← Chapters

ကောင်းကင်ဘုံပုတီးစေ့၏ ပြီးပြည့်စုံမှု

Vol. 016 Ch. 771

ကောင်းကင်ဘုံပုတီးစေ့၏ ပြီးပြည့်စုံမှု

Vol. 016 Ch. 771

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အပြာရောင်နှင်းဆီပန်းတစ်ပွင့် သူ့လက်ထဲ၌ ထွက်ပေါ်လာချေသည်။

ထိုနှင်းဆီပန်းက အလွန်အမင်းနူးညံ့ကာ အပြာရောင်အလင်း ခပ်ဖျော့ဖျော့ကို ပေးစွမ်းနေသည်။ ၎င်းပန်းပွင့် ထွက်ပေါ်လာသည့်အခါတွင် အပြာရောင်အလင်းတစ်ခု ပျံ့နှံ့လာကာ ပုံရိပ်ယောင်ဆန်သောခံစားမှုကို ပေးစွမ်းလာခဲ့သည်။

ထိုအပြာရောင်အလင်းနောက်၌ အေးစက်စက်အော်ရာတစ်ခုက ကပ်ပါလာကာ သည်ဧရိယာသို့ ပျံ့နှံ့လာခဲ့သည်။

ထိုအေးစက်မှုထဲ၌ ပြောမပြနိုင်လောက်သော ဂုဏ်ဝင့်မှုတစ်ခု ပါဝင်၏။

သို့သော် ဝမ်လင်း၏ အကြည့်ကတော့ ထိုဂုဏ်ဝင့်မှုကနေ သွေဖည်ကာ သူသည် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရ၏။ ထိုပုံရိပ်က အလွန်အမင်းလှကာ အဆုံးစွန်လည်း မာနကြီးဟန် ပေါ်နေ၏။

ထိုအပြာရောင်နှင်းဆီကို ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစားကာ သရဖူအောက်၌ ထိုပန်းကို နေရာချလိုက်သည်။

သူ့မျက်လုံးက တောက်ပနေကာ သရဖူကိုသာ စူးစိုက်ကြည့်နေ၏။ သရဖူက နှင်းဆီပန်းနှင့် ထိလိုက်သည့်အခိုက်တွင် သရဖူပေါ်ရှိ ရတနာငါးခုက တောက်ပလာခဲ့သည်။ မမြင်ရသောအားတစ်ခုက သရဖူကနေ နှင်းဆီထံသို့ စီးဆင်းလို့သွားသည်။

အပြာရောင်နှင်းဆီက ဝမ်လင်းရှေ့၌ပင် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာခဲ့သည်။ ၎င်းက အပြာရောင်အလင်းစက်များ အဖြစ်သို့ ပြောင်းလဲ၍ သရဖူနှင့်အတူ ပေါင်းစပ်သွားချေသည်။

သရဖူက အပြာရောင်အလင်းကို အချိန်အတန်ကြာ ပေးစွမ်းကာ နေ၏။ အပြာရောင်အလင်းက ဖြည်းဖြည်းချင်း ဖျော့တော့လာကာ နောက်ဆုံးတွင် ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သရဖူကို ပြန်ကောက်ယူလိုက်ပြီးနောက် သေချာဆန်းစစ်ကြည့်လိုက်သည်။ သိပ်မကြာခင်တွင် သူက တစ်စုံတစ်ခုကို သဘောပေါ်လာလေ၏။

သည်သရဖူက အရင်ထက်စာရင် စိတ်ဝိညာဉ်တစ်ခု ရရှိလာသည့်အရိပ်အယောင် ပြသလာခဲ့သည်။ ဝမ်လင်းက ၎င်းကို သေချာကြည့်ရှုနေရင်းဖြင့် အထဲရှိ ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုကို ခပ်ဝါးဝါး မြင်တွေ့ရသည်။

သည့်ထက်လွန်၍ သူက အခြားသဲလွန်စများကို ရှာတွေ့နိုင်စွမ်း မရှိတော့ပေ။

“ဒီပစ္စည်းက ရှေးဟောင်းနတ်ဘုရား လက်ချောင်းကြောင့်တောင် မပျက်မစီးပဲ ကျန်နိုင်ခဲ့တယ်။ ဒါကြောင့် ဒါက သာမန်ပစ္စည်းတစ်ခု မဟုတ်တာ သိသာနေတယ်။ ဒါပေမဲ့ ငါက ဒါကို ဘယ်လိုအသုံးပြုရမလဲ…။ လောဘကြီးက ဒီသရဖူကို ထုတ်ယူအသုံးပြုခဲ့တဲ့ အချိန်တုန်းက သူက ဒီပစ္စည်းကို အသက်သွင်းနိုင်ဖို့ အင်ပါယာ(၉၉၉၉)ယောက်ရဲ့ စိတ်ဝိညာဉ်တွေကို ထုတ်ယူခဲ့တယ်လို့ ပြောခဲ့တယ်…”

