← Chapters

အခန်း ၅၀၀

Vol. 50 Ch. 500

အခန်း ၅၀၀

Vol. 50 Ch. 500

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၅၀၀)

ကျန်းထိုင်နန်းဆောင်။

" ဖုန်းအာ ဒီထျန်းရွှမ်ကြေးမုံက တကယ် ရတနာပဲ။ ဒါန​ြံဆို ချင်အင်ပါယာက ကမ္ဘာကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မယ်။ မိုင်ပေါင်းထောင်ထျီဝေးကွာနေရင်တောင် သတင်းစကားတွေ ပေးပို့နိုင်ျယ်ဆိုတော့ စစ်ရေးကိစ္စတွေမှာ နှောင့်နှေးတာမျိုးတွေ ရှိတော့မှာမဟုတ်ဘူး။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ခမည်းတော် ထျန်းရွှမ်ကြေးမုံကတစ်ဆင့် ဆက်သွယ်တာက အဲ့ဒါရဲ့ သေးငယ်တဲ့ စွမ်းရည်လေးတစ်ခုပါပဲ။ ဒီရတနာက အနာဂတ်မှာ ချင်အင်ပါယာရဲ့ နတ်ရတနာဖြစ်လာနိုင်ပါတယ်။ ဆက်သွယ်ရေးအပြင် ချင်အင်ပါယာက သိုင်းပညာရှင်အားလုံး ဝင်ရောက်ကျင့်ကြံနိုင်မယ့် ကျင့်ကြံခြင်းနေရာတွေကိုလည်း ဖွင့်ပေးနိုင်တယ်။ ဒါ့အပြင် မိုင်ပေါင်းထောင်ချီ ဝေးကွာနေရင်တောင် ပစ္စည်းတွေ လဲလှယ်နိုင်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းလိုသားမျိုးရထားတာ တကယ်ကံကောင်းတာပဲ။ ချင်အင်ပါယာက အနာဂတ်မှာ ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာ ကြည့်ဖို့ စိတ်အားထက်သန်နေပြီ။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

" အနာဂတ်မှာ ချင်အင်ပါယာက အရမ်းသန်မာလာပါလိမ့်မယ်။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" မူဝါဒတွေကို အကောင်အထည်ဖော်တာက မင်းရဲ့ပထမခြေလှမ်းပဲ။ သိုင်းပညာကို စစ်တပ်ထဲမှာ ဖြန့်ဝေတာက မင်းရဲ့ ဒုတိယခြေလှမ်းပဲ။ ဒါဆို တတိယခြေလှမ်းကရော ဘာလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" မူဝါဒတွေကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တစ်နှစ်ခွဲလောက်လိုသေးတယ်။ ရှန်းကျိုးနယ်မြေက စစ်ပွဲတွေကို ဖြတ်သန်းလာပြီး ရှုပ်ထွေးနေတာမလို့ အချိန်လိုအပ်ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ကျုံးဖု မကြာခင်လာလိမ့်မယ်။ ငါတို့ မိသားစုက သူ့ကို ကောင်းကောင်းဆက်ဆံရမယ်။ အရင်တုန်းက မင်းရဲ့ မိခင် ရှချူးကို အသက်ရှင်လျက် ထွက်ပြေးနိုင်ခဲ့တာကျုံးဖုကြောင့်ပဲ။ သူ့ကြောင့်သာ မဟုတ်ရင် ငါမင်းတို့ကို ပြန်တွေနိုင်မှာတောင် မဟုတ်ဘူး။ ဒါကြောင့် မင်း သူ့ကို လေးလေးစားစား ဆက်ဆံရမယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ပြောလိုက်သည်။

" အသက်ကယ်ပေးတဲ့ ကျေးဇူးပဲ။ ခမည်းတော် စိတ်ချပါ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

နန်းတော်တစ်ခုလုံးက ကျောက်ဖုန်း၏ စကားများနှင့် ထျန်းရွှမ်ကြေးမုံခွဲများက တုန်လှုပ်သွားကြသည်။ အရာရှိအားလုံးက ခံစားချက်များစွာဖြင့် သူတို့အိမ်များသို့ ပြန်သွားကြသည်။ ယနေ့ ညီလာခံပြီးနောက် သူတို့က တစ်ခုကို နားလည်သွားခဲ့သည်။ ချင်အင်ပါယာ၏ ရှေ့ဆက်ရမည့် လမ်းကြောင်းမှာ အလွန်ရှည်လျားပြီး သူတို့၏ လမ်းကြောင်းကလည်း အတူတူပင်ဖြစ်သည်။

