← Chapters

အခန်း ၂၂၅၆

Vol. 140 Ch. 2256

အခန်း ၂၂၅၆

Vol. 140 Ch. 2256

အခန်း (၂၂၅၆) တာ့လွန်ချင်းလင် ချက်ချင်း သတိလစ်သွားခြင်း

"အားလုံးပဲ၊ အဆိုးရွားဆုံး အခြေအနေ အတွက် ပြင်ဆင်ထားကြပါ"

"အခု ငါတို့ လုပ်နိုင်တာကတော့ မျိုးနွယ်ခြားဘုရင်ဝမ်ချောင်အတွက် အချိန် ရအောင် တာ့လုံချင်းလင်ကို တတ်နိုင်သလောက် ဆွဲထားပေးဖို့ပဲ ဖြစ်တယ်"

ချင်းယန်သခင်လေးမှာ နားထင်မှ ဆံပင်စလေးများ လေထဲတွင် တလွင့်လွင့် လွင့်ပျံနေလျက် လိုရင်းတိုရှင်း ပြောဆိုလိုက်တော့သည်။

စစ်ပွဲ ဆိုသည်မှာ အသက်ပေးလှူခြင်းများ အမြဲ ရှိစမြဲ ဖြစ်သည်။ ချင်းယန်သခင်လေးပဲ ဖြစ်စေ၊ လီကျွင်းရှန်းပင်ဖြစ်စေ၊ ဒါမှမဟုတ် ဟူးဘားရှ်ပဲ ဖြစ်စေ၊ သူတို့အားလုံးမှာ အဆိုးရွားဆုံးသော ရလဒ်မျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ကြသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကင်းစင်ကြီး၏အပေါ်တွင် ရှိနေသူအားလုံးမှာ တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

"အရှင်ဘက်မှာ ဘာတွေ ဖြစ်နေမလဲ မသိဘူး"

ဤအခိုက်အတန့်၌ သူတို့ တစ်ဦးချင်းစီ၏ ဦးနှောက်ထဲတွင် အတွေးများ လွင့်ပျံနေခဲ့ပြီး အားလုံးနီးပါး တိုက်ဆိုင်စွာဖြင့် ဝမ်ချောင်ကို ပြန်လည်သတိရသွားကြတော့သည်။

ဖျပ် ဖျပ် ဖျပ်…

ပြောသည့် အချိန်နှင့် ဖြစ်ပျက်သွားသည့်အချိန်မှာ အလွန်လျင်မြန်လွန်းလှသည်။ ထိုအချိန်မှာပင် လေထဲတွင် ငှက်တောင်ပံ ခတ်သံတစ်သံကို ကြားလိုက်ရပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှင်းသိမ်းငှက်တစ်ကောင်မှာ တောင်ပံများကို ဖြန့်ကျက်လျက် မြားတစ်စင်းအလား ကောင်းကင်ယံမှနေ၍ ဆင်းသက်လာကာ ကင်းစင်ကြီးအပေါ်သို့ ပျံသန်းရောက်ရှိလာတော့သည်။

"ဒါ အရှင် ဆီကပဲ"

ချင်းယန်သခင်လေးမှာ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားခဲ့ပြီး နှင်းသိမ်းငှက်၏ ညာဘက် ခြေထောက် ပေါ်တွင် ရှိနေသော ဝမ်ချောင်၏ အမှတ်အသားကို တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် လျင်မြန်စွာ ခွဲခြား သိရှိလိုက်တော့သည်။

တစ်ခဏလေး အတွင်းမှာပင် လူသုံးဦးစလုံး၏ မျက်နှာအမူအရာမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေလျက် လျင်မြန်စွာပင် ရှေ့သို့ ဆီးကြို သွားလိုက်တော့သည်။

လျင်မြန်စွာ ပင် ချင်းယန်သခင်လေးမှာ နှင်းသိမ်းငှက်၏ ခြေထောက် ပေါ်ရှိ စာတိုလွှာကို ဖြန့်ကြည့်လိုက်သည်၊ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့်ပင် အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေလျက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

"အရှင် အောင်ပွဲ ရသွားပြီ ယိုကျိုးမှာ အကြီးအကျယ် အောင်ပွဲ ရသွားပြီး အန်းလုရှန်း လည်း အသတ်ခံလိုက်ရပြီ"

"ဘာ။ ငါ့ကို ပြစမ်း"

ချင်းယန်သခင်လေး၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်လူများမှာ အလွန်အမင်း အံ့ဩသွားခဲ့ပြီး၊ ကျန်းရှို့ကွေးတို့ထံမှ စာတိုလွှာကို လျင်မြန်စွာ လှမ်းယူလိုက်တော့သည်။

