← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

“အဆင့်တက်သွားပြီပဲ။”

ကျန်းဟန် အနည်းငယ် အံ့ဩသွားသော်လည်း ၎င်းကို မျှော်လင့်မထားခဲ့သည်တော့ မဟုတ်ပေ။ ယခုအချိန်တွင် ပိုင်လင်း စားသုံးနေသမျှ အရာအားလုံးက အရည်အသွေး အလွန်မြင့်မားလှသည့်အပြင် ပြင်းထန်သော လေ့ကျင့်ခန်းများနှင့် အံ့ဖွယ်ဆင့်ကဲပြောင်းလဲခြင်း၏ အာနိသင်များပါ ပေါင်းစပ်လိုက်သောအခါ အသေးစားနယ်ပယ်တစ်ခုသို့ ထိုးဖောက်တက်လှမ်းနိုင်ခြင်းက ဆန်းကြယ်သော အရာမဟုတ်တော့ချေ။

ထို့အပြင် သားရဲတစ်ကောင်သည် လက်ရွေးစင်အဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည် သားပေါက်ဘဝအဆင့်မှ ကြီးထွားမှုအဆင့်သို့ ကူးပြောင်းသွားခဲ့ပြီဖြစ်ရာ ယင်းက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်းဆုံးသော အချိန်ကာလပင် ဖြစ်သည်။

ဤအဆင့်တွင် သားရဲထိန်းချုပ်သူတစ်ဦးသည် ၎င်းတို့၏ သားရဲကို လုံလောက်သော စွမ်းအင်ဆေးရည်များ ပံ့ပိုးပေးနိုင်ပြီး ပြင်းထန်သော လေ့ကျင့်ခန်းများနှင့် ပေါင်းစပ်လိုက်ပါက သားရဲမှာ တစ်ရက်ထက်တစ်ရက် သိသိသာသာ ပြောင်းလဲတိုးတက်လာနိုင်ပေသည်။

၎င်းသည် ကျန်းဟန်တစ်ဦးတည်းတင် မဟုတ်ဘဲ အခြားသူများလည်း ထို့အတူပင် ဖြစ်သည်။

ထို့အပြင် နောက်ရက်အနည်းငယ်အတွင်း ကျင်းပမည့် နိုင်ငံတော် အဆင့် ၂ သားရဲထိန်းချုပ်ခြင်း ဥယျာဉ်သို့ သွားရောက်လည်ပတ်ခွင့်နေရာများ ရရှိရေးအတွက် ယခုအချိန်တွင် လူတိုင်းက ၎င်းတို့၏ သားရဲများကို အဆင့်မြှင့်တင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ထိုနေရာပေါင်း တစ်ရာဆိုသည်မှာ တကယ့်ကိုပင် ရှားပါးပြီး ရခဲလှသော အခွင့်အရေးဖြစ်သဖြင့် မိဘများသည် ၎င်းတို့၏ သားသမီးများအတွက် အဆင့်မြင့်ပစ္စည်းများကို ဝယ်ယူပေးရန် ၎င်းတို့၏ စုဆောင်းငွေများကိုပင် ထုတ်သုံးနေကြပြီ ဖြစ်သည်။

ပိုင်လင်းသည် ယခုအခါ ၂၅၀ ဒီဂရီ အပူချိန်အောက်တွင်ပင် မည်သို့မျှ မမှုဘဲ လွတ်လပ်စွာ အသက်ရှူကာ ၎င်း၏ စွမ်းအင်များကို လှည့်ပတ်နေနိုင်ပြီ ဖြစ်သည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီမှာပင် ပိုင်လင်းသည် ထိုနေ့အတွက် အသက်ရှူလေ့ကျင့်ခန်းကို အဆုံးသတ်ကာ ကျန်းဟန်၏ ဘေးနားသို့ လျှောက်လှမ်းလာခဲ့သည်။

“ကျိ...”

