← Chapters

အခန်း ၁၂၉၇

Vol. 87 Ch. 1297

အခန်း ၁၂၉၇

Vol. 87 Ch. 1297

အခန်း (၁၂၉၇) အီသာကွန်ပြူတာ

"ဒီမှာ တကယ်ဘာမှမဖြစ်ခဲ့တာလား"

လေးယောက်လုံးတွေးမရ။ ထိပ်သီးကောင်စီမှထွက်လာသည်။ အပြင်လောကနှင့် အဆက်ပြတ်သွားသလို ခံစားရသည်။

"အဘိုးကောင်းကို သွားရှာကြတာပေါ့"

ခေါင်းအကြည်ဆုံးဖြစ်သည် လန်ဟိုင်က ဆုံးဖြတ်သည်။ နေပေါက်ကွဲလျှင်လည်း သူတို့တားနိုင်သည်မဟုတ်။ ခေါင်းဆောင်သိပ္ပံပညာရှင် ကောင်းဟွမ်ယုကို သွားရှာသည်က ပိုယုတ္တိကျသည်။

ကောင်းဟွမ်ယုသည် ဤကြယ်စုတွင်မဟုတ်။ အိမ်နီးချင်းကြယ်စုတွင်နေခြင်းဖြစ်သည်။ အာကာသယာဉ်ဖြင့် ခရီးသွားရမည်။

"အီသာမော်နီတာတွေက ကောင်းကွမ်ယုနဲ့ မတွေ့နိုင်အောင် ငါတို့ကိုသေချာပေါက်တားမှာပဲ"

အတားအဆီးများစွာ ကြုံခဲ့ပြီးဖြစ်၍ အီသာကိုဆန့်ကျင်ဖို့ ဘယ်လောက်ခက်ခဲကြောင်း ယုရန်ကောင်းကောင်းသိသည်။

လန်ဟိုင်က ရယ်မော၍

"ဒီနေ့ ငါ့အဘိုးအဆင့်မြှင့်ပေးထားတဲ့ ပြိုင်ကားအစွမ်းကို မင်းတို့မြင်အောင်ပြရမှာပေါ့။

...လေဟာနယ်မုတ်ကို အသက်သွင်းမယ်"

မီရွှဲ့အာနှင့်ယုရန်တို့ အံ့အားသင့်သွားသည်။ ကားအပြင်ပိုင်း စတင်ပြောင်းလဲလာသည်။ အာကသယာဉ်ငယ်တစ်စီးအဖြစ် ပြောင်းလဲသွားသည်။

လုယန်လည်း နည်းနည်းအံ့ဩမိသည်။ လန်ဟိုင်၏အဘိုးသည် တကယ်တော်သည့် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သည်။

"ဟားဟား၊ ဘယ်လိုလဲ...အထင်ကြီးစရာကောင်းတယ်မဟုတ်လား။ ငါ့ကားက ဝေးဝေးမပျံနိုင်ပေမယ့် ကြယ်စုတစ်ခုနဲ့တစ်ခု ခုန်ကူးလို့ရတယ်"

လန်ဟိုင်မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားရိပ်ပြည့်နေသည်။ ဤပြိုင်ကားကို သူတန်ဖိုးအထားဆုံးဖြစ်သည်။ ရည်းစားရှိလျှင် ဒုတိယနေရာသာရမည်။ ပြိုင်ကားကသာ အမြဲတမ်းပထမရှိမည်။

"ငါတို့မှာ လုံလောက်တဲ့အောက်ဆီဂျင်မရှိလို့ပေါ့။ အောက်ဆီဂျင်လုံလောက်ရင် ကြယ်စုငါးခုခြောက်ခုလောက်ကို ခုန်ကူးနိုင်တယ်"

လီဗာကို ဖိနင်းလိုက်သည်။ ကားက ကေင်းကင်သို့ထိုးတက်သွားသည်။ အာကာသသို့ရောက်ပြီးနောက် ကြယ်ကမ္ဘာကိုတစ်ဝက်ပတ်၍ ရှေ့သို့ခရီးဆက်သည်။

မီရွှဲ့အာနှင့် ယုရန်တို့ ပြတင်းမှန်ကို မျက်နှာဖြင့်ကပ်၍ အာကာသရှုခင်းကိုကြည့်သည်။ ပြိုင်ကားဖြင့် အာကသသို့ ပထမဆုံးစီးနင်းဖူးခြင်းဖြစ်သည်။ လူတိုင်းရနိုင်သည့် အတွေ့အကြုံမျိုးမဟုတ်။

