← Chapters

အခန်း ၃၀၁

Vol. 21 Ch. 301

အခန်း ၃၀၁

Vol. 21 Ch. 301

အပိုင်း ( 301 )

တစ်ကမ္ဘာလုံး၏ အာရုံကို ဆွဲဆောင်ခြင်း

ကြီးမားသော စွမ်းအားတစ်ခုက ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။

လုချန်ရှန်းက မိုးကြိုးပင်လယ်အောက်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး သူ၏ ခြေထောက်များအောက်တွင် မရေမတွက်နိုင်လောက်သည်အထိ များပြားလွန်းလှသော ရွှေရောင်ကြာပန်းများ ပွင့်လန်းနေလျက်ရှိ၏။ သူက မည်သည့်အရာကိုမှ ဂရုမစိုက်သကဲ့သလို့ အေးဆေးတည်ငြိမ်နေခဲ့သည်။

မူချွမ်၏ စိတ်နှလုံးသား တုန်ရင်သွားကာ စကားလှမ်းပြောနေတော့သည် “ သူတော်စင် မင်းက နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးမှ ဒီခေတ်ကို အခုလေးတင် ပြန်ရောက်လာခဲ့တာလေ။ ဘာလို့ ကပ်ဘေးကို အခုချက်ချင်းကြီးရင်ဆိုင်ဖို့ ရွေးချယ်လိုက်ရတာလဲ “

“ အမှန်ပါပဲ။ သူတော်စင်ခင်ဗျာ အခုလက်ရှိ အချိန်မှာ ကပ်ဘေးကို ရင်ဆိုင်တာက မသင့်တော်ပါဘူး “

လူတော်တော်များများ စကားဝင်ပြောလာခဲ့ကာ သူ့ကို ဟန့်တားရန် ကြိုးပမ်းနေကြတော့သည်။

ရှေးခေတ်ကတည်းက ယခုလက်ရှိ အချိန်အထိ ချိတ်ပိတ်ခံထားခဲ့ရသည့်အတွက် သူက အပြည့်အဝ အသားကျရန်အတွက် အချိန်ယူရမည် ဖြစ်သည်။ ကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်ခြင်းက ယနေ့ခေတ်၏ တာအိုနှင့် နိယာမများကို နက်နက်ရှိုင်းရှိုင်း သိမြင်သွားစေနိုင်သော်လည်း ၎င်းက ကြီးမားသော အန္တရာယ်ကိုပါ သယ်ဆောင်ထားခဲ့သည်။

သူကိုယ်တိုင်က ဤခေတ်နှင့် သက်ဆိုင်မနေခဲ့ပေ။

ထို့ကြောင့်ပင် စောင့်ကြည့်နေသူများက အံ့ဩတုန်လှုပ်သွားရခြင်းဖြစ်သည်။ ၎င်းက အလွန်တရာ အန္တရာယ်များလွန်းလှသည်။ ယခုလက်ရှိ အခြေအနေအရ သူတို့ထံတွင် ဖြည်းဖြည်းချင်း စောင့်ဆိုင်းရန်အတွက် အချိန်များစွာ ရှိနေခဲ့သည်။ ကပ်ဘေးကို ယခုချက်ချင်း ရင်ဆိုင်ကျော်ဖြတ်ဖို့ ရွေးချယ်စရာ မလိုချေ။

လုချန်ရှန်းက စကားလုံးနှစ်လုံးကို ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည်။

“ ကိစ္စမရှိပါဘူး “

သူ၏ အမူအရာက အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သော်လည်း သူ၏လေသံထဲတွင် ခိုင်မာသော ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေခဲ့၏။ သူသည် ကောင်းကင်ယံကို ငေးကြည့်ကာ တောက်ပသော အလင်းတန်းများ စုစည်းသွားသည်ကို တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေခဲ့သည်။

လူတိုင်းက ၎င်းကို စောင့်ကြည့်နေလျက်ရှိပြီး အဆိုပါ ကပ်ဘေးက ထူးခြားသည်ဆိုသည်ကို သိရှိနေခဲ့သည်။

