း မရှိပါချေ၊ နတ်ဘုရား အဖွဲ့အစည်း၏ ခေါင်းဆောင်ကြီးမှာ ဤအချိန်တွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ အမှန်တကယ် ပျောက်ကွယ်သွားသင့်ပြီဖြစ်သော အန်းလုရှန်း၏ ဝိညာဉ်ကို အတင်းအဓမ္မ ဆွဲထုတ်ကာ ယူဆောင်သွားလိမ့်မည် ဟု လုံးဝ ထင်မှတ်မထားခဲ့မိပါချေ။
"ဘယ်လို လုပ်ကြမလဲ။ အကယ်၍ အန်းလုရှန်းကသာ ထိုက်ရှီလိုမျိုး ခန္ဓာကိုယ် အသစ်တစ်ခုကို အစားထိုးပြီး နောက်တစ်ကြိမ် ပြန်လည် ကြိုးပမ်းလာမယ်ဆိုရင် ငါတို့ အခုချိန်ထိ ကြိုးစားခဲ့ရသမျှ အရာအားလုံးက သဲထဲရေသွန်သလို ဖြစ်သွားတော့မှာ ပေါ့"
လေပြင်းများ တိုက်ခတ်သွားခဲ့ပြီး ကျန်းရှို့ကွေးမှာ ဝမ်ချောင်၏နောက်ကျောဘက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့ကာ အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်တော့သည်။
"အဲဒီလောက်အထိ မလွယ်ကူလှပါဘူး။ အန်းလုရှန်းက ထိုက်ရှီ လုံးဝမဟုတ်ဘူး၊ သူ့မှာ အဲဒီလောက်အထိ အစွမ်းထက်တဲ့ ဝိညာဉ်မျိုး လုံးဝမရှိဘူး၊ ကောင်းကင်ဘုံက သူ့ကို အသက်ပြန်ရှင်လာအောင် လုပ်ပေးချင်တယ် ဆိုရင်တောင်မှ အဲဒီလောက်အထိ လွယ်ကူမှာ မဟုတ်ဘူး၊ အဲဒီလိုမှ မဟုတ်ရင် နတ်ဘုရားအဖွဲ့အစည်းကြီး တစ်ခုလုံးမှာ ငါတို့ သတ်ဖြတ်နိုင်တဲ့လူ တစ်ယောက်မှ လုံးဝရှိနေမှာ မဟုတ်ဘူး"
ဝမ်ချောင်က ပြောဆိုလိုက်သည်။ သူ၏မျက်နှာအမူအရာမှာ အလွန်အေးဆေးတည်ငြိမ်နေဆဲပင် ဖြစ်သည်။
နတ်ဘုရား အဖွဲ့အစည်းကြီးတစ်ခုလုံးတွင် သူ သတ်ဖြတ်ခဲ့ဖူးသော မသေမျိုးများ၊ ရှန်ကျွင်းများ မည်မျှလောက်အထိ များပြားနေပြီလဲဆိုတာကို သူကိုယ်တိုင်ပင်လျှင် မမှတ်မိနိုင်တော့ပါချေ၊ ထိုက်မျိုးဆက်မှ အစွမ်းထက် သိုင်းပညာရှင်များပင်လျှင် အနည်းဆုံး နှစ်ဦးခန့် ရှိပေသည်။ အကယ်၍ လူတိုင်းကသာ ဤမျှလောက်အထိ လွယ်ကူစွာ ပြန်လည် အသက်ရှင်လာနိုင်မည်ဆိုပါက ဤလူများ အားလုံးမှာ အသက်ရှင် နေကြဆဲပင်ဖြစ်နေမည်မှာ သေချာလှပေသည်။
နတ်ဘုရား အဖွဲ့အစည်းကြီးတစ်ခုလုံးမှာ လောကကြီးကို အစောကြီး ကတည်းက အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီး ဖြစ်ကာ၊ သူ့အတွက် အခွင့်အရေး လုံးဝ ရှိနေမည် မဟုတ်ပါချေ။