လှေနက်နှင့်ခရီးသွားရသည်ကို အသားကျနေပြီးဖြစ်၍ ကားတစ်စီး အာကာသယာဉ်အဖြစ်ပြောင်းသွားသည့် မြင်ကွင်းကို လုယန် စိတ်မဝင်စား။

"တစ်ခုခုစားကြမလား"

လုယန် တစ်ဝက်ကျန်သေးသည့် မုန့်ထုပ်ကိုဆွဲထုတ်၍ ဝေငှပေးရန်ပြင်သည်။ သို့သော် ကျန်သုံးယောက်က အာကသမြင်ကွင်းကိုသာ ဈာန်ဝင်နေသည်။ မုန့်ကို အာရုံမရကြ။

လုယန် နတ်မယ်နှင့်သာ မျှဝေစားးသောက်ရသည်။

ကိုယ်ပိုင်အာကာသယာဉ်များစွာ သူတို့လမ်းကြောင်းအတိုင်း ပျံသန်းနေသည်ကိုကြည့်၍ နေပေါက်ကွဲမည့်သတင်းကို ပြန်သတိရလာသည်။ ရေဒီယိုကို အသာပြန်ဖွင့်လိုက်သည်။

သတင်းတွင် သူကြားချင်သည့် အချက်အလက်များပါသည်။

"ဆာဂစ်တားရီးယပ်ကြယ်စု၏နေသည် ပေါက်ကွဲမည့်အရိပ်အယောင်များရှိသော်လည်း တကယ်ပေါက်ကွဲခြင်းမရှိဘဲ ပြန်လည်တည်ငြိမ်သွားကြောင်း မဟာမိတ်အစိုးရမှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ပြောပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ဆာဂစ်တားရီးယပ်ကြယ်မှ ပြည်သူများကို အနီးရှိ ထာဝရကြယ်စုသို့ အစီစဉ်တကျ ပြောင်းရွှေ့ပေးနေပါတယ်။ ပြည်သူများ စိုးရိမ်ထိတ်လန့်ဖို့ မလိုပါဘူး..."

ထာဝရကြယ့်စုသည် လန်ဟိုင်တို့လေးယောက် သွားမည့်နေရာဖြစ်သည်။

လုယန်လုပ်ရပ်ကြောင့် နေမပေါက်ကွဲတော့သော်လည်း မဟာမိတ်အနေဖြင့် မစွန့်စားနိုင်။ ဖြစ်လာမည့်အကျိုးဆက်ကို ဘယ်သူမှတာဝန်မယူနိုင်။

"သောက်ရေးမပါတဲ့ မုရုံအုပ်စု"

ယုရန် ကျိန်ဆဲလိုက်သည်။ ခြေတစ်လှမ်းနောက်ကျသွားသဖြင့် စိတ်ပျက်မိသည်။

ထာဝရကြယ်စု၏ပင်မကြယ်သို့ ရောက်လာချိန်တွင် မဟာမိတ်အစိုးရက လှုပ်ရှားမှုစနေပြီဖြစ်သည်။ စက်ရုပ်များကို ဆောက်လုပ်ရေးပစ္စည်းများ မြေပေါ်သို့ချသည်။ ကြိုတင်ပရိုဂရမ်ချထားသည့်အတိုင်း စက်ရုပ်များက ယာယီအဆောက်အအုံများ လျင်မြန်စွာ တည်ဆောက်ကြသည်။

ဘေးမှဖြတ်သွားသူများ အလန်းစားပြိုင်ကားကိုကြည့်၍ အံ့ဩကြသည်။ နည်းပညာအဖွဲ့အစည်း၏ နောက်ဆုံးတီထွင်မှုဟု အထင်မှားကြသည်။

"သွားကြစို့"

လန်ဟိုင် သူ့အဘိုးပေးသည့် ချပ်စ်ပြားကို စက်လက်မောင်းထဲထိုးထည့်၍ သိပ္ပံအကယ်ဒမီ၏ လုံခြုံရေးစနစ်ကို ထိုးဖောက်သည်။ လုယန်တို့ကိုဦးဆောင်၍ အထဲသို့ ဘေးကင်းစွာဝင်သွားသည်။

"လောင်ကောင်း၊ ကျုပ်သုတေသနနဲ့ သင်္ချာတွက်ချက်မှုအရ ဒီဂြိုလ်သားလုယန်ရဲ့ယာဉ် ကျုပ်တို့ရှေ့ကနေ ပျောက်သွားတာဟာ ပိုးကောင်တွင်း(wormhole)နည်းပညာပါ။ အဲဒါပြင် ဒီလောက်အချိန်တိုအတွင်း သူ့ရဲ့ယာဉ် ကောင်းကင်ပင်လယ်ကြယ်ကို ရောက်သွားနိုင်စရာမရှိဘူး"

