← Chapters

အခန်း ၃၀၂

Vol. 21 Ch. 302

အခန်း ၃၀၂

Vol. 21 Ch. 302

အပိုင်း ( 302 )

ပူနေတုန်း ရိုက်ရတယ်

ကြီးမားသော ကောင်းကင်ဘုံ ကပ်ဘေးက အရပ်မျက်နှာရှစ်ခုစလုံးကို ဖုံးလွှမ်းထားခဲ့သည်။

လူတိုင်းက ၎င်းကို ငေးကြည့်နေပြီး စိတ်နှလုံးသားများ လှုပ်ရမ်းသွားကြသည်။ ထိုကဲ့သို့သော ကပ်ဘေးမျိုးက သာမန်လူများ ရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။ အကယ်၍ သူတို့ကသာ ကောင်းကင်ဘုံ ကပ်ဘေးကို ရင်ဆိုင်နိုင်မည်ဆိုလျှင်တောင်မှ ထိုလူများ၏ တိုက်ခိုက်မှုများကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

လုချန်ရှန်းက လူကိုးဦးနှင့် ဆက်တိုက်တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သည်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာ သူတို့က အလှည့်ကျသာ တိုက်ခိုက်နေခဲ့ပြီး ထိုကဲ့သို့ ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ရပ်တန့်သွားကြကာ တိမ်တိုက်များဆီသို့ ပြန်သွားပြီး တစ်ဖက်သတ် မတိုက်ခိုက်သောကြောင့် ဖြစ်သည်။

မိုးကြိုးတိမ်တိုက်များ လွင့်ပျယ်သွားမှုနှင့်အတူ ထိုလူများလည်း ပျောက်ကွယ်သွားခဲ့သည်။ သူက စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ကောင်းကင်ဘုံ ကပ်ဘေး၏ စွမ်းအားက တဖြည်းဖြည်း အားပျော့ကာ ပျောက်ကွယ်သွားခဲ့သည်။

အဆုံးတွင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

လုချန်ရှန်း၏ ပုံရိပ်က ကောင်းကင်ထက်မှ တဖြည်းဖြည်း ဆင်းသက်လာခဲ့၏။ သူ၏ အဖြူရောင် ဝတ်စုံတွင် သွေးများ စွန်းထင်းနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်သပ်ကာ မီးလောင်ဒဏ်ရာတို့ဖြင့် ဖုံးလွှမ်းနေခဲ့၏။ သူ၏ ကျောက်စိမ်းသရဖူ ပြိုကွဲသွားသည်မှာ ကြာနေခဲ့ပြီဖြစ်ပြီး သူ၏ ဆံပင်များ ပြေလျော့ကာ သူ၏မျက်နှာကို ဖုံးလွှမ်းထားခဲ့သည်။

သို့ရာတွင် သူက သနားဖွယ်ကောင်းသော အခြေအနေတွင် ရှိနေသည်ဟု မည်သူကမှ မခံစားခဲ့ရပေ။ ထို့အစား ရိုသေလေးစားမှုများသာ မြင့်တက်လာခဲ့၏။

ထိုကဲ့သို့သော လူငယ်မျိုးက ဤကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းနေခဲ့သည်။

လုချန်ရှန်းက ယခင်ကကဲ့သို့ပင် မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလား ထိုနေရာတွင် အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်က အလွန်တရာ နာကျင်ကိုက်ခဲနေသော်လည်း အသံတစ်သံပင် မထွက်ဘဲ ရောက်ရှိလာသည့် ရန်သူတိုင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသကဲ့သို့ တည်တည်ငြိမ်ငြိမ်ဖြင့် ငေးကြည့်နေလျက်ရှိ၏။

ယခုတွင် သူက သူတော်စင်တစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် ယခင်ကကဲ့သို့ အော်ဟစ်ဆဲဆိုနေခြင်းမှာ အမှန်တကယ် မသင့်တော်လှပေ။

အကယ်၍ သူကသာ ထိုကဲ့သို့ ပြုလုပ်လိုက်မည်ဆိုပါက သူဂရုတစိုက် တည်ဆောက်ထားခဲ့ရသော သူ၏ ဂုဏ်သိက္ခာ ပျက်စီးသွားရပေလိမ့်မည်။

