← Chapters

အခန်း ၁၃၀၄

Vol. 87 Ch. 1304

အခန်း ၁၃၀၄

Vol. 87 Ch. 1304

အခန်း (၁၃၀၄) ထောက်ပုံရေးအသင်း ထောက်ပံ့ခံရသည်မှာ မဆန်းပါ

"ခင်ဗျားက လောင်ကောင်းပေါ့နော်၊ ကျုပ်တို့လောကကို ကြိုဆိုပါတယ်ဗျာ"

တိုင်ပုဖန် ပြုံး၍ပြောသည်။ ရှောင်လုသည် အစွမ်းအစနည်းနည်းရှိသည်။ ကြယ်စုမဟာမိတ်၏ ပါရမီအထူးဆုံးလူကို တန်းခေါ်လာသည်။

ယခု ကျင့်ကြံသူလောကအတွက် လောင်ကောင်းလို ပါရမီရှင်များကို အလိုအပ်ဆုံးဖြစ်သည်။

"လောင်ကောင်းလို အသက်ငယ်ငယ်နဲ့ အောင်မြင့်မှုအများကြီးရထားတာ တကယ်အံ့ဩစရာပါပဲ"

ကောင်းဟွမ်ယုက အသက်နှစ်ဆယ်အရွယ်ပုံသာရှိသည့် တိုင်ပုဖန်ကိုကြည့်၍ အတွေးနက်သွားသည်။

ထိုလူ၏သက်တမ်း ဘယ်လောက်ရှိပြီမသိ။

"ညီလေးလုပြောပုံအရ လောင်ကောင်းခေါ်လာတဲ့ ထောက်ပံ့ရေးအသင်းရဲ့ အသိဗဟုသုတက အံ့ဩစရာပဲ။ ဒါတွေကိုသာ ကျင့်ကြံမှုနည်းစနစ်နဲ့ ပေါင်းစပ်ဖို့ဆိုတာ ငါတိုဂိုဏ်းတစ်ခုတည်း ကိုင်တွယ်နိုင်တဲ့အရာမဟုတ်ဘူး"

တိုင်ပုဖန် သုံးသပ်သည်။

"အင်ပါယာရှား၊ နဂါးအင်ပါယာနဲ့ တစ်ခြားလူတွေကို အသိပေးပြီး တစ်လောကလုံးရဲ့စွမ်းအားနဲ့ လှုပ်ရှားမှဖြစ်မယ်"

"အကိုတိုင်ဦးဆောင်တဲ့နောက်ကို ကျုပ်လိုက်ပါမယ်"

လုယန် ပြောသည်။ ကောင်းဟွမ်ယုနှင့်မိတ်ဆက်ပေးခဲ့သည်မှာ ထိုအချက်ကြောင့်လည်းပါသည်။

"ခင်ဗျားတို့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ကြုံတွေ့ခဲ့တာလား"

ဂိုဏ်းတပည့်အတော်များများက သိလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မစ်ရှင်ခန်းမတံခါးမှ ထောက်ပံ့ရေးအဖွဲ့ဆီ ချဉ်းကပ်လာပြီးမေးသည်။

ထောက်ပံ့ရေးအဖွဲ့တွင် မီမိုရီချပ်စ်များ တပ်ဆင်ထားသည်။ အလာလမ်းတွင် လုယန်က ကျင့်ကြံသူလောက၏ ဘာသာစကားကို မှတ်ဉာဏ်ထဲ ထည့်သွင်းခဲ့သည်။

ထို့ကြောင့် ဂိုဏ်းတပည့်များပြောသည့်စကားကို နားလည်သည်။

သို့သော် စကားလုံးများ၏ ပြောလိုသည့်အဓိပ္ပါယ်ကို နားမလည်ကြ။

"နတ်ဆိုး...ကျင့်ကြံသူ"

"ခင်ဗျားတို့ခန္ဓာကိုယ်မှာ သတ္တုစတွေအပြည့်ရှိနေတာ။ ရုပ်သေးလိုပဲလေ။ နတ်ဆိုးတွေက ပြုပြင်ဖန်တီးထားတာမဟုတ်လား"

"ဟေး၊ အကိုလီလား။ ဒီကိုလာကြည့်ပါဦး အကိုလီ။ ဒီလူတွေကို အပြင်ဘက်ကနေ အကိုလုခေါ်လာတာ။

သူတို့ခန္ဓာကိုယ်က နတ်ဆိုးတွေတွေ ပြုပြင်ထားသလိုမျိုးပဲ"

လီဟော်ရန် အနားမှဖြတ်ချိန်နှင့် ကြုံကြိုက်သွားသည်။

"ဒီခေတ်မှာ နတ်ဆိုးကျင့်ကြံသူတွေ ရှိသေးတာလား"

