← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

ဟုတ်ဟုတ်ကို စိတ်အေးသွားအောင် ချော့မော့ပြီးနောက် ကျန်းဟန်သည် ၎င်းကို သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် ကျန်ရှိနေသော သဲလွန်စအကြွင်းအကျန်များကို ရှင်းလင်းကာ စိတ်စွမ်းအားကျင့်စဉ်ကို ထပ်မံမကျင့်ကြံတော့ဘဲ တိုက်ရိုက်ပင် အနားယူလိုက်တော့သည်။

သူသည် မွန်းလွဲပိုင်းကတည်းက စိတ်စွမ်းအားကျင့်စဉ်ကို အချိန်အတော်ကြာ ကျင့်ကြံထားခဲ့ပြီးဖြစ်ရာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ ပြန်လည်ပြည့်ဖြိုးလာခြင်း မရှိသေးချေ။ ထပ်မံကျင့်ကြံနေပါက ဆန့်ကျင်ဘက်ရလဒ်များသာ ထွက်ပေါ်လာပြီး မိမိကိုယ်ကိုယ်သာ ထိခိုက်စေမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့သို့ ရောက်ရှိလာခဲ့သည်။

ယခုအခါ အောက်တိုဘာလလယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဆောင်းဦးလေပြေက အေးစက်ခြောက်သွေ့ခြင်း မရှိသေးသော်လည်း လူများသည် လက်ရှည်အကျီများကို ဝတ်ဆင်နေကြပြီဖြစ်ပြီး သစ်ရွက်များမှာလည်း တဖြည်းဖြည်း ဝါးမြန်းလာကာ မသိမသာ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်းအငွေ့အသက်များကို သယ်ဆောင်လာနေခဲ့သည်။

ကျောင်းတွင် မနက်စာစားပြီးနောက် ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ကာ မြို့ထဲရှိ ချင်းယွမ် လေ့ကျင့်ရေးကွင်းသို့ ထွက်လာခဲ့လိုက်၏။ ယခုတစ်ခေါက် လူရွေးပွဲကိုလည်း ထိုနေရာ၌ပင် ကျင်းပမည် ဖြစ်သည်။

ရှန်းဟွာမြို့နယ်ကို ကိုယ်စားပြုပြီး ခရိုင်လေးခု ပူးပေါင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အရင်ဆုံး ဤလူရွေးပွဲကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ကျန်းဟန်သည် ငွေကြေးဆုကြေးကြောင့်သာ လီဇီဝေ၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော ပြိုင်ပွဲမျိုးက မိမိအတွက် အကျိုးကျေးဇူးများစွာ ရှိပေသည်။ စွမ်းအင် အတော်အတန် ကုန်ဆုံးမည်ဖြစ်သော်လည်း များပြားလှသော ငွေကြေးနှင့် ကျော်ကြားမှုကို ရရှိစေနိုင်သည်။

ကျန်းဟန်ကဲ့သို့ မည်သည့်ရာထူးအဆင့်အတန်းနှင့် အသိုင်းအဝိုင်းနောက်ခံမျှမရှိသော သူတစ်ဦးအတွက်မူ ဤကျော်ကြားမှုသည် အချို့သော အဖွဲ့အစည်းများနှင့် သားရဲလေ့ကျင့်ရေးဂိုဏ်းများ၏ ခေါ်ယူခြင်းကို ခံရရန် အကောင်းဆုံး လမ်းစဉ်တစ်ခုပင် ဖြစ်သည်။

“နင် ရောက်ပြီလား။”

ကျောင်းတံခါးဝမှ ထွက်လာရုံသာရှိသေးစဉ်မှာပင် ကျန်းဟန်ထံသို့ လီဇီဝေထံမှစာတစ်စောင် ရောက်ရှိလာခဲ့သည်။

“မရောက်သေးဘူး။ လမ်းမှာပဲ ရှိသေးတယ်။”

ကျန်းဟန် ပြန်စာပို့လိုက်ပြီး ဖုန်းကို ပြန်သိမ်းလိုက်သည်။

ယခုမှ နံနက် ခုနစ်နာရီကျော်သာ ရှိသေးပြီး လူရွေးပွဲ စတင်ရန် မိနစ်လေးဆယ်ခန့် လိုသေးသဖြင့် လုံးဝ အလျင်လိုနေစရာ မလိုပေ။

