← Chapters

အခန်း ၉၁၁

Vol. 87 Ch. 911

အခန်း ၉၁၁

Vol. 87 Ch. 911

အခန်း (၉၁၁) - ကျောက်စိမ်းယုန်မျိုးနွယ်စု၏ အလှဆုံးမိန်းမပျို၊ အင်မော်တယ်ရတနာ ထိုက်ယင်ရွှမ်ကွမ်းကြာပွတ်၊ လူရောပစ္စည်းပါ ရရှိခြင်း (၁)

"ဒါပေမဲ့ ဒီမိန်းမက မြေကျုံ့ပညာရပ်ကို ကျွမ်းကျင်တယ်... တကယ်လို့ သူကသာ ထွက်ပြေးဖို့ပဲ အာရုံစိုက်နေမယ်ဆိုရင်… ငါတို့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး..."

"ကိစ္စမရှိဘူး... ငါ မျိုးနွယ်စုထဲက မဟာယာနအဆင့် ဘိုးဘေးကို အကြောင်းကြားထားပြီးပြီ... သိပ်မကြာခင် ရောက်လာလိမ့်မယ်..."

"အဲတာကြောင့် ငါတို့က ဒီမိန်းမကို အချိန်ဆွဲထားနိုင်ဖို့ပဲ လိုတယ်။ မျိုးနွယ်စုထဲက မဟာယာနအဆင့်ဘိုးဘေး ရောက်လာတာနဲ့ သူ့ရဲ့မှော်အတတ်တွေ ဘယ်လောက်ပဲ စွမ်းစွမ်း ဒီနေ့တော့ သေချာပေါက် သေရမှာပဲ..."

"ဒါ… မျိုးနွယ်စုထဲက မဟာယာနအဆင့် ဘိုးဘေးကို အကြောင်းကြားရတဲ့အထိဆိုတော့… နိုင်တာတောင် သိပ်ဂုဏ်ယူစရာ မကောင်းဘူး မဟုတ်ဘူးလား..."

"ဟားဟား... ဒါက မျိုးနွယ်စုတွေရဲ့ စစ်ပွဲပဲ... မဟာယာနအဆင့် ကံကြမ္မာ အခွင့်အရေးလေ... စင်မြင့်ပေါ်က သိုင်းပြိုင်ပွဲမှ မဟုတ်တာ... သဘာဝကျကျ ကိုယ့်ဆီမှာရှိတဲ့ နည်းလမ်းမှန်သမျှကို အသုံးပြုရမှာပေါ့... ဘယ်သူက သူ့ကို လာပြီး တရားဓမ္မတွေ ဟောနေမှာလဲ..."

"ဟုတ်တယ်... ဟုတ်တယ်... ကျောက်စိမ်းယုန်မျိုးနွယ်စုမှာ မဟာယာနအဆင့် ဘိုးဘေး မရှိတာကိုက ငါတို့ လူကြီးက လူငယ်ကို အနိုင်ကျင့်တယ်လို့ အပြစ်တင်လို့ မရဘူး..."

ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများစွာသည် အေးစက်စွာ တဟားဟား ရယ်မောလိုက်ကြ၏။

သူတို့သည် ဤယွီရှန်းအာကို မသတ်နိုင်လျှင်ပင် တစ်ဖက်လူကို အချိန်ဆွဲထားရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်လေသည်။

မျိုးနွယ်စုအတွင်းမှ မဟာယာနအဆင့် ဘိုးဘေး ရောက်ရှိလာသည်နှင့် တစ်ဖက်လူမှာ သေချာပေါက် သေဆုံးရမည် ဖြစ်၏။

"အချိန်ဆွဲချင်နေတာလား... နင်တို့မှာ အဲဒီအခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး..."

ယွီရှန်းအာက အေးစက်စွာ ပြုံးလိုက်သည်။

သူမက လက်ကိုဝှေ့ယမ်းလိုက်ရာ သူမ၏ခန္ဓာကိုယ်မှ မီးခိုးရောင် ကြာပွတ်တစ်ချောင်း ချက်ချင်း ထွက်ပေါ်လာ၏။ ၎င်းအပေါ်တွင် သိပ်သည်းလှသော အင်မော်တယ် ရုန်းစာလုံးများ ပေါ်ထွက်နေပြီး ကြီးမားလှသော အင်မော်တယ်ချီများ ပျံ့နှံ့နေသည်။

ပေါ်ထွက်လာသည့် ခဏတာအတွင်းမှာပင် မမြင်နိုင်သော ဥပဒေသလှိုင်းတစ်ခုက အရပ်ရှစ်မျက်နှာသို့ တိုက်ခတ်သွားပုံပေါ်လေသည်။

ထိုအရာက ထျန်းဖန်မျိုးနွယ်စုမှ ကျင့်ကြံသူများစွာကို ထိတ်လန့်တုန်လှုပ်မှုများ ခံစားလိုက်ရစေပြီး အဆုံးမဲ့ ထိတ်လန့်သွားစေခဲ့သည်။

"သောက်ကျိုးနည်း... ဒါက အင်မော်တယ်လက်နက်လား..."