၎င်းကို ရရှိရန်အတွက် သူက နတ်ဘုရားတစ်ပါးကိုပင် စတေးထားခဲ့ရသည်။

“ သူတော်စင် “

မူချွမ်က အလွန်တရာ စိတ်လှုပ်ရှားနေသော အမူအရာမျိုးဖြင့် ရှေ့တက်လာခဲ့ကာ တစ်စုံတစ်ခုကို ပြောချင်နေပုံရ၏။

လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ တုံ့ပြန်လိုက်သည် “ မနက်ဖြန်ကျရင် မိုးကြိုးငှက်မျိုးနွယ်စုဆီ သွားမယ် “

ထိုစကားလုံး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာ လေးခုစလုံး ကသောင်းကနင်း ဖြစ်သွားတော့သည်။

လုချန်ရှန်းက သူ၏ အေးစက်စက် ဟန်အမူအရာကို ထိန်းသိမ်းထားကာ ရက်စက်သော စကားအနည်းငယ်ကို ပြောဆိုလိုက်သည်။ ခြေတစ်လှမ်းလှမ်းလိုက်ရာ သူ၏ အရှိန်အဝါ အပြည့်အဝ ပေါက်ထွက်လာခဲ့ပြီး မွေးရာပါ ဝိညာဥ်အဆင့်၉ အရှိန်အဝါများက လေထုအတွင်းသို့ စိမ့်ဝင်သွားတော့သည်။

သူသည် သူက မည်သို့မျှ မထိခိုက်သွားဘူးဆိုသည်ကို တစ်ကမ္ဘာလုံးကို ချပြလိုက်သည်။

သို့သော် သူ၏စကားတစ်ခွန်းကြောင့် လူအများအပြား အထိတ်တလန့်ဖြစ်သွားခဲ့သည်။

သူက စာရင်းရှင်းတော့မှာလားဟ။

ကပ်ဘေးကို ရင်ဆိုင်ခဲ့ရတာတောင်မှ မနားဘူးလားဟ။

အားလုံး၏ အကြည့်များ အောက်မှာပင် လုချန်ရှန်းက ပြေးထွက်သွားခဲ့သည်။

သို့သော် မူဟွမ်၏ ပိုင်နက်ထံသို့ ပြန်လည်ရောက်ရှိသွားသည့် အချိန်တွင် သူသည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ် အပြင်ပိုင်းတစ်ခုလုံးက မိုးကြိုးဒဏ်ကြောင့် မည်းတူးနေခဲ့ပြီဖြစ်သော်လည်း သူသည် ခေါင်းမာမာဖြင့် တောင့်ခံကာ ဆရာကြီးအထာ ဖမ်းနေခဲ့၏။

ဆရာကြီးအထာဖမ်းရခြင်းက စိတ်ချမ်းသာဖွယ်ကောင်းသော်လည်း နောက်ဆက်တွဲအကျိုးဆက်များက မသက်သာလှပေ။

နာကျင်ရသော်လည်း မည်သို့မျှ မထိခိုက်သွားခဲ့ပေ။

မိုးကြိုးငှက်မျိုးနွယ်စုထံ သွားခြင်းကမူ အပြောသပ်သပ်သာလျှင် မဟုတ်ဘဲ သံကို ပူနေတုန်း ပုံသွင်းထုရိုက်ရန်အတွက် ဖြစ်သည်။ သူ၏ ဩဇာအာဏာကို တည်ဆောက်ကာ အမျိုးမျိုးသော အင်အားစုများကို ကြောက်လန့်သွားစေရန်အတွက် ဖြစ်သည်။

အကယ်၍ ယနေ့တွင် နောက်မကျသွားခဲ့ဘူးဆိုပါက သူက မနက်ဖြန်အထိပင် စောင့်ဆိုင်းနေမည် မဟုတ်ပေ။

တစ်ညတာ အနားယူခဲ့ကာ အာရုံမတက်ခင် အချိန်မှာပင် လုချန်ရှန်းက မဟာတောရိုင်း နန်းတော်၏ ပင်မခန်းမအရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လူများက ဤနေရာတွင် စောင့်ဆိုင်းနေကြ၏။ ကောင်းကင်ထက်တွင် စစ်သဘော်တစ်စင်း မျောလွင့်နေလျက်ရှိပြီး လူတိုင်းက လုချန်ရှန်းကို ငေးကြည့်နေခဲ့ကြသည်။

