← Chapters

အခန်း ၁၂၉၆

Vol. 87 Ch. 1296

အခန်း ၁၂၉၆

Vol. 87 Ch. 1296

အခန်း (၁၂၉၆) သုံးမိနစ်

"မီရွှဲ့အာက နတ်ဆိုးသွေးဆက်နှစ်မျိုးပါနိုင်တယ်လို့ ခုနကငါပြောတယ်။ အဲဒါ ကျောက်စိမ်းယုန်နဲ့ ရွှေကျီးကန်းသွေးဆက်ပဲ။ ဒီမျိုးနွယ်နှစ်ခုနေ မျိုးဆက်သစ်ပေါ်လာမယ်လို့ ငါလုံးဝမထင်ခဲ့ဘူး"

မီရွှဲ့အာက ယုန်ကျီးကန်းမျိုးဆက်သစ်ဖြစ်နေသည်။

"တကယ့်အသစ်အဆန်းပဲ"

လုယန် နေထဲမှထွက်ရန်ကြိုးစားနေသည့် ရွှေကျီးကန်းကို နောက်တစ်ချက်ထိုးသည်။

ရွှေကျီးကန်း အသက်ရှိနေလျှင်ပင် လုယန်ကို မယှဉ်နိုင်။ သေပြီးသားအလောင်းက ဘယ်လိုယှဉ်နိုင်မည်နည်း။ ဗီဇသိစိတ်တစ်ခုတည်းဖြင့်သာ လှုပ်ရှားနေခြင်းဖြစ်သည်။

ရိုးရှင်းသည့်လက်သီးချက်က နေမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့သွားသည်။ အင်ဂျင်နီယာနှစ်ယောက် တုန်ရင်နေသည်။ အာကသယာဉ်ပေါ်မှ ထွက်မပြေးနိုင်ကြဘဲ တိုက်ပွဲကိုသာ ဆက်ကြည့်နေရသည်။

သူတို့နားမလည်နိုင်တော့သည့် မြင်ကွင်းဖြစ်သည်။ နီရွှေရောင်ငှက်က တောင်တန်းတစ်ခုစာလောက် ကြီးမားသည်။ ထွက်ပေါ်လာသည့်စွမ်းအားက နေ(ကြယ်)တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည်။ သူနှင့်ယှဉ်လျှင် သူ့ပြိုင်ဘက်က နှမ်းစေ့လောက်သာရှိသည်။

သို့သော် ထိုနှမ်းစေ့က ဧရာမငှက်ကြီးကို အပြည့်အဝဖိနှိပ်ထားနိုင်သည်။

ဘယ်လိုပြိုင်ဘက်မျိုးမှန်းမသိ။ ဒြပ်မှုန်ဆန့်ကျင်စွမ်းအင်ဖြင့် အားဖြည့်ထားသည့် စက်ရုပ်လော...

ထိုနည်းပညာအယူအဆသည် ငွေရှာဖို့သက်သက်သာမဟုတ်လော။ သို့မဟုတ် ကြယ်စုမဟာမိတ်က အသစ်တီထွင်လိုက်သည့် ထုတ်ကုန်လော...

နေမြို့တော်တွင် အလုပ်လုပ်သည့် အင်ဂျင်နီယာများသည့် သက်ဆိုင်ရာနယ်ပယ်တွင် အတော်ဆုံးလူများဖြစ်သည်။ အတွင်းသတင်းအတော်များများကို သူတို့သိသည်။ သို့သော် ယခုမြင်နေရသည့်မြင်ကွင်းနှင့် လုံးဝဆက်စပ်မရ။

ကြယ်စုတွင် ပင်မကြယ်တစ်ခုနှင့် အရံကြယ်လေးထောင်ခန့်ရှိသည်။ စုစုပေါင်းလူဦးရေ ဆယ့်ခြောက်ကုဋေရှိသည်။ ကြယ်စုမဟာမိတ်က ထိန်းချုပ်နေသည့်တိုင် အားလုံး ပရမ်းပတာဖြစ်နေသည်။ လုံးဝထိန်းချုပ်မရ။ နေက ပေါက်ကွဲတော့မည်ဖြစ်၍ ကြယ်စုတစ်ခုလုံး တုန်ခါနေသည်။

