← Chapters

အခန်း ၄၉၉

Vol. 50 Ch. 499

အခန်း ၄၉၉

Vol. 50 Ch. 499

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၄၉၉)

" အခု ဟွိုက်ကျွမ်းက ကွပ်မျက်ခံလိုက်ရပြီဆိုတော့ ညာဝန်ကြီးချုပ်နေရာက လစ်လပ်နေတယ်။ ငါ အချိန်အတော်ကြာ စဉ်းစားပြီးတဲ့နောက် ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ဝန်ကြီးများကလည်း စိတ်လှုပ်ရှားသွားကြပြီး မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြသည်။ အထူးသဖြင့် လီစီဖြစ်သည်။ သူက လက်များကို တင်းကျပ်စွာ ဆုပ်ထားပြီး အလွန်စိတ်လှုပ်ရှားနေသည်။ မျှော်လင့်ထားသည့်အတိုင်း ရင်ကျန့်၏ အကြည့်က လီစီအပေါ်သို့ ကျရောက်လာသည်။

" တရားရေးဝန်ကြီး လီစီ မင်းရဲ့ အရည်အချင်းက ထူးချွန်တယ်။ ချင်အင်ပါယာကို မင်းရောက်လာကတည်းက ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့ပြီး ချင်အင်ပါယာအပေါ် သေတဲ့အထိ သစ္စာရှိမယ်လို့ ကျိန်ဆိုခဲ့တယ်။ မင်းကို ညာဝန်ကြီးချုပ်အဖြစ် ရာထူးတိုးပေးလိုက်တယ်။ "

ရင်ကျန့်၏ စကားများကို ကြားလိုက်ရသောအခါ လီစီက အလွန်ဝမ်းသာသွားပြီး ရှေ့ထွက်ကာ ရင်ကျန့်နှင့် ကျောက်ဖုန်းတို့ကို ဦးညွှတ်လိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး ချင်အင်ပါယာအတွက် သေတဲ့အထိ အမှုထမ်းပါမယ်။ "

" မင်း ညာဝန်ကြီးချုပ်တာဝန်တွေကို မပျက်မကွက် ထမ်းဆောင်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ လုံးဝစိတ်မပျက်စေရပါဘူး။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။

" အင်း " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ချင်အင်ပါယာက လုပ်စရာတွေ များနေလို့ ငါက အရည်အချင်းရှိတဲ့ ဝန်ကြီးတစ်ယောက်ကို ပြန်လည်ဖိတ်ခေါ်ထားတယ်။ " ရင်ကျန့်က ရုတ်တရက် ပြောလိုက်သည်။

သူ၏စကားများကို ကြားသောအခါ အရာရှိများအားလုံးက နားမလည်နိုင်ဖြစ်သွားကြသည်။ ရင်ကျန့်၏ တန်ဖိုးထားခြင်းကို ခံရသော အတိတ်မှ ဝန်ကြီးမှာ မည်သူဖြစ်သည်ကို သူတို့မသိကြပေ။

" ကျုံးဖု " ရင်ကျန့်က ကျယ်လောင်စွာ ခေါ်လိုက်သည်။

အရာရှိအားလုံးက တုန်လှုပ်သွားကြပြီး ခန်းမဝင်ပေါက်သို့ ကြည့်လိုက်ကြသည်။ ကျောက်ဖုန်းက တည်ငြိမ်စွာ ရှိနေပြီး ထိုကိစ္စကို ကြိုသိထားသည်မှာ ထင်ရှားသည်။ ရင်ကျန့်၏ ရိုသေလေစားမှုကို ခံရသူမှာ လူနှစ်ယောက်သာ ရှိသည်။ တစ်ယောက်မှာ သူ၏ ယောက္ခမ​ရှဝူချယ်ဖြစ်သည်။ နောက်တစ်ယောက်မှာ သူ၏ ဦးလေးဖြစ်သူ လွီပုဝေဖြစ်သည်။

