အခန်း ၉၁၂
Vol. 87 Ch. 912
အခန်း (၉၁၂) - ကျောက်စိမ်းယုန်မျိုးနွယ်စု၏ အလှဆုံးမိန်းမပျို၊ အင်မော်တယ်ရတနာ ထိုက်ယင်ရွှမ်ကွမ်းကြာပွတ်၊ လူရောပစ္စည်းပါ ရရှိခြင်း (၂)
သူမ ပေါ်ထွက်လာပြီးနောက်မှသာ ဤအင်မော်တယ်လက်နက်ကို နိုးထစေခဲ့ပြီး အသုံးပြုပိုင်ခွင့်ကို ရရှိခဲ့ခြင်း ဖြစ်၏။
သို့သော် ဤသို့ အသုံးပြုသည့် အကြိမ်တိုင်းတွင် သူမသည် ပြင်းထန်သော ဒဏ်ရာများကို ရရှိလေ့ရှိသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာမျိုး မဟုတ်သဖြင့် အချိန်အနည်းငယ် ပေးလိုက်ပါက ပြန်လည်သက်သာလာနိုင်ပေသည်။
သူမအနေဖြင့် ဤအင်မော်တယ်လက်နက်ကို ထုတ်သုံးရခြင်းမှာလည်း ထျန်းဖန်မျိုးနွယ်စုမှ ရန်သူများကို အမြန်ဆုံး ရှင်းလင်းပစ်ရန်အတွက် ဖြစ်၏။
အကယ်၍ အချိန်ဆွဲနေပါက ထျန်းဖန်မျိုးနွယ်စုမှ မဟာယာနအဆင့် ဘိုးဘေး ရောက်ရှိလာမည် ဖြစ်ပြီး ထိုအချိန်တွင် သူမ သေချာပေါက် သေဆုံးရပေလိမ့်မည်။ ထို့ကြောင့် သူမသည် အချိန်တိုအတွင်း ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကို သုတ်သင်ရန် လိုအပ်ခဲ့ခြင်း ဖြစ်ပေသည်။
"အင်မော်တယ်လက်နက်ဆိုတဲ့အတိုင်း တကယ့်ကို စွမ်းအားကြီးမားလွန်းတယ်..."
ယွီရှန်းအာတစ်ယောက် အလွန် ကျေနပ်သွားခဲ့၏။ သူမသည်လည်း 'ထိုက်ယင်ရွှန်ကွမ်းကြာပွတ်' ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပြီး ရရှိလာသော ရလဒ်မှာ သူမ ထင်မှတ်ထားသည်ထက် ပိုမိုကောင်းမွန်လှပေသည်။
အမှန်တကယ်ပင် ကောလာဟလများထဲမှ မျိုးနွယ်စု၏ အမွေအနှစ်ရတနာဖြစ်သည်နှင့်အညီ အခြားသော ရတနာများထက် များစွာ သာလွန်လှပေသည်။
သို့သော် ထိုအချိန်၌ပင် သူမ၏ ယုန်နားရွက်လေးများသည် အနည်းငယ် လှုပ်ရှားသွားပြီး တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရ၏။
"ဘယ်သူ အနီးအနားမှာ ပုန်းနေတာလဲ... ချက်ချင်း ထွက်လာခဲ့..."
ယွီရှန်းအာမှာ မျက်နှာပျက်သွားရတော့သည်။ သူမသည် ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ တတိယလူတစ်ဦး၏ အငွေ့အသက် ရှိနေသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။ ယခင်ကမူ လုံးဝ သတိမထားမိခဲ့ပေ။
အကယ်၍ သူမသာ အင်မော်တယ်လက်နက်၏ စွမ်းအားကို အသက်သွင်းကာ မိုင်ပေါင်းသိန်းချီသော အရပ်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများကို မသက်ရောက်စေခဲ့ပါက ဤနေရာ၌ ပုန်းကွယ်နေသော တတိယလူ၏ အငွေ့အသက်ကို တွေ့ရှိနိုင်မည် မဟုတ်ချေ။
ယခုအချိန်တွင် သူမသည် အင်မော်တယ်လက်နက်ကို အသုံးပြုထားသဖြင့် ခန္ဓာကိုယ်၌ ပြင်းထန်သော ဒဏ်ရာများကို ရရှိထားရရှာသည်။ ၎င်းကို ဒုတိယအကြိမ် ထပ်မံအသုံးပြုရန် မဖြစ်နိုင်တော့ပေ။ အကယ်၍ ရန်သူသာ သူမအပေါ် မကောင်းကြံစည်လိုပါက သူမအတွက် အန္တရာယ် အလွန်ကြီးမားလှပေသည်။
"စီနီယာ အထင်မလွဲပါနဲ့... ကျုပ်က ခင်ဗျားအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး..."