"အနိုင်ရသွားပြီ၊ တကယ်ကို အနိုင်ရသွားပြီ"

"အရှင် အကြီးအကျယ် အောင်ပွဲ ရသွားပြီ၊ နိုင်ငံအသီးသီး မှ စစ်တပ် များ အကြီးအကျယ် ရှုံးနိမ့်သွားပြီ၊ ကမ္ဘာပေါ်မှာ မဟာထန်ကို ယှဉ်ပြိုင်နိုင်မယ့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်မှ မရှိတော့ဘူး၊ ဟားဟားဟား"

လူအများစုမှာ မူလက အလွန်အမင်း စိတ်ဓာတ် ကျဆင်းနေခဲ့ပြီး မြို့ကို စွန့်ခွာရန် အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ကြသည်။ သို့သော် ဤအခိုက်အတန့်၌ လူတိုင်းမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး၊ အရင်က ရှိခဲ့သမျှ ပင်ပန်းနွမ်းနယ်မှုများနှင့် စိတ်ဓာတ် ကျဆင်းမှုများ အားလုံးမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် လုံးဝအမြစ်ပြတ် ပျောက်ကွယ်သွားတော့သည်။ သူတို့၏ ရှေ့မှောက်တွင် ဖြစ်ပျက်နေသော အခက်အခဲများနှင့် အကျပ်အတည်းများကိုပင်လျှင် လုံးဝဂရုမစိုက်တော့ပါချေ။

သံမဏိ မြို့တော်ကြီး ကျဆုံးသွားရင်လည်း ဘာဖြစ်လဲ။ တာ့လုံချင်းလင်က ဘယ်လောက်တောင် အစွမ်းထက်နေပါစေ ဘာဖြစ်လဲ။ အရှေ့မြောက်ပိုင်းတွင် အောင်ပွဲ ရရှိသွားခဲ့ပြီဖြစ်ပြီး နိုင်ငံအသီးသီးမှ စစ်တပ်များ လုံးဝအရှုံးပေးလိုက်ရပြီဖြစ်ရာ မဟာထန်ကို ယှဉ်ပြိုင်နိုင်မည့် အင်အားစုကြီး တစ်ခုမျှ ရှိမနေတော့ပါချေ၊ ဝမ်ချောင်က အရှေ့မြောက်ပိုင်းမှ စစ်တပ်ကြီးများကို ဦးဆောင်ကာ ပြန်လာသည့်အချိန်တွင်၊ တာ့လုံချင်းလင်မှာ အချိန်မရွေး အသတ်ခံရတော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့မည် ပင်ဖြစ်သည်။

စစ်တပ် အင်အားကို ကြည့်မည် ဆိုပါက အရှေ့မြောက်ပိုင်း ရှိ စစ်တပ်များမှာ မဟာထန်၏ အကောင်းဆုံးစစ်တပ်များဖြစ်ပြီး ယွီစန်းအင်ပါယာထက် ပို၍အစွမ်းထက်သည်။ စစ်ဗျူဟာအပိုင်းတွင်ဆိုပါက... ဝမ်ချောင်မှာ ယခုအချိန်အထိ တစ်ကြိမ် တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိပါချေ၊ တာ့လုံချင်းလင်မှာ ဝမ်ချောင်၏ရှေ့မှောက်တွင် အနည်းငယ်မျှပင် အမြတ် မထွက်နိုင်ပါချေ။

တာ့လုံချင်းလင်နှင့် သူ၏ယွီစန်းစစ်တပ် ကြီ၏ ကံကြမ္မာမှာ လုံးဝအဆုံးအဖြတ် ပေးပြီးသား ဖြစ်နေတော့သည်။

"ငါ့ အမိန့်ကို နာခံကြ၊ ဒီသတင်းကို မြို့တွင်းစစ်တပ်တွေ အားလုံးကို အမြန်ဆုံး အသိပေးလိုက်ကြ"

ချင်းယန်သခင်လေးမှာ ရုတ်တရက် အမိန့်ပေးလိုက်သည်။ သူ၏မျက်ဝန်းများမှာ လုံးဝတောက်ပလင်းလက်နေတော့သည်။

"ဝုန်း"

ခဏမျှ အချိန်လေး အတွင်းမှာပင် အရှေ့မြောက်ပိုင်းမှ သတင်းကို ကြားလိုက်ရသည့်အခါ၊ သံမဏိ မြို့တော်ကြီးအတွင်းရှိ တပ်ဖွဲ့များအားလုံးမှနေ၍ ပြင်းထန်လှသော ဝမ်းသာ အားရ အော်ဟစ်သံ ကြီးများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"မျိုးနွယ်ခြားဘုရင်"

