← Chapters

အခန်း ၃၁၃

Vol. 21 Ch. 313

အခန်း ၃၁၃

Vol. 21 Ch. 313

အပိုင်း ( 313 )

ကောင်းကင်နှင့် ကမ္ဘာမြေအကြောင်း ဆွေးနွေးခြင်း

တောင်ထိပ်ပေါ်တွင် ဆရာနှင့် တပည်တို့ တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်နေလျက်ရှိ၏။

ကူချန်ကျွင်းကမူ သူ့ကို စိုးရိမ်ပူပန်အောင် လုပ်နိုင်သည့် အရာတစ်ခုမှမရှိသည့်အလား အေးအေးလူလူသာ ဖြစ်နေခဲ့သည်။

လုချန်ရှန်းကမူ နားမလည်နိုင်ဖြစ်နေခဲ့သည်။ တစ်ခြားနယ်မြေအကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားသိလိုက်ရခြင်းဖြစ်သည်။ သို့သော် သူသည် ထိုအကြောင်း မှတ်တမ်းတင်ထားသည့် မှတ်တမ်းများကို တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ခဲ့ရပေ။ ယခင်က သူသည် ထိုအကြောင်းကို မသိသကဲ့သို့ မေးလည်းမမေးမြန်းရဲခဲ့ပေ။

“ ဆရာ တစ်ချိန်တုန်းက မဟာတောရိုင်း နန်းတော်က နယ်မြေခြောက်ခုထဲက တစ်ခုကို အုပ်စိုးဖူးတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ စစ်ပွဲကြောင့် ဒီကိုရောက်လာရပြီးတော့ တောင်ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာခဲ့တာတဲ့ “

“ ဟုတ်တယ် “ ကူချန်ကျွင်းက ခေါင်းငြိမ့်ပြလိုက်သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် ဘယ်နယ်မြေခြောက်ခုက အဲ့နေရာနဲ့ ဆက်စပ်နေတာလဲ “

“ အဲ့နေရာက သီးခြားတည်ရှိနေတဲ့ ကောင်းကင်နဲ့မြေပြင်ပဲ။ ဘယ်နယ်မြေနဲ့မှ မသက်ဆိုင်ဘူး “

“ ကျွန်တော် နားမလည်ဘူး “

လုချန်ရှန်းက ခေါင်းခါပြလိုက်၏။ ထိုကိစ္စက သူ၏နားလည်နိုင်စွမ်းထပ် ကျော်လွန်နေပုံရ၏။

ထို့နောက်တွင် ကူချန်ကျွင်းက ဖြည်းဖြည်းချင်း စကားထပ်ပြောလာခဲ့သည် “ ရှေးခေတ်တုန်းက စစ်ပွဲတွေ စဥ်ဆက်မပြတ်ဖြစ်ခဲ့တယ်။ သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဒီကမ္ဘာကြီးကို ကြီးကြီးမားမား ပြောင်းလဲသွားစေတဲ့ စစ်ပွဲကြီးနှစ်ခုဖြစ်တယ်လို့ မှတ်တမ်းတင်ထားခဲ့တယ် “

“ တစ်ချိန်တုန်းက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက တစ်ခုတည်းပဲ။ စစ်ပွဲကြီးက စကြဝဠာတစ်ခုလုံးကို ပြိုကွဲသွားစေပြီးတော့ အစိတ်အပိုင်းတွေ အများကြီးအဖြစ် ကွဲထွက်သွားစေပြီး ရှေးဦးကမ္ဘာဟောင်းပုံစံအနေနဲ့ ပေါ်လာစေခဲ့တာ။ အဲ့လိုနဲ့ပဲ ကောင်းကင်သုံးခု ပင်လယ်လေးစင်း နယ်မြေခြောက်ခု တောရိုင်း ရှစ်ခု တိုက်ကြီး ကိုးခုနဲ့ ကုန်းမြေဆယ်ခုအဖြစ် ပေါ်လာခဲ့တာ “

လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

တစ်ခုတည်းရှိနေခဲ့သည့် ကောင်းကင်နှင့် မြေပြင်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သောကြောင့် သူသည် သူက ယခုလက်ရှိအချိန်တွင် မည်သည့်နေရာတွင် ရှိနေလဲဆိုသည်ကို မသိပေ။

“ အဲ့တာဆိုရင် ကျွန်တော်တို့က ဘယ်နေရာမှာလဲ “

“ ကုန်းမြေဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မြောက်ပိုင်းကုန်းမြေမှာ “ ဟု ကူချန်ကျွင်းက ပြန်ပြောလိုက်သည်။

သူသည် ဤကမ္ဘာ့ပုံစံကို လုချန်ရှန်းကို ပြောပြလိုက်သည်။ သူ၏စကားများအရ ကောင်းကင်သုံးခုက အမြင့်ဆုံးဖြစ်ပြီး ကုန်းမြေဆယ်ခုက အနိမ့်ကျဆုံးဖြစ်နေသည်မှာ သေချာလှသည်။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းက တစ်စုံတစ်ခုကို နားလည်သွားပုံရကာ ရုတ်တရုတ် ခေါင်းငြိမ့်ပြလိုက်သည်။ သူပိုတွေးလေလေ ၎င်းက ကျိုးကြောင်းဆီလျော်မှုရှိလေလေဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။

“ မင်းက ဘာဖြစ်လို့ ခေါင်းငြိမ့်နေရတာလဲ “ ကူချန်ကျွင်းက နားမလည်နိုင်ဖြစ်သွားခဲ့သည်။

ငါက ကောင်းကင်နဲ့ ကမ္ဘာမြေပုံစံအကြောင်း ပြောပြနေတာလေ။ ဉာဏ်အလင်းရသွားတာလား။

ထို့နောက်တွင် လုချန်ရှန်းက ပြန်ပြောလိုက်သည် “ နောက်ဆုံးတော့ ကျွန်တော်ရဲ့ ကျင့်ကြံရေးက ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲနေရလဲဆိုတာကို ကျွန်တော်နားလည်သွားပြီ “

“ ဘာဖြစ်လို့လဲ “

“ ဘာလို့လဲဆိုတော့ ကျွန်တော်က အနိမ့်ကျဆုံး ကုန်းမြေဆယ်ခုမှာ ရှိနေတာကိုး “

ကူချန်ကျွင်းမှာ တစ်ခဏခန့် မှင်သက်သွားပြီး ခေါင်းတခါခါဖြင့် ပြန်ပြောလိုက်သည် “ အဲ့တာက အများကြီးမဟုတ်ဘူး နည်းနည်းလေးပဲဆိုင်တာ။ ကျင့်ကြံရေးက ခက်ခက်မခက်ခက် အဲ့တာက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ဒီလိုနယ်မြေတွေမှာ မွေးဖွားလာခဲ့တဲ့ ပါရမီကောင်းတဲ့ ပညာရှင်တွေက ပိုပြီးတော့ ခံနိုင်ရည်ရှိတယ်။ ပြီးတော့ မင်းရဲ့ ကျင့်ကြံရေးက တော်တော်လေး ခက်ခဲနေလို့လား “

“ ဟူးး “

ထိုစဥ် လုချန်ရှန်းက သက်မကြီး ချနေတော့သည်။ ခက်ခဲရုံသာလျှင် မဟုတ်ဘဲ ကျင့်ကြံရေး လမ်းကြောင်းပေါ်သို့ စတင်တက်လှမ်းခဲ့စဥ်အချိန်ကတည်းက သူသည် ပြဿနာကြီးကြီးမားမား မရှိသင့်ဘူးဟုသာ ထင်နေခဲ့သည်။

ရလဒ်အနေဖြင့် သူက ဆယ်နှစ်ကျော် ရုန်းကန်နေခဲ့ရသော်လည်း မွေးရာပါ ဝိညာဥ်အဆင့်၉သို့သာ ရောက်ရှိခဲ့သည်။ နိမ့်ကျသော ကောင်းကင်နှင့် ကမ္ဘာမြေဆိုသည့် အကြောင်းအရင်းမှအပ တစ်ခြားသော မည်သည့်ပြဿနာကိုမှ မရှာနိုင်ခဲ့ပေ။

