အခန်း ၃၁၂
Vol. 21 Ch. 312
အပိုင်း ( 312 )
ဆရာ ကျွန်တော် နည်းနည်းလန့်သွားတယ်
လမ်းမထက်၌ ကူချန်ကျွင်းမှာ စစ်ရထားလုံး၏ အရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။
ကောင်းကင်ဘုံ အကယ်ဒမီအတွင်း၌သာ ရှိနေသေးပြီး သားရဲများ ဟိန်းဟောက်လာခဲ့ကာ ၎င်းတို့၏ အသံများ ပဲ့တင်ထပ်သွားခဲ့ပြီး ရထားလုံး မောင်းနှင်နေသူ၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
အတွင်းပိုင်းမှ အရေးကြီး ပုဂ္ဂိုလ်များကလည်း ၎င်းကို အာရုံခံမိသွားကြသည်။
သူတို့သည် ကူချန်ကျွင်းက စစ်ရထားလုံးကို တားဆီးလိုက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လူတော်တော်များများက အကြံဉာဏ် တောင်းခံနေသကဲ့သို့ မဟာအကြီးအကဲကို ငေးကြည့်နေကြတော့သည်။
သို့ရာတွင် ယွမ်ထင်က အေးအေးလူလူ ပြန်ပြောလိုက်သည် “ ထားလိုက်ပါ “
“ ပြဿနာကြီးသွားမှာကို မစိုးရိမ်ဘူးလားဗျ “
“ တကယ်လို့ သူတို့က ပဋိပက္ခဖြစ်သွားမယ်ဆိုရင် အဲ့တာက ငါတို့ ကောင်းကင်ဘုံ အကယ်ဒမီနဲ့ ဘာဆိုင်နေလို့လဲ။ ရှေးဟောင်း သူတော်စင်ကလေးငယ်နဲ့ အဲ့ဒီပညာရှင်ရဲ့ ဇစ်မြစ်တွေက ပုံမှန်မဟုတ်ဘူးလေ။ သူတို့တွေ တွေ့သွားတာက ပုံမှန်ပါပဲ။ သိပ်မကြာခင် အချိန်မှာပဲ ဟိုလူတွေ ရောက်လာတော့မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် မည်သူကမှ စကားထပ်မပြောလာကြတော့ပေ။
တပည့်များကလည်း အာရုံစိုက်၍ စိုက်ကြည့်နေခဲ့ကြသည်။ အမြင်အာရုံ စူးရှထက်မြက်သူများသည် လောင်လျူက အဝေးမှ စောင့်ကြည့်နေသည်ကို သတိပြုမိသွား၏။
သူကိုယ်တိုင်မှာလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေလျက်ရှိသည်။ အဲ့တာက တိုက်ဆိုင်တာလား (ဒါမှမဟုတ်) ကိစ္စတစ်ခုခုကြောင့်လား။
သို့သော် သူက ၎င်းက သူနှင့်မဆိုင်သည့်အလား ဟန်ဆောင်နေခဲ့သည်။
လုချန်ရှန်းမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။ ဆရာက ဘာလုပ်နေတာလဲဟ။ သူနဲ့ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ကြားမှာ ရန်ငြိုးတွေ ရှိနေတာများလား။ တကယ်တော့ သူတို့ ဘိုးဘေးတွေက ပဋိပက္ခဖြစ်ဖူးတယ်လေ။ အဲ့တာကြောင့် ငါ့ရဲ့ လမ်းကို လာပိတ်နေတာလား။
ဒါမှမဟုတ် သူနဲ့ ရန်ငြိုးရှိနေတဲ့လူက မူချွမ်များလား။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် မူချွမ်ကို ငေးကြည့်မိသွားခဲ့ပြီး ၎င်းက မဖြစ်နိုင်ဘူးဟု ခံစားသွားခဲ့ရသည်။
တောင်ပိုင်းဒေသ ဖရိုဖရဲဖြစ်စဥ် အမျိုးမျိုးသော မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများနှင့် ရင်ဆိုင်ခဲ့ရသည့် အချိန်မှာပင် မည်သည့်ကြောက်ရွံ့မှုမှ မရှိဘဲ အေးဆေးတည်ငြိမ်နေခဲ့သည့် မူချွမ်က တက်တက်ကြွကြွ ရှေ့တက်သွားခဲ့သည့်အတွက် သူအံ့အားသင့်သွားခဲ့ရသည်။
