← Chapters

အခန်း ၄၉၇

Vol. 50 Ch. 497

အခန်း ၄၉၇

Vol. 50 Ch. 497

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၉၇)

" ဝန်ကြီးချုပ်ဟန်က တကယ်တော်ပါပေတယ်။ ငါတွေးထားတာကို ဝန်ကြီးချုပ်ဟန်က ခန့်မှန်းမိသွားပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက အရာရှိအားလုံးကို ကြည့်လိုက်သည်။

" ငါနဲ့ ခမည်းတော် သဘောတူပြီးသွားပြီ။ မူဝါဒလေးခုကို အကောင်အထည်ဖော်ပြီးတာနဲ့ ကျောင်းတော်တွေကို အင်ပါယာတစ်ဝန်းမှာ တည်ဆောက်သွားမယ်။ ပထမဆုံး ပြည်နယ်ကိုးခုနဲ့ ခရိုင် ၃၆ခု ခွဲလိုက်မယ်။ ချင်အင်ပါယာရဲ့ ပြည်နယ်ကိုးခုရဲ့ မြို့တော်တွေမှာ ပြည်နယ်ကျောင်းတော်တွေ တည်ဆောက်မယ်။ ခရိုင်မြို့တွေမှာ ခရိုင်ကျောင်းတော်တွေ တည်ဆောက်မယ်။ မြို့ကျောင်းတွေက စာရေးနည်း စာဖတ်နည်းကို သင်ပေးမယ်။ ခရိုင်ကျောင်းတော်တွေက စစ်ရေးနဲ့ နိုင်ငံရေး မူဝါဒတွေကို သင်ပေးမယ်။ ပြည်နယ်ကျောင်းတော်တွေက နိုင်ငံကို တည်ငြိမ်အောင်တည်ထောင်ဖို့နဲ့ ငြိမ်းချမ်းရေး နည်းဗျူဟာတွေကို သင်ပေးမယ်။ "

" ရှန်းယန်မြို့တော်မှာ အင်ပါယာကျောင်းတော်ကို တည်ထောင်ပြီး ပြည်နယ်ကိုးခုက ကျောင်းသားတွေကို စစ်ဆေးမယ်။ စာမေးပွဲအောင်မြင်တဲ့သူတွေက တရားရုံးကို ဝင်ရောက်ပြီး အရာရှိဖြစ်လာနိုင်တယ်။ " ကျောက်ဖုန်းက သူ၏ အစီအစဉ်များကို ပြောပြလိုက်သည်။

ထိုစကားများကို ကြားသောအခါ ဝန်ကြီးအားလုံးက အံ့အားသင့်သွားကြသည်။ ကျောက်ဖုန်း၏ စကားထဲမှ သူ၏ ကြီးမားသော ရည်မှန်းချက်နှင့် ချင်အင်ပါယာကို ပြောင်းလဲလိုသည့် ဆန္ဒတို့ကို မြင်လိုက်ရသည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ အမြော်အမြင်က ကြီးမားလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။ ချင်အင်ပါယာအတွက် အကျိုးရှိသော ကိစ္စကို မည်သူမျှဆန့်ကျင်ရဲမည်မဟုတ်ပေ။

" ပြည်နယ်ကိုးခုကို ဟွာရှလူမျိုးတွေရဲ့ အိုးကြီးကိုးလုံးကို ရည်ရွယ်ပြီး တည်ဆောက်ပြီးပြီ။ ခရိုင် ၃၆ခုကိုလည်း တည်ဆောက်ပြီးပြီ။ ပြည်နယ်ကိုးခုမှ အုပ်ချုပ်ရေးမှူးတစ်ယောက်စီ ခန့်အပ်ပြီး ပြည်နယ်ကို အုပ်ချုပ်ရမယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။ သူက အရာရှိအားလုံးကို ကြည့်လိုက်သည်။

" ယန်ပင်းကို ယန်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တယ်။ ချိုင်စီက ကျင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ ယောင်ကျားက ရှုပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ မုန့်ယိက ယွီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ ဖုန်းကျဲက ယုံပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ ဖုစုက ချင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ ဖုန်းရွှမ်က ကျိပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊ လီယောင်ကို ကွမ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊လွီဝမ်ကို လျန်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အသီးသီးခန့်အပ်လိုက်တယ်။ အားလုံးကို အုပ်ချုပ်ရေးမှူးတံဆိပ်ပေးအပ်ပြီး ပြည်နယ်အသီးသီးရဲ့ ကိစ္စရပ်တွေကို တာဝန်ယူရမယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ပြောလိုက်သည်။

