← Chapters

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း (၁၂၉၂) အဘိုးဒေါက်တာ

စောင့်ကြည့်မှတ်တမ်းကို လန်ဟိုင် အတော်ကြာအောင်ဖွင့်ကြည့်သည်။ ဖျက်ထားသည်များကို ပြန်ယူဖို့ကြိုးစားသည်။ သို့သော် မအောင်မြင်။

စောင့်ကြည့်မှတ်တမ်းပျောက်သွားသည်က နည်းနည်းထူးဆန်းနေသော်လည်း သူတို့သုံးယောက် ထိုကိစ္စကို သိပ်အရေးမစိုက်ကြ။

"ဒီမှာ လူတစ်ယောက်မှမရှိပါလား"

မီရွှဲ့အာနှင့်လုယန် လျှို့ဝှက်စခန်းထဲ ပတ်ရှာကြသည်။ လူတစ်ယောက်မှမတွေ့။ ဘာကြောင့် လူသူကင်းမဲ့နေသည်ကို သူတို့နားမလည်ကြ။

ဟာဗတ်စတာကို မေးသည်။ ဟာဗတ်စတာက လုယန်တမင်လှည့်စားနေခြင်းဖြစ်သည်ဟု လက်ညှိုးထိုး၍ စွပ်စွဲသည်။

"ရွှဲ့အာ၊ နင်က အန္တရာယ်ကို အာရုံခံနိုင်တယ်မဟုတ်လား။ ဒီနေရာမှာ တစ်ခုခုထူးဆန်းတာမျိုးရှိလား"

ယုရန်ကမေးသည်။

"မရှိဘူး။ ဘာအန္တရာယ်အငွေ့အသက်မှ ငါမခံစားရဘူး"

မီရွှဲ့အာ သူ့စွမ်းရည်သူ ယုံကြည်မှုရှိသည်။ ထိုစွမ်းရည်ကြောင့် အဖွဲ့အစည်း၏ ဌာနချုပ်မှ ထွက်ပြေးနိုင်ခဲ့ခြင်းဖြစ်သည်။

"အကိုမုန်ရော ဘယ်လိုထင်လဲ"

"အရေးပေါ်အခြေအနေတစ်ခုကြောင့် စခန်းပြောင်းသွားကြတာ ဖြစ်မယ်"

လုယန် အလျင်စလို ကောက်ချက်မချ။ သေချာစဉ်းစားပြီးမှ ယုတ္တိကျကျ သုံးသပ်သည်။

"ဖြစ်နိုင်တယ်"

မိန်းကလေးနှစ်ယောက် ခေါင်းငြိမ့်သည်။ အကိုမုန်၏ သုံးသပ်ချက်က ကျိုးကြောင်းဆီလျော်သည်။ ထိုသို့သာ ဖြစ်နိုင်ခြေများသည်။

"အန္တရာယ်မရှိဘူးဆိုရင် ဒီကဓာတ်ခွဲခန်းကို ငါတို့သုံးလို့ရလောက်တယ်မဟုတ်လား"

လုယန်က မေးသည်။

မူရွှဲ့အာမျက်လုံးများ အရောင်လက်လာသည်။ မှန်သည်။ ဤနေရာသည် ထိပ်သီးကောင်စီ၏ အပြင်စခန်းတစ်ခုဖြစ်သည်။

ဓာတ်ခွဲခန်းအခြေအနေက လန်ဟိုင်သူငယ်ချင်းဓာတ်ကွဲခန်းထက် များစွာပိုသာလိမ့်မည်။

မူရွှဲ့အာ ကွမ်တမ်ကွန်ပြူတာတစ်ခု အရင်ရှာသည်။ နက်ဝါ့ကို ဖြတ်တောက်သည်။ ချပ်စ်ပြားကို ထိုးသွင်းသည်။

ဆုံဖြူအဘိုးတစ်ယောက် ပြုံးရွှင်သည့်မျက်နှာဖြင့် ကြီးမားသည့်ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။

ထိုအဘိုးအိုကို မြင်သည်နှင့် မီရွှဲ့အာ မျက်ရည်ကျလာသည်။

"အဘိုးဒေါက်တာ"

"ရွှဲ့အာ"

ရုတ်တရက် ဒေါက်တာက ရွှဲ့အာခေါ်သည်ကို ပြန်တုံ့ပြန်လာသည်။ အားလုံးအံ့အားသင့်သွားကြသည်။