အဓိက အ‌ကြောင်းအရင်းမှာ လုချန်ရှန်းက အလွန်တရာ အံ့ဖွယ်ကောင်းလွန်းနေသောကြောင့် ဖြစ်သည်။ သူသွားလေရာ နေရာတိုင်းတွင် ရွှေရောင်ကြာပန်းများ ပွင့်လန်းလာပြီး အင်မော်တယ် စွမ်းအင်များ အဆက်မပြတ် စီးဆင်းနေကာ အဆုံးမဲ့ ကောင်းကင်ဘုံ ကပ်ဘေးကို ဆွဲဆောင်နေသည့် သဘာဝဖြစ်စဥ်တစ်ခုက အဖော်ပြုလိုက်ပါနေခဲ့၏။

၎င်း၏ စွမ်းအားကို ကြည့်လိုက်ရုံဖြင့် ၎င်းက မွေးရာပါ ဝိညာဥ်နယ်ပယ်၏ အစွမ်းအထက်ဆုံး ကောင်းကင်ဘုံ ကပ်ဘေးများအနက်မှ တစ်ခုဆိုသည်ကို သိရှိနိုင်ပေသည်။

ထိုလူများက ၎င်းကို စောင့်ကြည့်နေရင်းဖြင့် အသက်ရှူကြပ်နေခဲ့ပြီဖြစ်သည်။

လုချန်ရှန်းကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။ သူသည် လူအများအပြားက စောင့်ကြည့်နေသည်ဆိုသည်ကို သိနေခဲ့သည်။

ယခုတွင် သူက ကံတရား၏ ကောင်းချီးပေးခြင်းကို ရရှိထားရုံသာမဟုတ်ဘဲ သူ့ကို ကာကွယ်စောင့်ရှောက်နေသည့် နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးပါ ရှိနေသည်ဆိုသည်ကို တစ်ကမ္ဘာလုံးက သိရှိသွားခဲ့ပြီ ဖြစ်ပြီး ၎င်းကြောင့်ပင် ထိုလူများက သတိတကြီးဖြစ်သွားကြသည်။

အကယ်၍ သူက သိုသိုသိပ်သိပ် နေမည်ဆိုလျှင်တောင်မှ အသုံးဝင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ပိုမိုထင်ပေါ်စွာ ပြုမူခဲ့ပြီး သူက မည်သည့်အရာကိုမှ ဂရုမစိုက်ဘူးဟု လူတိုင်းကို ခံစားသွားရစေခဲ့၏။ ထိုသဘောထားကြောင့်ပင် လူများက သူ့ကို ပိုမိုသတိထားကြသည်။

ဘုမ်းးးးး

ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့၏။ အဆုံးမဲ့ မိုးကြိုးများ ဆင်းသက်လာကာ သူ၏ပုံရိပ်က ချက်ချင်းနစ်မြုပ်သွားခဲ့သည်။

ကြောက်ဖက်ဖွယ်ရာ စွမ်းအားတစ်ခု ဖုံးလွှမ်းလာခဲ့၏။

မိုးကြိုးပင်လယ်များ တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့ကာ ကိုးရောင်ခြည် အလင်းတန်းများကို ထုတ်လွှတ်နေခဲ့၏။

“ ကိုးရောင်ခြယ် ကောင်းကင်ဘုံ ကပ်ဘေး မွေးရာပါ ဝိညာဥ်နယ်ပယ်ရဲ့ အစွမ်းအထက်ဆုံး ကပ်ဘေးတွေထဲက တစ်ခု “

တစ်စုံတစ်ဦးက တအံ့တဩဖြင့် အော်ပြောလာခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အကြောက်တရားများ ထင်ဟပ်လာခဲ့၏။ ရှေးခေတ်ကတည်းက ၎င်းကို ဆွဲဆောင်နိုင်သည့် ပုဂ္ဂိုလ်တိုင်းက သူတို့၏ မျိုးဆက်တွင် အံ့ဖွယ်ကောင်းသည့် တည်ရှိမှုများဖြစ်ပြီး ၎င်းကပို ကျော်လွှားနိုင်ခဲ့သူတိုင်းက ပြိုင်ဘက်ကင်း သူရဲကောင်းများ ဖြစ်လာခဲ့သည်။

