← Chapters

အခန်း ၃၁၁

Vol. 21 Ch. 311

အခန်း ၃၁၁

Vol. 21 Ch. 311

အပိုင်း ( 311 )

အဲ့တာက မျက်စိပဿဒဖြစ်ရဲ့လား

ထိုအခိုက်အတန့်တွင် ဝမ်လန်က ကျောက်ဆောင်ပေါ်သို့ စိုက်ချခံလိုက်ရ၏။

သူ၏ ခုခံကာကွယ်မှုအားလုံး ကျိုးပျက်သွားကာ သူက ကြိုတင်ပြင်ဆင်ထားခဲ့ပြီးမှ ရောက်ရှိလာသည်ဆိုသည်မှာ သိသာလွန်းလှသော်လည်း အချည်းနှီးသာ ဖြစ်နေသေး၏။

တိုက်ကွက်တစ်ခုတည်းဖြင့် သူရှုံးနိမ့်သွားခဲ့သည်။

မိုးကြိုးများဖြင့် ဖွဲ့စည်းထားသည့် လှံက မပျောက်ကွယ်သွားဘဲ ထိုနေရာတွင်သာ ရှိနေခဲ့ပြီး ဝမ်လန်၏ အလောင်းကို စိုက်ချထားကာ လူအမြောက်များကို အံ့အားသင့်သွားစေခဲ့၏။

သူတို့သည် တစ်စုံတစ်ဦးက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းတွင် လှုပ်ရှားရဲနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် အစွမ်းထက် ပုဂ္ဂိုလ်များ နေထိုင်ရာ အတွင်းပိုင်းတွင် ဖြစ်သည်။ ၎င်းက ထိုလူများကို ဂရုမစိုက်ဘူးဟု ပြောလိုက်ခြင်းပင် မဟုတ်လော။

“ အဲ့ဒီသူတော်စင်က လှုပ်ရှားလိုက်တာလား “

“ ဘာတွေ ဖြစ်သွားတာလဲဟ “

“ … “

ဘက်ပေါင်းစုံမှ ဆွေးနွေးပြောဆိုမှုများ လျှံထွက်လာခဲ့ပြီး တပည့်တော်တော်များများထံတွင် မေးခွန်းပေါင်းများစွာ ရှိနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်ဆောင်ပေါ်ရှိ လုချန်ရှန်းက သူ၏အကြည့်ကို ပြန်ရုတ်လိုက်သည်။

လူများစွာ၏ မျက်ဝန်းများအတွင်းတွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်တည်လာခဲ့သည်။ သူတို့သည် တစ်ဖက်လူက ထိုမျှလောက်ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ကောင်းကင်ဘုံ အကယ်ဒမီ၏ စွမ်းအားကိုပင် ဂရုစိုက်ပုံမရချေ။

သို့သော် ယွင်ထင်၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက် အရိပ်အငွေ့မှ ရှိမနေခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းကမူ သူ့အရှေ့တွင် ရှိနေသည့် လူများကို အေးအေးလူလူ ငေးကြည့်နေခဲ့သည်။

သူက ပိုမိုပြတ်သားကာ တည်ငြိမ်မှုရှိလေလေ တစ်ခြားလူများက သူ့ကို ပိုကြောက်လေလေပင် ဖြစ်သည်။

ထို့အပြင် ကောင်းကင်ဘုံ အကယ်ဒမီတွင် ကူချန်ကျွင်းရှိနေခြင်းက သူ၏ယုံကြည်မှုကို တိုးမြှင့်ပေးခဲ့သည်။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ လုချန်ရှန်းက စကားထပ်ပြောကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ ကျုပ်က မွေးရာပါ ဝိညာဥ်နယ်ပယ်မှာပဲ ရှိနေသေးတာပါ။ စုံစမ်းစစ်ဆေးနေဖို့ မလိုပါဘူး “

နတ်ဘုရား တောင်ထွတ်သခင်က ပြန်ပြောလိုက်သည် “ သူတော်စင်က အထင်လွဲနေပြန်ပါပြီ “

“ သူစိန်ခေါ်ခဲ့တာလေ။ အဲ့တာက သူတော်စင်ရဲ့ အမှားမဟုတ်ပါဘူး “

ယခုလက်ရှိအချိန်မှာပင် ကောင်းကင်ဘုံ အကယ်ဒမီက ဘာမှမပြောလာခဲ့ဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့ကြသည်။

