← Chapters

အသက်ရှင်လျက် လွတ်မြောက်ခြင်း

Vol. 016 Ch. 767

အသက်ရှင်လျက် လွတ်မြောက်ခြင်း

Vol. 016 Ch. 767

လောဘကြီး၏ ဆံပင်များပင် ထောင်မတ်သွားသည်။သူက ကောင်းကင်ဘုံစုံတွဲဝမ်ဝေ့နှင့်ဟူကျွမ်တို့၏ အဖမ်းခံရစဉ်ကပင် ခုလောက် သေခြင်းတရားနှင့် နီးကပ်သည်ဟု မခံစားမိခဲ့ပေ။

ထိုပုံရိပ်ယောင်လက်ချောင်းက ကောင်းကင်ဘုံတာအိုကနေ ဖြစ်ပေါ်လာသလား ထင်မှတ်ရသည်။၎င်းက ကောင်းကင်ဘုံနှင့် တစ်သားတည်း ဖြစ်နေ၏။

ယင်းလက်ချောင်းက ကျင့်ကြံသူတစ်ယောက် နားလည်နိုင်သော တာအိုလောက် မရိုးရှင်းပေ။

လောဘကြီး၏ ကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်ယင်အဆင့်သာ ဖြစ်သော်လည်း သူ့အဆက်အသွယ်များက သာမန်မဟုတ်ပေ။သူက ဒုတိယအဆင့်ရှိ လူများနှင့် အကျွမ်းတဝင် သိရှိသူ ဖြစ်သည်။ထို့ကြောင့် သူက ဒုတိယအဆင့်နှင့် ပတ်သတ်၍ လျှို့ဝှက်ချက်တော်တော်များများကိုလည်း သိရှိထားပေသည်။

သူက ထိုလက်ချောင်းအတွင်း၌ ကြောက်မက်ဖွယ်တာအို ပါဝင်နေကြောင်း သူက တစ်ချက် ကြည့်ရုံနှင့် ပြောနိုင်စွမ်း ရှိပေ၏။

လက်ချောင်းက ရှေ့သို့ ညွှန်လိုက်ရုံသာ ဖြစ်ပြီး မည်သည့်တုန်ခါမှုလှိုင်းမှ ထွက်ပေါ်သွားခြင်း မရှိပေ။ သေမျိုးတစ်ယောက်က လက်ညွှိုးထိုးလိုက်သလောက်သလောက်သာ ရှိ၏။

သို့သော် ထိုအရာကပင် ဝမ်လင်း၏ မျက်လုံးသူငယ်အိမ်ကို ကျုံ့သွားစေသည်။သူက ထိုလက်ညွှိုးနှင့် တွေ့ဆုံရသည်နှင့် သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားတော့မတက် ခံစားလိုက်ရသည်။

လောဘကြီးက ပို၍ နီးသဖြင့် ထိုအစားချက်က သူ့အတွက် အဆများစွာ ပိုပြင်းထန်နေသည်။သူက တောင်တန်းနှင့်မြစ်အကာအရံအတွင်း၌ ချက်ခြင်းနောက်သို့ ဆုတ်၏။

ထိုအခိုက်အတန့်တွင် တောင်တန်းနှင့်မြစ်အကာအရံသည် သည်ဧရိယာကို လွှမ်းခြုံထားခြင်း ဖြစ်သည်။သို့ရာတွင် မည်သို့ပင်ဖြစ်စေ လက်ချောင်းကတော့ တောင်တန်းနှင့်မြစ်ကို ထွင်းဖောက်ကာ ဖိချလာချေသည်။

အကာအရံကနေ အက်ကွဲသံများ ထွက်ပေါ်လာကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများလည်း ပေါ်လာသည်။ လောဘကြီးက နောက်သို့ အမြန်ဆုတ်နေရင်း သွေးအန်လိုက်ရ၏။သူ့ဒဏ်ရာများက ဆိုးရွားနေခဲ့ချေပြီ။

ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက ရပ်တန့်သွားခြင်း မရှိဘဲ လောဘကြီးအပေါ်သို့ ဖိနှိပ်ကျရောက်လာ၏။