ဝမ်ချောင်အနေဖြင့် ‘ထျန်း’၏အစွမ်းထက်လှသည့် အတိုင်းအတာကို အပြည့်အဝ အသိအမှတ်ပြု လက်ခံထားပေသည်။ သူတော်စင် ဧကရာဇ် ထက်ပင်လျှင် အများကြီး ပိုအစွမ်းထက်နိုင်စွမ်း ရှိသည်ကိုလည်း နားလည်ထားပေသည်။ သို့သော် သူသည် မျက်ကန်း ယုံကြည်မှုမျိုးကိုတော့ လုံးဝလက်ခံထားမည် မဟုတ်ပါချေ။
ဝမ်ချောင်၏ရင်ထဲ၌ ‘ထျန်း’ဆိုသည်မှာလည်း လူ သာလျှင် ဖြစ်သည်။ "နတ်ဘုရား"တစ်ပါး လုံးဝ မဟုတ်ပါချေ။ လူဆိုမှတော့ လူများ၏ ကန့်သတ်ချက်များ သေချာပေါက် ရှိနေမည်ဖြစ်သည်။ ဤအချက်ကိုတော့ လုံးဝပြောင်းလဲ၍ ရနိုင်မည်မဟုတ်ပါချေ။
ဝမ်ချောင်အနေဖြင့် အချိန် အတိုင်းအတာ တစ်ခုအထိတော့ အန်းလုရှန်း လုံးဝ ပြန်လည်ပေါ်ထွက်လာနိုင်စွမ်း ရှိမည်မဟုတ်ကြောင်းကို အပြည့်အဝ အတည်ပြုနိုင်စွမ်း ရှိပေသည်။
သို့သော် ကောင်းကင်ဘုံ၏ ရုတ်တရက် ဝင်ရောက် စွက်ဖက်မှုကြီးက လူတိုင်း၏ ရင်ထဲ၌ လုံးဝမကျေနပ်နိုင်သော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
ကျန်းရှို့ကွေးမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး ဝမ်ချောင်၏ ဤစကားများကို ကြားလိုက်ရသည့်အခါ ရင်ထဲ၌ အများကြီး သက်သာရာ ရသွားတော့သည်။
အန်းလုရှန်းမှာ ခေါင်းနှင့်ကိုယ် သီးခြားစီဖြစ်သွားခဲ့ပြီဖြစ်ရာ အလွန်အမင်း ပြင်းထန်လှသော ထိခိုက်ဒဏ်ရာများကို ရရှိသွားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ယခင်ကကဲ့သို့ ဤမျှလောက်အထိ လွယ်ကူစွာ ပြန်လည်ပေါ်ထွက်လာနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပါချေ။ သူနှင့် ဝမ်ချောင်တို့၏ ကြိုးစားအားထုတ်မှုများမှာ လုံးဝအချည်းနှီး ဖြစ်မသွားခဲ့ပါချေ။
"ဒီကိစ္စကို နောက်မှ သေချာတိုင်ပင် ကြတာပေါ့၊ ‘ထျန်း’က အရမ်းကို အစွမ်းထက်လွန်းလှတယ်၊ အဲဒါက သူတော်စင် ဧကရာဇ်ရဲ့ တစ်သက်တာလုံး အကြီးမားဆုံးသော ရန်သူတော်ကြီးပဲ၊ မင်း ယခုလေးတင် လုပ်ခဲ့တဲ့ လုပ်ရပ်က အရမ်းကို ရဲတင်းလွန်းလှတယ်၊ အနည်းဆုံးတော့ လက်ရှိအချိန်မှာ ငါတို့အနေနဲ့ ကောင်းကင်ဘုံနဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်တော်သေးဘူး"
ကျန်းရှို့ကွေးမှာ ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို ပြန်လည်သတိရသွားကာ ပြောဆိုလိုက်တော့သည်။