“ စစ်ပွဲဘုရင် မတွေ့ရတာကြာပြီနော် “
“ တကယ်ကြာနေပြီ “ ကူချန်ကျွင်းက တုံ့ပြန်လိုက်ပြီး သူ၏လေသံမှာ ခါတိုင်းလိုပင် အေးစက်နေခဲ့သည်။
မူချွမ်က စကားထပ်ပြောနေတော့၏ “ စစ်ပွဲဘုရင် ကျုပ်တို့ကြားမှာ နားလည်မှုလွဲနေတာ ရှိလို့လား “
ထိုအခိုက်အတန့်တွင် လုချန်ရှန်းမှာ သူ့ကိုယ်သူပင် သံသယဝင်သွားခဲ့သည်။ သိုသိုသိပ်သိပ်နဲ့ အမြဲလိုလို အေးဆေးတည်ငြိမ်နေတတ်တဲ့ မူချွမ်က ဆရာနဲ့ ရင်ဆိုင်နေရတော့ နှိမ့်နှိမ့်ချချ ဖြစ်သွားပါလားဟ။
ငါ့လို ကြီးစိုးတတ်တဲ့ သူတော်စင်နဲ့တောင် ဒင်းက အေးအေးဆေးဆေးဖြစ်နေခဲ့တာပါ။ ဆရာက ကောင်းကင်ဘုံကို တကယ်ကြီး ဆန့်ကျင်နေတာများလား။
ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ နားလည်မှုလွဲနေတာ မရှိဘူး “
“ အဲ့တာဆိုရင် စစ်ပွဲဘုရင် ဒါက ……….. “
“ မဟာတောရိုင်း နန်းတော်က သူတော်စင်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ငါကြားခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါက ကောင်းကင်ဘုံ အကယ်ဒမီမှာ ရှိနေခဲ့တယ်။ ငါသူ့ကို လာတွေ့တာ။ ငါက သူနဲ့ တာအိုဆွေးနွေးချင်နေတာလို့ သတ်မှတ်လိုက်လို့ရတယ် “
“ ဘာဖြစ်တယ် “
ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာရှစ်ခုစလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ဤကမ္ဘာပေါ်တွင် ကူချန်ကျွင်းကို မသိသည့်လူ ရှိပါသေးသလော။ သူက ကောင်းကင်ဘုံ(သို့) တစ်ကမ္ဘာလုံးကို မကြောက်သည့် လူစားမျိုးဖြစ်ပြီး မြင့်မြတ်နယ်မြေတစ်ခုကိုပါ အပြတ်ရှင်းရဲကာ အဆိုပါနယ်မြေများ၏ အရှင်သခင်များကို နောက်ဆုတ်သွားစေနိုင်သည့် ကောင်းကင်းဘုံ အကယ်ဒမီကိုပင် တစ်ကိုယ်တော် ရင်ဆိုင်ဝံ့သည့် လူတစ်ဦးဖြစ်သည်။
သူ လေးစားကြောက်ရွံ့ရသည့်လူ တစ်ဦးမှမရှိဘူးဟုပင် သတ်မှတ်၍ ရလေသည်။
ထိုကဲ့သို့သော လူတစ်ဦးက အဆိုပါ သူတော်စင်နှင့် တာအိုဆွေးနွေးချင်နေလျက်ရှိ၏။
“ အဲ့ဒီသူတော်စင် တကယ်ကြီးကို အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလားဟ “
“ ကူချန်ကျွင်းက သူနဲ့စကားပြောဖို့ စိတ်အားထက်သန်တယ်။ တကယ်ကို အံ့ဩဖို့ကောင်းလွန်းတယ် “
“ … “
ဘက်ပေါင်းစုံမှ အသံပေါင်းစုံ ပေါ်ထွက်လာခဲ့၏။
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများမှာ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယွမ်ထင်မှာလည်း သူ၏ ကိုယ်ပိုင်အတွေးများကို သံသယဝင်စပြုနေခဲ့ပြီ ဖြစ်သည်။ အဲ့ဒီသူတော်စင်က အစစ်လားဟ။
တစ်ပြိုင်နက်ဆိုသလိုပင် လုချန်ရှန်းက စစ်ရထားလုံး အတွင်းမှ ထွက်လာခဲ့ပြီး ကူချန်ကျွင်းကို ငေးကြည့်နေတော့၏။ သူ၏ အေးစက်တည်ငြိမ်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု၏ အရိပ်အငွေ့များ တည်ရှိနေခဲ့သည်။
