အခန်း ၃၀၇
Vol. 21 Ch. 307
အပိုင်း ( 307 )
အဲ့တာက ဘာအတွက်လဲ
လုချန်ရှန်းမှာ သက်မကြီးချကာ စိတ်ထဲတွင် အတွေးများ ယောက်ယက်ခတ်နေလျက်ရှိ၏။
သူသည် ၎င်းက ဘယ်နှကြိမ်မြောက်လဲဆိုသည်ကိုပင် မမှတ်မိတော့ဘဲ သူ့ထံတွင် စွမ်းရည်မရှိဘူးဟုပင် ခံစားသွားခဲ့ရသည်။
အဆုံးတွင် သူသည် စိတ်ပျက်လက်ပျက်ဖြင့် အနီရောင်နယ်မြေအတွင်းမှ ထွက်ခွာလာရုံသာ ပြုလုပ်နိုင်ခဲ့သည်။ ထိုနယ်မြေအပြင်ဘက်တွင် လူအမြောက်အများက ဤတိုက်ပွဲ၏ ရလဒ်က မည်ကဲ့သို့ ဖြစ်လာမလဲဆိုသည်ကို သိရရန် စောင့်မျှော်နေလျက်ရှိသည်။
အရှေ့ပိုင်းဒေသရှိ အခြေအနေကို တည်ငြိမ်စေရန်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ထျန်းရီမြင့်မြတ်နယ်မြေက သဘောတူခေါင်းငြိမ့်ခဲ့၏။
လုချန်ရှန်းက မပြောလိုက်သရွေ့ သူတို့၏ လူသိရှင်ကြား ရပ်တည်ချက်က ပြန်လည်သင့်မြတ်ရေးသာ ဖြစ်နေမည်ဖြစ်ပြီး သူတို့က သူတို့၏ ဂုဏ်သိက္ခာကိုပါ ထိန်းသိမ်းထားနိုင်ဦးမည် ဖြစ်သည်။
နှစ်ဖက်စလုံးက ညှိနှိုင်းထားခဲ့ပြီး သူကမူ ထျန်းရီမြင့်မြတ်နယ်မြေ၏ ဂုဏ်သိက္ခာကို တွေးတောရဦးမည်ဖြစ်သည်။ လုချန်ရှန်းကမူ ဘာမှထပ်မပြောတော့ပေ။
သို့ရာ၌ မျှော်လင့်တကြီးဖြစ်နေသည့် အကြည့်များ ကျဆင်းလာခဲ့ပြီး ရလဒ်ကို မေးမြန်းရဲသည့် လူတစ်ချို့ပင် ရှိနေခဲ့သော်လည်း လုချန်ရှန်းက ဘာမှ မပြောပြလိုက်ဘဲ အနောက်သို့ ပြန်လှည့်ကြည့်ကာ ပြုံးနေခဲ့၏။
ချက်ချင်းဆိုသလိုပင် လူတိုင်း အေးခဲတောင့်တင်းသွား၏။
ထျန်းရီမြင့်မြတ်နယ်မြေ၏ လူများမှာလည်း စိုးရိမ်တကြီး ဖြစ်သွားကြသည်။ လူသိရှင်ကြား မထုတ်ဖော်ဖို့ အခုလေးတင် သဘောတူခဲ့တာ မဟုတ်ဘူးလားဟ။
အဲ့အကြည့်က ဘာသဘောလဲဟ။ အဲ့အပြုံးကြီးကရော ဘာကိုဆိုလိုတာလဲ။
“ အဲ့တာက ဘာကိုဆိုလိုတာလဲ “
“ အဲ့အကြည့်က ဘာကြီးလဲဟ “
“ အဲ့ပြုံးနေတဲ့ မျက်နှာကြီးကို ငါဆွဲဖြဲချင်လိုက်တာကွာ “
“ ကတိဖျက်နေတာလားဟ “
လူတစ်စုက အံတကြိတ်ကြိတ်ဖြစ်သွားကာ စိတ်ခံစားချက်များ ပြင်းထန်သွားခဲ့သည်။ သဘောတူခဲ့ကြတယ် မဟုတ်ဘူးလားဟ။
သို့သော် တစ်စုံတစ်ဦးက တိုးညှင်းစွာ ဝင်ပြောလာခဲ့၏ “ ဒါပင်မဲ့ အဲ့တာကို ကတိဖျက်တယ်လို့ သတ်မှတ်လိုက်လို့ မရဘူး …… သူဘာမှ မပြောခဲ့ဘူးလေ “
လူတိုင်း : “ … “
