အခန်း ၉၁၄
Vol. 87 Ch. 914
အခန်း (၉၁၄) - ကျောက်စိမ်းယုန်မျိုးနွယ်စု၏ အလှဆုံးမိန်းမပျို၊ အင်မော်တယ်ရတနာ ထိုက်ယင်ရွှမ်ကွမ်းကြာပွတ်၊ လူရောပစ္စည်းပါ ရရှိခြင်း (၄)
ထိုက်ရွှမ် အံ့ဖွယ်တစ်သောင်းဆေးလုံးကို အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများကသာ အခြေခံအားဖြင့် လက်ဝါးကြီးအုပ်ထားကြောင်း သိထားရပေမည်။
အားနည်းသော မျိုးနွယ်စုများက မည်သည့်နေရာမှ ရရှိရန် အခွင့်အရေး ရှိနိုင်မည်နည်း။
ကျောက်စိမ်းယုန်မျိုးနွယ်စုသည်လည်း ထိုနည်းတူပင် ဖြစ်လေသည်။
လျှို့ဝှက်နယ်မြေကမ္ဘာတစ်ခုကို ပိုင်ဆိုင်ထားလျှင်ပင် အရင်းအမြစ်တိုင်း ရှိနေသည်တော့ မဟုတ်ချေ။
အံ့ဖွယ်တစ်သောင်းပန်းကဲ့သို့သော ရှားပါးလှသည့် နတ်ဆေးပင်မျိုးကို ပိုင်ဆိုင်ထားရန်မှာလည်း မဖြစ်နိုင်ပေ။
ဤအမျိုးသား၏ ချမ်းသာကြွယ်ဝမှု အတိုင်းအတာက စိတ်ကူးယဉ်ရန်ပင် ခက်ခဲနေကြောင်း သိသာလှ၏။
'ဒီလိုဆိုရင်တော့... ဒီယောကျ်ားကို လုယက်ဖို့ လှုပ်ရှားသင့်လား...'
'အဲဒီအချိန်ကျရင် လူရော ပစ္စည်းပါ နှစ်ခုစလုံးကို ရလိုက်မှာပဲ...'
'ဒီယောကျ်ားကိုလည်း ငါ လိုချင်တယ်... ဒီယောကျ်ားကိုယ်ပေါ်က နတ်ဆေးပင်ကိုလည်း ငါ လိုချင်တယ်...'
'ငါက ကျောက်စိမ်းယုန်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ... ယောကျ်ားတစ်ယောက်ကို အချစ်တော်အနေနဲ့ လုယူလာရင်တောင် ဘယ်သူကမှ တစ်ခုခုပြောရဲမှာ မဟုတ်ဘူး...'
'ဒါ့အပြင် ဒီလိုလုပ်တာက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ...'
'ပိုပြီး အရေးကြီးတာက ယောကျ်ားတွေက မိန်းမတွေကို လုယူပြီး မိန်းမလုပ်လို့ရရင် ဘာလို့ မိန်းမတွေက ယောကျ်ားတွေကို လုယူပြီး လင်ယောကျ်ားလုပ်လို့ မရရမှာလဲ...'
'ဒီကမ္ဘာကြီးက အင်အားကြီးသူကို လေးစားတဲ့လောကပဲ... အင်အားကြီးသူကသာ ပြောရေးဆိုခွင့် ရှိတာလေ...'
'အပြစ်တင်ချင်ရင် ဒီယောကျ်ားက အရမ်းကို ချောမောခန့်ညားလွန်းနေတာကိုပဲ အပြစ်တင်ရမယ်... ဒါက တကယ့်ကို ကပ်ဘေးတစ်ခုပဲ...'
"ဒါက..."