"မျိုးနွယ်ခြားဘုရင်"

"မျိုးနွယ်ခြားဘုရင်"

……

အော်ဟစ်သံကြီးများမှာ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ စစ်တပ်ကြီးတစ်ခုလုံးမှာ စိတ်ဓာတ်များ အလွန်အမင်း တက်ကြွသွားခဲ့ပြီး ယွီစန်း၏ တိုက်ခိုက်မှုများကို ဆက်လက် ခုခံနေခဲ့ကြရာမှ၊ သူတို့ကို ပြန်လည် တွန်းလှန် ထုတ်ပစ်နိုင်မည့် အရိပ်အယောင်များပင် ထွက်ပေါ်လာတော့သည်။

"ဘာဖြစ်တာလဲ"

သံမဏိ မြို့တော်၏ အပြင်ဘက်တွင် ယွီစန်း၏ ဗိုလ်ချုပ်တစ်ဦးမှာ လေအေးများ တိုက်ခတ်နေသည့်အကြားတွင် မတ်မတ်ရပ်လျက် သံမဏိမြို့တော်ကြီးအတွင်းမှ ဖြစ်ပျက်နေမှုများကို ကြည့်ရှုနေရင်း မျက်နှာအမူအရာမှာ အလွန်အမင်း ပြောင်းလဲသွားတော့သည်။

သူတို့ အားလုံး၏ ခန့်မှန်းချက်အရဆိုပါက နောက်ထပ်နာရီအနည်းငယ်ခန့်နေလျှင် သံမဏိမြို့တော်ကြီးမှာ လုံးဝပြိုကွဲပျက်စီးသွားတော့မည် ဖြစ်သည်။ သို့သော် ဤဝမ်းသာအားရ အော်ဟစ်သံကြီးများမှာ လုံးဝစစ်တပ်ကြီးတစ်ခု ရှုံးနိမ့်သွားတော့မည့် အရိပ်အယောင် လုံးဝမဟုတ်ပါချေ။

သူ တစ်ဦးတည်းသာမက ဘေးပတ်ဝန်းကျင်ရှိ ယွီစန်း၏ဗိုလ်ချုပ်များ အားလုံးလည်း ဤမြင်ကွင်းကို သတိပြုမိသွားကြတော့သည်။ လူတိုင်း၏မျက်နှာအမူအရာများမှာ အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားခဲ့ပြီး မသိစိတ်အရပင်လျှင် သူတို့အားလုံးမှာ သူတို့၏ နောက်ကျောဘက်တွင် ရှိနေသော ခန့်ညားဝင့်ကြွားလှသော ပုံရိပ်ကြီးဆီသို့ လှည့်ကြည့်လိုက်တော့သည်။

တာ့လုံချင်းလင်၏ခန္ဓာကိုယ်ကြီးမှာ အလွန်အမင်း ကြီးမားလှသည် မဟုတ်ပါချေ၊ ထို့ပြင် ယွီစန်း အင်ပါယာတွင် တာ့လွန်ချင်းလင်မှာ သိုင်းပညာအားဖြင့် ကျော်ကြားသူလည်း မဟုတ်ပါချေ။ အပြင်ပန်း အသွင်အပြင်ကို ကြည့်မည်ဆိုပါက သူသည် အလယ်အလတ်အရွယ် ပညာရှိနှင့်ပင် ဆင်တူနေတော့သည်။ သို့သော် ဤစစ်မြေပြင်ကြီးတွင်မူ တာ့လွန်ချင်းလင်မှာ လုံးဝအငြင်းပွား၍ မရနိုင်သော အာဏာရှင် တစ်ဦးအဖြစ် ရပ်တည်နေတော့သည်။

ချင်းယန်သခင်လေး၊ လီကျွင်းရှန်း၊ ဟူးဘားရှ်၊ ထို့ပြင် မဟာထန်နှင့် အနောက်တာ့ခ်မှ ထိပ်တန်း အစွမ်းထက် သိုင်းပညာရှင်များနှင့် စစ်တပ်များအားလုံးကို ပေါင်းစပ်ပြီး တိုက်ခိုက်နေသော်ငြားလည်း၊ သူတို့အားလုံး ပေါင်းစည်းပြီး တိုက်ခိုက်နေသည်မှာ တာ့လုံချင်းလင်၏ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပါချေ။

