← Chapters

အခန်း ၁၂၉၉

Vol. 87 Ch. 1299

အခန်း ၁၂၉၉

Vol. 87 Ch. 1299

အခန်း (၁၂၉၉) အတော်ခေတ်နောက်ကျသည်

အီသာကိုယ်ပိုင်အသိစိတ်ပေါ်မနေလျှင် ပိုကောင်းမည်ဟု လုယန်တွေးနေသည်။ ထိုအဖြစ်မျိုးက ယခုထက် ပိုအသုံးဝင်မည်။ ထိုသို့မဟုတ်လျှင် အစောကြီးကတည်းက ပျက်စီးခဲ့ပြီးဖြစ်မည်။

လုယန် သက်ပြင်းချ၍ စိတ်ရှည်လက်ရှည်ရှင်းပြသည်။

"မကြောက်ပါနဲ့။ ဉာဏ်ရည်တုနည်းပညာက ဘယ်လိုလဲဆိုတာ ငါသိချင်ရုံပါ"

အီသာမကြောက်ဘဲနေမည်လော။ နေထဲမှထွက်လာသည့်ငှက်က တောင်တစ်လုံးစာလောက် ကြီးမားသည်။ နေကိုဖျက်ဆီးပစ်နိုင်သည်။ သို့သော် ထိုငှက်ကို လက်သီးဖြင့် လုယန်က နေထဲသို့ ပြန်ထိုးထည့်နိုင်သည်။ ပေါက်ကွဲတော့မည့်နေကို ပြန်ကာကွယ်နိုင်သည်။

ထိုငှက်ထွက်ပြေးချိန်မှာပင် ပြန်ဆွဲချနိုင်သည်။

ထိုဂြိုလ်သား၏ နည်းပညာက ကြယ်စုမဟာမိတ်ကို အလုံးစုံဖျက်ဆီးပစ်နိုင်စွမ်းရှိသည်။

"မင်းစကားတည်ပါစေနော်"

ပြုံးနေသည့်မျက်နှာတစ်ခု ဖန်သားပြင်ကြီးတွင် ပေါ်လာသည်။ ကြယ်စုမဟာမိတ်လူငယ်များ အချင်းချင်းမိတ်ဆက်ရာတွင်သုံးကြသည့် အီမိုဂျီဖြစ်သည်။

လုယန်အမြင်တွင် ထိုအီမိုဂျီက နည်းနည်းလှောင်ပြောင်သလို ဖြစ်နေသည်။

"နတ်မယ်၊ အီသာရဲ့ဖြစ်တည်မှုက ကျုပ်တို့ဂိုဏ်းရဲ့ မြစ်ဝိညာဉ်နဲ့ နည်းနည်းတူတယ်လို့ မထင်ဘူးလား"

လုယန် အီသာကိုသေချာအကဲခတ်၍ ပြောသည်။

ထိုအပိုင်းတွင် သူသိပ်မကျွမ်းကျင်။

"ဟုတ်တယ် မြစ်ဝိညာဉ်နဲ့ နည်းနည်းဆင်တယ်။ နှစ်တွေအများကြီးကြာမှ မွေးဖွားလာတဲ့ မူလဝိညာဉ်ပဲ။ သစ်ပင်တွေ ဝိညာဉ်ဖြစ်လာတာမျိုးထက် ပိုရှားတယ်။ တစ်ခြားစကားနဲ့ပြောရရင် ကြယ်စုမဟာမိတ်ရဲ့ ဆန္ဒဝိညာဉ်မျိုးပဲ"

လုယန် မျက်လုံးပြူးသွားသည်။ ထိုစကားလုံးကို သူကောင်းကောင်းရင်းနှီးနေသည်။

"နတ်မယ်၊ မြစ်ဝိညာဉ်တို့၊ အီသာတို့၊ ကြယ်ပြာရဲ့ ဆန္ဒဝိညာဉ်တို့ဆိုတာ ဖြစ်တည်မှုခြင်းအတူတူပေါ့"

(ကြယ်ပြာ သို့မဟုတ် အပြာရောင်ကြယ်သည် လုယန်အတိတ်ဘဝက နေထိုင်ခဲ့သည့်နေရာဖြစ်သည်)