ဖုစုမှလွဲ၍ လူရှစ်ယောက်က ရှေ့ထွက်လာပြီး ကျောက်ဖုန်းနှင့် ရင်ကျန့်တို့ကို ဦးညွှတ်လိုက်ကြသည်။

" ပြည်နယ်ကိုးခုရဲ့အုပ်ချုပ်ရေးမှူးတွေကို ငါနဲ့ အိမ်ရှေ့စံမင်းသားတို့က တိုက်ရိုက်ခန့်အပ်တာပဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြည်နယ်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကို ကြီးကြပ်ရမယ်။ အရပ်ဘက်ကိစ္စတွေကို စီမံခန့်ခွဲပြီး ဥပဒေစိုးမိုးအောင် လုပ်ရမယ်။ ဒါက ကြီးမားတဲ့ တာဝန်တစ်ခုပဲ။ ငါနဲ့ အိမ်ရှေ့စံမင်းသားကို စိတ်ပျက်အောင်မလုပ်ကြဖို့ မျှော်လင့်ပါတယ်။ " ရင်ကျန့်က သူ၏ ရှေ့မှ အရာရှိရှစ်ယောက်ကို လေးနက်စွာ ကြည့်လိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ စိတ်မပျက်စေရပါဘူး။ ကျွန်တော်မျိုးတို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက တာဝန်ကို ထမ်းဆောင်ပြီး ပြည်နယ်နဲ့ ခရိုင်တွေကို ငြိမ်းချမ်းအောင် လုပ်ဆောင်ပါမယ်။ " အရာရှိရှစ်ယောက်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" ပြည်နယ်အုပ်ချုပ်ရေးမှူးတွေအားလံးြက ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်ရမှာဆိုတော့ ရာထူးနဲ့ အာဏာက မြင့်မားတယ်။ ခရိုင်၃၆ခုရဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတွေအတွက် ငါရွေးချယ်ပြီးသားလူတွေကလွဲရင် ကျန်တဲ့ရာထူးတွေကို မင်းတို့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ရွေးချယ်ပြီး တင်ပြရမယ်။ ငါက ခန့်အပ်သင့်မခန့်သင့်ကို စဉ်းစားမယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " အရာရှိရှစ်ယောက်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ပြည်နယ်အုပ်ချုပ်ရေးမှူးတွေ ခန့်အပ်ပြီးပြီ။ ပြည်နယ်တိုင်းမှာ စစ်သည်တစ်သောင်းထားပြီး သူတို့ကို က်ခပ်ကဲဖို့ တပ်မှူးတွေ လိုအပ်တယ်။ ဒီတပ်မှူးတွေနဲ့ပက်သက်ပြီး အိမ်ရှေ့စံမင်းသား ရွေးချယ်ပြီးပြီလား။ " ရင်ကျန့်က ပြုံးပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။

" ခမည်းတော် ပြည်နယ်ကိုးခုမှာ တပ်ဖွဲ့ကို ကွပ်ကဲဖို့ တပ်မှူးတွေ ရွေးချယ်ပြီးပါပြီ။ သူတို့က ချင်အင်ပါယာရဲ့ စခန်းငါးခုက တပ်မှူးတွေပါပဲ။ တပ်စွဲဖို့ ကိစ္စနဲ့ ပက်သက်ပြီး သားတော်အမိန့်ပေးပြီးပါပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကောင်းတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ပြည်နယ်အုပ်ချုပ်ရေးမှူးရှစ်ယောက် မင်းတို့ သကဆိုင်ရာပြည်နယ်တွေကို ရောက်ရင် အုပ်ချုပ်ရေးလုပ်ငန်းတွေကို တာဝန်ယူပြီးတာနဲ့ ပထမဆုံး လုပ်ရမှာက ကျောင်းတော်တွေ တည်ဆောက်ဖို့ပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသား ကျောက်တော်တွေကို တည်ဆောက်ပြီးရင် ပြည်သူတွေကြားထဲက ကျောင်းသားတွေကို ဘယ်လိုခေါ်ယူရမလဲ။ ဆရာတွေကိုရော ဘယ်လိုလုပ်ရမလဲ။ ကျောင်းတော်တွေမှာ အဆင့်တွေ ဘယ်လိုခွဲရမလဲ။ ပြီးတော့ ကျောက်လခကို ဘယ်လိုသတ်မှတ်မှာလဲ။ " ယန်ပင်းက ရိုသေစွာ မေးလိုက်သည်။