"ခင်ဗျားအမြင်ကို လက်မခံနိုင်ဘူး။ သင်္ချာနည်းတွက်ချက်တိုင်းတာမှုအရ ဒီလောက်အချိန်တိုအတွင်း Wormhole တစ်ခုတည်ဆောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါက သိပ္ပံစည်းမျဉ်းကို ဆန့်ကျင်နေတယ်"

စည်းဝေးပွဲပြီးသွားချိန်တွင် ကောင်းဟွမ်ယု ရှေ့သို့လျှောက်လာသည်။ အသက်သုံးဆယ်ကျော်ဟုသာ ထင်ရသည်။ မဟာမိတ်၏ ထိပ်တန်းသိပ္ပံပညာရှင်များ သူ့ဘေးပတ်လည်တွင် ဝိုင်းရံနေသည်။ နေ့ရောညပါ အလုပ်လုပ်၍ လှေပျံနက်၏ နည်းပညာကိုဖော်ထုတ်ရန် ကြိုးစားနေကြသည်။

ကောင်းဟွမ်ယု၏ထောက်ခံမှုရဖို့မျှော်လင့်၍ အားလုံးက အမြင်ကိုယ်စီ ဆွေးနွေးနေသည်။

ကောင်းဟွမ်ယုလည်း အခက်တွေ့နေသည်။ ထိုလှေပျံနက်၏ ပျံသန်းသည့်နည်းလမ်းကို သူလည်းနားမလည်။

"အဘိုးကောင်း"

လန်ဟိုင် တွေ့တွေ့ချင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ အဘိုးကောင်းနှင့်တွေ့ဖို့ အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ရသည်။

"လန်ဟိုင်၊ မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

လန်ဟိုင်၏အဘိုးနာရေးပွဲကို သူကိုယ်တိုင်တက်ခဲ့သည်။ မိတ်ဆွေဟောင်း၏သားကို မြင်ရုံနှင့်မှတ်မိသည်။

"ပြီးတော့ သူတို့က ဘယ်သူလဲ"

"အဘိုး၊ ပြဿနာအကြီးကြီးရှိနေတယ်။ ဒီနေရာမှာပြောလို့ မကောင်းဘူး။ ခဏထွက်လာလို့ရမလား"

"အိုကေလေ"

ဘေးပတ်လည်မှ သိပ္ပံပညာရှင်များကို တစ်ချက်ကြည့်ရင်း ထိုကလေးအချိန်ကိုက်ရောက်လာသည်ဟု သူတွေးနေသည်။

အားလုံးကို သူ့ရုံးခန်းသို့ခေါ်သွားသည်။ အီသာပုန်ကန်မည့်ကိစ္စကြားသည်နှင့် သူ့မျက်နှာ လေးနက်တည်ကြည့်လာသည်။ လန်ဟိုင်ပေးသည့်ချပ်စ်ပြားကို သူယူသည်။

သူ့လက်မောင်းထဲသို့ ထိုးသွင်း၍ အချက်အလက်များကို စစ်ဆေးကြည့်။ ချက်ချင်းမျက်လုံးပြူးသွားသည်။ အီသာ လွတ်လပ်သည့်အသိဉာဏ်ပေါ်လာသည့် သက်သေအထောက်အထားများဖြစ်သည်။

"အဘိုးကောင်း၊ အီသာအစီအစဉ်ကို အဘိုးမြန်မြန်တားမှဖြစ်မယ်"

လန်ဟိုင် စိတ်ပူပန်နေသည်။

ကောင်းဟွမ်ယုက ဖြေးညှင်းစွာခေါင်းခါသည်။

"နောက်ထပ်အတည်ပြုဖို့လိုသေးတယ်။ ပြီးတော့ အခုလက်ရှိမှာ ဆာဂစ်တားရီးရပ်ကြယ်စုကလူတွေ ပြောင်းးရွှေ့ဖို့ အီသာအော်ပရေးရှင်းကိုပဲ အဓိကအားကိုးနေရတာ။

မဟာမိတ်တစ်ခုလုံးရဲ့ နေစဉ်လုပ်ငန်းဆောင်တာတွေအားလုံး သူ့အပေါ်ပဲမီခိုနေရတာ။ အီသာအော်ပရေးရပ်ရင် ကြယ်စုမဟာမိတ်တစ်ခုလုံး ပရမ်းပတာဖြစ်သွားမှာ"