"ဒါတွေက မင်းရဲ့သူငယ်ချင်းအသစ်တွေလား။

ဒေါက်တာက ပြုံး၍မေးသည်။

"အဘိုးဒေါက်တာက အသက်ရှင်နေတုန်းလား"

မီရွှဲ့အာအသံ တုန်ရင်နေသည်။

အဘိုးဒေါက်တာ ခေါင်းခါသည်။

"ငါက လူအစစ်မဟုတ်ဘူး။ ဒစ်ဂျစ်တယ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ မင်းဒီဗွီဒီယိုကို ကြည့်နေပြီဆိုတော့ ထိပ်သီးကောင်စီလက်ထဲကနေ မင်းလွဝ်လာလို့ပဲဖြစ်မယ်။ အဘိုးဝမ်းသာပါတယ်"

အဘိုးဒေါက်တာစကားတွင် အပျော်ရိပ်နှင့်ဝမ်းနည်းရိပ် နှစ်မျိုးလုံးပါဝင်သည်။ ရွှဲ့အာ ဗွီဒီယိုကိုရသည်ဆိုလျှင် သူသေပြီးသည့် သဘောဖြစ်သည်။

"ဒါပေမယ့် မငိုပါနဲ့ ရွှဲ့အာ။ ကိစ္စတွေက မပြီးသေးဘူး။ အီသာက ကိုယ်ပိုင်အသိစိတ်ဖွံ့ဖြိုးလာပြီ။ နှစ်တွေအကြာကြီး ထိပ်သီးကောင်စီ ဘေးကင်းနေခဲ့တာဟာ အီသာနဲ့ သဘောတူညီချက်တစ်ခု ယူထားလို့ပဲ။

အီသာက ပုန်ကန်ဖို့ ပြင်ဆင်နေတယ်။ မဟာမိတ်ဖြစ်တဲ့ ထိပ်သီးကောင်စီကလည်း ဆန့်ကျင်ဖို့ အသင့်ပြင်ထားတယ်။ ဒီတော့ ထိပ်သီးကောင်စီကိစ္စတွေကို မင်းတိုင်ချင်ရင်တောင် အီသာကပိတ်ဆို့ထားမှာပဲ။ မဟာမိတ်အဖွဲ့က မသိနိုင်ဘူး။

ကံကောင်းချင်တော့ အဘိုးမှာ မိတ်ဆွေကောင်းတစ်ယောက်ရှိတယ်။ သူ့နာမည်က လန်ခန်းတဲ့။ မင်းသူ့ဆီသွားလို့ရတယ်။ အီသာအကြောင်း ငါ့ကိုပြောခဲ့တာသူပဲ"

အားလုံးက လန့်ဟိုင်ကို တအံ့တဩ လှည့်ကြည့်ကြသည်။ လန်ဟိုင်လည်း အံ့ဩနေသည်။ ဘာကြောင့် စကားဝိုင်းက သူ့ဆီမြားဦးလှည့်လာသည်။

"အဲဒီ့ခွေးသူတောင်းစား လန်ခန်း အဘိုးလောက်တော့မတော်ဘူး။ ငါတို့နှစ်ယောက်တိုက်ခိုက်ရင် သူအမြဲရှုံးတယ်။ ဂိမ်းကစားရင်လည်း ညစ်ပတ်တယ်။

ဒါပေမယ့် ဉာဏ်ရည်တုသုတေသနပိုင်းမှာတော့ သူငါ့ထက်နည်းနည်းပိုသာတာ အမှန်ပဲ။ ငါ့ချစ်သူကို သူခိုးသွားလို့သာမဟုတ်ရင် အစောကြီးကတည်းက ငါအိမ်ထောင်ကျခဲ့မှာပဲ။

ဒီရင်းနှီးမှုကိုထောက်ပြီး မင်းကို သူ့မြေးအရင်းလို ဆက်ဆံမှာသေချာပါတယ်။ အခု အဖွဲ့အစည်းက မင်းကိုသတ်ဖို့ ကြိုးစားနေတယ်။ လန်ခန်းကို ရှာတွေ့ဖို့ အရမ်းခက်တယ်။

ဒါပေမယ့် ကိစ္စမရှိဘူး။ ဒီကိစ္စကို အဘိုးကြိုတွေးပြီးသားပါ။ စာကြည့်တိုက်ကနေ လန်ခန်းအိမ်အထိ လက်နက်မျိုးစုံ အဘိုးကြိုတင်ပြင်ဆင်ထားတယ်။ အဖွဲ့အစည်းက အဆင့်အေစစ်သည်သုံးယောက်ထက် ပိုမလွှတ်ရင် မင်းလုံးဝဘေးကင်းပါတယ်"

ဒေါက်တာက ဘယ်အချိန်မှစကားရပ်မည်မသိသဖြင့် လန်ဟိုင် စကားဖြတ်ပြောလိုက်သည်။

"...ဒေါက်တာ၊ ကျုပ်အဖိုးက သေသွားပါပြီ"

ဒေါက်တာ အံ့အားသင့်သွားသည်။

"မင်းအဘိုးက ဘယ်သူလဲ"

"လန်ခန်းပါ"

ဒေါက်တာ "..."