" မေးတာကောင်းတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ပြည်နယ်ကိုးခုမှာ ကျောင်းတွေ တည်ဆောက်ပြီးရင် အသက် ၈နှစ်နဲ့ ၂၅နှစ်ကြား ရှိသူတိုင်း မြို့ကျောင်းကို တက်ရောက်နိုင်တယ်။ မြို့ကျောင်းတွေမီာ ကျောင်းလခမယူဘူး။ နေစရာပေးမယ်။ အစားအသောက်က ကိုယ်ဘာသာကိုယ်တာဝန်ယူရမယ်။ "

" မြို့ကျောင်းမှာ နှစ်နှစ် သင်ကြားပြီးရင် ကျောက်တော်က စာမေးပွဲစစ်မယ်။ အောင်မြင်တဲ့သူတွေက ခရိုင်ကျောင်းတော်ကို တက်ရောက်နိုင်တယ်။ ခရိုင်ကျောင်းတော်မှာ ကျောင်းလခက ငွေဒင်္ဂါးငါးရာ၊အစားအသောက်က ကိုယ့်ဘာသာကိုယ် စီစဉ်ရမယ်။ သင်တန်းကာလက တစ်နှစ်ပဲ။ တစ်နှစ်ပြီးရင် စာမေးပွဲတွေရှိဦးမယ်။ အရည်အချင်းပေါ်မူတည်ပြီး ပြည်နယ်ကျောင်းတော်ကို တက်ရောက်နိုင်တယ်။ ပြည်နယ်ကျောင်းတော်မှာ ကျောင်းလခက ရှစ်ရာ၊ အစားအသောက်က ကိုယ်ဘာသာကိုယ် စီစဉ်ရမယ်။ သင်တန်းကာလက တစ်နှစ်ပဲ။ တစ်နှစ်ပြီးလို့ စာမေးပွဲအောင်ရင် အင်ပါယာကျောင်းတော်ကို တက်ရောက်နိုင်တယ်။ အင်ပါယာစာမေးပွဲကို အောင်မြင်တဲ့သူတွေက အရာရှိတွေဖြစ်လာနိုင်တယ်။ "

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ အရာရှိအားလုံးက သူ့ကို လေးစားစွာ ကြည့်လိုက်သည်။ အစီအစဉ်များအားလုံးကို အိမ်ရှေ့စံမင်းသားက ရေးဆွဲပြီးဖြစ်သည်။

မြို့ကျောင်းတော်က စာရေးခြင်းနှင့် စာဖတ်ခြင်းကို နှစ်နှစ်ကြာအောင် သင်ကြားပေလိမ့်မည်။ ခရိုင်ကျောင်းတော်က ပညာရပ်ပေါင်းစုံနှင့် အုပ်ချုပ်ရေးပညာများကို သင်ကြားပေးမည်ဖြစ်သည်။ ပြည်နယ်ကျောင်းတော်က ပို၍ နက်နဲသည်။ အင်ပါယာကျောင်းတော်က ပြည်နယ်ကိုးခုမှလာသော ကျောင်းသားများကို စစ်ဆေးပြီး အောင်မြင်သူများက အရာရှိဖြစ်လာမည်ဖြစ်သည်။

" ဒီလိုဆိုရင် လေးနှစ်အတွင်း ချင်အင်ပါယာက အရည်အချင်းရှိတဲ့ ပညာရှိတွေကို မွေးထုတ်ပြီး မြို့တော်ကို ရောက်လာတဲ့အခါ သူတို့က အရာရှိတွေ ဖြစ်လာလိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျောင်းတော်တွေက ဆရာတွေကိုတော့ ငါ ချီနယ်မြေကို လူလွှတ်ပြီး အရည်အချင်းရှိသူတွေကို ဖိတ်ခေါ်ပြီးပြီ။ ကျိရှကျောင်းတော်ရဲ့ ပညာရှိရွှင်ဇီက အင်ပါယာကျောင်းတော်ရဲ့ အကြီးအကဲအဖြစ်ရော ချင်ကျောင်းတော်အားလုံးရဲ့ အကြီးအကဲအဖြစ်ရော တာဝန်ယူဖို့ သဘောတူပြီးပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝန်ကြီးအားလုံးက အံ့အားသင့်သွားကြသည်။ ဟန်ဖေးနှင့် လီစီပင် အံ့ဩသွားကြသည်။

