← Chapters

အခန်း ၃၀၅

Vol. 21 Ch. 305

အခန်း ၃၀၅

Vol. 21 Ch. 305

အပိုင်း ( 305 )

မင်းမလှုပ်ရှားရဲဘူးလို့ ငါလောင်းတယ်

လုချန်ရှန်း၏ အသံက တောင်ပိုင်းဒေသ၏ ကောင်းကင်ထက်တွင် ပျံ့လွင့်သွားခဲ့သည်။

မဟာတောရိုင်း နန်းတော်ထံမှ စိန်ခေါ်စာတစ်စောင် ပျံထွက်လာခဲ့ပြီး အရှေ့ပိုင်းဒေသအတွင်းသို့ ကျဆင်းသွားကာ ထျန်းရီမြင့်မြတ်နယ်မြေထံသို့ ဦးတည်သွား၏။

ထိုသတင်းက လူအမြောက်အများကို အံ့ဩတုန်လှုပ်သွားစေခဲ့၏။

သူတို့အားလုံးက အစွမ်းထက်ကာ သနားကြင်နာတတ်သည့် အဆိုပါ သူတော်စင်ကို ချီးကျူးပြောဆိုခဲ့ကြသည်။ သူက လုပ်နိုင်စွမ်းရှိသော်လည်း တစ်ခြားလူများ၏ အသက်များကို ပေါ့ပေါ့ဆဆ မနှုတ်ယူခဲ့ပေ။ သို့သော် သူက မျက်စိစုံမှိတ်၍ အရာအားလုံးကို ခေါင်းငုံ့ခံနေမည့် လူစားမျိုးလည်း မဟုတ်ပေ။

တောင်ပိုင်းဒေသကို ငြိမ်းချမ်းသွားစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် စာရင်းများ တစ်ခုပြီးတစ်ခု စရှင်းနေပြီဖြစ်သည်။

နောက်ထပ်မြင့်မြတ်နယ်မြေတစ်ခုနှင့် ရင်ဆိုင်ရသည့် အချိန်မှာပင် သူက မည်သို့မျှ အလွတ်မပေးခဲ့ချေ။

အရပ်မျက်နှာလေးခုစလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး မဟာတောရိုင်း နန်းတော်အတွင်းရှိ လူများက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ဂဏာမငြိမ်ဖြစ်နေလျက်ရှိ၏။

လုချန်ရှန်းကမူ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိ၏။ သူ၏အကြည့်က ဘက်ပေါင်းစုံကို ဖုံးလွှမ်းသွားခဲ့သည်။ သူက အေးဆေးတည်ငြိမ်ပုံရသော်လည်း ဝေခွဲမရဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းနေလျက်ရှိ၏။

သူက မွေးရာပါဝိညာဥ် အဆင့်၉သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ မှော်စွမ်းအားများ အဆုံးမဲ့ မြင့်တက်လာခဲ့ကာ ယခင်ကထပ် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခဲ့ပြီ ဖြစ်သည်။ သူသည် အဆင့်တူတွင် မည်သူ့ကိုမှ မကြောက်ပေ။

မွေးရာပါ ဝိညာဥ်နယ်ပယ်နှင့် ဟွာရှုနယ်ပယ်အကြားတွင် ချောက်နက်တစ်ခု ရှိသည်ဟု လူတိုင်းက ပြောဆိုနေကြသော်လည်း သူသည် အဆိုပါ ချောက်နက်က ကျော်လွှား၍ရသော အရာတစ်ခု မဟုတ်ဘူးဟု ခံစားနေခဲ့ရသည်။ ၎င်းမှာ တိုက်ခိုက်ရကျိုးနပ်မနပ်ဆိုသည့်အပေါ်တွင် မူတည်ပေသည်။

သို့သော် သူက အနာဂတ်လမ်းကြောင်းကိုပါ မြင်တွေ့ထားခဲ့ပြီးပြီ ဖြစ်သည်။ ယခင်က မူဟွမ်ပြောထားခဲ့သည့်အတိုင်းပင် သူ၏ရုပ်ခန္ဓာက အဆုံးမဲ့ တွင်းပေါက်ကြီးကဲ့သို့ ဝိညာဥ်ချီကို ကြောက်ခမမ်းလိလိ လိုအပ်နေခဲ့သည်။

မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ဝင်ရောက်ခြင်းကပင် ဝိညာဥကျောက်တုံး သန်း၂၆၀ကို စားသုံးခဲ့သည်။ ဟွာရှုနယ်ပယ်သို့ ထိုးဖောက်ရန်အတွက် လိုအပ်မည့် ဝိညာဥ်ကျောက်တုံးမှာ ပိုမိုများပြားနေမည်ဖြစ်ပြီး သူကိုယ်တိုင်ကပင် ပမာဏကို မမှန်းဆနိုင်ခဲ့ပေ။

တောင်ပိုင်းဒေသကို ငြိမ်းချမ်းသွားစေကာ အင်အားစု အသီးသီးကို အောင်နိုင်ခဲ့ပြီးသည့်နောက်တွင် သူက ဝိညာဥ်ကျောက်တုံး သန်း၁၆၀အထိ သိမ်းယူနိုင်ခဲ့သည်။ သူက ၎င်းတို့အားလုံးကို သန့်စင်ခဲ့ပြီးပြီဖြစ်သည်။ ၎င်းတို့က ရှည်လျားသော မြစ်တစ်စင်းအလား ဖြစ်နေခဲ့သော်လည်း သူအမှန်တကယ် လိုအပ်နေသည့် ပမာဏနှင့် နှိုင်းယှဥ်လိုက်မည်ဆိုပါက သမုဒ္ဒရာအတွင်းသို့ စီးဝင်သွားသည့် မြစ်တစ်စင်းသာသာမျှသာ ဖြစ်နေခဲ့၏။

“ ဘယ်လောက်တောင် ထပ်လိုသေးတာပါလိမ့် “

လုချန်ရှန်းသည် မြင့်မြတ်နယ်မြေတစ်ခုကပင် သူ့ကို မထောက်ပံ့နိုင်သကဲ့သို့ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။

မဟာတောရိုင်း နန်းတော်က ဝိညာဥ်ကျောက်တုံးများကို စုဆောင်းနေသေး၏။

ထိုကာလအတွင်းတွင် လုချန်ရှန်းက ပျင်းရိမနေခဲ့ဘဲ ကောင်းကင်ဘုံ အကယ်ဒမီ၏ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့၏။

အဆိုပါ အင်အားစုက မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။ ၎င်းမှာ သူတို့က သံသယဝင်နေသည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ မူဟွမ်ပြောထားခဲ့သည့်အတိုင်းပင် သူတို့က သူတော်စင်၏ ကံကြွေးကို ကြောက်လန့်နေကြခြင်း ဖြစ်ပြီး လုချန်ရှန်း၏ နောက်ကွယ်တွင် ရှိနေသည့် နတ်ဘုရားနယ်ပယ် ပညာရှင်နှင့် ပဋိပက္ခဖြစ်လိုပုံမရချေ။

လုချန်ရှန်းက ကောင်းကင်ဘုံ အကယ်ဒမီ၏ စိုးရိမ်မှုကို သိသောကြောင့်ပင် ထျန်းရီမြင့်မြတ်နယ်မြေကို စိန်ခေါ်စာပို့လိုက်ရခြင်း ဖြစ်သည်။

အရှေ့ပိုင်းဒေသနှင့် အနောက်ပိုင်းဓေသနှစ်ခုစလုံးက ယခင်ကတည်းက လှုပ်ရှားခဲ့သောကြောင့် ထိုလူများကို မည်သို့မျှ အလွတ်ပေးမည် မဟုတ်ပေ။

အကယ်၍ သူကသာ အလွတ်ပေးလိုက်မည်ဆိုပါက သူတော်စင်ဖြစ်သည့်သူက အိမ်ကွင်းတွင်သာ သန်မာသည်ဟု တစ်ကမ္ဘာလုံးက သမုတ်လိုက်ကြမည် ဖြစ်သည်။ ထို့အပြင် အကယ်၍ သူက ထိုကိစ္စကို သည်းခံထားလိုက်မည်ဆိုပါက သူက ယခုလက်ရှိအချိန်တွင် သူတို့ကို ရိုသေးလေးစားနေကြသူများ၏ ယုံကြည်မှုကို ဆုံးရှုံးသွားရလိမ့်မည်ဖြစ်သည်။

