အခန်း ၄၉၁
Vol. 50 Ch. 491
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၄၉၁)
ညီလာခံခန်းမ။
ရင်ကျန့်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး ကျောက်ဖုန်းက ဝန်ကြီးများရှေ့တွင် ရပ်နေသည်။
" ဝန်ကြီးတို့ နိုင်ငံတော်မူဝါဒတွေ အကောင်အထည်ဖော်တာ ဘယ်လိုရှိလဲ။ " ရင်ကျန့်က မေးလိုက်သည်။
နိုင်ငံတော်မူဝါဒလေးခုက ချင်အင်ပါယာ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး အလွန်အရေးကြီးသည်။
" ဧကရာဇ်မင်းမြတ် ပြီးခဲ့တဲ့ တစ်လအတွင်း အရာရှိတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ချင်အင်ပါယာအတွက် စာရေးနည်းအသစ်ရဲ့ အက္ခရာတွေကို ပြုပြင်မွမ်းမံပြီးပါပြီ။ ဧကရာဇ်မင်းမြတ် စစ်ဆေးပေးပါဦး။ " ဟန်ဖေးက စာလုံးများရေးသားထားသော ပိုးထည်စတစ်ခုကို ထုတ်ပြလိုက်သည်။
" တင်ပြစမ်း။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
တာဝန်ကျအရာရှိတစ်ယောက်က ဆင်းလာပြီး ရိုသေစွာ တင်ပြလိုက်သည်။ ကျောက်ကောင်းထွက်သွားပြီးနောက် အတိတ်တွင် ကျောက်ကောင်း၏ ပစ်မှတ်ထားခံခဲ့ရသူတစ်ယောက်ကို တော်ဝင်ရထားလုံးမှူးအဖြစ် ခန့်အပ်ခဲ့သည်။ ရင်ကျန့်က ကျောက်ကောင်း၏ လူများကို နန်းတွင်းမှ ရှင်းလင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
ရင်ကျန့်က ပိုးထည်စပေါ်မှ စာလုံးများကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
" မဆိုးဘူး။ ဒီစာရေးနည်းက ချင်အင်ပါယာနဲ့ အခြားနိုင်ငံတွေက စာရေးနည်းတွေထက် ပိုရိုးရှင်းတယ်။ ဟွာရှလူမျိုးတွေက ဒါကို အလွယ်တကူ မှတ်သားနိုင်လိမ့်မယ်။ ဝန်ကြီးချုပ်ဟန် ပင်ပန်းသွားပြီ။ " ရင်ကျန့်က ချီးကျူးလိုက်သည်။
" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ တန်ဖိုးထားခြင်းခံရပြီး စာရေးနည်းသစ်တစ်ခုကို ဖန်တီးခွင့်ရတာ ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ။ တကယ်လို့ ဒီစာရေးနည်းအသစ်က သင့်တော်တယ်ဆိုရင် ကျွန်တော်မျိုး အစွမ်းကုန်ကြိုးစားပြီး သုံးလအတွင်း ပြီးစီးအောင် ကြိုးစားပါမယ်။ " ဟန်ဖေးက ချက်ချင်း ပြန်ပြောလိုက်သည်။
" ငါ ခွင့်ပြုတယ်။ အခြားဝန်ကြီးတွေကရော အခြေအနေဘယ်လိုရှိလဲ။ " ရင်ကျန့်က အခြားဝန်ကြီးများကို ကြည့်လိုက်သည်။
" ဧကရာဇ်မင်းမြတ် လှည်းဘီးအကျယ်ကို သတ်မှတ်ဖို့က စနစ်တကျ လုပ်ဆောင်နေပါပြီ။ အစိုးရရုံးတွေကတစ်ဆင့် လမ်းညွှန်မှုတွေ ပေးအပ်ပြီး အကောင်အထည်ဖော်နေပါတယ်။ "
" ရိုးရာဓလေ့နဲ့ ကျင့်ဝတ်တွေကိုလည်း စနစ်တကျ အကောင်အထည် ဖော်နေပါပြီ။ "
" အလေးချိန်နဲ့ တိုင်းတာမှုစနစ်တွေကိုလည်း အရာရှိတွေက တဖြည်းဖြည်း အကောင်ထည်ဖော်နေပါပြီ။ "
လီစီ၊ ယွီလျောင်နှင့် အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