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မင်းဆီမှာ ဘယ်လိုလုပ် အင်မော်တယ်လက်နက် ရှိနေရတာလဲ..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျင်းခမျာ ကြက်သီးမွေးညင်းများပင် ထလာစေခဲ့ပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိလေသည်။

သူ့အနေဖြင့် ယွီရှန်းအာထံတွင် အင်မော်တယ်လက်နက် ရှိနေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထျန်းဖန်မျိုးနွယ်စု၌ပင် အင်မော်တယ်လက်နက် တစ်ခုတည်းသာ ရှိသောကြောင့်ပင်။ ၎င်းမှာ မျိုးနွယ်စု၏ အထိမ်းအမှတ် ရတနာဖြစ်သဖြင့် မျိုးနွယ်စုအတွင်း၌သာ ထားရှိရပြီး မဟာယာနအဆင့် ကျင့်ကြံသူများပင် အပြင်သို့ ယူဆောင်သွားခွင့် မရှိချေ။

ကြီးမားသော အရေးအခင်းတစ်ခုနှင့် မကြုံတွေ့ရပါက အင်မော်တယ်လက်နက်ကို အသုံးပြုရန် လုံးဝ ခွင့်မပြုပေ။

အကယ်၍ ပြင်ပ၌ ပျောက်ဆုံးသွားခဲ့ပါက ထျန်းဖန်မျိုးနွယ်စုအတွက်မူ မတွေးဝံ့စရာ ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။

သို့သော် ယခုမူ ဤယွီရှန်းအာ၏ ကိုယ်ပေါ်တွင် အင်မော်တယ်လက်နက်တစ်ခု ရှိနေရုံမျှမက ကိုယ်နှင့်မကွာ သယ်ဆောင်ထားသည်မှာ အမှန်ပင် မတွေးဆနိုင်စရာ ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး ဆုတ်ခွာလိုသော စိတ်များ ပေါ်ပေါက်လာခဲ့ချေပြီ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက အင်မော်တယ်လက်နက်ကို ပိုင်ဆိုင်ထားပါက ပေါက်ကွဲထွက်လာမည့် တိုက်ခိုက်ရေးစွမ်းအားမှာ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရာ မဟုတ်သောကြောင့် ဖြစ်၏။ တစ်ဖက်လူ၏ စွမ်းအားက ၎င်းတို့အပေါ် လုံးဝ လွှမ်းမိုးချုပ်ကိုင်ထားချေသည်။

"ဟဟ... ငါတို့ ကျောက်စိမ်းယုန်မျိုးနွယ်စုက ကျဆင်းနေပြီဆိုပေမဲ့ ပျက်သုဉ်းသွားတာတော့ မဟုတ်သေးဘူး..."

"ဒါက ငါတို့ ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ အင်မော်တယ်လက်နက် 'ထိုက်ယင်ရွှန်ကွမ်းကြာပွတ်' ပဲ..."

"ပထမဦးဆုံးအနေနဲ့ ငါတို့ ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ အင်မော်တယ်လက်နက် ဘယ်လောက်စွမ်းလဲဆိုတာ မြည်းစမ်းခွင့်ပေးလိုက်မယ်..."

ယွီရှန်းအာက လက်ထဲရှိ ကြာပွတ်ကို ကိုင်ဆုပ်ကာ ခန္ဓာကိုယ်အတွင်းရှိ သိပ်သည်းလှသော ကျင့်ကြံမှုစွမ်းအားများကို လောင်းထည့်လိုက်ပြီး ဤအင်မော်တယ်လက်နက်ကို ချက်ချင်း အသက်သွင်းလိုက်လေ၏။

ဘန်း...