ဝမ်လင်းက စတင်စဉ်းစားနေသည်။

“အင်ပါယာတွေရဲ့ စိတ်ဝိညာဉ်တွေက ဒီဒြပ်စင်ငါးခု စိတ်ဝိညာဉ်တွေနဲ့ ဘယ်လိုများ ဆက်စပ်နေလဲ…။ ဒီသရဖူရဲ့ ပိုင်ရှင်က ဒြပ်စင်ငါးခု စိတ်ဝိညာဉ်နဲ့ အင်ပါယာတစ်ယောက် ဖြစ်နေနိုင်လား။ ဒီသေမျိုးအင်ပါယာတွေရဲ့ စိတ်ဝိညာဉ်တွေကို ထုတ်ယူပေါင်းစပ်ပြီးမှသာ ဒီသရဖူကို အသက်သွင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလား…”

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း၏ အကြည့်သည် လမြွေနဂါး၏အရိုးပေါ်သို့ ကျရောက်သွားသည်။

လမြွေနဂါးအရိုးထဲရှိ သတ္တုဒြပ်စင်က ကောင်းကင်ဘုံပုတီးစေ့၏ စုပ်ယူခြင်းကို ခံရကာ ရက်အတော်အတန် ကြာမြင့်ပြီးနောက် တဖြည်းဖြည်း လျော့နည်းလာသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းက မည်သူမျှ မနှောင့်ယှက်နိုင်အောင် တစ်ချိန်လုံး သတိထားလျက်ရှိသည်။ သည်နေရာက လူသူကင်းမဲ့သည့်နေရာ ဖြစ်သော်လည်း သူက သတိထားလျက် ရှိနေဆဲပင်။

သုံးလတာ ဖျတ်ခနဲ ကုန်လွန်သွားခဲ့လေပြီ။ မည်သူကမျှ သည်သုံးလအတွင်း သည်နေရာသို့ ရောက်လာခဲ့ကြခြင်း မရှိပေ။ ထိုအခိုက်အတန့်၌ သတ္တုဒြပ်စင်အားလုံးသည် လမြွေနဂါးအရိုးကနေ ပျောက်ကွယ်သွားချေတော့၏။

မူလတုန်းက ဝမ်လင်းသည် လမြွေနဂါး၏ အရိုးတစ်ဝက်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ သတ္တုဒြပ်စင်ကို ပြည့်ဝမစေမှာ စိတ်ပူပန်နေခဲ့သေး၏။ သို့သော် ခုချိန်၌ သတ္တုဒြပ်စင်ကို ကိုယ်စားပြုသော ပုံရိပ်က ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းမျက်လုံးရှေ့မှာပင် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ သတ္တုဒြပ်စင်သည် ပြည့်စုံလာခဲ့ချေပြီ။

ပုတီးစေ့က တောက်ပလာခဲ့ကာ ရှေးဟောင်းအော်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ပုတီးစေ့၏ အထက်၌ ဒြပ်စင်ငါးခု၏စွမ်းအားသည် ရောယှက်နေကာ ၎င်းပုတီးစေ့က တဖြည်းဖြည်း‌ လေထဲသို့ မြင့်တက်လာခဲ့သည်။

ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်ကာ သူ့နတ်ဘုရားအာရုံခတ်နှိပ်ထားသော သွေးစက်တစ်စက်ကို တောက်ထုတ်လိုက်၏။ ထိုသွေးစက်က ပုတီးစေ့ပေါ်သို့ ကျရောက်သွားသည်။

သွေးစက်ကို စုပ်ယူသွားသည့် အခိုက်အတန့်၌ ဝမ်လင်းစိတ်သည် တုန်ယင်ရသည်။ သူ့မူလစိတ်ဝိညာဉ်ထဲ၌ အပိုအရာတစ်ခုခု ပေါ်လာသကဲ့သို့ ဖြစ်နေ၏။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းအော်ရာ ပါဝင်သည့် သင်္ကေတတစ်ခုသည် သူ့စိတ်ထဲ၌ ပေါ်လာ၏။ ဝမ်လင်းက ကောင်းကင်ဘုံပုတီးစေ့ကို ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ဖြင့် ကြည့်လိုက်၏။