အင်ပါယာ ကြီး၏ ဝါရင့် ဗိုလ်ချုပ်ကြီးတစ်ဦး အနေဖြင့် လွန်ခဲ့သော နှစ်ဆယ်ကျော်ခန့်က သူတော်စင် ဧကရာဇ် က နတ်ဘုရားစစ်သည်တော်အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းခဲ့စဉ်က မြို့တော်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများ နှင့် ပတ်သက်၍၊ ကျန်းရှို့ကွေး အနေဖြင့် လုံးဝ မသိရှိသည်တော့ မဟုတ်ပါချေ၊ အမှန်တကယ်တော့ အင်ပါယာကြီး၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် သူသည် မြို့တော်သို့ ယာယီ ပြန်လည်ခေါ်ယူခံခဲ့ရပြီး တော်ဝင် နန်းတော်ကို ကာကွယ် စောင့်ရှောက်ရမည့် တာဝန်တွင် ပါဝင်ခဲ့ရသူ ပင်ဖြစ်သည်။
သို့သော် ဧကရာဇ်ကြီး၏စိတ်ကို ခန့်မှန်းရန် အလွန်ခက်ခဲလှပေသည်။ သူတော်စင် ဧကရာဇ်၏အတွေးများနှင့် အစီအစဉ်များကို ပြင်ပလူများအနေဖြင့် လုံးဝတွေးတော မှန်းဆနိုင်စွမ်း မရှိချေ။
ကျန်းရှို့ကွေးမှာ ဤကိစ္စကြီးအတွင်း၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရသူ ဖြစ်သည် ဆိုသော်ငြားလည်း၊ သူတော်စင် ဧကရာဇ်က ကိစ္စအားလုံးကို သူ့ကို အပြည့်အဝ ပြောပြထားခဲ့ခြင်း မရှိပါချေ။ ကိစ္စအများအပြားကို နောက်ပိုင်းကျမှသာ သူ တဖြည်းဖြည်းနှင့် နားလည် သဘောပေါက်လာခဲ့ရခြင်း ပင်ဖြစ်သည်။
‘ထျန်း’ဆိုသည်မှာ နတ်ဘုရား အဖွဲ့အစည်း၏ ထိပ်ဆုံးခေါင်းဆောင်ကြီးဖြစ်ပြီး၊ သူ၏ စွမ်းအားများမှာ လုံးဝတွေးတော မှန်းဆ၍ပင် မရနိုင်လောက်အောင် အလွန်အမင်း နက်နဲလွန်းလှပေသည်။ ယခင်အချိန်က အထွတ်အထိပ် အနေအထားသို့ ရောက်ရှိနေသော သူတော်စင် ဧကရာဇ်ပင်လျှင် သူ့ကို အလွန်အမင်း သတိထားခဲ့ရပေသည်။ ဝမ်ချောင်က ယခုလေးတင် သူ့ထံသို့ တိုက်ရိုက် ပြေးဝင်သွားပြီး အန်းလုရှန်း၏ဝိညာဉ်ကို လုယူရန် ကြိုးပမ်းခဲ့ခြင်းမှာ အလွန်အမင်း ရဲတင်းလွန်းလှသော လုပ်ရပ်ကြီးတစ်ခုပင်ဖြစ်တော့သည်။
ယခုပြန်လည်တွေးတောကြည့်သည့်အချိန်တွင်ပင်လျှင် သူ၏ရင်ထဲ၌ ထိတ်လန့် ခြောက်ခြားနေဆဲပင်ဖြစ်သည်။
အန်းလုရှန်း၏ကိစ္စမှာ ဒုတိယနေရာတွင်သာ ရှိနေသေးသည်။ စစ်ပွဲ ရှုံးနိမ့်သွားသော ဗိုလ်ချုပ်တစ်ဦး သက်သက်သာဖြစ်ရာ၊ နောက်တစ်ကြိမ် ပြန်လည်အသက်ရှင်လာမည်ဆိုလျှင်တောင်မှ အလွန်အမင်း ကြီးမားလှသော မုန်တိုင်းကြီးများကို လုံးဝဖန်တီးနိုင်စွမ်းရှိမည် မဟုတ်ပါချေ။ သို့သော် ဝမ်ချောင်မှာမူ မဟာထန်၏ အဓိက ကျောထောက်နောက်ခံကြီးဖြစ်သလို စိတ်ဓာတ်ရေးရာ ခေါင်းဆောင်ကြီးလည်းဖြစ်ရာ၊ အင်ပါယာကြီးတစ်ခုလုံးအတွက် အလွန်အမင်း ထူးခြားလှသော အဓိပ္ပာယ် ကြီး ရှိနေပေသည်။
