← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

122

"ငါ့ကို အလျှော့ပေးမလို့လား"

ကျိုးဟောက်ယွီမှ ခနဲ့တဲ့တဲ့ ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ငါကတော့ မင်းကို အလွယ်တကူ လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးကွ"

"ဒါဆိုရင်တော့ မင်း သေတွင်းတူးနေတာပဲ"

ချန်ရှင်းပိုင််မှ မျက်မှောင်ကြုတ်ကာ ခက်ထန်စွာ တုံ့ပြန်လိုက်၏။ ထို့နောက် သူသည် ဝမ်ထျန်ထျန်ဘက်သို့ လှည့်၍ အကူအညီမဲ့ဟန်ဖြင့်ပြောသည်။

"မင်းကိုယ်တိုင် မြင်တဲ့အတိုင်းပဲ၊ သူက သေချင်ဇောနဲ့ ရန်စနေတာ၊ ငါ့မှာ သူ့ကို ပညာပေးဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ဘူး"

"ဟူး"

ဝမ်ထျန်ထျန်မှ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်မိသည်။ လီယုဝမ်သည် သူမအခန်းဖော်ဖြစ်၍ ရေရှည်ဆက်ဆံရေးကို မပျက်ပြားစေချင်သော်လည်း အခြေအနေအရ ကျိုးဟောက်ယွီ၏ ခေါင်းမာမှုကို သူမ မတားဆီးနိုင်တော့ပေ။

"အစ်ကိုဟောက်ယွီ သတိထားပါဦး"

လီယုဝမ် ကျိုးဟောက်ယွီအနားသို့ တိုးကပ်ကာ တိုးတိုးလေး သတိပေးရှာသည်။ သို့သော် သူမစိတ်ထဲတွင်တော့ ကျိုးဟောက်ယွီအပေါ် ယုံကြည်မှု အပြည့်ရှိနေ၏။ သူ၏ ထူးခြားသော လက်ရုံးရည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်မဟုတ်ပါလား။

"စိတ်မပူပါနဲ့ ညီမလေး၊ မင်းကို စော်ကားတဲ့ကောင်ကို ထိုက်တန်တဲ့ ပြစ်ဒဏ် ပြန်ပေးရမှာပေါ့"

ကျိုးဟောက်ယွီမှ အေးဆေးစွာ ပြုံး၍ နှစ်သိမ့်ရင်း ချန်ရှင်းပိုင်ထံသို့ အရင်ဦးအောင် ထိုးစစ်ဆင်လိုက်လေသည်။

"မင်းရဲ့ လက်သီးက အရမ်းနှေးလွန်းတယ်"

ချန်ရှင်းပိုင် မထေမဲ့မြင် ရယ်မောရင်း ရှောင်ထွက်လိုက်ပြီး ကျိုးဟောက်ယွီ၏ ပါးပြင်ကို တံတောင်ဖြင့် အားပါပါ ဝိုက်ရိုက်ရန် ကြိုးစားလိုက်သည်။

"မင်းရဲ့ အရှိန်ကရော တကယ်မြန်တယ် ထင်လို့လား"

ကျိုးဟောက်ယွီမှ နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်သည်။ သူ၏ ထက်မြက်လှသော အမြင်အာရုံရှေ့တွင် မည်သူမျှ မမြန်ဆန်နိုင်ပေ။ အရာအားလုံးသည် သူ့မျက်စိထဲ၌ အနှေးပြကွက်များကဲ့သို့သာ ဖြစ်နေသည်။ ပထမဆုံး လက်သီးသည် စမ်းသပ်ချက်မျှသာ ဖြစ်သော်လည်း၊ ချန်ရှင်းပိုင်မှ တန်ပြန်တိုက်စစ် ဆင်လာသောအခါတွင်မူ သူသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ မေးစေ့ကို ပင့်လက်သီးဖြင့် အားပါပါ ထိုးချလိုက်တော့၏။

"ဗုန်း"

ခပ်အုပ်အုပ် အသံနှင့်အတူ ချန်ရှင်းပိုင်၏ ခေါင်းသည် နောက်သို့ လန်သွားပြီး ပါးစပ်ထဲမှ သွားတစ်ချောင်း ကျွတ်ထွက်သွားလေသည်။

"ငါ့သွား ငါ့သွားလေး"

ချန်ရှင်းပိုင်မှ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူသည် နာကျင်မှုကို မမှုသော်လည်း ရုပ်ရည်ကို အလွန်အမင်း တန်ဖိုးထားသူဖြစ်ရာ သွားကျိုးသွားခြင်းကြောင့် ရုပ်ပျက်သွားမည်ကို မခံစားနိုင် ဖြစ်နေရှာ၏။

"မင်း ကျွတ်လာတာ ငါတို့ အားလုံးမြင်တယ်၊ ထပ်ခါတလဲလဲ အော်မပြပါနဲ့"

ကျိုးဟောက်ယွီမှ လှောင်ပြောင်လိုက်သည်။

"မင်းကို သတ်ပစ်မယ်"