ထိုအခိုက်အတန့်၌ လူရိပ်တစ်ခုသည် ယွီရှန်းအာ၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ရာ ၎င်းမှာ ကျိုးစွေ့ကိုယ်ပွားပင် ဖြစ်လေသည်။
သူသည် 'ပစ္စည်းရှာဖွေကူ' ၏ စွမ်းအားဖြင့် ရှစ်ခုမြောက်အဆင့် ဝိညာဉ်ဆေးပင်မျိုးစေ့ 'မသေမျိုးမြက်' ၏ သဲလွန်စကို ရှာဖွေရင်း ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
သူ ရောက်ရောက်ချင်းမှာပင် ဤလှပလွန်းသော အမျိုးသမီး ယွီရှန်းအာနှင့် ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူငါးဦးတို့၏ တိုက်ပွဲကြီးကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ယခင်က သူသည် သူရဲကောင်းက မိန်းမလှလေးအား ကယ်တင်ရမည့် အခွင့်အရေးများ ရှိနိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ သူ အမှန်ပင် အတွေးလွန်သွားမိကြောင်း သိလိုက်ရချေပြီ။
ကြယ်ကွဲပင်လယ်ပြင်၌ ခြေချနိုင်သော အမျိုးသမီးကျင့်ကြံသူများသည် မည်သို့မျှ သာမန်လူများ မဟုတ်ကြသည်မှာ အမှန်ပင် ဖြစ်လေသည်။
"အင်း... လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲကိုး..."
ယွီရှန်းအာသည် ကျိုးစွေ့၏ အငွေ့အသက်ကို ခံစားမိလိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး သူမကိုယ်တိုင်မှာမူ ခန္ဓာပေါင်းစည်းခြင်းအဆင့် ဖြစ်သဖြင့် လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် သတ်ဖြတ်နိုင်သောကြောင့် ဖြစ်လေသည်။
သူမသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး အနီးအနား၌ ပုန်းကွယ်နေသည်ဟု ထင်မှတ်ကာ ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်နေမိခြင်း ဖြစ်ပေသည်။
'နေဦး... မဟုတ်သေးဘူး... တစ်ခုခုတော့ လုံးဝ မဟုတ်တရုတ် ဖြစ်နေပြီ...'
သူမ စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
အကယ်၍ တစ်ဖက်လူက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမျှသာ ဆိုလျှင် မည်သည့်အတွက်ကြောင့် သူမ၏ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ထားနိုင်မည်နည်း။
မဟုတ်သေးပေ။ သူမ တစ်ဦးတည်းကိုသာ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း မဟုတ်ဘဲ ထျန်းဖန်မျိုးနွယ်စုမှ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ငါးဦးလုံးကိုပါ ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်၏။
အကယ်၍ အင်မော်တယ်လက်နက်၏ စွမ်းအားက ပတ်ဝန်းကျင် လေဟာနယ်ကို သက်ရောက်မှု မရှိခဲ့ပါက သူမကိုယ်တိုင်လည်း ရိပ်မိနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ရှေ့တွင်ရှိနေသော ဤလေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသည် ထင်ထားသလောက် ရိုးရှင်းသောသူတစ်ဦး လုံးဝ မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
ဤသို့ တွေးတောမိပြီးနောက် သူမက ကျိုးစွေ့ကို စူးစိုက်ကြည့်လိုက်ပြီး ဤသူ၏ အစစ်အမှန် ဇာတ်မြစ်နှင့် နောက်ကြောင်းကို သိရှိရန် ကြိုးစားလိုက်၏။
"ဒီလိုကိုး... မင်းက လူသားမျိုးနွယ် ကျင့်ကြံသူတစ်ယောက်ပဲ..."
"ဒါပေမဲ့ လူသားမျိုးနွယ်တွေက နဂါးပြာတိုက်ကြီးမှာပဲ အမြဲ လှုပ်ရှားကြတာ မဟုတ်ဘူးလား... ဘာလို့ ကြယ်ကွဲပင်လယ်ထဲ ရောက်နေတာလဲ..."
