← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

109

"ဒီနေ့လည်း ဝမ်စီကုန်တိုက်မှာ အလုပ်ဆင်းချိန် လာကြိုမယ်နော်၊ ရမလား"

ကျိုးဟောက်ယွီမှ အလိုလိုက်တကြီးနဲ့ ခပ်ရို့ရို့လေး မေးလိုက်သည်။

"အင်း၊ အဲဒီမှာပဲ ဆုံကြတာပေါ့၊ အခုတော့ အလုပ်ရှုပ်နေလို့ ဖုန်းချလိုက်တော့မယ်၊ တွေ့မှ ပြောကြမယ်လေ"

လင်းချန်ချန်မှ လိုရင်းတိုရှင်းပဲ ပြန်ပြောပြီး ဖုန်းချသွားသည်။ ကျိုးဟောက်ယွီမှာတော့ ဖုန်းကိုကြည့်ပြီး ပြုံးလိုက်မိကာ စိတ်လှုပ်ရှားလွန်း၍ စတီယာရင်ကို အားပါးတရ ရိုက်လိုက်မိ၏။

"တီ"

လက်မှာ ဟွန်းကို ဖိမိသွားသဖြင့် စူးရှသောအသံကြီး ထွက်ပေါ်လာသော်လည်း ကျိုးဟောက်ယွီကတော့ ဂရုမစိုက်နိုင်အားပေ။ အချိန်လည်း စောသေးသဖြင့် သူသည် ဒီဒီ ကို ဖွင့်ကာ ကားလေးကို မောင်းထွက်ခဲ့၏။

"တီ"

မကြာခင်မှာပဲ အော်ဒါတစ်ခု တက်လာသည်။ ကျိုးဟောက်ယွီ ကြည့်လိုက်သော် ခရီးသည်နာမည်မှာ သာမန်လူတစ်ယောက်ဖြစ်နေသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏။

"ထားပါတော့လေ၊ နတ်ဘုရားတွေနဲ့ဆုံဖို့က ဒီလောက်တော့ မလွယ်ကူနိုင်ပါဘူး"

သူခပ်တိုးတိုးရေရွတ်ရင်း ခရီးသည်ကို ကြိုရန် မောင်းထွက်ခဲ့သည်။ နာရီအနည်းငယ်ကြာ ကားမောင်းပြီးနောက် အချိန်နီးလာပြီဖြစ်သဖြင့် သူသည် ဝမ်စီကုန်တိုက်သို့ ကြိုတင်ရောက်ရှိနေခဲ့၏။ လင်းချန်ချန် နောက်ဆုံးတစ်ခေါက် ရပ်စောင့်နေခဲ့သည့် နေရာဟောင်းလေးမှာပင် သူတိတ်တဆိတ် စောင့်ဆိုင်းနေမိသည်။ သိပ်တော့ မစောင့်လိုက်ရပေ။ မိနစ်အနည်းငယ်အတွင်းမှာပင် လင်းချန်ချန်သည် အဝါနုရောင် ဂါဝန်လေးကို ဝတ်ဆင်ကာ ခပ်သွက်သွက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ ကျိုးဟောက်ယွီမှာ သူမကိုမြင်တော့ ပြုံးဖြီးသွားပြီး ရှေ့ကိုပြေးထွက်ကာ ကြိုဆိုရန် ပြင်လိုက်သော်လည်း သူမနောက်မှ တကောက်ကောက် လိုက်လာပြီး တစ်ခုခုကို တတွတ်တွတ် ပြောနေသည့် လူငယ်တစ်ယောက်ကို သတိထားမိသွား၏။ အလှမ်းဝေးနေသဖြင့် ဘာတွေပြောနေသည်ကိုတော့ မကြားရပေ။

"သူ့ရည်းစားတော့ မဖြစ်နိုင်ပါဘူးနော်"