အကယ်၍ ဝမ်ချောင်တွင် တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်သွားခဲ့မည် ဆိုပါက ရှန်ကျိုး ကုန်းမြေဒေသကြီး တစ်ခုလုံး၏ လူအများ၏စိတ်ဓာတ်များကို ပြင်းထန်စွာ ရိုက်ခတ်သွားစေမည်ဖြစ်ပြီး ကြီးမားလှသော တုန်လှုပ်မှုကြီးကို ဖြစ်ပေါ်စေမည်မှာ သေချာလှပေသည်။
ဤမျှသာမက နတ်ဘုရား အဖွဲ့အစည်း၏ အစီအစဉ်ကြီးများမှာ အလွန်ကြီးမားလွန်းလှပေသည်။ ထိုက်ရှီတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည် ဆိုသော်ငြားလည်း နတ်ဘုရားအဖွဲ့အစည်းကြီး၏ အခြေခံအုတ်မြစ်ကိုမူ လုံးဝထိခိုက်နိုင်စွမ်း မရှိခဲ့ပါချေ။
ဤအဖွဲ့အစည်းကြီး လုံးဝအမြစ်ပြတ် မပျောက်ကွယ်သွားသေးသရွေ့ လောကကြီးတစ်ခုလုံးအတွက် အလွန်ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေဆဲ ပင်ဖြစ်သည်။
ထို့ပြင် ဝမ်ချောင်မှလွဲ၍ အခြားမည်သူ တစ်ဦးတစ်ယောက်ကမျှ နတ်ဘုရား အဖွဲ့အစည်းကြီးကို အောင်မြင်စွာ ဆန့်ကျင်တိုက်ခိုက်နိုင်စွမ်း ရှိမည် မဟုတ်ပါချေ။
"စိတ်ချပါ၊ ကျွန်တော် ဘာလုပ်နေတယ် ဆိုတာကို ကျွန်တော် သေချာ သိပါတယ်"
ကျန်းရှို့ကွေး ဘာကို စိတ်ပူနေသနည်းဆိုတာကို သိရှိနေသည့်အလား၊ ဝမ်ချောင်မှာ ခေါင်းယမ်းလိုက်ပြီး မျက်နှာအမူအရာ အေးဆေးတည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။ ကိစ္စအများအပြားမှာ အပြင်ပန်းအားဖြင့် ကြည့်မည်ဆိုပါက အလွန်အမင်း ရဲတင်းလွန်းလှသည် ဟု ထင်ရသော်လည်း အမှန်တကယ်တော့ ထိုသို့ လုံးဝ မဟုတ်ပါချေ။
"‘ထျန်း’က တကယ်ကို အစွမ်းထက်လွန်းလှတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သူ့ရဲ့ စွမ်းအား တွေက အရမ်းကြီးမားလှတဲ့ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရမှာ သေချာတယ်၊ ပထမဆုံးအကြိမ် ပေါ်ထွက်လာတုန်းကလိုမျိုး ကြောက်မက်ဖွယ် ကောင်းလှတဲ့ တိုက်ခိုက်မှုကြီးမျိုးကို သူ အချိန်အကြာကြီး ဆက်တိုက် အသုံးပြုနိုင်မှာ မဟုတ်ဘူးလေ။ အကယ်၍ သူကသာ တကယ်ကို ပြိုင်ဘက်ကင်း အစွမ်းထက်လွန်းလှပြီး အရာရာတိုင်းကို လုပ်နိုင်စွမ်း ရှိတယ် ဆိုရင်၊ ကျွန်တော်တို့ အနေနဲ့ ထိုက်ရှီနဲ့အန်းလုရှန်းတို့ကို သတ်ဖြတ်နိုင်မယ့် အခွင့်အရေးမျိုးကိုတောင် လုံးဝ ရရှိနိုင်မှာ မဟုတ်ဘူးလေ"
ဝမ်ချောင်၏အသံမှာ အလွန်အေးဆေးတည်ငြိမ်နေတော့သည်။
