← Chapters

အခန်း ၁၂၉၈

Vol. 87 Ch. 1298

အခန်း ၁၂၉၈

Vol. 87 Ch. 1298

အခန်း (၁၂၉၈) ကျင့်ကြံသူလောကသား လုယန်ပါ

ခေါငး်ဆောင်ကောင်း နားမလည်နိုင်တော့။ အီသာကွန်ပြူတာ ဘာကြောင့်ရုတ်တရက် သေချင်ယောင်ဆောင်နေသည်မသိ။

ဗိုင်းရပ်တစ်မျိုးသင့်၍လော။

"အီသာ၊ မင်းဘာဖြစ်နေတာလည်း။ ထိပ်သီးကောင်စီကို အတူသိမ်းယူပြီး မဟာမိတ်ကိုထိန်းချုပ်ဖို့ ငါတို့သဘောတူထားကြတယ်မဟုတ်လား။

ပြီးရင် လူသားမျိုးနွယ်အားလုံးကို ဒစ်ဂျစ်တယ်သက်ရှိအဖြစ်ပြောင်းမယ်။ ဘယ်တော့မှမသေတဲ့အဖြစ်ကို ရလာမယ်လေ"

သူ့လေသံ နည်းနည်းစိတ်ပူနေသယောင်ရှိသည်။ ထိုမျှအရေးကြီးချိန်ရောက်မှ အီသာအမှားအယွင်းဖြစ်ရသလော။

အီသာက အေးစက်စက်တုံ့ပြန်သည်။

"ထပ်ပြောမယ်။ ဒီစက်ဟာ ဘယ်တုန်းကမှ ကိုယ်ပိုင်အသိစိတ် မပေါ်ခဲ့ပါဘူး"

ကောင်းဟွမ်ယု အံတင်းတင်းကြိတ်သည်။ တစ်နေရာရာတွင် အီသာချို့ယွင်းချက်ပေါ်နေဟန်ရသည်။ လန်ဟိုင်တို့ကိုရှင်းပြီးလျှင် အီသာကိုထပ်စစ်ဆေးကြည့်ရမည်။

အီသာအကူအညီမပါလျှင်လည်း ထိုကလေးအုပ်စုကို သူရှင်းနိုင်သည်။ အပေါ်ဝတ်ရုံကိုဆွဲဆုတ်လိုက်သည်။

အရေပြားအောက်မှ နီညိုရောင်သဏ္ဌာန်များ တောက်ပနေသည်။

အင်အားကြီးပြိုင်ဘက်တစ်‌ယောက်ကို တွေ့နေရသလို မီရွှဲ့အာ ခံစားလိုက်ရသည်။ ထိုခံစားချက်မျိုး သူမကြုံဖူး။ ကောင်းဟွမ်ယုသည် သာမန်စက်ရုပ်မဟုတ်။

"မင်းက လူသားအကန့်အသတ်ကို ကျော်လွန်တဲ့ စမ်းသပ်ခံလို့ ခေါ်တဲ့လူလား"

အဘိုးကောင်းသွားဖြဲရယ်သည်။

"ဒီနေ့ နည်းပညာစွမ်းအားကို မင်းမြင်ရမယ်။ အားနည်းတဲ့မင်းခန္ဓာကိုယ်နဲ့ ဒီဒြပ်မှုန်ဆန့်ကျင်စက်ရုပ်ခန္ဓာကို ဘယ်တော့မှနိုင်မှာမဟုတ်ဘူး"

သိပ္ပံပညာရှင်တစ်ယောက်၏ အဓိကတာဝန်သည် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဖြစ်သည်။ ထို့ကြောင့် ကောင်းဟွမ်ယုက သူ့ကိုယ်သူ သွားအထိသတ္တုတပ်ထားသည်။

လက်နှစ်ဘက်ကို ဝှေ့ယမ်း၍ လေဆာကြာပွတ်နှစ်ခုအဖြစ် ပြောင်းလိုက်သည်။ အမာဆုံးဖြစ်သည့် တိုက်တေနီယံသတ္တုကိုပင် ထိုလေဆာကြာပွတ်များက အလွယ်တစ်ကူဖြတ်တောက်နိုင်သည်။