မိုးကြိုးများအတွင်းတွင် မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှသော လျှပ်စီးတန်းများ အဆက်မပြတ် ရိုက်ခတ်နေခဲ့ပြီး ဖျက်စီးခြင်း အရှိန်အဝါတစ်ခု ထကြွလာခဲ့ကာ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရစ်ပတ်နှောင်ဖွဲ့နေတော့၏။

လုချန်ရှန်းသည် ဤတစ်ကြိမ် သူဆွဲဆောင်မိခဲ့သည့် ကပ်ဘေးက မရိုးရှင်းဘူးဆိုသည်ကို သိနေသော်လည်း ထိုမျှကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့ရာတွင် သူတော်စင်၏ ဘုန်းတန်ခိုးကြီးကာ ခမ်းနားသော ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် အတော်လေး နာကျင်ရသော်လည်း သူသည် အံကြိတ်၍ တောင့်ခံနေခဲ့သည်။ အံကြိတ်ရလွန်းသဖြင့် သူ၏သွားများကို သူကိုယ်တိုင်ကိုက်ဖြတ်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

၎င်းကလည်း တစ်ကမ္ဘာလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။ ထိုကဲ့သို့သော ကောင်းကင်ဘုံ ကပ်ဘေးမျိုးကို ရင်ဆိုင်နေရစဥ်အချိန်မှာပင် သူက ဖြောင့်ဖြောင့်တန်းတန်း မတ်တပ်ရပ်နေနိုင်သေးကာ မည်သည့်အရာကိုမှ အရေးမစိုက်သည့်အလား အေးအေးလူလူ ဖြစ်နေခဲ့၏။

“ ရှေးဟောင်းသူတော်စင် ကလေးငယ်ကတော့ ထင်ထားတဲ့အတိုင်းပဲ “

“ စွမ်းတယ်။ တော်တော်ကြီးကို စွမ်းလွန်းတယ် “

“ အဲ့လိုလူမျိုးက ကြီးပျင်းလာတဲ့ သေချာပေါက် ပြိုင်ဘက်ကင်းလာမှာပဲ “

“ … “

အင်အားစု အကုန်လုံးက စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေကြတော့သည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုးက ကြောက်မက်ဖွယ်ကောင်းသည်အထိ အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။ လူငယ်လူရွယ်များက မနာလိုအားကျဖြစ်သွားကြပြီး အမျိုးသမီးငယ်လေးများက အရူးအမူး အော်ဟစ်နေကြတော့သည်။

အကြည့်မျိုးစုံနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် လုချန်ရှန်းသည် သူကိုယ်ရည်သွေးခွင့်ရပြီဟု နားလည်သွားခဲ့သည်။

သို့သော် ကောင်းကင်ဘုံ ကပ်ဘေးကို တိုက်ရိုက်ရင်ဆိုင်ခြင်းမှာ မည်သို့မျှ အကျိုးမရှိလှပေ။ လျှပ်စီးများက သူ၏ခန္ဓာကိုယ်ပေါ်တွင် ထကြွသောင်းကျန်းနေလျက်ရှိပြီး သူ၏ ကိုယ်ပိုင်မိုးကြိုးတာအိုကို နှိုးဆွပေးကာ စွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု အပြန်အလှန် ခုခံတိုက်ခိုက်နေကြတော့သည်။