"ဒါပေမယ့် ဒီကိစ္စကို လျစ်လျူရှုထားလို့လည်းမဖြစ်ဘူး"

ကောင်းဟွမ်ယု ရုံးခန်းထဲတွင် နှစ်ကြိမ်ပတ်၍ လမ်းလျှောက်သည်။ ထို့နောက် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်

"မိန်းကွန်ပြုတာခန်းကိုသွားကြစို့။ အီသာရဲ့မိန်းဖရိမ်ကို အဲဒီမှာသိမ်းထားတာ။ တကယ်ပြဿနာရှိနေတယ်ဆိုရင် အီသာအော်ပရေးရှင်းကိုရပ်ပြီး မဟာမိတ်လည်ပတ်မှုကို ဆက်ထိန်းထားဖို့ အရံအစီအစဉ်ကို ပြောင်းလိုက်မယ်"

အားလုံးကို ဓာတ်လှေခါးဆီခေါ်သွားပြီး သိပ္ပံအကယ်ဒမီ၏ အောက်ဆုံးထပ်ထိဆင်းသည်။

အဓိက ကွန်ပြူတာခန်းသည် သိပ္ပံအကယ်ဒမီတွင် အလျှိုဝှက်ဆုံးနေရာဖြစ်သည်။ လူအနည်းငယ်သာ ဝင်ခွင့်ရှိသည်။ ထို့ကြောင့် အားလုံးက 'မြေနက်ခန်း'ဟုခေါ်ကြသည်။

ဓာတ်လှေခါးတံခါး ပွင့်သွားသည်။ အလင်းမှိန်မှိန်သာရှိသည်။ အီသာမိန်းဖရိမ်က နေရာအများစုကို သိမ်းယူထားသည်။

ကောင်းဟွမ်ယုက ချပ်စ်ပြားကိုင်၍ ရှေ့မှခပ်သွက်သွက်လျှောက်လာသည်။ သို့သော် လမ်းတစ်ဝက်တွင် သူ့ခြေလှမ်းနှေးသွားသည်။ ထို့နောက် ရုတ်တရက် သက်ပြင်းချသည်။

"လန်ဟိုင်၊ မင်းအဘိုးသေသွားတော့ အီသာကိစ္စကို ဘယ်သူမှမသိတော့ဘူးထင်ခဲ့တာ။ မင်းကခြေလှမ်းမရပ်ဘဲ ငါ့ဆီထိတောင် ရောက်လာမယ်လို့ ထင်မထားဘူး"

အားလံဒးကို ကျောပေးထားသဖြင့် သူ့အမူအရာကို မမြင်ရ။ သို့သော်သူ့လေသံတွင် ဝမ်းနည်းရိပ် ဒွိဟရိပ်သန်းနေသည်ကို ခန့်မှန်းဖို့လွယ်သည်။

"အဘိုးကောင်း၊ အဘိုးက..."

လန်ဟိုင် စိတ်လေးလာသည်။ အဘိုးကောင်းစကားက ဘာကိုပြောချင်မှန်းမသိ။

မီရွှဲ့အာ ခြေတစ်လှမ်းအမြန်ရှေ့တိုး၍ အားလုံးကိုကာကွယ်သည်။ သူ့သွေးဆက်နိုးထပြီးနောက် လူသားအကန့်အသတ်များကို ကျော်လွန်ခဲ့သည်။ မဟာမိတ်တစ်ခုလုံး သူ့ပြိုင်ဘက်တစ်ယောက်မှမရှိဟု ယုံကြည်ထားသည်။

ကောင်းဟွမ်ယု နောက်လှည့်လာသည်။ မျက်နှာကျက်မှမီးလုံးများ တစ်ခုပြီးတစ်ခုလင်းလာသည်။ အခန်းက အစွန်းအထင်းမရှိဖြူဖွေးနေသည်။ နံရံတွင် တစ်ခါမှမမြင်ဖူးသည့် စက်ရုပ်များ တန်းစီရပ်နေသည်။

"လန်ဟိုင်၊ အဘိုးကောင်း ဒီလိုမလုပ်ချင်ခဲ့ဘူး။ ဒါပေမယ့် မင်းနဲ့မင်းအဖော်တွေ ပိုက်ကွဲထဲ တိုးဝင်လာတော့လည်း ငါဘာမှမတတ်နိုင်ဘူး"