သူတော်စင် ဧကရာဇ်တွင် ပြဿနာ မဖြစ်ပွားမီ အချိန်က ထိုက်ဟယ် နန်းဆောင်၏ နောက်ဘက် နန်းဆောင်တွင် ပြောပြခဲ့ဖူးသည်၊ ‘ထျန်း’၏ကိုယ်ပေါ်တွင် အလွန်ကြီးမားလှသော အားနည်းချက်ကြီးတစ်ခု ရှိနေပြီး၊ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကြီးမှာ ရှန်ကျိုး ကုန်းမြေဒေသတွင် လုံးဝပေါ်ထွက်လာနိုင်စွမ်း မရှိပါချေ၊ ဤသည်မှာလည်း ‘ထျန်း’က ကိစ္စ အများအပြားကို လုပ်ဆောင်ရာတွင် ထိုက်ရှီနှင့် နတ်ဘုရား အဖွဲ့အစည်းကို ကိုယ်စားအသုံးပြုနေရခြင်း၏ အဓိကအကြောင်းအရင်း ပင်ဖြစ်သည်။
လောကကြီး တစ်ခုလုံးတွင် သူတော်စင် ဧကရာဇ်ထက် ပိုပြီး‘ထျန်း’အကြောင်းကို သေချာစွာ နားလည် သဘောပေါက်ထားသူ မည်သူမျှ ရှိမည် မဟုတ်ပါချေ၊ အကယ်၍ ဤအရာမှာ သူတော်စင် ဧကရာဇ်၏ ဆုံးဖြတ်ချက်သာ ဖြစ်မည်ဆိုပါက လုံးဝအမှားအယွင်း ရှိနိုင်မည် မဟုတ်ပါချေ။
ထိုစကားကို အခြေခံပြီး ဝမ်ချောင်မှာ အချက်အလက် အများအပြားကို တွေးတော မှန်းဆနိုင်ခဲ့ပြီး၊ ‘ထျန်း’၏ အမြင့်ဆုံး ကန့်သတ်ချက်များ မည်သည့်နေရာတွင် ရှိနေသနည်း ဆိုတာကို ပင်လျှင် အပြည့်အဝ ဆုံးဖြတ်နိုင်ခဲ့ပြီဖြစ်သည်။
ပထမ အချက်အနေဖြင့် ဝမ်ချောင်အနေဖြင့် ‘ထျန်း’၏ အာရုံခံစားမှု စွမ်းရည်မှာ ကန့်သတ်ချက်များ ရှိနေပြီး အရာရာတိုင်းကို သိရှိနိုင်စွမ်းလုံးဝမရှိကြောင်းကို အပြည့်အဝ အတည်ပြုနိုင်စွမ်း ရှိပေသည်။ ကုန်းမြေဒေသကြီးတစ်ခုလုံးနှင့် ရှန်ကျိုးကို အပြည့်အဝ ဖုံးလွှမ်းထားနိုင်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပါချေ။ သူသည် အရေးကြီးသော လူပုဂ္ဂိုလ်များ ဥပမာ ထိုက်ရှီ ကဲ့သို့သော လူများ၏ကိုယ်ပေါ်တွင် ထူးခြားလှသော အမှတ်အသားများကို ချန်ထားခဲ့လေ့ရှိပြီး၊ သူတို့ တွင် ပြဿနာ တစ်ခုခု ဖြစ်ပွားလာသည့် အချိန်တွင် ‘ထျန်း’က ချက်ချင်း သိရှိနိုင်ရန် အတွက်ပင်ဖြစ်သည်။
ဤအချက်က သူသည် ထိုက်ရှီနှင့် အန်းလုရှန်းတို့ကို သတ်ဖြတ်လိုက်ပြီး သိပ်မကြာမီ အချိန်လေးတွင် ကောင်းကင်ဘုံက ဘာဖြစ်လို့ ရုတ်တရက် ပေါ်ထွက်လာရသနည်း ဆိုတာကို အပြည့်အဝ ရှင်းပြနိုင်ပေသည်။