ထိုအကြည့်နှင့် အပြုံးက အရာရာတိုင်းကို စကားလုံးများထပ် ပိုမိုရှင်းလင်းစွာ ဖော်ပြပေးနေခဲ့သည်။ ရလဒ်က သူ၏မျက်နှာပေါ်တွင် ရေးထိုးထားသည့်အလား ဖြစ်နေခဲ့သည်။
ထိုအကြောင်းကို တိုက်ရိုက်ထုတ်ပြောလိုက်ခြင်းကပင် ပိုကောင်းပေသည်။ အကြောင်းအရာများကို အဖြူအမည်း သဲသဲကွဲကွဲ မပြောခဲ့ခြင်းအားဖြင့် သူသည် တစ်ကမ္ဘာလုံးကို ယုန်ထင်ကြောင်ထင် ထင်သွားစေခဲ့ပြီး အချိန်တိုအတွင်းမှာပင် အတွေးအမြင်ပေါင်းစုံ ပေါ်ထွက်လာခဲ့၏။
အကယ်၍ နောက်နှစ်ရက် ထပ်မံ၍ ကျော်လွန်သွားမည်ဆိုပါက ပျက်ကိန်းစိုက်သွားလိမ့်မည် ဖြစ်သည်။
အခုလက်ရှိ သူတော်စင်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ အရှိန်အဝါက သက်တံ့သဖွယ် ဖြစ်နေခဲ့သည်။ ကောင်းမွန်သော မှတ်ချက်အကုန်လုံးက သူ့ဘက်သို့ ယိမ်းနေလျက်ရှိ၏။ မည်သို့ပင်ဆိုစေကာမူ သူက တစ်ဦးတည်း ရောက်လာခဲ့ပြီး အေးအေးလူလူ ပြန်ထွက်သွားနိုင်ခဲ့၏။ ၎င်းက အပြတ်အသတ် အောင်နိုင်သွားခြင်းပင် ဖြစ်သည်။
အဆုံးတွင် လုချန်ရှန်းက အရှေ့ပိုင်းဒေသမှ ထွက်ခွာလာကာ လေထုအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် ဘက်ပေါင်းစုံရှိ သဘာဝရှုခင်းများကို ငေးမောကြည့်ရှုနေခဲ့ပြီး အတိတ်ကို လွမ်းဆွတ်နေသည့်အလား ငေးငိုင်နေခဲ့၏။
မဟာတောရိုင်း နန်းတော်သို့ လူအမြောက်အများ လာရောက်လည်ပတ်ခဲ့ပြီး အဆိုပါ သူတော်စင်နှင့် ရင်းနှီးချင်နေခဲ့ကြသည်။
အထူးသဖြင့် အရှေ့ပိုင်းဒေသသို့ တစ်ကိုယ်တော် ခရီးစဥ်ထွက်ကာ လုံခြုံဘေးကင်းစွာ ပြန်လာခဲ့ပြီးသည့်နောက်တွင် ဖြစ်ပြီး သူလုပ်ဆောင်ခဲ့သမျှ အရာရာတိုင်းက တစ်ခုထပ်တစ်ခု ပိုမိုအံ့ဖွယ်ကောင်းနေခဲ့၏။
မည်သို့ပင်ဆိုစေကာမူ အပြီးသတ် နိဂုံးချုပ်မှာ အတူတူပင် ဖြစ်နေခဲ့သည်။ အဆိုပါ သူတော်စင်က ပြိုင်ဘက်ကင်းကာ မြင့်မြတ်နယ်မြေတစ်ခုကပင် သူ့ကို ရှောင်ရှားနေခဲ့လေသည်။
လုချန်ရှန်းသည် တောင်ထိပ်ပေါ်တွင် အေးအေးလူလူ ထိုင်ချလိုက်ပြီး ချိန်းဆိုထားသည့် အချိန်တွင် ထျန်းရီမြင့်မြတ်နယ်မြေက ပစ္စည်းများကို ပေးပို့လာခဲ့၏။
မူချွမ်မှာ ထပ်မံ၍ အတွေးနက်သွားပုံရသည်။ သူ၏မျက်ဝန်းများအတွင်းတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ နှစ်တစ်ထောင်အတွင်းမှာ ထျန်းရီမြင့်မြတ်နယ်မြေက ငါ့ရဲ့ မဟာတောရိုင်း နန်းတော်ထဲကို ထပ်ပြီးတော့ ခြေချရဲမှာ မဟုတ်ဘူး “
