← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

140

"ဒါပေါ့ ဘေးကင်းဖို့အတွက်ပေါ့၊ ကြည့်ရသလောက် နင့်ရဲ့ လက်ရုံးရည်ကလည်း မဆိုးလှဘူးဆိုတော့ ငါ့ရဲ့ သက်တော်စောင့် လုပ်ပါလား၊ အဲဒီလိုဆိုရင် နင့်ရဲ့ စားဝတ်နေရေးနဲ့ တည်းခိုဖို့ ပြဿနာတွေအားလုံး ပြေလည်သွားတာပေါ့၊ ဟုတ်တယ်မလား"

ဝေ့ရှီယုမှ အကြံပြုလိုက်သည်။

"မလိုပါဘူး၊ ငါ့ဘာသာငါ အဆင်ပြေအောင် ဖြေရှင်းနိုင်ပါတယ်"

ကျိုးဟောက်ယွီသည် ဝေ့ရှီယု၏ ဆိုလိုရင်းကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ သူမမှာ သက်တော်စောင့် ငှားချင်တယ်ဆိုတာ ဆင်ခြေသက်သက်သာ ဖြစ်ပြီး တကယ်တမ်းကျတော့ သူ၏ စားဝတ်နေရေးနှင့် တည်းခိုရန် အခက်အခဲများကို ကူညီဖြေရှင်းပေးချင်ရုံသာ ဖြစ်ပေသည်။

"ဘာကို ဖြေရှင်းနိုင်တာလဲ"

ဝေ့ရှီယုမှာ ပွင့်ပွင့်လင်းလင်းပင် ပြန်လည်ချေပလိုက်သည်။

"နင်ပဲ ခုနတင်က ဒီနေ့ည ဟိုတယ်ခအတွက်တောင် ပိုက်ဆံမရှိဘူးလို့ ပြောခဲ့တာ မဟုတ်လား၊ ဒီဒီ မောင်းနေရုံနဲ့တော့ အိမ်ငှားခတောင် လောက်အောင် ရှာနိုင်မှာ မဟုတ်ဘူး၊ နင်က နေ့တိုင်း ဟိုတယ်ခအတွက်ပဲ အသည်းအသန် ပိုက်ဆံရှာပြီး နေထိုင်ရတဲ့ အဲဒီလို ပျင်းစရာကောင်းတဲ့ ဘဝမျိုးနဲ့ပဲ ဆက်ပြီး ဖြတ်သန်းနေတော့မှာလား"

"ငါက အဲဒီလို နေရတာကိုပဲ သဘောကျလို့ပါ၊ မင်းနဲ့ ဘာဆိုင်လို့လဲ"

ကျိုးဟောက်ယွီ၏ မာနလေးမှာ ထိခိုက်သွားရသည်။

"နင်ငါ့ကို ယွမ်လေးသောင်းကျော် တောင် ကြွေးတင်နေသေးတယ်နော်၊ အဲဒါက ငါနဲ့ ဆိုင်သလား မဆိုင်ဘူးလားဆိုတာ နင်ပဲ စဉ်းစားကြည့်ဦး၊ အကယ်၍ ငါက နင့်ကို ဒီအတိုင်းပဲ ဆက်ပြီး လွှတ်ထားလိုက်မယ်ဆိုရင် နင်က ငါ့ပိုက်ဆံတွေကို ဘယ်တော့မှ ပြန်ဆပ်နိုင်တော့မှာလဲ"

ဝေ့ရှီယုမှ အချက်အကျကျ ပြောဆိုတော့သည်။

"ဒါကတော့"

ကျိုးဟောက်ယွီမှာ အနည်းငယ် အနေရခက်သွားရပြီး ခါးသီးသော အပြုံးဖြင့်သာ ဆိုနိုင်တော့သည်။

"ငါ မင်းရဲ့ အကြွေးကို လိမ်မှာ မဟုတ်ပါဘူး၊ ပိုက်ဆံရှာရတဲ့ အခါကျရင် သေသေချာချာ ပြန်ဆပ်ပါ့မယ်"