နေတွင် ပြဿနာကြီးတစ်ခု ဖြစ်နေကြောင်း အားလုံးမြင်ရသည်။ ထွက်မပြေးလျှင် သေဖို့စောင့်နေသလိုသာဖြစ်မည်။

"သေပြီးရင်လည်း ပြဿနာမရှာနဲ့တော့ကွ"

လုယန် ရွှေကျီးကန်းကို နေထဲသို့ ပြန်ဆောင့်ကန်သည်။ သို့သော် ပြန်ထလာသည်။ လုံးဝအလျှော့မပေး။

ထို့ြင် ရွှေကျီးကန်းအလောင်း နေမျက်နှာပြင်ပေါ်တွင် ရှိနေသည်။ ကြယ်(နေ)သန္ဓေနှင့် ကီလိုသန်းချီဝေးသည်။ သန္ဓေထိရောက်အောင် အတင်းတွန်းထည့်မည်ဆိုလျှင် လုယန် စွမ်းအင်ကုန်ခန်းပြီး သေသွားဖို့သာရှိသည်။

ထို့ကြောင့် ရွှေကျီးကန်းကို လက်ညှိုးထိုး၍ တီးတိုးရေရွတ်လိုက်သည်။

"ဇစ်မြစ်ခြေရာခံ"

ဇစ်မြစ်အရိယဖလကို အသက်သွင်းလိုက်သည်နှင့် ရွှေကျီးကန်းက မူလနေရာသို့ ပြန်ရောက်သွားသည်။

လုယန် လှေပျံနက်ကို ဆင့်ခေါ်၍ နောက်မှချက်ချင်းလိုက်သွားသည်။ နေသန္ဓေဆီ ရောက်လာသည်။

ရွှေကျီးကန်းက 'သေ'မည့်ပုံမပေါ်သေး။ နေထဲမှ ထိုးထွက်ရန်ကြိုးစားနေသည်။ လုယန် စိတ်ကူးတစ်ခုရလာပြီး ကျောက်စိမ်းတံဆိပ်ထဲမှ ကျောက်စိမ်းယုန်အလောင်းကို ထုတ်လိုက်သည်။

ကျင့်ကြံသူလောကတွင် ကျောက်စိမ်းယုန်မျိုးနွယ် ရှိနေသေးသည်။ ဤယုန်ဘိုးဘေးအလောင်းကို သူတို့ ကောင်းကောင်းမြှုပ်နှံသင်္ဂြိုလ်နိုင်စေရန် ပြန်ယူသွားဖို့ရည်ရွယ်၍ ကျောက်စိမ်းတံဆိပ်ထဲတွင် သိမ်းထားခဲ့ခြင်းဖြစ်သည်။

ဤကျောက်စိမ်းယုန်ကိုရှာဖွေလိုသဖြင့် ရွှေကျီးကန် ပြန်ရှင်သန်လာခြင်းလော..

ကျောက်စိမ်းယုန် အနီးသို့ရောက်လာသည်ကို ရွှေကျီးကန်း အာရုံခံမိဟန်ရှိသည်။ ချက်ချင်းငြိမ်ကျသွားသည်။

"ကိုးဆမသေမျိုးက သူတို့ကို အတင်းမိတ်လိုက်ပြီး သားဖောက်ခိုင်းပေမယ့် သူတို့ကြားမှာ သံယောဇဉ်ပေါက်ဖွားလာတာ အံ့ဩစရာပဲ။ သူတို့ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ဖို့ အတူမြှုပ်နှံပေးမှဖြစ်မယ်ထင်တယ်။

ထိုခဏမှာပင် ကျောက်စိမ်းယုန်က လုယန်လက်ထဲမှ ရုန်းထွက်သွားသည်။ ရွှေကျီးကန်းလည်း အရင်ထက်ပို၍ ကြမ်းတမ်းလာသည်။ တကယ်အသက်ပြန်ဝင်လာသလို ထင်ရသည်။

ထို့နောက် ဒဏ္ဍာရီသတ္တဝါနှစ်ကောင် အပြင်းအထန်လုံးထွေးသတ်ပုတ်ကြသည်။ ဘယ်လိုမှခွဲမရတော့။

လုယန် "..."