လုချန်ရှန်းက အေးအေးလူလူ ပြောလိုက်ရာ မူချွမ်မှာ တအံ့တဩ ဖြစ်သွားခဲ့သည်။ သူသည် မည်သည့်အရာများ ဖြစ်ပျက်ခဲ့လဲဆိုသည်ကို မသိပေ။ သို့သော် ထျန်းရီမြင့်မြတ်နယ်မြေက အညံ့ခံကာ ခေါင်းငုံ့သွားခဲ့သည်ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။
ထို့နောက်တွင် လုချန်ရှန်းက ထျန်းရီနတ်အလင်းတန်းကို ထုတ်ယူလိုက်ကာ ၎င်းကို ရှင်းယွင်ဆီသို့ ပေးရန် ပြောလိုက်သည်။ ၎င်းက မူလစွမ်းအင်နှင့် ပေါင်းစည်းထားသည့် နတ်အလင်းတန်းဖြစ်ပြီး အုတ်မြစ်ချို့ယွင်းချက်များကို ဖာထေးနိုင်ပေသည်။
၎င်းက သူ့အတွက် မည်သို့မျှ အသုံးမဝင်ပေ။
ဝိညာဥ်ကျောက်တုံးများက သူ့အတွက်သာ ဖြစ်ပေသည်။ အရှေ့ပိုင်းဒေသသို့ ခရီးထွက်ခြင်းဖြင့် ဝိညာဥ်ကျောက်တုံး သန်းနှစ်ရာရရှိခဲ့လေသည်။ ထို့နောက်တွင် သူသည် အနောက်ပိုင်းဒေသသို့ ခရီးထွက်ရန် ပြင်ဆင်နေတော့သည်။
သူက သံကို ပူနေတုန်း ရိုက်နှက်ရမည်ဖြစ်ပြီး သူ၏ ကြောက်မက်ဖွယ်ရာ ဩဇာအာဏာမှာလည်း အသက်ဝင်နေသေး၏။
ထိုကဲ့သို့ လုပ်ဆောင်လေလေ တစ်ကမ္ဘာလုံးက သူ့ကို ပိုမိုလေးစားလေလေဖြစ်သည်။ ကံကြွေး၏ တည်ရှိမှုကြောင့် ကောင်းကင်ဘုံ အကယ်ဒမီကပင် စိုးရိမ်တကြီး ဖြစ်သွားသည်ဟု မူဟွမ်က သူ့ကို ပြောပြထားခဲ့သည်။
သူတော်စင်ထံတွင် ရှိနေသည့် ကံကြွေးက ကောင်းကင်ဘုံ အကယ်ဒမီက နှစ်ကာလများစွာ စုဆောင်းခဲ့သည့် ကောင်းမှုကံကို ဖြတ်တောက်ရန် လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။ အကယ်၍ ကောင်းကင်ဘုံ အကယ်ဒမီထံတွင် ကြီးမားသော ကံကြွေးတစ်ခု ရှိနေမည်ဆိုပါက ရလဒ်က ကွဲပြားသွားလိမ့်မည် ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီဖြစ်သော်လည်း သူတို့က ကံကြွေးကို ရရှိရန်အတွက် အမှတ်အသား လုံလုံလောက်လောက် မလဲလှယ်နိုင်သေးပေ။ ၎င်းက ကံကြွေးကို ရရှိရန် မည်မျှခက်ခဲလဲဆိုသည်ကို သက်သေပြုနေလျက်ရှိ၏။
သူတွေးတောစဥ်းစားနေစဥ်အချိန်မှာပင် မဟာတောရိုင်း နန်းတော်အပြင်ဘက်သို့ တစ်စုံတစ်ဦး ရောက်ရှိလာခဲ့၏။ ၎င်းက ကောင်းကင်ဘုံ အကယ်ဒမီ၏ အကြီးအကဲတစ်ဦးပင်ဖြစ်သည်။
“ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ ချန်းမို့က သူတော်စင်နဲ့ တွေ့ခွင့်တောင်းပါတယ် “