ထိုအချိန်၌ ကျိုးစွေ့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ဆွံ့အသွားသော မျက်နှာထားဖြင့် မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူ့တွင် နှလုံးသားမျက်လုံးရှိထားရာ တစ်ဖက်လူ၏ စိတ်နှလုံးထဲမှ အသံများကို နားထောင်နိုင်သောကြောင့်ပင်။
တစ်ဖက်လူ၏ ကျင့်ကြံမှုက မိမိထက် ပိုမိုအားကောင်းနေသဖြင့် ရှင်းလင်းပြတ်သားစွာ မကြားနိုင်လျှင်ပင် အကြမ်းဖျင်းအဓိပ္ပာယ်ကိုမူ နားလည်နိုင်ဆဲ ဖြစ်သည်။
သူကိုယ်တိုင်က ဤအမျိုးသမီး၏ ပစ်မှတ်ထားခြင်းခံရပြီး သူ့ကိုဖမ်းဆီးကာ အတင်းအဓမ္မ ခင်ပွန်းသည်အဖြစ် သိမ်းပိုက်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
အလှတရားသည် ကပ်ဘေးတစ်ခုဟူသော စကားလုံးကို အမျိုးသားတစ်ဦးအပေါ်တွင် အသုံးပြုခြင်းကလည်း အလွန်ပုံမှန်ကိစ္စရပ်တစ်ခုသာ ဖြစ်သည်ဟု ဆိုရပေမည်။
အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးက သင်အား ယောက်ျားလား မိန်းမလား ဆိုသည်ကို မကြည့်ဘဲ ကျင့်ကြံမှုကိုသာ ကြည့်သောကြောင့်ပင်။
ကျင့်ကြံမှု နိမ့်ကျသူများတွင် လူ့အခွင့်အရေးဟူသည် မရှိချေ။
မူလက သူသည် မလှုပ်ရှားချင်ခဲ့သော်လည်း ယခုမူ မိမိဘာသာ ဆုံးဖြတ်ခွင့် ရတော့မည်မထင်ပေ။
အကယ်၍ ဆက်လက်၍ လက်တွန့်နေပါက အမှန်တကယ်ပင် ဤအမျိုးသမီး၏ ဖမ်းဆီးခြင်းကိုခံရကာ အတင်းအဓမ္မ ခင်ပွန်းသည်အဖြစ် သိမ်းပိုက်ခံရနိုင်ခြေ ရှိလေသည်။
ရွှစ်...
ဤအရာကို တွေးမိပြီးနောက် သူသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ကိုယ်ပေါ်ရှိ ‘ချစ်ခြင်းမေတ္တာကူ’ ၏ အခွဲကူကို ချက်ချင်း အသုံးပြုလိုက်လေသည်။
သဏ္ဌာန်မဲ့သော အငွေ့အသက်တစ်ခုက ယွီရှန်းအာ၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ဝင်ရောက်သွား၏။
သတ္တမအဆင့် ‘ချစ်ခြင်းမေတ္တာကူ’ အဖြစ် အဆင့်တက်သွားပြီးနောက် ၎င်း၏ အခွဲကူများသည် လေဟာနယ်စွမ်းအားနှင့် ပေါင်းစည်းသွားခဲ့ကာ လေဟာနယ်ကူပိုးကောင်များကဲ့သို့ပင် လေဟာနယ်ထဲသို့ အသံမရှိ၊ အရိပ်အယောင်မရှိ ပေါင်းစည်းဝင်ရောက်သွားနိုင်လေသည်။
ဝုန်း...
အခွဲကူက ယွီရှန်းအာ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ ယွီရှန်းအာ၏ စိတ်နှလုံးထဲတွင် လှုပ်ခတ်သွားရသည်။ သူမ ကျိုးစွေ့ကို ထပ်မံကြည့်လိုက်သောအခါ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမသည် ဤအမျိုးသားအပေါ် ကောင်းသောခံစားချက်များ ရုတ်တရက် အဆက်မပြတ် တက်လာနေသကဲ့သို့ ခံစားလိုက်ရလေသည်။
အကယ်၍ သူမသာ ဤအမျိုးသား၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်ပါက အလွန်ပင် ကြီးလေးသော အပြစ်တစ်ခုကို ကျူးလွန်လိုက်သကဲ့သို့ပင်။