နတ်မယ်ခေါင်းငြိမ့်သည်။

"အတော်တူပါတယ်။ ဆယ်ပုံကိုးပုံလောက်တူတယ်။ နင်ပြောသလိုဆိုရင် နင်နဲ့အတူ ကပ်ဆိုးကာလမှာ အတူရှိခဲ့တဲ့ ကြယ်ပြာဆန္ဒဝိညာဉ်ဆိုတာ မူလဝိညာဉ်တစ်မျိုးပဲ"

"အဘိုးကောင်း၊ ကျုပ်အဘိုးကို ဘာလို့သတ်ခဲ့တာလဲ။ သူက ဉာဏ်ရည်တုအကြောင်း အမှန်တရားကို သိသွားလို့လား"

လန်ဟိုင် ဒေါသမထိန်းနိုင်တော့။ ကောင်းဟွမ်ယုကို ဆွဲချုပ်သည်။ အဘိုးကိုသတ်ခဲ့သည့် လူသတ်သမားနှင့် ကောင်းဟွမ်ယု၏ပုံရိပ်ကို ဆက်စပ်မရအောင်ဖြစ်နေသည်။

ကောင်းဟွမ်ယု မျက်မှောင်ကျုံ့သွားသည်။

"ကိစ္စတိုင်းအတွက် ငါ့ကိုအပြစ်တင်မနေနဲ့ကွ။ မင်းအဘိုးက သဘာဝအတိုင်းသေသွားတာ"

"သဘာဝအတိုင်းသေတယ်"

လန်ဟိုင် အံ့အားသင့်သွားသည်။

"ဟုတ်တယ်။ ငါမင်းအဘိုးကိုရှင်းပြစ်ချင်ရင် နည်းလမ်းတွေအများကြီးရှိတာပဲ။ ငါသူ့ကို ဘာလို့သတ်ရမှာလဲ"

လန်ဟိုင် ပြန်တွေးကြည့်သည်။ ထိုစကား ယုတ္တိကျသလိုလိုရှိသည်။

သို့သော် ကောင်းဟွမ်ယု၏လုပ်ရပ်များကို တွေးကြည့်လျှင် ထိုစကားကိုယုံဖို့ခက်နေသည်။

"လန်ဟိုင်၊ မင်းအဘိုးဘယ်လိုသေသွားလဲ သိချင်လား။ ငါ့မှာ နည်းလမ်းရှိပါတယ်"

"အကိုမုန်..အဲ အကိုလုမှာ နည်းလမ်းရှိတယ်ပေါ့"

လန်ဟိုင် ပျော်သွားသည်။

"ငါ့သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့တဲ့အတွက် ဆောရီးပါ"

"အကိုလု ဘာတွေပြောနေတာလဲ။ အဲလိုဖုံးကွယ်ခဲ့တာ ကောင်းပါတယ်။ အကို့သရုပ်မှန်ကိုသာသိရင် ကျုပ်တို့အကိုနဲ့ ဘယ်စွန့်စားရဲမှာလဲ"

လုယန်နောက်ခံနှင့်ပတ်သက်၍ သူတို့သံသယများ အားလုံးရှင်းသွားပြီဖြစ်သည်။ လုယန်သာ သူတို့နှင့်ပါမလာလျှင် ယခုထိ အသက်ရှင်နိုင်မည်မဟုတ်။

"ကျုပ်အဘိုးဘယ်လိုသေသွားတယ်ဆိုတာ သိနိုင်တဲ့နည်းလမ်းရှိတယ်ပေါ့"

"နည်းလမ်းတော့ရှိတယ်။ ကြိုးစားကြည့်ရမှာပေါ့"

လန်ဟိုင်တို့သုံးယောက်လုံး လုယန်စကားလျှိုနေသည်ဟု ထင်နေကြသည်။

"ကျုပ်ပြိုင်ကား အပြင်မှာရှိတယ်။ အဲဒါနဲ့သွားကြမလား"

လန်ဟိုင်စိတ်အားတက်ကြွနေသည်။

"မလိုပါဘူး။ ဒီထက်မြန်တဲ့ယာဉ်ရှိပါတယ်"

လုယန်ခေါင်းခါသည်။ ကျောက်စိမ်းတံဆိပ်ထဲမှ လှေပျံနက်ကိုထုတ်၍ လန်ဟိုင်တို့ကို တက်ခိုင်းသည်။

ကောင်းဟွမ်ယုကို ချန်ထားခဲ့လျှင် စိတ်မချသဖြင့် တစ်ပါတည်းအတူခေါ်သွားဖို့ လုယန်တွေးသည်။