" ကောင်းတယ်။ " ရင်ကျန့်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်.ယ
" အင်ပါယာတစ်ဝန်းလုံးက စာအုပ်တွေ၊ ကြေးနီတွေ၊ သံနဲ့ လက်နက်တွေကို သိမ်းဆည်းတာကရော ဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုးက အင်ပါယာတစ်ခုလုံးက အစိုးရရုံးတွေကို ဆက်သွယ်ပြီးပါပြီ။ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်အစိုးရတွေက အင်ပါယာအနှံ့က စာအုပ်နဲ့ လက်နက်တွေကို သိမ်းဆည်းနေပါတယ်။ ပြီးတော့ အစိုးရတပ်ဖွဲ့တွေမပေါ်မှာ မှီခိုနေတာက မလုံလောက်တဲ့အတွက် စစ်ဘက်ဆိုင်ရာအကူအညီကို လိုအပ်နေပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။
" စစ်ဦးစီးချုပ်က ဒီကိစ္စကို ကူညီလိုက်ပါ။ စာအုပ်တွေ ကြေးနီတွေနဲ့ သံတွေကို သိမ်းဆည်းတာမှာ ခုခံမှုတွေ ရှိနိုင်တဲ့အတွက် စစ်ဦးစီးချုပ်က တပ်ဖွဲ့တွေ စေလွှတ်ပေးရမယ်။ နိုင်ငံတော်မူဝါဒလေးခုက ချင်အင်ပါယာရဲ့ အခြေခံအုတ်မြစ်နဲ့ ပက်သက်နေတဲ့အတွက် ခုခံတဲ့သူမှန်သမျှကို ပြင်းပြင်းထန်ထန် အရေးယူရမယ်။ " ကျောက်ဖုန်းပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ခမည်းတော် သားတော်မှာ အခြားကိစ္စတစ်ခု ရှိပါသေးတယ်။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ပြောလိုက်သည်။
" ပြောလေ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" နန်းတွင်းက လုပ်ကြံမှုနဲ့ ပက်သက်တဲ့ အရာရှိတွေကို ဖမ်းဆီးပြီးပြီဖြစ်လို့ အရာရှိတွေကို ထပ်ပြီး ခန့်အပ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ရာထူးအသစ်တစ်ခု တည်ထောင်ချင်ပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဝန်ကြီးချုပ်ရာထူးလား။ ဒီရာထူးက မင်း အရေးကြီးတဲ့ တာဝန်တစ်ခုခု ပေးချက်လို့လား။ " ရင်ကျန့်က မေးလိုက်သည်။
" ဟုတ်ပါတယ်။ သားတော် တည်ထောင်ချင်တဲ့ ဝန်ကြီးချုပ်ရာထူးက ရာထူးတစ်ခုတည်းမဟုတ်ပါဘူး။ သီးခြားလုပ်ပိုင်ခွင့်အာဏာတစ်ခုကို ကြီးကြပ်ရမှာပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ဖုန်းအာ ဆက်ပြောပါဦး။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" ရှန်းကျိုးနယ်မြေက နှစ်ပေါင်းရှစ်ရာကျော် ကွဲပြားနေခဲ့တာကို ချင်အင်ပါယာက ဘာကြောင့် စုစည်းနိုင်ခဲ့တာလဲ။ ဝန်ကြီးတွေ ဘယ်လိုထင်လဲ။ " ကျောက်ဖုန်းက အားလုံးကို ကြည့်ပြီး မေးလိုက်သည်။
" အဲ့ဒါက စစ်ရေးစွမ်းဆောင်မှုစနစ်ကြောင့်ဖြစ်ပါတယ်။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်သည်။