အသံတစ်သံသည် မဟာတောရိုင်း နန်းတော်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် လူတိုင်းက ဂိတ်တံခါးဝဘက်သို့ လှည့်ကြည့်နေကြတော့သည်။
“ သူတော်စင် “
မူချွမ်က သူ၏ အထင်အမြင်ကို မေးမြန်းရန် ရောက်ရှိလာခဲ့သည်။ သူတော်စင်က ပြိုင်ဘက်ကင်းသည်ဆိုသည်ကို သူသိနေခဲ့သော်လည်း သူသည် စိုးရိမ်ပူပန်နေသေးကာ အနီးအနားတွင် အမြဲရှိနေခဲ့ပြီး အချိန်မရွေး ရှေ့ထွက်ရန် အသင့်ဖြစ်နေခဲ့သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ သူ့ကို ဝင်ခွင့်ပေးလိုက် “
“ ဟုတ်ကဲ့ “
မူချွမ်က တုံ့ပြန်လိုက်ကာ သူ့ကို ခေါ်ဆောင်ရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။
လုချန်ရှန်းက အေးအေးလူလူ ထိုင်နေသေးကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏ “ ကောင်းကင်ဘုံ အကယ်ဒမီက တော်တော်ကြီးကို ချမ်းသာတယ်။ ဝိညာဥ်ကျောက်တုံး တစ်ချို့လောက်ရဖို့အတွက် ငါကြံဖန်ရမယ်။ သူတို့ဘာလိုချင်နေလဲဆိုတာကို ငါမသိဘူး “
သို့ရာတွင် သူသည် ကောင်းကင်ဘုံ အကယ်ဒမီကို မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။ မူဟွမ်က သူ၏ တာအိုသစ်သီးစွမ်းအားကို ကန်ယွင်ကားချပ်အတွင်းသို့ ထည့်သွင်းလိုက်ပြီး သူက ၎င်းကို ယာယီအသက်သွင်းလိုက်ရုံဖြင့် အလွယ်တကူ ထွက်ပြေးနိုင်သည်ဟု ယခင်က အခိုင်အမာ ပြောပြထားခဲ့ဖူးသည်။
တစ်ခဏအကြာတွင် သက်လတ်ပိုင်းလူတစ်ဦး ရောက်ရှိလာခဲ့သည်။
သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးဖြစ်ပြီး တရားထိုင်ရာ ဖျာချပ်ပေါ်တွင် အေးအေးလူလူ ထိုင်နေသည့် လုချန်ရှန်းကို ငေးကြည့်ကာ သူ၏ မျက်ဝန်းများအတွင်းတွင် လေးစားမှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။
သူထုတ်လွှတ်ထားသည့် တာအိုစွမ်းအင်က ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“ မဂ်လာပါ သူတော်စင် “
ထိုလူသည် သူ၏ လေးစားမှုကို ပြသရန် ရှေ့တက်လာခဲ့သည်။ သူ့အရှေ့တွင် ရှိနေသည့် လူက ငယ်ရွယ်သော်လည်း သူက ရှေးခေတ်မှလာသောသူ ဖြစ်နေခဲ့သည်။ ဝါအရပြောရမည်ဆိုပါက ဤကမ္ဘာပေါ်ရှိ မည်သူကမှ သူ့ကို မယှဥ်နိုင်လောက်ပေ။