ယွမ်ထင်၏ အကြည့်သည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကို ထွင်းဖောက်မြင်ချင်နေသည့်အလား တည်ငြိမ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ဘာမှထပ်ပြောမနေတော့ဘဲ စားပွဲခုံပေါ်ရှိ ဝိညာဥ်ကျောက်တုံးများကို သိမ်းယူလိုက်ကာ အေးအေးလူလူ စကားထပ်ပြောနေတော့သည် “ ကောင်းကင်ဘုံ အကယ်ဒမီက တော်တော်လေးကို ကြင်နာနေမှတော့ ကျွန်တော် မလေးမစားလုပ်လိုက်လို့ ဘယ်ဖြစ်မလဲ “

လူများစွာက အပြုံးဖြင့် ခေါင်းငြိမ့်လာကြသည်။

ဒုတိယ အကြီးအကဲက စကားထပ်ပြောလာခဲ့သည် “ သူတော်စင် ရောက်နေပြီမှတော့ ဘာဖြစ်လို့ ကျုပ်တို့ ကောင်းကင်ဘုံ အကယ်ဒမီမှာ မလည်ပတ်ကြည့်ရမှာလဲ “

“ ကောင်းတယ် “

လုချန်ရှန်းက မငြင်းပယ်လိုက်ပေ။ သူမတ်တပ်ထရပ်လိုက်သည့် အချိန်တွင် ဒုတိယ အကြီးအကဲမှ လှုပ်ရှားလိုက်ရာ ထူးဆန်းသော တိမ်တိုက်တစ်ခု မျောလွင့်လာခဲ့ပြီး လူသုံးဦးက အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။

ကျောက်ဆောင်ပေါ်တွင် တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့၏။ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ နတ်ဘုရား တောင်ထွတ်သခင်က စကားစပြောလာခဲ့သည် “ မိုးကြိုးတာအို ကြီးမားသော အောင်မြင်မှုနဲ့ မိုးကြိုးတာအိုရဲ့ ပထမကောင်းကင်အဆင့်ကို ရောက်နေပြီ။ ဒီလိုအသက်အရွယ် နယ်ပယ်နဲ့ မိုးကြိုးတာအိုကို အဲ့အဆင့်ထိ နားလည်နေဖို့ဆိုတာက ဒီကမ္ဘာပေါ်မှာ တော်တော်ကြီးကိုရှားတယ်။ မိုးကြိုးတာအိုနဲ့အတူ မွေးလာခဲ့တဲ့ သတ္တဝါတွေထပ်တောင် ပိုပြီးတော့ ကြောက်စရာကောင်းနေတယ် “

မိုးကြိုးတာအို ကျင့်ကြံရေးတွင် ကြီးမားသော အောင်မြင်မှုသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် မိုးကြိုးတာအို၏ ပထမကောင်းကင်ဟု သတ်မှတ်နိုင်ပြီဖြစ်သည်။ အနည်းငယ်မျှသာ ပညာရှင်တို့ကသာလျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်ကြသည်။ ထိုကဲ့သို့ ဖြစ်လာရန် အားကောင်းလွန်းလှသော ပါရမီနှင့် နားလည်နိုင်စွမ်းတို့ကို လိုအပ်လှသည်။ အလွန်တရာ နည်းပါးသော လူငယ်များကသာလျှင် ထိုအဆင့်သို့ ရောက်ရှိနိုင်ကြသည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယွမ်ထင်က ဖြည်းဖြည်းချင်း စကားဝင်ပြောနေတော့သည် “ ဒါက စမ်းသပ်မှုတစ်ခုဆိုတာကို သူသိတယ်။ သူက တမင်သက်သက် အဲ့တာကို ထုတ်ပြခဲ့တာ။ သူက တော်တော်ကြီးကို ပွင့်လင်းတယ် “

“ ကျုပ်တို့က အတွေးလွန်နေတာများလား “

“ ဒါပင်မဲ့ ရှေးလူကြီးတွေ ပြောထားသလောက်အရဆိုရင် အသက်ရှင်နိုင်ခြေက ဆယ်ပုံတစ်ပုံပဲ ရှိတာလေ။ သူက အဲ့လောက်ကြီးမားတဲ့ ကောင်းမှုကံကို တကယ်ကြီး ပိုင်ဆိုင်ထားတာလား “

