← Chapters

အခန်း ၉၁၇

Vol. 87 Ch. 917

အခန်း ၉၁၇

Vol. 87 Ch. 917

အခန်း (၉၁၇) - အင်မော်တယ်ကမ္ဘာမှ အပင်တာအိုစစ်သည်မိခင်သစ်ပင်၊ အပင်တာအိုစစ်သည်၊ ရှင်သန်ခဲ့သော နှစ်တစ်ထောင် (၃)

"ကျေးဇူးတင်ပါတယ်... ပြန်ပြီး မိတ်ဆက်ရအောင်..."

"ကျွန်မက ကျောက်စိမ်းယုန်မျိုးနွယ်စု ခေါင်းဆောင် ယွီရှန်းအာပါ..."

"ဒီနေ့ကစပြီး ကျွန်မတို့က သူငယ်ချင်းတွေ ဖြစ်သွားပြီ..."

ယွီရှန်းအာ၏ လှပသော မျက်လုံးများက ကျိုးစွေ့ကို အလေးအနက် ကြည့်နေလေသည်။ သူမရှေ့ရှိ ဤအမျိုးသားသည် အမှန်တကယ်ပင် ယုံကြည်စိတ်ချရသူ ဖြစ်ကြောင်း သူမ ခံစားမိ၏။

"ကျုပ်နာမည်က ကျိုးစွေ့ပါ..."

ကျိုးစွေ့က ပြန်လည်မိတ်ဆက်လိုက်သည်။

"ခစ်ခစ်..."

"ကျိုးစွေ့နော်... ရှင့်ကို ကျွန်မ မှတ်ထားလိုက်မယ်..."

"ဒါပေမဲ့ အခု ကျွန်မ မျိုးနွယ်စုဆီ အမြန်ပြန်ရမှာမို့ ရှင်နဲ့ စကားပြောဖို့ အချိန်မရှိတော့ဘူး..."

"နောက်တစ်ခါ ရေစက်ပါရင် ပြန်တွေ့ကြတာပေါ့..."

ဝှစ်ခနဲ အသံနှင့်အတူ ယွီရှန်းအာ၏ ခန္ဓာကိုယ်က လင်းလက်သွားပြီး ယုန်တစ်ကောင်အလား အဝေးသို့ ခုန်ထွက်သွားလေသည်။ ခုန်လိုက်တိုင်း မိုင်ထောင်ချီ ရွှေ့ပြောင်းသွားပြီး အလွန်မြန်ဆန်လှ၏။

သူမသည် ကျိုးစွေ့ကို နှုတ်ဆက်ရုံသာ နှုတ်ဆက်ကာ ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံလေးသာ ချန်ရစ်ပြီး ချက်ချင်း ထွက်ခွာသွားလေသည်။

သို့သော် အနာဂတ်တွင် တစ်ဖက်လူနှင့် ပြန်ဆုံရန် အလွန်ခက်ခဲမည်ဟု သူမ တွေးမိသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းဖန်မျိုးနွယ်စုကို စော်ကားမိသွားသောကြောင့် အနည်းဆုံး နောင်နှစ်တစ်ထောင်၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာတိုင်အောင် သူမသည် ကျောက်စိမ်းယုန်လျှို့ဝှက်နယ်မြေမှ ထွက်ခွာမည် မဟုတ်ပေ။

ကျောက်စိမ်းယုန်မျိုးနွယ်စု တစ်ခုအနေဖြင့် ပုန်းအောင်းခြင်းကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ခေါင်းဝှက်လိပ်များထက်ပင် ပို၍သည်းခံနိုင်ကြ၏။

နောက်တစ်ကြိမ် ဤလူသားကျင့်ကြံသူနှင့် ပြန်တွေ့ချိန်တွင် တစ်ဖက်လူ အသက်ရှင်နေသေးရန် သူမ မျှော်လင့်မိလေသည်။

မှန်ပေ၏၊ မထွက်ခွာမီ သူမသည် ဝမ်မုတာအိုအရှင်၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို ကျိုးစွေ့အား ပေးအပ်ခဲ့လေသည်။

မည်သို့ပင်ဆိုစေကာမူ အမွေအနှစ်မရှိပါက တာအိုစစ်သည်တော် မိခင်ပဲစေ့ကို ပျိုးထောင်နိုင်မည် မဟုတ်ပေ။

"ရေစက်တဲ့လား... သဘာဝကျကျ ရေစက်ဆိုတာ ရှိလာမှာပါ..."