စစ်ဗျူဟာအပိုင်းတွင် ချင်းယန်သခင်လေးနှင့် ဟူးဘားရှ်တို့မှာ တာ့လုံချင်းလင်၏ ရှေ့မှောက်တွင် လုံးဝအရေးနိမ့်နေရသူများပင်ဖြစ်သည်။ ဝမ်ချောင်က တည်ဆောက်ထားခဲ့သော သံမဏိ မြို့တော်သာ မရှိခဲ့ဘူးဆိုပါက၊ မဟာထန် နှင့် အနောက်တာ့ခ်၏ ပူးပေါင်းတပ် ကြီးမှာ အစောကြီးကတည်းက လုံးဝအမြစ်ပြတ် တိုက်ခိုက်ခံလိုက်ရပြီး ဖြစ်ပေမည်။

ယွီစန်း လူမျိုးများမှာ သဘာဝ အားဖြင့် ရက်စက် ကြမ်းတမ်းပြီး ထိပ်တန်း ဗိုလ်ချုပ် အများအပြား ရှိကြသည်။ သို့သော် တာ့လုံချင်းလင်၏ လက်အောက်တွင် ရှိနေသည့် အချိန်မှာသာလျှင် အကောင်းဆုံးသော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီး အစွမ်းထက်ဆုံးသော တိုက်ခိုက်နိုင်စွမ်း များကို ဖော်ထုတ် ပြသနိုင်ခြင်းပင်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ယွီစန်း အင်ပါယာ၏ကျော်ကြားမှု အရှိဆုံးဖြစ်ပြီး လောကကြီး တစ်ခုလုံး၏ ထိပ်တန်းစာရေးတစ်ဦးဖြစ်သူ ဤလူမှာလည်း အံ့ဩတုန်လှုပ်စွာဖြင့် မျက်ခုံးများ တွန့်ကွေးသွားတော့သည်။

ချင်းယန်သခင်လေးဖြစ်စေ၊ ဟူးဘားရှ်ဖြစ်စေ သို့မဟုတ် လီကျွင်းရှန်း ဖြစ်စေ တာ့လုံချင်းလင်မှာ သူတို့ အားလုံးကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်း လုံးဝမရှိပါချေ၊ သို့သော် တာ့လုံချင်းလင်မှာ ဤစစ်ပွဲကြီးကို နောက်ကွယ်မှနေ၍ အဓိက စီမံ ခန့်ခွဲနေသူမှာ၊ ထောင်ပေါင်းများစွာ ဝေးကွာလှသော ယိုကျိုးဒေသတွင် ရှိနေပြီး အန်းလုရှန်းနှင့် နိုင်ငံအသီးသီးမှ စစ်တပ်များကို ရင်ဆိုင် တိုက်ခိုက်နေသော ဝမ်ချောင်ပင်ဖြစ်ကြောင်းကို ကောင်းကောင်း သိရှိထားသူပင်ဖြစ်သည်။

ဝမ်ချောင်၏ ယခုလက်ရှိ စစ်ဗျူဟာမှာ အထူးအဆန်းကြီး မဟုတ်ပါချေ၊ သူသည် တာ့လုံချင်းလင်နှင့် ယွီစန်း အင်ပါယာတို့၏ ယခုလက်ရှိ အခက်အခဲများကို အတိအကျ ဖမ်းမိသွားခဲ့ပြီး၊ အနောက်မြောက်ပိုင်း သံမဏိ မြို့တော်ကြီး၏ အထူးတည်နေရာကို အသုံးပြုကာ၊ စစ်တပ်တစ်ခုကို ထိုနေရာတွင် ချထားလိုက်ခြင်းကပင်လျှင် သူ့ကို အလွန်အမင်း အကျပ်ရိုက်သွားစေတော့သည်။

ထို့ပြင် ချင်းယန်သခင်လေး၊ လီကျွင်းရှန်းတို့နှင့် တိုက်ခိုက်နေစဉ် အချိန်များတွင်၊ တာ့လုံချင်းလင်မှာ သူတို့ သုံးဦးအနေဖြင့် သူ့ကို အောင်မြင်စွာ နှိမ်နင်းနိုင်ရန် လုံးဝကြိုးပမ်းနေခြင်း မဟုတ်ဘဲ၊ အစပိုင်း ကတည်းက သူတို့ကို အနှောင့်အယှက် ပေးရန်၊ အချိန်ဆွဲဆန့်ထားရန်နှင့် သူ၏ စွမ်းအားကို ထိန်းချုပ်ထားရန်သာလျှင် ရည်ရွယ်ထားကြောင်းကို အပြည့်အဝ ခံစားသိရှိလိုက်တော့သည်။ ဤအရာမှာ သူတို့သုံးဦးအနေဖြင့် တိုက်ခိုက်နေသည့် အချိန်များတွင် ပို၍နေရာလွတ်များကို အသုံးပြုနိုင်ရန်အတွက် ဖြစ်သည်။