ယွမ်ထင်၏ လေသံမှာ အေးဆေးတည်ငြိမ်နေခဲ့ပြီး သူသည် နတ်ဘုရား တောင်ထွတ်သခင်ကို ငေးကြည့်နေခဲ့သည်။

နတ်ဘုရား တောင်ထွတ်သခင်က ပြန်ပြောလိုက်သည် “ မှန်းရခက်တယ်။ ဒါပင်မဲ့ အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းက နှစ်ပေါင်းများစွာ စုစည်းထားခဲ့တဲ့ ယုံကြည်ခြင်း စွမ်းအားကလည်း တကယ် ထူးခြားတယ်။ အဲ့နှစ်ခု ပွတ်တိုက်မိတာက ကံကြွေးကို ပျောက်သွားစေလောက်တယ် “

“ စောင့်ကြည့်လိုက်ကြတာပေါ့ “

ယွမ်ထင်သည် စကားပြောခဲ့ပြီးသည့်နောက်တွင် မတ်တပ်ထရပ်ကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ပျောက်ကွယ်သွားခဲ့သည်။

နတ်ဘုရား တောင်ထွတ်သခင်မှာလည်း ဘာမှထပ်ပြောမနေတော့ပေ။ သူတို့က လိမ်ညာနေခဲ့ခြင်း မဟုတ်ပေ။ ဝမ်ထျန်က ‌အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းမှ အမှန်တကယ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး သူတို့ကြောင့် ဉာဏ်အလင်းပွင့်သွားခဲ့ခြင်းဖြစ်သည်။

လုချန်ရှန်းဘာတွေးနေလဲဆိုသည်မှာ သူ၏ကိုယ်ပိုင်ကိစ္စသာလျှင် ဖြစ်ပေသည်။

ကောင်းကင်ဘုံ အကယ်ဒမီက ပေါ့ပေါ့ဆဆ မလှုပ်ရှားဝံ့ပေ။ သူတို့၏ မှတ်တမ်းများထဲတွင် အဆိုပါ သူတော်စင်၏ အကြောင်းများ ပါဝင်နေသော်လည်း အသေးစိတ် အချက်အလက်များက အလွန်တရာ ရှားပါးလွန်းနေခဲ့ကာ သူ၏ အမည်ကိုပင် မည်သူကမှ မသိကြပေ။

မဟာတောရိုင်း နန်းတော်ကပင် ၎င်းကို မသိပေ။ အတည်ပြုရန်အတွက် နှစ်ကာလများ ဝေးကွာလွန်းနေခဲ့ပြီး ထိုခေတ်မှလူများက တမင်တကာ မှတ်တမ်းမတင်ခဲ့ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ဒုတိယ အကြီးအကဲက ကောင်းကင်ဘုံ အကယ်ဒမီအနှံ့သို့ လုချန်ရှန်းနှင့်အတူ လမ်းလျှောက်နေလျက်ရှိ၏။

သူသည် အတွင်းပိုင်းတွင် ရှိနေသည့် တောင်ထွတ်ခုနစ်ခုကို လက်ညှိုးထိုးပြကာ စကားပြောလိုက်သည် “ အဲ့တာက ကျုပ်တို့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ တောင်ထွတ်ခုနစ်ခုလေ။ သူတော်စင် အဲ့တာတွေကို ဘယ်လိုမြင်လဲ “

“ ကျုပ်က အဲ့တာတွေပေါ်ကို ခြေတောင်မချရသေးတဲ့ဟာကို ဘယ်လိုလုပ်သိမှာလဲ “

လုချန်ရှန်းက ခေါင်းခါပြလိုက်သည်။

သူတို့၏ စကားဝိုင်းကို တစ်ခြားလူများကပါ ကြားသိသွားခဲ့သည်။ လူသုံးဦးက တောင်ထွတ်များကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့သည်။ ၎င်းတို့မှာ နတ်ဘုရားတောင်ထွတ် မိုးကြိုးတောင်ထွတ် မီးတောင်ထွတ် အသူရာတောင်ထွတ် ဓားတောင်ထွတ် ကမ္ဘာမြေတောင်ထွတ်နှင့် ကောင်းကင်ဘုံတောင်ထွတ်တို့ပင် ဖြစ်သည်။