ထွက်ခွာသွားသော ယွီရှန်းအာ၏ ကျော့ရှင်းလှသည့် ကျောပြင်လေးကို ကြည့်ကာ ကျိုးစွေ့က ပြုံးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် 'ချစ်ခြင်းမေတ္တာကူ' ၏ အစွမ်းသင့်ရုံသာမက သတ္တမအဆင့် ချစ်ခြင်းမေတ္တာကူ၏ မှော်စွမ်းရည်ပညာရပ်ဖြစ်သော ဖူးစာကြိုး၏ အစွမ်းကိုပါ ခံထားရသောကြောင့်ပင်။

ဤသည်မှာ သူမနှင့် ကျိုးစွေ့ကြားတွင် ဖူးစာရေစက် ရှိနေကြောင်း ကိုယ်စားပြု‌သည် မဟုတ်ပါလော။

ဖူးစာကြိုး၏ ဆွဲဆောင်မှုအောက်တွင် သူတို့နှစ်ဦးသည် အမျိုးမျိုးသော မထင်မှတ်ထားမှုများကြောင့် မလွဲမသွေ ပြန်ဆုံတွေ့ကာ ချစ်ကြိုးသွယ်ကြမည် ဖြစ်၏။

ဤသည်မှာ လျှို့ဝှက်ချက်များ ပြည့်နှက်နေသည့် အစွမ်းထက်သော ကံကြမ္မာအကြောင်းအကျိုး မှော်စွမ်းရည်တစ်ခုပင် ဖြစ်ပေသည်။

ရွှစ်...

ဤနေရာအထိ တွေးမိပြီးနောက် ကိုယ်ပွားကျိုးစွေ့သည်လည်း တုံ့ဆိုင်းမနေဘဲ 'တည်နေရာရွှေ့ပြောင်းကူ' ၏ စွမ်းအားကို ထိန်းချုပ်ကာ ဖုန်းရှီးကျွန်းသို့ ချက်ချင်း ပြန်သွားလေသည်။

မည်သို့ပင်ဆိုစေကာမူ အဋ္ဌမအဆင့် မသေမျိုးမြက် မျိုးစေ့မှာ အလွန်အရေးကြီးပြီး ဆုံးရှုံးခံ၍ မဖြစ်ပေ။

သဘာဝကျကျပင် ပထမဆုံးအချိန်၌ သေချာစွာ သိမ်းဆည်းထားရန် လိုအပ်၏။

မဟုတ်လျှင် ပျောက်ဆုံးသွားပါက သူ ငိုရပေလိမ့်မည်။

…………

နာရီအနည်းငယ်ကြာပြီးနောက်...

ရှန်းဟိုင်ပုလဲနယ်မြေ။

ဤမြေကွက်ပေါ်တွင် ဝိညာဉ်ဆေးပင် အမြောက်အများကို စိုက်ပျိုးထားပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ ပြင်းထန်သော ဝိညာဉ်ဆေးရနံ့များ ဖုံးလွှမ်းနေလေသည်။

မှန်ပေသည်၊ အများစုမှာ ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်များနှင့် ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်များ ဖြစ်ကြ၏။

သတ္တမအဆင့် ဝိညာဉ်ဆေးပင်များမှာမူ အတော်လေး ရှားပါးနေဆဲဖြစ်ကာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့် ဝိညာဉ်ဆေးပင် မျိုးစေ့များပင်လျှင် အလွန်ရှားပါးနေသည်ဖြစ်ရာ အပင်ရရှိရန်ဆိုသည်မှာ ပို၍ပင် မစဉ်းစားသင့်ပေ။

"အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် မသေမျိုးမြက်ကို ဒီမှာပဲ အရင်စိုက်ပျိုးလိုက်မယ်..."