သူက ကောင်းကင်ဘုံပုတီးစေ့ ပြီးပြည့်စုံရန် နှစ်ပေါင်း တစ်ထောင်နီးပါး စောင့်ဆိုင်းခဲ့ရချေသည်။ သို့သော် ခုချိန်၌ သူက စိတ်လှုပ်ရှားရမည့်အစား အလွန်သတိထားကာ တည်ငြိမ်လို့နေ၏။

သည်ရတနာက သူနှင့် အတူရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ သို့သော် ယင်းရတနာပေါ်၌ သူ့နားလည်မှုက ခုချိန်ထိ ခပ်တိမ်တိမ်သာ ရှိလို့နေသေးသည်။

“ဒီကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဘာများလဲ ... ဒါက ဟိုအမျိုးသမီးပြောခဲ့သလို ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေက ရတနာ တကယ်ဖြစ်နေနိုင်လား…”

ဝမ်လင်းက သူ့လက်ကို လှုပ်ရှားလိုက်၏။ သူ့လက်ချောင်းထိပ်များဖြင့် စုတ်တံတစ်ခု ဖြစ်ပေါ်စေကာ သူ့စိတ်ထဲရှိ ပေါ်လာခဲ့သော သင်္ကေတကို ရေးဆွဲလိုက်သည်။

ထိုသင်္ကေတသည် အလွန်ရှုပ်ထွေးလှကာ စုတ်ချက်တစ်ခုစီတိုင်းက ရှေးဟောင်းအော်ရာကို ပေးစွမ်းနေချေသည်။ ဝမ်လင်း၏ ဂရုတစိုက် အကြည့်အောက်၌ ထိုသင်္တေကက ဖြည်းဖြည်းချင်း ပုံပန်းအသွင် ပေါ်လာခဲ့၏။

ဤအခိုက်အတန့်၌ ရှေးဟောင်းအော်ရာက ပိုမို၍ သိပ်သည်းလာခဲ့သည်။

ထိုရှေးဟောင်းအော်ရာ ပျံ့နှံ့လာစဉ်တွင် ဂြိုဟ်တစ်ခုလုံးပါ သက်ရောက်ခြင်း ခံရ၏။ ဂြိုဟ်ထံမှ အသက်ဓာတ်များအားလုံးသည် ဖြည်းဖြည်းချင်း ဖိနှိပ်ခံလာရကာ ဂြိုဟ်အနှံ့တွင် အက်ကွဲကြောင်းများပါ ပေါ်လာခဲ့သည်။

ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ ထိုသင်္ကေတ ပြီးပြည့်စုံသွားသည့် အခိုက်အတန့်၌ သူက လက်ဝါးဖြင့် လှမ်းရိုက်လိုက်သည်။ ထို့နောက် ဤသင်္ကေတသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ ရှိရာသို့ ဖြည်းဖြည်းချင်း မျောလွင့်သွားသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲကနေ ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထိုခရမ်းရောင် အလင်းတန်းသည် အားကောင်းလွန်းလှသဖြင့် ဝမ်လင်းက သူ့မျက်လုံးကိုပင် ခက်ခက်ခဲခဲ မနည်းဖွင့်ကြည့်ရသည်။ ကောင်းကင်ဘုံရုပ်သေး၏ ခန္ဓာကိုယ်သည်ပင် ပျက်စီးသည့်အရိပ်အယောင် ပြသလာခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် မျက်စိဖြင့် မြင်နိုင်လောက်အောင် ဝေဝါးပျောက်ကွယ်လာချေ၏။

ဝမ်လင်းက အကြီးအကျယ် တုန်လှုပ်မိသွား၏။ အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံ သက်တော်စောင့်က သူ့အရိပ်ထဲသို့ ပြန်ရောက်သွားမှ ပျက်စီးယိုယွင်းမှုကနေ ရပ်တန့်သွားခဲ့ရသည်။ သို့ရာတွင် ထိုပျက်စီးနိုင်သည့် အရိပ်အမြွက်ကတော့ တွယ်ရှိကပ်ပါနေဆဲသာ ဖြစ်၏။