သူသက်ပြင်းမချနိုင်ခင် အချိန်မှာပင် သူ၏ စိတ်ထဲတွင် ထူးဆန်းသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာ မိုးကြိုးတိမ်တိုက်များ အထက်တွင် ပုံရိပ်အများအပြား ဖြစ်တည်လာကာ ၎င်းတို့က တိမ်တိုက်များအထက်တွင် မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူတို့၏ မျက်ဝန်းများက ခါတိုင်းလိုပင် ဗလာနတ္ထိဖြစ်ကာ အသက်မဲ့နေခဲ့သည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များက ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ထိုစဥ် ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်များထံမှ ပုံရိပ်တစ်ခု ဆင်းသက်လာခဲ့၏။ သူခုန်ဆင်းလာသည်နှင့်အမျှ သူက မိုးကြိုးကပ်ဘေးနှင့် ပေါင်းစည်းသွားမယောင်ဖြစ်နေခဲ့ပြီး ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

“ အကြွင်းအကျန် ဝိညာဥ်တွေ မင်းတို့က အခုချိန်ထိ ငါ့နောက်ကို လိုက်နေကြသေးတာပဲ။ မင်းတို့ကို ငါကြောက်နေမယ်လို့ တကယ်ကြီး ထင်နေတာလား “

လုချန်ရှန်းက အော်ပြောလိုက်ရာ ၎င်းက တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသည့် အသံတစ်သံအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းက အသက်နှစ်ဆယ့်ငါး(သို့) နှစ်ဆယ့်ခြောက်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ရှည်လျားသော ကိုယ်ဟန်အနေအထားကို ပိုင်ဆိုင်ထားကာ သူရဲကောင်းဆန်သည့် အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့၏။

သို့ရာ၌ သူရောက်ရှိလာသည့်အချိန်တွင် သူ၏မျက်ဝန်းများ တောက်ပသွားကာ တိုက်ခိုက်လိုစိတ်များ မြင့်တက်သွားခဲ့သည်။

“ တိုက် “

ထိုလူက ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ၏လက်ဝါးဖြင့် တိုက်ခိုက်လာခဲ့ရာ သောင်းနှင့်ချီသော မိုးကြိုးလျှပ်စီးများကို လှုပ်ခတ်သွားစေခဲ့၏။

ဘုမ်းးး

ကောင်းကင်ဘုံကို လှုပ်ရမ်းသွားစေနိုင်သည့် ဟိန်းဟောက်သံတစ်သံက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။ လူနှစ်ဦးကြားတွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲတစ်ခု ပေါက်ထွက်လာခဲ့ပြီး ကျဆင်းလာသည့် မိုးကြိုးများကို တိုက်ရိုက်ရိုက်ခတ်သွားကာ ပတ်ပတ်လည်ရှိ မိုးကြိုးလျှပ်စီးများကို ပြိုကွဲသွားစေခဲ့သည်။

“ အဲ့တာက ဘယ်သူလဲ။ ဘယ်လိုလုပ် အဲ့လောက်တောင် သန်မာနေရတာလဲ “

တစ်ခြားလူများက အချင်းချင်း စကားပြောနေခဲ့ကာ ဂဏာမငြိမ် ဖြစ်သွားကြသည်။

ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်မှ အဘိုးအိုသည် ၎င်းကို စောင့်ကြည့်နေခဲ့ပြီး သူ၏ စိတ်ခံစားချက်များ ရောထွေးနေလျက်ရှိကာ ပြန်ပြောလိုက်သည် “ အဲ့တာက လူသားပုံစံ ကောင်းကင်ဘုံ ကပ်ဘေးပဲ။ တကယ်လို့ အံ့ဖွယ်ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦး ပေါ်လာရင် ကောင်းကင်ဘုံ ကပ်ဘေးပါ ပေါ်လာတတ်တယ် “

“ အဲ့တာက ဘာကိုဆိုလိုတာလဲ “

“ ထူးခြားလွန်းတဲ့ ပါရမီရှင်တိုင်းက ကပ်ဘေးကို ရင်ဆိုင်ရတဲ့ အချိန်တိုင်းမှာ မှတ်တမ်းတင်ခံထားရတဲ့ အဲ့ဒီသက်ရှိတွေက တိုက်ခိုက်ဖို့အတွက် ထွက်လာရတယ်။ သူတို့တွေက ကောင်းကင်ဘုံ ကပ်ဘေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားလို့ပဲ “