ယွီရှန်းအာ၏ မျက်ဝန်းများက ဝေဝါးစွာ လှုပ်ရှားသွားပြီး ကျိုးစွေ့ကို စိုက်ကြည့်လိုက်၏။
သူမ၏ ခန္ဓာကိုယ်အခြေအနေမှာ အလွန် ဆိုးရွားနေသော်လည်း ဟန်မပျက် ဟိတ်ဟန်ထုတ်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ရန်သူအား သူမ၏ အခြေအနေအမှန်ကို လုံးဝ ရိပ်မိသွားစေ၍ မဖြစ်သောကြောင့်ပင် ဖြစ်လေသည်။
သို့သော် ကျိုးစွေ့ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ စိတ်အာရုံထဲ၌ လှိုင်းဂယက်လေးတစ်ခု မလွှဲမရှောင်သာ ထွက်ပေါ်လာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဤယောက်ျားလေးမှာ အလွန်တရာ နှိုင်းယှဉ်ဖွယ်မရှိအောင် ချောမောခန့်ညားလွန်းသောကြောင့်ပင် ဖြစ်၏။
သာမန်အချိန်များတွင် သူမအနေဖြင့် အမျိုးသားများစွာကို မြင်တွေ့ဖူးသော်လည်း ဤမျှ တင့်တယ်ကာ တုနှိုင်းမဲ့ ချောမောလှပသော အမျိုးသားမျိုးကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
သူမ၏ တာအိုနှလုံးသားက မည်မျှပင် ခိုင်မာသည်ဖြစ်စေ၊ စိတ်လှုပ်ရှား အံ့ဩသွားသည့် အရိပ်အယောင်ကိုမူ မဖုံးကွယ်နိုင်ခဲ့ချေ။
ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ဤအမျိုးသားအပေါ် စိတ်ထဲတွင် ရင်းနှီးနှစ်သက်မှုတစ်မျိုး စတင်ဖြစ်ပေါ်လာရ၏။
'အနည်းဆုံးတော့ ဒီလောက် ချောမောတဲ့သူက လူဆိုးတစ်ယောက် မဖြစ်နိုင်ပါဘူး...'
'လူဆိုးတွေဆိုတာ ရုပ်ဆိုးဆိုး... ပုံပျက်ပန်းပျက်နဲ့ ကောက်ကျစ်တဲ့သူတွေ ဖြစ်ရမှာ...'
'ရှေ့ကလူကတော့ မကောင်းတဲ့ စိတ်ကူးမျိုး ရှိမှာ မဟုတ်ဘူး...'
အမှန်စင်စစ် ဤသည်မှာ 'ချစ်ခြင်းမေတ္တာကူ' ၏ အစွမ်းကြောင့်ပင် ဖြစ်လေသည်။
ကိုယ်ပွားတစ်ခုအနေဖြင့် မူလခန္ဓာကိုယ်၏ ဆွဲဆောင်မှုနှင့် စွမ်းအား တစ်ဝက်ခန့်သာ ရှိသော်လည်း လောကတွင် နှိုင်းယှဉ်ရခက်သော ဆွဲဆောင်မှုအပြည့်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်နေဆဲပင်။
ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးမှာ မျိုးနွယ်စု ကွာခြားချက်များကို ကျော်လွန်ရုံသာမက ကျား၊ မ သို့မဟုတ် အသက်အရွယ် ကွာခြားမှုများကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။
သူ့ကို တွေ့လိုက်ရသည်နှင့် ချက်ချင်း ချစ်မိသွားခြင်း မရှိလျှင်ပင် အတိုင်းအတာတစ်ခုအထိ နှစ်သက်သဘောကျစိတ် ပေါ်ပေါက်လာမည်သာ ဖြစ်၏။
အနည်းဆုံးအနေဖြင့် ရွံရှာမုန်းတီးစိတ် လုံးဝ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ဤအရာသည် လူမှုဆက်ဆံရေးတွင် အလွန်တရာ အကျိုးကျေးဇူး များပြားလှပေသည်။
"မင်းက ငါ့ကို လူသားမျိုးနွယ်လို့ သိတာလား..."
ကျိုးစွေ့သည်လည်း အနည်းငယ် အံ့ဩသွားမိ၏။
အဘယ်ကြောင့်ဆိုသော် သူသည် ယခင်က ခွန်ဖန်ပင်လယ်ပြင်ရှိ ကျွန်းအချို့သို့ ရောက်ရှိခဲ့ပြီး ကွဲပြားသော မျိုးနွယ်ခြား အများအပြားနှင့် တွေ့ဆုံခဲ့ဖူးသောကြောင့် ဖြစ်၏။
သို့သော် သူ၏ လူသားမျိုးနွယ် ဇာတ်မြစ်ကို ရိပ်မိနိုင်သူမှာ အလွန် နည်းပါးလှပေသည်။
လူသားမျိုးနွယ်စုမှာ အခြားသော မျိုးနွယ်ခြားများအတွက်မူ နာမည်မရှိသော အားနည်းသည့် မျိုးနွယ်စုတစ်ခုမျှသာ ဖြစ်ပေသည်။
"သေချာပေါက် သိတာပေါ့... လူသားမျိုးနွယ်က အင်မော်တယ်လောကမှာတော့ အင်အားအကြီးဆုံး မျိုးနွယ်စုကြီးတစ်ခုပဲ..."
"စိတ်ဝိညာဉ်လောကမှာ လူသားမျိုးနွယ်က နာမည်မကြီးသလို၊ အားနည်းပေမဲ့ လောကအနှံ့အပြားမှာတော့ ပြန့်နှံ့နေကြတယ်..."