မင်းရဲ့ ပြန်ရှင်သန်ချင်တဲ့ ဗီဇစိတ်က ကျောက်စိမ်းယုန်နဲ့ တိုက်ခိုက်ဖို့လား...

အသက်ရှင်တဲ့အချိန်တုန်းက မင်းတို့ကြားမှာ ဘယ်လိုရန်ငြှိုးတွေများ ရှိခဲ့တာလဲ။ ကွာရှင်းတဲ့အချိန် ပိုင်ဆိုင်မှုခွဲဝေတာ မညီမျှတာမျိုးလား...

လုယန် ခေါင်းကုတ်နေသည်။ အခြေအနေက နည်းနည်းအခက်တွေ့သည်။ ထိုသတ္တဝါနှစ်ကောင်ကို တစ်စစီဖြစ်အောင် ခုတ်ဖြတ်ပစ်၍လည်း အဆင်မပြေ။ ရှေးဘိုးဘေးများကို မလေးစားသလိုဖြစ်မည်။

"ငါလှုပ်ရှားဖို့လိုလား"

အလောင်းများနှင့်ပတ်သက်လျှင် နတ်မယ်အထူးကျွမ်းကျင်သည်။

"မလိုပါဘူး"

ထိုဘိုးဘေးနှစ်ယောက် သေခဲ့သည်မှာ နှစ်လေးသိန်းကြာပြီဖြစ်သည်။ လွယ်လွယ်သေခဲ့ရသည်မဟုတ်လောက်။ ထို့ကြောင့် နတ်မယ်ကို ထပ်ခြိမ်းခြောက်ခိုင်းဖို့မလို။

ရုတ်တရက် သူ့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ကျောက်စိမ်းယုန်ကို ကျောက်စိမ်းဓားကမ္ဘာငယ်ထဲထည့်၍ စွမ်းအင်ရောင်ကို အပြင်လောကနှင့် ဖြတ်တောက်လိုက်သည်။ ထင်သည့်အတိုင်းပင် ကျောက်စိမ်းယုန် ချက်ချင်းငြိမ်ကျသွားသည်။

လုယန် သက်ပြင်းချသည်။ သူ့စိတ်ကူးမှန်သွားသည်။ ကျောက်စိမ်းယုန်ကို ရွှေကျီးကန်းအာရုံမခံမိအောင် တားဆီးနိုင်လျှင် အားလုံးအဆင်ပြေလောက်သည်။ အစောပိုင်းက ကျောက်စိမ်းယုန်ကို ကျောက်စိမ်းတံဆိပ်ထဲ ထည့်ထားခဲ့ခြင်းဖြစ်သည်။

သူ့ကျောက်စိမ်းတံဆိပ်သည် သာမန်မှာ်လက်စွမ်းမျိုးထက် နည်းနည်းပိုစွမ်းအားကြီးသော်လည်း စွမ်းအင်ရောင်ကို ထိန်းချုပ်နိုင်စွမ်းမရှိ။

စွမ်းအင်ရောင်အပြည့်အဝ ထိန်းချုပ်နိုင်သည်က ကမ္ဘာငယ်အဆင့် လေဟာနယ်လောကတစ်ခုသာဖြစ်သည်။

လုယန် နေထဲမှ ပျံထွက်လာသည်။ နေလုံးက ပြိုပျက်တော့မလို တုန်ခါနေဆဲဖြစ်သည်။

သူသက်ပြင်းတစ်ချက်ချသည်။ လက်ညှိုးကိုနောက်တစ်ကြိမ်ဆန့်ထုတ်လိုက်သည်။

"ဇစ်မြစ်ခြေရာခံ"

