← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

141

ယွီမေကုမ္ပဏီသို့ ရောက်ရှိပြီးနောက် ကျိုးဟောက်ယွီသည် ဝေ့ရှီယု၏ အနောက်မှ ထပ်ချပ်မကွာ လိုက်ပါကာ သူမ၏ ရုံးခန်းထဲသို့ ဝင်ခဲ့ပြီးနောက် ဆိုဖာပေါ်တွင် ပျင်းရိပျင်းတွဲ လှဲလျောင်းလျက် ဖုန်းကိုသာ အသည်းအသန် ကစားနေတော့သည်။ ဝေ့ရှီယုမှာ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ အရင်နေ့တုန်းက မိန်းကလေးတစ်ယောက်နှင့် WeChat မှာစာပြန်နေခဲ့သော သူ့ပုံရိပ်ကို ပြန်လည်မြင်ယောင်လာကာ ရင်ထဲတွင် မကျေမနပ် ဖြစ်လာရတော့သည်။ သူမ ချက်ချင်းပင် လေသံကို တင်းပြီးပြောလိုက်၏။

"နည်းနည်းပါးပါးတော့ ပရော်ဖက်ရှင်နယ် ဆန်စမ်းပါဦး၊ နင်က ငါ့ရဲ့ သက်တော်စောင့်နော်၊ ငါ့ရဲ့ ဘိုးဘေးမဟုတ်ဘူး၊ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ အားနာပါးနာမရှိ ဖုန်းပဲ ထိုင်ကစားနေလို့ မရှက်ဘူးလား"

"အာ"

ကျိုးဟောက်ယွီမှ မိမိ၏ နှာခေါင်းကို အသာသပ်ရင်း အနည်းငယ် အနေရခက်စွာဖြင့် ပြန်လည်ရှင်းပြရှာသည်။

"မင်းက ရုံးခန်းထဲမှာပဲ ရှိနေတာလေ ဘာအန္တရာယ်မှ မရှိပါဘူး၊ ငါက သက်တော်စောင့်ဆိုတော့လည်း အခုလောလောဆယ် ဘာမှလုပ်စရာ မရှိလို့ပါ"

"ဘယ်သူက နင့်ကို လုပ်စရာမရှိဘူးလို့ ပြောလို့လဲ"

ဝေ့ရှီယုမှ ချက်ချင်းပင် တည်တည်တံ့တံ့ဖြင့် ပြောလာသည်။

"နင်က သက်တော်စောင့်ဆိုတာ အလုပ်ရှင်ကို ဘေးအန္တရာယ်ကနေ ကာကွယ်ပေးဖို့ သက်သက်ပဲလို့ ထင်နေတာလား၊ မှားနေပြီ သက်တော်စောင့်တွေမှာ နောက်ထပ် အရေးကြီးတဲ့ တာဝန်တစ်ခု ရှိသေးတယ်၊ အဲဒါက အလုပ်ရှင်ရဲ့ အနောက်မှာ အမြဲတမ်း တည်တည်ခန့်ခန့် ရပ်နေပြီးတော့မှ၊ အလုပ်ရှင်ရဲ့ ဂုဏ်သိက္ခာနဲ့ အရှိန်အဝါကို ပိုပြီးတော့ တောက်ပလာအောင် လုပ်ပေးရတာပဲ"

"ဂုဏ်သိက္ခာကို မြှင့်တင်ပေးတယ်ဆိုတာက အပြင်လူတွေ ရှိတဲ့အချိန်မှ လုပ်ရတာလေ၊ အခု ဒီရုံးခန်းထဲမှာ ငါတို့နှစ်ယောက်တည်း ရှိတာကို ဘယ်သူ့ကို သွားပြီး အရှိန်အဝါ ပြနေရမှာလဲ"

ကျိုးဟောက်ယွီမှ ခါးသီးသော အပြုံးဖြင့် ဆိုသည်။

"ဘယ်သူက ငါတို့နှစ်ယောက်တည်း ရှိတယ်လို့ ပြောလဲ?"