ကျိုးစွေ့၏ စိတ်ဆန္ဒအရ သူ၏လက်ထဲရှိ မသေမျိုးမြက် မျိုးစေ့တစ်စေ့ကို မြေကြီးပေါ်သို့ ချက်ချင်း စိုက်ပျိုးလိုက်လေသည်။

ထို့နောက် သူသည် ‘ဆေးဝါးကူ’၏ စွမ်းအားကို အသုံးပြု၍ ၎င်းအပေါ်သို့ ဆေးရည်တစ်စက် ချလိုက်၏။

ဝုန်း...

ချက်ချင်းပင် ဤမျိုးစေ့လေးမှာ အမြစ်တွယ်ကာ အညှောက်ပေါက်လာပြီး မြေကြီးပေါ်တွင် တစ်စင်တီမီတာခန့်မြင့်သော မြက်ပင်တစ်ပင် ထွက်ပေါ်လာလေသည်။ ၎င်းအပေါ်တွင် သိပ်သည်းများပြားလှသော ရွှေရောင်မှော်စာလုံးများ ပေါ်ပေါက်နေပြီး လျှို့ဝှက်ဆန်းကြယ်ကာ ပြင်းထန်သော သက်စောင့်စွမ်းအင်များ ပါဝင်နေပုံရ၏။

ထင်ရှားသည်မှာ ၎င်းသည် အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်အဆင့်သို့ တက်လှမ်းနိုင်ရန် အနည်းဆုံး နှစ်တစ်သိန်းနှင့်အထက် ကြီးထွားရန် လိုအပ်ပေသည်။

၎င်းသည် ရင့်ကျက်သည့်အခြေအနေသို့ ရောက်ရှိသွားသည်နှင့် ‘ရွှေပုစဉ်းရင်ကွဲကူ” ကို ဖန်တီးရန် အသုံးပြုနိုင်ပြီ ဖြစ်၏။

သို့သော် ယခုမှ စတင်ကြီးထွားလာချိန်တွင်ပင် မသေမျိုးမြက်သည် ၎င်း၏ အံ့မခန်းစွမ်းရည်ကို ပြသနေပြီ ဖြစ်သည်။ ၎င်း၏ကိုယ်ပေါ်မှ မှိန်ပျပျ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး ထူးဆန်းသော ဖြစ်စဉ်များကို ဖြစ်ပေါ်စေနေပုံရ၏။

ဤသည်မှာ အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်၏ အံ့မခန်းစွမ်းရည်ပင် ဖြစ်လေသည်။

အမှန်အတိုင်းဆိုရလျှင် ဤသည်မှာ အင်မော်တယ်ဆေးပင်နှင့် အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သည်။

"လောစရာ မလိုပါဘူး... ဒီဝိညာဉ်ဆေးပင်တွေကို ပိုများလာအောင် အရင်မျိုးပွားရမယ်..."

"ဒါဆိုရင် အနာဂတ်မှာ မကုန်ခန်းနိုင်တဲ့ သတ္တမအဆင့် ဝိညာဉ်ဆေးပင်တွေ၊ အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်တွေ ရှိလာလိမ့်မယ်..."

ကျိုးစွေ့သည် ချက်ချင်းပင် အလွန်ကျေနပ်သွားလေသည်။

သူသည် မိမိကိုယ်ကို မဟာဆရာသခင်ကြီးအဆင့် ဝိညာဉ်စိုက်ပျိုးသူ တစ်ဦးကဲ့သို့ပင် ခံစားနေရ၏။ မည်သည့် ဝိညာဉ်ဆေးပင်မျိုးကိုမဆို သူ စိုက်ပျိုးနိုင်သည်။

"တာအိုစစ်သည်တော် မိခင်ပဲစေ့... အင်မော်တယ်ကမ္ဘာက ထူးဆန်းတဲ့ အပင်တစ်မျိုးပဲ..."

"အင်မော်တယ်ကမ္ဘာဆိုတဲ့အတိုင်းပါပဲ... ဒီလို ယုံကြည်နိုင်စရာ မကောင်းတဲ့ အပင်တွေ အများကြီး ရှိနေတာကိုး..."