"မရဘူး၊ ငါ အဲဒီလောက်အထိ အကြာကြီး မစောင့်နိုင်ဘူး၊ အခုချက်ချင်း ငါ့အိမ်ကို လာခဲ့စမ်းပါ၊ ဒီသက်တော်စောင့် ကိစ္စကို လူချင်းတွေ့မှပဲ အသေးစိတ် ထိုင်ပြီး ဆွေးနွေးကြတာပေါ့"

ဝေ့ရှီယုမှ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဖုန်းကို ချပစ်လိုက်တော့သည်။

"တူ တူ တူ"

ကျိုးဟောက်ယွီသည် ဖုန်းထဲမှ ထွက်ပေါ်လာသော အချက်ပြသံကို နားထောင်ရင်းဖြင့် မတတ်နိုင်ဟန်ဖြင့် ညည်းတွားလိုက်မိသည်။

"ဒီမိန်းမကတော့ အခုတလော ဖုန်းအရင်ချပစ်ရတာကိုပဲ စွဲလမ်းနေပြီ ထင်တယ်"

သူသည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဖုန်းကို အိတ်ကပ်ထဲသို့ ထည့်ကာ ဝေ့ရှီယု၏ အိမ်ရှိရာဆီသို့ ကားမောင်း၍ ထွက်ခွာခဲ့တော့သည်။ သူ့မှာ တခြားရွေးချယ်စရာ လမ်းမရှိတော့ချေ။ အမြဲတမ်း ကြွေးမြီရှိတဲ့လူသာ အောက်ကျို့ရစမြဲ မဟုတ်ပါလား။ လက်ရှိ အခြေအနေက မိမိ စိတ်တိုင်းကျ ဖန်တီးလို့ ရနိုင်သောအရာ မဟုတ်သဖြင့် သူတကယ်ကို သွားရမည်သာ ဖြစ်သည်။ သူရောက်ရှိသွားသည့် အခါတွင် အိမ်တော်ထိန်းမှာ ကျိုးဟောက်ယွီကို မြင်သော် အသာအယာ ပြုံးလိုက်ပြီး ပြောလိုက်၏။

"သခင်မလေးက အခန်းထဲမှာ စောင့်နေပါတယ်၊ အပေါ်ကို ကြွပါဦး"

"ဟုတ်ကဲ့"

ကျိုးဟောက်ယွီမှာ ပြန်လည်ဖြေကြားလိုက်ပြီး အိမ်တော်ထိန်း၏ ဘေးမှ ဖြတ်ကျော်ကာ ဝေ့ရှီယု၏ အခန်းရှိရာ အပေါ်ထပ်ဆီသို့ လျင်မြန်စွာ တက်လှမ်းခဲ့တော့သည်။

"ဒေါက် ဒေါက် ဒေါက် "

ကျိုးဟောက်ယွီမှာ အခန်းတံခါးကို ခေါက်လိုက်သည်။

"ဝင်ခဲ့ပါ၊ တံခါး မပိတ်ထားဘူး"

အထဲမှ ဝေ့ရှီယု၏ ညင်သာသော လေသံလေး ထွက်ပေါ်လာသည်။ ကျိုးဟောက်ယွီ တံခါးကို တွန်းဖွင့်၍ အထဲသို့ ဝင်လိုက်သည့် အခါတွင် ဝေ့ရှီယုသည် သူမ၏ စာရေးစားပွဲတွင် ထိုင်လျက် ကွန်ပျူတာပေါ်၌ တစ်ခုခုကို အသည်းအသန် ရိုက်နှိပ်နေသည်ကို တွေ့လိုက်ရ၏။

"မင်း ဘာတွေ လုပ်နေတာလဲ"

ကျိုးဟောက်ယွီမှ အလိုအလျောက် မေးမြန်းလိုက်မိသည်။

"နင့်အတွက် စာချုပ်တစ်ခု ပြင်ဆင်ပေးနေတာလေ"