ရင်ကျန့် ထီးနန်းတက်ခါစတွင် ဝန်ကြီးများအားလုံးက အာဏာကို ဆုပ်ကိုင်ထားကြပြီး ကိုယ်လုပ်တော်ကျောက်က အစိုးရကို ထိန်းချုပ်ထားသည်။ လွီပုဝေကလည်း အငြင်းပွားဖွယ်ရာမရှိ ထိပ်တန်းဝန်ကြီးတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် သူက ရာထူးမြင့်မားပြီး အာဏာကြီးမားသော်လည်း ရင်ကျန့်ကို မလေးမစားမလုပ်ခဲ့ပေ။ ဆန့်ကျင့်ဘက်အနေဖြင့် သူက တော်ဝင်အာဏာကို ကာကွယ်ရန် တတ်နိုင်သမျှလုပ်ဆောင်ခဲ့သည်။

ရင်ကျန့်အရွယ်ရောက်ပြီး အာဏာကို ချုပ်ကိုင်ချိန်တွင် သူက နုတ်ထွက်သွားခဲ့သည်။ သို့သော် အပြင်လူများက ထိုအကြောင်းကို မသိကြပေ။ လွီပုဝေက နယ်နှင်ဒဏ်ပေးခံရပြီးနောက် သေဒဏ်ပေးခံခဲ့ရသည်ဟုသာ သိထားကြသည်။ အမှန်တော် လွီပုဝေ ရှန်းယန်မှ ထွက်သွားချိန်တွင် ရင်ကျန့်က သူ့ကို ကာကွယ်ပေးခဲ့သည်။ သေဒဏ်ပေးခြင်းဆိုသည်မှာလည်း သူ့ကို ကာကွယ်ပေးခြင်းတစ်မျိုးဖြစ်သည်။

လူတိုင်း၏ အကြည့်အောက်တွင် ဖြူဖွေးသော ဆံပင်များနှင့် လူတစ်ယောက်က ညီလာခံခန်းမအတွင်းသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ သူက အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှ ဖော်ပြ၍မရသော အရှိန်အဝါတစ်ခု ထွင်ပေါ်နေသည်။

" တကယ်သူပဲ။ ဝန်ကြီးချုပ်ဟောင်း လွီပုဝေ။ အဲ့ဒီတုန်းက ချင်နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်။ "

" သူက သေဒဏ်ပေးခံရတာမဟုတ်ဘူးလား။ သူက အသက်ရှင်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ "

အရာရှိအားလုံးက လွီပုဝေကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ ရရှိခဲ့သော အာဏာက တစ်ချိန်က လွီပုဝေထိန်းချုပ်ခဲ့သော အာဏာ၏ ဆယ်ပုံတစ်ပုံပင်မရှိပေ။

" ဒဏ္ဍာရီထဲက လွီပုဝေ သူ အသက်ရှင်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ ခမည်းတော်က သူ့ကို သေချာဝှက်ထားတာပဲ။ တွေးကြည့်ရင် ခမည်းတော်က တကယ်ပင်ပန်းနေပြီထင်တယ်။ သူ့ရဲ့ တာဝန်တွေကို မျှဝေပေးဖို့ လွီပုဝေကိုတောင် ပြန်ခေါ်ခဲ့တယ်။ " ကျေက်ဖုန်းက စိတ်ထဲမှ ပြုံးလိုက်သည်။

" ကျွန်တော်မျိုး လွီပုဝေက ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ " လွီပုဝေက ခန်းမထဲသို့ ဝင်လာပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

သူကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှန်းယန်ကို ပြန်လာနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဤနေရာတွင် ပြန်ရပ်နေရချိန် ချင်က ကမ္ဘာကြီးကို ပေါင်းစည်းပြီးဖြစ်လိမ့်မည်ဟု ပို၍ပင် မမျှော်လင့်ထားခဲ့ပေ။ သူက မျက်လုံးထောင့်မှ အရာရှိများကို ကြည့်လိုက်သည်။ သူ၏ ခေတ်မှ ဝန်ကြီးများအားလုံးနီးပါးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရင်ကျန့် ချင်နိုင်ငံသို့ ပြန်ရောက်လာပြီးနောက် လွီပုဝေက သူ၏ ဘေးတွင် အမြဲတမ်း နေပေးခဲ့သည်။ လွီပုဝေက ရင်ကျန့်အတွက် ဆရာတစ်ယောက်ဟုလည်း ဆိုနိုင်သည်။ ထို့အပြင် လွီပုဝေက ရှတုန်အာကိုလည်း ကယ်တင်ပေးခဲ့ပြီး မဟုတ်လျှင် ယခုအချိန်တွင် ရင်ကျန့်က သူမနှင့် တွေ့ရမည်မဟုတ်ပေ။