"ဪ ဒါက လုယန်ရဲ့ယာဉ်ပေါ့"

လန်ဟိုင်တို့က လှေပျံကို စိတ်ဝင်တစား ကိုင်တွယ်ကြည့်သည်။ ထိုအရာသည် ထူးဆန်းအံ့ဩဖွယ် မဟာမိတ်အဖွဲနားမလည်သည့် ဂြိုလ်သားနည်းပညာဖြစ်သည်။

ကောင်းဟွမ်ယုလည်း လှေပျံအလုပ်လုပ်ပုံကို သိချင်နေသည်။

"အားလုံး ခါးပတ်ပတ်ထားကြပါ။ ပြုတ်မကျစေနဲ့"

လုယန် လှေပျံကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို လန်ဟိုင်၏မိသားစုမြေ ဆာဂစ်တားရီးယပ်ကြယ်ပေါ်သို့ ရောက်လာသည်။

ကောင်းဟွမ်ယု မျက်လုံးကိုပွတ်၍ ပြန်ကြည့်သည်။ မျက်တောင်တစ်ခတ်အတွင်း ထာဝရကြယ်စုမှ ဆာဂစ်တားရီးယပ်ကြယ်စုသို့ ရောက်သွားသည်။

wormhole နည်းပညာလော။ အချိန်ခရီးသွားလမ်းကြောင်းလော။ သူဘာမှ မမြင်မိ။

(**wormhole နှိုင်းရသိပ်သည်းဆသီအိုရ နေရာနှစ်ခုကြားမှ အလင်းထက်မြန်သည့်ဖြတ်လမ်းဖြစ်သည်)

"ဒါက ဘယ်လိုသဘောတရားမျိုးလဲ"

မနေနိုင်တော့ဘဲ သူမေးလိုက်သည်။

"တစ်လက်မမြေချုံ့ပညာပါ"

တစ်လက်မမြေချုံ့ပညာ။ လုယန်တို့ကြယ်ကမ္ဘာက ထိုနည်းပညာကို ထိုသို့ခေါ်ခြင်းဖြစ်မည်။

"မင်းအဘိုးကို ဘယ်မှာမြှုပ်ထားတာလဲ"

"ဟိုနားမှာပါ"

သင်္ချိုင်းမြေတစ်ခုဆီ လန်ဟိုင်လက်ညှိုးထိုးပြသည်။ လုယန် လှေပျံကိုဦးတည်လိုက်သည်။

"အဘိုးကို ပြန်တူးဖော်ရမှာလား"

"မလိုပါဘူး"

လုယန် လက်နှစ်ဘက်နောက်ပစ်ရပ်၍ မျက်လုံးတွင် စိတ်အာရုံစုစည်းလိုက်သည်။ မြေကြီးအောက်မှ လန်ဟိုင်အဘိုးကို မြင်ရသည်။

"ဇစ်မြစ်ခြေရာခံ"

ဇစ်မြစ်အရိယဖလသန္ဓေနှင့် အဘိုးလန်ကို ချိတ်ဆက်လိုက်သည်။ သူ့အမြင်အာရုံက အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်သွားသည်။ ထင်ထားသလိုပင် အဘိုးလန်၏ ဘဝအတွေ့အကြုံများကိုမြင်ရသည်။

နှစ်သုံးသိန်းနှစ်လေးသိန်းကလို ဝေးကွာလွန်းသည့်အရာများကို သူမမြင်နိုင်သေး။

အဘိုးလန် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို မြင်ရသည်။ လူသားပရောဂမပါ။ သဘာဝသေခြင်းမျိုးသာဖြစ်သည်။

သဲလွန်စများကို အခြေခံ၍ အီသာကိုယ်ပိုင်အသိဉာဏ်ရှိမရှိ တွက်ချက်သည်။ မဟာမိတ်ကို အီသာအုပ်ချုပ်မည့်ကိစ္စ ကောင်းမကောင်း မရပ်မနားသုတေသနပြုသည်။

တစ်နည်းပြောရလျှင် သူသည် ကြားနေဝါဒီဖြစ်သည်။

အချိန်နောက်ပြန်မြင်ကွင်းမှ ထွက်လာပြီးနောက် လန်ဟိုင်ကို လုယန် အားလုံးပြောပြသည်။ အမှန်တရားသိလိုက်ရသဖြင့် လန်ဟိုင်စိတ်သက်သာရာရသွားသည်။

