← Chapters

အခန်း ၃၁၅

Vol. 21 Ch. 315

အခန်း ၃၁၅

Vol. 21 Ch. 315

အပိုင်း ( 315 )

မူလတာအိုကားချပ်

အလယ်ပိုင်းဒေသမှာ အေးချမ်းတည်ငြိမ်နေလျက်ရှိသည်။

လုချန်ရှန်းသည် ကူချန်ကျွင်းထံမှ သတင်းစကားတစ်ခု ရရှိခဲ့ပြီး ထပ်မံ၍ ထွက်ခွာသွားခဲ့ပြန်သည်။ ရှန်ထျန်းတောင်တန်းဒေသ ဖွင့်လှစ်ရန် ရက်ပိုင်းမျှ လိုနေသေးသည်။

သူသည် ထိုနေရာတွင် စောင့်ဆိုင်းရန် အလျင်လိုမနေဘဲ လူသူကင်းမဲ့သော နေရာတစ်ခုဆီသို့သာ ဦးတည်သွားခဲ့သည်။

လုချန်ရှန်းသည် လောင်လျူကို အသိပေး၍ ဤနေရာသို့ လာခိုင်းရန် မူချွမ်ကို ပြောလိုက်သည်။

ကူချန်ကျွင်း၏ ပြောစကားများအရ ရှန်ထျန်းတောင်တန်းဒေသတွင် ကျင့်ကြံသူများစွာအတွက် အတိုင်းအဆမရှိ ကြီးမားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့် မူလပစ္စည်းများ ရှိနေခဲ့သည်။

၎င်းတို့က လူတစ်ဦး၏ ကံကြမ္မာကို ကောင်းကင်ဘုံကို ဆန့်ကျင်စေသည်အထိ ပြောင်းလဲပေးနိုင်ပြီး သက်ရှိသတ္တဝါများကို သန့်စင်ပေးကာ လူတစ်ဦး၏ ပါရမီကို ပိုမိုအားကောင်းသွားစေနိုင်ပေသည်။

လုချန်ရှန်းကပင် အဆွဲဆောင်ခံလိုက်ရ၏။ ၎င်းတို့က ပစ္စည်းကောင်းများ ဖြစ်သောကြောင့် သူအရောက်သွားရမည် ဖြစ်သည်။

သူက ထိုနေရာတွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိပြီး မူချွမ်က သူ့ကို စောင့်ကြပ်ပေးနေကာ ပတ်ဝန်းကျင်ရှိ အာရုံခံမှုများကို တားဆီးထားပြီး တောင်တန်းများသဖွယ် စုပြုံနေသည့် တောင်တန်းများကို စောင့်ကြည့်နေခဲ့ကာ လုချန်ရှန်းက ဘာလုပ်ချင်နေလဲဆိုသည်ကို နားမလည်နိုင်ဖြစ်နေလျက်ရှိ၏။

ကျင့်ကြံရေးအတွက် (ဒါမှမဟုတ်) ဟွာရှုနယ်ပယ်ကို အဆင့်တက်ဖို့ဆိုရင်တောင်မှ အဲ့လောက်ကြီး မလိုဘူးလေ။ ဟုတ်တယ်မလား။

အဆုံးတွင် မူချွမ်သည် ဤနေရာမှ ထွက်သွားကာ အပြင်ဘက်တွင်သာ စောင့်ကြပ်နေတော့သည်။

လုချန်ရှန်းသည် လက်ဟန်များစွာ ဖွဲ့စည်းလိုက်သည်။ ဤကိစ္စမတိုင်ခင် အချိန်က သူသည် ဝိညာဥ်ကျောက်တုံး သန်း၁၆၀ကို စုပ်ယူခဲ့ပြီးပြီ ဖြစ်သည်။

ယခုလက်ရှိအချိန်၌ သူ့ထံတွင် ဝိညာဥ်ကျောက်တုံး သန်း၆၀၀ကျော် ရှိနေသေးသော်လည်း သူသည် ၎င်းတို့ကပင် မလုံလောက်သေးဘူးဆိုသည်ကို သိနေခဲ့သည့်အတွက် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