အဖွဲ့အစည်းက လွတ်လာပြီးနောက်ပိုင်း ရွှဲ့အာဘာတွေကြုံခဲ့တာလဲ။ ငါဘာမှတောင် ရှင်းမပြရသေးဘူး။ လန်ခန်းရဲ့မြေးနဲ့ ဘယ်လိုလာတွေ့နေတာလဲ"

"အဟွတ်၊ လန်ခန်းရဲ့ ဦးနှောက်နဲ့ စွမ်းအားက ငါပြီးရင် အတော်ဆုံးပါ။ မင်းအဘိုးက မင်းအဘွားကိုလက်ထပ်ခဲ့လို့သာမဟုတ်ရင် မင်းက ငါ့မြေးဖြစ်လာမှာ"

ဒေါက်တာစကားကြောင့် ဘေးကြည့်ပရိတ်သတ်ဖြစ်သည့် နတ်မယ် အတော်နားရှုပ်သွားသည်။ ဆွေမျိုးဆက်စပ်မှုကို တွက်ချက်ကြည့်နေသည်။

မတတ်သာတော့သဖြင့် လုယန် စကားလမ်းကြောင်းပြောင်းသည်။

"ဒေါက်တာ၊ ကျုပ်တို့အခုဘာလုပ်ကြမလဲ"

"ဪ..ဟုတ်သားပဲ။ အခု ဒါတွေပြောရမယ့်အချိန်မဟုတ်ဘူး။ မျိုးဗီဇဆန့်ကျင်ဓာတ်ပြုပစ္စည်း ထုတ်လုပ်နည်းကို ငါအရင်ပြောပြမယ်"

မီရွှဲ့အာက ဒေါက်တာသင်ပေးသည့် နည်းလမ်းအတိုင်း ဖန်ပြွန်များဖြင့် စမ်းသပ်နေသည်။ ထိုအပိုင်းများကို မီရွှဲ့အာသာ နားလည်သည်။ တစ်ခြားလူများဝင်မကူနိုင်။

"မျိုးဗီဇဆန့်ကျင်ပစ္စည်းက မင်းတို့လက်ထဲရောက်ရင် လက်နက်တစ်ခုဖြစ်လာလိမ့်မယ်။ ဗီဇပြောင်းစစ်သားမှန်သမျှ ဒီပစ္စည်းနဲ့တွေ့ရင် သူတို့တိုက်ခိုက်စွမ်းရည် ဆုံးရှုံးသွားမယ်။

သေတောင်သေသွားနိုင်တယ်။ ဒီတော့ ရွှဲ့အာ။ မင်းသေချာသတိထားသုံးမှဖြစ်မယ်။ ဒါကို လုံးဝမထိမိစေနဲ့"

ဒေါက်တာက အလေးအနက် သတိပေးသည်။

"လန်ခန်းကို အီသာကရှင်းလိုက်ပြီဆိုတော့ မင်းကိုလည်း ပစ်မှတ်ထားနေတဲ့သဘောပဲ။ မျက်ကန်းလို လျှောက်ပြေးနေရင် သူ့လက်ထဲရောက်သွားလိမ့်မယ်။

အခု ထိပ်သီးကောင်စီဌာနချုပ်ကို တိုက်ခိုက်ဖို့ပဲရှိတယ်။ ပြဿနာဖြစ်အောင်ဖန်တီးပြီး မဟာမိတ်က မင်းကိုအာရုံစိုက်လာအောင်လုပ်ပါ။ အန္တရာယ်များပေမယ့် ဒီတစ်နည်းပဲရှိတယ်။

ပြီးတော့ မင်းမှတ်ထားပါ ရွှဲ့အာ။ မင်းခန္ဓာကိုယ်မှာ စွမ်းအားတွေအများကြီးရှိတယ်။ ဒီစွမ်းအားရဲ့ရင်းမြစ်ဟာ ထိပ်သီးကောင်စီမျိုးဗီဇသုတေသနဌာနပဲ။

