← Chapters

အခန်း ၄၉၆

Vol. 50 Ch. 496

အခန်း ၄၉၆

Vol. 50 Ch. 496

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၉၆)

" ဝန်ကြီးတို့က ကမ္ဘာကြီးကို အထင်သေးနေတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား အဲ့ဒါက ဖြစ်နိုင်ပါ့မလား။ " ယွီလျောင်ကလည်း ကျောက်ဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

" ရှန်းကျိုးနယ်မြေကို ပေါင်းစည်းပြီးရင် ကွေ့ကူကို လာလည်မယ်လို့ ကွေ့ကူကျိကို ကတိပေးခဲ့တယ်။ ကမ္ဘာနဲ့ ပက်သက်ရင် ယွီချင်းက တစ်နေ့ ငါနဲ့အတူ ကွေ့ကူကိုလိုက်ပြီး ဆရာဖြစ်သူကို ကိုယ်တိုင်မေးကြည့်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ယွီလျောင်က ခေါင်းညိမ့်လိုက်သည်။

" ကောင်းပြီ။ ကမ္ဘာအကြောင်း နောက်မှ ဆွေးနွေးကြတာပေါ့။ အင်ပါယာတစ်ခုလုံးက သိမ်းဆည်းလို့ရတဲ့ ကြေးနီနဲ့ သံအားလုံးကို လက်နက်တွေအဖြစ် ထုလုပ်ဖို့ လက်မှုပညာဌာနကို လွှဲအပ်ရမယ်။ ချန်ဖျင် မင်း လူလိုရင် လူပေးမယ်။ ငွေလိုရင် ငွေပေးမယ်။ " ကျောက်ဖုန်းက ချန်ဖျင်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို စိတ်မပျက်စေရပါဘူး။ " ချန်ဖျင်က ချက်ချင်း ပြန်ပြောလိုက်သည်။

ချန်ဖျင်က ရှန်းယန်သို့ ရောက်လာချိန်မှစ၍ ကျောက်ဖုန်းက ချန်ဖျင်ကို အလွန်အလေးထားခဲ့ပြီး ချန်ဖျင်၏ စွမ်းရည်များကလည်း ကျောက်ဖုန်းကို စိတ်မပျက်စေခဲ့ပေ။

" အိမ်ရှေ့စံမင်းသား ရွှေ့ပြောင်းစာလုံးရိုက်နှိပ်တုံးတွေနဲ့ စက္ကူတွေကို ထုတ်လုပ်ပြီးပါပြီ။ ပုံနှိပ်ဖို့ အိမ်ရှေ့စံမင်းသားရဲ့ အမိန့်ကို စောင့်နေတာပါ။ " ချန်ဖျင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ဒီကိစ္စမတိုင်ခင် နောက်ထပ် လုပ်စရာတစ်ခု​ရှိသေးတယ်။ " ကျောက်ဖုန်းက ပြုံးပြီး သူ၏ အကြည့်က ဝန်ကြီးအချို့ဆီသို့ ရောက်သွားသည်။

" ချိုင်ဝူ၊ ကျန်းချင်း၊ လျိုလီ..." ကျောက်ဖုန်းက လူငါးယောက်၏ နာမည်ကို ရေရွတ်လိုက်သည်။

လူငါးယောက်က ထရပ်လိုက်သော်လည်း ကျောက်ဖုန်း သူတို့၏ နာမည်ကို ခေါ်သည့် အကြောင်းရင်းကို မသိကြသေးပေ။ နန်းတော်ထဲတွင် သူတို့က အရေးပါသော အရာရှိများမဟုတ်ဘဲ ဝန်ကြီးကိုးယောက်၏ လက်အောက်မှ အရာရှိများသာဖြစ်သည်။

" နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေနဲ့ ပူးပေါင်းပြီး ငါတို့ နန်းတော်ရဲ့ လျို့ဝှက်ချက်တွေကို ရောင်းစားတယ်။ မင်းတို့ လုပ်ခဲ့တဲ့အရာတွေက တကယ်ပဲ လျို့ဝှက်လွန်းတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်လာသည်။

ထိုစကားများကို ကြားသောအခါ လူငါးယောက်က ဒူးထောက်ကျသွားကြသည်။

" အိမ်ရှေ့စံမင်းသား သေချာစစ်ဆေးပေးပါ။ ကျွန်တော်မျိုးတို့က ချင်အရာရှိတွေပါ။ ဘယ်လိုလုပ်ချင်အင်ပါယာကို သစ္စာဖောက်မှာလဲ။ "