ပိုင်လင်းက ရွှင်လန်းစွာ အော်ဟစ်လိုက်သည်။

“မဆိုးဘူး။ ဒီအတိုင်း ဆက်ပြီးကြိုးစားထား။”

ကျန်းဟန်က ပိုင်လင်း၏ခေါင်းကို ပုတ်ပေးလိုက်သည်။ ပိုင်လင်း၏ မျက်လုံးများသည် ယခုအခါ ဖြည်းဖြည်းချင်း ခရမ်းရောင်သို့ ပြောင်းလဲလာနေပြီ ဖြစ်ပြီး ယင်းက ၎င်း၏ သားရဲအမြုတေသည် သန့်စင်မိုးကြိုးအမြုတေအဖြစ် အသွင်ပြောင်းလဲနေပြီ ဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။

“ကောင်းပြီ... သွားကြစို့။ ဖိအားလေ့ကျင့်ခန်းကို ဆက်လုပ်ကြမယ်။”

ကျန်းဟန်က ပိုင်လင်းကို ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး ပိုင်လင်းကို လေ့ကျင့်ပေးရန် ဖိအားများ ထုတ်လွှတ်ဖို့ သူ၏ နဂါးဦးချိုဆွဲကြိုးကို အသက်သွင်းလိုက်သည်။

ယခုအချိန်တွင် ပိုင်လင်းသည် ဤနဂါး၏ ဖိအားကို အသားကျနေပြီ ဖြစ်သဖြင့် အပြင်ဘက်အဝန်းအဝိုင်းတွင် ခုန်ပေါက်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်နေပြီ ဖြစ်သော်လည်း ၎င်းအနေဖြင့် ဖိအားစွမ်းရည်ကို နားလည်သဘောပေါက်မည့်နေ့ကတော့ ဝေးကွာနေသေးပုံရသည်။

မကြာမီမှာပင် ထိုနေ့အတွက် လေ့ကျင့်ခန်း ပြီးဆုံးသွားခဲ့ပြီး ကျန်းဟန်သည် ပင်ပန်းနွမ်းနယ်နေသော ပိုင်လင်းကို သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းကာ အစာစားရန် ထွက်လာခဲ့လိုက်သည်။

သို့သော်လည်း ထမင်းစားဆောင်သို့ သွားရာလမ်းတွင် သူ့ဖုန်းမှ အသံမြည်လာခဲ့သည်။

“အစ်မယိ...”

သူ ဖုန်းကို ကိုင်လိုက်၏။ ၎င်းမှာ ဆရာမ ဝမ်ယိထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။

“ဒီဘက်ကို လာခဲ့ဦး။ ဟုတ်ဟုတ်အတွက် လုပ်ထားတဲ့ အဆင့်မြှင့်တင်ရေး ဆေးရည် ရောက်ပြီ။”

ဆရာမ ဝမ်ယိက ဖုန်းထဲမှတစ်ဆင့် ပြောလိုက်သည်။

“ကောင်းပါပြီ အစ်မယိ ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်။”

ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး ဆရာမ ဝမ်ယိ၏ ရုံးခန်းဆီသို့ ချက်ချင်းပင် ဦးတည်လိုက်တော့သည်။

ဆယ်မိနစ်ခန့်အကြာတွင် ကျန်းဟန်သည် ဆရာမ ဝမ်ယိ၏ ရုံးခန်းရှေ့သို့ ရောက်ရှိလာခဲ့သည်။

“တံခါး သော့မခတ်ထားဘူး။ ဝင်လာခဲ့လိုက်။”

ကျန်းဟန် တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဆရာမ ဝမ်ယိက သူ့ကို အာရုံခံမိသွားခဲ့သည်။

“ဟုတ်ကဲ့ အစ်မယိ။”

ကျန်းဟန် တံခါးကိုဖွင့်ကာ အတွင်းသို့ ဝင်လာခဲ့လိုက်သည်။ တံခါးကို ပြန်ပိတ်ပြီးနောက် ကြမ်းပြင်တစ်ခုလုံးတွင် ဆေးရည်ပုလင်းများ ပျံ့ကြဲနေသည်ကို သူ မြင်လိုက်ရသည်။

