← Chapters

အခန်း ၉၁၈

Vol. 87 Ch. 918

အခန်း ၉၁၈

Vol. 87 Ch. 918

အခန်း (၉၁၈) - အင်မော်တယ်ကမ္ဘာမှ အပင်တာအိုစစ်သည်မိခင်သစ်ပင်၊ အပင်တာအိုစစ်သည်၊ ရှင်သန်ခဲ့သော နှစ်တစ်ထောင် (၄)

မှန်ပေသည်၊ သူ၏ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်ကြောင့် လက်ရှိ တာအိုစစ်သည်တော် မိခင်သစ်ပင်မှာ ဆဋ္ဌမအဆင့်အထိသာ ကြီးထွားနိုင်ပေသည်။

၎င်းအနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့် တာအိုစစ်သည်တော်များကိုသာ မွေးဖွားပေးနိုင်မည် ဖြစ်၏။

သို့ရာတွင် ဤသည်ကပင် လုံးဝ လုံလောက်နေပေပြီ။ လက်ရှိတွင် ကျိုးစွေ့၌ စစ်တပ်များစွာ ရှိနေခဲ့ပြီး မဟုတ်ပါလော။

ဥပမာအားဖြင့် ‘အိပ်မက်ဝိညာဉ်ကူ’ မှ ကူးပြောင်းပေးထားသော ကန္တာရသားရဲတပ်ဖွဲ့၊ မိစ္ဆာသားရဲတပ်ဖွဲ့ စသည်တို့ ရှိသည်။ ထို့အပြင် ‘ရွှေစားကူ’ မှ မွေးဖွားပေးထားသော ပိုးကောင်တပ်ဖွဲ့၊ ‘ကိုယ်ပွားကူ’ မှ မွေးဖွားပေးထားသော ကိုယ်ပွားများစွာလည်း ရှိပေသေး၏။

ယခု တာအိုစစ်သည်တော် တပ်ဖွဲ့ပါ ထပ်ပေါင်းထည့်လိုက်ပါက စွမ်းအားမှာ တစ်ဆင့်ပို၍ မြင့်တက်သွားမည် မဟုတ်ပါလော။

သံသယဖြစ်ဖွယ်မရှိ သူတစ်ယောက်တည်းကပင် ကြီးမားလှသော စွမ်းအားစုကြီးတစ်ခုကို ကိုယ်စားပြုနေပေသည်။

လူတစ်ယောက်က စစ်တပ်တစ်တပ် ဖြစ်လာသလို လူတစ်ယောက်တည်းက မျိုးနွယ်စုတစ်ခု ဖြစ်လာခြင်းပင်။

မှန်ပေသည်၊ ကျိုးစွေ့အနေဖြင့် သူ၏စွမ်းအားများ လွန်ကဲများပြားနေသည်ဟုမူ မခံစားရပေ။

ဤကဲ့သို့သော အကူအညီမျိုးက ပိုများလေ ပိုကောင်းလေပင် မဟုတ်ပါလော။

မည်သို့ပင်ဖြစ်စေ သူ၏ အချိန်နှင့် ခွန်အားများကို များစွာ ကုန်ဆုံးစေမည် မဟုတ်ပေ။ အလျဉ်းသင့်သလို လုပ်လိုက်ရုံမျှသာ ဖြစ်၏။

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်လေသည်။

"အကယ်လို့ တာအိုစစ်သည်တော် သားပေါက်ပဲစေ့ အမြောက်အမြားသာ မွေးဖွားနိုင်ရင် တာအိုလက်တွဲဖော်တွေလည်း လုံးဝ လုံခြုံသွားမှာပဲ..."