“ စီနီယာက ထူးခြားတယ်။ ခင်ဗျားနဲ့ တာအိုအကြောင်းဆွေးနွေးရတာက ဂုဏ်ယူစရာပါပဲ “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုလူအားလုံး ဂဏာမငြိမ်ဖြစ်သွားကြသည်။
“ ဘာကြီး “
“ သူတော်စင်က တကယ်ကြီးပြုံးနေတာပဲဟ “
“ သူပြုံးတာက ဘာများ ထူးခြားနေလို့တုန်း။ သူပြောတာတွေကိုသာ နားထောင်ကြည့်လိုက်။ သူက ကူချန်ကျွင်းကို စီနီယာလို့ တကယ်ကြီး ခေါ်ခဲ့တယ်။ သူက ကောင်းကင်ဘုံ အကယ်ဒမီရဲ့ မဟာအကြီးအကဲကိုတောင် အဲ့လိုမျိုး ခေါ်ခဲ့တာ မဟုတ်ဘူး “
“ ကျွတ် ကျွတ် ကျွတ် ကြောက်ဖို့ကောင်းတယ်။ တကယ်ကြီးကို ကြောက်ဖို့ကောင်းတယ် “
ဆွေးနွေးပြောဆိုမှုများ နေရာအနှံ့ဖြစ်ပွားနေလျက်ရှိ၏။
အဆိုပါ သူတော်စင် ပေါ်ထွက်လာသည်မှာ တစ်ခဏမျှသာ ရှိနေသေးသည်။ သို့သော် သူက ကူချန်ကျွင်းကဲ့သို့ပင် ကြောက်ခမမ်းလိလိ မောက်မာနေခဲ့ပြီး အချိန်ပြည့် ယုံကြည်မှုရှိနေခဲ့ကာ လူတိုင်းကို အထင်သေးနေခဲ့၏။
သို့သော် ထိုကဲ့သို့သော လူတစ်ဦးက တစ်ခြားလူတစ်ဦးကို စီနီယာဟု ခေါ်ဆိုကာ သူနှင့်ပင် တာအိုအကြောင်း ဆွေးနွေးချင်နေခဲ့၏။ အဆိုပါ အပြန်အလှန် ကြေညာချက်က သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံနေသည်ထပ်ပင် ပိုမိုအံ့ဖွယ်ကောင်းနေခဲ့၏။ ငါတို့တွေကပဲ အမြင်ကျဥ်းလွန်းနေခဲ့တာလားဟ။
ဒါမှမဟုတ် သူတို့တွေက ငါတို့ထင်ထားထပ်ပိုပြီးတော့ ကြောက်စရာကောင်းနေတာလား။
မူချွမ်မှာလည်း တအံ့တဩဖြစ်သွားသော အမူအရာမျိုးဖြင့် လုချန်ရှန်းကို ငေးကြည့်နေမိတော့သည်။
၎င်းက ဤကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းကာ ဝါစဥ်မြင့်သည့် ရှေးဟောင်းသူတော်စင် ကလေးငယ်ဖြစ်သည်။
လုချန်ရှန်းသည် ၎င်းကို သတိပြုမိသွားကာ ပြန်ပြောလိုက်သည် “ ထူးချွန်ထက်မြက်တဲ့ လူက ဆရာပဲလေ။ ဒီစီနီယာကို တကယ် လေးစားမိတယ် “
မူချွမ်က ခေါင်းငြိမ့်ပြလိုက်ကာ ဘာမှထပ်ပြောမနေတော့ပေ။
လုချန်ရှန်းကမူ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေတော့၏။ ငါ့ကို လာပြောင်နေတာလားဟ။ တကယ်လို့ သူ့ကို မျက်နှာသာမပေးဘဲ လှုပ်ရှားလိုက်မယ်ဆိုရင် သူက နောက်ပိုင်းမှာ အဲ့ကိစ္စကို ပြန်သိသွားရင် ရလဒ်က သိပ်ကောင်းမှာ မဟုတ်ဘူး။
“ ကြွပါ “
လုချန်ရှန်းက ဖိတ်ခေါ်သည့် အနေဖြင့် လက်ဆန့်တန်းလိုက်သည်။
ကူချန်ကျွင်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့နှစ်ဦးစလုံး ကောင်းကင်ဘုံ အကယ်ဒမီမှ ထွက်ခွာသွားကြသည်။ စစ်ရထားလုံးက အနောက်မှ လိုက်သွားပြီး မူချွမ်မှာလည်း တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ လောင်လျူမှာလည်း လိုက်သွားချင်နေခဲ့သည်။ သို့သော် မူချွမ်၏ တားဆီးခြင်းကို ခံခဲ့ရလေသည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ ပညာရှင်များက တိတ်တဆိတ် လိုက်သွားကြပြီး ရလဒ်ကို သိချင်နေကြ၏။