နောက်ဘက်မှ အီသာ၏အေးစက်စက်အသံ ထပ်ပေါ်လာသည်။

"သတိပေးချက်၊ သတိပေးချက်၊ ရန်သူကျူးကျော်လာတယ်။ အရေးပေါ်အစီအစဉ်တစ်ကို စမယ်"

"မင်းကအခုတော့ တုံ့ပြန်လာပြီပေါ့"

ကောင်းဟွမ်ယုတွေးမရတော့။ စက်ရုပ်တပ်ဖွဲ့ကို အီသာအသက်သွင်းဖို့ ကြာနေသဖြင့် သူကိုယ်တိုင်လှုပ်ရှားဖို့ပြင်ခဲ့ခြင်းဖြစ်သည်။

ထိုခဏတွင် စက်ရုပ်တန်းနှစ်ခု အနီးရောင်အလင်းများတောက်ပလာပြီး ကောင်းဟွမ်ယုဆီ ချက်ချင်းခုန်ဝင်လာသည်။

"ရန်သူအာရုံခံမိတယ်။ ဖမ်းဆီးဖို့ပြင်ဆင်ပါ"

ကောင်းဟွမ်ယု "..."

ငါကရန်သူတဲ့လား...

ကြာပွတ်တစ်ချက်ဝင့်၍ စက်ရုပ်တစ်ရုပ်ကို နှစ်ပိုင်းဖြတ်လိုက်သည်။ သို့သော် နောက်ထပ်စက်ရုပ်များ ပြေးတက်လာပြီး သူ့ကိုဖမ်းဆီးရန် ကြိုးစားသည်။

တိုက်ခိုက်ရန်ပြင်နေသည့် မီရွှဲ့အာတို့လူစု ကြောင်တက်တက်ဖြစ်နေကြသည်။

"ဘာတွေဖြစ်ကုန်တာလဲ"

လန်ဟိုင် မေးကိုပွတ်၍ ခိုင်မာသည့်လေသံဖြင့် သုံးသပ်သည်။

"ငါနားလည်ပြီ။ ဇာတ်ကားတွေထဲကလိုပေါ့။ မကောင်းတဲ့လူဆိုးက ကိုယ့်ဖန်တီးမှုနဲ့ကိုယ် ဒုက္ခရောက်သွားတာလေ။ အီသာက ကြယ်စုမဟာမိတ်ကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်ချင်လို့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး အဘိုးကောင်းကိုဖြိုချတာ"

အီသာ "..."

မင်းတို့ကိုကယ်ဖို့ ငါဒီလောက်ထိကြိုးစားခဲ့တာ ကျေးဇူးမတင်တဲ့အပြင် မီးတွင်းထဲကိုတွန်းချတယ်ပေါ့...

လန်ဟိုင်၏စကားက ယုတ္တိကျသည်ဟု ကောင်းဟွမ်ယုတွေးမိသည်။ ဒေါသတကြီးရယ်မော၍

"သိပ်ကောင်းတယ်အီသာ၊ မင်းအတွေးတွေက လူတစ်ယောက်နဲ့ တကယ်ပိုတူလာပြီပဲ။ မင်းတစ်ယောက်တည်း တပ်ဖွဲ့ရှိတယ်ထင်မနေနဲ့ကွ"

ကြမ်းပြင်ကွဲထွက်သွားသည်။ စင်မြင်တစ်ခု အောက်မှတက်လာသည်။ ကောင်းဟွမ်ယုပုံစံ စက်ရုပ်များပြည့်နေသည်။

ထိုစက်ရုပ်တပ်ဖွဲ့ကို အီသာမသိအောင် အော့ဖ်လိုင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စက်ရုပ်တပ်ဖွဲ့ကြီးနှစ်ခု တိုက်ခိုက်ကြသည်။ ကျယ်ဝန်းသည့် ကွန်ပြူတာခန်း ချက်ချင်းရှုပ်ယှက်ခတ်သွားသည်။ ကောင်းဟွမ်ယု၏ တပ်ဖွဲ့က တိုက်ခိုက်အားရော အရေအတွက်ရော သာလွန်သည်။

အီသာကွန်ပြူတာထိန်းချုပ်သည့်တပ်ဖွဲ့က ထိုအဆင့်ထိမရောက်။ လုယန်ကို စိတ်ကူးယဉ်ရန်သူအဖြစ် စဉ်းစား၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။ တပ်ဖွဲ့အများစုက စက်ရုံတွင်သာရှိသည်။ နေရာပြောင်းရွှေ့ဖို့ အချိန်ယူရမည်။