ထိုကဲ့သို့ ဖြစ်လာပါက သူက ဝိညာဥ်ကျောက်တုံးများကို မည်ကဲ့သို့ စုဆောင်းနိုင်တော့မည်နည်း။ ဝိညာဥ်ကျောက်တုံးများ မရှိဘူးဆိုပါက သူက ဟွာရှုနယ်ပယ်သို့ မည်ကဲ့သို့ တက်လှမ်းနိုင်မည်နည်း။

ထို့ကြောင့် စိန်ခေါ်စာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့နောက်တွင် သူသည် မူချွမ်ကို ဆင့်ခေါ်လိုက်သည်။

“ သူတော်စင် “

မူချွမ် ရောက်ရှိလာကာ အရိုအသေပေးလာခဲ့သည်။

လုချန်ရှန်းသည် မူချွမ်က မူဟွမ်၏ မျိုးဆက်ဆိုသည်ကို သိထားခဲ့ပြီးပြီ ဖြစ်သည်။ မူဟွမ်၏ ရွေးချယ်မှုကြောင့် ခြေလှမ်းတစ်ဝက် နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးဖြစ်သည့် မူချွမ်က ထပ်မံ၍ တိုးတက်လာရန် အလွန်တရာ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

“ ဒါက နတ်ဘုရားတစ်ပါးရဲ့ အမွေအနှစ်ပဲ။ မင်းရဲ့ ဉာဏ်အလင်းရမှုအတွက် သိမ်းထားလိုက်။ တကယ်လို့ ငါတို့ဆီက လူတစ်ယောက်ယောက်နဲ့ လိုက်ဖက်ညီမယ်ဆိုရင် သူ့ကို ပေးလိုက်လို့ရတယ် “

လုချန်ရှန်းက အမွေအနှစ်တစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ စကားကို ကြားလိုက်ရသောအခါတွင် မူချွမ်၏ အမူအရာ အေးခဲတောင့်တင်းသွားခဲ့သည် “ သူတော်စင် အဲ့တာက ……….. “

“ ကိစ္စတစ်ချို့ကိုတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ထားဖို့ လိုအပ်တယ်။ အဲ့ဒီအမွေအနှစ်ကို ကောင်းကင်ဘုံ အကယ်ဒမီကနေ ရခဲ့တာ။ မင်းက အဲ့တာဆီကနေ သင်ယူစရာရှိတာလေးတွေ သင်ယူနိုင်ဖို့ပဲ မျှော်လင့်တယ်။ တစ်ခြားလူတစ်ယောက်ရဲ့ လမ်းကြောင်းကို မလျှောက်နဲ့ “

သူစတင်၍ ကျင့်ကြံခဲ့စဥ်အချိန်ကတည်းက တစ်ခြားလူတစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းခြင်းက ပိုမိုမြန်ဆန်သော်လည်း ခပ်ဝေးဝေးသို့ မသွားနိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။

“ ဟုတ်ကဲ့ “ ဟု မူချွမ်က တုံ့ပြန်လာခဲ့၏။

လုချန်ရှန်းက စကားဆက်ပြာနေတော့၏ “ မိုးကြိုးငှက် မျိုးနွယ်စုဆီကို လူတစ်ယောက်ပို့ပြီးတော့ မိုးကြိုးအရင်းအမြစ်ရဲ့ အပိုင်းအစတစ်ခုကို လက်လွှဲခိုင်းလိုက်။ ပြီးရင် ပိုင်မိသားစုဆီ သွားပြီးတော့ မွေးရာပါ ဝိညာဥ်အလင်းတန်း အပိုင်းအစတစ်ခုကို တောင်းခဲ့လိုက်။ နောက်ဆုံးအနေနဲ့ ရွှေတောင်ပံပန်မျိုးနွယ်စုဆီသွားပြီးတော့ ပန်ဘိုးဘေးရဲ့ သွေးအဆီအနှစ်တစ်စက်ကို ချေးခဲ့လိုက် “

သူသည် ဆက်တိုက်စကားပြောနေခဲ့ကာ ရှားပါးရတနာများကို စာရင်းပြုနေခဲ့၏။

ပထမနှစ်ခုက အဆင်ပြေလှသည်။ သူတို့က မဟာတောရိုင်း နန်းတော်ကို အရှုံးပေးထားခဲ့သည့်အတွက် ယဥ်ကျေးနေစရာမလိုဘဲ တိုက်ရိုက်တောင်းဆိုရုံသာ ပြုလုပ်လိုက်ရမည် ဖြစ်သည်။