လမ်းမများပေါ်တွင် အလုပ်သွားရန် အလုပ်ရှုပ်နေကြသော လမ်းသွားလမ်းလာများနှင့် ပြည့်နှက်နေသည်။ လူတိုင်းတွင် သားရဲထိန်းချုပ်သူတစ်ဦးစီ ရှိကြသော်လည်း လူအများစုမှာတော့ အလုပ်လုပ်နေကြရဆဲ ဖြစ်သည်။

ကျန်းဟန်သည် သူ၏ခြေလှမ်းများကို မရပ်တန့်ဘဲ လူစုလူဝေးရှိသော လမ်းများကို လျင်မြန်စွာ ဖြတ်ကျော်ကာ ချင်းယွမ် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် မြို့၏အစွန်အဖျားတွင် တည်ရှိပြီး လူသူကင်းမဲ့လုနီးပါး ဖြစ်နေသည်။

“ခုထိ နောက်က လိုက်နေတုန်းပဲလား။ ငါ့မှာ အခုလောလောဆယ် ပိုက်ဆံမရှိဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။”

ကျန်းဟန် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကာ ပြောလိုက်သည်။

ကျောင်းကနေ ထွက်လာပြီး မကြာခင်ကတည်းက တစ်စုံတစ်ယောက်က သူ့နောက်သို့ အမြဲမပြတ် လိုက်ပါနေသည်ကို သူ ခံစားမိခဲ့သည်။ အနည်းငယ် တွေးတောပြီးနောက်တွင်မူ ၎င်းတို့သည် အတိုးကြီးချေးငွေကုမ္ပဏီမှ လူများဖြစ်လိမ့်မည်ဟု ကျန်းဟန် ခန့်မှန်းမိလိုက်သည်။ ထိုလူများသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော သားရဲကုန်သည်ကို ရှာမတွေ့သဖြင့် ၎င်း၏အစား သူ့ကို လာရောက်ဒုက္ခပေးကြခြင်း ဖြစ်တန်ရာသည်။

“မင်းတို့ပဲလား။”

သို့သော်လည်း ကျန်းဟန် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ရောက်ရှိလာသောသူများသည် အတိုးကြီးချေးငွေကုမ္ပဏီမှ လူများမဟုတ်ဘဲ သူ အလွန် ရင်းနှီးကျွမ်းဝင်နေသည့် လူနှစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“ကျန်းဟန်...မင်း ဒါကို မျှော်လင့်မထားဘူး မဟုတ်လား။ ဒီနေ့ ငါတို့ရဲ့ အကြွေးဟောင်း အကြွေးသစ်တွေကို အကုန်လုံး တစ်ခါတည်း ရှင်းကြတာပေါ့။”

“မင်းက တကယ့်ကို လိပ်တစ်ကောင်လို ပုန်းအောင်းနေတာပဲ။ ငါတို့ မင်း တစ်ခေါက်လောက် ထွက်လာမှာကို ငါးရက်တောင် ခါးသီးစွာ စောင့်ခဲ့ရတယ်။”

စကားပြောနေသူများသည်ကား အခြားသူများမဟုတ်ဘဲ ချန်ကန်းနှင့် ခဲ့ရွှမ်းလီတို့ပင် ဖြစ်ကြသည်။

ဤလူနှစ်ဦးသည် ယခင်က ကျန်းဟန်အား ခြောက်လှန့်ငွေညှစ်မှု အထောက်အထားများကို ရှာဖွေတွေ့ရှိပြီးနောက် ထောင်ထဲသို့ ပို့ဆောင်ခြင်း ခံခဲ့ရသူများ ဖြစ်သော်လည်း မည်သို့မည်ပုံမသိဘဲ လမ်းခုလတ်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး မကောင်းဆိုးဝါးအဖွဲ့အစည်းဖြစ်သည့် ကောင်းကင်မဟာမိတ်အဖွဲ့သို့ ဝင်ရောက်သွားခဲ့ကြသည်။