“ ဟူးးးး “

လုချန်ရှန်းက အသာအယာ သက်ပြင်းချ၍ လက်ဟန်များစွာ ပြုလုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် မည်သည့်အရာကိုမှ မဖိနှိပ်ထားဘဲ သူ၏စွမ်းအားကို အပြည့်အဝ ထုတ်ပြနေတော့သည်။

၎င်းက သူ၏မူလချီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို ရွှေရောင် နတ်အလင်းတန်းတစ်ခုက ဖုံးလွှမ်းနေကာ မွန်မြတ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားခဲ့သည်။ သူ၏မျက်ခုံးများအကြားတွင် ပုံစံကွက်တစ်ခု ဖြစ်တည်လာခဲ့၏။ အနက်နှင့်အဖြူရောင်က ယင်ယန်(သို့) စကြာဝဠာကဲ့သို့ လိမ်ယှက်နေခဲ့၏။

ပုံစံကွက် ပေါ်ထွက်လာမှုနှင့်အတူ အဖြူရောင် အလင်းတန်းနှင့် ကပ်ဘေးအလင်းတန်းတို့ကပါ အင်မော်တယ်စွမ်းအင်နှင့် ကပ်ဘေးအမျိုးမျိုးကို တုံ့ပြန်နေသကဲ့သို့ သူ၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူက အင်မော်တယ် တစ်ဦးအလား ဖြစ်နေခဲ့သည်။

တာအိုအားလုံး လှုပ်ရှားလာခဲ့ပြီး စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စွမ်းအားများ အဆက်မပြတ် လည်ပတ်နေခဲ့၏။ သူ၏အနောက်ဘက်တွင် ပုံရိပ်တစ်ခု ဖြစ်တည်လာခဲ့ပြီး ယခင်က တစ်ကြိမ်တစ်ခါမှ မပေါ်လာခဲ့ဖူးသော မြင်ကွင်းတစ်ခု ဖြစ်တည်လာခဲ့၏။

၎င်းက ကြောက်မက်ဖွယ်ရာ စာလိပ်တစ်ခုဖြစ်သည်။

အထက်တွင် မိုင်ထောင်နှင့်ချီသော တောင်တန်းများနှင့် မြစ်များကို ပုံဖော်ထားပြီး အပေါ်ဘက်တွင် စကြာဝဠာတစ်ခု မျောလွင့်နေခဲ့ကာ ကမ္ဘာမြေနှင့် တောင်ထွတ်များကို အပြည့်အဝ ပြသထားခဲ့သည်။ ပန်းများ ငှက်များ ငါးများနှင့် အင်းစက်များက သူတို့၏ ကိုယ်ပိုင်ကမ္ဘာများကို ဖွဲ့စည်းနေသည့်ပမာ ပျံဝဲနေခဲ့ကြသည်။

သို့ရာတွင် ၎င်းတို့အားလုံးက အလွန်တရာ ဝေဝါးလွန်းနေခဲ့ပြီး အရိပ်ဖျော့ဖျော့မျှသာ ဖြစ်နေခဲ့သည်။ သို့သော် များပြားသော ဝိညာဥ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့ပြီး စာလိပ်၏ ထောင့်စွန်းသည် ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်လာခဲ့သည်။

ဝိညာဥ်ကျောက်တုံးများ ဆက်တိုက်ပြိုကွဲသွားကာ ဝိညာဥ်ချီအဖြစ် အသွင်ပြောင်း၍ သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာခဲ့၏။ စာလိပ်က ဖြည်းဖြည်းချင်းစီ ပုံပေါ်လာခဲ့သော်လည်း အဆိုပါ ဖြစ်စဥ်မှာ အလွန်တရာ နှေးကွေးလွန်းနေလျက်ရှိ၏။

ဝိညာဥ်ကျောက်တုံး သန်း၆၀၀ ကုန်ဆုံးသွားခဲ့သည့် အချိန်တွင် စာလိပ်၏ ထောင့်စွန်းတစ်ခုသာ ပုံပေါ်လာသေးသည်။