" ကျွန်တော်မျိုးတို့ ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ "

" အိမ်ရှေ့စံမင်းသား သေချာစစ်ဆေးပေးပါ။ "

သူတို့က တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။ ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သောအခါ ယင်ပုက ပိုးထည်စအချို့ကို ကိုင်ပြီး ခန်းမထဲသို့ ဝင်လာသည်။

" ဒါတွေက မင်းတို့ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့ သက်သေတွေပဲ။ အိမ်ရှေ့စံမင်းသားရဲ့ အမိန့်နဲ့ မင်းတို့ကို စောင့်ကြည့်နေတာကြာပြီ။ " ယင်ပုက အေးစက်စွာ ပြောပြီး လူငါးယောက်ဆီသို့ ပိုးထည်စများ ပစ်ပေးလိုက်သည်။

သူတို့က တစ်ယောက်ပြီးတစ်ယောက် ကောက်ယူကြည့်လိုက်ပြီး သူတို့၏ မျက်နှာများက ဖြူဖျော့သွားကြသည်။

" သူတို့ကို ခေါ်သွားပြီး ကွပ်မျက်လိုက်။ သူတို့မိသားစုထဲက ယောကျာ်းတွေကို ကျွန်အဖြစ် သတ်မှတ်ပြီး အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် သတ်မှတ်လိုက်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး အေးစက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ရန်ရှောင်က နန်းတွင်းကိုယ်ရံတော်များကို ဦးဆောင်ပြီး သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုဖြစ်ရပ်ကို မြင်တွေ့ပြီးနောက် အရာရှိများအားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။

" နန်းတော်ထဲမှာတောင် သစ္စာဖောက်တွေ ရှိနေတယ်။ ဒါက ခမည်းတော်နဲ့ သားတော်ကို စော်ကားတာပဲ။ ဒီငါးယောက်ထဲမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ချင်အင်ပါယာကို သစ္စာမရှိတဲ့ အရာရှိတွေ မရေတွက်နိုင်အောင် ရှိနေတယ်။ " ကျောက်ဖုန်းက ဒေါသတကြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးမှာ အပြစ်ရှိပါတယ်။ အင်ပါယာကြီးကြပ်သူအနေနဲ့ ကျွန်တော်မျိုး စောင့်ကြည့်မှု အားနည်းခဲ့ပါတယ်။ " ဖုန်းချွီကျိက အပြစ်ကို ဝန်ခံလိုက်သည်။

" ဒါက ဝန်ကြီးဖုန်းအပြစ်မဟုတ်ဘူး။ လူတွေရဲ့ စိတ်က ခန့်မှန်းရခက်တယ်။ အင်ပါယာကြီးကြပ်သူက အရာရှိအားလုံးကို စောင့်ကြည့်နိုင်ပေမယ့် လူတွေရဲ့ စိတ်ကိုတော့ မြင်နိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ "ဖုန်းချွီကျိက ချက်ချင်း ပြန်ပြောလိုက်သည်။

" ရှန်းကျိုးနယ်မြေကို ပေါင်းစည်းပြီးပြီဆိုတော့ ငါတို့ ချင်အင်ပါယာ ဟွာရှလူမျိုးတွေရဲ့ အင်အားကို မြှင့်တင်ရမယ့်အချိန်ရောက်ပြီ။ ချင်အင်ပါယာရဲ့ မူဝါဒက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးစားပေးတယ်။ ဒါပေမာ့် အင်ပါယာတစ်ခုလုံးမှာ အရာရှိတွေ အများကြီးပဲ။ အချို့က လောဘကြီးကြတယ်၊ အချို့က ကိုယ်ကျိုးရှာကြတယ်။ အချို့က ပြည်သူတွေကို ဒုက္ခပေးတယ်။ ဒါတွေက အဆုံးမရှိဖြစ်ပေါ်နေတာပဲ။ "