လီဟော်ရန် အတော်အံ့အားသင့်နေသည်။ အရိုးရိုင်းကြောင့် နတ်ဆိုးကျင့်ကြံသူအားလုံး ထောင်ထဲရောက်နေပြီမဟုတ်လော။

နောက်ဆုံးတွင် လီဟော်ရန်တို့ ဆိုလိုသည့်အဓိပ္ပါယ် ထောက်ပံ့ရေးအသင်း နားလည်သွားသည်။ တစ်ယောက်က ရှေ့ထွက်ပြီးရှင်းပြသည်။

"ငါတို့ခန္ဓာကိုယ်က နတ်ဆိုးကျင့်ကြံသူတွေနဲ့ မဆိုင်ပါဘူး။ ကြယ်စုမဟာမိတ်က မက္ကင်းနစ်ခန္ဓာကိုယ်တွေပါ။ ငါတို့ဆန္ဒအလျောက် ငါတို့ခန္ဓာကိုယ်ကို အဆင့်မြှင့်ခဲ့တာ။

ပြဿနာဖြစ်နိုင်တဲ့အပိုင်းတွေကို အစားထိုးလိုက်တော့ အတော်ဆင်ပြေတယ်လေ"

ပြောနေရင်းမှာပင် ထိုလူရုတ်တရက် တောင့်တင်းသွားပြီး ကိုယ်ဟန်ပျက်၍ လဲကျသွားသည်။

အားလုံး လန်သွားကြသည်။

"ဘာဖြစ်တာလဲ လောင်ကျိ"

လောင်ကျိက မြေပေါ်မှ အကြိမ်ကြိမ်ကြိုးစားထရပ်ရင်း ပြောသည်။

"ဘာဖြစ်မှန်းမသိဘူး။ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့မရတော့သလိုပဲ"

"ခန္ဓာကိုယ်စစ်ဆေးချက်ပရိုဂရမ်က ဘာပြောလဲ"

"အမည်မသိ အမှားအယွင်းရှိလို့ ပြုပြင်ဖို့အတွက် စက်ရုံကိုပြန်ရမယ်တဲ့"

"ပြုပြင်ဖို့ပြန်ရမယ်..ဟုတ်လား"

ယခု ကျင့်ကြံမှုလောကသို့ ရောက်နေသည်။ စက်ရုံကို ဘယ်လိုပြန်နိုင်မည်နည်း။

"ခေါင်းဆောင်ကို သွားရှာပါ။ သူ့မှာ ဖြေရှင်းနည်းတစ်ခုတော့ ရှိပါလိမ့်မယ်"

"ဘေးကိုခဏဖယ်ပေးပါ။ ကျုပ်စစ်ကြည့်မယ်"

လီဟော်ရန် လူအုပ်ကိုတိုးဝှေ့၍ ဆောင့်ကြောင့်ထိုင်ပြီး စစ်ဆေးသည်။ မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။

"မင်းခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်ကို တုံ့ပြန်ဆန့်ကျင်နေတာပဲ။ အရင်က ဝိညာဉ်စွမ်းအင်နဲ့ မထိတွေ့ဖူးဘူးလား"

ထိုသို့ပြောရင်း လောင်ကျိရင်ဘတ်ကို လက်ဖြင့်ဖိလိုက်သည်။ သေးသွယ်သည့်အလင်းမျှင်များစွာ လက်ဝါးမှဆန့်ထွက်သွားသည်။

"ရပြီ"

လီဟော်ရန်ထရပ်၍ လက်နှစ်ဘက်ခါသည်။

"အားလုံးအဆင်ပြေပြီပေါ့"

ဘေးလူများအမြင်တွင် လီဟော်ရန်က လောင်ကျိကို လက်ဝါးဖြင့်အုပ်လိုက်ရုံသာဖြစ်သည်။

လောင်ကျိ ထရပ်ကြည့်သည်။ အားလုံးပုံမှန် ပြန်ဖြစ်သွားသည်။ ခန္ဓာကိုယ်စစ်ဆေးချက် ပရိုဂရမ်ကလည်း အမှားအယွင်းမရှိတော့ကြောင်း သတင်းပို့သည်။

သူ့လက်မောင်းကိုလှုပ်ရှားကြည့်သည်။ ထို့နောက် မှင်သက်မိသွားသည်။

"ဘာဖြစ်တာလဲ"

သူ့အဖော်က စိုရိမ်စိတ်ဖြင့်မေးသည်။

"ငါ့လက်မောင်း...ငါ့လက်မောင်းတင်မကဘူး ငါ့ခြေထောက်တွေရောပဲ..."