တာ့လုံချင်းလင်မှာ မည်မျှပင် အစွမ်းထက်နေပါစေ၊ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့အနေဖြင့် လုံးဝအမြတ်မထွက်နိုင်ပါချေ။ လူသား သုံးသိန်း ကျော် ခန့် ရှိသော စစ်တပ် ကြီးမှာ ချီရှီဒေသ တစ်ဝိုက်တွင် ပိတ်လှောင်ခြင်းကို ခံလိုက်ရပြီး အရှေ့ဘက်သို့ ရွေ့လျားတိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ပါချေ၊ စီစဉ်ထားသည့်အတိုင်း အန်းလုရှန်းတို့ နှင့် ပူးပေါင်းရန်အတွက်လည်း လုံးဝ မဖြစ်နိုင်တော့ပါချေ။

တာ့လုံချင်းလင်အတွက်မူ ယခုလက်ရှိ အကောင်းဆုံး အခြေအနေမှာ သူသည် မဟာထန်၏စစ်တပ် အနည်းငယ်ကို ပိတ်လှောင်ထားနိုင်သည့် တစ်ချိန်တည်းမှာပင်၊ အန်းလုရှန်းနှင့် နိုင်ငံအသီးသီးမှ ပူးပေါင်းတပ်ကြီးမှာ နတ်ဘုရား အဖွဲ့အစည်း၏ အကူအညီဖြင့် မဟာထန်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ရန် ဖြစ်သည်။ နောက်ဆုံးတွင်မူ အရှေ့မြောက်ပိုင်း ချန်းကျိုးရှိ သံမဏိ ခံတပ်ကြီးမှာ အလွန်အမင်း တောင့်ခံထားနိုင်လွန်းလှရာ အန်းလုရှန်းတို့မှာ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ရသော်လည်း အောင်မြင်မှု လုံးဝမရရှိခဲ့ပါချေ၊ နှစ်ဦး စလုံးမှာ တိုက်ပွဲကြီးအတွင်း၌ လုံးဝတုံ့ဆိုင်းနေခဲ့ကြသည်။ သူသည် သံမဏိ မြို့တော်ကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ပြီးနောက်တွင်မူ၊ လုံလောက်သော ဗျူဟာမြောက် အနေအထားများကို ရရှိသွားလိမ့်မည်ပင်ဖြစ်သည်။

အကယ်၍ တောင်ဘက်သို့ တိုက်ရိုက်သွားရောက် တိုက်ခိုက်မည်ဆိုပါက မဟာထန်၏မြို့တော်ကို ချက်ချင်းခြိမ်းခြောက်နိုင်မည်ဖြစ်ပြီး ဝမ်ချောင်၏ နောက်ကျောဘက်ကို ရိုက်ခတ်နိုင်ကာ သူ၏စစ်တပ်ကြီးတစ်ခုလုံးကို လုံးဝအပြည့်အဝ ပြိုကွဲပျက်စီးသွားစေမည်ပင်ဖြစ်သည်။ အကယ်၍ အရှေ့ဘက်သို့ ဆက်လက် တိုက်ခိုက်မည်ဆိုပါက အရင်စီစဉ်ထားသည့်အတိုင်း အန်းလုရှန်းနှင့် အောင်မြင်စွာ တွေ့ဆုံနိုင်မည်ဖြစ်ပြီး၊ သူတို့အားလုံး ပေါင်းစည်းကာ ဝမ်ချောင်ကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်နိုင်မည်ပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယွီစန်းအတွက်မူ လုံလောက်သော အခွင့်အရေးများ ပိုင်ဆိုင်ထားဆဲ ပင်ဖြစ်တော့သည်။

"လာစမ်း၊ ငါ့အမိန့်ကို နာခံကြ၊ ရှေ့တန်း စစ်မျက်နှာမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို အမြန်ဆုံး သွားရောက် စုံစမ်း ခိုင်းကြ၊ ရှေ့တန်း စစ်မျက်နှာမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ငါ အမြန်ဆုံး သိချင်တယ်"

တာ့လုံချင်းလင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး ရုတ်တရက် ပြောဆိုလိုက်တော့သည်။

"ဟုတ်ကဲ့"