ဝေ့ရှီယုမှ မျက်ခုံးလေးပင့်ကာ ရွှန်းရွှန်းဝေအောင် ပြန်လည်ချေပလိုက်သည်။

"ခဏနေရင် အလုပ်ကိစ္စတွေ လာပြီး အစီရင်ခံဖို့ လူတွေကို ငါခေါ်ထားတယ်၊ အဲဒါကြောင့်မလို့ အခုချက်ချင်း အနားကို လာပြီး သေသေချာချာ မတ်တတ်ရပ်စမ်းပါ ဖုန်းကစားမနေနဲ့တော့"

"ကဲ ဟုတ်ပါပြီ၊ မင်း သဘောအတိုင်းပဲ လုပ်ပါတော့"

ကျိုးဟောက်ယွီမှ သက်ပြင်းချလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် သက်တော်စောင့် စာချုပ်တစ်ခုလုံးကို သူ၏ သဘောဆန္ဒအတိုင်း ပြင်ဆင်ထားခဲ့သည်မှာ မှန်သော်လည်း သက်တော်စောင့်တစ်ယောက်၏ ရာထူးဂုဏ်သိက္ခာကို အလုပ်ရှင်ထက် သာလွန်အောင် စာချုပ်ထဲတွင် ထည့်သွင်းထားဖို့မှာတော့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ထိုသို့လုပ်ပါက တကယ့်ကို ရယ်စရာကြီး ဖြစ်သွားပေလိမ့်မည်။

"သေသေချာချာ မတ်တတ်ရပ်နေနော်၊ နောက်ကျရင် ငါ့ကို မျက်နှာပျက်အောင် မလုပ်နဲ့ဦး"

ဝေ့ရှီယုမှ ခပ်ဟဟ ရယ်မောရင်း ဆိုသည်။

"သဘောပေါက်ပါပြီ သခင်မလေးဝေ့၊ မင်းကို လုံးဝ မျက်နှာမပျက်စေရပါဘူးလို့ ငါကတိပေးပါတယ်"

ကျိုးဟောက်ယွီသည် လက်နှစ်ဖက်ကို ဘေးတွင် ကပ်လျက် ဝေ့ရှီယု၏ အနောက်တွင် တည်ငြိမ်စွာဖြင့် တည့်တည့်မတ်မတ် ရပ်လိုက်တော့သည်။

"အင်း မဆိုးပါဘူး"

ဝေ့ရှီယုမှ အနောက်သို့ လှည့်ကြည့်ကာ ကျေနပ်အားရသွားပြီး စားပွဲပေါ်ရှိ ဖုန်းကို ကောက်ကိုင်လျက် တည်ကြည်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

"ရှောင်ဝမ်၊ ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ ဌာနဆိုင်ရာ အကြီးအကဲ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် ငါ့ရုံးခန်းထဲကို လာပြီး အလုပ်ကိစ္စတွေ အစီရင်ခံဖို့ အကြောင်းကြားလိုက်ပါ"

စကားပြောပြီးနောက် ဝေ့ရှီယုသည် စားပွဲပေါ်ရှိ အချက်အလက် အစီရင်ခံစာများကို ကောက်ယူကာ သေသေချာချာ အာရုံစိုက်၍ စစ်ဆေးနေတော့သည်။ သူမအနောက်တွင် ရပ်နေသော ကျိုးဟောက်ယွီမှာမူ အလုပ်ကို ဤမျှအထိ ကြိုးကြိုးစားစားနှင့် အာရုံစိုက်လုပ်ကိုင်နေသော ဝေ့ရှီယုကို ကြည့်ရင်းဖြင့် ဤမိန်းမတွင် တခြားအချိန်များနှင့်မတူသော ထူးခြားလှသည့် ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ မကြာမီမှာပင် ရုံးခန်းတံခါး ခေါက်သံ ထွက်ပေါ်လာခဲ့သည်။

"ဝင်ခဲ့ပါ"