ဝမ်လင်းက တောင်တန်းနှင့်မြစ်အကာအရံကို စူးစိုက်ကြည့်နေ၏။ ထိုအကာအရံက အက်ကွဲကြောင်းများ ရှိနေသော်လည်း ၎င်း၏စွမ်းအားကို ပိုင်ဆိုင်ထားဆဲသာ ဖြစ်သည်။သူ့မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက လက်ချောင်းသည် လောဘကြီးထံသို့ ဦးတည်သွားသည် မြင်သည်နှင့် ဝမ်လင်းက အံတင်းတင်း ကြိတ်သည်။ထို့နောက် သူက အရိုးကို ကောင်းကင်ဘုံသက်တော်စောင့်နှင့် ထားခဲ့ကာ တည်နေရာရွှေ့ပြောင်းလိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အကာအရံနားသို့ ရောက်ရှိသွား၏။

ခုချိန်၌ လောဘကြီးသည် ဝမ်လင်း သူ့ရတနာကို ခိုးယုခြင်းနှင့် ပတ်သတ်၍ စိတ်မဝင်စားနိုင်သေးချေ။သူက အမြန်ဆုံးနည်းနှင့် လွတ်မြောက်နိုင်ရန်သာ လှုပ်ရှားနေရ၏။

ရှေးဟောင်းနတ်ဘုရား လက်ချောင်းက ရုတ်တရက် တန့်သွားကာ ဝမ်လင်းရှိရာဘက်သို့ လှည့်လာ၏။

ဝမ်လင်းဦးရေပြားက တင်းကြပ်သွား၏။ချက်ခြင်းပင် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို သူ့ညာလက်ချောင်းထိပ်၌ စုစည်းကာ အော်ပြောလိုက်သည်။ “ရပ်တန့်ခြင်း…”

သူ့ပစ်မှတ်က ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းမဟုတ်ဘဲ လောဘကြီးထံသို့သာ ဖြစ်သည်။

လောဘကြီးမျက်လုံးက ချင်းချင်းနီရဲနေ၏။သူ့ခန္ဓာကိုယ်က ခဏတာ ရုတ်တရက် ရပ်တန့်သွားသည်။သူက စိတ်ထဲ၌ ကျိန်ဆဲမိလိုက်၏။ သူက ခဏတာသာ တုံ့ဆိုင်းသွားခြင်း ဖြစ်သော်လည်း ထိုအဖြစ်ကပင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို စွဲဆောင်သွား၏။

ထိုအခွင့်အရေးကို အသုံးချကာ ဝမ်လင်သည် အကာအရံကို ဆွဲကိုင်လိုက်ကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ နောက်ပြန်ဆုတ်သည်။

သူ့နှလုံးသားက ခုန်ပေါက်နေ၏။ သူ့ရှေ့ရှိ အန္တရာယ်သည် မပြီးဆုံးသေးပေ။သူက ကောင်းကင်ဘုံသက်တော်စောင့် ရှိရာသို့ အမြန်ဆုံးနှုန်းနှင့် ရွှေ့လျားလာ၏။

ကောင်းကင်ဘုံသက်တော်စောင့်က ထွက်ပြေးနေရာကနေ လုံးဝ ရပ်တန့်ခြင်း မပြုပေ။သို့ရာတွင် ၎င်းက လမြွေနဂါးကြီးနှင့် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတို့ကို ရင်ဆိုင်နေရချိန်၌ သူ့အမြန်နှုန်း လုံလောက်ခြင်း မရှိတော့ပေ။

လောဘကြီး၏ မျက်နှာက အလွန်ဖြူရောနေ၏။ ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက နီးကပ်လာသည်နှင့် လောဘကြီးက ချက်ခြင်းပင် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တောက်ပသောသရဖူတစ်ခု ပေါ်လာ၏။ ၎င်း သရဖူက သေမျိုးအင်ပါယာတစ်ယောက်၏ သရဖူနှင့် ဆင်တူကာ ရတနာငါးသွယ် အပေါ်၌ ရေးထွင်းထားသည်။သရဖူထံကနေ သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေကြီး စွမ်းအင်များက စီးပျံ့လာ၏။

သူက ထိုသရဖူကို သူ့ခေါင်းပေါ်သို့ ချက်ခြင်း ဆောင်းလိုက်သည်။သရဖူထံမှ ရွှေရောင်အလင်းက ထိန်လင်းနေသည်။၎င်းအလင်းက လောဘကြီးကို ကာရံ လွှမ်းခြုံပေးလာသည်။ထို့နောက် ဧရာမအရိပ်ကြီးတစ်ခုက သူ့ခန္ဓာကိုယ်ထက်၌ ရုတ်တရက် ပေါ်လာ၏။ ထိုအရိပ်က ရှင်းရှင်းလင်းလင်း အသွင်သဏ္ဌာန် ရှိမနေဘဲ နဂါးဝတ်ရုံကို ဝတ်ဆင်ထား၏။ ခမ်းနားထည်ဝါမှုက ယင်းဧရိယာတွင် ရုတ်တရက် ပေါ်လာချေသည်။