အရာအားလုံး ပျောက်ကွယ်သွားပြီး ဝိညာဥ်ချီများ လွင့်ပျယ်သွားသည့် အချိန်တွင် လုချန်ရှန်း၏ မျက်ဝန်းများ ဖြည်းဖြည်းချင်း ပွင့်ဟလာခဲ့ပြီး ကူရာကယ်ရာမဲ့နေသည့် စိတ်ခံစားချက်များ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

သူသည် သူ့အနောက်တွင် ရှိနေသည့် စာလိပ်ကို ငေးကြည့်ကာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ၎င်းက မူလတာအိုကားချပ်ဖြစ်ပြီး ကပ်ဘေးတစ်သောင်း အင်မော်တယ် ခန္ဓာကိုယ်နှင့်အတူ မွေးဖွားလာခဲ့သည့် အရာတစ်ခုဖြစ်သည်။ ၎င်းက မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ရောက်ရှိသည့် အချိန်မှသာလျှင် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

တာအိုကားချပ်တွင် အဆုံးမဲ့ စွမ်းအားများ ပါဝင်နေခဲ့သော်လည်း ၎င်းကို နိုးထစေကာ အသုံးပြုရန်အတွက် အဆုံးမဲ့ စွမ်းအားများ လိုအပ်နေလျက်ရှိပြီး ထိုအချိန်မှသာလျှင် ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။

ယခင်က မူဟွမ်ပြောထားခဲ့သည့်အတိုင်းပင် ကပ်ဘေးတစ်သောင်း အင်မော်တယ်ခန္ဓာက မွေးရာပါ ဝိညာဥ်အဆင့်၉သို့ ရောက်ခဲ့ပြီးသည့်နောက်တွင် ပိုမိုလိုအပ်လာမည်ဖြစ်ပြီး ၎င်းက သူကိုယ်တိုင်အတွက် လိုအပ်ခြင်း မဟုတ်ဘဲ အဆိုပါ တာအိုကားချပ်ကို ဖြည့်တင်းရန် လိုအပ်ခြင်း ဖြစ်သည်။

ဝိညာဥ်ကျောက်တုံး သန်း၆၀၀က သူ့အတွက် မွေးရာပါ ဝိညာဥ်အဆင့်၁မှ အဆင့်၉အထိ ကျင့်ကြံရန် လုံလောက်ပေသည်။ သို့သော် ယခုတွင်ကား ၎င်းက တာအိုကားချပ်၏ ထောင့်တစ်နေရာစာ ငါးပုံတစ်ပုံကိုသာ ဖြည့်တင်းနိုင်ခဲ့သည်။

“ အဲ့ဒီမြင့်မြတ်နယ်မြေတွေကတောင် ငါ့ကို မထောက်ပံ့ပေးနိုင်မှာကို ငါကြောက်မိတယ် “

လုချန်ရှန်းမှာ ကူရာကယ်ရာမဲ့သွားခဲ့သည်။ မြင့်မြတ်နယ်မြေတစ်ခုက ချမ်းသာကြွယ်ဝသော်လည်း သူတို့က ဝိညာဥ်ကျောက်တုံးများကို အဆုံးမဲ့ သိုလှောင်ထားနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့ထုတ်ပေးခဲ့သည့် ဝိညာဥ်ကျောက်တုံးများက သူတို့ထံတွင် ကျန်ရှိနေသည့် ကုန်ပစ္စည်းအားလုံးနီးပါးပင် ဖြစ်ပေသည်။

တစ်ခြားသော ကျင့်ကြံရေး အရင်းအမြစ်များအတွက်မူ ၎င်းတို့က ဝိညာဥ်ကျောက်တုံးများလောက် တိုက်ရိုက်မဟုတ်ပေ။

သူသည် အတွေးယာဥ်ကြောအတွင်းသို့ တစ်ခဏခန့် ကျဆင်းသွားခဲ့သည်။ မူချွမ်စကားပြောလာခဲ့သည့် အချိန်မှသာ သတိပြန်ဝင်လာခဲ့၏။