ဝေ့ရှီယုမှ ဆိုလိုက်သည့်အခါ အသက်လတ်ပိုင်း အရွယ်ရှိသော အမျိုးသားတစ်ဦး လှမ်းဝင်လာခဲ့သည်။ သူသည် အစပိုင်းတွင် ဝေ့ရှီယု၏ အနောက်၌ ရပ်နေသော ကျိုးဟောက်ယွီကို အံ့ဩတုန်လှုပ်စွာဖြင့် တစ်ချက်မျှ လှမ်းကြည့်လိုက်သော်လည်း ထို့နောက်တွင်တော့ သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ ဝေ့ရှီယုထံသို့ သူ့အလုပ်ကိစ္စများကို တရစပ် သေသေချာချာ အစီရင်ခံတော့၏။ ဝေ့ရှီယုမှာတော့ ဘာစကားမှ ဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်ရင်း လက်ထဲမှ အစီရင်ခံစာများကို တဖျတ်ဖျတ် လှန်လှောကြည့်ရှုနေခဲ့သည်။ ထိုသူ စကားပြောပြီးသွားသည့် အခါမှသာ သူမ မျက်နှာကို မော့လိုက်ပြီး စူးရှလှသော အကြည့်ဖြင့် ပြတ်ပြတ်သားသား ဆိုလိုက်၏။

"ရှင့်ရဲ့ အစီရင်ခံချက်တွေက ပြောတဲ့အချိန်မှာကောင်းပေမဲ့ လက်တွေ့ အလုပ်လုပ်ဆောင်မှု ရလဒ်တွေကတော့ တကယ့်ကို ဆိုးရွားလွန်းတယ်၊ ကျွန်မ အများကြီး ထပ်ပြီး မပြောချင်တော့ဘူး၊ အကယ်၍ နောက်လမှာ ရှင့်ရဲ့ စွမ်းဆောင်ရည်က သိသိသာသာ တိုးတက်မလာဘူးဆိုရင်တော့ ရှင့်ဘာသာရှင် ရာထူးကနေ နှုတ်ထွက်စာ တင်လိုက်ပါတော့"

"သခင်မလေးဝေ့ ကျွန်တော် တကယ်ကို ကြိုးစားပြီး လုပ်ကိုင်ခဲ့တာပါ၊ ဒီလမှာ ရလဒ်တွေ မကောင်းရတာကတော့ ဘာဖြစ်လို့လဲဆိုတော့"

သက်လတ်ပိုင်း အမျိုးသားမှာ အသည်းအသန် ပြန်လည်ရှင်းပြရန် ကြိုးစားရှာသည်။ သို့သော်လည်း ဝေ့ရှီယု လက်ကို အသာအယာ ဝှေ့ယမ်းပြရင်း သူ့စကားကို ဖြတ်တောက်ပစ်လိုက်၏။

"ကျွန်မကိုလာပြီး ဆင်ခြေတွေ ပေးမနေနဲ့ဦး၊ ကျွန်မ အဲဒီအကြောင်းတွေကို မကြားချင်ဘူး၊ ရှင် ထွက်သွားလို့ ရပါပြီ"

"ဟုတ်ကဲ့ ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော် သွားခွင့်ပြုပါဦး"

ထိုအမျိုးသားသည် စိတ်ဓာတ်ကျဆင်းနေသော မျက်နှာပေးဖြင့် ကျောကုန်းလျက် အခန်းထဲမှ ဒယိမ်းဒယိုင် ထွက်ခွာသွားရတော့သည်။ ထို့နောက်တွင်တော့ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲသို့ လှမ်းဝင်လာကြ၏။ အချို့သော လူများမှာ ဝေ့ရှီယု၏ ပြင်းထန်စွာ ဝေဖန်အပြစ်တင်ခြင်းကို ခံလိုက်ရပြီး အချို့သော လူများမှာမူ သူမ၏ ချီးမွမ်းခြင်းကို ရရှိကြသည်။ ဝေဖန်သည်ဖြစ်စေ၊ ချီးမွမ်းသည်ဖြစ်စေ ဝေ့ရှီယုသည် အမြဲတမ်း ပွင့်ပွင့်လင်းလင်းနှင့် ပြတ်ပြတ်သားသားပင် ဆိုစမြဲဖြစ်သည်။ စကားအပို တစ်ခွန်းမှ မပြောဘဲ ရိုးရှင်းဖြောင့်မတ်လှသဖြင့် သူမ၏ အလုပ်လုပ်ဆောင်မှု စွမ်းရည်မှာ အလွန်ပင် မြင့်မားလှပေ၏။ သူမအနောက်တွင် ရပ်နေသော ကျိုးဟောက်ယွီမှာမူ ဤချမ်းသာကြွယ်ဝလှသော သခင်မလေး၏ တခြားအချိန်များနှင့်မတူဘဲ ထက်မြက်ပြီး စွမ်းဆောင်ရည် ပြည့်ဝလှသော အရည်အချင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရတော့သည်။