ဝေ့ရှီယု တည်ငြိမ်သော လေသံဖြင့် ပြောဆိုရန် ကြိုးစားနေသော်လည်း သူမ၏ နှုတ်ခမ်းအစုံထက်တွင်မူ လှည့်စားလိုသော အပြုံးရိပ်လေးတစ်ခု မသိမသာ ဖြတ်ပြေးသွားခဲ့သည်။

"စာချုပ် ဟုတ်လား၊ ဘာစာချုပ်လဲ"

ကျိုးဟောက်ယွီမှ အံ့ဩတုန်လှုပ်စွာ မေးသည်။

"သက်တော်စောင့် စာချုပ်လေ၊ အခု ပြီးခါနီးနေပြီဒီကိုလာပြီး တစ်ချက်လောက် ကြည့်လိုက်ဦး"

ဝေ့ရှီယု မတ်တတ်ရပ်လိုက်ပြီး ကျိုးဟောက်ယွီကို အနားသို့ လာရန် လက်ဟန်ခြေဟန် ပြလိုက်သည်။

"ငါက မင်းရဲ့ သက်တော်စောင့် လုပ်မယ်လို့ သဘောမတူရသေးပါဘူးနော်"

ကျိုးဟောက်ယွီမှာ ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး သူ့လေသံထဲတွင် မကျေနပ်မှု အနည်းငယ် ပါဝင်နေသည်။

"ကဲပါ၊ အရင်ဆုံး လာပြီး ကြည့်လိုက်ပါဦး၊ ငါက ဒီစာချုပ်အတွက် အချိန်အများကြီး ပေးပြီး ပြင်ဆင်ထားရတာမလို့ နင့်အနေနဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကိုတော့ နည်းနည်းပါးပါး လေးစားမှု ရှိသင့်တာပေါ့"

ဝေ့ရှီယုမှ သူမ၏ ပန်းရောင်နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ညင်သာစွာ ဆိုသည်။

"ဒါဆိုရင်လည်း ပြီးရောလေ"

ကျိုးဟောက်ယွီသည် မတတ်သာသည့်အဆုံး စာရေးစားပွဲတွင် ထိုင်လိုက်ပြီး ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ စာရွက်စာတမ်းကို လှမ်းကြည့်လိုက်သည်။ သူထိုစာချုပ်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ရုံရုံဖြင့် မျက်မှောင်ကြုတ်သွားရတော့၏။

ငါးစက္ကန့်ပင် မပြည့်သေးခင်မှာပင် သူသည် ဆက်လက်၍ မကြည့်ရှုနိုင်တော့ဘဲ ကုန်းထရပ်လိုက်ပြီး ပြောခလိုက်သည်။

"ဒါက စာချုပ် ဟုတ်လား၊ ကြည့်ရတာ ကျွန်စာချုပ်နဲ့ ပိုပြီး တူနေသလိုပဲ"

ကျိုးဟောက်ယွီမှ ဒေါသတကြီး ပြောဆိုတော့သည်။

"အကယ်၍ နင့်အနေနဲ့ မကျေနပ်တဲ့ အချက်အလက်တွေ ရှိနေမယ်ဆိုရင်လည်း ငါတို့တွေ ထပ်ပြီး ဆွေးနွေးလို့ ရတာပဲ၊ ဒီစာချုပ်က ငါ့ရဲ့ သဘောဆန္ဒ တစ်ခုတည်းနဲ့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး၊ နင့်ရဲ့ သဘောထားကလည်း အရေးကြီးပါတယ်"