ချန်ရှင်းပိုင် ဒေါသကြောင့် သွေးရူးသွေးတန်း ဖြစ်လာသည်။ မျက်လုံးများ နီမြန်းကာ ခွေးရူးတစ်ကောင်ကဲ့သို့ ကျိုးဟောက်ယွီထံသို့ တဟုန်ထိုး ပြေးဝင်လာပြန်၏။ သို့သော် ကျိုးဟောက်ယွီမှာ အသာအယာရှောင်တိမ်းကာ နောက်ထပ် အားပါလှသော လက်သီးတစ်ချက်ကို ချန်ရှင်းပိုင်၏ မေးရိုးသို့ ထပ်မံနှက်လိုက်ရာ နောက်ထပ် သွားတစ်ချောင်း ထပ်မံလွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။

"အခုတော့ စကားပြောရင်တောင် ဗလုံးဗထွေး ဖြစ်ကုန်ပြီပေါ့"

ကျိုးဟောက်ယွီမှ အေးအေးလူလူ ရယ်မောရင်း ခနဲ့လိုက်သည်။

"မင်းက သွားကို အရမ်းတန်ဖိုးထားမှန်း သိလို့ ငါက အားပေးလိုက်တာပါ"

ချန်ရှင်းပိုင်သည် စိတ်မထိန်းနိုင်တော့ဘဲ နောက်ဆုံးအားဖြင့် ထပ်မံတိုက်ခိုက်သော်လည်း ကျိုးဟောက်ယွီ၏ ပျံလွှားကန်ချက်တစ်ချက်မှာ သူ့ရင်ဘတ်ကို တည့်တည့်ထိမှန်သွားကာ လေထဲသို့ မြောက်တက်ပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားလေတော့သည်။

"အား၊ နာတယ် ကယ်ကြပါဦး"

ချန်ရှင်းပိုင်မှ ညည်းတွားနေရှာသည်။ ဝမ်ထျန်ထျန်မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ပြောဆိုကာ လှည့်ထွက်သွားတော့၏။

"အသုံးမကျတဲ့ အမှိုက်ကောင်၊ နင်က တခြားသူကို အနိုင်မတိုက်နိုင်ဘဲ ငါ့ရှေ့မှာတော့ ကြွားလုံးထုတ်နေတယ်ပေါ့လေ"

ချန်ရှင်းပိုင် အကူအညီတောင်းသော်လည်း ဝမ်ထျန်ထျန်မှာမူ နောက်လှည့်မကြည့်တော့ပေ။ ကျိုးဟောက်ယွီ ချန်ရှင်းပိုင်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိနင်းထားရင်း မေးလိုက်သည်။

"ဘယ်လိုလဲ၊ အခုရော မောက်မာချင်သေးလား"

"အစ်ကိုကြီး ကျွန်တော် မှားပါပြီ၊ ဟိုမိန်းမ ဝမ်ထျန်ထျန်ကို မျက်နှာသာရအောင် လုပ်မိတာပါ၊ ကျွန်တော် မျက်စိမှားခဲ့တာပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ချန်ရှင်းပိုင်မှ ငိုယိုကာ တောင်းပန်ရှာတော့သည်။

"မှားမှန်းသိတာနဲ့တင် မလုံလောက်ဘူး၊ မင်းရဲ့ စိတ်ရင်းကို ပြဖို့လိုတယ်"

ချန်ရှင်းပိုင် ငွေလိုချင်သည်အမှတ်ဖြင့် သူ့ပိုက်ဆံအိတ်ထဲမှ ရှိသမျှ ယွမ် ၇၀၀၀-၈၀၀၀ ခန့်ကို ကမ်းပေးလိုက်သည်။ ကျိုးဟောက်ယွီ ပြောလိုက်၏။

"ငါ့ကို ငွေမက်တဲ့သူများ မှတ်နေလား"

သို့သော်လည်း လက်မှာမူ ထိုငွေများကို အိတ်ကပ်ထဲသို့ အမှတ်မထင် ထည့်လိုက်လေသည်။

"ငါပြောတဲ့ စိတ်ရင်းဆိုတာ ငါ့ညီမလေးကို စော်ကားခဲ့တဲ့အတွက် ဒူးထောက်တောင်းပန်ရမှာကို ပြောတာ၊ မင်း မလုပ်ချင်ရင်လည်း မတိုက်တွန်းပါဘူး၊ ငါက မင်း ဒူးထောက်သွားအောင်အထိ ရိုက်ပေးရုံပဲပေါ့"

ထို့နောက် ကျိုးဟောက်ယွီမှာ ချန်ရှင်းပိုင်၏ ခြေသလုံးကို အားပါပါ ကန်လိုက်ရာ အရိုးကျိုးသံနှင့်အတူ ချန်ရှင်းပိုင်၏ အသည်းခိုက်မတတ် အော်သံ ထွက်ပေါ်လာသည်။

"အခုရော ဘယ်လိုနေလဲ၊ ခံစားလို့ ကောင်းရဲ့လား"

ကျိုးဟောက်ယွီမှာ ပြုံးရင်း မေးလိုက်ရာ ချန်ရှင်းပိုင်သည် သေလုမတတ် နာကျင်မှုကြောင့် အသနားခံလိုက်ရတော့သည်။

"ကျွန်တော် ဒူးထောက်ပါ့မယ်၊ အခုချက်ချင်း တောင်းပန်ပါ့မယ်၊ ထပ်မရိုက်ပါနဲ့တော့"

All Chapters