ပို၍ အရေးကြီးသော အရာမှာ ကောင်းကင်ဘုံ အကယ်ဒမီကိုပင် စိုးရိမ်တကြီး ဖြစ်သွားသည့် လူက သူ၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။
သို့ရာတွင် လုချန်ရှန်းကမူ ထိုလူနှင့် ရင်ဆိုင်နေရချိန်မှာပင် မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဘာလဲ “
“ ကောင်းကင်ဘုံ အကယ်ဒမီကိုယ်စား သူတော်စင်ကို ကောင်းကင်ဘုံ အကယ်ဒမီဆီ ဖိတ်ခေါ်ဖို့အတွက် ရောက်လာခဲ့တာပါ။ အရင်က ကိစ္စက နားလည်မှုလွဲသွားတာပါ။ ကျုပ်တို့က အဲ့တာကို ဒီအခွင့်အရေးကို သုံးပြီးတော့ အဲ့တာကို ဖြေရှင်းဖို့ ဆန္ဒရှိပါတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် မူချွမ်၏ အမူအရာ တင်းကြပ်သွားခဲ့သည်။
တစ်ခြားလူများက မသိနိုင်သော်လည်း မူချွမ်သည် ယခုလက်ရှိ ကောင်းကင်ဘုံ အကယ်ဒမီက ယခင်ကကဲ့သို့ မဟုတ်တော့ဘူးဆိုသည်ကို သိနေခဲ့သည်။
ထို့ကြောင့်ပင် ကောင်းကင်ဘုံ အကယ်ဒမီ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် သက်ရှိအားလုံးက ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသော်လည်း မဟာတောရိုင်း နန်းတော်က တိတ်ဆိတ်ငြိမ်သက်နေကာ မည်သူမှ မသွားခဲ့ခြင်း ဖြစ်သည်။
သူသည် ကောင်းကင်ဘုံ အကယ်ဒမီက ဘာတွေလုပ်လာမလဲဆိုသည်ကို စိုးရိမ်ပူပန်နေခဲ့သည်။
သို့ရာတွင် သူက လုချန်ရှန်းလောက် အကဲခတ်မတော်ခဲ့ပေ။ လုချန်ရှန်းမှာ သူ့ကို တစ်ချက်မျှ ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ ကောင်းတယ် “
သက်လတ်ပိုင်းလူကပင် လုချန်ရှန်းက ဤမျှ လွယ်လွယ်ကူကူ သဘောတူလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
၎င်းမှာ သူက ကောင်းကင်ဘုံ အကယ်ဒမီကို မည်သို့မျှ မကြောက်လန့်ကြောင်း ပြသလိုက်ခြင်းဖြစ်ပြီး သူထံတွင် အရာအားလုံးကို ရင်ဆိုင်ရန် ယုံကြည်မှုရှိသည်ဟု သွယ်ဝိုက်၍ ပြသလိုက်ခြင်းပင် ဖြစ်သည်။
မူချွမ်က ဘာစကားမှ မပြောဘဲ သူတော်စင်၏ ရွေးချယ်မှုကိုသာ ယုံကြည်နေခဲ့သည်။ သို့ရာ၌ ဤတစ်ကြိမ်တွင်မူ သူသည် သူနှင့်အတူသွားရန် အတင်းအကြပ် တောင်းဆိုလိုက်သည်။
လုချန်ရှန်းကမူ မငြင်းပယ်နိုင်ခဲ့ဘဲ သဘောတူ ခေါင်းငြိမ့်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက်တွင် ရှေးခေတ်အငွေ့အသက်များကို ထုတ်လွှတ်နေသည့် စစ်ရထားလုံး တစ်စီး ပေါ်ထွက်လာခဲ့၏။ ကြီးမားသော သားရဲတစ်ကောင်က လေထုအတွင်းသို့ ခုန်တက်သွားပြီး ၎င်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့၏။ ၎င်းက ဟွာရှုနယ်ပယ် သားရဲတစ်ကောင်ပင် ဖြစ်သည်။