ကျိုးဟောက်ယွီမှ စိတ်ထဲကနေ သံသယဝင်နေမိသည်။ ထိုလူနှင့် လင်းချန်ချန်၏ ပတ်သက်မှုကို သေချာမသိသေးသဖြင့် သူအနားသို့ ချက်ချင်း မတိုးသွားသေးဘဲ အခြေအနေကို စောင့်ကြည့်နေလိုက်၏။ သို့သော် လင်းချန်ချန်မှာတော့ ထင်မှတ်မထားလောက်အောင် ထက်မြက်လှသည်။ ကျိုးဟောက်ယွီကို မြင်မြင်ချင်းမှာပင် သူမ ဝမ်းသာအားရ ပြေးလာပြီး ချိုသာသောအသံလေးဖြင့် လှမ်းခေါ်လိုက်သည်။

"အချစ်လေး၊ ဒီနေ့လည်း လာကြိုတာလား၊ အချစ်လေးက ချန်ချန်အပေါ် အရမ်းကောင်းတာပဲနော်"

"ဟင်"

ကျိုးဟောက်ယွီ ခဏတာ ကြောင်အသွားသော်လည်း ချက်ချင်းပင် အလိုက်သင့် တုံ့ပြန်တတ်သူမို့ လင်းချန်ချန်ကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ပြီး ပြောချလိုက်သည်။

"ကိုယ့်မိန်းမကိုယ် အလိုမထားရင် ဘယ်သူ့ကို သွားအလိုထားရမှာလဲ"

ဘေးနားမှ လူငယ်မှာတော့ အံ့အားသင့်ကာ မှင်သက်သွားတော့သည်။ သူသည် ခဏကြာမှ အသိဝင်လာပြီး ဒေါသတကြီး မေးလေ၏။

"ချန်ချန်၊ မင်းမှာ ဘယ်တုန်းက ယောင်္ကျားရသွားတာလဲ၊ ငါ ဘာလို့ တစ်ခုမှ မသိရတာလဲ"

"ကျွန်မမှာ ယောင်္ကျားရှိတာ၊ မရှိတာက ရှင်နဲ့ ဘာဆိုင်လို့လဲ"

လင်းချန်ချန်မှ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

"ပြီးတော့ ကျွန်မကို ဒီလောက်ကြီး ရင်းရင်းနှီးနှီး မခေါ်ပါနဲ့၊ ကျွန်မတို့က အဲဒီလောက် မရင်းနှီးပါဘူး၊ ကျွန်မနာမည်အပြည့်အစုံ 'လင်းချန်ချန်' လို့ပဲ ခေါ်ပါ၊ ဒါမှမဟုတ် လင်းကျဲလို့ပဲ ခေါ်ပါ"

"မဖြစ်နိုင်တာ ဒါ အလိမ်အညာတွေပဲ၊ မင်းမှာ ယောင်္ကျားရှိတယ်ဆိုတာ ငါမယုံဘူး၊ ဒီကောင်က ငါ့ကို လိမ်ဖို့အတွက် မင်းငှားလာတဲ့လူ မဟုတ်လား"

ကျော့ပုချွန်းမှ သံသယဖြင့် မေးခွန်းထုတ်သည်။

ကျိုးဟောက်ယွီမှ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြောလိုက်၏။

"ငါက သူ့ယောင်္ကျား ဟုတ်မဟုတ်ဆိုတာ မင်းနဲ့ ဘာမှမဆိုင်ဘူး၊ မင်းယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါဂရုမစိုက်ဘူး၊ ဒါပေမဲ့ တစ်ခုတော့ မှတ်ထား ငါ့မိန်းမကို နောက်နောင် လာမနှောင့်ယှက်နဲ့၊ မဟုတ်ရင် မင်း နောင်တရသွားစေရမယ်"

"ငါ့ကို နောင်တရအောင် လုပ်မလို့လား"

ကျော့ပုချွန်းမှာ ကျိုးဟောက်ယွီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ကျိုးဟောက်ယွီ ဝတ်ထားသည့် တန်ဖိုးနည်းအဝတ်အစားတွေကို မြင်လိုက်ရသည့်အခါ သူလှောင်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်၏။

