← Chapters

အခန်း ၄၉၃

Vol. 50 Ch. 493

အခန်း ၄၉၃

Vol. 50 Ch. 493

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၉၃)

" ခွေးကောင်လေး အကုန်လုံး ပြောပြပြီးမှ ငါ့ကို လုပ်ခိုင်းတာလား။ " ရင်ကျန့်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက စာရွက်နှင့် ရွှေ့ပြောင်းစာလုံးရိုက်နှိပ်တုံးများကို ကြည့်လိုက်သည်။

" ဒီကောင်လေးရဲ့ ဦးနှောက်ထဲမှာ ဘာတွေရှိနေတာလဲ။ စက္ကူ၊ စာလုံးရိုက်နှိပ်ခြင်းတုံး၊ ကျောင်းတော်စာမေးပွဲနဲ့ အရာရှိရွေးချယ်တယ်။ ဒါတွေအားလုံးက အင်ပါယာနဲ့ ပြည်သူတွေအတွက် အကျိုးရှိမယ့် မူဝါဒတွေပဲ။ အရင်မူဝါဒလေးခုနဲ့ ဒါတွေကိုပါ ထပ်ပေါင်းလိုက်ရင် ချင်အင်ပါယာက အင်အားက အများကြီး ပြောင်းလဲသွားလိမ့်မယ်။ ဒါ့အပြင် ချင်ရဲ့ စစ်ရေးစွမ်းဆောင်မှုစနစ်ရဲ့ အားနည်းချက်ကို ပြောခဲ့ပေမယ့် ဖြေရှင်းချက်ကို မပြောခဲ့ဘူး။

ကျောက်စံအိမ်။

" အရှင်ကို ဂါရဝပြုပါတယ်။ " လီမု၊ ဟန်ရှင်း၊ စစ်မာရှန်းနှင့် အခြားသူများက ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" ရောက်လာကြပြီလား။ ထိုင်ကြဦး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အရှင်ကို ကျေးဇူးတင်ပါတယ်။ " အားလုံးက တစ်စုံတစ်ခုကို ပြောချင်နေကြပုံရသည်။

" ပြောစရာရှိရင် ပြောပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အရှင်က ဧကရာဇ်ရဲ့ သားတော်ဖြစ်ပြီး ချင်အင်ပါယာရဲ့ အိမ်​ရှေ့စံဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ " လီမုက အံ့အားသင့်စွာ ပြောလိုက်သည်။

" ဟုတ်တယ်။ အစက ဒီသတင်းကို အမှားကြီးထင်နေခဲ့တာ။ " စစ်မာရှန်းကလည်း ပြောလိုက်သည်။

" ဟားဟားဟား အမှန်တရားကတော့ မင်းတို့ မြင်တဲ့အတိုင်းပဲ။ အများကြီး တွေးမနေနဲ့။ ငါ ဘာလို့ မင်းတို့ကို ခေါ်တာလဲဆိုတာ သိလား။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" မသိပါဘူး။ " လီမုနှင့် အခြားသူများက ပြန်ပြောလိုက်ကြသည်။

" ငါက အခု အိမ်ရှေ့စံမင်းသားဖြစ်နေပြီ။ ချင်အင်ပါယာရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ကြီးကြပ်နေရတယ်။ မနက်ဖြန်ကျရင် ငါ မင်းတို့ကို ဧကရာဇ်နဲ့ တွေ့ဖို့ ခေါ်သွားမယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့ စစ်တပ်ထဲ ပြန်ဝင်နိုင်ပြီ။" ကျောက်ဖုန်းက ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " လီမုနှင့် စစ်မာရှန်းတို့က စိတ်လှုပ်ရှားသွားကြသည်။

" ကျွန်တော်ကရော " ဟန်ရှင်းက စိတ်အားထက်သန်စွာ မေးလိုက်သည်။

" မင်းလည်း စစ်မှုထမ်းရမှာပေါ့။ ငါမင်းကို ပိုင်ယွဲ့နယ်မြေဆီ စေလွှတ်မယ်။ အဲ့ဒီမှာ စစ်သည်တစ်သောင်းကို ခဏဦးဆောင်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

အနာဂတ်တွင် ပိုင်ယွဲ့နယ်မြေကို စစ်တပ်များ စေလွှတ်မည်ဖြစ်ပြီး ဟန်ရှင်းက အရင်ဆုံး သွားကာ သတင်းများ စုဆောင်းရမည်ဖြစ်သည်။