ကောင်းကင်ဘုံ သက်တော်စောင့်သာမက မူလစိတ်ဝိညာဉ်အပိုင်းအစ သုံးခုသည်လည်း ထို့အတူသာ ဖြစ်သည်။ ဝမ်လင်း၏ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်မှုကြောင့်သာ မဟုတ်ပါက ၎င်းစိတ်ဝိညာဉ်များသည်လည်း အသက်ရှူကြိမ်အနည်းငယ် အချိန်အတွင်း ပျောက်ကွယ်သွားလောက်ပြီ ဖြစ်၏။

ခရမ်းရောင်အလင်းက ပိုပိုကြီးမား ပျံ့နှံ့လာ၏။ ၎င်းက တဖြည်းဖြည်းဖြင့် ဂြိုဟ်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ဂြိုဟ်တစ်ခုလုံးက ခရမ်းရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းလာသည်။ သည်အခိုက်အတန့်၌ ခရမ်းရောင်အလင်းက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာချေသည်။

ထိုခရမ်းရောင်အလင်းက ရပ်တန့်သွားခြင်း မရှိသေးသည့်အပြင် ဆက်လက်၍ ချဲ့ထွင်လာ၏။ အချို့ဂြိုဟ်သိမ်ဂြိုဟ်မွှားများပင် ထိုအလင်း၏ သက်ရောက်ခြင်းကို ခံလိုက်ရကာ ချက်ချင်း ဖုန်မှုန့်အဖြစ် ပျက်စီးသွားရသည်။

ခုဆိုလျှင် ဝမ်လင်းနှင့်ပုတီးစေ့သာ ကျန်ရစ်ခဲ့တော့သည်ဟု ထင်ရ၏။

ဤထူးဆန်းသောမြင်ကွင်းသည် ဝမ်လင်းစိတ်ကို ပြင်းထန်စွာ တုန်ယင်ခဲ့စေသည်။ သူက ကောင်းကင်ဘုံပုတီးစေ့နှင့် ပတ်သက်၍ ကြိုတင်ခန့်မှန်းထားမှုများစွာ ရှိသော်လည်း သူက ခုလိုမျိုး ဖြစ်ပျက်လာလိမ့်မည်ဟုတော့ မထင်မှတ်ထားမိပေ။

ဝမ်လင်း တုန်လှုပ်နေစဉ်မှာပင် ခရမ်းရောင်အလင်းက ပျံ့နှံ့နေရာကနေ ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်၌ ဒြပ်စင်ငါးခု၏ အားပမာဏ တော်တော်များများသည်ပင် ပျောက်ကွယ်သွားခဲ့ရ၏။

ခရမ်းရောင်အလင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရှိနေသော နေရာပတ်လည်တွင် သိပ်သည်းလို့နေ၏။ ထို့နောက် ကျယ်လောင်သောအသံ တစ်သံနှင့်အတူ တံခါးကြီး တစ်ချပ် ဖြည်းဖြည်းချင်း ပွင့်လာလေသည်။

ခရမ်းရောင်အလင်းထိမိသည့် နေရာတိုင်းတွင် အတားအဆီးတစ်ခု ဖြစ်ပေါ်လာကာ သည်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထား၏။ ဝမ်လင်းက အတားအဆီးတစ်ခုကို ကြည့်လိုက်ရာ သူ့စိတ်နှလုံးပါ တုန်ယင်သွားရသည်။ ထိုအတားအဆီးကို လေ့လာကြည့်ရန်မှာ ပြောနေစရာပင် မလိုပေ။

မည်သည့်သက်ရှိဖွဲ့စည်းပုံ မှန်သမျှ ဤအတားအဆီးထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

သည်နေရာတစ်ခုလုံးကို ခရမ်းရောင်အလင်းနှင့် ဖုံးအုပ်ထားကာ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်း တစ်ခုလုံးထဲကနေ ဆွဲထုတ်၍ အရာအားလုံးနှင့် သီးသန့်ထီးတည်း ဖြစ်စေသော နေရာတစ်ခုကို ပြုလုပ်ပေးလိုက်သကဲ့သို့ပင်။

သည်သီးသန့်ကမ္ဘာလောက၌ တံခါးချပ်ကြီးတစ်ခုသာ တည်ရှိနေတော့၏။

ထိုတံခါးကြီးကို ကြည့်ကာ ဝမ်လင်းစိတ်သာ တုန်ယင်ရသည်မဟုတ် သူက ကြောက်ရွံ့မှုအာရုံကိုပါ ခံစားမိရသည်။ ဤသို့သော ခံစားမှုမျိုးက ဝမ်လင်းအတွက် ဖြစ်ခဲလွန်းလှသည်။