သူသည် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ဖူးသည်။ ၎င်းက သူ၏ပြဿနာ မဟုတ်ပေ။ သူသည် နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ခဲ့သည်။ သို့ဖြစ်ပါလျက် မည်သည့်အတွက်ကြောင့် အင်မော်တယ် တက်လှမ်းခြင်းနယ်ပယ်သို့ မရောက်ရှိရသေးသနည်း။

သတိပြန်ဝင်လာသည့် အချိန်တွင် လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်သည် “ အရင်တုန်းက ကိစ္စတစ်ချို့ကို ကြားခဲ့ရပြီတော့ အတွေးတစ်ချို့ ရှိခဲ့ဖူးတယ်။ မဟာတောရိုင်း နန်းတော်က နယ်မြေခြောက်ခုထဲက တစ်ခုရဲ့ အရှင်သခင် ဖြစ်ခဲ့ဖူးတယ်တဲ့။ နယ်မြေခြောက်ခုက ကုန်းမြေဆယ်ခုထပ်တော့ ပိုကောင်းမှာပဲ။ သူတို့က ကောင်းကင်သုံးခုပြီးရင် ဒုတိယလိုက်တယ်လေ။ ဘာဖြစ်လို့ ဒီလောက်တောင် ကျဆင်းသွားရတာလဲ “

“ ဒုတိယ မဟာစစ်ပွဲကြီးကြောင့်ပဲ “

“ သူတို့က စစ်ရှုံးသွားတာလား “

“ နယ်မြေခြောက်ခုက ပျောက်သွားလို့ “

လုချန်ရှန်း၏ မျက်ဝန်းများအတွင်းတွင် အံ့ဩတုန်လှုပ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ ပျောက်သွားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲဟ။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ အဲ့ဒီ ဒုတိယ မဟာစစ်ပွဲကြီးက ဒီနေ့အထိ လျှို့ဝှက်ဆန်းကြယ်နေတုန်းပဲ။ အဲ့ဒီစစ်ပွဲမှာ နယ်မြေခြောက်ခုက ပင်လယ်လေးစင်းရယ် တောရိုင်း ရှစ်ခုနဲ့အတူ ပျောက်သွားခဲ့တယ်လို့ပဲ သိခဲ့ရတယ် “

“ အဲ့လောက်တောင် အန္တရာယ်များတယ်လား။ အဲ့တာတွေက ခွေးလေးကြောင်လေးတွေ မဟုတ်ဘူးလေ။ ဆရာကတောင် သူတို့ကို မမြင်နိုင်ဘူးလား “

လုချန်ရှန်းသည် မည်သည့်အတွက်ကြောင့် ပျောက်ကွယ်သွားသည်ဆိုသည့် စကားလုံးကို သုံးနေရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။ ပြိုင်ဘက်က ဘယ်သူတွေလဲဟ။

ကူချန်ကျွင်းက စကားဆက်ပြောနေခဲ့၏ “ အဲ့ဒီကောင်းကင်နဲ့ကမ္ဘာမြေတွေက အစိတ်စိတ်အမွှာမွှာ ကွဲသွားတယ်လို့ ကောလဟာလထွက်နေတယ်။ တစ်ခြားလူတွေကတော့ အဲ့ဒီစစ်ပွဲက အဲ့ကမ္ဘာတွေကို နစ်မြုပ်သွားစေခဲ့တယ်လို့ မှတ်တမ်းတင်ထားကြတယ်။ ငါလည်း ကောက်ချက်မချနိုင်ဘူး “

“ အဲ့တာကြောင့် နယ်မြေခြောက်ခု ပျောက်ကွယ်သွားတော့ မဟာတောရိုင်း နန်းတော်က မြောက်ပိုင်း ကုန်းမြေဆီကို ရွှေ့ပြောင်းလာခဲ့ရတာလား “