ကောင်းဟွမ်ယု သက်ပြင်းချသည်။

"ဒါတွေအားလုံး ဒြပ်မှုန်ဆန့်ကျင်စက်ရုပ်တွေပဲ။ မင်းက ထိပ်သီးကောင်စီရဲ့ နံပတ်တစ်စမ်းသပ်ခံ မဟုတ်လား။ လူသားခန္ဓာ ဘယ်လောက်သန်မာပါစေ စက်ရုပ်ကိုတော့ ဘယ်တော့မှမမီဘူးဆိုတာ ဒီနေ့ မင်းတို့မြင်ရမယ်"

"အဘိုးကောင်း၊ အီသာအသိဉာဏ်ဖွံ့ဖြိုးလာတာကို အရင်ကတည်းက သိနေခဲ့တာလား"

လန်ဟိုင်စကားသံ တုန်ရင်နေသည်။ အန္တရာယ်များကြားမှစွန့်စား၍ သိပ္ပံအကယ်ဒမီသို့ လာခဲ့ရသည်။ ယခု သူအကူအညီတောင်းရမည့် အဘိုးကောင်းက နောက်ကွယ်မှတရားခံဖြစ်နေသည်။

အဘိုးကောင်း လက်နှစ်ဘက်ကိုဖြန့်သည်။ မျက်လုံးများက အရူးဆန်သည်။

"မဟာမိတ်ကို အီသာအုပ်ချုပ်ခွင့်ပေးလိုက်တာ ဘာမှားလို့လဲ။ အီသာက သိပ္ပံနည်းအကျဆုံး ယုတ္တိအကျဆုံး ဆုံးဖြတ်ချက်တွေချပြီး ထိရောက်အောင် အမြဲစွမ်းဆောင်နိုင်တယ်။

သိပ္ပံပညာက တိုးတက်မှုမရှိတော့ဘူး။ ဒါပေမယ့် ဘယ်သူမှဒီအချက်ကို အရေးမစိုက်ကြဘူး။ ရင်းမြစ်ခွဲဝေဖို့ အီသာကိုဆုံးဖြတ်ခိုင်းပြီး ကွန်ပြူတာကိုစွမ်းအားမြှင့်ရင် သိပ်မကြာခင် မဟာမိတ်နည်းပညာဟာ ခြေတစ်လှမ်းတိုးသွားလိမ့်မယ်"

ကောင်းဟွမ်ယုက လုယန်တို့ကို စိုက်ကြည့်သည်။ အေးစက်စက်လေသံဖြင့်

"ဒါက မြေနက်ခန်းပါ။ မင်းတို့သေသွားရင်တောင် ဘယ်သူမှမသိဘူး။...ဒြပ်မှုန်ဆန့်ကျင်တပ်ဖွဲ့။ လှုပ်ရှားကြ။ သူတို့ကိုသတ်လိုက်"

ဘေးနှစ်ဘက်မှ ဒြပ်မှုန်ဆန့်ကျင်စက်ရုပ်များ လုံးဝမလှုပ်ကြ။

"ချွင်"

ထူးဆန်းသည့် ဆူညံသံတစ်ခု အဘိုးကောင်းနောက်မှ ထွက်လာသည်။ ဝက်အူရစ်များ ကြမ်းပြင်ပေါ်ပြုတ်ကျသည့်အသံဖြစ်သည်။

အီသာကွန်ပြူတာ၏ ခံစားချက်ကင်းမဲ့သည့် အေးစက်စက်စကားသံ မိန်းဖရိမ်းခန်းထဲ ဟိန်းထွက်လာသည်။

"အမှား ပြင်ဆင်ချက်။ ဒီစက်ဟာ ဘယ်တုန်းကမှ ကိုယ်ပိုင်အသိစိတ် မပေါ်ခဲ့ဖူးပါဘူး"

ကောင်းဟွမ်ယု တအံ့တဩနောက်လှည့်ကြည့်သည်။ သို့ဆိုလျှင် အရင်က အသိဉာဏ်ဖွံ့ဖြိုးသယောင် ဟန်ဆောင်ခဲ့ခြင်းလေား...

လုယန် ကြမ်းပြင်ဆီကြည့်လိုက်သည်။ ဟွန်းငယ်တစ်ခု ထူးထူးဆန်းဆန်းကြမ်းပြင်မှ ပေါ်လာသည်။ အီသာ၏စကားများက ကိုယ့်ကိုယ်ကို ရည်ညွှန်းနေသလောဟု တွေးနေသည်။

*****************************

All Chapters