" ဧကရာဇ်မင်းမြတ်က အရင်အရှင်မင်းကြီးကို စိတ်မပျက်စေခဲ့ပါဘူး။ နယ်မြေတစ်ခုလုံးကို စုစည်းပြီး ကမ္ဘာကြီးကို ပေါင်းစည်းနိုင်ခဲ့တယ်။ ဒီဝန်ကြီးက ဒီနေ့ကို မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ " လွီပုဝေက ပြုံး၍ ပြောလိုက်သည်။

" ကျုံးဖု ပြန်လာတဲ့အတွက် ငါ အရမ်းဝမ်းသာတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ဝန်ကြီးတို့ ဒီနေ့ ကျုံးဖုက ပြန်ရောက်လာပြီ။ "

" ဝမ်ရှင်းဟောက်ကို ဂါရဝပြုပါတယ်။ " အရာရှိများအားလုံးက လွီပုဝေကို အရိုအသေပေးလိုက်ကြသည်။

" ဝန်ကြီးတို့ တွေ့ရတာ ဝမ်းသာပါတယ်။ " လွီပုဝေကလည်း လက်သီးလက်ဝါးဆုပ်ပြီး အရိုအသေပေးလိုက်သည်။

" နိုင်ငံတော်မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာ ငါ ကိုင်တွယ်ရမယ့် ကိစ္စရပ်တွေက အရမ်းများပြီး ရှုပ်ထွေးလွန်းတယ်။ ဒီနေ့ ဝမ်ရှင်းဟောက်ကို ပြန်ခေါ်ရတဲ့ ရည်ရွယ်ချက်က ဒီနိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်ရာမှာ ငါ့ကို ကူညီပေးဖို့ပဲ။ " ရင်ကျန့်က အရာရှိများကို ကြည့်ပြီး ပြောလိုက်သည်။

" ဒီနေ့ကစပြီး ငါ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ထူထောင်လိုက်ပြီ။ ဘယ်ဝန်ကြီးချုပ်နဲ့ ညာဝန်ကြီးချုပ်တို့အထက်မှာရှိတယ်။ တရားရုံးက ကိစ္စရပ်တွေကို ကြီးကြပ်ပြီး ငါ့ဆီက အမိန့်ကို လက်ခံရမယ်။ အင်ပါယာကိစ္စတွေကလွဲရင် ဒေသအုပ်ချုပ်ရေးနဲ့ ပြည်သူတွေရဲ့ ကိစ္စအားလုံးကို ဝန်ကြီးချုပ်က ကိုင်တွယ်ရမယ်။ ဘယ်ဝန်ကြီးချုပ်နဲ့ ညာဝန်ကြီးချုပ်တို့ရဲ့ တာဝန်ခွဲဝေမှုကို ဝန်ကြီးချုပ်ကပဲ အသေးစိတ် သတ်မှတ်ပေးလိမ့်မယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။

ဘေးနားတွင် အမှုထမ်းနေသော မိန်းမစိုးက ဝန်ကြီးချုပ်တံဆိပ်တုံး ထည့်ထားသော သေတ္တာကို ယူဆောင်ပြီး လွီပုဝေကို ပေးလိုက်သည်။

" ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ " လွီပုဝေက ဝန်ကြီးချုပ်တံဆိပ်ကို လက်ခံလိုက်သည်။