ရိုးရိုးသားသား ဆိုရလျှင် ကန္တာရသားရဲတပ်ဖွဲ့ပဲဖြစ်စေ၊ ပိုးကောင်တပ်ဖွဲ့ပဲဖြစ်စေ၊ ကိုယ်ပွားများကိုပဲဖြစ်စေ တာအိုလက်တွဲဖော်များထံ ပေးအပ်ရန်မှာ သိပ်မကောင်းလှသည့်အပြင် ခန္ဓာကိုယ်တွင် သယ်ဆောင်သွားရန်လည်း ခက်ခဲပေသည်။

သူတို့ကို အင်အားစုတစ်ခုအား အကာအကွယ်ပေးရန်အတွက်သာ အသုံးပြု၍ ရနိုင်လေ၏။

သို့သော်လည်း တာအိုစစ်သည်တော် သားပေါက်ပဲစေ့မှာမူ မတူညီပေ။

ဤတာအိုစစ်သည်တော်များကို ပဲစေ့များအဖြစ် ပြောင်းလဲလိုက်ပြီး တာအိုလက်တွဲဖော်များ၏ ကိုယ်ပေါ်တွင် အလွယ်တကူ သိမ်းဆည်းထားနိုင်သည်။

အရေးကြီးသော အချိန်များရောက်လာပါက ၎င်းပဲစေ့များကို ကြဲချလိုက်ရုံဖြင့် စစ်သည်တော်များ ဖြစ်လာပြီး တာအိုစစ်သည်တော် ကိုယ်ရံတော်များအဖြစ် သူတို့၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်မည် ဖြစ်‌သည်။

ဤတာအိုစစ်သည်တော်များ ကိုယ်ပေါ်တွင်ရှိနေပါက မည်သည့်အရာကိုမျှ ကြောက်ရွံ့စရာမလိုဘဲ လုံခြုံရေးအဆင့်မှာလည်း အမြင့်ဆုံးသို့ ရောက်ရှိနေမည်ဟု ဆိုနိုင်ပေသည်။

ဝှစ်...

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် ကျိုးစွေ့သည် ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲမှ ထွက်ခွာသွားလေ၏။

မည်သို့ပင်ဖြစ်စေ ကိစ္စရပ်အားလုံး ပြီးစီးသွားခဲ့ချေပြီ။ ကျန်နေသေးသည်က အချိန်ကို စောင့်ကြည့်ရန်သာ မဟုတ်ပါလော။

ကျိုးစွေ့ ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ပိုင်စုကျဲ့က မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ သူမက ကျိုးစွေ့အား စူးစမ်းချင်စိတ်များဖြင့် ကြည့်လိုက်ပြီး ရွှေရောင်အမွေးပွအမြီးလေးကို ညင်သာစွာ လှုပ်ရမ်းကာ သူမ၏ သိချင်စိတ်ကို ပြသလိုက်၏။

"ယောကျ်ား... ကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ..."

ကျိုးစွေ့က ပြုံးလိုက်၏။ သူသည် တာအိုလက်တွဲဖော်များကို အံ့အားသင့် ဝမ်းသာစေချင်နေသည်။

"ဟုတ်တယ်။ ကိုယ့်ရဲ့ကိုယ်ပွားက ဒီတစ်ခါ ရတနာတစ်ပါး ရလာခဲ့လို့လေ။ သေးငယ်တဲ့ ရိတ်သိမ်းမှု မဟုတ်ဘူးလို့တောင် ဆိုနိုင်တယ်..."

"ဘာရတနာလဲဆိုတာကိုတော့ လောလောဆယ် လျှို့ဝှက်ထားဦးမယ်..."

"ဒါပေမဲ့ မကြာခင် မင်းတို့ သိလာရမှာပါ..."

ထိုအချိန်တွင် ဟွားစစ်ချင်နှင့် ထောင်ချီလီ နှစ်ယောက်ကလည်း သတင်းကြားပြီး ရောက်လာကြသည်။ သူတို့က မျက်လုံးဝိုင်းကြီးများကို တဖျပ်ဖျပ်ခတ်ကာ စူးစမ်းချင်စိတ်များ ပြည့်နှက်နေသည့် ကလေးငယ်များသဖွယ် ကျိုးစွေ့ကို ကြည့်လိုက်ကြလေ၏။

"တကယ်တမ်း ဘာရတနာမလို့လဲ..."