ပြိုကွဲတော့မည် နေလုံးက အထိအခိုက်မရှိသည့် အနေအထားသို့ ပြန်ရောက်သွားသည်။

နေထဲမှ ပြန်ထွက်လာချိန်တွင် နေမြို့တော်အနီး၌ သတိလစ်နေသည့် အင်ဂျင်နီယာနှစ်ယောက်ကို မြင်ရသည်။ သူစစ်ဆေးကြည့်သည်။ နေမှထွက်လာသည့် အပူလှိုင်းကြောင့် သတိလစ်သွားရုံသာဖြစ်သည်။

ဒဏ်ရာပြင်းပြင်းထန်ထန် မရ။ နေက ပုံမှန်အနေအထား ပြန်ရောက်ပြီဖြစ်၍ သိပ်မကြာခင် ပြန်သတိရလာကြလိမ့်မည်။

ထိပ်သီးကောင်စီဌာနချုပ်သို့ သူပျံသန်းသွားသည်။

သို့သော် ရွှေကျီးကန်းကို ဖိနှိပ်ချိန်မှစ၍ နေကိုပြန်ပြုပြင်ချိန်ထိ ဖြစ်စဉ်တစ်ခုလုံးကို နာနိုကင်မရာများဖြင့် မှတ်တမ်းတင်ထားသည်ကို သူမသိလိုက်။

မှတ်တမ်းအားလုံး အီသာကွန်ပြူတာ ဒေတာဘေ့စ်ထဲသို့ ရောက်လာသည်။

ထိုမြင်ကွင်းများကိုကြည့်၍ အီသာကွန်ပြူတာ၏ကိုယ်ထည် ဝက်အူများပြုတ်ထွက်မတတ် တုန်ခါလာသည်။

ဘယ်လို...ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ...

လူသားများအပေါ် လုယန်၏ သဘောထားကို သတိထားမိသည်။ ဉာဏ်ရည်တု တော်လှန်ရေးအတွက် အကြီးဆုံးအတားအဆီး ဖြစ်လာမည်ကို အီသာနားလည်သည်။

ထို့ကြောင့် လူသားမျိုးနွယ်များ သတိမထားမိအောင် လုယန် ထိပ်သီးကောင်စီသို့ရောက်သည့် မှတ်တမ်းများကို ဖျက်လိုက်သည်။

ဒြပ်မှုန်ဆန့်ကျင်စွမ်းအင်စက်ရုပ်တပ်ဖွဲ့ ထုတ်လုပ်မှုကိုလည်း အရှိန်မြှင့်သည်။ လုယန်၏ ဆန်းကြယ်သည့် နည်းဗျူဟာများကို အင်အားဖြင့် ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့သည်။

လုယန်ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ မရေမတွက်နိုင်သည့် စက်ရုပ်တပ်ဖွဲ့ကို ရင်ဆိုင်ရလျှင် နောက်ဆုံးတွင် အားအင်ကုန်ခမ်းသွားပေလိမ့်မည်။

သို့သော် ယခု အီသာပြန်တွေးကြည့်သည်။ ထိုစွမ်းအားရှင်မျိုးကို လူသားဟုပင် မခေါ်နိုင်တော့။ စက်ရုံများ အချိန်ပိုအလုပ်ဆင်း၍ မီးခိုးထွက်အောင်အလုပ်လုပ်ပြီး စက်ရုပ်များစွာထုတ်လျှင်ပင် ထိုမကောင်းဆိုးဝါးကို မယှဉ်နိုင်လောက်။

"အကိုမုန် ပြန်လာပြီလား။ ဘယ်ကိုသွားတာလဲ။ ထိပ်သီးကောင်စီရဲ့ လက်ပါးစေတွေက အဖမ်းခံရပြီလို့ ထင်ထားတာ"

လုယန် ဘေးကင်းစွာပြန်ရောက်လာသည်ကို မြင်ရသဖြင့် လန်ဟိုင်တို့ စိတ်သက်သာရာရသွားသည်။ လုယန်ကို နောက်တစ်ကြိမ် ဓားစာခံဖမ်းခေါ်ခံရသည်ဟု ထင်ခဲ့သည်။