သူသည် အကြည့်ပေါင်းများစွာကို ခံယူ၍ စစ်သဘော်ပေါ်သို့ တက်ကာ အဝေးသို့ ငေးကြည့်နေတော့၏။ ပထမဦးဆုံး နေ့အလင်းရောင်နှင့်ထိတွေ့ခဲ့ပြီးသည့်နောက်တွင် သူသည် ဖြည်းဖြည်းချင်း စကားပြောလိုက်သည်။

“ သွားမယ် “

အသံက မကျယ်သော်လည်း လူတိုင်း၏ စိတ်ဓာတ်ကို တက်ကြွလန်းဆန်းသွားစေကာ ယုံကြည်မှုရှိသွားစေခဲ့သည်။

မဟာတောရိုင်း နန်းတော်တွင် ဧည့်သည်တော်အဖြစ် နေထိုင်ကြသူတို့မှာလည်း ကိုယ့်အစီအစဥ်နှင့်ကိုယ် ထွက်သွားခဲ့ကြသည်။ သို့သော် သူတို့သည် အလောတကြီး အိမ်မပြန်သွားကြဘဲ လုချန်ရှန်းတို့ လူအုပ်အနောက်မှ လိုက်သွားကာ မိုးကြိုးငှက် မျိုးနွယ်စုတည်ရှိရာ တောင်ပိုင်းဒေသ၏ မြောက်ပိုင်းသို့ ဦးတည်သွားကြသည်။

“ သူက မိုးကြိုးငှက်မျိုးနွယ်စုကို ပြားပြားဝပ်အောင် လုပ်တော့မှာလား “

အနီးအနားတွင် ရှိနေသည့် လူများသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာကြသည်။ ထိုကဲ့သို့သော စုဖွဲ့မှုမျိုးက အလွန်တရာ ခမ်းနားလွန်းနေခဲ့ပြီး ဟွာရှုနယ်ပယ် ပညာရှင်များကပင် လုချန်ရှန်း၏ အနောက်တွင် မတ်တပ်ရပ်နေခဲ့ကြသည်။

လုချန်ရှန်းမှာလည်း စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။ အဆိုပါ ခံစားချက်က အလွန်ပင် သက်တောင့်သက်သာရှိလှသည်။ သူသည် ဂိုဏ်းကြီးများ၏ ဆက်ခံသူနှင့် သူတော်စင်များက မည်သည့်အတွက်ကြောင့် အလွန်တရာ မောက်မာနေရလဲဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

အစွမ်းထက် ပညာရှင် အများအပြားက ထောက်ခံပေးနေသောကြောင့် မည်သူမဆို လေပေါ်မြောက်သွားကြမည် ဖြစ်သည်။

မိုးကြိုးငှက် မျိုးနွယ်စုကို ဓားဖြင့် ရွယ်လိုက်ခြင်းမှာ လုချန်ရှန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည့် စကားမဟုတ်ချေ။ အကယ်၍ ဤတစ်ကြိမ်တွင် သူကသာ လက်ဦးမှုယူ၍ မတိုက်ခိုက်ဘူးဆိုပါက တစ်ခြားလူများက သူဒဏ်ရာရနေသည်(သို့) အားနည်းနေသည်ဟု သို့လောသို့လော ထင်သွားကာ လာရောက်တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

သူက ယုံကြည်မှု အပြည့်ရှိသည်ဟု လူတိုင်းကို ခံစားသွားရစေရန်အတွက် လက်ဦးမှုယူကာ အရင်လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။

သူ၏ဒဏ္ဍာရီနှင့် အမှန်တကယ် မတည်ရှိသည့် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူနှင့် ပေါင်းစည်းလိုက်သော် ၎င်းက အင်အားစုတော်တော်များများ၏ ခံစစ်များကို ချိုးဖျက်နိုင်ပေသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အတုကပင် အစစ်ဖြစ်သွားလိမ့်မည် ဖြစ်သည်။

မိုးကြိုးငှက် မျိုးနွယ်စုက သူဂရုတစိုက် ရွေးချယ်ထားသော တည်သီးအမှည့်ဖြစ်သည်။

( တည်သီးမှည့်က ပျော့ပျောင်းတယ်၊ ညှစ်ရလွယ်တယ်။ အနိုင်ကျင့်လို့ ကောင်းတယ်ဆိုတဲ့ သဘောမျိုးပါ)