မွန်းလွဲပိုင်း တစ်နာရီ၊ နှစ်နာရီခန့်အထိ ကုမ္ပဏီ၏ အဆင့်မြင့်အရာရှိ အားလုံး၏ အစီရင်ခံချက်များကို နားထောင်ပြီးသွားသည့် အခါမှသာ ဝေ့ရှီယုသည် ထိုင်ခုံမှ မတ်တတ်ရပ်လိုက်ပြီး ပျင်းကြောဆန့်လိုက်တော့သည်။ ဝေ့ရှီယုသည် ခေါင်းကို အနောက်သို့ အသာအယာ လှည့်လိုက်သည့်အခါ မိမိအနောက်တွင် မတ်တတ်ရပ်နေဆဲဖြစ်သော ကျိုးဟောက်ယွီကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားရကာ ခန္ဓာကိုယ် ဟန်ချက်ပျက်ပြီး အနောက်သို့ လဲကျလုနီးပါး ဖြစ်သွားရတော့၏။

"အမလေး၊ နင်တော့ ငါ့ကို လန့်သေအောင် လုပ်တော့မှာပဲ"

ကံကောင်းထောက်မစွာဖြင့် ကျိုးဟောက်ယွီ၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသဖြင့် သူ၏ ကျယ်ပြန့်လှသော လက်ဖဝါးကြီးဖြင့် ဝေ့ရှီယု၏ သေးသွယ်လှသော ခါးလေးကို အမိအရ လှမ်း၍ ဖက်ထိန်းပေးလိုက်နိုင်သည်။

"ငါက မင်း မတ်တတ်ရပ်နေဆိုလို့ ရပ်နေတာလေ၊ အခု မင်းက လန့်သွားတယ်ဆိုတော့လည်း မင်းရဲ့ ကံကြမ္မာ ဆိုးလို့ပဲပေါ့၊ အကယ်၍ ငါသာ စောစောက ဆိုဖာပေါ်မှာ လှဲနေခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာစရာ အကြောင်းမရှိဘူး"

ကျိုးဟောက်ယွီမှ ခပ်ဟဟ ရယ်မောရင်း သရော်လိုက်သည်။

"ငါ့ကို အခုချက်ချင်း လွှတ်စမ်း"

ဝေ့ရှီယုမှာ အလွန်အမင်း အရှက်တရ ဖြစ်သွားရတော့သည်။ သူမသည် အနောက်သို့ လဲကျလုနီးပါး ဖြစ်နေခဲ့သဖြင့် ခန္ဓာကိုယ် ထက်ဝက်နီးပါးမှယ ကျိုးဟောက်ယွီ၏ ရင်ဘတ်ကျယ်ကြီးနှင့် ထိကပ်နေခဲ့ရုံမျှမက သူမ၏ ခါးသွယ်သွယ်လေးကိုလည်း သူ၏ ကြမ်းတမ်းလှသော လက်ဖဝါးကြီးဖြင့် ဆုပ်ကိုင်ခြင်း ခံထားရသဖြင့် သူမကို အလွန်အမင်း နေရခက်စေခဲ့၏။

"အကယ်၍ ငါက အခု လွှတ်လိုက်မယ်ဆိုရင်တော့ မင်းရဲ့ ခါးအောက်က လုံးဝန်းအိစက်နေတဲ့ အစိတ်အပိုင်းက နှစ်ခြမ်း ကွဲထွက်သွားလိမ့်မယ်နော်"