အမျိုးသမီးသုံးယောက်၏ ချစ်စရာကောင်းသော အမူအရာကို မြင်လိုက်ရသောအခါ ကျိုးစွေ့သည် အဘယ်ကြောင့်မှန်းမသိ ပို၍ စိတ်လှုပ်ရှားလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မိန်းမပျိုသုံးဦးစလုံးကို ဖက်ကာ အောင်ပွဲခံရန် ရေပူစမ်းဆီသို့ လျှောက်သွားလေတော့၏။

ပိုင်စုကျဲ့၊ ဟွားစစ်ချင်နှင့် ထောင်ချီလီတို့ သုံးယောက်စလုံး၏ လှပသော မျက်နှာလေးများမှာ နီရဲသွားကြသည်။ ကျိုးစွေ့၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသော အစွမ်းထက်သည့် အငွေ့အသက်ကို ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းပင် ပျော့ခွေသွားသကဲ့သို့ ဖြစ်သွားလေ၏။

"လူဆိုးကြီး..."

ရှင်းလင်းစွာပင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေပါလျက်နှင့် မည်သည့် ခွန်အားကိုမျှ မထုတ်သုံးနိုင်ကြတော့ပေ။

သူတို့သည် ဤအမျိုးသား၏ စိတ်တိုင်းကျ နှိပ်စက်ခြင်းကိုသာ ခံယူရန်မှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

...

နှစ်ရှစ်ဆယ်ကြာပြီးနောက်။

အချိန်ကာလများက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး ဖုန်းရှီးကျွန်းသည်လည်း နှစ်ရှစ်ဆယ် အချိန်ကာလကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနိုင်ခဲ့သည်။

ဝေးလံခေါင်သီသော နေရာဖြစ်သောကြောင့် ဤနေရာသည် မည်သည့် ဘေးအန္တရာယ်နှင့်မျှ မကြုံတွေ့ခဲ့ရပေ။

ရံဖန်ရံခါ ကန္တာရသားရဲများ ဝင်ရောက်လာပါကလည်း 'ဓာတ်ငါးပါး ရွှီမီမြူခိုးအစီအရင်' ၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဖုန်းရှီးကျွန်းပေါ်ရှိ လူသားများမှာလည်း အလွန်အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြရပြီး အစားအသောက် အဝတ်အစားများ ပြည့်စုံကာ ဖျားနာမှုနှင့် ဘေးအန္တရာယ်များ ကင်းဝေးနေခဲ့ကြသည်။

လူဦးရေမှာလည်း တဖြည်းဖြည်းချင်း တိုးပွားလာနေ၏။ ဤသည်မှာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များဟု ဆိုနိုင်ပေသည်။

မွေးဖွားလာကြသော လူသားမျိုးနွယ် ကျင့်ကြံသူအသစ်များဆိုလျှင် အန္တရာယ်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် မေ့လျော့နေကြလေပြီ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် ဖုန်းရှီးကျွန်းတွင်သာ နေထိုင်ကြပြီး အခြားသွားစရာနေရာလည်း မရှိသည့်အပြင်၊ ကျွန်းပေါ်ရှိ ကန္တာရသားရဲများကိုလည်း ယဉ်ပါးအောင် ဆုံးမပြီးဖြစ်သောကြောင့်ပင် ဖြစ်လေသည်။

သဘာဝကျစွာပင် မည်သည့် အထူးတလည် အန္တရာယ်မျိုးမှ ပေါ်လာမည် မဟုတ်ပေ။

သာမန်လူများအတွက်မူ ဖုန်းရှီးကျွန်းမှာ နတ်ပြည်နှင့် များစွာ ကွာခြားမှု မရှိတော့ချေ။

ဤအချိန်တွင် ကျိုးစွေ့၏ အသက်မှာလည်း တစ်ထောင်သို့ ရောက်ရှိသွားခဲ့ချေပြီ။

ဝုန်း… ဝုန်း… ဝုန်း…

ဤအခိုက်အတန့်တွင် ဖုန်းရှီးမြို့တော် အမှတ် (၈၈) တာအိုကျောင်းတော်၏ အထက်ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းလာပြီး ကပ်ဘေးမိုးကြိုးများ ဆက်တိုက် ထွက်ပေါ်လာသည်။