ကျောက်ဖုန်း၏ ကတိစကားက သူတို့ကို ပို၍ စိတ်အားတက်ကြွစေခဲ့သည်။ လူသားတို့၏ နယ်ပယ်ကို ကျော်လွန်ကာ ထာဝရအသက်ရှည်ခြင်း။ ၎င်းကို ဘယ်သူကမလိုချင်ဘဲနေမှာလဲ။

ရှန်းယန်မြို့တွင် ပြည်နယ်နှင့်ခရိုင်များ ခွဲထုတ်ခြင်း၊ ကျောင်းတော်များ ဆောက်လုပ်ပြီး ပြည်သူများကို အသိပညာပေးမည့် အကြောင်းအရာများကို ကြေညာပြီးနောက် ပြည်သူအားလုံး တုန်လှုပ်သွားခဲ့ကြသည်။

" အိမ်ရှေ့စံမင်းသားက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ သူတော်စင်ပဲ။ "

" အိမ်ရှေ့စံမင်းသားက ငါတို့ သာမန်ပြည်သူတွေကို ဒီလောက်တောင် ဂရုစိုက်တယ်။ ငါတို့လို့ စာတစ်လုံးမှ မတတ်တဲ့သူတွေကိုလည်း ကျောင်းတွေတည်ဆောက်​ပေးတယ်။ "

" အရင်တုန်းက အထက်တန်းလွှာတွေကပဲ စာပေတွေ တတ်မြောက်ကြတယ်။ အခုအိမ်ရှေ့စံမင်းသားရဲ့ ကျေးဇူးကြောင့် ပြည်သူအားလုံး စာရေးတတ်ဖတ်တတ်တော့မယ်။ "

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားသာ ရှိရင် ချင်အင်ပါယာက ထာဝရတည်တံ့နေလိမ့်မယ်။ " ပြည်သူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ကျောက်ဖုန်း၏ ကျောက်တော်များ တည်ဆောက်ခြင်းက ပြည်သူများကို အလွန်ဝမ်းသာသွားစေခဲ့သည်။ အသက် ၂၅ နှစ်ကျော်သူများကလည်း သူတို့တွင် သားသမီးမြေးမြစ်များ ရှိကြသည်။ ထို့နောက် သူတို့၏ မျိုးဆက်များက ကျောင်းတော်များတွင် ပညာသင်ပြီး အနာဂတ်တွင် အရည်အချင်းရှိသူများ ဖြစ်လာပေလိမ့်မည်။ ၎င်းက ချင်ပြည်သူများအတွက် ကြီးမားသော အကျိုးကျေးဇူးဖြစ်သည်။

တစ်လအတွင်း ကျောင်းတော်များ တည်ထောင်ပြီး ပြည်သူမျကို ပညာသင်ကြားပေးမည့်သတင်းက ကမ္ဘာအနှံ့ ပျံ့နှံ့သွားပေလိမ့်မည်။ ရင်ကျန့်နှင့် ကျောက်ဖုန်းတို့၏ ဂုဏ်သတင်းက အနာဂတ်တွင် မည်မျှမြင့်မားလာမည်ကို ခန့်မှန်းကြည့်နိုင်သည်။

" ပညာရပ်ပေါင်းစုံကို သင်ကြားနိုင်တယ်။ ငါတို့ လယ်သမားကျောင်းတော်က ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်ရှိလာပြီ။ ငါတို့ လယ်သမားကျောင်းတော်က တပည့်တွေကို မြန်မြန်စုစည်းပြီး ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ ရှန်းယန်ကို သွားမယ်။ "

" ဟားဟား တာအိုဝါဒ၊ ဥပဒေဝါဒ၊ ကွန်ဖြူရှပ်ဝါဒ ပညာရပ်အားလုံးက ကျောင်းတော်တွေမှာ ဆရာအဖြစ် သင်ကြားနိုင်တယ်။ ငါတို့တပည့်တွေကို အမြန်စုစည်းပြီး ဒီအခွင့်အရေးကို အမြန်အသုံးချရမယ်။ "