ကောင်းကင်ဘုံ အကယ်ဒမီ အပြင်ဘက်ရှိ တောင်တန်းတစ်ခုပေါ်တွင် လူနှစ်ဦး မျက်နှာချင်းဆိုင်နေလျက်ရှိ၏။
ကူချန်ကျွင်းက သူ၏လက်ကို ဝေ့ရမ်း၍ အရာအားလုံးကို ခွဲထုတ်လိုက်သည်။ မည်သူကမှ မည်သည့်အရာကိုမှ မမြင်နိုင် မကြားနိုင်ကြတော့ပေ။ လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေလျက်ရှိ၏။
လုချန်ရှန်း၏ အရှိန်အဝါက ချက်ချင်းအားပျော့သွားခဲ့သည်။ သူ၏ ဆရာဖြစ်သူနှင့် မျက်နှာချင်းဆိုင်နေရသောအခါတွင် သူသည် အပြစ်ရှိစိတ်ကို ခံစားနေရသေးသည်။
သို့ရာ၌ သူစကားမပြောရသေးခင် အချိန်မှာပင် ကူချန်ကျွင်းက ရှားပါးသော အပြုံးတစ်ခုကို ထုတ်ဖော်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းက ပိုမိုထိတ်လန့်သွားခဲ့သည်။ သူသည် ဟန်ဆောင်နေခြင်းကို ရပ်တန့်ကာ စကားစပြောလိုက်သည် “ ဆရာ မပြုံးပါနဲ့။ အဲ့တာက ကြောက်စရာ ကောင်းလွန်းတယ်”
“ သူတော်စင်က ငါ့ကို သူ့ဆရာအဖြစ် သတ်မှတ်နေတာပါလား “
ကူချန်ကျွင်းကမူ ပြုံးမြဲပြုံးနေသေး၏။
“ဆရာ ကျွန်တော် ကြောက်တယ်။ မနောက်ပါနဲ့တော့ “
“ ဟားဟားဟား “ ကူချန်ကျွင်းက ရယ်မောနေတော့သည် “ မင်းက မဟာတောရိုင်း နန်းတော်ရဲ့ ရှေးဟောင်း သူတော်စင် ကလေးငယ်အဖြစ်တောင် ဟန်ဆောင်ရဲတယ်။ မင်းထပ် သတ္တိပိုကောင်းတဲ့ လူဆိုတာ ရှာတွေ့ဖို့ခက်တယ် “
“ အမ် ….. “ လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ ဆရာက ဘယ်တုန်းက သိသွားတာလဲ။ ကျွန်တော်က ကောင်းကောင်းလေး ဖုံးကွယ်ထားနိုင်တယ်လို့ ထင်နေခဲ့တာ။ ကောင်းကင်ဘုံ အကယ်ဒမီက အဲ့ဒီဖားအိုကြီးတွေကတောင် ဘာမှသိတာ မဟုတ်ဘူး “
“ တကယ်လို့ မင်းကသာ စစ်မြေပြင်ကို မသွားခဲ့ဘူးဆိုရင် အဲ့တာက မင်းဆိုတာကို ငါခန့်မှန်းနိုင်မှာ မဟုတ်ဘူး “
“ ဘာဖြစ်လို့လဲ “
လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ ငါက မူဟွမ်ရဲ့ အရှိန်အဝါကို အာရုံခံမိခဲ့တယ်လေ။ သူက စစ်မြေပြင်ကို သွားခဲ့တယ်။ ပြီးတော့ မင်းက မွေးရာပါ ဝိညာဥ် အဆင့်၈အထိ ရောက်နေပြီဆိုတာကို ငါသိခဲ့ရတယ်လေ။ နတ်ကောင်းကင်ဂိုဏ်းရဲ့ လူရွေးပွဲတုန်းက ငါ့ကို ရိုက်ခဲ့တဲ့ လူကလည်း မင်းပဲ “
“ ဆရာ အဲ့တာက ဘာစကားကြီးလဲ။ ဘယ်လိုလုပ် ကျွန်တော်ဖြစ်နိုင်မှာလဲ။ ကျွန်တော်က ဆရာ့ကို ချစ်ခင်လေးစားတာလေ။ အဲ့လို ကောက်ကျစ်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ်လုပ်နိုင်မှာလဲ။ တစ်ခြားတစ်ယောက်ယောက်က ကျွန်တော့်ကို အကွက်ဆင်လိုက်တာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် အဲ့တာက မတော်တဆ ဖြစ်သွားတာပဲ နေမှာ “
လုချန်ရှန်း၏ တာအိုနှလုံးသားက အလွန်တရာ ခိုင်မာလှသည်။ သူသည် မည်သည့်အရာကိုမှ ဝန်ခံလိမ့်မည် မဟုတ်ပေ။ သူသည် သေသည်အထိ ၎င်းကို ငြင်းပယ်မည် ဖြစ်သည်။