၎င်းတို့မှာ ဆရာမ ဝမ်ယိထံတွင် သူ အပ်နှံထားခဲ့သော ဆေးရည်များ ဖြစ်ကြောင်း သူ တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။ သူမက ဒါတွေကို ဘာလို့ အခုမှ အကုန်ထုတ်ထားရတာပါလိမ့်။

“အစ်မယိ... တစ်ခုခု ဖြစ်လို့လား။”

ဆရာမ ဝမ်ယိ၏ မျက်နှာအမူအရာ မကောင်းသည်ကို ကျန်းဟန် သတိပြုမိသွားသဖြင့် တိုးညင်းစွာ မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ မင်းနဲ့ မဆိုင်တဲ့ ကိစ္စပါ။ ဒါပေမဲ့ ငါ ကန်မြို့ကနေ ခဏ ထွက်သွားရဖို့ ရှိနေတယ်။ ဒါကြောင့် မင်းအတွက် ဒီဆေးရည်တွေကို ဆက်ပြီး သိမ်းထားမပေးနိုင်တော့ဘူး။”

ဆရာမ ဝမ်ယိက သက်ပြင်းချရင်း ပြောလိုက်သည်။

“ကန်မြို့ကနေ ထွက်သွားမလို့လား။”

ကျန်းဟန် ထိုစကားကို ကြားလိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားခဲ့ရသည်။

“အင်း... ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာတော့ အသေအချာ မပြောတတ်သေးဘူး။ ငါ ကိုင်တွယ်စရာ ကိစ္စအချို့ ရှိနေလို့ပါ။ တကယ်လို့ မင်း တစ်ခုခု လိုအပ်တာရှိရင် ဖုန်းကနေတစ်ဆင့် ငါ့ကို ဆက်သွယ်လို့ရတယ်။ ငါ မြင်တဲ့အချိန်ကျရင် ပြန်စာပို့ပေးယ်။”

“ဒါ့အပြင် မင်း စီနီယာ မွေးမြူရေးပညာရှင် လျိုယွဲ့ဆီကိုလည်း သွားပြီး အကူအညီတောင်းလို့ရတယ်။ ငါ သူမကို မှာထားခဲ့ပြီးသားမို့လို့ မင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီစောင့်ရှောက်ပေးလိမ့်မယ်။”

ဆရာမ ဝမ်ယိက နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ တောင်လှလှနှင့် ရေကြည်ကြည်ရှိသော ဤတိတ်ဆိတ်ငြိမ်းချမ်းသည့် မြို့ငယ်လေးဖြစ်သည့် ကန်မြို့တွင် သူမ အလွန်ပျော်ရွှင်စွာ နေထိုင်ခဲ့သော်လည်း နောက်ဆုံးတွင်တော့ သူမ ထွက်ခွာသွားရတော့မည် ဖြစ်သည်။ သူမသည် ထိုဒီရေလှိုင်းလုံးကြီးထဲသို့ ဆွဲသွင်းခံရခြင်းမှ အဆုံးသတ်တွင် ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပေ။

“ကျွန်တော် နားလည်ပါပြီ အစ်မယိ။ အစ်မ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”

ကျန်းဟန်က ထပ်မံ၍ မေးခွန်းများ မမေးတော့ဘဲ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

အဆင့် ၅ ဘွဲ့ရ သားရဲထိန်းချုပ်သူတစ်ဦးဖြစ်သည့် ဆရာမ ဝမ်ယိပင်လျှင် ဤမျှအထိ စိတ်သောကရောက်နေရသည်ဆိုပါက အဆင့် ၂ ပင် မပြည့်သေးသည့် သားရဲထိန်းချုပ်သူလေး ဖြစ်သော သူသည် သူမ၏ ပြဿနာများကို ဖြေရှင်းပေးရန် သေချာပေါက် ကူညီနိုင်လိမ့်မည် မဟုတ်ချေ။