၎င်း၏ အခြေခံအုတ်မြစ်က နက်ရှိုင်းကာ စွမ်းအားက ထူးခြားသော်လည်း ၎င်းက မဟာတောရိုင်း နန်းတော်အတွက် ဘာမှဟုတ်မနေခဲ့ပေ။

ယခင်က ၎င်း၏ လက်အောက်ခံ အင်အားစုတစ်ခုဖြစ်သည့် မဟာတောရိုင်း နန်းတော်က မိုးကြိုးငှက် မျိုးနွယ်စုနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသည်။ မဟာတောရိုင်း နန်းတော်သည် အားနည်းသူကို အနိုင်ကျင့်သည်ဟု အစွပ်စွဲခံရမည်ကို ကြောက်သောကြောင့် များများစားစား ကြားဝင်မစွက်ဖက်ခဲ့ပေ။ သို့သော် ယခုတွင်မူ ၎င်းက ကွဲပြားသွားခဲ့ပြီဖြစ်သည်။ အခွင့်အာဏာက လုချန်ရှန်းဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လုချန်ရှန်းသည် တစ်ခြားလူများ၏ ကံဆိုးမှုကို အခွင့်ကောင်းယူခဲ့သည့် ထိုလူများက အတော်ပင် လွန်လွန်းလှသည်ဟု ခံစားနေခဲ့ရသည်။ ထို့ကြောင့် သူသည် မိုးကြိုးငှက် မျိုးနွယ်စုဆီသို့ အရင်သွားကာ ထို့နောက်တွင် ပိုင်မိသားစုထံသို့ သွားရန် ဆုံးဖြတ်ထားခဲ့သည်။

တစ်ခြားသော ကိစ္စများအတွက်မဟုတ်ဘဲ သူ၏ အင်အားကို ပြသရန်အတွက် ဖြစ်သည်။ တစ်ခြားသော ရည်ရွယ်ချက်များ မရှိပေ။

မကြာခင် အချိန်မှာပင် စစ်သဘော်က တောင်တန်းတစ်ခုအပေါ်သို့ ရောက်ရှိလာခဲ့သည်။

ရောင်ခြည်များ ပေါက်ထွက်လာခဲ့ကာ အဆက်မပြတ် စီးဆင်းနေသည့် မိုးကြိုးလျှပ်စီးများက အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

၎င်းက မိုးကြိုးငှက် မျိုးနွယ်စု အခြေချနေထိုင်ရာ အရပ်ပင် ဖြစ်သည်။

မူချွမ်သည် အရှေ့သို့ ငေးကြည့်ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့၏။ သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးဖြစ်ပြီး ဤကမ္ဘာပေါ်တွင် သူ့ကို ဖိနှိပ်နိုင်သည့် လူမှာ လက်ချိုးရေ၍ပင် ရပေသည်။

ထိုခြေလှမ်းကျဆင်းသွားမှုနှင့်အတူ အလင်းတန်းများစွာ ပွင့်ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ကာကွယ်ပေးလိုပုံရကာ စွမ်းအားများ အကုန်အစင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့အရှေ့တွင် ရှိနေသည့် တောင်တန်းတစ်ခုက ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ပြိုကွဲပျက်စီးသွားကာ ဖုန်မှုန့်များ လှိုက်တက်လာပြီး ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

နောက်မှ လိုက်လာသူများ အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့သည် မဟာတောရိုင်း နန်းတော်က အင်အားသုံး၍ အကြမ်းပတမ်းလုပ်ဆောင်ကာ တစ်ဖက်လူကို မည်သို့မျှ လှုပ်ရှားခွင့်မပေးဘဲ တောင်တန်းကို တိုက်ရိုက်ချေမှုန်းလိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ အတင့်ရဲလိုက်တဲ့ သောက်ရူးကောင်။ ငါ့ရဲ့ မိုးကြိုးငှက် မျိုးနွယ်စုမှာ ဘယ်လိုတောင် မောက်မာနေရတာလဲ “