“ သူတော်စင် အဲ့ဒီဘက်မှာ အဲ့ဒီဘက်မှာ လှုပ်ခတ်မှုလေးတွေ ဖြစ်နေပါတယ်။ တောင်တန်းဒေသ ပွင့်လာသင့်ပါပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ထို့နောက်တွင် သူသည် စကားပြန်ပြောလိုက်သည် “ လောင်လျူ ဘယ်မှာလဲ “

“ သူက အဲ့ဒေသကို သိပ်မကြာခင် အချိန်ကမှ ထွက်သွားတယ် “

“ သွားကြစို့ “ လုချန်ရှန်းက တုံ့ပြန်လိုက်ပြီး တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားကို ထပ်ဖြည့်ပြောလိုက်သည် “ အကြီးအကဲ မူချွမ် ဂိုဏ်းဆီကို သတင်းစကားတစ်ခု ပြန်ပို့လိုက်။ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်စေဘဲ ကျွန်တော့်ကို ဝိညာဥ်ကျောက်တုံး တစ်ချို့(ဒါမှမဟုတ်) ဝိညာဥ်ကျောက်တုံးနေရာမှာ အစားထိုးနိုင်မည့် ပစ္စည်းတွေ ကူဝယ်ပေးဖို့ ပြောလိုက်ပါ “

“ သူတော်စင်က ဘယ်လောက် လိုအပ်တာလဲဗျ “

မူချွမ်သည် လုချန်ရှန်း၏ စကားကို မေးခွန်းမထုတ်လိုက်သကဲ့သို့ မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို မမေးမြန်းခဲ့ပေ။ ထို့အစား မည်မျှ လိုအပ်လဲဟုသာ မေးမြန်းလိုက်သည်။

“ ရနိုင်သလောက်ပေါ့ “

လုချန်ရှန်းမှာ ထိုကဲ့သို့ ပြန်ပြောလိုက်ရုံသာ တတ်နိုင်ပေသည်။ ယခုတွင် သန်းတစ်ရာ နှစ်ရာဆိုသည်မှာ သမုဒ္ဒရာအတွင်းမှ ရေစက်မျှသာ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

သူကိုယ်တိုင်မှာလည်း အတော်ပင် ဒုက္ခရောက်နေခဲ့သည်။ သူ၏ဆရာဖြစ်သူက နှစ်ပေါင်းများစွာ ဖြုန်းတီးခဲ့သော်လည်း ဝိညာဥ်ကျောက်တုံး များစွာရှိမနေခဲ့ပေ။ သို့သော် ၎င်းအတွက် မည်သူ့ကိုမှ အပြစ်တင်၍ မရချေ။ ဆင်းဆင်းရဲရဲ မွေးဖွားလာခဲ့ပြီး ထိုကဲ့သို့ ငွေကုန်ကြေးကျများသော ရုပ်ခန္ဓာမျိုးကို ပိုင်ဆိုင်ထားသည့် သူ့ကိုယ်သူသာ အပြစ်တင်ရမည် ဖြစ်သည်။

“ ငါမိဘမဲ့ဖြစ်လာတာက ငါက အသုံးအဖြုန်းကြီးလွန်းတယ်ဆိုတာကို သူတို့သိသွားလို့များလား “

ထိုအကြောင်းကို စဥ်းစားမိသွားသောအခါတွင် သူသည် ပိုမိုတွေးတောစဥ်းစားလေလေ ၎င်းက ကြောင်းကျိုးသင့်ပုံရသည်ဟု ပိုမိုခံစားသွားရလေလေ ဖြစ်နေခဲ့သည်။

သို့သော် ဖြစ်ပျက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် သူဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။ မည်မျှပင် ခက်ခဲကြမ်းတမ်းနေပါစေ။ သူက အံကြိတ်၍ ၎င်းကို သည်းခံမျိုသိပ်ထားရမည် ဖြစ်သည်။ ဆင်းရဲမွဲတေခြင်းက သူ၏ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားပြီး အကယ်၍ ၎င်းကြောင့်သာ မဟုတ်ဘူးဆိုပါက ယခုလက်ရှိအချိန်တွင် သူက ပြိုင်ဘက်ကင်းနေသင့်ပြီ ဖြစ်သည်။