လောဘကြီးက အော်ပြောလိုက်သည်။ “ကောင်းကင်ဘုံအင်ပါယာ သရဖူကို အသက်သွင်းနိုင်ဖို့ ဒီအဘိုးအိုက သေမျိုးအင်ပါယာ (၉၉၉၉)ယောက်ကို သတ်ခဲ့ပြီး သူတို့ရဲ့ စိတ်ဝိညာဉ်ကို ဒီသရဖူထဲကို ထည့်သွင်းခဲ့တယ်။ ငါက ဒီသရဖူဟာ ဒီသောက်သားရဲရဲ့ လက်ချောင်းတိုက်ချက်ကို ခုခံနိုင်မလား တွေ့မြင်ချင်မိတယ်…”

ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ပုံရိပ်ယောင်က လောဘကြီးပေါ်သို့ ကျရောက်လာချေ၏။

ကောင်းကင်ဘုံပင် တုန်ခါသွားစေနိုင်သည့် ပေါက်ကွဲသံက သည်ဧရိယာတွင် ပဲ့တင်ထပ်သွားသည်။

ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းကတော့ ပြောင်းလဲသွားခြင်း မရှိပေ။၎င်းက လောဘကြီးကို ဖိနှိပ်ပြီးနောက် ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်၏။

လောဘကြီးအတွက်တော့ သူ့မျက်နှာက ပိုဖြူရောလာကာ သူ့ပတ်လည်ရှိ ရွှေရောင်အလင်းကလည်း ပျက်စီးသွားချေပြီ။အင်ပါယာ(၉၉၉၉)ယောက်၏ စိတ်ဝိညာဉ်ကလည်း ပျောက်ကွယ်သွားကာ သရဖူက သူ့ဦးခေါင်းထက်ကနေ လိမ့်ဆင်းကျသွားသည်။ထူးဆန်းသည်မှာ ထိုသရဖူသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတိုက်ချက် တစ်ခုကို ခံလိုက်ရသော်လည်း လုံးဝ အကောင်းတိုင်း ရှိနေခြင်းပင်။

ပြင်းထန်သောအားတစ်ခုက လောဘကြီး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။သူ့ခန္ဓာကိုယ်က တုန်ယင်နေ၏။ထို့နောက် သူက သက်တံရောင်အလင်းကို ပေးစွမ်းသွားပြီးနောက် ကြယ်ပျံတစ်စင်းအလား ပျံသန်းလွင့်ထွက်သွားချေသည်။ သူက ကြယ်များကြားတွင် ပျောက်ကွယ်သွားကာ သေသလား၊ရှင်သလား မသိရတော့ပေ။

ဝမ်လင်းမျက်လုံးများက ထိတ်လန့်မှုနှင့် ပြည့်နေ၏။ သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်း လောဘကြီးပေါ်သို့ ဖိချလိုက်သည့် အခိုက်အတ့်တွင် နောက်သို့ တစ်စက်မှ မလှည့်ဘဲ တစ်ကျိုးတည်း ပြေးတော့၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ပုံရိပ်ယောင်သည် ဝမ်လင်းနောက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ရှေးဟောင်းနတ်ဘုရား၏ ရင်းနှီးသောအော်ရာက သည်ပတ်ဝန်းကျင်ဧရိယာတွင် လွှမ်းခြုံလာ၏။

လက်ချောင်းတစ်ခုက ဖိနှိပ်ကျလာပြန်၏။

ထိုလက်ချောင်း၏ ဦးတည်ရာက ဝမ်လင်းထံသို့ ဖြစ်သည်။

ထိုလက်ချောင်းက မြန်ဆန်လွန်းလှ၏။ ၎င်းက သူနှင့် အလျင်အမြန် နီးကပ်လာသည်။ ထိုသေရေးရှင်ရေးကြား၌ ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက ကောင်းကင်ဘုံသက်တော်စောင့်အပေါ်သို့ သူ့လက်ကို နေရာချလိုက်သည်။သူက ကောင်းကင်ဘုံသက်တော်စောင့်ထံမှ သတ်ဖြတ်ခြင်းစွမ်းအင်များကို ထုတ်ယူလိုက်၏။