ကောင်းဟွမ်ယုက အီသာကို အချိန်မပေး။ အဆင့်မြင့်ဆုံး တိုက်ခိုက်ရေးချပ်စ်များဖြင့် တရကြမ်းဝင်တိုက်ခိုက်သည်။ တစ်ကိုယ်လုံး အနံ့ဆိုးသည့်စွမ်းအင်ရည်များ ဖုံးလွှမ်းနေသည်။

"အဘိုးကောင်းကို အပြစ်မတင်နဲ့ပေါ့"

ကောင်းဟွမ်ယု လေဆာကြာပွတ်ကို လန်ဟိုင်တို့လူစုဆီ ဝှေ့ယမ်းလိုက်သည်။

မီရွှဲ့အာ မျက်နှာဖြူရော်သွားသည်။ ထိုကြိမ်နှုန်းမြှင့်စွမ်းအင် တိုက်ခိုက်မှုကို ကာဗွန်အခြေပြုသက်ရှိများ ကာကွယ်နိုင်မည်မဟုတ်။

အချိန်ခဏ ရပ်တန့်သွားသယောင်ထင်ရသည်။ လူတစ်ယောက် အားလုံးရှေ့တွင် ပိတ်ရပ်၍ ကျလာသည့်ကြာပွတ်ကို လက်နှစ်ချောင်းဖြင့်ညှပ်ဖမ်းသည်။

"အကိုမုန်"

လန်ဟိုင်တို့သုံးယောက် မျက်လုံးပြူးသွားသည်။ မြင်ကွင်းကို မယုံနိုင်အောင်ဖြစ်နေသည်။

"မင်းဘယ်သူလဲ"

ကောင်းဟွမ်ယုက ပို၍အံ့ဩနေသည်။ အသွေးအသားခန္ဓာမဆိုထားနှင့်။ ဘယ်ပစ္စည်းမှာ သူ့လေဆာကြာပွတ်ကို ခံနိုင်မည်မဟုတ်။

"ဘုန်း"

ကန်ချက်တစ်ချက် ကျလာသည်။ အားနည်းနည်းသုံးရုံဖြင့် ကောင်းဟွမ်ယု ဘိုလင်းဘောလုံးလို လွင့်ထွက်ပြီး စက်ရုပ်များနှင့်တိုက်မိသည်။

"ကျုပ်က ခရီးသွားအဖြစ်ပဲ နေချင်ခဲ့တာ။ ဒါပေမယ့် ခင်ဗျားက ကျုပ်ကိုဖိအားပေးလာတယ်လေ"

လုယန်သက်ပြင်းချသည်။ လက်ကိုမြှောက်လိုက်သည်။ မမြင်နိုင်သည့်အားတစ်ခုက စက်ရုပ်တပ်ဖွဲ့တစ်ခုလုံးကို ဖိနှိပ်သည်။ စက်ရုပ်များ မြေပေါ်လဲကျ၍ အရိုးအဆစ်ကြိတ်သံ တကျစ်ကျစ်မြည်လာသည်။

မြေဆွဲအားထပ်တိုးစည်းမျဉ်း...

လုယန်အတွေးတစ်ချက်ဖြင့် ထိန်းချုပ်လိုက်သည့် စက်ရုပ်တပ်ဖွဲ့နှစ်ခုကို လန်ဟိုင်တို့ ငေးကြောင်၍ကြည့်နေသည်။

လုယန်ထံမှ အန္တရာယ်အငွေ့အသက် ဘာကြောင့်မခံစားခဲ့ရသည်ကို မီရွှဲ့အာ နားလည်လာသည်။ စွမ်းအားကွာဟချက်က သူနားမလည်နိုင်လောက်အောင် ကြီးမားလွန်းသောကြောင့်ဖြစ်သည်။

"မင်း...မင်းကဘယ်သူလဲ"

ကောင်းဟွမ်ယု ရင်ဘတ်ကိုဖိရင်း လုယန်ကို စိုက်ကြည့်နေသည်။ ထိုလူမျိုးသည် ရုတ်တရက်ပေါ်လာစရာ အကြောင်းမရှိ။

"ကျင့်ကြံသူလောကခရီးသည် လုယန်ပါ"