ဝေ့ရှီယုမှ တည်ငြိမ်အေးဆေးစွာဖြင့် ညင်သာစွာ ဆိုရှာသည်။ ကျိုးဟောက်ယွီသည် သူမ၏ ထောင်ချောက်ထဲသို့ တည့်တည့်မတ်မတ် သက်ဆင်းသွားခဲ့ပြီဖြစ်၏။ သူသည် ထိုစကားကို ကြားသောအခါ အလိုအလျောက် ကွန်ပျူတာမျက်နှာပြင်ကို လက်ညှိုးထိုးပြလျက် မကျေနပ်သည့် အချက်အလက်များကို တရစပ် ပြောဆိုဝေဖန်တော့သည်။ ဝေ့ရှီယုမှာ ဘာစကားတစ်ခွန်းမှ ပြန်လည်မချေပဘဲ ကျိုးဟောက်ယွီ ပြောသမျှ အချက်အလက်တိုင်းကို လိုက်လံပြင်ဆင်ပေးခဲ့ပြီး သူပြောဆိုပြီးဆုံးသွားသည့် အခါတွင်မှ စာချုပ်ကို ပရင်တာဖြင့် ချက်ချင်း ရိုက်နှိပ်ထုတ်ယူလိုက်တော့သည်။

"နေဦး ခဏနေပါဦး၊ ငါက မင်းရဲ့ သက်တော်စောင့် လုပ်ပါ့မယ်လို့ မပြောရသေးဘူးလေ"

ကျိုးဟောက်ယွီသည် ပရင်တာထဲမှ စာရွက်အချို့ ချက်ချင်း ထွက်ပေါ်လာသည်ကို ကြည့်ရင်းဖြင့် ကြောင်အမ်းအမ်း ဖြစ်နေရရှာသည်။

"ဟေး"

ဝေ့ရှီယုမှ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ဖြင့် ဆိုသည်။

"ငါက နင်ပြောတဲ့အတိုင်း တစ်ချက်မကျန် လိုက်ပြီး ပြင်ဆင်ပေးခဲ့တာနော်၊ စာရိုက်လွန်းလို့ ငါ့လက်တွေတောင် နာနေပြီ၊ နင်က အခုကျမှ ငါ့ကို လာပြီး နောက်နေတာလား"

"ငါက မင်းကို နောက်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့"

ကျိုးဟောက်ယွီ၏ နှုတ်ခမ်းများ တုန်ရီသွားပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

"နောက်နေတာ မဟုတ်ဘူးဆိုရင်လည်း အခုချက်ချင်း လက်မှတ်ထိုးလိုက်စမ်းပါ၊ ယောက်ျားရင့်မာကြီး ဖြစ်ပြီးတော့မှ မိန်းမတွေလိုမျိုး တွေဝေမနေစမ်းပါနဲ့"

ဝေ့ရှီယုမှ အသစ်စက်စက် ရိုက်နှိပ်ထုတ်ထားသော စာချုပ်ကို ကောက်ယူပြီး ကျိုးဟောက်ယွီ၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

"ကောင်းပြီလေ"

ကျိုးဟောက်ယွီသည် မိမိ၏ ကံကြမ္မာကို အရှုံးပေးလိုက်ရသကဲ့သို့ စာချုပ်ကို စာရေးစားပွဲပေါ်သို့ တင်လိုက်ပြီး ဘေးနားရှိ ဘောပင်ကို ကောက်ယူကာ သူ့အမည်ကို ချက်ချင်းပင် လက်မှတ်ရေးထိုးလိုက်တော့သည်။

"ကဲ၊ အခုဆိုရင် ငါတို့တွေ တစ်ယောက်တစ်စောင်စီ သိမ်းထားကြတာပေါ့၊ နောက်နောင်ကျရင် နင်က ငါ့ရဲ့ သက်တော်စောင့် ဖြစ်သွားပြီမလို့ နာခံဖို့ကိုလည်း မမေ့နဲ့ဦး၊ သဘောပေါက်တယ် မဟုတ်လား"

ဝေ့ရှီယုမှ စာချုပ်ပေါ်တွင် သူမအမည်ကိုပါ လက်မှတ်ရေးထိုးပြီးနောက် ကျိုးဟောက်ယွီကို ပြုံးပြုံးလေး ကြည့်ကာ ဆိုသည်။

"ငါက မင်းရဲ့ ကျွန်မှ မဟုတ်တာ ဘာဖြစ်လို့ မင်းပြောသမျှကို နာခံနေရမှာလဲ"