ဒုတိယ အချက်မှာ ‘ထျန်း’မှာ သူ၏ကိုယ်ပွားများဖြင့် လူ့လောကတွင် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်စွမ်း ရှိပေသည်။ သူနှင့်သူတော်စင် ဧကရာဇ်တို့ တိုက်ခိုက်ခဲ့သည့် အကြိမ်တွင်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ သူသည် ယခုလေးတင်ကဲ့သို့ အလွန်အမင်း ဝေးကွာလှသော ဟင်းလင်းပြင် အကွာအဝေးကြီးမှနေ၍ တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်း ရှိပြီး၊ လူ့လောက၏ကိစ္စများကို ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိပေသည်။ သို့သော် ဤစွမ်းရည်တွင် ကန့်သတ်ချက်များရှိနေပြီး ‘ထျန်း’ပင်လျှင် အကန့်အသတ်မရှိ အဆက်မပြတ် တိုက်ခိုက်နိုင်စွမ်း လုံးဝရှိမည် မဟုတ်ပါချေ။
အကယ်၍ ဤကဲ့သို့သော အလွန်အမင်း ကြီးမားလှသည့် ကန့်သတ်ချက်ကြီးမျိုးသာ ရှိမနေခဲ့ဘူး ဆိုပါက၊ ‘ထျန်း’အနေဖြင့် ထိုက်ရှီနှင့် အန်းလုရှန်းတို့ကို ပင်လျှင် လိုအပ်တော့မည် မဟုတ်ဘဲ သူ့ကို တိုက်ရိုက်သတ်ဖြတ်ပစ်နိုင်မည်မှာ သေချာလှပေသည်။
မည်မျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းလှသော သေနတ်ပင် ဖြစ်ပါစေ တစ်ဖက်လူကို အတိအကျ ချိန်ရွယ်နိုင်မှသာလျှင် အသုံးဝင်မည် မဟုတ်ပါလား။
အရေးကြီးလှသော ထိုအချက်အလက် နှစ်ချက်ကို အောင်မြင်စွာ တွေးတော မှန်းဆနိုင်ခဲ့သည့် အတွက်ကြောင့်သာလျှင် ဝမ်ချောင်မှာ အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ ကောင်းကင်ဘုံကို တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ရဲတင်းခဲ့ခြင်းဖြစ်ပြီး၊ ‘ထျန်း’က သူ့ကို လုံးဝ မသတ်နိုင်ဘူး ဆိုတာကို အပြည့်အဝ ယုံကြည်နေခဲ့ခြင်း ပင်ဖြစ်သည်။
ကိစ္စ ပြီးဆုံးသွားပြီး နောက်ပိုင်းတွင် ပေါ်ထွက်လာသော အခြေအနေများကလည်း ဝမ်ချောင်၏ ဆုံးဖြတ်ချက်များအားလုံး မှန်ကန်နေကြောင်းကို အပြည့်အဝ သက်သေပြနေပြီ ပင်ဖြစ်သည်။
"ထိုက်ရှီနဲ့အန်းလုရှန်းတို့က အမှန်တကယ်တော့ သူ့ရဲ့ လူ့လောကထဲက 'နား တွေ နဲ့ မျက်လုံး တွေ' သက်သက်သာ ဖြစ်တယ်၊ ဒီ လူ နှစ်ယောက် စလုံး သေသွားပြီ ဆိုမှတော့ ‘ထျန်း’ ကလည်း အချိန်တိုအတွင်းမှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး"
ဝမ်ချောင်က မျက်နှာအမူအရာ လုံးဝအေးဆေးတည်ငြိမ်စွာ ဖြင့် ဆိုလိုက်တော့သည်။
နောက်ကျောဘက်တွင် ကျန်းရှို့ကွေးမှာ ဝမ်ချောင်၏ကျောပြင်ကြီးကို ကြည့်ရင်း အချိန်အကြာကြီးမျှ တိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး စကားတစ်ခွန်းပင် မဟနိုင်တော့ပါချေ။