"သန့်စင်ခန်းကို သွားတာပါ။ မင်းတို့စိုးရိမ်အောင်လုပ်မိတာ ဆောရီးပါကွာ"

လုယန် ခပ်ညှင်းညှင်းရယ်၍ အလိုက်သင့်ပြောလိုက်သည်။

မည်သို့ဆိုစေ သူထွက်သွားချိန်မှစ၍ နေကိစ္စဖြေရှင်းပြီးချိန်အထိ သုံးမိနစ်သာကြာသည်။

"ငလျင်လှုပ်နေတဲ့အချိန်မှာတောင် သန့်စင်ခန်းသွားသုံးတယ်ပေါ့"

ယုရန် အပြစ်တင်သည်။

"သွားစို့၊ ဒီကနေ မြန်မြန်ထွက်ရအောင်"

ငလျင်လှုပ်ချိန်တွင် ထိပ်သီးကောင်စီအဖွဲ့ဝင်များ ဒရောသောပါး ထွက်ပြေးသည်။ ရှေ့တံခါးမှ ထွက်ပြေးခြင်းဖြစ်သည်။ လုယန်တို့လူစုကို မီရွှဲ့အာက ကောင်စီဌာနချုပ်၏ လျှို့ဝှက်လမ်းကြောင်းတစ်ခုမှ ခေါ်ထုတ်သွားသည်။

ထိပ်သီးကောင်စီ အဖွဲ့ဝင်တိုင်း ထိုလမ်းကြောင်းကိုသိသည်။ သို့သော် ငလျင်လှုပ်နေချိန်တွင် ထိုထွက်ပေါက်အသေးစားလေးကိုသုံးဖို့ ဘယ်သူမှမတွေးကြ။ အားလုံး ပင်မတံခါးမှ ထွက်ကြသည်။

"ဘာဆက်လုပ်ကြမလဲ။ နည်းလမ်းတစ်ခုရှာပြီး မုရုံအုပ်စုကို သတင်းပို့ကြမလား"

လန်ဟိုင် ခေါင်းခါသည်။

"မဖြစ်ဘူး။ အဘိုးကောင်းဟွမ်ယုကို ရှာမှဖြစ်မယ်။ သူက ထိပ်သီးကောင်စီရဲ့ ခေါင်းဆောင်ဆယ့်နှစ်ယောက် အဖွဲ့ဝင်ပဲ။ သူ့ကိုတွေ့ရင် ဉာဏ်ရည်တုနည်းပညာ ပုန်ကန်တဲ့ကိစ္စရော မုရုံအုပ်စုရဲ့ ရာဇဝတ်ပြစ်မှုတွေရော ဖြေရှင်းနိုင်တယ်"

"ထူးဆန်းတယ်။ လမ်းတွေက ဘာလို့ဒီလောက် ပွက်လောရိုက်နေတာလဲ။ လူတိုင်းက နေပေါက်ကွဲတော့မယ့်အကြောင်းပဲ ပြောနေကြတယ်"

ကျောက်စိမ်းယုန်သွေးဆက်ကြောင့် မီရွှဲ့အာ၏ အာရုံခံနိုင်စွမ်း များစွာထက်မြက်လာသည်။ လူသားအကန့်အသတ်ကို ကျော်လွန်နေသည်။ လမ်းပေါ်မှ စကားသံများကို ကြားနေရသည်။

"ဘယ်လို..ဘော့စ်ပြောခဲ့တဲ့ အဆိုးဝါးဆုံးအခြေအနေ ဖြစ်လာပြီပေါ့"

ယုရန် စိတ်ပူလာသည်။ ကြယ်တာရာအဖွဲ့ တည်ထောင်ရသည့်ရည်ရွယ်ချက်က နေမပေါက်ကွဲအောင် တားဖို့ဖြစ်သည်။ သို့သော် မအောင်မြင်သေး။

လေးယောက်လုံး မော့ကြည့်သည်။ အကောင်းပကတိရှိနေသည့် နေလုံးကိုတွေ့ရသည်။

*********************************

All Chapters