“ဟားဟား...စိတ်မပူပါနဲ့။ ငါ့အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိတော့ မဟုတ်သေးပါဘူး။ အခြေအနေက နည်းနည်းလေး ရှုပ်ထွေးနောက်ကျိနေလို့ပါ။”

ဆရာမ ဝမ်ယိက ရယ်မောရင်း ကျန်းဟန်ကို ခရမ်းရင့်ရောင် ဆေးရည်ပုလင်း သုံးလုံး ပြသလိုက်သည်။

“ဒီဆေးရည်တွေက သွေးအရိပ်ညဇီးကွက်ရဲ့ စွမ်းရည် ဆင့်ကဲပြောင်းလဲဖို့အတွက်ပဲ။ အသုံးပြုပုံ ညွှန်ကြားချက်တွေကို ဒီစာရွက်ပေါ်မှာ အကုန်ရေးပေးထားတယ်။ ဟုတ်ဟုတ်ကို တိုက်ကျွေးတဲ့အခါ ဒီအတိုင်းပဲ လိုက်လုပ်လိုက်ပါ။”

“ပြီးတော့ ဒီဆေးရည်တွေ ထည့်ဖို့အတွက်လည်း မင်း စိတ်ပူနေစရာ မလိုဘူး။ ဒါက ငါ ပုံမှန်သုံးနေကျ သိုလှောင်သေတ္တာပဲ။ ဒါကို ဟင်းလင်းပြင်ဂုဏ်သတ္တိရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ရဲ့ အရိုးတွေနဲ့ ပြုလုပ်ထားတာမို့လို့ ဒီပစ္စည်းတွေကို သိမ်းဆည်းထားနိုင်တယ်။ ယူထားလိုက်ပါ။ အခု ငါ့မှာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင် ရှိနေပြီဆိုတော့ ဒါကို မလိုတော့ဘူး။ ဒါကြောင့် ငါ့ကို အားနာမနေနဲ့။”

ဆေးရည်များအကြောင်း ရှင်းပြပြီးနောက် ဆရာမ ဝမ်ယိသည် လက်ဖဝါးခန့် အရွယ်အစားရှိသော သလင်းကျောက်သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ အတွင်း၌ အကန့်အသေးလေး ဆယ်ကန့် ပါရှိပြီး တစ်ကန့်စီတွင် ပစ္စည်း တစ်ကုဗမီတာခန့် စီ သိုလှောင်ထားနိုင်စွမ်း ရှိသည်။

“ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ် အစ်မယိ။”

ကျန်းဟန် သေတ္တာကို လှမ်းယူကာ အလေးအနက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဤအရာ၏ သိုလှောင်မှုဟင်းလင်းပြင်မှာ မကြီးမားလှသော်လည်း ၎င်း၏ အသုံးဝင်ပုံကတော့ အဆမတန် ထူးခြားလှပေသည်။

“အသေးအဖွဲကိစ္စ‌လေးပါပဲ။ ကောင်းပြီ... ဒါကို ဘယ်လိုသုံးရမလဲဆိုတာ ငါ မင်းကို သင်ပေးမယ်။”

ဆရာမ ဝမ်ယိက လက်ကာပြလိုက်ပြီး သိုလှောင်သေတ္တာကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။

“ဒီသေတ္တာထဲမှာ အထူး ဝိညာဉ်ကျောက်တုံးတစ်ခု ရှိတယ်။ မင်း ဒါကို ဖွင့်ပြီးတာနဲ့ မင်း သိမ်းဆည်းချင်တဲ့ ပစ္စည်းဆီကို ချိန်ရွယ်လိုက်ပါ။ ပြီးရင် မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို သုံးပြီး လမ်းညွှန်ပေးလိုက်ရုံပဲ။ အရင်ဆုံး တစ်ချက်လောက် စမ်းကြည့်လိုက်ဦး။”