“ ဟုတ်တယ် “

စကားပြောနေရင်းဖြင့် လုချန်ရှန်းမှာ အတွေးနက်သွားခဲ့သည်။

၎င်းက အလွန်တရာ ရှုပ်ထွေးလွန်းလှကာ ပုန်းကွယ်နေသည့် ဇာတ်လမ်းကြီးတစ်ပုဒ်ရှိနေသည်ဟု ခံစားသွားခဲ့ရသည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက မဟာတောရိုင်း နန်းတော်၏ ရှေးခေတ် သူတော်စင်ကလေးငယ်က ကံကြွေးကို မည်သည့်အတွက်ကြောင့် ပိုင်ဆိုင်ထားလိမ့်မည်နည်း။ ၎င်းက အဆိုပါ မြင့်မြတ်နယ်မြေက လိုချင်နေသည့် အရာဖြစ်သည်။

တာအို၏ အသိအမှတ်ပြုမှုကို ရရှိကာ ကံကြွေးကို ရရှိရန်အတွက် …….

ကူချန်ကျွင်းကမူ ၎င်းကို ဂရုစိုက်မပေ။ သူက သူသိထားသည့် အရာများကို ပြန်လည်ပြောပြနေခြင်းသာ ဖြစ်သည်။

လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ ဆိုတော့ ရှေးခေတ် သူတော်စင် ပေါ်လာတာကြောင့် တစ်ခြားနယ်မြေက လူတွေက ဒီကို လာချင်နေကြတာလား “

“ နယ်မြေကျော်ဖြတ်တဲ့ကိစ္စက မင်းကြောင့် မဟုတ်ဘူး။ ကုန်းမြေဆယ်ခုက နိမ့်ကျလွန်းနေတာကြောင့်ပဲ။ တိုက်ကြီးကိုးခုက ကုန်းမြေဆယ်ခုနဲ့ ချိတ်ဆက်ဖို့ ဆန္ဒမရှိဘူး။ တာအိုနိယာမ စည်းမျဥ်းတွေက ကုန်းမြေဆယ်ခုဆီကို စီးဝင်သွားပြီးတော့ သူတို့ရဲ့ ဝိညာဥ်ချီတွေကို စုပ်ယူခံလိုက်ရမှာကို ကြောက်လို့ ချိတ်ဆက်နေတဲ့ လမ်းကြောင်းတွေကိုတောင် ဖြတ်တောက်ထားကြတယ်။ ဒါပင်မဲ့ သိပ်မကြာခင် အချိန်ကမှ ကောင်းကင်နဲ့မြေပြင် ပြန်ကောင်းလာခဲ့တယ်။ အဲ့တာကြောင့် သူတို့က လမ်းကြောင်းကို ယာယီဖွင့်ပြီးတော့ လူတွေလွှတ်ဖို့အတွက် ပြင်နေကြတာ “

“ သူတို့ရဲ့ အထက်စီးဆန်တဲ့ မောက်မာမှုတွေကို ကျွန်တော်က ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ ကျွန်တော်တို့အားလုံးက နေရာတစ်ခုတည်းကနေ လာခဲ့ကြတာ မဟုတ်ဘူးလား။ ကောင်းကင်နဲ့ ကမ္ဘာမြေ ပြိုကွဲသွားလို့ ကျွန်တော်တို့အားလုံး ကွဲသွားရတာ မဟုတ်ဘူးလား။ ကွဲသွားတဲ့ အချိန်တုန်းက သူတို့ရဲ့ အပိုင်းအစတွေ ပိုကြီးနေလို့လား “

လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ အလွန်တရာ စိတ်ရှုပ်သွားခဲ့သည်။

ကူချန်ကျွင်းမှာလည်း ဤတပည့်လေးက ဘာတွေးနေလဲဆိုသည်ကို သိနေခဲ့သည်။ သို့သော် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်မူ သူသည် ၎င်းက ကြောင်းကျိုးဆီလျော်သည်ဟု ခံစားသွားခဲ့ရသည်။