"တစ်ကိုယ်လုံးမှ ယွမ်သုံးရာတောင် မပြည့်တဲ့ ကောင်ကများ ငါ့ကို နောင်တရအောင် လုပ်မယ်တဲ့လား၊ မင်းကတော့ သေတွင်းတူးနေတာပဲ"

"ဟက်"

ကျိုးဟောက်ယွီမှ ရယ်မောလိုက်ပြီး မာန်ပါပါဖြင့် ပြန်ပြောလိုက်သည်။

"ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုက ဘီလီယံချီရှိတာ၊ အဲဒါကို ငါက လိုက်ကြွားနေရဦးမလား၊ ငါ ဘာလို့ ဒီလို သာမန်ကာလျှံကာပဲ နေလဲ မင်းသိလာ၊ ဘာလို့လဲဆိုတော့ မင်းလိုမျိုး အသစ်စက်စက် သူဌေးရူးတွေက ငါ့ကို လူဆင်းရဲလို့ ထင်ပြီး အရှက်ကွဲသွားမယ့် မျက်နှာကို ကြည့်ချင်လို့ပဲ"

"ဘီလီယံချီတဲ့ ပိုင်ဆိုင်မှု ဟုတ်လား၊ မင်းက ကုလသမဂ္ဂကိုတောင် ပိုင်တယ်လို့ ပြောလိုက်ပါဦးလား"

ကျော့ပုချွန်းမှ မယုံကြည်နိုင်စွာ လှောင်ပြောင်လေသည်။

"မင်းယုံတာ မယုံတာ ငါ့ကိစ္စမဟုတ်ဘူး၊ ဒါပေမဲ့ ငါ့မိန်းမနားကို မကပ်နဲ့ဆိုတာပဲ မှတ်ထား၊ နားလည်လား"

ကျိုးဟောက်ယွီမှ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ ထိုသို့ပြောနေစဉ်မှာပင် သူ့ပိုက်ဆံအိတ်မှ။ အိတ်ကပ်ထဲမှ ချော်ကျသွား၏။ လူသုံးယောက်စလုံး ငုံ့ကြည့်လိုက်သည့်အခါ ပိုက်ဆံအိတ်ထဲက ဘဏ်ကတ်အမျိုးမျိုးကို မြင်လိုက်ရသည်။ ထိုကတ်များမှာ သာမန်ကတ်များ မဟုတ်ဘဲ Gold Card၊ Diamond Card နှင့် Black Card များပင် ဖြစ်နေသည်။

"ဟင် တကယ်ကြီးလား"

ကျော့ပုချွန်း တစ်ယောက် ဆွံ့အသွားရသည်။ သူ့မိသားစုမှာ ယွမ်သန်းပေါင်းများစွာ ပိုင်ဆိုင်သဖြင့် သူကိုယ်သူ သူဌေးသားဟု ဂုဏ်ယူနေသူဖြစ်၏။ သို့သော် သူသည် လောကအကြောင်းကိုတော့ အထိုက်အလျောက် သိသူဖြစ်သည်။ ဥပမာအားဖြင့် ကျိုးဟောက်ယွီ၏ ပိုက်ဆံအိတ်ထဲက ထိုကတ်များသည် အဆင့်မြင့် အထူးအခွင့်အရေးရသူများသာ ကိုင်ဆောင်နိုင်သည့် ကတ်များဖြစ်ကြောင်း သူသိသည်။ ကျော့ပုချွန်း၏ ပိုက်ဆံအိတ်ထဲမှာပင် 'Black Card' မရှိသလို 'Diamond Card' လည်း မရှိပေ။ သူ့ဖခင်ဖြစ်သူကို အတင်းပူဆာပြီး ဘဏ်သို့ အတူလိုက်သွားခိုင်းမှသာ 'Gold Card' လေး တစ်ကတ် ရထားခြင်းဖြစ်သည်။

"အာ ဒုက္ခပါပဲ၊ ပိုက်ဆံအိတ်က ဘယ်လိုဖြစ်ပြီး ကျသွားတာလဲ"

ကျိုးဟောက်ယွီမှ မသိမသာ ဟန်ဆောင်ရင်း ပိုက်ဆံအိတ်ကို ကောက်ကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။