ကျိုးဟောက်ယွီမှ မထိတထိဖြင့် နောက်ပြောင်လိုက်မိသည်။ သို့သော်လည်း စကားလုံးများ နှုတ်မှ ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် သူသည် မိမိ၏ မှားယွင်းမှုကို ချက်ချင်း သတိပြုမိလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဝေ့ရှီယု၏ ထိုလုံးဝန်းလှသော အစိတ်အပိုင်းမှာ ကွဲထွက်သွားသည်ဖြစ်စေ၊ မကွဲထွက်သွားသည်ဖြစ်စေ မူလကတည်းက နှစ်ခြမ်း ရှိနေပြီးသား မဟုတ်ပါလား။

"နင် တကယ် သေချင်နေတာပဲ"

ဝေ့ရှီယုမှ သွားကြိတ်လျက် ဆိုလိုက်ရာ သူမ၏ မျက်ဝန်းအစုံထဲတွင်လည်း ဒေါသမီးလျှံများ တောက်လောင်နေတော့သည်။

"အဟမ်း ကဲပါ၊ ငါ နောက်လိုက်တာပါ စိတ်မဆိုးပါနဲ့ဦး"

ကျိုးဟောက်ယွီမှ ကပျာကယာ ဆိုလိုက်ပြီး ဝေ့ရှီယုကို ထိုင်ခုံပေါ်တွင် သေသေချာချာ ပြန်လည် ထိုင်ခိုင်းလိုက်သည်။

"နင့်လို အရေထူတဲ့ကောင် အမှန်အတိုင်း ဝန်ခံစမ်းပါ၊ စောစောက နင် ငါ့ကို ခိုးကြည့်နေတာ မဟုတ်လား"

ဝေ့ရှီယုသည် စောစောက သူတို့နှစ်ဦး ရှိနေခဲ့သော အနေအထားကို ပြန်လည်စဉ်းစားမိသည့်အခါ ကျိုးဟောက်ယွီအနေဖြင့် မည်သည့် ထောင့်စွန်းမှမဆို တစ်ခုခုကို မြင်တွေ့သွားခဲ့လိမ့်မည်ဟု သံသယဝင်မိခြင်းဖြစ်သည်။

"ငါက မင်းရဲ့ စားပွဲအောက်ထဲအထိ တွားဝင်ခဲ့တာမှ မဟုတ်တာ ဘာကို သွားပြီး ခိုးကြည့်ရမှာလဲ"

ကျိုးဟောက်ယွီမှ ဖြောင့်မတ်မှန်ကန်လှသော အမူအရာဖြင့် ပြန်လည်ချေပလိုက်သည်။

"သွားစမ်းပါ"

ဝေ့ရှီယု ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီး ဆိုသည်။

"ဘယ်သူက နင့်ကို စားပွဲအောက်ထဲအထိ တွားဝင်ခိုင်းလို့လဲ၊ နင့် စိတ်ထဲမှာ ဘာတွေ လျှောက်ပြီး တွေးတောနေတာလဲ"

"အကယ်၍ ငါဆိုလိုတာက အောက်ကနေ မဟုတ်ဘူးဆိုရင် အပေါ်ကနေ ကြည့်တာကို ပြောတာလား"

ကျိုးဟောက်ယွီမှ ခပ်ပေါ့ပေါ့ပင် မေးမြန်းလိုက်ပြီးနောက် သူ့အကြည့်များကို ဝေ့ရှီယု၏ ခန္ဓာကိုယ်ထက်တွင် တမင်တကာ ဝေ့ဝဲစေလိုက်သည်။ ထို့နောက်တွင်တော့ သူ့နှုတ်ခမ်းထက်၌ နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး သရော်လိုက်တော့၏။

"ကြည့်ရသလောက်တော့ မင်းရဲ့ ခန္ဓာကိုယ်မှာ ခိုးကြည့်စရာ ဘာမှလည်း ထူးထူးခြားခြား ရှိမနေပါဘူး ဟုတ်တယ်မလား"

"နင်ကတော့ တကယ့်ကို နာချင်နေပြီ"

ဝေ့ရှီယုမှ ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူမ၏ သေးငယ်လှသော လက်သီးဆုပ်လေးကို မြှောက်လျက် ကျိုးဟောက်ယွီ၏ ရင်ဘတ်ကို အားရပါးရ ထိုးပစ်လိုက်တော့သည်။