ချက်ခြင်းပင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သန်းက ပေါ်လာ၏။၎င်းစွမ်းအင်များက ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ပိတ်ဆို့ရန်အတွက် အသက်ဓာတ်ချိပ်တံဆိပ်များအဖြစ်သို့ ပြောင်းလဲသွား၏။

အသက်ဓာတ်ချိပ်တံဆိပ်များအားလုံးသည် စက္ကူကို ဓားဖြင့် ပိုင်းသလို ပျက်စီးသွားကြ၏။

ဝမ်လင်းအသွင်က ဖြူရောသွားသည်။သို့သော် သူ့မျက်လုံးထဲ၌ အလွန်အမင်းကြောက်လန့်မှုတော့ ရှိမနေပေ။ သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့်အတူ နောက်သို့ ဆုတ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ဒုတိယကောင်းကင်ဘုံသက်တော်စောင့်က သူ့ရှေ့တွင် ဒိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။

ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက ဒုတိယကောင်းကင်ဘုံသက်တော်စောင့် အပေါ်သို့ ဖိနှိပ်ကျလာ၏။ ဒုတိယကောင်းကင်ဘုံသက်တော်စောင့်က တုန်ယင်သွားကာ မြန်မြန်ဆန်ဆန် စတင် ပျက်စီးလာသည်။

ဒုတိယကောင်းကင်ဘုံသက်တော်စောင့် တစစီ ဖြစ်သွားသည့်နောက် ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက ဝမ်လင်းခန္ဓာကိုယ်နှင့် ခုနစ်လက်မလောက်သို့ ရောက်ရှိလာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဆုတ်ပြဲ ပေါက်ကွဲထွက်တော့မလို ခံစားချက်ကို အားကောင်းစွာ ခံစားမိလိုက်ရသည်။

ဝမ်လင်းက ဒေါသတကြီး အော်ဟစ်၍ သူ့ခေါင်းကို မော့လိုက်သည်။ လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းတစ်ခုသည် ရုတ်တရက် ထိုးထွက်လာကာ ထိုလက်ချောင်းနှင့် ထိတိုက်သွား၏။

လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် ပြင်းထန်အားကောင်းလှသည့်အတွက် လက်ချောင်းကို အနည်းငယ် နှေးကွေးသွားစေသည်။ သို့ရာတွင် လက်ချောင်းက ချက်ခြင်းပင် နောက်တစ်ဖန် ဖိနှိပ်ကျလာ၏။ သည်တစ်ကြိမ်၌ ၎င်းလက်ချောင်းက ဝမ်လင်း ရင်ဘက်ပေါ်သို့ ကျရောက်လာခြင်းပင်။

ဝမ်လင်း ရင်ဘက်ထက်ကနေ ပြင်းထန်သော နာကျင်မှုတစ်ခု ထွက်ပေါ်လာ၏။ ထိုနာကျင်မှုက ချက်ခြင်းပင် သူ့ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်၌ ဝမ်လင်းခန္ဓာကိုယ်က ပျက်စီးလာသည်။

အရင်ဆုံး သူ့အသွေးအသားများ ပျက်စီးသွား၏။ သည့်နောက် သူ့အရိုးက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းက ဝမ်လင်းခန္ဓာကိုယ်ကို ဖျက်စီးသွားခဲ့ချေပြီ။သို့သော် ၎င်းက ထိုနေရာမှာပင် ရပ်တန့်နေခြင်း မရှိပေ။ ၎င်းက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ပေါ်သို့ ဖိကျလာ၏။ သည်လမြွေနဂါးသည် သူ့ကို အပီအပြင် သတ်ဖျက်ပစ်နေခြင်းပင်။

ထိုအခိုက်အတန့်၌ ဝမ်လင်းသည် သူ့မူလစိတ်ဝိညာဉ်ကပါ မတည်မငြိမ် ဖြစ်လာကာ သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာမည့်ဟန် ပြသလာ၏။ သူက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုလိုက်ပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်စွမ်း မရှိတော့ဘဲ အတားအဆီးတစ်ခုက ပိတ်ဆို့နေ၏။။