ကျိုးစွေ့မှာ အံ့အားသင့်နေလေသည်။

သူ၏လက်ထဲတွင်လည်း တာအိုစစ်သည်တော် မိခင်ပဲစေ့တစ်စေ့ ထွက်ပေါ်လာ၏။ သူသည် ဤမိခင်ပဲစေ့၏ အခြေအနေကို အာရုံခံကြည့်လိုက်ရာ သိပ်သည်းများပြားလှသော အင်မော်တယ်တာအို မှော်စာလုံးများ ထွင်းထုထားပြီး ပြင်းထန်သော အပင်စွမ်းအင်များ ပါဝင်နေကြောင်း တွေ့ရှိရလေသည်။

ဝမ်မုတာအိုအရှင်၏ အမွေအနှစ်သာ မဟုတ်ပါက ဤမိခင်ပဲစေ့သည် တာအိုစစ်သည်တော် တစ်ဦးပြီးတစ်ဦးကို ပျိုးထောင်ပေးနိုင်မည်ဟု မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။

အင်မော်တယ်ကမ္ဘာသည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်ဟုသာ ဆိုရပေမည်။

အင်မော်တယ်ကမ္ဘာတွင် ကြီးထွားလာနိုင်သော အပင်အားလုံးမှာ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် အစွမ်းထက်ကြလေသည်။

ယခင်က သူရရှိခဲ့သော ထာဝရစိမ်းလန်းနွယ်ပင်မှာလည်း ထိုအတိုင်းပင် မဟုတ်ပါလော။ ယခု ဤတာအိုစစ်သည်တော် မိခင်ပဲစေ့သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။

ဝမ်မုတာအိုအရှင်၏ အမွေအနှစ်များအရဆိုလျှင် တာအိုစစ်သည်တော် မိခင်ပဲစေ့၏ စွမ်းအား ကြီးမားခြင်း၊ မကြီးမားခြင်းမှာ ပဋိညာဉ်ချုပ်ဆိုသူနှင့် တိုက်ရိုက်ပတ်သက်နေလေသည်။

၎င်းသည် ပဋိညာဉ်ချုပ်ဆိုသူ၏ ကိုယ်ပေါ်ရှိ စွမ်းအားများကို စုပ်ယူကာ လျင်မြန်စွာ ကြီးထွားလာမည် ဖြစ်၏။

ပျိုးထောင်ခံရသော တာအိုစစ်သည်တော်များသည်လည်း ပဋိညာဉ်ချုပ်ဆိုသူ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆက်ခံရရှိပေမည်။

အကယ်၍ သူသာ အသေအချာ ပျိုးထောင်နိုင်ပါက ပေါ်ထွက်လာမည့် တာအိုစစ်သည်တော်များသည် ယခင်က ဝမ်မုတာအိုအရှင် ပျိုးထောင်ခဲ့သော တာအိုစစ်သည်တော်များထက်ပင် ပိုမိုအစွမ်းထက်လာမည် ဖြစ်ပြီး အရေအတွက်အားဖြင့်လည်း ပိုမိုများပြားလာနိုင်ပေသည်။

ဝုန်း...

ဤသို့တွေးမိပြီးနောက် ကျိုးစွေ့သည် တုံ့ဆိုင်းမနေတော့ပေ။ သူက ပထမဆုံးအနေဖြင့် ဤတာအိုစစ်သည်တော် မိခင်ပဲစေ့ကို ချက်ချင်းပင် သန့်စင်လိုက်ပြီး သူ၏ မူလဝိညာဉ်စွမ်းအင်တစ်စကို ထည့်သွင်းလိုက်ရာ ၎င်းတို့နှစ်ခုမှာ တစ်သားတည်း ပေါင်းစည်းသွားသည့်နှယ် ဖြစ်သွားလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ သွေးမျိုးဆက်စွမ်းအားတစ်စကလည်း ၎င်းအတွင်းသို့ စိမ့်ဝင်သွားခဲ့ချေပြီ။