မကြာခင် အချိန်မှာပင် သူသည် ထိုဒေသနှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

အဆုံးမဲ့ မြေပြင်ပေါ်တွင် တောင်တန်းတစ်ခု ချွန်ထွက်နေလျက်ရှိပြီး ကောင်းကင်ဘုံ ကိုးဆင့်မှ ဆင်းသက်လာသကဲ့သို့ အေးချမ်းတည်ငြိမ်ခြင်း အရှိန်အဝါတစ်ခုက ၎င်းကို လွှမ်းခြုံထားခဲ့သည်။

တောင်တန်းဒေသ၏ အပြင်ဘက်တွင် မြင်တွေ့ရသမျှ အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။

ကောင်းကင်ဘုံ အကယ်ဒမီ၏ လူတော်တော်များများ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူတို့သည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်ကာ အရာရာတိုင်းကို တိတ်တဆိတ် စောင့်ကြည့်လေ့လာနေလျက်ရှိ၏။

မြင့်မြတ်နယ်မြေများမှာ လူများလည်း ရောက်ရှိနေပြီဖြစ်သည်။ သူတို့သည် အပြုံးများကို ဆင်မြန်းကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။ သို့သော် လူငယ်တစ်ဦးတစ်လေကိုမှ မမြင်တွေ့ရပေ။ သူတို့အားလုံး အတွင်းသို့ ဝင်ရောက်သွားကြသည့်ပုံပင်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ ဒုတိယအကြီးအကဲ ရှောင်ယွမ်က တစ်နေရာတွင် မတ်တပ်ရပ်ကာ တပြုံးပြုံးဖြစ်နေလျက်ရှိသည်။

“ ဒီမျိုးဆက်မှာ ငါတို့က မူလနယ်မြေ ဖွင့်တာနဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။ အဲ့တာက ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ တကယ့်အခွင့်အလမ်းကြီးပဲ “ အဘိုးအို တစ်ဦးက စကားစပြောလာခဲ့သည်။ သူက ရှေးဟောင်းဂိုဏ်း၏ လူတစ်ဦးဖြစ်သည်။

အနောက်ပိုင်း ဗုဒ္ဓဂိုဏ်းမှ လူတစ်ဦးပါ စကားဝင်ပြောလာခဲ့၏ “ အမိတက္ဘ အရာအားလုံးမှာ ကိုယ်ပိုင်ကံကြွေးနဲ့ ကောင်းမှုကံတွေရှိတယ်။ ကြည့်ရတာတော့ ဒီမျိုးဆက်ရဲ့ လူတစ်ယောက်က မြင့်တက်လာတော့မဲ့ပုံပဲ ”

“ အထူးသဖြင့် မြင့်မြတ်နယ်မြေတွေရဲ့ အမွေအနှစ် သယ်ဆောင်သူတွေပဲ။ သူတို့တွေက အံ့မခန်း ပါရမီရှင်တွေ ဖြစ်နေခဲ့ကြပြီးပြီ။ တကယ်လို့ သူတို့ကသာ မူလကောင်းမှုကံကို ရသွားပြီးတော့ သူတို့တွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ သန့်စင်နိုင်ခဲ့မယ်ဆိုရင် သူတို့က နောက်တစ်ဆင့်ကို သေချာပေါက် ရောက်သွားလိမ့်မယ် “

“ အဲ့အချိန်ကျရင် မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ကတောင် နောက်ဆုတ်သွားရမှာကို ငါကြောက်မိတယ် ”

စကားပြောလာသူမှာ အရှေ့ပိုင်းဒေသ၏ ဂိုဏ်းကြီးတစ်ခုမှ ဆရာသခင်တစ်ဦးဖြစ်သည်။ သူတို့၏ အမွေအနှစ်က နှစ်တစ်သောင်းကျော်နေခဲ့ပြီဖြစ်ပြီး သူတို့သည် ထျန်းရီမြင့်မြတ်နယ်မြေ၏အနောက်သို့ အမြဲလိုလို လိုက်ပါခဲ့ကြသည်။