ကျန်းဟန် ခေါင်းညိတ်ကာ စမ်းသပ်ကြည့်လိုက်ရာ မကြာမီမှာပင် စာအုပ်အချို့ကို သေတ္တာထဲသို့ သိမ်းဆည်းနိုင်ခဲ့သည်။

သူ၏ စိတ်စွမ်းအားသည် လက်ရှိတွင် စင်တီမီတာအနည်းငယ်မျှသာ မနည်းဖြန့်ကျက်နိုင်သေးသော်လည်း ဤသိုလှောင်သေတ္တာထဲရှိ ဝိညာဉ်ကျောက်တုံးတွင် စွမ်းအားမြှင့်တင်ပေးသည့် အာနိသင် ရှိနေသဖြင့် ပစ္စည်းများကို လွယ်ကူစွာ သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို အလွန်ပင် ပါးနပ်စွာ ဒီဇိုင်းထွင်ထားခြင်းဖြစ်ပေသည်။

အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် သူသည် နည်းလမ်းကို အတော်အတန် တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

“ငါ ဒီဆေးရည်တွေကို မင်းအတွက် စနစ်တကျ ထုပ်ပိုးပေးထားတယ်။ မင်း ဒါတွေကို အထဲထဲ တိုက်ရိုက် ထည့်လိုက်ရုံပဲ။”

ကျန်းဟန် နည်းလမ်းကို တတ်မြောက်သွားသည်ကို မြင်သောအခါ ဆရာမ ဝမ်ယိက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းဟန်က ခေါင်းညိတ်ပြီး ဆေးရည်ပုလင်းအားလုံးကို သိုလှောင်သေတ္တာထဲသို့ ထည့်လိုက်သည်။

“အခု ပစ္စည်းတွေ အကုန်သိမ်းပြီးပြီဆိုတော့ မင်း သွားလို့ရပြီ။ ဆက်ပြီး ကြိုးစားပါ။ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ မင်း နာမည်ကြီးလာမယ့်အချိန်ကို ငါ စောင့်နေမယ်။”

ဆရာမ ဝမ်ယိက ပြုံးလျက် ထိုသို့ပြောရင်း ကျန်းဟန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။

“ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ် ဆရာမ။”

ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် လေးလံသော စိတ်နှလုံးဖြင့် ထွက်ခွာလာခဲ့သည်။

လမ်းခွဲခြင်းဆိုသည်မှာ လူ့ဘဝ၏ သဘာဝတရားတစ်ခုဖြစ်ပြီး ဆုံစည်းခြင်းဆိုသည်မှာလည်း ခေတ္တခဏသာဖြစ်ကြောင်း သူ သိထားသော်လည်း ဆရာမ ဝမ်ယိ၏ ထွက်ခွာသွားမှုက သူ့ကို အတိုင်းအတာတစ်ခုအထိ စိတ်မကောင်း ဖြစ်စေခဲ့ဆဲပင်။

ထို့နောက်တွင်မူ သူသည် ထမင်းစားဆောင်သို့ တိုက်ရိုက်သွားကာ အစာစားလိုက်ပြီး အစာစားပြီးနောက် မိမိကိုယ်ကိုယ် လေ့ကျင့်ရန် ကွင်းပြင်ဆီသို့ လျှောက်သွားလိုက်သည်။ တောင်ထိပ်သို့ တက်လှမ်းရမည့် လမ်းခရီးက အမြဲတမ်း လွန်စွာ အထီးကျန်ဆန်လှပေသည်။