သို့သော် လျင်မြန်စွာပင် ကျန်းရှို့ကွေး၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ရင်ထဲ၌ အလွန်အမင်း ဝမ်းသာကျေနပ်သွားတော့သည်။
ယခု လက်ရှိ ဝမ်ချောင်မှာ ကြီးမားလှသော သစ်ပင်ကြီးတစ်ပင် အဖြစ်သို့ အပြည့်အဝ ကြီးထွားလာခဲ့ပြီဖြစ်ပြီး အင်ပါယာကြီး၏ အလွန်အမင်း ခိုင်မာလှသော အကာအကွယ်အတားအဆီး ကြီးတစ်ခုအဖြစ်သို့ ရောက်ရှိနေပြီ ပင်ဖြစ်သည်။ သူသည် ‘ထျန်း’ ဝင်ရောက် စွက်ဖက်လာသည့် အလွန်အမင်း တိုတောင်းလှသော အချိန်လေး အတွင်းမှာပင် ဤမျှလောက်အထိ များပြားလှသော အရာများကို လျင်မြန်စွာ စဉ်းစား တွေးတောနိုင်ခဲ့ပြီး၊ ‘ထျန်း’ကဲ့သို့ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသော တည်ရှိမှုကြီးနှင့် ရင်ဆိုင်ရသည့် အချိန်တွင်ပင်လျှင် အလွန်အမင်း ရဲတင်းစွာဖြင့် တိုက်ခိုက်ခဲ့ကာ ထိခိုက် ဒဏ်ရာ လုံးဝ မရရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီ ပင်ဖြစ်သည်။ ဉာဏ်ပညာ အပိုင်းတွင်ဖြစ်စေ၊ သတ္တိပိုင်းတွင်ဖြစ်စေ သူသည် လောကကြီး တစ်ခုလုံး ရှိ လူများ အားလုံးကို အပြည့်အဝ ကျော်လွန်သွားခဲ့ပြီ ပင်ဖြစ်သည်။
ဝမ်ချောင်ပိုမို၍ အစွမ်းထက်လာသည်နှင့်အမျှ အလယ်ပိုင်း ကုန်းမြေဒေသနှင့် ကုန်းမြေဒေသကြီးတစ်ခုလုံးမှာ ပိုမို၍ အေးချမ်းတည်ငြိမ်လာမည်မှာ သေချာလှပေသည်။
"သွားကြစို့၊ ‘ထျန်း’ ရဲ့ကိစ္စကို ခဏလောက် ဘေးဖယ်ထားကြတာပေါ့၊ စစ်ပွဲလည်း ပြီးသွားပြီဆိုတော့ ရှေ့ဆက်ပြီး ငါတို့အနေနဲ့ ဖြေရှင်းဖို့ လိုအပ်နေတဲ့ ကိစ္စတွေ အများကြီး ကျန်နေသေးတယ်လေ၊ ဒါ့အပြင် အရှင်မင်းကြီးဆီကိုလည်း ဒီအောင်ပွဲကြီးရဲ့ သတင်းကို သေချာပေါက် ပေးပို့ ရတော့မယ်လေ"
ကျန်းရှို့ကွေးမှာ ဆိုလိုက်တော့သည်။
ယခုအချိန်တွင် အလယ်ပိုင်း ကုန်းမြေဒေသကြီးတစ်ခုလုံးတွင် ရေခဲနှင့်နှင်းများ လုံးဝအပြည့်အဝ ဖုံးလွှမ်းနေခဲ့ပြီဖြစ်ပြီး၊ လုံးဝအေးခဲနေသော ရေခဲကမ္ဘာကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီပင်ဖြစ်သည်။ လူတိုင်းမှာ အလွန်အမင်း ပြင်းထန်လှသော အအေးဒဏ်ကြီး၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည် ဆိုသော်ငြားလည်း၊ အအေးဒဏ်ထက်စာလျှင် လူတိုင်း အများဆုံး စိတ်ဝင်စားနေကြသည်မှာ အရှေ့မြောက်ပိုင်း