ထိုနေရာမှ ဖြတ်သန်းသွားသည်နှင့်တစ်ပြိုင်နက် လုချန်ရှန်းက တစ်စုံတစ်ခုကို ခံစားမိသွားခဲ့သည်။ မိုးကြိုးတောင်ထွတ်အထက်တွင် မိုးကြိုးလျှစ်စီးတန်းများ လှုပ်ခတ်နေကာ နိယာမစွမ်းအားကို အားဖြည့်ပေးနေခဲ့၏။

မီးတောင်ထွတ်အထက်တွင် မီးတာအို၏ စစ်မှန်သော နိယာမနှင့်အတူ အဆုံးမဲ့ မီးလျှံများ ပွင့်လန်းနေလျက်ရှိ၏။ သူသည် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ ၎င်းက ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်၏ နတ်ဘုရားမ ဝမ်ရန်ပင် ဖြစ်သည်။

နတ်ဘုရားမ ဝမ်ရန်မှာလည်း တစ်စုံတစ်ဦးက စူးစမ်းနေသည်ကို သတိပြုမိသွားခဲ့သည်။ သူမက အဆိုပါ တောင်ထွတ်ကို တာဝန်ယူလိုက်ပုံရ၏။

နတ်ဘုရား တောင်ထွတ်အထက်တွင် အဆုံးမဲ့ နတ်အလင်းတန်းများ ရှိနေခဲ့သည်။ ၎င်းက နတ်ဘုရားတာအို၏ အမွေအနှစ်ဖြစ်သည်။ တိမ်တိုက်များအတွင်းတွင် ဗုဒ္ဓဂိုဏ်း၏ဗုဒ္ဓသားတော် တင်ပျဥ်ခွေထိုင်နေလျက်ရှိ၏။

ကမ္ဘာမြေတောင်ထွတ်ပေါ်တွင် နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ခုနှင့်အတူ မြေစွမ်းအားများ ပြည့်လျှံနေလျက်ရှိပြီး ရှောင်တျန်ချန်း၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။

ကောင်းကင်ဘုံ တောင်ထွတ်တစ်ခုတည်းသာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး မည်သည့်သက်ရှိသတ္တဝါကိုမှ မမြင်တွေ့ရပေ။

ထိုနေရာတွင် ကောင်းကင်ဘုံ တာအို ကျင့်ကြံနေသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ သင့်တော်သည့် လူမပေါ်လာခဲ့ဘဲ ၎င်းကို အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့သည်။

အသူရာတောင်ထွတ်ပေါ်မူ လုချန်ရှန်းသည် ရှောင်ဟေးက တင်ပျဥ်ခွေထိုင်နေကာ ယခင်ကထပ် ပိုမိုကြောက်မက်ဖွယ်ကောင်းနေပြီဆိုသည်ကို အဝေးမှ မြင်တွေ့လိုက်ရသည်။ ရှောင်ဟေးမှာလည်း တစ်စုံတစ်ဦးက စောင့်ကြည့်နေသည်ကို သတိပြုမိနေခဲ့သည်။ သို့သော် မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။

“ သူတော်စင် တောင်ထွတ်ခုနစ်ခုကို ဘယ်လိုမြင်လဲဗျ “

“ သူတို့တွေဆီမှာ ကိုယ်ပိုင်အမွေအနှစ်တွေရှိပြီးတော့ တကယ်ကို ထူးခြားတယ် “

လုချန်ရှန်းက သူ၏ အမြင်ကို ထုတ်ပြောလိုက်သည်။ သူတို့က အမှန်တကယ် ထူးခြားနေခဲ့သည်။ တစ်ခုချင်းစီတိုင်းက ထူးခြားနေကာ အားလုံးက မဟာတာအို၏ စစ်မှန်သော နိယာမများကို သယ်ဆောင်ထားခဲ့သည်။

ဒုတိယ အကြီးအကဲက ပြန်ပြောလိုက်သည် “ သူတော်စင်က အဲ့ဒီအမွေအနှစ်တွေကို စိတ်ဝင်စားလားဗျ “