ပြောသည့်စကားများက အဆက်အစပ်မရှိ။ ထို့နောက် ရုတ်တရက် အားထည့်ခုန်လိုက်သည်။ ဆယ်မီတာကျော်အထိ မြင့်တက်သွားသည်။

ကျန်သည့်အဖွဲ့ဝင်များ ပါးစပ်အဟောင်းသားကြည့်နေကြသည်။

လောင်ကျိခန္ဓာကိုယ်က အမြင့်ခုန်ဖို့ ဒီဇိုင်းထွင်ထားခြင်းမဟုတ်။

"ခဏနေပါဦး အကိုကျိ။ ဘာတွေဖြစ်နေတာလဲ"

"မသိဘူး။ ငါထရပ်လာတော့ ခုန်နိုင်သွားတယ်"

သို့ဆိုလျှင် သူလဲကျနေစဉ်က ထိခဲ့သည်မှာ...

အဖွဲ့ဝင်အားလုံး လီဟော်ရန်ကို ပြိုင်တူလှည့်ကြည့်လာသည်။

"သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကျင့်ကြံသူလောကနဲ့ ကိုက်ညီအောင် နည်းနည်းအဆင့်မြှင့်ပြီး သန့်စင်ပေးလိုက်တာပါ"

လီဟော်ရန် ရှင်းပြဖို့ စိတ်ကူးမရှိခဲ့။ ထိုကိစ္စက အသေးအဖွဲလေးသာဖြစ်သည်။

"ကျုပ်တို့လည်း လောင်ကျိလို့လုပ်လို့ရမလား"

ထောက်ပံ့ရေးအဖွဲ့ဝင်များ မျက်လုံးအရောင်လက်လာသည်။ ခဏထိရုံဖြင့် ခန္ဓာကိုယ်ပြောင်းလဲအောင်လုပ်နိုင်သည်။

တကယ့်အံ့ဖွယ်စွမ်းရည်ဖြစ်သည်။

လီဟော်ရန် ခေါင်းငြိမ့်သည်။

"ရပါတယ်။ မင်းတို့ခန္ဓာကိုယ်အတွက်သုံးတဲ့ ပစ္စည်းအရည်အသွေးက ကောင်းတယ်။ ဝိညာဉ်စွမ်းအင်လေးပဲ နည်းနည်းလိုနေတာပါ။

ငါ့ကိုအချိန်တစ်ခုပေးပါ။ မင်းတို့အားလုံးပျံနိုင်အောင် ငါလုပ်ပေးမယ်"

"ပျံနိုင်မယ်ပေါ့"

ထိုစကားကြောင့် အဖွဲ့ဝင်အားလုံး လီဟော်ရန်ဘေးသို့ ဝိုင်းအုံလာကြသည်။

"ကျုပ်ကိုအရင်လုပ်ပေးပါ။ မင်းတို့ကိုယ်စား ငါအရင်စမ်းကြည့်မယ်"

......

"ဒီဘက်ကိုကြွပါ လောင်ကောင်း"

တိုင်ပုဖန်၊ လုယန်နှင့် လောင်ကောင်းတို့ မစ်ရှင်ခန်းမထဲမှ အတူထွက်လာသည်။

"ဒါဆို အပိုအကူပစ္စည်းမရှိဘဲ ပျံနိုင်တယ်ပေါ့"

ကြယ်စုမဟာမိတ်တွင်လည်း ပျံနိုင်သည့်ခန္ဓာကိုယ်များရှိသည်။ သို့သော် အလွန်အကုန်အကျများသည်။ ထောက်ပံ့ရေးအဖွဲ့ဝင်များ မတတ်နိုင်ကြ။

ယခု ပျံနိုင်ရုံသာမက။ သူတို့ခန္ဓာကိုယ်က ဘက်စုံစွမ်းရည်တိုးလာသည်။

လီဟော်ရန် နည်းနည်းထိရုံဖြင့် သူတို့ခန္ဓာကို အကြီးအကျယ်ပြောင်းလဲသွားသည်မှာ တကယ်ယုံနိုင်စရာမရှိ။

"ငါကမင်းထက်ပိုပြီး မြင့်အောင်ပျံနိုင်တယ်ကွ"

"ဒါဆိုပြိုင်ကြမယ်လေ"

ကောင်းကင်ပေါ်ပျံဝဲနေသည့် အဖွဲ့ဝင်များကိုကြည့်၍ ကောင်းဟွမ်ယု ပါးစပ်အဟောင်းသားဖြင့် အတွေးနစ်နေသည်။

သူအထဲရောက်နေချိန်လေးတွင် ဘာတွေဖြစ်သွားသည်မသိ။

"မစ္စတာလီက ဒီလောကမှာ အထူးခြားဆုံးသိပ္ပံပညာရှင်ပဲဖြစ်ရမယ်"