" ချင်အင်ပါယာမှာ ဒီလိုအိမ်ရှေ့စံမင်းသားမျိုးရှိတာ တကယ်ကံ​ကောင်းတာပဲ။ "

သာမန်ပြည်သူများအပြင် ပညာရပ်ပေါင်းစုံမှ ကျွမ်းကျင်သူများက အလားတူ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ ကျောင်းတော်များကို ပြန်လည်ထူထောင်ရန် အခွင့်အရေး ရောက်လာပြီဖြစ်သည်။ ယခင် နိုင်ငံအသီးသီး တည်ရှိချိန်တွင် ဥပဒေပညာရှင်များနှင့် စစ်​ဗျူဟာပညာရှင်များကိုသာ တန်ဖိုးထားကြပြီး အခြားပညာရပ်မျကို ဖယ်ကျဉ်ထားခဲ့ကြသည်။ ယခုတော့ ပညာရပ်အားလုံး ခေါင်းမော့လာမည့်အချိန်ကို ရော်လာပြီဖြစ်သည်။

မူဝါဒကြီးလေးခု၊ ပြည်နယ်ကိုးခုနှင့် ခရိုင် ၃၆ခု၊ အင်ပါယာတစ်ဝှမ်း ကျောင်းတော်များ တည်ထောင်ခြင်း၊ ချင်အင်ပါယာတစ်ခုလုံးက ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကြာသွားခဲ့သည်။ ရှန်းယန်မြို့က စည်ကားသိုက်မြိုက်နေခဲ့သည်။ နန်းတော်၏ အပြင်ဘက်တွင် အနီရောင်အလှဆင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ နန်းတွင်းကိုယ်ရံတော်များက လမ်းတစ်လျှောက် စောင့်ကြပ်နေပြီး အိမ်ရှေ့စံမင်းသား၏ ရထားလုံးက နန်းတော်မှ ထွက်ခွာလာသည်။ နန်းတော်မှ ရထားလုံးတစ်ရာကျော်က လက်ဆောင်ပစ္စည်းများကို တင်ဆောင်ထားသည်။

ယနေ့ ချင်မင်းသမီးက ညာဝန်ကြီးချုပ် လီစီ၏ သား လီယောင်နှင့် လက်ထပ်မည့်နေ့ဖြစ်သည်။ ဝန်ကြီးများက အလုပ်များနေကြသေယ်လည်း ယနေ့ မင်္ဂလာပွဲကို တက်ရောက်ရန်အတွက် တာဝန်အားလုံးကို ဘေးဖယ်ထားကြသည်။

လီစံအိမ်၏ အပြင်ဘက်တွင် လီစီက ဧည့်သည်များကို ကြိုဆိုနေသည်။

" ရှောက်ဖူရောက်လာပါပြီ။ "

" ဝန်ကြီးချုပ်လီကို ဂုဏ်ပြုပါတယ်။ "

" ဟားဟား အတွင်းမှာ နေရာယူပေးပါ။ အားလုံး စီစဉ်ထားပါတယ်။ "

ဝန်ကြီးများက စံအိမ်သို့ အဆက်မပြတ် ရောက်လာကြသည်။ လမ်းဘေးနှစ်ဖက်တင် ပြည်သူများက ခမ်းနားသော မင်္ဂလာပွဲကို ကြည့်ရှုနေကြသည်။ အချိန်အတော်ကြာပြီးနောက် တီးမှုတ်သံများ ထွက်ပေါ်လာပြီး အိမ်ရှေ့စံမင်းသား၏ ရထားလုံးက ရောက်ရှိလာသည်။ ယာဉ်တန်း၏ ရှေ့ဆုံးရှိ မြင်းပေါ်တွင် လီယောင်က စိတ်လှုပ်ရှားစွာဖြင့် ရှိနေသည်။

" အဖေ ကျွန်တော်တို့ ရောက်ပါပြီ။ " လီယောင်က စိတ်လှုပ်ရှားစွာဖြင့် မြင်းပေါ်မှ ဆင်းလိုက်သည်။

" အင်း " လီစီက ခေါင်းညိမ့်လိုက်သည်။

ထို့နောက် ကျောက်ဖုန်းက ရထားလုံးပေါ်မှ ဆင်းလာသည်။ သူ၏ နောက်တွင် အနီနှင့်အနက် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသော ကျောက်ရင်ရှိနေပြီး သူမ၏ မျက်နှာကို ပဝါနှင့် အုပ်ထားသည်။