" အိမ်ရှေ့စံမင်းသားကလည်း စစ်ရေးစွမ်းဆောင်မှုစနစ်ကတစ်ဆင့် ဧကရာဇ်မင်းမြတ်ရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရတာပါ။ စစ်ရေးစွမ်းဆောင်မှုစနစ်က စစ်သည်တွေကို တိုက်ပွဲမှာ ပိုပြီး ရဲစွမ်းသတ္တိရှိစေခဲ့ပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက ချင်ရဲ့ လက်နက်တွေပါပဲ။ " ဝမ်ကျန့်က စဉ်းစားပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးက စစ်ဦးစီးချုပ်ရဲ့ စကားကို ထောက်ခံပါတယ်။ ချင်ရဲ့ လက်နက်တွေက အခြားနိုင်ငံတွေထက် ပိုကောင်းပါတယ်။ မြားတွေနဲ့ ကျောက်လုံးပစ်စက်တွေက ပိုဝေးဝေးရောက်နိုင်တယ်။ လှံတွေက ပိုထက်တယ်။ ဒိုင်းတွေက ပိုခိုင်ခံ့တယ်။ " ဟန်ဖေးက ထောက်ခံလိုက်သည်။
" မှန်တယ်။ ငါတည်ထောင်မယ့် ဌာနက လက်မှုပညာနဲ့ ပစ္စည်းကိရိယာတွေ ဖန်တီးဖို့ တာဝန်ယူမယ်။ ချင်ရဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေပဲ မဟုတ်ဘဲ အရပ်သုံးပစ္စည်းတွေ ဖန်တီးဖို့အတွက်ရောပဲ။ ဒီတာဝန်အတွက် အရည်အချင်းရှိတဲ့ ဝန်ကြီးတစ်ယောက်လိုအပ်ပါတယ်။ ဝန်ကြီးတို့ထဲကကိုယ်ကိုကိုယ်အကြံပြုနိုင်ပါတယ်။ အရည်အချင်းက အဓိကပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝန်ကြီးအများအပြားက စိတ်ဝင်စားသွားကြသည်။ ထိုဝန်ကြီးချုပ်ရာထူးက အလွန်အရေးပါပြီး အိမ်ရှေ့စံမင်းသား၏ အာရုံစိုက်မှုအောက်တွင် ရှိပေလိမ့်မည်။ သို့သော် အရည်အချင်းမပြည့်မီလျှင် အပြစ်ပေးခြင်း ခံရပေလိမ့်မည်။
" အိမ်ရှေ့စံမင်းသား ကျွန်တော်မျိုး အကြံပြုချင်တဲ့ အရည်အချင်းရှိသူတစ်ယောက်တော့ ရှိပါတယ်။ သူက လက်မှုပညာမှာလည်း ထူးချွန်သလိုအုပ်ချုပ်ရေးမှာလည်း ကျွမ်းကျင်ပါတယ်။ " ရှောင်ဟီက ရှေ့ထွက်လာပြီး ပြောလိုက်သည်။
" ဘယ်သူလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ရှချူခရိုင်က အုပ်ချုပ်ရေးမှူး ချန်ဖျင်ပါ။ သူက အရင် ဝေနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ကျွန်တော်မျိုးက သူ့ရဲ့ အရည်အချင်းတွေကို သတိပြုမိတဲ့အတွက် ရှချူးရဲ့ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခဲ့တာပါ။ ကျွန်တော်မျိုးက သူ့အကြောင်း နည်းနည်းပါးပါးသိပါတယ်။ " ရှောင်ဟီက ရိုသေစွာ ပြောလိုက်သည်။
" ရှချူး ချင်ရဲ့ တကယ့်ကောင်းချီးမြေပဲ။ ယန်ပင်းနဲ့ ရှောင်ဟီတို့လိုလူတွေ ထွက်ပေါ်လာတဲ့အပြင် အခု နောက်တစ်ယောက် ပေါ်လာပြန်ပြီ။ ချန်ဖျင်က သမိုင်းမှာ လျိုပန်းရဲ့ ဗျူဟာမှူးဖြစ်ခဲ့ပြီး စစ်လက်နက်တွေကို ကြီးကြပ်ခဲ့တယ်။ သူက အခုထွက်ပေါ်လာပြီကိုး။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
" ဝန်ကြီးရှောင်က အကြံပြုမှာတော့ ငါသူ့ကို ခန့်အပ်လိုက်မယ်။ ချန်ဖျင်ကို မြို့တော်ကို ခေါ်လိုက်ပါ။ ငါ သူ့ကို စစ်လက်နက်နဲ့ အရပ်ဘက်ပစ္စည်းတွေကိုပါ ကြီးကြပ်ဖို့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ "
" အမိန့်အတိုင်းပါ။ " ရှောင်ဟီက ပြန်ဖြေလိုက်သည်။