ထို့အပြင် တစ်ဖက်လူ ပြောသည့်အတိုင်းပင် ဤသည်မှာ မျိုးစေ့တစ်စေ့မျှသာ ဖြစ်ပြီး သူမအတွက် အသုံးဝင်မှု သိပ်မရှိလှချေ။
အကယ်၍ အသုံးမဝင်သော မျိုးစေ့တစ်စေ့ကို သတ္တမအဆင့် နတ်ဆေးပင်တစ်ပွင့်နှင့် လဲလှယ်လိုက်မည်ဆိုပါက အမှန်တကယ်ပင် ကြီးမားသော အမြတ်အစွန်းကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့် မလုပ်ဘဲ နေရမည်နည်း။
အမှန်တကယ်တမ်းတွင် အဆင့်မြင့်နယ်ပယ်သို့ ရောက်ရှိလာလေလေ၊ ‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားက အလွန်အမင်း နိုင်ထက်စီးနင်း မဆန်တော့ဘဲ တစ်ဖက်လူကို မိမိအပေါ် ချက်ချင်း ရူးရူးမူးမူး ချစ်မိသွားစေရန် မစွမ်းဆောင်နိုင်တော့ချေ။ ဤသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သောကိစ္စရပ်ပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားမှာ လွန်စွာ အင်အားကြီးမားသောကြောင့် တစ်ဖက်လူကို ချက်ချင်း ချုပ်ချယ်ထားရန်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
သို့သော် ၎င်းတွင် ထူးခြားသော စွမ်းရည်တစ်ခု ရှိနေပြီး ၎င်းမှာ ဆန့်ကျင်ဘက်လိင်၏ သဘောကျ နှစ်သက်မှုကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်၏။
ထို့အပြင် သဘောကျ နှစ်သက်မှုကိုလည်း လျင်မြန်စွာ မြှင့်တင်ပေးနိုင်လေသည်။
မိမိကိုယ်တိုင် မည်သည့်အရာကို လုပ်နေသည်ဖြစ်စေ တစ်ဖက်လူက မိမိအား အလွန်ကောင်းမွန်သည်ဟု ထင်မြင်နေစေမည် ဖြစ်သည်။
ဤသည်မှာ ချစ်သူ၏ မျက်လုံးထဲတွင် အလှပဆုံးသူ ဖြစ်နေခြင်းဟူသော သဘောပင်။
"ကောင်းပြီလေ... ရှင်ပြောတဲ့ အရောင်းအဝယ်က တကယ်ကို ကျွန်မအတွက် အရမ်း အကျိုးရှိပါတယ်..."
"ကျွန်မ ရှင်နဲ့ အရောင်းအဝယ် လုပ်ဖို့ သဘောတူတယ်..."
မူလက ကျိုးစွေ့ကို ဖမ်းဆီးကာ ဤအမျိုးသားအား ယူဆောင်သွားပြီး ခင်ပွန်းသည်အဖြစ် သိမ်းပိုက်ရန် တွေးထားခဲ့သော ယွီရှန်းအာသည် ချက်ချင်းဆိုသလို စိတ်ပြောင်းသွားခဲ့ပြီး သူမကိုယ်သူမ အလွန်ဆိုးသွမ်းသော အမျိုးသမီးတစ်ဦးဟု ထင်မြင်ကာ စိတ်နှလုံးထဲတွင် အလွန် ရှက်ရွံ့သွားခဲ့တော့သည်။
ရုတ်တရက်ကြီး ဤအမျိုးသားကို ဖမ်းဆီးသွားပြီး အချစ်တော်အဖြစ် ထားရှိရန် တွေးတောနေခဲ့ခြင်းမှာ အမှန်တကယ်ပင် မသင့်တော်လှချေ။
တစ်ဖက်လူက သူမနှင့် အရောင်းအဝယ် ပြုလုပ်ချင်ရုံသာ ဖြစ်ပါလျက် သူမကမူ ဤအမျိုးသားနှင့် အိပ်ချင်နေခဲ့သည် မဟုတ်ပါလော။
အစောပိုင်းက သူမ အမှန်တကယ်ပင် ရမ္မက်စိတ် လွှမ်းမိုးခံခဲ့ရသည်ဟု ဆိုရပေမည်။
သူမ အထီးကျန်နေခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် ဤမျှ စိတ်လိုက်မာပါ ဖြစ်သွားခဲ့ခြင်းပေလော။
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် စီနီယာ..."