သူက အလိုလို ကြောက်လန့်နေခြင်းကနေ ရုန်းထွက်နေရဟန် ပေါ်နေ၏။ သူ့တာအိုက သူ့ကို ထိုသို့ ကြောက်ရွံ့ခွင့် မပြုပေ။ သို့သော် ထိုကြောက်ရွံ့မှုက အလိုလို ဖြစ်လာကာ သူက ယင်းစိတ်ကို လွယ်လင့်တကူ ပတ်သက်နိုင်စွမ်းမရှိ ဖြစ်ရသည်။

ဝမ်လင်းက ခုလို အသွေးအသားထဲက ကြောက်ရွံ့မှုကို မခံစားခဲ့ရသည်မှာ အချိန်ကြာမြင့်လွန်းနေခဲ့ပြီ ဖြစ်သည်။ သူက လမြွေနဂါးနှင့် ရင်ဆိုင်ခဲ့စဉ်ကပင် တုန်လှုပ်ခဲ့သည်သာ ရှိ၏။ သည်လိုမျိုး သူ့စိတ်ဝိညာဉ်ထဲကနေ ကြောက်ရွံ့နေမှုမျိုးကို မတွေ့ကြုံခဲ့ရဖူးပေ။

ထိုအဖြစ်က တစ်ခါတုန်းက သေမျိုးဆယ်ကျော်သက်အရွယ် ကောင်လေးက ဟုန်ယွီတောင်ထိပ်တွင် မတ်တတ်ရပ်ကာ ကျင့်ကြံခြင်းကလန်တစ်ခုကို ကြည့်မိနေသလိုမျိုးနှင့် ဆင်တူနေသည်။ ထိုသို့သော လေးစားကြောက်ရွံ့မှုမျိုးက သူ့စိတ်နှလုံးအောက်ခြေကနေ ထွက်ပေါ်လာခဲ့သည့် အရာ ဖြစ်နေသည်။

ဝမ်လင်း ကျင့်ကြံမှုအဆင့်နှင့် အတွေ့အကြုံများက တိုးတက်လာပြီးသည့်နောက် ထိုသို့သော ခံစားချက်မျိုးကလည်း လွင့်ပါးပျောက်ကွယ်လာခဲ့သည်။သူက နတ်ဆိုး စိတ်ဝိညာဉ်ကုန်းမြေတွင် နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရချိန်၌လည်း သူ့တာအိုနှလုံးသားအပေါ် မှီတည်၍ ကြံ့ကြံခံနိုင်ခဲ့ပေသည်။

သို့သော် အခု အခိုက်အတန့်၌ သည်တံခါးချပ်ကြီးက မည်သည့်ဖိအားကိုမှ ပေးစွမ်းနေခြင်း မရှိသော်လည်း သူ့စိတ်နှင့်ခန္ဓာကိုသည် တုန်ခါနေသည်။

ဘယ်တော့မှ ဒူးမထောက်ဘူး။

ဝမ်လင်း မျက်လုံးများက နီရဲလာ၏။ သူက အံတင်းတင်းကြိတ်ကာ ခေါင်းမော့နေရင်း ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူက ဘယ်တော့မှ ခေါင်းငုံ့ခဲ့သည့်သူ မဟုတ်ပေ။

ဤအရာက တစ်ချိန်တုန်းက ဟုန်ယွီကလန်သို့ ရောက်ရန် သူက တောင်ပေါ်သို့ ဇွဲနပဲအပြည့်ဖြင့် တက်ရောက်ခဲ့သည့် အချိန်တုန်းကနှင့် ဆင်တူပေသည်။ ထိုအချိန်က သူ့တစ်ကိုယ်လုံးကလည်း သွေးချင်းချင်း ထွက်နေခဲ့သော်လည်း သူက ရုန်းကန်ခဲ့သည် မဟုတ်လား။

ယခုအခိုက်အတန့်၌ သူ့စိတ်ဝိညာဉ်ထဲကမှ လာသည့် လေးစားကြောက်ရွံ့မှုက သူ့ကို ဒီလှိုင်းများနှင့် တိုက်ချနေသလို ပင်ပန်းလာစေခဲ့ကာ ဝမ်လင်းက ညည်းတွားပစ်ချင်နေသည်။ သို့ရာတွင် ဝမ်လင်းက ထိုသို့ ညည်းတွား လက်လျှော့မည့်အရာကို ခွင့်မပြုနိုင်ပေ။