"နင့်မှာ ဘာလို့ ကတ်တွေ ဒီလောက်တောင် များနေရတာလဲ"

လင်းချန်ချန်မှလည်း အံ့သြတကြီး မေးလာသည်။

"တစ်ကတ်ရှိရင် လုံလောက်နေတာပဲကို"

ကျိုးဟောက်ယွီမှ သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။

"ကတ်တွေ များနေတာ စိတ်ရှုပ်ဖို့ ကောင်းတယ်လေ၊ ဒါပေမဲ့ ဘဏ်မန်နေဂျာတွေက အိမ်အထိ လာလာပြီး အခွင့်အရေးတွေ ပေးနေတော့ ကိုယ်လည်း မငြင်းသာလို့ လုပ်ထားလိုက်ရတာ"

"ဂလု"

ကျော့ပုချွန်း တစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ကျိုးဟောက်ယွီမှာ ကတ်တွေရှိရုံတင် မကဘဲ ဘဏ်မန်နေဂျာတွေပါ အိမ်တိုင်ရာရောက် လာပြီး ကတ်လုပ်ပေးဖို့ တောင်းပန်ရသည့်အထိ အဆင့်ရှိသူဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူသည် တုန်လှုပ်သွားတော့၏။

"အစ်ကိုကြီး၊ ကျွန်တော် မျက်လုံးမရှိလို့ လူမှားမိပါတယ်၊ အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါဗျာ၊ ကျွန်တော် အခုပဲ သွားတော့ပါ့မယ်"

ကျော့ပုချွန်းမှ လေသံပြောင်းကာ လစ်ထွက်ရန် ပြင်တော့သည်။ သို့သော် ကျိုးဟောက်ယွီမှာ အမိန့်သံဖြင့် ပြောလိုက်၏။

"နေဦး၊ ငါက သွားလို့ပြောလို့လား"

"ဟို အစ်ကိုကြီး၊ တခြား ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျ"

ကျော့ပုချွန်းမှ ခပ်ရို့ရို့လေး ပြန်မေးသည်။

"မင်း စောစောက ငါ့ကို သေတွင်းတူးနေတာလို့ ပြောခဲ့တယ် မဟုတ်လား၊ အခု ဘာလို့ ပြန်တော့မလို့လဲ"

ကျိုးဟောက်ယွီ မေးလိုက်ပြီးမှ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"မင်း ငါ့ကို သင်ခန်းစာပေးမှာကို ငါက စောင့်နေတာလေ၊ ငါ့ကို စိတ်မပျက်စေနဲ့ဦး"

"အစ်ကိုကြီး၊ စောစောကဟာတွေက အထင်မှားတာပါ"

ကျော့ပုချွန်းမှ တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် ပြောသည်။

"ကျွန်တော်က ပါးစပ်သရမ်းမိသွားတာပါ၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး၊ ကျွန်တော့်ကို လွှတ်ပေးပါဦး"

"ပါးစပ်သရမ်းတယ် ဟုတ်လား"

ကျိုးဟောက်ယွီ မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ရယ်မောကာ ပြောသည်။

"မင်း ပါးစပ်သရမ်းမှန်း သိရင်လည်း မင်းကိုယ်မင်း ပါးရိုက်ပြလေ၊ ဒါမှ ဒီသင်ခန်းစာကို မှတ်သွားမှာပေါ့"

"ကိုယ့်ပါးကိုယ် ပြန်ရိုက်ရမယ်"

ကျော့ပုချွန်း တုံ့ဆိုင်းသွားသည်။ လူစည်ကားလှသည့် ဝမ်စီကုန်တိုက်ကြီးထဲမှာ လူအများရှေ့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ရမည်မှာ သူ့အတွက် အရှက်ရစရာ ဖြစ်နေသည်။

"ဟမ်"

ကျိုးဟောက်ယွီမှ စကားအများကြီး မပြောတော့ဘဲ ကျော့ပုချွန်းကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။

All Chapters