ကျိုးဟောက်ယွီမှ နှုတ်ခမ်းကို မဲ့လိုက်ပြီး ရိုးသားစွာဖြင့် ဆိုပြန်သည်။

"စာချုပ်ထဲမှာ ပါတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ လုပ်ကြတာပေါ့၊ အဲဒါက အကောင်းဆုံး နည်းလမ်းပဲလို့ ငါထင်တယ်"

"ဒီစာချုပ်ကို နင့်ရဲ့ သဘောဆန္ဒအတိုင်း ပြင်ဆင်ပေးထားတာဆိုတော့ နင့်အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်နေတာပေါ့"

ဝေ့ရှီယုမှာ မတတ်နိုင်ဟန်ဖြင့် ညည်းတွားလိုက်သည်။ အမှန်တကယ်တော့ စာချုပ်ထဲမှ အချို့သော စည်းမျဉ်းစည်းကမ်းများမှာ သူမအတွက် အနည်းငယ် နစ်နာလှပေ၏။ ပုံမှန်အခြေအနေမျိုးတွင် ဆိုပါက သူမအနေဖြင့် လုံးဝ သဘောတူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ကျိုးဟောက်ယွီကို မိမိ၏ သက်တော်စောင့်အဖြစ် ရရှိရန်အတွက် သူမမှာ တခြားရွေးချယ်စရာ လမ်းမရှိခဲ့ချေ။

"ငါကတော့ ဂရုမစိုက်ဘူးလေ၊ စာချုပ်ကလည်း လက်မှတ်ထိုးပြီးသွားပြီဆိုတော့ အခုကျမှ နောင်တရလို့လည်း မရတော့ဘူး"

ကျိုးဟောက်ယွီ ခပ်ဟဟ ရယ်မောလိုက်ပြီး ဝေ့ရှီယု၏ သက်တော်စောင့် လုပ်ရတာကလည်း သိပ်ပြီး မဆိုးလှပါဘူးဟု တွေးတောနေမိသည်။ ဘာပဲဖြစ်ဖြစ် စာချုပ်တစ်ခုလုံးမှာ သူ၏ စိတ်ကူးစိတ်သန်းအတိုင်း ဖြစ်လာခဲ့ရုံမျှမက၊ အရေးအကြီးဆုံး အချက်မှာ ကျိုးဟောက်ယွီ အနေဖြင့် လွတ်လပ်ခွင့် အများကြီး ရရှိထားပြီး နေ့တိုင်း ဝေ့ရှီယု၏ အနားတွင်သာ အမြဲတမ်းနေဖို့ မလိုခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးဟောက်ယွီသည် ပိုက်ဆံရှာရန်အတွက် ဒီဒီ မောင်းနှင်နေခြင်း သက်သက်သာ မဟုတ်ဘဲ ထိုအလုပ်မှာ နတ်ဘုရားများ၏ အနားသို့ ချဉ်းကပ်နိုင်မည့် သူ၏ တစ်ခုတည်းသော လမ်းစဖြစ်သဖြင့် သူ ဤအလုပ်ကို လွယ်လွယ်ကူကူနှင့် စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

"ဟူး၊ ငါ တကယ်ပဲ နင့်ရဲ့ ပရိယာယ်ထဲကို သက်ဆင်းသွားခဲ့ရတာပဲ"

ဝေ့ရှီယုမှာတော့ မျက်နှာပြင်ထက်တွင် မကျေမနပ်ဖြစ်နေသော အမူအရာကို တမင်တကာ သရုပ်ဆောင်ပြလိုက်သည်။ သို့သော်လည်း မည်သူမှာ မည်သူ့ကို ထောင်ချောက်ဆင်ပြီး ဖမ်းဆီးလိုက်နိုင်သလဲဆိုတာကိုတော့ သူမတစ်ဦးတည်းသာ အသိဆုံး ဖြစ်ပေ၏။