"ငါ့ကို ရိုက်ချင်တယ် ဟုတ်လား၊ ဒါဆိုရင် အရင်ဆုံး မိအောင် လိုက်ဖမ်းဦးလေ"

ကျိုးဟောက်ယွီမှ အားရပါးရ ရယ်မောလိုက်ပြီး ဝေ့ရှီယု၏ တိုက်ကွက်ကို ဖျတ်ခနဲ ရှောင်တိမ်းလိုက်သည်။

"မပြေးနဲ့ဦး အမိဖမ်းလို့ကတော့ သေအောင် ရိုက်ပစ်မယ်"

ဝေ့ရှီယုမှ ကျိန်ဆဲရင်း ကျိုးဟောက်ယွီ၏အနောက်သို့ လိုက်လံဖမ်းဆီးတော့သည်။ သို့သော်လည်း သူမကဲ့သို့သော မိန်းကလေးတစ်ယောက်မှာ ကျိုးဟောက်ယွီ၏ အရှိန်အဟုန်ကို ဘယ်လိုမျိုး အမှီလိုက်နိုင်ပါ့မည်နည်း။ နှစ်မိနစ်ပင် မပြည့်သေးခင်မှာပင် သူမသည် ခြေကုန်လက်ပန်းကျသွားကာ လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်လျက် အမောတကော ပြင်းထန်စွာ အသက်ရှူနေရတော့သည်။ ထိုမြင်ကွင်းကို မြင်သော် ကျိုးဟောက်ယွီသည် ကြမ်းပြင်ပေါ်သို့ တမင်တကာ ဟန်ဆောင်လျက် လဲကျပစ်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ဒီကြမ်းပြင်က ဘာဖြစ်လို့ ဒီလောက်အထိ ချောနေရတာလဲ"

"ဟွန့်၊ နင်က ထပ်ပြီး ထွက်ပြေးချင်သေးတယ် ဟုတ်လား"

ဝေ့ရှီယုမှ အောင်နိုင်သူတစ်ယောက်ကဲ့သို့ ကျေနပ်စွာ ပြုံးလိုက်ပြီး ခြေလှမ်းကို အမြန်ဆုံး သွက်လျက် ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်ပေါ်သို့ ခွစီးကာ သူမ၏ လက်သီးဆုပ်လေးများဖြင့် သူ့ရင်ဘတ်ကို ထိုးနှက်တော့သည်။

"အား နာလှချည်လား၊ နည်းနည်းပါးပါး ညှာပါဦး"

ကျိုးဟောက်ယွီမှ မိန်းကလေးတစ်ယောက်ကဲ့သို့ တမင်တကာ အသံကို ပျော့ပျောင်းအောင် လုပ်ပြီး ညည်းတွားပြလိုက်သည်။

"နင် နင် တကယ်ပဲ၊ လူကို ဒေါသထွက်လွန်းလို့သေအောင်လုပ်နေတာပဲ"

ဝေ့ရှီယုမှာ အလွန်အမင်း အရှက်ရပြီး ဒေါသထွက်သွားရတော့သည်။ ထိုအချိန်ကျမှသာ သူမသည် ကျိုးဟောက်ယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ခွစီးထားသော မိမိ၏ အနေအထားမှာ အလွန်ပင် မသင့်တော်ဘဲ ရိုင်းပျလှသည်ကို နောက်ကျမှ ရိပ်မိသွားရကာ၊ ကပျာကယာ ကုန်းထလိုက်တော့၏။ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော ကျိုးဟောက်ယွီ၏ အကြည့်များမှာမူ မရည်ရွယ်ဘဲနှင့် မမြင်အပ်သော မြင်ကွင်းတစ်ခုဆီသို့ ခေတ္တမျှ ရောက်ရှိသွားခဲ့သော်လည်း၊ သူသည် ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက် ဖြစ်သည့်အားလျော်စွာ အကြည့်များကို ချက်ချင်းပင် အဝေးသို့ လွှဲဖယ်လိုက်လေတော့သည်။

All Chapters