အချိန်မရွေး ကောင်းကင်မှ မိုးကြိုးများ ပစ်ချလာနိုင်ပြီး မိုးခြိမ်းသံများ ဆူညံနေလေ၏။

အမှတ် (၈၈) တာအိုကျောင်းတော်မှ ဆရာများနှင့် ကျောင်းသားများအတွက်မူ ဤကိစ္စမှာ ရိုးအီနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တာအိုကျောင်းတော်တွင် ဆေးလုံးကပ်ဘေးမှာ မကြာခဏဆိုသလို ပေါ်ပေါက်လာတတ်သောကြောင့်ပင်။

ဤသည်မှာ အမှတ် (၈၈) တာအိုကျောင်းတော်၏ အံ့ဖွယ်ရှုခင်းတစ်ခုအလား ဖြစ်လာခဲ့ချေပြီ။

လူသားမျိုးနွယ် ကျင့်ကြံသူ အများအပြားကပင် ဤဂုဏ်သတင်းကို ကြားပြီး လာရောက်ကြလေသည်။

၎င်းမှာ ကျော်ကြားသော သမိုင်းဝင်နေရာတစ်ခု ဖြစ်လာသကဲ့သို့ မရေမတွက်နိုင်သော လူသားမျိုးနွယ် ကျင့်ကြံသူများ၏ လာရောက်လည်ပတ်ခြင်းကို ခံရသည်။

ကျင့်ကြံသူတစ်ယောက်က သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကြက်သေသေသွားလေ၏။

"ဘုရားရေ... ဒီတစ်ခါ ဆေးလုံးကပ်ဘေးက ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ။ ဖုန်းရှီးမြို့တော် တစ်ခုလုံးကိုတောင် လွှမ်းခြုံထားသလိုပဲ။ သတ္တမအဆင့် ရတနာဆေးလုံးကို သန့်စင်နေတာတော့ မဟုတ်ပါဘူးနော်... ဒီလို ဆေးလုံးဖြစ်တည်လာတဲ့ ဖြစ်စဉ်ကြီးကတော့ နည်းနည်းလေး ချဲ့ကားလွန်းနေပြီ မဟုတ်ဘူးလား..."

ဤကဲ့သို့သော ဆေးသန့်စင်ခြင်း ဖြစ်စဉ်မျိုးကို သူ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ကပ်ဘေးတိမ်တိုက်များသည် မိုင်တစ်သောင်းအထိ ဖုံးလွှမ်းနေပြီး ကပ်ဘေးမိုးကြိုးများမှာ ရေစည်ပိုင်းခန့် ကြီးမားလေ၏။ ရာထောင်ချီသော ကပ်ဘေးမိုးကြိုးများက ကောင်းကင်မှနေ၍ ကျဆင်းလာသည်။

တကယ်ကို ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှပေသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ကပ်ဘေးဖြတ်ကျော်လျှင်ပင် ဤအဆင့်လောက်သာ ရှိမည်ဖြစ်သော်လည်း ယခုအရာမှာမူ ဆေးလုံးကပ်ဘေးမျှသာ ဖြစ်လေ၏။

ဤသည်က သာမန်ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ချေပြီ။

သို့သော်လည်း ဤသည်မှာ အလွန် ပုံမှန်ကိစ္စတစ်ခုပင် ဖြစ်သည်။ ဤကျင့်ကြံသူများကို အသိပညာမဲ့သည်၊ အတွေ့အကြုံမရှိဟု အပြစ်တင်၍မရပေ။

အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ထဲတွင် မည်သည့် ဆေးဖော်စပ်ပညာရှင်မဆို ရတနာဆေးလုံးများကို ဖော်စပ်နိုင်ခွင့်ရှိသည် မဟုတ်သောကြောင့် ဖြစ်၏။ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ရတနာဆေးလုံးများကို ဆိုလျှင်မူ ပြောနေစရာပင် မလိုတော့ပေ။