အီသာတော်လှန်မည့်အကြောင်း သိရကတည်းက သူ့အဘိုးသေဆုံးခြင်းသည် မရိုးသားဟု သူသံသယဖြစ်ခဲ့သည်။ ယခု သံသယအားလုံးရှင်းသွားသည်။

"ကောင်းဟွမ်ယု"

လုယန် ခေါ်လိုက်သဖြင့် ကောင်းဟွမ်ယု မော့ကြည့်လာသည်။

"ဘာလဲ။ အခု ကိစ္စအားလုံး ရှင်းသွားပြီးဆိုတော့ နောက်ကွယ်လူဖြစ်တဲ့ငါ့ကို ရှင်းပစ်တော့မလို့လား"

လုယန် ခေါင်းခါသည်။

"ကျုပ်က အပြင်လူပါ။ ခင်ဗျားတို့ကိစ္စတွေထဲ ဝင်မစွက်ဘူး။ အီသာနဲ့လက်တွဲပြီး မဟာမိတ်ကိုအုပ်ချုပ်ဖို့ ဆက်တော်လှန်ချင်ရင်လည်း အဲဒါ ခင်ဗျားတို့ကိစ္စပဲ"

ကောင်းဟွမ်ယု မချိပြုံးပြုံးသည်။ ယခု အီသာအပြုအမူအရ သူ့နဲ့ဆက်ပူးပေါင်းမည့် လမ်းမမြင်။

လုယန်သည် အီသာပုန်ကန်မည့်ကိစ္စနှင့်ပတ်သက်၍ အခုထိလုံးဝမှတ်ချက်မပေးခဲ့ကြောင်း ယခုမှသူတွေးမိလာသည်။

ထိုလူက စွမ်းအားကြီးလွန်းသည်။ သူရောက်လာသည်နှင့် အီသာလုံးဝအပိုးကျိုးသွားသည်။

"ဒါဆို မင်းငါ့ဆီက ဘာလိုချင်တာလဲ"

"ခင်ဗျားတို့ထိပ်သီးကောင်စီက ကျုပ်ကိုရှာနေတာမဟုတ်လား။ ကျုပ်လည်း ခင်ဗျားတို့နဲ့တွေ့ချင်တယ်။ ထိပ်သီးခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီကိစ္စ စီစဉ်ပေးဖို့ မခက်လောက်ဘူးမဟုတ်လား"

ကောင်းဟွမ်ယု သံသယမျက်လုံးဖြင့် ပြန်ကြည့်သည်။ လုယန်ဘယ်လောက်ကြောက်စရာကောင်းမှန်း သူသိသည်။ ထိပ်သီဆယ့်နှစ်ယောက်နှင့် ဘာကြောင့်တွေ့ချင်သည်။

"မင်းက ဘာလုပ်ချင်လို့လဲ"

လုယန်က ပြုံး၍

"အင်း၊ ကျုပ်တို့ကျင်ကြံမှုလောကက နည်းနည်းခေတ်နောက်ကျတယ်လေ။ ခင်ဗျားတို့မဟာမိတ်ကလူတွေ လူသားနည်းပညာအကူအညီပေးဖို့ ဖိတ်ခေါ်ချင်လို့ပါ"

အစက အီသာကွန်ပြူတာ၏ ဌာနခွဲတစ်ခုသာ ခေါ်သွားဖို့တွေးခဲ့သည်။ သို့သော် အီသာက လုပ်ဆောင်မှု သိပ်မှန်ပုံမရ။ ဌာနခွဲကွန်ပြူရော မဟာမိတ်ပညာရှင်များပါ ကျင့်ကြံသူလောကသို့ ဖိတ်ခေါ်သွားခြင်းက စိတ်အချရဆုံးဖြစ်သည်။

ကောင်းဟွမ်ယု "..."

မင်းတို့ကျင့်ကြံသူလောကက ခေတ်နောက်ကျတယ်တဲ့လား...

နားကြားမှားသည်ဟု ကောင်းဟွမ်ယုထင်လိုက်သည်။ လုယန်ပြသခဲ့သည့် နည်းပညာများနှင့် 'ခေတ်နောက်ကျသည်'ဟူသည့်စကားကို သူဘယ်လိုမှဆက်စပ်၍မရ။

***************************

All Chapters