သူမက 'ထိုက်ယင်ရွှန်ကွမ်းကြာပွတ်' ကို ဆုပ်ကိုင်ကာ ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများထံသို့ လွှဲယမ်းလိုက်သည်ကို မြင်တွေ့လိုက်ရသည်။

ထိုခဏ၌ပင် ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်ကောင်းသော ကြာပွတ်ရိပ်တစ်ခု ပေါ်ထွက်လာပြီး ဤလေဟာနယ်ကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံး နှစ်ခြမ်းကွဲသွားသည့်အလား ထင်မှတ်ရပေသည်။

ထို့ပြင် ၎င်း၏အရှိန်နှုန်းမှာလည်း မတွေးဝံ့စရာ ကောင်းလောက်အောင် မြန်ဆန်လှ၏။ ကြာပွတ်ရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ထိုစွမ်းအားက ရှေ့သို့ ရောက်ရှိလာခဲ့ချေပြီ။

စွမ်းအားအတွင်း၌ ဥပဒေသစွမ်းအား အနည်းငယ် ပေါင်းစပ်ပါဝင်နေသည်ကို မသဲမကွဲ ခံစားလိုက်ရသည်။ ဤသည်မှာ အမှန်တကယ်ပင် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသစွမ်းအားကို လှုပ်နှိုးနိုင်သော အင်မော်တယ်လက်နက်၏ စွမ်းအားပင် ဖြစ်လေသည်။

သာမန်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ ပိုမိုမြင့်မားသော အဆင့်အတန်းရှိသည့် စွမ်းအားဖြစ်သဖြင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။

"ပြေးကြ... မြန်မြန်ပြေးကြ..."

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျင်းနှင့် အခြားကျင့်ကြံသူများသည် နောင်တများဖြင့် ရင်ထုမနာ ဖြစ်နေကြရရှာသည်။

ဤအမျိုးသမီးက ဝက်ယောင်ဆောင်ပြီး ကျားကိုစားနေခြင်း ဖြစ်ကြောင်း ၎င်းတို့ မည်သို့ သဘောမပေါက်ဘဲ နေမည်နည်း။ သူမသည် ယခင်က ၎င်းတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရသည့်အလား ဟန်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် လက်တွေ့တွင်မူ လူသူကင်းဝေးသော နေရာတစ်ခုကို ရှာဖွေကာ ၎င်းတို့အားလုံးကို တစ်ပါတည်း သတ်ဖြတ်ရန် ကြံစည်ထားခြင်းသာ ဖြစ်၏။

သူတို့အနေဖြင့် တစ်ဖက်လူကို တုံးအသော မိန်းမတစ်ဦးဟု ထင်မှတ်ခဲ့မိသည်မှာ အမှန်ပင် ရယ်စရာကောင်းလှပေသည်။ ၎င်းတို့ကိုယ်တိုင်သာ တုံးအလှသဖြင့် သတိမထားမိဘဲ ရန်သူ၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းမိသွားခဲ့ကြချေပြီ။

ရွှစ်… ရွှစ်… ရွှစ်…

ထိုခဏခြင်း၌ပင် ၎င်းတို့သည် တည်နေရာရွှေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ ဤနေရာမှ ထွက်ပြေးရန် ကြံစည်လိုက်ကြ၏။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် ၎င်းတို့သည် ယွီရှန်းအာ၏ ပြိုင်ဘက် မဟုတ်တော့သည်မှာ သေချာလှသည်။ ဆက်လက် တည်ရှိနေပါက သေလမ်းတစ်ခုသာ ရှိပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်လက်နက်၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် မဟာယာနအဆင့် ကျင့်ကြံသူမှလွဲ၍ ကျန်သူများမှာ မည်သို့မျှ ခုခံနိုင်စွမ်းမရှိသောကြောင့် ဖြစ်၏။

သို့သော် နှမြောစရာကောင်းလှသည်မှာ ၎င်းတို့ ထွက်ပြေးရန် ကြံစည်လိုက်ချိန်တွင် အလွန် နောက်ကျသွားခဲ့ချေပြီ။

'ထိုက်ယင်ရွှန်ကွမ်းကြာပွတ်' ၏ စွမ်းအားမှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး ၎င်းတို့၏ အငွေ့အသက်များကို အသေပစ်မှတ်ထားသဖြင့် မည်သို့မျှ ပြေးစရာ မြေမရှိတော့ပေ။

ဝုန်း... ဝုန်း... ဝုန်း...

မျက်စိဖြင့်မမြင်နိုင်သော ဥပဒေသစွမ်းအားများ လှိုင်းတံပိုးပမာ တိုက်ခတ်လာပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းစေနိုင်သော အစွမ်းများ ပါဝင်နေသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဖန်ကျင်း အပါအဝင် ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများသည် မည်သို့မျှ မခုခံနိုင်တော့ဘဲ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည့် ဤကြာပွတ်ရိပ်ကြီး ရှေ့သို့ ရောက်ရှိလာသည်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြတော့သည်။

ဘန်း...