တစ်နည်းဆိုရသော် အံ့ဖွယ်အကောင်းဆုံးသော ပုဂ္ဂိုလ်များကသာလျှင် ထိုကဲ့သို့သော ကောင်းကင်ဘုံ ကပ်ဘေးမျိုးကို ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်သည်။

လုချန်ရှန်းက ယခင်ကတည်းက ၎င်းတို့ တော်တော်များများကို အနိုင်ယူခဲ့ပြီးပြီ ဖြစ်သည်။ သို့သော် သူရှေ့ဆက်သွားလေလေ ၎င်းတို့က ပိုမိုကြောက်မက်ဖွယ်ကောင်းလာလေလေ ဖြစ်နေခဲ့သည်။ အစတွင် သူက ထိုလူများ၏ နေရာကို အစားထိုးကာ သမိုင်းသစ်စိုက်ထူနိုင်ခဲ့မည်ဖြစ်သည်။ သို့သော် ကန်းယွင်ကားချပ်ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ဘုမ်းးးး အုမ်းးးး

ထိတွေ့တိုက်ခိုက်မှုအသံများ ထပ်မံ၍ ပေါ်ထွက်လာခဲ့၏။ လုချန်ရှန်းက လက်သီးတစ်လုံး ဖွဲ့စည်း၍ တိုက်ခိုက်လိုက်ရာ မှော်စွမ်းအား အများအပြား စုစည်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မိုးကြိုးလျှပ်စီးတို့ဖြင့် ဖုံးလွှမ်းသွားကာ အရှေ့သို့ တိုက်ခိုက်နေတော့၏။

လူနှစ်ဦး၏ တိုက်ခိုက်မှုများက ထိုနေရာတစ်ခုလုံးကို တိုက်ရိုက်လှုပ်ခတ်သွားခဲ့သည်။ မိုးကြိုးလျှပ်စီးများက အလျားလိုက်လွင့်ထွက်သွားကာ ဘက်ပေါင်းစုံတွင် ပေါက်ကွဲသွားခဲ့သည်။

ပတ်ပတ်လည်ရှိ သက်ရှိသတ္တဝါတို့မှာ အဆက်မပြတ် နောက်ဆုတ်သွားကာ ပေတစ်ထောင်အထိ ဆုတ်ခွာသွားကြသည်။

ထိုကဲ့သို့သော ကောင်းကင်ဘုံ ကပ်ဘေးက အလွန်တရာ အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက မည်သည့်ခေတ်တွင် ပေါ်လာခဲ့ပါစေ တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေမည် ဖြစ်သည်။

သို့ရာတွင် တိုက်ကွက်ပေါင်း ဒါဇင်နှင့်ချီ၍ ဖလှယ်ခဲ့ပြီးသည့်နောက်မှာပင် အနိုင်အရှုံးက ကွဲကွဲပြားပြား မပေါ်ထွက်လာခဲ့ပေ။ သို့သော် ထိုလူငယ်က နောက်ဆုတ်သွားခဲ့ရပြီး မိုးကြိုးတိမ်တိုက်ပေါ်မှ နောက်လူတစ်ဦးက စတင်၍ လှုပ်ရှားလာခဲ့သည်။

၎င်းက ပြိုင်ဘက်ကင်း အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။ သို့သော် သူမ၏ မျက်ဝန်းများက တိုက်ပွဲဝင်လိုစိတ်တို့ဖြင့် တောက်လောင်နေခဲ့သည်။

သူမက တိုက်ပွဲအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ချင်နေခဲ့သည်။

လုချန်ရှန်းက သူမကို ငေးကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်းတွင် မည်သည့်အကြောက်တရားမှ မရှိနေသကဲ့သို့ သူ၏ အမူအရာကလည်း မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။ သူသည် မည်သည့်အတွက်ကြောင့် ပြိုင်ဘက်ပြောင်းသွားရလဲဆိုသည်ကို မသိပေ။ သူက နာမည်တစ်လုံး တည်ဆောက်ရန် ကြံရွယ်ထားသကဲ့သို့ တိုက်ပွဲကိုသာ အာရုံစိုက်နေခဲ့၏။