ထိုစကားကို ကြားသောအခါ ကျိုးစွေ့မှာ ချက်ချင်း သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတွင် ဤအမျိုးသမီးအား ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် ဤကာလများအတွင်း သူသည် ‘ချစ်ခြင်းမေတ္တာကူ’ကို အသုံးပြုလေ့ သိပ်မရှိတော့ချေ။
အဘယ်ကြောင့်ဆိုသော် ဂရုစိုက်ရမည့် အမျိုးသမီးများ အလွန်များပြားလွန်းနေသဖြင့် တစ်ခါတစ်ရံတွင် ၎င်းမှာ ဒုက္ခများသည့် ကိစ္စရပ်တစ်ခု ဖြစ်လာသောကြောင့်ပင်။ ရယူပြီးနောက်တွင်လည်း လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ။
သို့သော် ယခုအချိန်တွင်မူ လေးကြိုးပေါ်ရောက်နေသော မြှားကဲ့သို့ ဖြစ်နေသဖြင့် မလွှတ်ဘဲ နေ၍မရတော့။
အကယ်၍ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ရပါက နောက်ထပ် မသေမျိုးမြက်ပင်မျိုးစေ့ကို မည်သည့်အချိန်ကျမှ ပြန်လည်ရရှိနိုင်မည်မှန်း မသိနိုင်ပေ။
ထို့အပြင် တစ်ဖက်လူသည် ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ပြီး ကိုယ်ပေါ်တွင်လည်း အင်မော်တယ်ရတနာ ရှိနေသဖြင့် အတင်းအဓမ္မ ပြုလုပ်၍ ရနိုင်မည်မဟုတ်ချေ။
ယခု လက်ရှိအခြေအနေအရ ကူပိုးကောင် အသုံးပြု၍ တစ်ဖက်လူ၏ စိတ်ကူးကို ပြောင်းလဲပစ်ရန်သာ တတ်နိုင်လေသည်။
‘ချစ်ခြင်းမေတ္တာကူ’က ကောင်းကင်နှင့် မြေကြီး၏ ဖန်ဆင်းခြင်းကို လုယူနိုင်သော ကူပိုးကောင်ဖြစ်သည်မှာ အံ့ဩစရာမဟုတ်ဟုသာ ဆိုရပေမည်။ ၎င်းက ယွီရှန်းအာ၏ သူ့အပေါ် သဘောကျနှစ်သက်မှုကို ချက်ချင်း မြှင့်တင်ပေးခဲ့ပြီး အရောင်းအဝယ် ပြုလုပ်မည့် သဘောထားကိုလည်း ပြောင်းလဲသွားစေခဲ့သည်။
တာအိုကို ကျင့်ကြံ၍ အင်မော်တယ် ဖြစ်လာရန်အတွက် သူ ဤသို့သာ လုပ်နိုင်တော့သည်။
"သာမန် အဋ္ဌမအဆင့် နတ်ဆေးပင်မျိုးစေ့လေး တစ်စေ့က တကယ်တော့ သတ္တမအဆင့် နတ်ဆေးပင် တစ်ပွင့်နဲ့ လုံးဝ မတန်ပါဘူး..."
"ဒါက ရှားပါးတဲ့ အံ့ဖွယ်တစ်သောင်းပန်း ဖြစ်နေတာကိုတော့ ပြောစရာတောင် မလိုတော့ဘူး..."
"တကယ်လို့ လေလံပွဲမှာဆိုရင် မိုးလောက်မြင့်မားတဲ့ ဈေးနှုန်းနဲ့ လေလံတင်ခံရနိုင်ပြီးတော့ ဝယ်လို့ရနိုင်မယ်လို့တောင် မသေချာဘူးလေ..."
"ငါ ယွီရှန်းအာက ရှင့်ဆီက အမြတ်ထုတ်မယ့်သူမျိုး မဟုတ်ဘူး..."
"ဒါက ဝမ်မုတာအိုအရှင်ရဲ့ ကျင့်ကြံခြင်းဂူထဲကနေ ငါရလာခဲ့တဲ့ တာအိုစစ်သည်တော် မိခင်ပဲစေ့တစ်စေ့ပါ..."
"သန့်စင်ပြီးတဲ့နောက်မှာ မိခင်ပဲစေ့ကို မြေကြီးပေါ်မှာ စိုက်ပျိုးလိုက်တာနဲ့ တာအိုစစ်သည်တော် အမြောက်အမြားကို မွေးဖွားပေးနိုင်တယ်..."
"ဒီတာအိုစစ်သည်တော်တွေရဲ့ အင်အားက ပိုင်ရှင်ရဲ့ အင်အားနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်..."