ထိုနေ့မွန်းလွဲပိုင်းတွင်ပင် အတန်းထဲရှိ ကျောင်းသားများသည် ဆရာမ ဝမ်ယိထွက်ခွာသွားသည့် သတင်းကို ရရှိခဲ့ကြ၏။ သူတို့အားလုံး စုရုံးကာ ဆရာမ ဝမ်ယိ၏ ရုံးခန်းသို့ သွားရောက်ခဲ့ကြချိန်တွင်မူ သူမက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ကျန်းဟန်မှာမူ အတန်းထဲတွင် အပေါင်းအသင်းမရှိဘဲ အထီးကျန်နေသည့် ကျောင်းသားတစ်ဦးဖြစ်ရာ သဘာဝအတိုင်း မည်သူကမျှ သူ့ကို လာရောက်အကြောင်းမကြားခဲ့ကြချေ။ အစာစားပြီးကတည်းက သူသည် ကွင်းပြင်ရှိ သစ်စိမ်းပင်ကြီးများအောက်တွင် မိုးချုပ်သည်အထိ တရားမှတ်နေခဲ့သည်။

အနောက်ဘက် မိုးကုတ်စက်ဝိုင်းတစ်ခုလုံးသည် ဝင်လုဆဲဆဲ နေမင်း၏ ရောင်ခြည်ကြောင့် သွေးကဲ့သို့ ရဲရဲနီနေသည့် အချိန်တွင်ပင် ကျန်းဟန်၏ ခန္ဓာကိုယ်ထဲမှ မမြင်နိုင်သော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဘေးပတ်လည်ရှိ ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။

သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူ၏ မူလက နက်မှောင်သော သူငယ်အိမ်များသည် ပိုမိုနက်ရှိုင်းသွားခဲ့ပြီး အတွင်း၌ အလင်းတန်းများ စီးဆင်းနေသည့်အလား အဆုံးမရှိသော တည်ငြိမ်အေးချမ်းသည့် ရေကန်ကြီးများကဲ့သို့ ဖြစ်နေတော့သည်။

“ဟူး... ဒါက အမြင်အာရုံလေ့ကျင့်ခြင်းရဲ့ ဒုတိယမြောက် နယ်ပယ်လား။ ဒါက တကယ်ကိုပဲ ငါ ယခင်က မြင်နိုင်ခဲ့တာထက် ပိုပြီး ဝေးဝေးအထိ မြင်နိုင်တာပဲ။ ပြီးတော့ အလင်းရောင်ရဲ့ သက်ရောက်မှုကိုလည်း မခံရတော့ဘူး။”

ကျန်းဟန် သက်ပြင်းတစ်ချက်ချရင်း အံ့ဩတသစွာ ရေရွတ်လိုက်သည်။

မှန်ပေသည်။ ရက်ပေါင်းများစွာ ကြိုးစားကျင့်ကြံပြီးနောက် သူသည် အမြင်အာရုံကျင့်ကြံခြင်း၏ ဒုတိယအဆင့်ဖြစ်သော အမှောင်ကို အလင်းအဖြစ် ရှုမြင်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လုံးဝ မှောင်မည်းနေသော အမှောင်ထုထဲတွင်ပင် သူသည် နေ့ခင်းဘက်ကဲ့သို့ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်သည်။

ထို့အပြင် အလင်းပြန်ခြင်း၊ အလင်းယိုင်ခြင်း နှင့် အလင်းပျံ့ခြင်း စသည့် အလင်းရောင်၏ နှောင့်ယှက်မှုများ ရှိနေလျှင်ပင် သူသည် အရာဝတ္ထုများကို ပြတ်သားစွာ မြင်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။

နောက်ထပ်ဆိုပါက သူသည် အမြင်အာရုံကျင့်ကြံခြင်း၏ နောက်ဆုံးအဆင့်ဖြစ်သော အလင်းစီးမျောခြင်းသို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ယင်းကို အောင်မြင်ပြီးဆုံးသွားပါက သူသည် အဆင့် ၂ သားရဲထိန်းချုပ်သူတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး ထို့နောက်တွင်မူ သူ၏ အကြားအာရုံ ကျင့်ကြံခြင်းကို စတင်နိုင်တော့မည် ဖြစ်သည်။

All Chapters