"အကိုလီ၊ ဒီလိုအခြေအနေဖြစ်အောင် ကျုပ်တို့အဖွဲ့ခေါင်းဆောင်တောင် အဆင့်မမြှင့်နိုင်ဘူး"

လီဟော်ဘေးတွင် အဖွဲ့ဝင်များဝိုင်းအံ့၍ ချီးကျူးနေကြသည်။ လီဟော်ရန် နည်းနည်းရှက်လာသည်။ ထိုအဖွဲ့ကို သူ့စွမ်းရည်တစ်ချို့သာ ပြလိုက်ခြင်းဖြစ်သည်။

"အမှန်တော့ မင်းတို့ခန္ဓာကိုယ်ကို ဒီထက်ပိုပြီး အဆင့်မြှင့်လို့ရပါတယ်။ ဦးနှောက်ကို ချန်ထားတာ အပိုပါပဲ။

ဦးနှောက်ကိုထုတ်ပြီး ဝိညာဉ်ကိုပဲ ခန္ဓာကိုယ်နဲ့ ချိတ်ထားလိုက်ပါ။ အဲဒါဆို အခုထက်ပိုပြီးတောင် သက်တောင့်သက်သာရှိလာမှာ"

ထိုစကားကြောင့် အဖွဲ့ဝင်အားလုံး အသံတိတ်သွားသည်။ နည်းလမ်းက နည်းနည်းထူးဆန်းလွန်းနေသည်။

"အဟမ်း"

ကောင်းဟွမ်ယု တမင်ချောင်းဟန့်လိုက်သည်။ သူထွက်လာသည်ကိုမြင်ပြီးနောက် အဖွဲ့ဝင်အားလုံး ညီညီညာညာ တန်းစီရပ်ကြသည်။

"မင်းတို့အားလုံး ဒီကဧည့်သည်တွေဆိုတော့ ပျော်ပျော်ပဲ နေကြပါ"

တိုင်ပုဖန်က အခြေအနေပြေလည်အောင်ထိန်းသည်။

"တောင်းပန်ပါတယ်။ အကိုတိုင်"

"ညီလေးလီက စုစည်းခြင်းအဆင့်ကို ရောက်သွားပြီပဲ။ ဂုဏ်ယူပါတယ်ကွာ"

လီဟော်ရန် အဆင့်တက်သွားသည်ကို သတိထားမိသဖြင့် လုယန်ချီးကျူးသည်။

လီဟော်ရန်က လက်နှစ်ဘက်ဆုပ်အရိုအသေပြု၍

"အကိုအဆင့်တက်တာကို ကျုပ်ရှေ့မှာကြွားလုံးမထုတ်ရင်ပဲ တော်ပါပြီ"

လုယန်က ရယ်မော၍ လီဟော်ရန်ပုခုံးကိုပုတ်သည်။

"ညီလေးလီ၊ အဲလောက်ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့။ ငါက အရိယဖလသန္ဓေနှစ်မျိုး သုံးနိုင်တဲ့ မသေမျိုးတစ်ဝက်ဆိုတာ ဘယ်တုန်းကမင်းကို ကြွားလုံးထုတ်ဖူးလို့လဲ"

လီဟော်ရန် "..."

တိုင်ပုဖန် လှေပျံတစ်ခုဆင့်ခေါ်၍ ထောက်ပံ့ရေးအဖွဲ့နှင့်လုယန်ကို နန်းမြို့တော်သို့သွားသည်။

နှင်းတောင်ပေါ်တွင် ကျားကစားနေသည့် ချင်ဟဲနှင့်ကျွေးယွဲ့က တစ်စုံတစ်ခု အာရုံခံမိသဖြင့် ကောင်းကင်ဂိတ်တောင်ထိပ်ဆီ လှည့်ကြည့်သည်။

"ဘာဖြစ်တာလဲ ချင်ဟဲ"

"ထူးဆန်းတယ်။ လုယန်ရဲ့ စွမ်းအင်ရောင်ကို ငါခံစားလိုက်ရသလိုပဲ"

ကျွေးယွဲ့က အထပ်ထပ်ခေါင်းခါနေသည်။

"မဖြစ်နိုင်ပါဘူး။ နင်အတွေးလွန်နေတာဖြစ်မှာပါ။ လုယန်သာပြန်လာရင် ကောင်းကင်ဂိတ်တောင်ထိပ်မှာ နင့်ကိုလာမတွေ့ပဲနေမလား"

"ဟုတ်ပါတယ်လေ။ ဆက်ကစားကြတာပေါ့။ အဲ..နေပါဦး၊ ကျားစေ့တွေက အနေအထားပြောင်းသွားသလိုပဲ"

*******************************

All Chapters