" အိမ်ရှေ့စံမင်းသားက တကယ်ကို ကြောက်စရာကောင်းအောင် ထူးချွန်တာပဲ။ ငါတို့ဆရာက ကျိရှကျောင်းတော်မှာပဲ နေပြီး အပြင်မထွက်ဘူး။ ပြီးတော့ အသက်အရွယ်ကလည်း ကြီးရင့်နေပြီ။ ဒါတောင် အိမ်ရှေ့စံမင်းသားက ဖိတ်ခေါ်နိုင်ခဲ့တယ်။ "

" ငါတို့ရဲ့ ဆရာကိုယ်တိုင်သင်ကြားပေးရသ် ကျောင်းသားတွေက အများကြီး တိုးတက်လာလိမ့်မယ်။ "

ရွှင်ဇီက တစ်ကမ္ဘာလုံးတွင် ကျော်ကြားသော ပညာရှိတစ်ယောက်ဖြစ်သည်။ သူက ကျောင်းသားအများအပြားကို သင်ကြားပေးခဲ့ပြီး ယခင် နိုင်ငံအသီးသီးတွင် အရေးပါသေူ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ဟန်ဖေးနှင့် လီစီတို့က အကောင်းဆုံးဥပမာပင်ဖြစ်သည်။ ရွှင်ဇီပါဝင်လာခြင်းက ကျောင်းတော်များကို ကမ္ဘာက အသိအမှတ်ပြုမည်ဖြစ်ပြီး ကျောင်းသားများစွာကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

" အိမ်ရှေ့စံမင်းသား ကျောင်းတော်တွေကို တည်ဆောင်ပြီးရင် ကွန်ဖြူရှပ်ဝါဒကို သင်မှာလား။ တရားဥပဒေဝါဒကို သင်မှာလား။ ဒါမှမဟုတ် ပညာရပ်ပေါင်းစုံသင်မှာလား။ " ချွန်းယွီယွဲ့က ရှေ့ထွက်လာပြီး စိုးရိမ်စွာ မေးလိုက်သည်။

ဖုစုထွက်သွားသည့်အချိန်မှစ၍ ချွန်းယွီယွဲ့နှင့် ကွန်ဖြူရှပ်ပညာရှင်များက တည်ငြိမ်စွာ နေထိုင်ခဲ့ကြသည်။ အဆုံးတွင် သူက ကွန်ဖြူရှပ်ပညာရှင်တစ်ယောက်သာဖြစ်ပြီး ကွန်ဖြူရှပ်ဝါဒတိုးတက်စေရန် ချင်နိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခု ကျောင်းတော်များတည်ဆောက်ပြီး ကွန်ဖြူရှပ်ဝါဒကို မသင်ကြားဘဲ တရားဥပဒေဝါဒကိုသာသင်ကြားလျှင် သူ၏ ကွန်ဖြူရှပ်ဝါဒက ပျောက်ကွယ်သွားနိုင်သည်။

ချွန်းယွီယွဲ့၏ စကားများကို ကြားသောအခါ အရာရှိများက သူ့ကို ကြည့်လိုက်ကြသည်။ ရင်ကျန့်ကတော့ ကျောက်ဖုန်းအကြောင်းကို သိသောကြောင့် တည်ငြိမ်စွာ ကြည့်နေသည်။

" ရှေးခေတ်ကာလကတည်းက ရှန်းကျိုးနယ်မြေမှာ ပညာရပ်ပေါင်းစုံက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး အားလုံးရဲ့ အသိပညာနဲ့ အမွေအနှစ်တွေက ယနေ့တိုင် တည်ရှိခဲ့တယ်။ ငါ ကျောင်းတော်တွေကို တည်ထောင်ခဲ့တာက ပြည်သူတွေကို အသိပညာပေးဖို့နဲ့ အရည်အချင်းရှိသူတွေကို မွေးထုတ်ပြီး ငါတို့ ချင်အင်ပါယာရဲ့ အင်အားကို မြှင့်တင်ဖို့ပဲ။ "

All Chapters