အမျိုးသမီး၏ တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာခဲ့ကာ တိုက်ပွဲမှာလည်း ပိုမိုစိတ်ဝင်စားဖွယ် ကောင်းလာခဲ့သည်။

လူတစ်စုံတစ်ဦးကို သူမကို ငေးကြည့်နေရင်းဖြင့် တစ်စုံတစ်ခုကိုမှတ်မိသွားပုံရကာ အံ့ဩတကြီး အော်ပြောနေတော့သည်။

“ အဲ့တာက နတ်မိမယ် ကျင်းရှပဲ။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်တုန်းက ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ “

တစ်စုံတစ်ဦးက ရှေးဟောင်းမှတ်တမ်းများကို ဖတ်ရှုထားကာ သူမကို မှတ်မိသွားခဲ့သည်။ သူမက ထိုခေတ်တစ်ခုလုံးကို အံ့ဩတုန်လှုပ်သွားစေခဲ့၏။

သို့ရာ၌ တိုက်ကွက်တစ်ရာကျော် ဖလှယ်ခဲ့ပြီးသည့်နောက်တွင် နောက်လူတစ်ဦး ထပ်မံ၍ ဆင်းသက်လာခဲ့ပြန်သည်။

မိုးကြိုးတိမ်တိုက်ပေါ်ရှိ လူတိုင်း၏ မျက်ဝန်းများက ဗလာနတ္ထိဖြစ်နေသော်လည်း တိုက်ခိုက်လိုစိတ်ဖြင့် တောက်လောင်နေလျက်ရှိ၏။ သူတို့အားလုံးက တိုက်ပွဲအတွင်းသို့ ခုန်ဆင်းကာ လုချန်ရှန်းနှင့် တိုက်ခိုက်ချင်နေကြသည်။ ထို့ကြောင့်ပင် သူတို့က အလှည့်ကျ တိုက်ခိုက်နေကြခြင်းဖြစ်သည်။

“ လွန်ခဲ့တဲ့ နှစ်တစ်သိန်းနှစ်သောင်းတုန်းက အဖြူဝတ် ဓားနတ်ဘုရား ယဲ့ချင်ထျန်း “

အသစ်ရောက်ရှိလာသူကို ထပ်မံ၍ မှတ်မိသွားကြပြန်သည်။ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှာပင် လူတစ်ချို့က သူ့ကို မှတ်မိနေသေးသည်။

“ သတ် “

လုချန်ရှန်းသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ မိုးကြိုးကပ်ဘေးကို သူ၏ရုပ်ခန္ဓာဖြင့် ရင်ဆိုင်ကာ အရှေ့သို့ ပြေးတက်သွားတော့သည်။ သောင်းနှင့်ချီသော မိုးကြိုးများက သူ့ကို ပစ်ခွင်းနေကာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစီးကြောင်းများစွာ စွန်းထင်းနေသော်လည်း သူက အကြောက်အရွံ့ ကင်းမဲ့နေသေး၏။

လူတိုင်းက ကွဲပြားသော အမူအရာများဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေလျက်ရှိသည်။

အတော်ဝေးဝေးရှိ ကောင်းကင်ဘုံ အကယ်ဒမီ အရှေ့ပိုင်းဒေသ ဗုဒ္ဓဂိုဏ်းတို့ကပင် စိတ်ခံစားချက်များ ပြောင်းလဲသွားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့အားလုံးက အချက်အလက်ကို နားလည်သွားကြသည်။

ပြိုင်ဘက်ကင်း တည်ရှိမှု။ တစ်သက်တာတွင် မြင်ရခဲသည့် ပြိုင်ဘက်တစ်ဦးကို ကြုံတွေ့လာရပြီဖြစ်သည်။

--

……………………………………………………………………………………………………………………………………..

All Chapters