ယွီစန်း မြင်းတပ် စစ်သည် တစ်ဦးမှာ ဤစကားကို ကြားလိုက်ရသည့်အခါ လျင်မြန်စွာ ပင် မြင်းပေါ်သို့ ခုန်တက်သွားခဲ့ပြီး ရှေ့တန်းစစ်မျက်နှာရှိရာ အရပ်ဆီသို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။

တာ့လုံချင်းလင်မှာ ရှေ့တန်း စစ်မျက်နှာနှင့် အလွန်ဝေးကွာလှသောနေရာတွင် တည်ရှိနေသည်။ ဤအရာမှာ ယွီစန်း၏ဗိုလ်ချုပ်အများအပြား၏ တောင်းဆိုချက်လည်း ဖြစ်ပေသည်။ သို့သော် ဤကဲ့သို့ တည်ရှိနေခြင်းမှာ အန္တရာယ် ကင်းရှင်းသည် ဆိုသော်ငြားလည်း၊ ရှေ့တန်း စစ်မျက်နှာရှိ သတင်းများကိုမူ အပြည့်အဝ သိရှိနိုင်မည် မဟုတ်ပါချေ။

ထိုမြင်းတပ် စစ်သည် ထွက်ခွာသွားပြီး မကြာမီ အချိန်လေး အတွင်းမှာပင် ရုတ်တရက် အတောင်ပံ ခတ်သံများမှာ ကောင်းကင်ယံမှနေ၍ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားတော့သည်။

အလွန်အေးခဲလှသော နှင်းမုန်တိုင်းကြီးများ၏အတွင်း၌ ထိုကြီးမားလှသော နှင်းသိမ်းငှက်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏မျက်ခွံများ အဆက်မပြတ် တုန်ခါသွားတော့သည်။

ပြင်းထန်လှသော နှင်းမုန်တိုင်းကြီးများ တိုက်ခတ်နေခဲ့ပြီး ကမ္ဘာမြေကြီးတစ်ခုလုံး အေးခဲသွားခဲ့ရာ၊ ယွီစန်း အင်ပါယာမှာလည်း ကြီးမားလှသော နှင်းတောင် ဘုရားကျောင်းမှ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း လာခဲ့သော ရှေးဟောင်း နတ်လက်နက်များ၏ အကူအညီဖြင့်သာ အေးခဲမှုကို အနည်းငယ်မျှ ခုခံနိုင်စွမ်း ရှိခဲ့ခြင်းပင်ဖြစ်သည်။ သို့သော် ဤနည်းလမ်းမျိုးမှာ ငှက်များအတွက်မူ လုံးဝ အသုံးမဝင်ပါချေ။

ထို့ကြောင့် နှင်းမုန်တိုင်းကြီးများ စတင်တိုက်ခတ်လာခဲ့ချိန်မှ စတင်၍ နိုင်ငံအသီးသီးမှ သတင်းများမှာ လုံးဝပြတ်တောက်သွားခဲ့ပြီ ပင်ဖြစ်သည်။

ဤကဲ့သို့သော ရေခဲပြင်ကြီးပေါ်တွင် ရုတ်တရက် အလွန်ကြီးမားလှသော ငှက်တစ်ကောင် ပေါ်ထွက်လာခြင်းမှာ လုံးဝထူးခြားလှပေသည်။

"ဒါ ထန် လူမျိုးတွေ ရဲ့ ငှက်ပဲ လေးသမားတွေ"

အထူးတလည် အရေးပါလှသောပုံစံ ရှိနေသည့် ယွီစန်း ဗိုလ်ချုပ်တစ်ဦးမှာ မျက်နှာအမူအရာ အလွန်အမင်း မည်းမှောင်သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ် အမိန့်ပေးလိုက်တော့သည်။

"ခဏ နေဦး"

ထိုအချိန်မှာပင် တာ့လုံချင်းလင်မှာ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားခဲ့ပြီး ရုတ်တရက် တားဆီးလိုက်တော့သည်။

နောက်တစ်ခဏတွင် ထိုဧရာမ နှင်းသိမ်းငှက်မှာ ကောင်းကင်ယံ မှနေ၍ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ပြီး လူတိုင်း၏ အကြည့်များ အောက်တွင် သူ၏ခြေသည်း နှစ်ဖက်ကို ဆန့်တန်းလျက် တာ့လုံချင်းလင် ဆန့်တန်းထားသော လက်မောင်းပေါ်သို့ အသာအယာ နားလိုက်တော့သည်။

ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးမှာ လုံးဝတိတ်ဆိတ် ငြိမ်သက်သွားခဲ့ပြီး အရာရာတိုင်းမှာ ရပ်တန့်သွားသည့်အလား ပင်ဖြစ်နေတော့သည်။ ဤနှင်းသိမ်းငှက်မှာ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းမှာ အလွန်ထူးဆန်းလွန်းလှပေသည်။

တာ့လုံချင်းလင်မှာ မြင်းပေါ်တွင် ထိုင်နေလျက် သူ၏လက်မောင်းပေါ်တွင် နားနေသော ဤနှင်းသိမ်းငှက်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ သူသည် လုံးဝ လှုပ်ရှားခြင်း မရှိပါချေ၊ သူ၏ အလွန်အမင်း နက်ရှိုင်းပြီး ပညာရှိလှသော မျက်လုံးအစုံထဲတွင်မူ အတွေးပေါင်း များစွာ အဆက်မပြတ် ဖြတ်ပြေးသွားတော့သည်။

နောက်ကျောဘက်တွင် ရှိနေသော နန်ရီစုန့်ထျန်းမှာ ဤနှင်းသိမ်းငှက်ကို ကြည့်ရင်း မေးမြန်းရန် ကြိုးပမ်းလိုက်သော်ငြားလည်း စကား မပြောနိုင်ဘဲ ဖြစ်နေတော့သည်။

မှောင်မိုက်နေသော အမှောင်ထုကြီ အတွင်း၌ နန်ရီစုန့်ထျန်း၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားခဲ့သည်။ မဟာထန်တွင် ဤအချိန်တွင် ဧကရာဇ်ထံသို့ စာရေးသား ပေးပို့နိုင်စွမ်း ရှိသူမှာ ထိုလူတစ်ယောက်သာလျှင် ရှိပေလိမ့်မည်။

စာထဲတွင် ဘာတွေ ရေးထားသလဲ ဆိုတာကို ဘယ်သူမှ လုံးဝမသိရှိနိုင်ပါချေ၊ သို့သော် ဤအရာမှာ အားလုံး၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် အပြောင်းအလဲတစ်ခု သေချာပေါက် ဖြစ်နေမည် ပင်ဖြစ်သည်။

ဤနှင်းသိမ်းငှက် ပေါ်ထွက်လာခြင်းနှင့်အတူ အနောက်မြောက်ပိုင်း၏ ဤစစ်ပွဲကြီးမှာလည်း မရေရာသော အရာအချို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီ ပင်ဖြစ်သည်။

တာ့လုံချင်းလင်မှာ နှင်းသိမ်းငှက်၏ ခြေထောက် ပေါ်မှ ဖြုတ်ချလိုက်သော စာတိုလွှာကို ကြည့်ရင်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီး နောက်ဆုံးတွင် ဖြည်းညင်းစွာ ဖွင့်ဖတ်လိုက်တော့သည်။

တာ့လုံချင်းလင်မှာ စာတိုလွှာကို ဖြန့်ကြည့်လိုက်ပြီး တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက် တုန်ယင်သွားခဲ့ပြီး မြင်းပေါ်မှနေ၍ ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။ မူလက အလွန်အမင်း တည်ငြိမ်ပြီး အရာရာတိုင်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့သော သူ၏ မျက်နှာအမူအရာမှာလည်း ချက်ချင်း ပင် လုံးဝ ဖြူရော်သွားတော့သည်။

"အရှင်မင်းကြီး"

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ အလျှင်အမြန် ပြောင်းလဲသွားခဲ့ပြီး ထိတ်လန့်ဟန်ဖြင့် ရှေ့သို့ တိုးဝင် သွားလိုက်ကြတော့သည်။

တာ့လုံချင်းလင်ကို အချိန်အတော်ကြာ အတူတူ လိုက်ပါခဲ့သူများအနေဖြင့် လူတိုင်း၏ ရင်ထဲ၌ တာ့လုံချင်းလင်မှာ နတ်ဘုရားတစ်ပါးအလား တည်ရှိနေခဲ့သူ ပင်ဖြစ်သည်။ သူ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်ကို တစ်ကြိမ်တစ်ခါမျှပင် မမြင်တွေ့ခဲ့ဖူးပါချေ။

"ငါ့ အမိန့်ကို နာခံကြ၊ မြို့ကို တိုက်ခိုက်နေတာ ချက်ချင်း ရပ်တန့်လိုက်ကြ၊ စစ်တပ်တွေအားလုံး ချက်ချင်း နောက်ပြန် ဆုတ်ခွာကြ"

တာ့လုံချင်းလင်မှာ မျက်နှာအမူအရာ လုံးဝဖြူရော်နေခဲ့ပြီး ရုတ်တရက် အမိန့်ပေးလိုက်တော့သည်။