ထို့နောက်တွင် သူသည် စကားဆက်ပြောနေတော့သည် “ ကောင်းကင်နဲ့ကမ္ဘာမြေက သူ့အလိုလို ပြန်ကောင်းလာပြီ။ ဒါပင်မဲ့ သူတို့ဆီကလောက်တော့ မမြန်ဘူး။ အချိန်တစ်ချို့လောက်တော့ ယူရဦးမယ်။ သိပ်မကြာခင် အချိန်မှာပဲ သူတို့တွေ ရောက်လာကြလိမ့်မယ်။ တကယ်လို့ ငါထင်တာမမှားဘူးဆိုရင် သူတို့က မင်းကို လာရှာကြလိမ့်မယ် “

“ ရှေးခေတ်သူတော်စင် တစ်ယောက်လေး အတွက်ကြောင့်လား “

“ အဲ့တာက မလုံလောက်ဘူးလား “

ကူချန်ကျွင်းမှာ မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ မဟာတောရိုင်း နန်းတော်က နယ်မြေတစ်ခုကို အုပ်စိုးခဲ့ဖူးသည့် တည်ရှိမှုတစ်ခုဆိုသည်ကို မဆိုထားနှင့် ကံကြွေးကို ပိုင်ဆိုင်ထားခြင်းကပင် သက်ရှိသတ္တဝါ အမြောက်အများကို ဆွဲဆောင်နိုင်ပေသည်။

၎င်းမှာ ပြိုင်ဘက်ကင်းသော အရာတစ်ခုဖြစ်သည်။ အဆိုပါ နယ်မြေများအကြားရှိ အဓိက အင်အားစုကြီးများကပင် ကံကြွေး၏ တန်ပြန်သက်ရောက်မှုကို မခံယူလိုကြပေ။

၎င်းကို တွေးကြည့်ခြင်းကပင် သူ့ကို ခေါင်းကိုက်သွားစေခဲ့၏။

လုချန်ရှန်းသည် ဆရာဖြစ်သူကို မော့ကြည့်ကာ စကားထပ်ပြောနေတော့သည် “ ဆရာ အဲ့တာက အန္တရာယ်များလွန်းတယ်လို့ ကျွန်တော် ခံစားနေရတယ်။ ဒါပင်မဲ့ ကျွန်တော်က မူဟွမ်ကို ကတိပေးထားခဲ့ပြီးပြီ ကတိကို ပြန်ဖျက်မှာ မဟုတ်ဘူး။ ဆရာက ကျွန်တော့်အတွက် ဝှက်ဖဲ အခုတစ်ရာ နှစ်ရာလောက် ချန်ထားပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်က အဲ့တာကို မကိုင်တွယ်နိုင်လောက်ဘူး “

ဝှက်ဖဲ တစ်ရာ နှစ်ရာ ……..

ထိုအခိုက်အတန့်တွင် ကူချန်ကျွင်းမှာ အံ့ဩမှင်သက်၍ ဆွံ့အသွားခဲ့သည်။

ဝှက်ဖဲတစ်ခုကိုတောင် တော်တော်လေး အားစိုက်ထုတ်ရပြီးမှ လုပ်လို့ရတာလေ။ အချိန်တိုအတွင်းမှာ အခုတစ်ရာနှစ်ရာ မပြောနဲ့။ တစ်ခုနှစ်ခုကိုတောင် ထုတ်လုပ်ပေးနိုင်မှာ မဟုတ်ဘူး။

ရှောင်ဟေးထံတွင် သူချန်ထားပေးခဲ့သည့် ဝှက်ဖဲက ကြိုတင်ပြင်ဆင်၍ ပြုလုပ်ထားခဲ့သော အရာဖြစ်သည်။ အစတွင် ၎င်းက လုချန်ရှန်းကအတွက် ပြင်ဆင်ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကလေးက ၎င်းတို့ကို ထိတွေ့ရန် ငြင်းပယ်ခဲ့လေသည်။

ယခုတွင် လုချန်ရှန်းသည် သူကြီးပျင်းလာကာ သူ၏ဆရာဖြစ်သူက သူ့အတွက် ဝှက်ဖဲလေးများ ချန်ပေးထားရန် အချိန်ကျလာပြီဟု ခံစားနေခဲ့ရသည်။ သူ၏လျှို့ဝှက်ချက် တစ်ချို့ကို လူတိုင်းနီးပါးက သိရှိနေကြပြီ ဖြစ်သည်။