သူ့စိတ်အင်အားကို ပို၍ အထောက်အပံ့ပြုသည့်အရာက ကောင်းကင်ဘုံပုတီးစေ့ထဲရှိ ဝမ်အာနှင့်ဝမ်ဖျင်တို့၏ စိတ်ဝိညာဉ်နှစ်ခုပင်။

သူက ထိုစိတ်ဝိညာဉ်နှစ်ခုကို မည်သူကမျှ နာကျင်အောင် လုပ်ခွင့် မပြုနိုင်ပေ။

“ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ … ငါက မင်းကို ပိုင်ဆိုင်တယ်။ ကောင်းကင်ဘုံက ငါဂရုစိုက်တဲ့လူကို သတ်ချင်ရင်…ငါက ကောင်းကင်ဘုံကိုပါ ပြန်သတ်ပစ်မယ်။ သင်က ငါ့ကို အညံ့ခံစေချင်ရင် ဆန့်ကျင်ရင် ငါက သင့်ကိုပါ ဖျက်ဆီးပစ်မယ်…”

ဝမ်လင်းအသံက တုန်ယင်နေသော်လည်း အညံ့မခံ၊ ဦးမညွှတ်မှုတို့ပါဝင်နေ၏။

အညံ့မခံ၊ ဦးမညွှတ်သည့် တာအိုသည် သူ့မူလစိတ်ဝိညာဉ်ထဲရှိ ရှေးဟောင်းမိုးကြိုးနဂါးကိုပါ သူ့ခန္ဓာကိုယ်တစ်လျှောက် အရူးအမူး ရွေ့လျားလာစေခဲ့သည်။ လျှပ်စီးနှင့်မိုးကြိုးများက သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်လာသည်။ သူက မိုးကြိုးနှင့် ပြုလုပ်ထားသည့် လူတစ်ယောက်အလား။

ဝမ်လင်း ခြေထောက်အောက်ကနေ မိုးကြိုးပျံ့နှံ့လာကာ သူက လေထဲသို့ မြောက်တက်လာသည်။ ထိုအခိုက်အတန့်၌ ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံသား တစ်ယောက်နှင့် ဆင်တူ၏။

သူက မိုးကြိုးကို ထိန်းချုပ်ထားကာ ထိုမိုးကြိုးက အညံ့မခံသည့်စိတ်ဆန္ဒနှင့် ဝမ်လင်း၏ ကြံ့ကြံခံနိုင်သည့် တာအိုတို့ပါဝင်နေချေသည်။

မြေပြင်က ပြိုကျလာ၏။ သို့သော် ဝမ်လင်းခန္ဓာကိုယ်ကတော့ ရုန်းကန်နေဆဲပင်။ သူ့မျက်လုံးများက နီရဲကာနေ၏။ သူ့တာအိုဖြင့် သူက သူ့စိတ်ဝိညာဉ် အနက်ပိုင်းမှလာသည့် လေးစားကြောက်ရွံ့မှုကို ဖိနှိပ်လို့ထားသည်။ သူက တံခါးထံသို့ အနိုင်မခံ အရှုံးမပေးသောအကြည့်ဖြင့် စတင်ကြည့်ရှုလိုက်သည်။

သည်သီးသန့်ကမ္ဘာတွင် ပေါ်လာသည့် တံခါးက သိပ်သည်းသော ခရမ်းရောင်အလင်းနှင့် လွှမ်းခြုံထားသည်။ ထိုအလင်းထဲ၌ တစ်စုံတစ်ရာက ဖုံးကွယ်နေသလို ထင်ရသည်။ သည်အခိုက်အတန့်၌ ဝမ်လင်း၏ အကြည့်အောက်တွင် ခရမ်းရောင်အလင်းက တံခါးအပြင်ဘက်တွင် ဧရာမလက်မောင်းကြီးတစ်ဖက်အသွင် ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ လက်ဝှေ့ယမ်းကာ သူ့ကို လက်ယပ်ခေါ်သလို ထင်ရသည်။

ဝမ်လင်း၏ အမြင်အာရုံ ကောင်းမွန်မှုကြောင့် သူက ထိုလက်မောင်းကြီးသည် ရှေးဟောင်းနတ်ဘုရားနှင့် မသက်ဆိုင်ကြောင်း သတိပြုမိနေခဲ့ပေသည်။

*****

All Chapters