သူက မည်သို့ ကြိုးစားပါစေ ထိုအတားအဆီးကို ချိုးဖျက်နိုင်စွမ်းမရှိ ဖြစ်ခဲ့၏။ထို့အတွက်ကြောင့် ဝမ်လင်းသည် အချို့သောမန္တာန်များကို အသုံးပြုနိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။

သို့ရာတွင် ခုချိန်၌ ရှေးဟောင်းနတ်ဘုရားလက်ချောင်းက နီးကပ်လာသည့်အခါ သူ့ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရသည့်အခါ ထိုအတားအဆီးအရံအတားသည်လည်း ဖျက်စီးခံလိုက်ရချေသည်။

ဝမ်လင်းမူလစိတ်ဝိညာဉ်က သိပ်သည်းသော လျှပ်စီးကို ပေးစွမ်းလာကာ ရှေးဟောင်းမိုးကြိုးနဂါးအဖြစ်သို့ ပြောင်းလဲသွား၍ ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ဟိန်းဟောက်လိုက်သည်။

၎င်းက ဟိန်းဟောက်နေရင်း မရေမတွက်နိုင်သော မိုးကြိုးလုံးများက ပေါ်လာကာ ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းကို တိုက်ခိုက်လာသည်။

ရှေးဟောင်းနတ်ဘုရားလက်ချောင်း အရှိန်လျော့သွားသည်ကို အခွင့်ကောင်းယူကာ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ပျက်စီးသွားသည့်နောက် ပြုတ်ကျသွားသည့် သူ့သိုလှောင်အိတ်ကို ကောက်ယူလိုက်သည်။ သူ့မူလစိတ်ဝိညာဉ်က မိုးကြိုးနဂါးအဖြစ်သို့ ပြောင်းလဲလိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုမြန်ဆန်သွားပေသည်။သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့်အရိုးတစ်ဝက်ကို သယ်ဆောင်ကာ မြန်ဆန်စွာ ထွက်ပြေးတော့သည်။

သူက ထွက်ပြေးနေရင်း စိတ်ထဲ၌ ခါးသီးစွာ ခံစားနေရ၏။သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့နောက်ဘက်တွင် လောဘကြီး၏ သရဖူက မြောလွင့်နေသည်ကို တွေ့မြင်လိုက်၏။

သူ့နှလုံးသားက တစ်ချက် ခုန်သွားကာ သူက ထိုသရဖူကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီး နောက်မလှည့်တမ်း ဆက်သွားတော့သည်။

ရှေးဟောင်းနတ်ဘုရားလက်ချောင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။လမြွေနဂါးက အကာအဝေးတစ်ခုရှိ ဝမ်လင်းကို ကြည့်၍ စဉ်းစားနေသည်။ထို့နောက် မီးပြင်းဖိုကို ထွေးခြုံထားသော ၎င်း၏ လက်တံများကို တစ်ချက်က ကြည့်သည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် ၎င်းက ဝမ်လင်းနောက်သို့ လိုက်ပါလာချေ၏။

ဝမ်လင်းက သူ့နောက်သို့ လမြွေနဂါးလိုက်ပါလာသည်ကို သတိပြုမိသည့်အခါ စိတ်ထဲ၌ ကျိန်ဆဲနေမိ၏။

ဝမ်လင်းသည် သည်ခရီးစဉ်တွင် များစွာ ဆုံးရှုံးခဲ့ရ၏။ ကြယ်ခုနစ်ခုဓားအစီအရင်သည်လည်း ပျက်စီးသွားသလို အတားအဆီးအလံ၊လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းတစ်ခုတို့ကိုပါ ဆုံးရှုံးခဲ့ရသည်။ သူ့ခန္ဓာကိုယ်ပင် ဖျက်စီးခံခဲ့ရကာ သူက သူ့မူလစိတ်ဝိညာဉ်နှင့် ထွက်ပြေးလာရခြင်းသို့ ဆိုက်ရောက်နေသည်။

သို့သော် သူ့အကျိုးအမြတ်ကလည်း ကြီးမားလှ၏။ သူ့မူလစိတ်ဝိညာဉ်က နောက်ဆုံးတွင် လမြွေနဂါး၏ အရိုးတစ်ဝက်၊ကောင်းကင်ဘုံတောင်၊တောင်နှင့်မြစ် အကာအရံ၊ သရဖူတို့နှင့်အတူ ထွက်ပြေးလာနိုင်ခဲ့သည် မဟုတ်လား။