ကြာပွတ်တစ်ချက်တည်းဖြင့်ပင် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ရရှာသည်။

၎င်းတို့သည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ရုပ်ခန္ဓာအတားအဆီးများ ရှိနေသော်လည်း အင်မော်တယ်လက်နက်၏ ဥပဒေသစွမ်းအား ရှေ့မှောက်၌မူ ခန္ဓာပေါင်းစည်းခြင်းအဆင့် အတားအဆီးများမှာ စက္ကူကဲ့သို့ပင် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရချေပြီ။

"အား... အား... အား..."

ထိုခဏ၌ ထျန်းဖန်မျိုးနွယ်စု ကျင့်ကြံသူများသည် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ ခုခံရေးရတနာများနှင့် ကာကွယ်ရေး မန္တန်များအားလုံးမှာ ဤကြာပွတ်ချက်အောက်၌ အစအနပင် မကျန်အောင် ပျက်စီးသွားခဲ့ရ၏။

၎င်းတို့၏ တစ်ကိုယ်လုံးသည်လည်း အသားတုံးများအဖြစ် ကွဲအက်ကာ သွေးချင်းချင်းနီလျက် ပင်လယ်ပြင်ထက်သို့ ပြန့်ကျဲသွားခဲ့ကြတော့သည်။ ဤသို့ဖြင့် ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူငါးဦးလုံး ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရလေသည်။

"ဟူး..."

ထိုအခိုက်အတန့်တွင် ယွီရှန်းအာက သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။ သူမသည်လည်း 'ထိုက်ယင်ရွှန်ကွမ်းကြာပွတ်' ထံမှ အားပြင်းသော ဥပဒေသတန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး၌ သွေးစက်များဖြင့် ပြည့်နှက်သွားခဲ့ရ၏။

ဤသည်မှာ သူမ၏ခန္ဓာကိုယ်ကို ဓားချီပေါင်း မြောက်မြားစွာဖြင့် ထိုးနှက်လိုက်သည့်အလား ခံစားရစေသည်။

သူမသည် ပါးစပ်မှ သွေးတစ်လုပ်ကို အောင့်မထားနိုင်ဘဲ အန်ထုတ်လိုက်ရပြီး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်မှာ ထင်ရှားလှသည်။

ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် အင်မော်တယ်လက်နက်ကို အသုံးပြုခြင်းသည် ကောင်းကင်ဘုံကို ဆန့်ကျင်သော လုပ်ရပ်ဖြစ်သဖြင့် ပေးဆပ်မှု မရှိဘဲ မဖြစ်နိုင်ပေ။

မှန်ပေသည်၊ အကယ်၍ သူမ၏ခန္ဓာကိုယ်ထဲ၌ 'ထိုက်ယင်ကျောက်စိမ်းယုန်' ၏ သွေးမျိုးဆက်ဆက်နွယ်မှု မရှိပါက ဤအင်မော်တယ်လက်နက်ကို မည်သို့မျှ အသက်သွင်းနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤအင်မော်တယ်လက်နက်သည် ယခင်က အစစ်အမှန်ဝိညာဉ် 'ထိုက်ယင်ကျောက်စိမ်းယုန်' ချန်ထားခဲ့သော အရာဖြစ်သောကြောင့်ပင်။

သူမသည် သွေးမျိုးဆက်ဆက်နွယ်မှုကို ပြန်လည်ရရှိထားပြီး 'ထိုက်ယင်ကျောက်စိမ်းယုန်' ၏ သွေးကို ပိုင်ဆိုင်ထားသဖြင့်သာ ဤ 'ထိုက်ယင်ရွှန်ကွမ်းကြာပွတ်' ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်း ဖြစ်လေသည်။

လွန်ခဲ့သော နှစ်ပေါင်းသန်းပေါင်းများစွာအတွင်း ကျောက်စိမ်းယုန်မျိုးနွယ်စုသည် ဤအင်မော်တယ်လက်နက်ကို ထိန်းသိမ်းထားခဲ့သော်လည်း မည်သည့်မျိုးနွယ်စုဝင်မျှ အသက်သွင်းနိုင်ခြင်း မရှိခဲ့သဖြင့် ၎င်းကို အင်အားတစ်ရပ်အဖြစ် အသုံးမပြုနိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းကို ကျောက်စိမ်းယုန်မျိုးနွယ်စု၏ ရတနာတိုက်အတွင်း၌သာ အစဉ်အမြဲ ထားရှိခဲ့ရလေသည်။

All Chapters