" ဒါ့အပြင် ကမ္ဘာကို ကြေညာလိုက်ပါ။ ချင်အင်ပါယာက အရည်အချင်းရှိသူတွေကို ခေါ်ယူနေတယ်။ ချင်ပြည်သူတွေထဲမှာ တစ်ခုခုကျွမ်းကျင်တဲ့သူတွေ၊ လက်နက်ပြုလုပ်သူတွေ၊ ရေကြောင်းဆိုင်ရာကျွမ်းကျင်သူတွေ၊ စာပေပညာရှင်တွေ ဘယ်သူမဆို ရှန်းယန်ကို လာနိုင်တယ်။ အရည်အချင်းရှိသူတွေကို ငါကိုယ်တိုင် စစ်ဆေးပြီး ရွေးချယ်ခန့်အပ်မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အရာရှိများအားလုံးက ရင်ကျန့်ကို ကြည့်လိုက်ကြသည်။
" ငါ့ကို ကြည့်စရာမလိုဘူး။ ငါ နောက်တစ်ခါ ထပ်ပြောမယ်။ ချင်အင်ပါယာမှာ အိမ်ရှေ့စံမင်းသားက အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာအားလုံးကို ထိန်းချုပ်ထားတယ်။ အိမ်ရှေ့စံမင်းသားရဲ့ အမိန့်က ငါ့အမိန့်ပဲ။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
" အမိန့်တော်အတိုင်းပါ။ " ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြသည်။
" အခု ကမ္ဘာကြီးက တည်ငြိမ်သွားပြီဖြစ်လို့ အဓိကအာရုံစိုက်ရမှာက ချင်အင်ပါယာရဲ့ အခြေခံအုတ်မြစ်နဲ့ ပြည်သူတွေရဲ့ နေထိုင်မှုဘဝကို တည်ငြိမ်အောင် လုပ်ဖို့ပဲ။ ဝန်ကြီးတွေ သေချာလုပ်ဖို့ လိုအပ်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အိမ်ရှေ့စံမင်းသားရဲ့ အမိန့်အတိုင်းပါ။ " ဝန်ကြီးများက ပြောလိုက်ကြသည်။
ကျန်းထိုင်နန်းဆောင်အတွင်း။
" အခု ချင်စစ်တပ်ရဲ့ လက်နက်တွေက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးဖြစ်နေပြီ။ မင်းပြောတဲ့ လက်မှုပညာဝန်ကြီးဌာနက တကယ်ဘာအတွက်လဲ။ " ရင်ကျန့်က သိလိုစိတ်ဖြင့် မေးလိုက်သည်။
" ခမည်းတော် ဒါကို ကြည့်ပါ။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး ရုတ်တရက် အဖြူရောင်စာရွက်အနည်းငယ်က သူ၏ လက်ထဲတွင် ပေါ်လာသည်။
" ဒါ ဒါက ဘာလဲ။ " ရင်ကျန့်က ကျောက်ဖုန်း၏ လက်ထဲမှ စာရွက်များကို ယူပြီး အံ့ဩစွာ ကြည့်လိုက်သည်။
" အဲ့ဒါက စက္ကူပါ။ အစီရင်ခံစာတွေအတွက် ဝါးချပ်စာလိပ်တွေအစား အဲ့ဒါကို အသုံးပြုလို့ရတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါကို ဘယ်လိုလုပ်တာလဲ။ " ရင်ကျန့်က ဝမ်းသာစွာဖြင့် မေးလိုက်သည်။ ထိုအဖြူရောင်စာရွက်က ချင်အင်ပါယာအတွက် မည်မျှအရေးပါသည်ကို သူ ကောင်းကောင်းနားလည်သည်။ ၎င်းက ချင်အင်ပါယာအတွက် ကြီးမားသော ပြောင်းလဲမှုတစ်ခုကို ယူဆောင်လာနိုင်ပေလိမ့်မည်။
" ဒါက သစ်ပင်တွေက လုပ်ယူလို့ရပါတယ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒါက တကယ်နတ်ဘုရားပစ္စည်းတစ်ခုပဲ။ ဝါးချပ်တွေပေါ်မှာ ရေးလို့ရပေမယ့် အဲ့ဒါတွေက အရမ်းလေးတဲ့အပြင် စာလုံးနည်းနည်းပဲ ရေးလို့ရတယ်။ တကယ်လို့ ဒီစက္ကူကို အစားထိုးနိုင်ရင် ချင်ရဲ့အနာဂတ်က ပိုပြီး စနစ်တကျ ရှိလာလိမ့်မယ်။ " ရင်ကျန့်က ကျေနပ်စွာ ပြောလိုက်သည်။