"အရင်တုန်းက ဝမ်မုတာအိုအရှင်ဟာ ခွန်ဖန်ပင်လယ်နယ်မြေကို စိုးမိုးနိုင်ခဲ့ပြီး ထျန်းဖန်မျိုးနွယ်စုကိုတောင် ကြောက်ရွံ့သွားစေခဲ့တာက..."
"သူ့ဆီမှာ တာအိုစစ်သည်တော် တပ်မတော်တစ်ခု ရှိနေခဲ့လို့ပဲ..."
"ဒီတာအိုစစ်သည်တော် တပ်မတော်ကို အားကိုးပြီး ဝမ်မုတာအိုအရှင်က အောင်မြင်မှုတွေ အများကြီး ရခဲ့တာ... တစ်ယောက်တည်းနဲ့ တပ်မတော်တစ်ခုကို ဖွဲ့စည်းနိုင်ပြီး ဘယ်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ဘူးလေ..."
"ဒီတာအိုစစ်သည်တော် မိခင်ပဲစေ့က သတ္တမအဆင့် နတ်ဆေးပင်ဖြစ်တဲ့ အံ့ဖွယ်တစ်သောင်းပန်းတစ်ပွင့်နဲ့ တန်တယ်လို့ ကျွန်မ ထင်တယ်..."
ယွီရှန်းအာက သူမကိုယ်ပေါ်မှ မသေမျိုးမြက်ပင်မျိုးစေ့ တစ်စေ့ကို ထုတ်ယူလိုက်ရုံသာမကဘဲ တာအိုစစ်သည်တော် မိခင်ပဲစေ့ တစ်စေ့ကိုပါ ထုတ်ယူလာခဲ့လေသည်။
ရှက်ရွံ့သည့် စိတ်ခံစားချက်ကြောင့် သူမသည် အရောင်းအဝယ်ကို ထပ်တိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သို့သော် သူမက တာအိုစစ်သည်တော် မိခင်ပဲစေ့ကို ထုတ်ယူလိုက်သည့် အခိုက်အတန့်၌ပင် သူမကိုယ်သူမ နောင်တရသွားခဲ့လေသည်။
ပုံမှန်အားဖြင့် သူမသည် ဤမျှ သဘောထားကြီးသော အမျိုးသမီးတစ်ဦး လုံးဝ မဟုတ်ချေ။
တစ်ဖက်လူနှင့် အရောင်းအဝယ် ပြုလုပ်ရန်အတွက် အဋ္ဌမအဆင့် နတ်ဆေးပင်မျိုးစေ့ကို ထုတ်ယူရုံသာမကဘဲ တာအိုစစ်သည်တော် မိခင်ပဲစေ့ကိုပါ ထုတ်ယူလာခဲ့သည် မဟုတ်ပါလော။
ယခုအကြိမ်တွင် သူမသည် တာအိုစစ်သည်တော် မိခင်ပဲစေ့သုံးစေ့သာ ရရှိခဲ့ကြောင်း သိထားရပေမည်။
မည်ကဲ့သို့ တစ်စေ့ထုတ်ပေးရန် စိတ်ဆန္ဒရှိနိုင်ပါမည်နည်း။
မိမိ၏ အခြေခံအုတ်မြစ် လျှို့ဝှက်ရတနာကို ထုတ်ယူလာသကဲ့သို့ ဖြစ်နေပေသည်။
ဤအမျိုးသား၏ ချောမောခန့်ညားမှုကြောင့် သူမ၏ အောက်ခြေစည်း ပျောက်ဆုံးသွားခဲ့ရသည်လော။
သူမ ယွီရှန်းအာသည် ထိုကဲ့သို့သော လင်တရူးသည့် အမျိုးသမီးမျိုး လုံးဝ မဟုတ်ချေ။
သို့ရာတွင် ယခု၌ နောင်တရနေလျှင်ပင် နောက်ကျနေခဲ့ပြီ ဖြစ်သည်။ ယခုလေးတင်မှ ထုတ်ပေးလိုက်ပြီး ဖြစ်ရာ ယခုမှ ပြန်ယူ၍ မရနိုင်ပေ။
ဤသည်မှာ အလွန်တရာ ကိုယ့်အရှက်ကိုယ်ခွဲရာ ရောက်ပေသည်။