ယိုကျိုးတွင် ဖြစ်ပွားနေသော ဤရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို အဆုံးအဖြတ်ပေးမည့် စစ်ပွဲကြီးကိုသာလျှင် ဖြစ်ပေသည်။ အလယ်ပိုင်း ကုန်းမြေဒေသကြီး တစ်ခုလုံးရှိ လူများမှာ အလွန်စိုးရိမ်ပူပန်မှုများနှင့် မလုံခြုံမှများ အကြားတွင် ဤစစ်ပွဲကြီး၏ နောက်ဆုံး ရလဒ်ကြီးကို အလွန်အမင်း မျှော်လင့် စောင့်စားနေကြပြီ ပင်ဖြစ်သည်။
အရှေ့မြောက်ပိုင်း၏ အောင်ပွဲကြီးသတင်းကို သူတို့ အားလုံးအား သေချာပေါက် ပြောပြရမည်ဖြစ်ပြီး ပြည်သူများ၏စိတ်ကို အေးချမ်းသွားစေရန်အတွက် သေချာပေါက် လုပ်ဆောင်ရမည် ပင်ဖြစ်သည်။
"အင်းးးး"
ဝမ်ချောင်မှာ ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရှို့ကွေးကို တစ်ချက် ဆွဲယူလိုက်ရာ ခန္ဓာကိုယ် တစ်ချက် လှုပ်ရှားသွားခဲ့ပြီးနောက် သူတို့ နှစ်ဦး စလုံးမှာ ဟင်းလင်းပြင်ကြီး အတွင်းမှ လုံးဝ အမြစ်ပြတ် ပျောက်ကွယ်သွားကြတော့သည်။
သူတို့၏ နောက်ကျောဘက် တွင် အဆုံးအစမရှိ ကြီးမားကျယ်ပြန့်လှသော နှင်းပွင့်များမှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းလျက် ကျဆင်းနေခဲ့ပြီး လျင်မြန်စွာပင် မြေပြင်ပေါ်တွင် ထူထပ်လှသော နှင်းကော်ဇောကြီး တစ်ခုကို ထပ်မံ ဖန်တီးလိုက်တော့သည်။ ယခင်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီး၏သဲလွန်စများ အားလုံးနှင့် အန်းလုရှန်းနောက်ဆုံး ပေါက်ကွဲဖန်တီးလိုက်သော ထိုဧရာမတွင်းကြီးမှာ အပြည့်အဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်ရာ နောက်ဆုံးတွင် အနည်းငယ်မျှသော သဲလွန်စ လေးပင် လုံးဝ ကျန်ရှိနေခြင်း မရှိတော့ပါချေ。
အရာရာတိုင်းမှာ ဘာမှ လုံးဝ မဖြစ်ခဲ့ဖူးသည့်အလား ပင်ဖြစ်နေတော့သည်။
"ဖျပ် ဖျပ် ဖျပ်"
ဝမ်ချောင်နှင့် ကျန်းရှို့ကွေတို့ နောက်တန်းသို့ ပြန်လည် ထွက်ခွာသွားပြီး သိပ်မကြာမီ အချိန်လေး အတွင်းမှာပင်၊ ဂူ ဂူ မြည်သံ များနှင့်အတူ နှင်းသိမ်းငှက် တစ်ကောင်မှာ မြေပြင်ပေါ်မှနေ၍ ကောင်းကင်ယံ သို့ ရုတ်တရက် ပျံတက်သွားခဲ့ပြီး၊ အလွန်အမင်း သန်စွမ်းလှသော တောင်ပံများ ဖြင့် လေအေးများကို ဖြတ်သန်းကာ နှင်းမုန်တိုင်းကြီး နှင့်အတူ လျှပ်စီး တစ်တန်းအလား မြို့တော် ကြီး ရှိရာ အရပ်ဆီသို့ အလွန်အမင်း လျင်မြန်စွာ ပျံသန်းသွားတော့သည်။
******