အော်ဟစ်ညီးညူသံများစွာ ပေါ်ထွက်လာခဲ့ပြီး ဒေါသတကြီး ဖြစ်သွားသည့် အစွမ်းထက် ကျင့်ကြံသူများက သတ်ဖြတ်လိုစိတ်များနှင့်အတူ ကောင်းကင်ထက်သို့ ပြေးတက်လာကြသည်။ သို့သော် ဖုန်မှုန့်များအတွင်းမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် သူတို့၏ အမူအရာများ ပြောင်းလဲသွားကာ အထိတ်တလန့် ဖြစ်သွားကြသည်။

မူချွမ်က အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးနှင့်အတူ အရှေ့ဆုံးတွင် မတ်တက်ရပ်နေလျက်ရှိ၏။ သူ၏ အကြည့်က သူတို့ကို ဖုံးလွှမ်းသွားပြီး ထိုလူများ၏ အမူအရာများ ရုတ်ရုတ်သဲသဲ ပြောင်းလဲသွားခဲ့သည်။

“ မ … မဟာ …. မဟာတောရိုင်း နန်းတော် “

စကားပြောလာခဲ့သည့် လူမှာ အဆိုပါ မျိုးနွယ်စု၏ အုပ်စိုးသူဖြစ်၏။ အဆိုပါ မျိုးနွယ်စုမှာ တောင်ပိုင်းဒေသ၏ အစွမ်းထက် မျိုးနွယ်စုတစ်ခုဖြစ်ခဲ့ဖူးကာ ကမ္ဘာတစ်ဝှမ်းကျော်ကြားခဲ့ဖူးသော်လည်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ပြီ ဖြစ်သည်။

“ သူတော်စင်ကို မြင်နေရတာတောင်မှ မလေးမစား လုပ်ရဲနေတယ်ပေါ့။ ဒူးထောက်စမ်း “

မုချွမ်၏ ဖိအား နိမ့်ဆင်းလာခဲ့ကာ ထိုလူသည် အဆုံးမဲ့ တောင်တန်းများက သူ၏ ပခုံးများပေါ်သို့ ဖိကျလာသည်ဟု ခံစားသွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့သွားကာ မြေပြင်ပေါ်တွင် မှောက်ခုံဖြစ်သွားခဲ့ပြီး ပေါ်လာခဲ့သည့် လူများကလည်း မြေပြင်ပေါ်တွင် ဝပ်တွားလိုက်ရသည်။

သူ၏ ကျင့်ကြံရေးက ဟွာရှုနယ်ပယ် အဆင့်၇တွင် ရှိနေသော်လည်း မူချွမ်နှင့် ရင်ဆိုင်နေရသောအခါတွင် မည်သို့မျှ မခုခံနိုင်ခဲ့ပေ။

သူတို့ မျိုးနွယ်စု၏ ဟွာရှုနယ်ပယ် အဆင့်၈ ဘိုးဘေးဟောင်းကြီးကပင် အသုံးမဝင်ခဲ့ပေ။ သူတို့က မတ်တပ်လေးပင် မရပ်နိုင်ခဲ့ကြပေ။

လုချန်ရှန်း၏ အကြည့်များက ကန်ရေပြင်အလား ငြိမ်သက်နေကာ သူတို့ကို လွှမ်းခြုံသွားခဲ့သည်။ သူက လျှပ်စီးကျီနှင့် ရန်ကြွေးများ ရှိနေခဲ့သော်လည်း သူက ကိုယ်ရေးကိုယ်တာ လက်စားချေမှုအတွက် ပြင်ပအားကို အားကိုးမည့် လူမဟုတ်ပေ။

“ မင်းတို့ရဲ့ မျိုးနွယ်စုက ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်။ မင်းတို့ရဲ့ ရည်ရွယ်ချက်ကဘာလဲ “

လုချန်ရှန်းက ထိုလူများကို မေးခွန်းထုတ်လိုက်သည်။

ထိုမေးခွန်းက လူတိုင်းကို ကျောချမ်းသွားစေကာ သူတို့၏ နောက်ကျောများကို ချွေးတို့ဖြင့် စိုရွှဲသွားစေခဲ့၏။