" လာခဲ့။ " ကျောက်ဖုန်းက ပြုံး၍ သူ၏ ညီမကို လက်ကမ်းပေးလိုက်သည်။

" ဟုတ်ကဲ့။ " ကျောက်ရင်က သူမ၏ အစ်ကိုလက်ကို ကိုင်လိုက်သည်။

" အိမ်ရှေ့စံမင်းသားကို ကြိုဆိုပါတယ်။ " လီစီက ရှေ့တိုးလာပြီး ဦးညွှတ်လိုက်သည်။

" ဝန်ကြီးချုပ်လီ အခမ်းအနားတွေ မလိုပါဘူး။ဒီနေ့က အိမ်ရှေ့စံဆိုတာ မရှိပါဘူး။ညီမကို လက်ထပ်ပေးမယ့် အစ်ကိုတစ်ယောက်ပဲ ရှိပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကောင်းပါပြီ။ " လီစီက ခေါင်းညိမ့်လိုက်သည်။

" အထဲဝင်ကြရအောင်။ " ကျောက်ဖုန်းက ကျောက်ရင်၏ လက်ကို ကိုင်ပြီး အိမ်ထဲသို့ ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။

ကျောက်ဖုန်း ရောက်ရှိလာပြီးနောက် ရန်ရှောင်က ရောက်လာပြီး နောက်တွင် တော်ဝင်ရထားလုံးက လိုက်ပါလာသည်။

" ဧကရာဇ်မင်းမြတ်ကို ကြိုဆိုပါတယ်။ မိဖုရားခေါင်ကြီးကို ကြိုဆိုပါတယ်။ " လီစီက ရှေ့တိုးပြီး ဦးညွှတ်လိုက်သည်။

ရင်ကျန့်က ရှတုန်အာ၏ လက်ကို ကိုင်ပြီး ရထားလုံးပေါ်မှ ဆင်းလာသည်။

" အားလုံးပဲ သက်သောင့်သက်သာ နေကြပါ။ဒီနေ့က ငါ့သမီးရဲ့ မင်္ဂလာပွဲဖြစ်လို့ အခမ်းအနားတွေ မလိုပါဘူး။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ကြွပါ။ " လီစီက ရိုသေစွာ ပြောလိုက်သည်။

စံအိမ်ထဲတွင် ဧည့်သည်များဖြင့် ပြည့်နှက်နေသည်။ လူတိုင်းက အဆင့်မြင့်ဝန်ကြီးများဖြစ်ကြသည်။ အကြောင်းမှာ လီစီက ချင်အင်ပါယာ၏ ညာဝန်ကြီးချုပ်ဖြစ်ပြီး ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ ဒုတိယအချက်မှာ သတိုးသမီးက မင်းသမီးဖြစ်ပြီး မင်္ဂလာပွဲသို့ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးနှစ်ယောက်လုံး တက်ရောက်ခြင်းဖြစ်သည်။

ထိပ်ဆုံးတွင် ရင်ကျန့်နှင့် ရှတုန်းအာတို့ ရှိနေပြီး ကျောက်ဖုန်းနှင့် သူ၏ ဇနီးတို့က ဘေးတွင် ရှိနေကြသည်။ လီစီနှင့် သူ၏ ဇနီးတို့က ရင်ကျန့်ထက် တစ်ဆင့်နိမ့်သော နေရာတွင် ထိုင်နေကြပြီး အလွန်ပျော်ရွှင်နေပုံရသည်။

မင်္ဂလာပွဲတွင် အပြန်အလှန်ဦးညွှတ်ပြီး ကောင်းကင်နှင့်မြေကြီးကို ဂါရဝပြုခြင်းတို့ ပါဝင်သည်။ ၎င်းက ဟွာရှလူမျိုးများ၏ ရှေးဟောင်းဓလေ့များ ဖြစ်သည်။ မင်္ဂလာပွဲက အတိတ်မှ ကျောက်ဖုန်းနှင့် ဝမ်ယန်တို့၏ မင်္ဂလာပွဲထက် ပို၍ ခမ်းနားသည်။

All Chapters