သူက အဆုံးသပ်တွင်တော့ အောင်မြင်မလား၊ကျရှုံးမလား မပြောနိုင်သေးပေ။ သူက သက်ပြင်းချရုံသာ တက်နိုင်တော့၏။ ထို့နောက် သူသည် ပို၍ မြန်ဆန်လာခဲ့သည်။ လမြွေနဂါးကလည်း သူ့ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေ၏။ ၎င်းက တစ်ချက်လှုပ်ရှားလိုက်ချိန်တိုင်း အကွာအဝေးမြောက်များစွာကို ဖြတ်သန်း ရောက်ရှိပြီး ဖြစ်နေသည်။

ဝမ်လင်းတွင် ခန္ဓာကိုယ်သာ ရှိနေသေးပါက သူသည် အဖမ်းခံနေရလောက်ပြီ ဖြစ်သည်။ သို့သော် ခုချိန်၌ သူ့တွင် ခန္ဓာကိုယ် မရှိတော့သည့်အတွက် သူ့မူလစိတ်ဝိညာဉ်သပ်သပ်၏ အမြန်နှုန်းက ယခင်ထက် အဆများစွာ ပိုမြန်လာနိုင်ခဲ့သည်။

သူက တရပ်ကြမ်းပြေးနေရင်း ဝမ်လင်းမူလစိတ်ဝိညာဉ်က ကြယ်သံလိုက်အိမ်မြှောင်ထဲသို့ ဝင်ရောက်လိုက်၏။ သည့်နောက် သူက လမြွေနဂါး၏ အရိုးတစ်ပိုင်းနှင့်အတူ အရူးအမူး လွတ်မြောက်အောင် ပျံသန်းနေတော့သည်။

ဝမ်လင်းတွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းကတေ ထပ်မံ၍ ကံကောင်းထောက်မ လွတ်မြောက်နိုင်ဦးမည်ဟု ယုံကြည်ချက် မရှိပေ။လမြွေနဂါးကသာ သူ့ကို ဖမ်းမိသွားပါက သူက သေချာပေါက် သေဆုံးရပေမည်။

သူ့မူလစိတ်ဝိညာဉ်က ကြယ်သံလိုက်အိမ်မြှောင်ထဲသို့ ဝင်လိုက်သည့်နောက် သူ့အမြန်နှုန်းက အံ့မခန်းအဆင့်သို့ ရောက်ရှိသွားကာ လမြွေနဂါးနှင့် တူညီသောနှုန်းသို့ ရောက်ရှိသွားချေ၏။ သူက လွတ်မြောက်နိုင်စွမ်း မရှိသေးသော်လည်း လမြွေနဂါးနှင့် အကွာအဝေးတစ်ခုကိုတော့ ထိန်းထားနိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သည်လိုပျံသန်းမှုမျိုးက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်အပေါ်သို့ ဖိအားပွတ်တိုက်မှုများစေ၏။ သူ့မူလစိတ်ဝိညာဉ်က နဂိုတည်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ဖြစ်ကာ ခုချိန်၌ သူ့ဒဏ်ရာများက ပို၍ ဆိုးဝါး်လာကာ သူ့မူလစိတ်ဝိညာဉ်သည် မှိန်ဖျော့လာချေသည်။

ဝမ်လင်းက မြောက်ပိုင်းနယ်မြေကြီးတစ်ခုလုံးကို ဖြတ်သန်းလာကာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ တောင်ပိုင်းနယ်မြေသို့ ရောက်ရှိလာချေ၏။

အရှိန်ကုန်၊အစွမ်းကုန် အမြန်နှုန်းဖြင့် ပျံသန်းရခြင်းက ဝမ်လင်းမူလစိတ်ဝိညာဉ်ကို အားနည်းသထက် အားနည်းလာစေခဲ့သည်။သူက ဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ သို့ရာတွင် လမြွေနဂါးသည်လည်း အရှိန်လျော့သွားကာ ၎င်းက တောင်ပိုင်းနယ်မြေ အစပ်သို့ မရောက်ခင်လေးမှာပင် ရပ်တန့်သွားသည်။၎င်းက ခပ်အုပ်အုပ် ငြီးတွားသံပြုလိုက်၏။ သို့သော် ၎င်းက ထိုအစပ်ကို ဖြတ်ကျော်လာရဲခြင်း မရှိ ဖြစ်နေသည်။

***

All Chapters