" ဒါကြောင့် ငါက ခမည်းတော်နဲ့ တိုင်ပင်ပြီး အင်ပါယာတစ်ခုလုံးက အရာရှိတွေကိူ စောင့်ကြည့်ဖို့ အာဏာပိုင်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချင်အင်ပါယာစစ်ဆေးရေးဌာန သူတို့က ခမည်းတော်နဲ့ ငါ့ကိုယ်စား ကမ္ဘာကို လှည့်လည်ပြီး အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ သစ္စာဖောက်တွေကို ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။ သက်သေအထောက်အထားတွေ ​တွေ့တာနဲ့ တိုင်ကြားစရာမလိုဘဲ တိုက်ရိုက်ကိုင်တွယ်နိုင်တယ်။ စစ်ဆေးရေးဌာနရဲ့ ပထမဆုံး ဌာနမှူးနေရာကို ယင်ပုက တာဝန်ယူရမယ်။ " ကျောက်ဖုန်းက ယင်ပုကို ပြောလိုက်သည်။

" ယင်ပု အမိန့်တော်ကို နာခံပါ။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုး အမိန့်တော်ကို စောင့်မျှော်နေပါတယ်။ " ယင်ပုက ဦးညွှတ်လိုက်သည်။

" မင်းကို စစ်ဆေးရေးဌာနရဲ့ ​ဌာနမှူးအဖြစ် ခန့်အပ်လိုက်နယ်။ ငါနဲ့ အိမ်ရှေ့စံမင်းသားကိုယ်စား ကမ္ဘာကို လှည့်လည်စစ်ဆေးပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

" အမိန့်တော်ကို နာခံပါတယ်။ " ယင်ပုက ချက်ချင်း ပြန်ပြောလိုက်သည်။

ရင်ကျန့်နှင့် ကျောက်ဖုန်းတို့က ခေါင်းညိမ့်လိုက်ကြသည်။ စစ်ဆေးရေးဌာနက ကျောက်ဖုန်းကြောင့် ပေါ်လာခြင်းဖြစ်သည်။ ရှန်းကျိုးအပေါ် အုပ်ချုပ်မှုကို ပိုမိုခိုင်မာစေပြီး ပြည်သူများကို လုံခြုံစေရမည်ဖြစ်သည်။

ကျောက်ဖုန်းက အင်ပါယာတစ်ခုလုံးကို စောင့်ကြည့်မနေနိုင်ပေ။ အင်ပါယာကဏ္ဍရှိသော်လည်း ၎င်းက အရာရှိများ၏ သစ္စာရှိမှုနှုန်းကိုသာ ဖော်ပြသည်။ သို့သော် သူတို့က သစ္စာရှိပြီး ပြည်သူများကို ပစ်မှတ်ထားနေလျှင် သိနိုင်မည်မဟုတ်ပေ။ စစ်ဆေးရေးဌာနက တစ်ကမ္ဘာလုံးကို လှည့်လည်သွားလာပြီး အကျင့်ပျက်ခြစားသူများကို ရှင်းလင်းရမည်ဖြစ်သည်။

" ကောင်းပြီ။ ဖုန်းအာ အဓိကကိစ္စကို စရအောင်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ချန်ဖျင် " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အားလုံးပဲ အဲ့ဒါတွေကို ယူပြီး အရာရှိတွေကို ဝေပေးလိုက်ပါ။ " ချန်ဖျင်က ခန်းမအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။

ဝန်ကြီးများက သိလိုစိတ်ဖြင့် ကြည့်နေကြသည်။ ခဏကြာသောအခါ နန်းတွင်းကိုယ်ရံတော်များက သေတ္တာကြီးအချို့ကို ခန်းမထဲသို့ ဝင်လာကြသည်။ သူတို့က သေတ္တာများကို ဖွင့်လိုက်ရာ အထဲတွင် အတွဲလိုက်ချုပ်ထားသော စာအုပ်များ ပေါ်လာသည်။

ဝန်ကြီးများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် နန်းတွင်းကိုယ်ရံတော်များက စာအုပ်များကို ဝန်ကြီးများအား ဝေပေးလိုက်သည်။

" ဒါ ဒါ ဘာလဲ။ ပိုးထည်လည်းမဟုတ် ဝါးချပ်စာလိပ်လည်းမဟုတ်ဘဲ စာလုံးတွေရေးထားတယ်။ အရမ်းပေါ့ပါးတယ်။ " ယွီလျောင်က အံ့အားသင့်စွာ ပြောလ်ုက်သည်။

" အဲ့ဒါကို စက္ကူလို့ခေါ်ပြီး အတွဲလိုက်ချုပ်ထားတာတွေက စာအုပ်တွေပေါ့။ " ချန်ဖျင်က ပြုံး၍ ပြောလိုက်သည်။