“ သူတို့တွေဆီမှာ ဆက်ခံသူတွေရှိနေတာကို ဘာဖြစ်လို့ ထပ်မေးနေရတာလဲ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။

ဒုတိယ အကြီးအကဲက ပြန်ပြောလိုက်သည် “ သူတော်စင်ရဲ့ စွမ်းရည်က သက်တူရွယ်တူအားလုံးထပ် ပိုသာပါတယ်။ သူတော်စင်က ပိုပြီးတော့ သင့်တော်မှာ သေချာပါတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဘာကိုဆိုလိုတာလဲဟ။

ထိုစကားလုံးများကို အဆိုပါ မြင့်မြတ်နယ်မြေ၏ သူတော်စင်များအပါအဝင် လူတော်တော်များများက ကြားသိသွားခဲ့သည်။ သူတို့က ဤနေရာသို့ လှည့်ကြည့်လာကြသည်။

လုချန်ရှန်းမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ လူတိုင်းက ငါ့ကို ဆန့်ကျင်လာအောင် တွန်းအားပေးနေတာလားဟ။ ဒါမှမဟုတ် ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာလား။

၎င်းကို မြင်လိုက်ရသောအခါတွင် သူသည် မည်သို့မျှ မတုံ့ပြန်လိုက်ပေ။

ထိုစဥ် ဒုတိယ အကြီးအကဲက စကားထပ်ပြောလာခဲ့၏ “ မဟာတောရိုင်းနန်းတော်ရဲ့ သူတော်စင် ရှင်းယွင်ကို ငါတို့က တစ်ခါ ဖိတ်ခေါ်ခဲ့ဖူးတယ်။ ဒါပင်မဲ့ သူက ဘယ်လိုမှ မတုံ့ပြန်ခဲ့ဘူး။ တကယ်လို့ သူသာ ဆန္ဒရှိမယ်ဆိုရင် သူကလည်း အဲ့ဒီအမွေအနှစ်တွေကို ရွေးယူနိုင်တယ် “

ထိုကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် လုချန်ရှန်းက ထိုကဲ့သို့သော ကိစ္စများကို မည်သို့မျှ ဂရုစိုက်မနေခဲ့ပေ။ မဟာတောရိုင်း နန်းတော်က ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်ရောက်မည် မဟုတ်ပေ။ ကူချန်ကျွင်းမှာလည်း ထို့အတိုင်းသာ ပြုလုပ်မည် ဖြစ်သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ကျုပ်တို့ မဟာတောရိုင်း နန်းတော်ရဲ့ အမွေအနှစ်ကရော ဘယ်လိုနေလဲ “

“ တစ်ခါတုန်းက ပြည်ထောင်ခြောက်ခုအတွင်းမှာ မဟာတောရိုင်း နန်းတော်က ပြည်ထောင်တစ်ခုကို အုပ်ချုပ်ခဲ့ဖူးတယ်။ အဲ့တာကြောင့် အမွေအနှစ်က သေချာပေါက် ထူးခြားတာပေါ့ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ပြည်ထောင်ခြောက်ခုအကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားလိုက်ရခြင်း မဟုတ်ပေ။ သို့သော် သူရရှိထားခဲ့သည့် မှတ်တမ်းများအတွင်းတွင် ထိုအကြောင်းကို မဖော်ပြထားခဲ့ပေ။

သို့ရာတွင် သူ၏လေသံအရ မဟာတောရိုင်း နန်းတော်က အတိတ်တစ်ချိန်က အလွန်တရာ ကြီးကျယ်ခမ်းနားသည်ဟု ကောက်ချက်ချနိုင်ပေသည်။

သူမသိသောကြောင့် သဲလွန်စများ ပေါက်ကြားသွားမည်ကို ကာကွယ်ရန်အတွက် ထိုအကြောင်းကို မမေးမြန်းဘဲ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အဲ့လိုဆိုမှတော့ ငါ့ရဲ့ မဟာတောရိုင်း နန်းတော်က ဘာဖြစ်လို့ တစ်ခြားလူတွေရဲ့ အမွေအနှစ်ကို လိုအပ်နေမှာလဲ “