"အခြားကမ္ဘာတွေမှာရှိတဲ့ လူသားမျိုးနွယ်ရဲ့ အင်အားက လုံးဝ အားမနည်းဘူး..."
"ငါတို့ ကျောက်စိမ်းယုန်မျိုးနွယ်စုလိုမျိုး ရှေးဟောင်းမျိုးနွယ်စုတွေဆိုရင် လူသားမျိုးနွယ်အကြောင်းကို အတိုင်းအတာတစ်ခုအထိ သိရှိထားကြတယ်..."
"ဒါကြောင့် လူသားမျိုးနွယ်ကို ခွဲခြားသိတာ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး..."
ယွီရှန်းအာက တည်ငြိမ်စွာ ပြောလိုက်၏။
ဤအခိုက်အတန့်တွင် သူမသည် ကျိုးစွေ့၏ အံ့ဩသွားသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲ၌ ဂုဏ်ယူဝမ်းမြောက်မှု အနည်းငယ် ဖြစ်ပေါ်လာရ၏။
ဤကဲ့သို့သော တုနှိုင်းမဲ့လှပသည့် အမျိုးသားတစ်ဦးကို အံ့အားသင့်သွားစေခြင်းမှာ သူမတွင် စွမ်းဆောင်ရည်ရှိကြောင်း ပြသရာ ရောက်သည် မဟုတ်ပါလော။
ဤသည်မှာ ကျောက်စိမ်းယုန်မျိုးနွယ်စု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး သာမန်မျိုးနွယ်စုများ ယှဉ်ပြိုင်နိုင်စွမ်း ရှိသောအရာ မဟုတ်ပေ။
အမှန်တကယ်တမ်း သူမကိုယ်တိုင်လည်း ကြယ်ကွဲပင်လယ်ထဲ၌ လူသားမျိုးနွယ်ကို တွေ့ဆုံရသဖြင့် အနည်းငယ် အံ့ဩမိရသည်။
အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်မှာ စိတ်ဝိညာဉ်လောက၌ အားနည်းသော မျိုးနွယ်စုတစ်ခု ဖြစ်ပြီး ကျောက်စိမ်းယုန်မျိုးနွယ်စုထက်ပင် ပိုမို အားနည်းနိုင်သောကြောင့်ပင်။
လူသားမျိုးနွယ်တွင် မဟာယာနအဆင့် ကျင့်ကြံသူ ရှိနိုင်သော်လည်း ကျောက်စိမ်းယုန်မျိုးနွယ်စု၌လည်း ကိုယ်ပိုင်ဝှက်ဖဲများ ရှိကြရာ တကယ်တမ်း တိုက်ခိုက်ကြပါက မည်သူနိုင်မည်ကို ခန့်မှန်းရ ခက်ခဲလှပေသည်။
အမှန်တကယ်တွင် လူသားမျိုးနွယ်စုသည် စိတ်ဝိညာဉ်လောက၌ အားနည်းနေခြင်းမှာ ပုံမှန်ပင် ဖြစ်၏။ မည်မျှပင် ကြီးမြတ်သော မျိုးနွယ်စုဖြစ်စေ ကမ္ဘာတိုင်းတွင် အင်အားကြီးမားနေနိုင်ခြင်း မရှိဘဲ အချို့သော ကမ္ဘာများတွင်မူ အားနည်းသော အနေအထား၌ ရှိနေတတ်သည်။
ဥပမာအားဖြင့် ထျန်းဖန်မျိုးနွယ်စုသည် စိတ်ဝိညာဉ်လောကမှလွဲ၍ အခြားကမ္ဘာများတွင် ၎င်းတို့၏ ခြေရာလက်ရာများကို တွေ့ရခဲလှပေသည်။
သို့သော် ဤအချက်က ထျန်းဖန်မျိုးနွယ်စုမှာ အားနည်းသည်ဟု မဆိုလိုပေ။
လူသားမျိုးနွယ်စုမှာလည်း ထို့အတူပင် စိတ်ဝိညာဉ်လောက၌သာ အားနည်းနေခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ အစစ်အမှန်ဝိညာဉ်များ စိုးမိုးထားသော အစစ်အမှန်ဝိညာဉ်ကမ္ဘာ ဖြစ်သဖြင့် အခြားမျိုးနွယ်စုများ အားနည်းနေခြင်းမှာ သဘာဝကျလှပေသည်။
"အို..."
ကျိုးစွေ့က မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။ ဤကျောက်စိမ်းယုန်မျိုးနွယ်စုမှာ ရိုးရှင်းမနေသည်မှာ ထင်ရှားလှပြီး အင်မော်တယ်ကမ္ဘာနှင့်ပတ်သက်၍လည်း အတိုင်းအတာတစ်ခုအထိ သိထားပုံရလေသည်။