တစ်ခြားတစ်ဖက်မှ တစ်စုံတစ်ဦးကပါ စကားဝင်ပြောလာခဲ့၏ “ အမှန်ပဲ။ မြင့်မြတ်နယ်မြေတွေနဲ့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ လမ်းညွှန်သင်ပြပေးမှုတွေနဲ့ဆိုရင် အဲ့ဒီအသွင်ပြောင်းမှုက သေချာပေါက် ထူးခြားနေမှာပဲ “

“ ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဲ့လူကသာ ကံကြွေးကို မပိုင်ဆိုင်ထားဘူးဆိုရင် တကယ်လို့ ငါတို့ကသာ အဲ့တာကို ဂရုမစိုက်ဘူးဆိုရင် သူက ဟိုလူ့ထပ် အားမနည်းလောက်ဘူး “

“ … “

တစ်စုံတစ်ဦးက အဆက်မပြတ် မြှောက်ပင့်ပြောဆိုနေခဲ့သည်။

ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများကမူ ၎င်းတို့ကို နားထောင်နေရင်းဖြင့် မျက်နှာ အမူအရာများ ပြောင်းလဲသွားကြသော်လည်း ဘာစကားမှ ဝင်မပြောခဲ့ကြပေ။

ဗုဒ္ဓဂိုဏ်းမှတစ်ပါး မည်သည့်မြင့်မြတ်နယ်မြေကမှ စကားဝင်မပြောလာခဲ့ပေ။

သို့ရာတွင် ရှောင်ယွမ်၏ အပြုံးမှာ မည်သို့မျှ မပျောက်ကွယ်သွားခဲ့ပေ။ သူသည်လည်း ထို့အတိုင်းသာ တွေးတောနေခဲ့ခြင်း ဖြစ်သည်။

သို့ရာ၌ သူတို့ စကားပြောနေစဥ် အချိန်မှာပင် အသံတစ်သံ ဖြည်းဖြည်းချင်း ဟိန်းထွက်လာခဲ့၏။

“ မတိုက်ဘူးဆိုရင် ဘယ်သူသန်မာလဲ အားနည်းလဲဆိုတာကို ဘယ်လိုလုပ် သိမှာလဲ “

ဟမ်

စကားတစ်ခွန်းက မိုးကြိုးကဲ့သို့ ပေါက်ထွက်သွားကာ လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့၏။

လှည်ကြည့်လိုက်ရာ ကောင်းကင်ပြင်ကို ဖြတ်သန်းလာသော စစ်ရထားလုံးက အနီးအနားရှိ တောင်ထိပ်တစ်ခုအပေါ်သို့ ဆင်းသက်သွားသည်ကို မြင်တွေ့သွားကြသည်။ စစ်ရထားလုံးပေါ်တွင် ထိုင်နေသည့်လူကမူ လုချန်ရှန်းမှတစ်ပါး အခြားလူမဟုတ်ပေ။

“ အဲ့တာက ….. “

အရပ်မျက်နှာရှစ်ခုစလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

“ သူတော်စင် “

ထိုလူများက အထိတ်တလန့် ဖြစ်သွားကြပြီ ဖြစ်သည်။

လုချန်ရှန်းသည် စစ်ရထားလုံးအတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာခဲ့ပြီး ခြေတစ်လှမ်းလှမ်းလိုက်ကာ အရာရာတိုင်းကို အထင်သေးနေစဲဖြစ်ပြီး တစ်ခဏခန့် ရပ်တန့်၍ ထျန်းရီမြင့်မြတ်နယ်မြေဘက်သို့ လှည့်ကြည့်နေတော့၏။

သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည့် အချိန်တွင် သူသည် တောင်တန်းဒေသဆီသို့ လျှောက်လှမ်းသွားတော့သည်။

--

………………………………………………………………………………………………………………………………………

All Chapters