"ကဲပါ၊ အခု ဆုံးဖြတ်ပြီးသား ကိစ္စတွေကို ထပ်ပြီး ပြောမနေပါနဲ့တော့၊ ငါက အခုမှ မင်းရဲ့ သက်တော်စောင့် စလုပ်ရတာဆိုတော့ စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေတယ်၊ အမြန်ဆုံး အလုပ်စလုပ်ချင်လှပြီ"

ကျိုးဟောက်ယွီမှ အားရပါးရ ရယ်မောလိုက်သည်။ ဝေ့ရှီယု၏ အရှုံးပေးလိုက်ရသော မျက်နှာပေးလေးကို မြင်တွေ့ရသည့်အခါ သူသည် မိမိကိုယ်မိမိ အမြတ်ရလိုက်သည်ဟု ထင်မှတ်လျက် အလွန်ပင် ကျေနပ်အားရနေမိတော့၏။

"ဒါဆိုရင်လည်း သွားကြစို့၊ ကုမ္ပဏီကို သွားရမယ် ဒီနေ့ မနက်ခင်းမှာ ငါ ဖြေရှင်းရမယ့် အလုပ်တွေ အများကြီး ရှိနေသေးတယ်"

ဝေ့ရှီယုမှာ ပြောပြောဆိုဆိုဖြင့် တံခါးအပြင်ဘက်ဆီသို့ အရင်ဆုံး လှမ်းထွက်ခဲ့တော့သည်။ ကျိုးဟောက်ယွီလည်း သူမ၏ အနောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာခဲ့၏။ ကားအနားသို့ ရောက်ရှိသွားသည့် အခါတွင် သူသည် ခြေလှမ်းကို အမြန်ဆုံး သွက်လိုက်ပြီး ဝေ့ရှီယုအတွက် ကားတံခါးကို အလိုက်တသိ ဖွင့်လှစ်ပေးလိုက်ကာ ရယ်မောလျက် ဆိုသည်။

"သခင်မလေးဝေ့၊ ကားပေါ်ကို ကြွပါဦး"

"မဆိုးပါဘူး၊ အပြုအမူလေးက တော်တော်လေး စမတ်ကျသားပဲ"

ဝေ့ရှီယုမှ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်နှာထက်တွင်လည်း အပြုံးချိုချိုလေးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

"စိတ်မပူပါနဲ့၊ ငါ့ကို မင်းရဲ့ သက်တော်စောင့်အဖြစ် ငှါးလိုက်တာက မင်းရဲ့ ဘဝတစ်ခုလုံးမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာစေရမယ်၊ မင်း ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"

ကျိုးဟောက်ယွီ လေလုံးထွားလိုက်ပြီး ကားမောင်းနေစဉ်အတွင်းမှာပင် မိမိဘာသာ သီချင်းတည်းတည်းကို တိုးတိုးလေး လေချွန်ရင်း လိုက်ပါလာခဲ့တော့သည်။ သူသည် အစပိုင်းတွင် သက်တော်စောင့် မလုပ်ချင်ပါဘူးဟု ငြင်းဆန်ခဲ့ရာမှ ယခုအခါတွင်တော့ မိမိကိုယ်မိမိ ဂုဏ်ယူဝင့်ကြွားနေမိသည်အထိ ဘယ်လိုမျိုး ပြောင်းလဲသွားခဲ့သလဲဆိုတာကို လုံးဝ မေ့လျော့နေခဲ့ပြီဖြစ်၏။ ဤကဲ့သို့သော သိမ်မွေ့လှသည့် စိတ်နေစိတ်ထား အပြောင်းအလဲ အားလုံးမှာတော့ ဝေ့ရှီယု၏ ကြိုတင်တွက်ချက်ထားသော ထိန်းချုပ်မှုအောက်တွင်သာ ရှိနေခဲ့ခြင်းဖြစ်သည်။ သူမ၏ ကုမ္ပဏီကြီးမှာ ဤမျှအထိ အောင်မြင်ကျော်ကြားနေရခြင်းမှာ တကယ့်ကို အကြောင်းမဲ့ မဟုတ်ပေ။

All Chapters