သို့ရာတွင် ပန်မျိုးနွယ်စုကမူ မည်သို့မျှ မလှုပ်ရှားခဲ့ဘဲ မဟာတောရိုင်း နန်းတော်ကို ကူညီရန်အတွက်ပင် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူတော်စင်က ပန်ဘိုးဘေး၏ သွေးအဆီအနှစ်တစ်စက်ကို ချေးငှားချင်နေခဲ့သည်။

“ သူတော်စင် မင်းရဲ့ တာအိုဒဏ်ရာက မပျောက်သေးလို့ အဲ့တာတွေကို လိုအပ်လို့လား “

မူချွမ်က စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။

လုချန်ရှန်းက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ အဲ့တာတွေကို အခုလက်ရှိ သူတော်စင်အတွက်ပဲ။ သူက ချုံခိုတိုက်ခိုက်ခံရပြီးတော့ ဒီကမ္ဘာရဲ့ အတောက်ပဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သင့်တယ်။ သူက တစ်ခြားလူတွေထပ် နိမ့်ကျနေမှာမဟုတ်ဘူး။ သူ့ရဲ့ မွေးရာပါ အုတ်မြစ်က ထိခိုက်ထားတာကြောင့် အဲ့တာတွေကို လျော်ကြေးအဖြစ် သုံးရမယ် “

“ အဲ့တာက ……. “

မူချွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ အဲ့တာက အခုလက်ရှိ သူတော်စင်အတွက်လား။

လုချန်ရှန်းက စကားဆက်ပြောနေခဲ့၏ “ သူက အခုလက်ရှိ ဆက်ခံသူပဲ။ ငါပေါ်လာတာက အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် ယာယီအတွက်ပဲ။ ငါကြာကြာ နေမှာမဟုတ်ဘူး။ သူကမှ အနာဂတ် အခြေခံအုတ်မြစ်ပဲ “

“ သူတော်စင်က ဘယ်ကိုသွားမှာလဲဗျ “

“ မဟာတာအိုနဲ့ ထာဝရအသက်ကို သွားရှာမလို့ပေါ့ “ လုချန်ရှန်းက သူ၏ အတွေးများကို ပြောပြလိုက်သည် “ ဒါပင်မဲ့ မင်းစိတ်ပူနေစရာ မလိုဘူး။ မဟာတောရိုင်း နန်းတော်ရဲ့ အကြပ်အတည်းတွေ အားလုံးပြီးမှ ငါထွက်သွားမှာ “

မူချွမ်က ဘာမှထပ်မပြောတော့ဘဲ ထိုပစ္စည်းများကို ပြင်ဆင်ရန် ညွှန်ကြားလိုက်ပြီး သူကိုယ်တိုင်ကမူ အရှေ့ပိုင်းဒေသသို့ ခရီးထွက်ရန် စတင်၍ ပြင်ဆင်နေခဲ့သည်။

လုချန်ရှန်းကမူ သူ၏ အနာဂတ်လမ်းကြောင်းအကြောင်းကို တွေးတောစဥ်းစားနေလျက်ရှိ၏။ ယခုလက်ရှိအချိန်တွင် သူက တောင်ပိုင်းဒေသ၏ အစွမ်းအထက်ဆုံး လူတစ်ဦးဖြစ်နေခဲ့ပြီဖြစ်သော်လည်း ဝိညာဥ်ကျောက်တုံးများက သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေး၏။

သူသည် ၎င်းတို့ကို အဆမတန် လိုအပ်နေခဲ့သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူသည် မအောင့်ထားနိုင်တော့ဘဲ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေမိတော့သည် “ ကောင်းကင်ဘုံ အကယ်ဒမီဆီကနေ ဝိညာဥ်ကျောက်တုံးတွေ ညှစ်ထုတ်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုလောက် ရှိနေမလား “

၎င်းက သူ၏အမြင်သပ်သပ် မဟုတ်ဘဲ ကောင်းကင်ဘုံ အကယ်ဒမီက အကြွယ်ဝ အချမ်းသာဆုံးဖြစ်သည်ဟု သက်ရှိသတ္တဝါတိုင်းက သိရှိထားကြသည်။

ထိုအကြံပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ သတ္တိများ ပိုမိုအားကောင်းသွားပြီး မြင့်မြတ်နယ်မြေတစ်ခုကပင် သူ၏ လိုအင်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တော့သည့်အလားပင်။

အချိန်ကျလုနီးပါး ဖြစ်နေသောကြောင့် သူသည် ထွက်ခွာရန် ပြင်ဆင်နေတော့သည်။ ဤတစ်ကြိမ်တွင် သူသည် မည်သူ့ကိုမှ မခေါ်သွားဘဲ ရှေ့ပိုင်းဒေသသို့ တစ်ကိုယ်တော် ခရီးသွားရန် စဥ်းစားထားခဲ့သည်။ ထိုလုပ်ရပ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

မဟာတောရိုင်း နန်းတော်၏ လူများသည် ပြန်စဥ်းစားရန်အတွက် သူ့ကို ပြင်းပြင်းထန်ထန် တိုက်တွန်းဖျောင်းဖျခဲ့ကြပြီး သူတို့က သူ့အနောက်သို့ လိုက်ချင်သည်ဟု အခိုင်အမာ ပြောဆိုခဲ့ကြသည်။

လုချန်ရှန်းကမူ အေးအေးလူလူ တုံ့ပြန်လိုက်၏ “ မင်းတို့ရဲ့ တည်ရှိမှုက အသုံးမဝင်ဘူး။ ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ် “

သူက ထိုစကားကို တစ်ကမ္ဘာလုံးအရှေ့တွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး လူများက ၎င်းကို တစ်ဦးပြီးတစ်ဦး လက်ဆင့်ကမ်းခဲ့ကာ ကမ္ဘာတစ်ဝှမ်းပျံ့နှံ့သွားခဲ့သည်။

ထိုမျှယုံကြည်မှုရှိနေသောကြောင့် သူတော်စင်က အံ့ဖွယ်ကောင်းသည်ဟု မည်သူက မချီးကျူးဘဲ နေနိုင်မည်နည်း။

သူက မောက်မာနေခြင်းမဟုတ်ဘဲ ယခုလက်ရှိအခြေအနေများအရ သူတစ်ဦးတည်းနှင့် အမှန်တကယ် လုံလောက်နေခဲ့ပြီဖြစ်သည်။

သူက ရှေးခတ်က သူတော်စင် ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည်ဟု လူတိုင်းက ယုံကြည်နေကြ၏။ အသတ်ခံလိုက်ရသည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲကပင် သေဆုံးသွားရသည့်တိုင်အောင် ယခုလက်ရှိအချိန်အထိ စကားတစ်ခွန်းမှ မဟခဲ့ပေ။

ကောင်းကင်ဘ့ဒ အကယ်ဒမီက မည်သို့မျှ မလှုပ်ရှားရဲဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်ယူရန် အချိန်အတော်ကြာ တိတ်ဆိတ်နေသောကြောင့် ကောင်းကင်ဘုံ အကယ်ဒမီက အဆိုပါ သူတော်စင်ကို ကြောက်ရွံ့သည်ဆိုသည့် စကားများ ဟိုတစ်စဒီတစ်စ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။

သူက ထျန်းရီမြင့်မြတ်နယ်မြေနှင့် ရင်ဆိုင်ရန် အရှေ့ပိုင်းဒေသို့ တစ်ကိုယ်တော် ခရီးထွက်နေသည့် အချိန်တွင် သူက မောက်မာသည်(သို့) မြင့်မြတ်နယ်မြေတစ်ခုကို မလေးမစား လုပ်သည်ဟု မည်သူကမှ မဝေဖန်ခဲ့ကြပေ။

ထို့အစား ယခင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို လူတိုင်းက သိရှိထားသောကြောင့် သူ့ထံတွင် ယုံကြည်မှု အလုံအလောက်ရှိသည်ဟုသာ လူတိုင်းက ထင်နေခဲ့ကြသည်။ ၎င်းကြောင့်ပင် သူတော်စင်က ကြောက်မက်ဖွယ်ကောင်းကာ မှန်းဆရခက်သည်ဟု လူတိုင်းက ခံစားသွားကြရသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ လုချန်ရှန်း ရောက်ရှိလာခဲ့၏။ သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ပြီး ရှေးဟောင်းစစ်ရထားလုံးတစ်စီးကို စီးနင်းလာခဲ့၏။