“ ကျုပ်မောက်မာမိသွားတာပါ “

ဒုတိယ အကြီးအကဲက သူတော်စင်၏ စိတ်ခံစားချက်များကို မခွဲခြားနိုင်သကဲ့သို့ သူ့ကို မည်သို့မျှ ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။ နတ်ဘုရားနယ်ပယ် ပညာရှင်တစ်ဦးက သူ၏ စွမ်းအားကို အကုန်အစင် အသုံးပြုလိုက်မည်ဆိုလျှင်တောင်မှ ဘာကိုမှ ရေရေရာရာ မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ သူနှင့် သက်ဆိုင်သည့် အရာရာတိုင်းက အချိန်အမြစ်အတွင်းတွင် ပျောက်ကွယ်သွားပုံရ၏။

ထို့ကြောင့်ပင် ကောင်းကင်ဘုံ အကယ်ဒမီက မစွန့်စားရဲခြင်းဖြစ်သည်။

ယခုတွင်မူ လုချန်ရှန်းမှာ ထပ်မံ၍ စကားမပြောချင်တော့ပေ။ သူသည် သူ၏အကြည့်ကို ရုတ်သိမ်းကာ ပြန်ပြောလိုက်သည် “ ကောင်းကင်ဘုံ အကယ်ဒမီမှာ တစ်ခြားကိစ္စတွေ မရှိတော့ဘူးလား “

ဒုတိယ အကြီးအကဲက မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူ၏ စကားလုံးများအတွင်းတွင် ပုန်းကွယ်နေသည့် အဓိပ္ပါယ်တစ်ခု ပါဝင်နေခဲ့သည်။

လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ ဘာမှမရှိတော့ဘူးဆိုရင် ကျုပ်သွားတော့မယ် “

“ သူတော်စင် အခုမှ ပြန်သက်သာလာတာလေ။ ဘာဖြစ်လို့ အဲ့လောက်တောင် အလျင်လိုနေရတာလဲဗျ။ ကျုပ်တို့ မဟာတောရိုင်း နန်းတော်မှာ ဘာဖြစ်လို့ ခဏလောက်မနေရတာလဲ။ ဒီနေရာက ပြန်ပြီးတော့ အားမွေးဖို့အတွက် အသင့်တော်ဆုံးပဲလေ “

“ လုပ်ရမဲ့ ကိစ္စလေးတွေ ရှိသေးတယ်။ အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းဆီ အလည်သွားတာမျိုးနဲ့ ဟွာရှုနယ်ပယ်ကို အဆင့်တက်တာမျိုးပေါ့ “

ထို့နောက်တွင် လုချန်ရှန်းက လှည့်ထွက်သွားခဲ့သည်။

ထိုစကားက တစ်ခြားလူများပါ ကြားသွားစေရန် ရည်ရွယ်လိုက်ခြင်းဖြစ်သည်။

ဒုတိယ အကြီးအကဲမှာလည်း အံ့ဩမှင်သက်သွားခဲ့သည်။

မူချွမ်မှာလည်း အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ သူသည် သူတော်စင်က အာဏာစက်ပြင်းထန်ကာ တဇွတ်ထိုးလုပ်တတ်ပြီး တောင်ပိုင်းဒေသရှိ ကိစ္စကို အလွယ်တကူ အလွတ်မပေးဘူးဆိုသည်ကို သိရှိနေခဲ့သည်။ ဒါပင်မဲ့ သူက အခုမှ မွေးရာပါ ဝိညာဥအဆင့်၉မှာပဲ ရှိနေသေးတာ မဟုတ်ဘူးလား။ ဟွာရှုနယ်ပယ်ဆီကိုတောင် အဆင့်တက်ဖို့ ပြင်နေပြီပေါ့။

ကောင်းကင်ဘုံ အကယ်ဒမီက သူ့ကို မတားဆီးလိုက်ပေ။ စစ်ရထားလုံး ပေါ်လာခဲ့ကာ လုချန်ရှန်းကို လိုက်ပို့ပေးရန် အဆင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့သော် ကောင်းကင်ဘုံ အကယ်ဒမီမှ အထွက်တွင် ကူချန်ကျွင်းနှင့် ဆုံတွေ့လိုက်ရ၏။

--

………………………………………………………………………………………………………………………………………

All Chapters