ဤသည်မှာ မှော်ရတနာတစ်ပါးကို သန့်စင်လိုက်သည်နှင့်ပင် တူညီနေပေ၏။

တာအိုစစ်သည်တော် မိခင်ပဲစေ့မှာ သူ၏ ကိုယ်ပွားတစ်ခု ဖြစ်လာသကဲ့သို့ ခံစားလိုက်ရပြီး တာအိုစစ်သည်တော် မိခင်ပဲစေ့၏ သတင်းအချက်အလက် မြောက်မြားစွာကိုလည်း အာရုံခံသိရှိနိုင်လေသည်။

ရွစ်...

ထို့နောက် ကျိုးစွေ့သည် ဤတာအိုစစ်သည်တော် မိခင်ပဲစေ့ကို မြေပြင်ပေါ်တွင်ချထားလိုက်ပြီး ‘ဆေးဝါးကူ’ ၏ လျှို့ဝှက်ဆန်းကြယ်သော အရည်ကို အသုံးပြုကာ ၎င်းအပေါ်သို့ လောင်းချလိုက်သည်။

ဘန်း… ဘန်း… ဘန်း...

ချက်ချင်းပင် တာအိုစစ်သည်တော် မိခင်ပဲစေ့သည် ဤလျှို့ဝှက်ဆန်းကြယ်သော အရည်တစ်စက်ကို လောဘတကြီး စုပ်ယူလိုက်လေ၏။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်မှာ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး အမြစ်အမြောက်အမြား ထွက်ပေါ်လာကာ မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဆင်းသွားတော့သည်။

အချိန်သိပ်မကြာလိုက်၊ ဤမြေပြင်ပေါ်တွင် တစ်မီတာခန့်မြင့်သော သစ်ပင်တစ်ပင် ချက်ချင်း ထွက်ပေါ်လာလေသည်။ ၎င်း၏ အမြစ်များသည် ပတ်လည်တစ်လီအထိ ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီများကို ရူးသွပ်စွာ ဝါးမျိုစုပ်ယူနေချေ၏။

ဤသစ်ပင်မှာ တာအိုစစ်သည်တော် မိခင်ပဲစေ့မှ ပြောင်းလဲသွားသော တာအိုစစ်သည်တော် မိခင်သစ်ပင်ပင် ဖြစ်လေသည်။

ဤတာအိုစစ်သည်တော် မိခင်သစ်ပင်၏ ကိုယ်ထည်ပေါ်တွင် ရွှေနှင့်ငွေရောင် ရောစပ်ထားသည့် ထူးဆန်းသော မျဉ်းကြောင်းများ ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့ကြားတွင် အစစ်အမှန်နဂါးနှင့် ရှေးဟောင်းနတ်ဘုရားဆင်တို့ ပါဝင်နေသကဲ့သို့ နတ်ဘုရားသားရဲများ၏ ပုံရိပ်ယောင်များပင် ဝေဝါးစွာ ထွက်ပေါ်လာတော့သည်။

ဤတာအိုစစ်သည်တော် မိခင်သစ်ပင်သည် နဂါးဆင်၏ သွေးကြောကို ဆက်ခံထားသကဲ့သို့ ၎င်း၏ ကိုယ်ထည်ပေါ်တွင် ခန့်မှန်းရခက်သော အငွေ့အသက်များ လွှမ်းခြုံနေလေ၏။

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

"သားပေါက်ပဲစေ့ကို မွေးဖွားဖို့ အချိန်တစ်ခုလောက်တော့ လိုသေးတာပဲ..."

မိခင်ပဲစေ့တွင် မျိုးပွားနိုင်စွမ်းရှိပြီး သားပေါက်ပဲစေ့မှာသာလျှင် မျိုးပွားနိုင်စွမ်း မရှိသော အစစ်အမှန် တာအိုစစ်သည်တော်ဖြစ်ကြောင်း သူ သိထားပေသည်။

သို့သော်လည်း တာအိုစစ်သည်တော်များ အနေဖြင့် သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ လုံးဝ လုံလောက်နေခဲ့ချေပြီ။

All Chapters