သူသည် ဟင်းလင်းပြင်ကို ဆွဲဖွင့်ရန်အတွက် ထိုလူ့ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဂုဏ်သိက္ခာကြီးမားသည့် သူကဲ့သို့သော သူတော်စင်တစ်ဦးက ပို့ဆောင်ရေး အစီအရင်ကို ချေးငှားရမည်ဆိုပါက သူမျက်နှာပျက်သွားရမည် မဟုတ်လော။

သို့ရာ၌ ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ ဟွာရှုနယ်ပယ်ပညာရှင်ကို အိမ်ပြန်ခိုင်းလိုက်သည်။

မျက်စိတစ်ဆုံးမြင်တွေ့ရသမျှတွင် သွေးနီရောင်မြေပြင်တစ်ခု တည်ရှိနေခဲ့သည်။ အရှေ့ပိုင်းဒေသက အဆိုပါ မြေပေါ်တွင် တည်ရှိနေခြင်းဖြစ်သည်။ သူသည် ခြေတစ်လှမ်းလှမ်းကာ ထိုအနားသို့ ချဥ်းကပ်သွားခဲ့သည်။

လူတော်တော်များများက ၎င်းကို ပထမဦးဆုံး မြင်တွေ့ချင်နေကြ၏။ သို့သော် ထျန်းရီမြင့်မြတ်နယ်မြေကို ကြောက်ကြသောကြောင့် မည်သူမှ မရောက်ရှိလာခဲ့ပေ။ သတ္တိကောင်းသည့် လူတစ်ချို့လည်း ရှိနေခဲ့၏။ သို့သော် သူတို့မှာလည်း ထျန်းရီမြင့်မြတ်နယ်မြေ၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။

သူက ပြိုင်ကွင်းအတွင်းသို့ ဝင်ရောက်သွားချိန်တွင် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ကောင်းကင်ထက်တွင် အဝါရောင်သဲတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။ အဖြူဝတ်ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ကိုပင် လှည့်မကြည့်ခဲ့ချေ။

သူ့ထံတွင် နတ်ဘုရားနယ်ပယ် တာအိုကာကွယ်သူ ရှိသည်ဆိုသည်ကို လူတိုင်းက သိနေကြ၏။ ၎င်းက အဟန့်အတား တစ်ခုဖြစ်ပြီး ထိုလူ့ကို မည်သူကမှ မမြင်ရသော်လည်း ၎င်း၏ စစ်မှန်မှုကို မည်သူကမှ သံသယမဝင်ကြချေ။

အကယ်၍ သူ့ကို သတ်ဖြတ်ရန်အတွက် နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦး အမှန်တကယ် ပေါ်ထွက်လာခဲ့မယ်ဆိုလျှင်တောင်မှ မည်သည့်အရာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

မူဟွမ်က ဝှက်ဖဲတစ်ခု ချန်ထားခဲ့သည်။ တာအိုသစ်သီးဖြင့် ဖွဲ့စည်းထားသည့် နတ်အလင်းတန်းသုံးခုက သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်များဖြစ်ပြီး အဆင့်တူတွင် ၎င်းတို့ကို တားဆီးပိတ်ဆို့နိုင်မည့်လူက အလွန်တရာ နည်းပါးလွန်းနေခဲ့သည်။

တိုက်ကွက်တစ်ခု ပေါ်ထွက်လာရုံဖြင့် လုချန်ရှန်းက မြေကျုံ့ခြင်း နည်းစနစ်ကို အသုံးပြုရန် အချိန်ရသွားမည်ဖြစ်ပြီး သူက ၎င်းကို အခွင့်ကောင်းယူ၍ လျင်မြန်စွာ ဆုတ်ခွာ၍ ထို့နောက်တွင် ကန်းယွင်ကားချပ်ကို အသုံးပြုပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပြေးနိုင်ပေသည်။

သူသည် ထိုလူများက မလှုပ်ရှားရဲဘူးဟု လောင်ကြေးထပ်ထားခဲ့ပြီး သူက အဆင်ပြေပြေ ထွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူက သူ့ဘဝ၏ အထွတ်အထိပ်ကို ရောက်ရှိနေသည့်ပမာ ဤပြဇာတ်ကို အဆုံးထိ ပြုလုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

--

……………………………………………………………………………………………………………………………………

All Chapters