ဤကိစ္စမတိုင်ခင် အချိန် မူဟွမ်က ဘဝနေဝင်ချိန်နှင့် နီးကပ်နေကာ မဟာတောရိုင်း နန်းတော်က ကျဆင်းနေခဲ့သည်။ သူတို့သည် သူတို့မျိုးနွယ်စု၏ တည်ငြိမ်အေးချမ်းမှုနှင့် သူတို့၏ ပိုင်နက်ကို ချဲ့ထွင်ရန်အတွက် ထျန်းရီမြင့်မြတ်နယ်မြေကို သစ္စာခံရန် ရွေးချယ်ခဲ့ကြသည်။ အစတွင် အရာအားလုံးက မျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်နေခဲ့ပြီး အဆိုပါ သူတော်စင် ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် အဆိုပါဖြစ်ရပ် ပြီးဆုံးသွားသည့်နောက်တွင် သူတို့က ထျန်းရီမြင့်မြတ်နယ်မြေကို အကူအညီ တောင်းခံခဲ့ကြသည်။ သို့သော် ထျန်းရီမြင့်မြတ်နယ်မြေကမူ နောက်လဝက်အကြာတွင် မဟာတောရိုင်း နန်းတော်နှင့် ဆွေးနွေးညှိနှိုင်းရန်အတွက် ရောက်လာခဲ့မည်ဟုသာ အကြောင်းပြန်ခဲ့၏။

သို့သော် လဝက်ဟူသည့် အချိန်မှာ မဟာတောရိုင်း နန်းတော်က မိုးကြိုးငှက် မျိုးနွယ်စုကို အကြိမ်တစ်ရာတိတိ အမြစ်ပြတ်သုတ်သင်ရန် လုံလောက်သော အချိန်ပမာဏမျိုး ဖြစ်နေခဲ့သည်။

အဆုံးတွင် ထိုလူများက စောင့်ကြည့်လေ့လာရန်သာ ဆုံးဖြတ်ခဲ့ကြပြီး အဆိုပါ သူတော်စင်၏ ခွန်အား အတိမ်အနက်ကို မမြင်ရမချင်း ………. မိုးကြိုးငှက် မျိုးနွယ်စုကို ပစ်ပယ်လိုက်ပြီဟုပင် သတ်မှတ်၍ရလေသည်။

“ ကျွန်တော်တို့က မောက်မာပြီးတော့ အမှားတစ်ခု လုပ်ခဲ့မိပါတယ်။ သနားညှာတာပေးဖို့အတွက် သူတော်စင်ကို တောင်းပန်ပါတယ် “

ခေါင်းဆောင်ဖြစ်သူသည် ယခုတွင် စစ်ကူရမည် မဟုတ်ဘူးဆိုသည်ကို နားလည်သွားခဲ့ပြီး သူ၏ မျိုးနွယ်စုကို ကယ်တင်ရန်အတွက် ဦးညွှတ်လိုက်ရုံသာ ပြုလုပ်နိုင်တော့သည်။ မည်သူကမှ အမြစ်ပြတ်သုတ်သင်ခြင်းဆိုသည့် ကပ်ဘေးကို သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် စစ်သွေးကြွနေသည့် သူတို့၏ မျိုးဆက်သစ် လူငယ်တစ်ချို့ ရှိနေခဲ့ပြီး သူတို့က နယ်မြေချဲ့ထွင်ရန် ရည်မှန်းထားသောကြောင့် လုချန်ရှန်း၏ အနိုင်ကျင့်ဗိုလ်ကျမှုကို မည်သို့မျှ လက်မခံနိုင်ဘူးဟု အော်ဟစ်ဆန္ဒပြခဲ့ကြသည်။

လုချန်ရှန်းသည် သူတို့က မာန်မာနရှိကာ တစ်ခြားလူများနှင့် မတူဘူးဟု ခံစားသွားခဲ့ရပြီး သူတို့၏ စကားပြောဆိုမှုများ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထိုလူစုကို တိုက်ရိုက်သတ်ဖြတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် အင်အားစုတိုင်းက စောင့်ကြည့် စောင့်ဆိုင်းနေကြသေး၏။

အချိန်အတိုင်းအတာ တစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲတစ်ဦးက ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည်။

“ အဲ့ဒီသူတော်စင်က မိုးကြိုးငှက်တွေကို အပြတ်ရှင်းလိုက်မယ်လို့ မင်းတို့ထင်ကြလား “

--

………………………………………………………………………………………………………………………………………..

All Chapters