ကူချန်ကျွင်းကမူ တပြုံးပြုးသာ ဖြစ်နေခဲ့သည်။ သူမပြောလိုက်သည့် ကိစ္စတစ်ချို့ ရှိနေသေးသည်။ သူသည် လုချန်ရှန်းက မွေးရာပါ ဝိညာဥ်အဆင့်၉သို့ အဆင့်တက်သွားသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ သူသည် လုချန်ရှန်းက မိုးကြိုးနည်းစနစ်များ ကျင့်ကြံထားသည်ဆိုသည်ကိုပါ သိနေခဲ့သည်။
ကိစ္စတော်တော်များများကို ဆက်တိုက်အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူသည် အဆိုပါ ရှေးခေတ် သူတော်စင် ကလေးငယ်က သူ၏ အဖိုးတန်တပည့်ဆိုသည်ကို သိရှိသွားခဲ့သည်။
ထိုကလေးက မည်သည့်အရာများ ပြုလုပ်နေလဲဆိုသည်ကို သူနားမလည်သော်လည်း သူ့စိတ်ကြိုက်သာ လုပ်ခွင့်ပြုထားလိုက်သည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းက တစ်စုံတစ်ခုကို တွေးမိသွားကာ စကားထပ်ပြောလာခဲ့သည် “ ဆိုတော့ ဆရာက ကျွန်တော် ကောင်းကင်ဘုံ အကယ်ဒမီကို လာမယ်ဆိုတာကို သိနေလို့ တမင်သက်သက် ဒီကိုရောက်လာခဲ့တာပေါ့ “
“ အင်း “
ကူချန်ကျွင်းက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် သူ့တပည့်၏ နည်းလမ်းများကို သိနေခဲ့သည်။ သို့သော် ကောင်းကင်ဘုံ အကယ်ဒမီက နဂါးအသိုက်ဖြစ်သောကြောင့် သူ စိုးရိမ်ပူပန်နေခဲ့သည်။
သူတော်စင်က ကောင်းကင်ဘုံ အကယ်ဒမီသို့ ဦးတည်သွားသည်ကို သိရှိခဲ့ရပြီးသည့်နောက်တွင် သူသည် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုခု ပေါ်လာခဲ့မည်ဆိုပါက ထိုကလေးကို ကူညီနိုင်ရန်အတွက် ဤနေရာသို့ ကြိုတင်ရောက်ရှိလာခဲ့သည်။
သူ၏ တပည့်ဖြစ်သူက ပြဿနာ မည်မျှရှာခဲ့လဲဆိုသည်ကိုတွေးမိသွားသောအခါတွင် သူသည် ထိုကလေး၏ သတ္တိကြောင့် အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။ သူက ပိုပို၍ ရဲတင်းလာခဲ့ကာ မြင့်မြတ်နယ်မြေတစ်ခုတင် မဟုတ်တော့ဘဲ ကောင်းကင်ဘုံ အကယ်ဒမီကိုပါ လှည့်စားနေခဲ့လေသည်။
လုချန်ရှန်း၏ စိတ်ထဲတွင် နွေးထွေးမှု စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့ပြီး သူသည် ၎င်းကို မည်ကဲ့သို့ ဖော်ပြရမလဲ မသိပေ။
ကူချန်ကျွင်းက စကားဆက်ပြောနေတော့၏ “ မင်းကို လာတွေ့တာအပြင် ငါမင်းကို ပြောပြချင်တဲ့ ကိစ္စတစ်ခု ရှိတယ် “
“ အဲ့တာက ဘာလဲ “
“ ဒီကမ္ဘာမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခု ပေါ်လာတာကို ငါအာရုံခံမိခဲ့တယ်။ ကမ္ဘာ့အကာအရံမှာ စွမ်းအင်လှိုင်းတွေ ပေါ်လာတယ်။ တစ်ခြားသက်ရှိတွေက ဒီနယ်မြေဆီကို ရောက်လာကြတော့မယ် “
“ တစ်ခြားသက်ရှိတွေလား။ ဒီနယ်မြေကိုလား “
လုချန်ရှန်းမှာ လိုက်မမှီနိုင်ဖြစ်သွားခဲ့သည်။
ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ တကယ်တော့ သူတို့က မင်းဆီလာနေတာ ဖြစ်နိုင်တယ် ”
--
…………………………………………………………………………………………………………………………………………