" ကျေးဇူးတင်ပါတယ်အရှင် " ဟန်ရှင်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ မင်းတို့ သွားနားကြတော့။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " လီမုနှင့် အခြာသူများက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

" ဒီနိုင်ငံတော်မူဝါဒတွေနဲ့ဆို ခမည်းတော်ကတော့ အလုပ်ရှုပ်တော့မှာပဲ။ အဲ့ဒါတွေကို အကောင်အထည်ဖော်လိုက်ရင် ချင်အင်ပါယာက အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်။ အစပိုင်းလုပ်ငန်းစဉ်တွေ ပြီးသွားရင်တော့ အခြားနိုင်ငံက အထက်တန်းလွှာတွေကို ပစ်မှတ်ထားလို့ရပြီ။ သူတို့ရဲ့ မြေတွေက ချင်ပြည်သူတွေရဲ့ အသက်သွေးကြောပဲ။ "

ချင်အင်ပါယာတိုးတက်ရေးအတွက် ကျောက်ဖုန်းက စိတ်ထဲတွင် စီစဉ်ထားပြီးသားဖြစ်သည်။ ယခု ထိုအစီအစဉ်များ​ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရန်သာ လိုအပ်သည်။

" အဆင့်လေးရတနာသေတ္တာတွေ ဖွင့်လိုက်ပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

သူက ဟူဟိုက်ကို သတ်ဖြတ်ပြီးနောက် အဆင့်လေးရတနာသေတ္တာတစ်ခု ရရှိခဲ့သည်။ နောက်တစ်ခုက ဘိုးဘေးများကို ဂါရဝပြုခြင်းမှ ရရှိခဲ့သည်။ ယခု သူက ရာထူးတိုးရန် လမ်းမရှိတော့ပေ။ ထို့ကြောင့် ရရှိထားသော ရတနာသေတ္တာများက တန်ဖိုးရှိလှသည်။

" အဆင့်လေး ရတနာသေတ္တာတွေကို ဖွင့်နေပါတယ်။ အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ အဆင့်ငါး အဆင့်မြင့် အစီအရင်သခင်အမွေအနှစ်ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်ပေါ်လာသည်။

" အဆင့်စိတ်ဝိညာဉ်သွေးကြောကို ကမ္ဘာငယ်ထဲကို ထည့်သွင်းလို့ရတယ်။ အစီအရင်သခင် အမွေအနှစ်ကလည်း မဆိုးပါဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" ထုတ်ယူမယ်။ "

အလင်းရောင်တစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အဆင့်ငါး အဆင့်မြင့်အစီအရင်သခင် အမွေအနှစ်က သူ၏ စိတ်အသိထဲသို့ ဝင်ရောက်လာသည်။

" အရင်က ငါ လက်နက်သန့်စင်ခြင်းနဲ့ ဆေးဖော်သပ်ခြင်းမှာ အဆင့်လေးထိ ရောက်သွားပြီ။ ဒီအစီအရင်ပညာကလည်း ရှုပ်ထွေးတဲ့ အကြောင်းအရာတွေ အများကြီး ပါဝင်နေတယ်။ ရတနာသေတ္တာက အမွေအနှစ်သာ မရခဲ့ရင် နားလည်ဖို့ မလွယ်ကူဘူး။ အစီအရင်သခင်တွေကို မွေးထုတ်ပေးလို့ရပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။

ကျောက်ဖုန်းက ဆေးဖော်စပ်သူများနှင့် လက်နက်သန့်စင်သူများကို လုံလောက်စွာ သင်ကြားပေးပြီဖြစ်သည်။ ထိုအဖွဲ့က အနာဂတ် သိုင်းတာအိုကို ဖြန့်ကျက်ရာတွင် အဓိကကျပေလိမ့်မည်။