"ဘာ”

ဤအမိန့်ကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ အံ့ဩ ထိတ်လန့်သွားခဲ့ပြီး၊ ယွီစန်းမှာ ယခုအချိန်တွင် အသာစီး ရနေခဲ့ပြီး သံမဏိ မြို့တော်ကြီးမှာလည်း အချိန်မရွေး ကျဆုံးသွားနိုင်သည့် အနေအထားမျိုးတွင် ရောက်ရှိနေပြီဖြစ်ရာ၊ ရုတ်တရက် ဤကဲ့သို့သော အမိန့်မျိုးကို ထုတ်ပြန်လိုက်ခြင်းမှာ အလွန်ထူးဆန်းလွန်းလှပေသည်။

သို့သော် လူတိုင်းအနေဖြင့် နောက်ထပ်မေးမြန်းရန် အချိန်ပင် မရလိုက်ပါချေ၊ တာ့လုံချင်းလင်မှာ ကြီးမားလှသော တုန်လှုပ်မှုနှင့်ရိုက်ခတ်မှုကြီးကို ခံစားလိုက်ရသည့်အလား၊ ရုတ်တရက် သတိလစ် မေ့မြောသွားတော့သည်။

"အရှင်"

"အရှင်"

……

လူတိုင်းမှာ အလွန်ထိတ်လန့်ခြောက်ခြားသွားခဲ့ပြီး စိုးရိမ်တကြီး အရှေ့သို့ တိုးဝင် သွားလိုက်ကြကာ တာ့လုံချင်းလင်၏ခန္ဓာကိုယ်ကြီးကို အလျင်အမြန် ထိန်းကိုင်လိုက်တော့သည်။

တာ့လုံချင်းလင်၏စာထဲတွင် အဘယ်အရာများ ရေးသားထားသည်ကို မည်သူ တစ်ဦးတစ်ယောက်မှ မသိပါပေ။ သူတို့၏ စိတ်ထဲတွင် နတ်ဘုရားအလား တည်ရှိနေသော တာ့လုံချင်းလင်ကို ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားစေနိုင်သည့် အရာမှာ အဘယ်နည်း။

ရှုပ်ထွေးနေသော အချိန်တွင် ရုတ်တရက် ကျယ်လောင် ပြတ်သားလှသော ဝမ်းသာအားရ အော်ဟစ်သံကြီးများမှာ သံမဏိမြို့တော်ကြီး အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဟန်ဘာသာစကားဖြင့် မဟုတ်တော့ဘဲ လူတိုင်း အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသော ယွီစန်း ဘာသာစကားဖြင့် အော်ဟစ်နေခြင်း ပင်ဖြစ်သည်။

"အန်းလုရှန်း ရှုံးနိမ့်သွားပြီ"

"နိုင်ငံအသီးသီးက စစ်တပ်တွေ အရေးနိမ့်သွားပြီ"

"မဟာထန် အနိုင်ရရှိသွားပြီ"

……

ထိုအသံကြီးနှင့်အတူ သံမဏိ မြို့တော်ကြီးအတွင်းရှိ ဝမ်းသာအားရ အော်ဟစ်သံများမှာ ကျယ်လောင်လွန်းလှသည်။ မူလက အဆက်မပြတ် ရှုံးနိမ့်နေခဲ့သော မဟာထန်၏ စစ်တပ်များမှာ ဤအခိုက်အတန့်၌ နတ်ဘုရားများ ဝင်ရောက် ပူးကပ်သွားသည့်အလား အလွန်အမင်း အစွမ်းထက်လာခဲ့ကြပြီး၊ သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့ကြသည်။ ထို့နောက် စိတ်ဓာတ်များမှာ အလွန်အမင်း တက်ကြွလာခဲ့ပြီး သံမဏိ မြို့တော်ကြီးအတွင်းမှနေ၍ အပြင်သို့ အပြင်းအထန် တိုက်ခိုက်ထွက်လာတော့သည်။

မြို့တော် ကြီး၏ အပြင်ဘက်တွင် ယွီစန်း၏စစ်တပ်ကြီးမှာ အလွန်အမင်း ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး၊ မြို့တော်ကြီးအတွင်းမှ မဟာထန်၏စစ်တပ်များ၏ တိုက်ခိုက်မှု အောက်တွင် ချက်ချင်းပင် အရေးနိမ့်သွားခဲ့ပြီး အကြီးအကျယ် စုတ်ပြတ်သတ်ကာ ဆုတ်ခွာသွားတော့သည်။

******

All Chapters