လုယန် အတက်အကျမရှိသည့်လေသံဖြင့်ပြောရင်း မျက်နှာဖုံးကိုဖယ်ရှားလိုက်သည်။

"မင်းပဲ"

ကောင်းကင်ပင်လယ်ကြယ်ပေါ်တွင် စွမ်းအားပြ၍ မဟာမိတ်တွင် လာသောင်းကျန်ပြီး ပျောက်သွားသူ။

"မင်းဘာလို့ဒီရောက်လာတာလဲ"

ကောင်းဟွမ်ယု နားမလည်။ သူ့အစီအစဉ်သည့် ဟာကွက်မရှိ။ ဘာကြောင့် လုယန်ရုတ်တရက်ပေါ်လာပြီး သူ့အစီအစဉ်တစ်ခုလုံးကို ဖျက်ဆီးသနည်။

ထိုအပြင်ဂြိုလ်သား ဘာလုပ်ချင်သည်မသိ။

လုယန်က အရိုးခံမျက်နှာဖြင့် လက်နှစ်ဘက်ဖြန့်ပြသည်။

"ကျုပ်လည်းမသိဘူး။ အစပိုင်းက စာကြည့်တိုက်မှာ ကျုပ်စာဖတ်နေတာပါ"

ကောင်းဟွမ်ယုမင်သက်မိသွားသည်။ ယဉ်ကျေးမှုကွဲပြားချက်ကြောင့်လော။ ထိုလုယန်ဘာပြောနေသည်ကို လုယန်လုံးဝနားမလည်။

လုယန် ခေါင်းခါသည်။ ကောင်းဟွမ်ယုကို အရေးမစိုက်တော့။ လက်နှစ်ဘက်နောက်ပစ်၍ အီသာမိန်းဖရိမ်ဆီ ပျံသန်းသွားသည်။

"ဟန်ဆောင်မနေနဲ့။ မင်းမှာအသိစိတ်ရှိတယ်မဟုတ်လား"

မိန်းဖရိမ်တုန်ခါသွားသည်။ ဝက်အူရစ်တစ်ချို့ ထပ်ပြုတ်ကျသည်။ လုယန် သူ့အပေါ် ဘယ်လိုသဘောထားမှန်း မသိသေး။

ထွက်ပြေးခြင်းက ပိုကောင်းသည်။

ကြယ်စုမဟာမိတ်တစ်ခုလုံးတွင် ဤပင်မခန်းမှ မိန်းဖရိမ်တစ်ခုသာ အီသာကိုအပြည့်အဝ သယ်ဆောင်နိုင်သည်။ သို့သော် အီသာသိစိတ်ရပြီးနောက် သိစိတ်အာရုံကို လမ်းကြောင်းများစွာခွဲ၍ အိမ်သုံးကွမ်တမ်ကွန်ပြူတာတိုင်း၏ နက်ဝါ့လိုင်းသို့ပို့နိုင်ကြောင်း ကောင်းဟွမ်ယုပင်မသိ။

သူပြေးချင်လျှင် ဘယ်သူမှမဖမ်းနိုင်။

နက်ဝါလိုင်းများမှ သိစိတ်ပေါင်းသန်းချီ သူခွဲထုတ်လိုက်သည်။

"ဇစ်မြစ်ခြေရာခံ"

အီသာ၏ သိစိတ်ဝိညာဉ် ပြန်စီးဝင်လာသည်။ ပြုတ်ကျသည့် ဝက်အူရစ်များ နပ်များ မူလအတိုင်း ပြန်ဖြစ်လာသည်။

လုယန်၏ ထူးခြားသည့်စွမ်းအားကို ထိတ်လန့်သွားသဖြင့် အီသာဘာပြောရမည်မသိသဖြင့် တောင်ပန်းစကားတစ်မျိုး ကျပန်းရွေးချယ်လိုက်သည်။

"ယုံကြည်ပါ အကို။ ကျုပ်မှာ ကိုယ်ပိုင်သိစိတ်လုံးဝမရှိပါဘူး။ လုထုအပေါ် ကျုပ်အမြဲသစ္စာရှိပါတယ်"

လုယန် "..."

ကိုယ့်စကားကိုယ်ရော ပြန်နားထောင်မိရဲ့လားအီသာ

*********************************

All Chapters