" ဝန်ကြီးတို့ " ကျောက်ဖုန်းက ပြောလိုက်သည်။

လွီပုဝေအပါအဝင် အရာရှိများအားလုံးက ကျောက်ဖုန်းကို ကြည့်လိုက်ကြသည်။

" ငါနဲ့ ခမည်းတော်နဲ့ တည်ထောင်ချင်တာက သာမန်အင်ပါယာတစ်ခု မဟုတ်ပါဘူး။ ဒီနေ့ အားလုံးရဲ့ အမြင်ကို ဖွင့်ပေးလိုက်မယ်။ ကမ္ဘာကြီးက ဝန်ကြီးတို့ ထင်သလောက် မရိုးရှင်းဘူး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်နှင့် အလင်းတန်းတစ်ခု ပေါ်လာပြီး ထျန်းရွှမ်ကြေးမုံက သူ၏ ရှေ့တွင် ပေါ်လာသည်။

အရာရှိများအားလုံးက အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ယခင် ကျောက်ဖုန်းက မူလသမိုင်းကြောင်းကိုလည်း ပြသဖူးသောကြောင့် ရုတ်ရုတ်သဲသဲ မဖြစ်သွားကြပေ။

" လူသားတွေနဲ့ အင်မော်တယ်တွေကြားမှာ ကွာခြားချက်က ဘာလို့ထင်ကြသလဲ။ " ကျောက်ဖုန်းက ဝန်ကြီးများကို ကြည့်ပြီး မေးလိုက်သည်။

" လူသားတွေရဲ့ သက်တမ်းက တိုတောင်းတယ်။ အင်မော်တယ်တွေရဲ့ သက်တမ်းက အဆုံးမရှိဘူး။ လူသားတွေမှာ လူသားခွန်အားပဲ ရှိပြီး အင်မော်တယ်တွေမှာတော့ အင်မော်တယ်စွမ်းအားရှိတယ်။ " ဟန်ဖေးက ချက်ချင်း ဖြေလိုက်သည်။

ကျောက်ဖုန်းက ပြုံးလိုက်ပြီး ယွမ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ယွမ်စွမ်းအားက ထွက်ပေါ်လာပြီး ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရွှေရောင်နဂါးအချို့က ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နတ်နဂါးတစ်ကောင်က သူ့ကို ဝန်းရံထားသည်။

" ဒါ ဒါ.... အိမ်ရှေ့စံမင်းသားက တကယ်အင်မော်တယ်လား။ "

" နဂါး ဒဏ္ဍာရီလာနတ်နဂါးပဲ။ " မယုံကြည်နိုင်စရာမြင်ကွင်းကို မြင်လိုက်ရပြီး အရာရှိအားလုံးက အံ့အားသင့်သွားကြသည်။

" ဝန်ကြီးတို့သာ ချင်အင်ပါယာကို သစ္စာရှိရှိ အမှုထမ်းရင် ငါနဲ့ ခမည်းတော်က လောကီက လွတ်မြောက်နိုင်မယ့် အခွင့်အရေးကိုလည်း ပေးနိုင်တယ်။ ထာဝရအသက်ရှည်ခြင်းက မဖြစ်နိုင်တာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏ အတွေးတစ်ချက်နှင့် ထျန်းရွှမ်ကြေးမုံမှ အလင်းတန်းရာချီ ထွက်ပေါ်လာပြီး အရာရှိများပေါ်သို့ ကျရောက်သွားသည်။

" ဒီရတနာက ထျန်းရွှမ်ကြေးမုံပဲ။ သတင်းစကားတွေကို မိုင်ပေါင်းထောင်ချီကနေ ပေးပို့နိုင်တယ်။ ပုံရိပ်တွေကိုလည်း ပေးပို့နိုင်တယ်။ မူဝါဒတွေကို အပြည့်အဝ အကောင်အထည်ဖော်ပြီးရင် မင်းတို့ကို ကျင့်စဉ်တွေ ပေးအပ်မယ်။ "

အရာရှိများက လုံးဝ အံ့အားသင့်သွားကြပြီး သူတို့ တစ်ချိန်က သိခဲ့သော အင်မော်တယ်များအကြောင်း ဒဏ္ဍာရီများက ယခု လက်တွေ့ဖြစ်လာခဲ့သည်။

All Chapters