" သိုင်းတာအိုမင်းဆက်ကို တည်ထောင်ရမယ်။ မလုံလောက်သေးဘူး။ ပြည်နယ်တွေနဲ့ ခရိုင်တွေကို တည်ဆောက်ပြီး လူမျိုးစုတစ်ခုလုံးကို ပေါင်းစည်းပြီးမှသာ ကံကြမ္မာစွမ်းအားကို စုစည်းနိုင်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါ ရှန်းကျိုးနယ်မြေရဲ့ အပြင်ဘက်ကို ထွက်ခွာလို့ရပြီ။ ရှန်းကျိုးနယ်မြေက တည်ငြိမ်နေပေမယ့် အပြင်ဘက်မှာ ဘာတွေရှိနေလဲဆိုတာ မသိရသေးဘူး။ ရှန်းကျိုးရဲ့ အပြင်ဘက်ကို စူးစမ်းဖို့ လူတွေ စေလွှတ်သင့်တယ်။ " ကျောက်ဖုန်းက ကွေ့ကူကျိပြောသော အင်မော်တယ်များ၏ အကြောင်းများကို တွေးပြီး အနည်းငယ် စိုးရိမ်နေမိသည်။

" အင်အားစုကဏ္ဍကို အင်ပါယာကဏ္ဍအဖြစ် ပြောင်းလဲပြီးပါပြီ။ "

" အသွင်ပြောင်းလဲမှု အောင်မြင်သွားပြီလား။ " ကျောက်ဖုန်းက ဝမ်းသာသွားသည်။

ယခင် အင်အားစုကဏ္ဍက သူ၏ ကိုယ်ရံတော်တပ်ဖွဲ့၊ ယန်ထင်၊ အင်မော်တယ်ဝိုင်ခန်းမနှင့် သူ၏ လက်အောက်ခံအားလုံးကို လွှမ်းခြုံထားပြီး သူတို့၏ သစ္စာရှိမှုကို မြင်နိုင်ခဲ့သည်။ ထို့ကြောင့် ကျောက်ဖုန်း၏ လက်အောက်သို့ သစ္စာမရှိသူများ ဝင်မလာနိုင်ပေ။

" အင်ပါယာကဏ္ဍကို ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

အင်ပါယာကဏ္ဍက ယန်ထင်နှင့် အင်မော်တယ်ဝိုင်ခန်းမကိုသာမက ချင်အစိုးရဌာနအားလုံးကို လွှမ်းခြုံထားသည်။ ဘယ်ဝန်ကြီးချုပ်၊ ညာဝန်ကြီးချုပ်၊ ဝန်ကြီးကိုးယောက်၊ စစ်သေနာပတိချုပ်များ အားလုံးကို လွှမ်းခြုံထားသည်။

" အင်အားစုကဏ္ဍက ဒီလောက်ထိ ပြောင်းလဲသွားတာလား။ အရာရှိတွေအားလုံးကို မြင်နေရတယ်။ အင်ပါယာအပေါ် ဒီလိုသာ ထိန်းချုပ်နိုင်ရင် ငါတောင်မဟုတ်ဘူး။ ဟူဟိုက်လိုလူတောင် နိုင်ငံကို တည်ငြိမ်အောင် လုပ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" သစ္စာရှိမှု ငါးဆယ်အောက်ရှိသူတွေက ချင်အင်ပါယာအပေါ် သစ္စာမရှိသူတွေနဲ့ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေ ဖြစ်နိုင်တယ်။ ကမ္ဘာကြီးကို ပေါင်းစည်းပြီးပြီဆိုတော့ ဟေးပင်းထိုင်ကို သူလျိုတွေအဖြစ် သုံးပြီး ငါ့ရဲ့ ယန်ထင်ကို သန့်စင်ရေးတွေမှာ အသုံးပြုလို့ရတယ်။ ဒီလူတွေကို စာရင်းထုတ်ပြီး တစ်ခါတည်း ရှင်းလင်းရမယ်။ " ကျောက်ဖုန်းက အင်ပါယာကဏ္ဍတွင် သစ္စာမရှိသူများစွာကို တွေ့လိုက်ရသည်။

နန်းတော်ထဲမှာပင် အနည်းငယ် ရှိနေသည်။ အင်ပါယာကဏ္ဍက ချင်အင်ပါယာ၏ အစိုးရဌာနအားလုံးကို ဖုံးလွှမ်းထားသည်။ နောက်ထပ်တစ်ခုလည်း ရှိသေးသည်။ ချင်အင်ပါယာ၏ လူဦးရေ၊ စစ်အင်အား အားလုံးက ကျောက်ဖုန်း၏ ရှေ့တွင် ပေါ်လာသည်။