" ဒါပေမယ့် ဒီစာအုပ်တွေထဲက စာလုံးတွေက ဘာလို့တူနေတာလဲ။ လူတစ်ယောက်တည်းက ရေးထားတာလား။ " ဟန်ဖေးက စာလုံးပုံစံများ တူနေသည်ကို သတိထားမိသွားသည်။

" ဒီစာတွေက လက်နဲ့ ရေးထားတာမဟုတ်ဘူး။ စာလုံးရိုက်နှိပ်တုံးတွေနဲ့ ရိုက်နှိပ်ထားတာ။ " ချန်ဖျင်က ဂုဏ်ယူစွာ ပြောလိုက်သည်။

" စာလုံးရိုက်နှိပ်တုံးလား။ စာအုပ်တွေလား။ " ဝန်ကြီးများအားလုံးက အံ့အားသင့်နေကြသည်။ ၎င်းက သူတို့ တစ်ခါမှမမြင်ဖူးသောအရာများဖြစ်သည်။

" အိမ်ရှေ့စံမင်းသားက ကောင်းကင်ဘုံကနေ ချင်အင်ပါယာကို ချီးမြှင့်လိုက်တဲ့ သူတော်စင်တစ်ပါးပဲ။ စက္ကူနဲ့ စာလုံးရိုက်နှိပ်တုံးတွေကို အိမ်ရှေ့စံမင်းသားက တီထွင်ခဲ့တယ်။ စက္ကူတစ်ရွက်မှာ စာလုံးရာချီ ရေးလို့ရပြီး ပေါ့ပါးတယ်။ စာမျက်နှာတစ်ခုမှာ ဝါးချပ်ပေါင်းတစ်ရာကျော်ရဲ့ အကြောင်းအရာတွေကို ရေးသားနိုင်တယ်။ ဝန်ကြီးအားလုံးက အရည်အချင်းရှိတဲ့သူတွေဆိုတော့ ဒီရတနာနှစ်ခုရဲ့ တန်ဖိုးကို သိကြမှာပါ။ " ချန်ဖျင်က ကျယ်လောင်စွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားက တကယ်ကို အမြော်အမြင် ကြီးမားလှပါတယ်။ ကျွန်တော်မျိုးတို့ ဝန်ကြီးတွေ တကယ်လေးစားမိပါတယ်။ "

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံရှိနေသရွေ့ ချင်အင်ပါယာက ထာဝရတည်တံ့နေလိမ့်မယ်။ "

အရာရှိများအားလုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ ထိုပစ္စည်းနှစ်ခု၏ တန်ဖိုးကို သူတို့ မသိဘဲ ဘယ်လိုလုပ်နေမှာလဲ။ ချင်အင်ပါယာ၏ အခြေခံအုတ်မြစ်က လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

" ဝန်ကြီးတို့ အိမ်ရှေ့စံမင်းသားက ချင်အင်ပါယာအတွက် ဘယ်လောက်အရေးပါလဲဆိုတာ အခုသိကြပြီလား။ ဒါတွေက အိမ်ရှေ့စံမင်းသားရဲ့ စွမ်းဆောင်မှုသေးသေးလေးတွေပဲ ရှိသေးတယ်။ " ရင်ကျန့်က ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

" ဧကရာဇ်မင်းမြတ်က အမြော်အမြင် ကြီးမားလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ငါ ခမည်းတော်နဲ့ တိုင်ပင်ပြီးပြီ။ ချင်အင်ပါယာရဲ့ လူဦးရေက သန်းရှစ်ဆယ်ကျော်ရှိတယ်။ အဲ့ဒီထဲမှာ စာဖတ်တတ်သူက တစ်သန်းတောင်မရှိဘူး။ ငါတို့ ဟွာရှလူမျိုးတွေကို ဒီလိုဖြစ်ခွင့် ဘယ်လိုလုပ်ပေးနိုင်မှာလဲ။ ငါ စက္ကူနဲ့ စာလုံးရိုက်နှိပ်ခြင်းကို သုံးပြီး ချင်ပြည်သူတွေကို အသိပညာပေးမယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" စာအုပ်တွေကို ထုတ်ပြီး ကမ္ဘာအနှံ့ ဖြန့်ဝေမယ်။ ပြီးရင် ကျောင်းတော်တွေ တည်ဆောက်ပေးမယ်ဆိုရင် ပြည်သူတွေကို အသိပညာပေးနိုင်မှာ သေချာပါတယ်။ " ဟန်ဖေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

All Chapters