၎င်းမှာ ကောင်းကင်ဘုံ အကယ်ဒမီက ကမ်းလှမ်းခဲ့သည့် အမြင့်ဆုံးသော မျက်နှာသာပေးမှုဖြစ်သည်။
လုချန်ရှန်က စစ်ရထားလုံးပေါ်သို့ တက်သွားပြီး မူချွမ်က သူ့အနောက်မှ လိုက်သွားခဲ့၏။ စစ်ရထားလုံးက ကောင်းကင်ထက်သို့ ထောင်တက်သွားကာ အဆုံးမဲ့ ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
၎င်းမှာ ကောင်းကင်ဘုံ အကယ်ဒမီက သူတို့၏ ရိုးသားမှုကို ပြသခြင်းဟုလည်း သတ်မှတ်နိုင်ပေသည်။ မသေချာမရေရာသော အခြေအနေမျိုးတွင် သူတို့က မည်သို့မျှ လောင်းကြေးမထပ်ဝံ့ကြပေ။ ရှုံးနိမ့်နိုင်ခြေက ၁%မျှသာ ရှိနေမည်ဆိုလျှင်တောင်မှ သူတို့သည် ကောင်းကင်ဘုံ အကယ်ဒမီတစ်ခုလုံးကို မည်သို့မျှ လောင်းကြေးမထပ်ဝံ့ကြပေ။
ကောင်းကင်ဘုံ အကယ်ဒမီသည် လုချန်ရှန်းကို လူကိုယ်တိုင် လာရောက်ကြိုဆိုခဲ့၏။ သတင်းများ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။ စစ်ရထားလုံးက တောင်ပိုင်းဒေသမှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် သူသည် ကောင်းကင်ဘုံ အကယ်ဒမီသို့ ထပ်မံ၍ ရောက်ရှိသွားခဲ့ပြန်သည်။
သို့ရာ၌ ကောင်းကင်ဘုံ အကယ်ဒမီအတွင်းသို့ ဝင်ရောက်သွားသည့် အချိန်တွင် သူသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေကာ ဖြတ်သန်းသွားသည့် စစ်ရထားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေသည့် လူတစ်ဦးကို မြင်တွေ့လိုက်ရသည်။
ထိုလူက ကူချန်ကျွင်းမှတစ်ပါး တစ်ခြားလူမဟုတ်ချေ။ ဆရာက ဘယ်တုန်းက ဒီကိုရောက်နေတာလဲဟ၊
လုချန်ရှန်းမှာ အလွန်တရာ အံ့အားသင့်သွားခဲ့သည်။
“ ဆရာက ဘာကိစ္စ ဒီကိုရောက်နေရတာလဲဟ။ ကျင်းဝူရွှေ့ရဲ့ ကိုယ်ပွားကို ထပ်သတ်မလို့များလား “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ မနေနိုင်တော့ဘဲ နှစ်ကြိမ်တိတိ ငေးကြည့်မိသွားခဲ့သည်။ အကြည့်များ ဆုံသွားသည့် အချိန်တွင် သူတို့က တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြတော့သည်။
--
……………………………………………………………………………………………………………………………………….