သို့ရာတွင် ကူချန်ကျွင်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မလိုပါဘူး “

“ ဘာဖြစ်လို့လဲ။ ကျွန်တော့်ကို မပေးချင်ဘူးလား “

“ မင်းက ရှေးခေတ် သူတော်စင် ဖြစ်နေပြီးတော့ မင်းရဲ့ မောက်မာဝင့်ကြွားမှုကို ဒီအတိုင်းဆက်ထိန်းထားဖို့ပဲ လိုအပ်တယ်။ အဲ့တာက လုံလောက်တယ်။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူကမှ မင်းကို မထိရဲဘူး “

လုချန်ရှန်း : “ ??? “

သူအံ့ဩမှင်သက်သွားခဲ့သည်။ အဲ့တာတွေကို မသိတဲ့ လူတွေကို လှည့်စားဖို့အတွက် မဟုတ်ဘူးလား။ ဆရာက ဘာဖြစ်လို့ အဲ့တာတွေကို အတည်ကြီးမှတ်နေရတာလဲဟ။

ဆရာက စိတ်သဘောထား ကျဥ်းမြောင်းပြီးတော့ အဲ့တုန်းက ငါရိုက်ခဲ့တဲ့ ကိစ္စကို အစာမကြေသေးတာလားဟ။

ငါငြင်းခဲ့ပြီးပြီ မဟုတ်ဘူးလားဟ။

အဲ့လိုမဖြစ်သင့်ဘူးလေ။

လုချန်ရှန်းမှာ အူလည်လည် ဖြစ်သွားခဲ့သည်။ သူမည်မျှ တွေးတောစဥ်းစားနေပါစေ။ မည်သို့မျှ အဖြေမရှာနိုင်ခဲ့ပေ။ သူက တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ကူချန်ကျွင်းက မတ်တပ်ထရပ်နေခဲ့ပြီ ဖြစ်သည်။

“ တကယ်လို့ လိုချင်တာ တစ်ခုခုရှိတယ်ဆိုရင် ပြန်လာခဲ့လိုက်။ ဒီကောင်းကင်ဘုံ အကယ်ဒမီကိုက မလာလေကောင်းလေပဲ။ ဒီနေရာက ငါ့ကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေတယ် “

ထို့နောက်တွင် သူသည် ကောင်းကင်ဘုံ အကယ်ဒမီကို ပြန်လှည့်ကြည့်နေတော့သည်။ သူသည် ကောင်းကင်ဘုံ အကယ်ဒမီသို့ ယခုမှသာလျှင် ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကူချန်ကျွင်းကိုယ်တိုင်ကပင် သူ့ကို စိတ်မသက်သာဖြစ်သွားစေသည့်အရာက မည်သည့်အရာလဲဆိုသည်ကို မသိပေ။ လုချန်ရှန်းသည် သူက နောင်အနာဂတ်တွင် ဤနေရာသို့ မလာသင့်ဘူးဟု နားလည်သွားခဲ့သည်။

ကိစ္စများ ပြီးဆုံးသွားသည့်နောက်တွင် သူတို့၏ ပုံရိပ်များ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြီး အကြည့်ပေါင်းမြောက်များစွာကို ဆွဲဆောင်သွားခဲ့သည်။

ကူချန်ကျွင်း ထွက်သွားကာ လုချန်ရှန်းက စစ်ရထားလုံးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။

မည်သူကမှ စကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ ၎င်းက လူတော်တော်များများ၏ အတွေးများကို လှုပ်ခါသွားစေခဲ့သည်။

“ သူတော်စင် ….. “ မူချွမ်က တစ်စုံတစ်ခုကို မေးမြန်းချင်နေခဲ့၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ လာ အနောက်ပိုင်းဒေသကို သွားကြမယ် “

--

…………………………………………………………………………………………………………………………………………

All Chapters