ဤကဲ့သို့သော ဆေးသန့်စင်ခြင်း ဖြစ်စဉ်မျိုးမှာ တကယ်ကို ယှဉ်စရာမရှိအောင် ရှားပါးလွန်းလှသည်။

ရှေးဟောင်းမှတ်တမ်းများထဲတွင်သာ ဤကဲ့သို့သော ကိစ္စမျိုးကို မှတ်တမ်းတင်ထားနိုင်ပေလိမ့်မည်။

လူတစ်ယောက်ကမူ ဤသည်မှာ သဘာဝကျပြီး ထူးဆန်းစရာမရှိဟု ခံစားလိုက်ရသည်။ သူကိုယ်တိုင်ပင် အံ့ဩသင့်ခြင်း မရှိတော့ပေ။

"ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စမဟုတ်ဘူးလား... စီနီယာကျိုးက အစောကြီးကတည်းက သတ္တမအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်နေခဲ့တာပဲ။ ဒါကို လူတိုင်း သိကြတယ်။ အရင်ကလည်း သတ္တမအဆင့် ရတနာဆေးလုံးကို မသန့်စင်ဖူးတာမှ မဟုတ်တာ..."

အဘယ်ကြောင့်ဆိုသော် သူသည် ဖုန်းရှီးမြို့တော်မှ မူလနေထိုင်သူ တစ်ယောက်ဖြစ်ပြီး ဤနေရာတွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သောကြောင့်ပင် ဖြစ်လေ၏။

"မဖြစ်နိုင်တာ... တကယ်လား။ သတ္တမအဆင့် ရတနာဆေးလုံးနော်။ အဲဒါက လူသားမျိုးနွယ် ဧကရာဇ်မြို့တော်မှာတောင် အကြိမ်နည်းနည်းပဲ ပေါ်ထွက်ဖူးတဲ့ ထိပ်တန်းဆေးလုံးမျိုး။ စီနီယာကျိုးက တကယ်ကြီး ဖော်စပ်နိုင်တာလား...”

“စီနီယာကျိုးမှာ ဒီလိုဆေးဖော်စပ်တဲ့ နည်းပညာ မရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ဒါပေမဲ့ ပါဝင်ပစ္စည်းမရှိဘဲ ဟင်းကောင်းတစ်ခွက် ဖြစ်လာအောင် ဘယ်လိုချက်မလဲဗျာ။ စီနီယာက ဒီလောက်များပြားတဲ့ သတ္တမအဆင့် ဝိညာဉ်ဆေးပင်တွေကို ဘယ်ကနေ ရှာတွေ့လာတာလဲ..."

"မသေချာဘူး... စီနီယာကျိုးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး နည်းလမ်းတွေက သာမန်မဟုတ်ဘူးလေ။ သူ တကယ် ဘယ်ကနေ ရလာလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဒီလိုကိစ္စမျိုးကို စီနီယာကျိုးဆီ သွားမေးရဲမယ့်သူ ဘယ်သူရှိလို့လဲ။ သေရမှာကို မကြောက်ကြဘူးလား..."

"ဒါလည်း ဟုတ်တာပါပဲ။ အများကြီး လိုက်မစူးစမ်းတာက ပိုကောင်းပါတယ်။ ဒါက စီနီယာကျိုးရဲ့ လျှို့ဝှက်ချက်ပဲလေ။ ပိုသိလေ ပိုပြီး မြန်မြန်သေရဖို့ များလေပဲ။ လူဆိုတာ စူးစမ်းချင်စိတ် အရမ်းမများသင့်ဘူး..."

ကျင့်ကြံသူများစွာမှာ တီးတိုးပြောဆိုနေကြပြီး တစ်ယောက်ချင်းစီတိုင်းသည် လျှို့ဝှက်ချက်များကို ပြောဆိုရန် မဝံ့မရဲ ဖြစ်နေကြကာ ဤလျှို့ဝှက်ကိစ္စများကို ဆွေးနွေးလိုခြင်း မရှိကြပေ။

All Chapters