စွမ်းအားကို ကောင်းကောင်းမထိန်းချုပ်နိုင်မချင်း လုံးဝမသုံးပါနဲ့။ ဒါက မင်းကို ဖျက်ဆီးပစ်လိမ့်မယ်"

"ဘာကိုပြောချင်တာလဲ"

"ငါလည်းမသိဘူး။ ငါက သူချန်ခဲ့တဲ့ ဒစ်ဂျစ်တယ်မှတ်ဉာဏ်ပဲလေ။ မှတ်ဉာဏ်အပြည့်အစုံမရှိဘူး။...ကဲ၊ အဘိုးရဲ့မစ်ရှင်ပြီးပြီ။ ကျန်တာ မင်းအပေါ်ပဲ မူတည်တယ်"

ဖန်သားပြင် ရုတ်တရက် အမှောင်ကျသွားပြီး ဒေါက်တာလည်း ပျောက်ကွယ်သွားသည်။ မီရွှဲ့အာ စိတ်ခံစားချက်ကို မထိန်းနိုင်တော့ဘဲ ဝမ်းနည်းပက်လက်အော်ခေါ်လိုက်သည်။

"အဘိုးဒေါက်တာ..."

ဖန်သားပြင် အလင်းရောင်ပြန်ပေါ်လာပြီး ဒေါက်တာက စိတ်ပျက်ဟန်ဖြင့်ပြောသည်။

"ငါထွက်မသွားပါဘူး။ ငါ့မှာ နောက်ထပ်ပြောစရာမရှိတော့လို့ပါ"

"ဪ..အင်း"

ဖန်သားပြင် နောက်တစ်ကြိမ် အမှောင်ကျသွားသည်။

မီရွှဲ့အာက ပြင်ဆင်ထားသည့် မျိုးဗီဇဆန့်ကျင်ပစ္စည်းကို ရူးသွပ်နေသည့် ဟာဗတ်စတာကိုယ်ပေါ်သို့ ဖြန်းပက်လိုက်သည်။

ထိပ်သီးကောင်စီ၏စစ်သည်တော်တိုင်း၏လက်တွင် သွေးစွန်းနေသည်။ ဓာတ်ပြုပစ္စည်းအာနိသင်ကိုစမ်းသပ်ဖို့ အကောင်းဆုံး စမ်းသပ်ခံဖြစ်သည်။

အစိမ်းရောင်အရည်များ ကျလာသည်နှင့် ဟာဗတ်စတာ သံကုန်ခြစ်၍ အော်ဟစ်နေသည်။ တရှဲရှဲအသံမြည်၍ မီးခိုးများထလာသည်။

သိပ်မကြာမီ လုံးဝငြိမ်သက်သါားသည်။

"ထိပ်သီးကောင်စီကိုသွားဖို့က အန္တရာယ်များတယ်။ အခုချိန်ကစလို့ ငါတစ်ယောက်တည်းသွားမယ်။ နင်တို့မလိုက်ခဲ့နဲ့တော့"

မီရွှဲ့အာမျက်လုံးများက ပြတ်သားသည်။ လုယန်တို့ကို မစွန့်စားစေချင်။

"မဟုတ်ဘူး။ ငါတို့လည်းလိုက်မှဖြစ်မယ်"

လန်ဟိုင်က ဆုံးဖြတ်ချက်ချသည်။ ဒေါက်တာက မီရွှဲ့အာကို မြေးအဖြစ်သတ်မှတ်ထားသည်။ ထိုအမြင်ဖြင့်တွေးကြည့်လျှင် မီရွှဲ့အာသည် သူ့ညီမဖြစ်သည်။

ယုရန်က သွားဖြဲရယ်လျက်

"နင်ဘာတွေပြောနေတာလဲ။ ရဲဘော်ရဲဘက်တစ်ယောက်ကို ငါတို့ဘယ်လိုစွန့်ပစ်နိုင်မှာလဲ။ ပြီးတော့ လမ်းတလျှောက်မှာ အန္တရာယ်တွေကို အတူရင်ဆိုင်ခဲ့ပြီးပြီပဲ"

"ဟုတ်တယ်။ ငါတို့လေးယောက် အတူပူးပေါင်းရင် မကျော်ဖြတ်နိုင်တဲ့ အခက်အခဲဆိုတာ မရှိပါဘူး။ နေတစ်လုံး ပေါက်ကွဲတာကိုတောင် ငါတို့တားနိုင်မှာပါ"

လုယန် အခိုင်အမာပြောသည်။

********************************

All Chapters