အမည် - ချင်အင်ပါယာ

လူဦးရေ - ၈၂၆၄၀၀၀၀

စစ်အင်အား - စခန်းငါးခု ၁၄၀၀၀၀၀၊ ခရိုင်စစ်သည် ၁၈၀၀၀၀၊ ထောက်ပို့စစ်သည် ၅၀၀၀၀၀

သိုင်းပညာရှင်များ - ၅၀၃၀၁

အင်ပါယာအင်အား - အဆင့် ၁

" ဒါတွေအားလုံး တိုးတက်တာက ရတနာသေတ္တာတွေကို ရရှိနိုင်တယ်။ အင်ပါယာအင်အား တိုးတက်မှုက ဘယ်အပိုင်းကို အဓိကထားတာလဲ။ စစ်အင်အားက သန်းချီရှိနေပြီ။ ဒါကြောင့် ဒါက စစ်အင်အားမဟုတ်ဘဲ အရာအားလုံး ပါဝင်ရမယ်။ သိုင်းပညာရှင်တွေ တိုးတက်ဖို့က ပိုလွယ်ကူတယ်။ စစ်တပ်ထဲမှာ သိုင်းပညာကို လေ့ကျင့်ခိုင်းပြီး စစ်တပ်ကို သန်မာအောင်လုပ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ချင်စစ်တပ်က သစ္စာအရှိဆုံးပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" ထျန်းရွှမ်ကြေးမုံ စစ်တပ်ထဲမှာ အရင်ဆုံး စမ်းသပ်ကြည့်ရမလား။ စစ်တပ်ကနေတစ်ဆင့် နောက်ပိုင်းမှာ ပြည်သူတွေကြားကို ထျန်ရွှမ်ကြေးမုံခွဲတွေ ဖြန့်ဝေလို့ရတယ်။ ဒါပေမယ့် သိုင်းတာအိုအင်ပါယာတစ်ခု အရင်တည်ထောင်ဖို့ လိုသေးတယ်။ "

ထျန်းရွှမ်ကြေးမုံက ချင်အင်ပါယာတစ်ခုလုံးကို ချိတ်ဆက်ပေးနိုင်သော အစွမ်းထက် စိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သည်။ အကွာအဝေးက အတားအဆီးမရှိဘဲ ကြေးမုံမှတစ်ဆင့် ဆက်သွယ်နိုင်သည်။

စခန်းမှ စစ်သည်များက ယုံကြည်၍ရသည်။ သူတို့ကို ချင်အင်ပါယာအတွက် သွေးနှင့်ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြသော သစ္စာရှိစစ်သည်များဖြစ်သည်။ ထျန်းရွှမ်ကြေးမုံကို စစ်တပ်ထဲတွင် ဖြန့်ဝေပြီး သိုင်းတာအိုကို လက်ဆင့်ကမ်းနိုင်သည်။

" စစ်ဦးစီးချုပ်နဲ့ စစ်သေနာပတိချုပ်အားလုံးကို ခေါ်လိုက်။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " ကျန်းမင်၏ အသံက ထွက်ပေါ်လာသည်။

မကြာမီ အားလုံး ရောက်ရှိလာကြသည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ ဝမ်ကျန့်နှင့် စစ်သေနာပတိချုပ် ငါးယောက်တို့က ကျောက်ဖုန်းကို ဦးညွှတ်လိုက်ကြသည်။

" ချင်အင်ပါယာကို သန်မာလုပ်မယ့် အစီအစဉ်နဲ့ ပက်သပ်ပြီး စစ်တပ်ထဲမှာ အကောင်အထည်ဖော်ဖို့ ကိစ္စတစ်ခုရှိတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား အမိန့်ပေးပါ။ " အားလုံးက ပြန်ပြောလိုက်ကြသည်။

" ငါ့နောက်လိုက်ခဲ့။ " ကျောက်ဖုန်းက ထရပ်ပြီး ခန်းမအပြင်ဘက်သို့ လျှောက်သွားသည်။

လူခြောက်ယောက်လုံးက နားမလည်နိုင်ဖြစ်သွားကြပြီး ကျောက်ဖုန်းနောက်သို့ လိုက်သွားကြသည်။ မကြာမီ သူတို့က စံအိမ်၏ လေ့ကျင့်ရေးကွင်းသို့ ရောက်လာကြသည်။

All Chapters