ကန်မြို့ရှိ ကောင်းကင်မဟာမိတ်အဖွဲ့၏ ဂိုဏ်းခွဲကို သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့နှင့် သားရဲထိန်းချုပ်ခြင်း စီမံခန့်ခွဲရေးအဖွဲ့တို့မှ စေလွှတ်လိုက်သော အထူးကိုယ်စားလှယ်များက ရှင်းလင်းချေမှုန်းခဲ့ပြီးဖြစ်ရာ ကျန်းဟန်အနေဖြင့် ၎င်းတို့အားလုံး အဖမ်းခံလိုက်ရပြီဟု ထင်မှတ်ထားခဲ့သော်လည်း ပိုက်ကွန်ထဲမှ လွတ်မြောက်သွားသည့် ငါးအချို့ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

သို့သော်လည်း ဒါက သဘာဝကျပါသည်။ သားရဲထိန်းချုပ်ခြင်းကြောင့် ဤကမ္ဘာမြေကြီးက သူ ရင်းနှီးကျွမ်းဝင်ခဲ့သော ကမ္ဘာနှင့် မတူတော့ပေ။

မှောင်ခိုနှင့် မကောင်းဆိုးဝါး အင်အားစုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သားရဲထိန်းချုပ်သူ အများအပြားသည် အကြောင်းအမျိုးမျိုးကြောင့် ရာဇဝတ်ကောင်များ ဖြစ်လာကြကာ လူသတ်မှုနှင့် မီးရှို့မှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ကြသည်။ နိုင်ငံတော်၏ အာဏာစက်မှာ အတိုင်းအတာတစ်ခုအထိသာ ရှိပြီး တောရိုင်းဒေသများ၏ ရှုပ်ထွေးလှသော ပတ်ဝန်းကျင်နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းတို့ကို အကုန်အစင် ဖမ်းဆီးနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ထိုသူနှစ်ဦးသည် ၎င်းတို့၏ မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အပြုံးများကိုယ်စီ ဆင်မြန်းထားကြပြီး ၎င်းတို့၏ သားရဲများဖြစ်ကြသည့် မြေကမ္ဘာဘောလုံးကြွက်နှင့် သတ္တုငှက်တို့ကို ဆင့်ခေါ်ရန် လက်များကို မြှောက်လိုက်ကြသည်။ တစ်လခန့် မတွေ့ရသည့်အတောအတွင်း ထိုသားရဲနှစ်ကောင်၏ အရှိန်အဝါများသည် အံ့ဩစရာကောင်းလောက်အောင်ပင် လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများက ထက်မြက်နေပြီး ခန္ဓာကိုယ်များကလည်း တောင့်တင်းသန်မာနေကာ တောရိုင်းမိစ္ဆာကောင်များတွင်သာ တွေ့ရလေ့ရှိသည့် ခက်ထန်ကြမ်းကြုတ်သော အငွေ့အသက်မျိုး လွှမ်းမိုးနေခဲ့သည်။

တောရိုင်းဒေသ၏ ကြမ်းတမ်းခက်ခဲလှသော ပတ်ဝန်းကျင်က ၎င်းတို့ကို လျင်မြန်စွာ ကြီးထွားလာစေခဲ့ကြောင်း ထင်ရှားလှပေသည်။

“မင်းတို့က ဘာလို့ အဖမ်းမခံရတာလဲ။”

ကျန်းဟန်က ထိုသူနှစ်ဦးကို အေးစက်စွာ ကြည့်လိုက်ပြီး ၎င်းတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို စိတ်ထဲမှနေ၍ အလျင်အမြန် တွေးတောနေခဲ့သည်။

“ဟားဟားဟား... ငါတို့ရဲ့ ကောင်းကင်မဟာမိတ်အဖွဲ့က ဒီလောက်အလွယ်တကူနဲ့ ချေမှုန်းခံလိုက်ရတယ်လို့ မင်း တကယ်ကြီး ထင်နေတာလား။ ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အင်အားကို မင်း စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး။”

ခဲ့ရွှမ်းလီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အပိုစကားတွေ ပြောမနေနဲ့။ ငါတို့ ဒီကနေ မြန်မြန်ထွက်သွားနိုင်အောင် သူ့ကို အမြန်ဖမ်းရမယ်။”

ချန်ကန်းက နှာခေါင်းရှုံ့ကာ စကားကို ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ သတ္တုငှက်ကို ကျန်းဟန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်ရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်တော့သည်။

“မင်းရဲ့ ကျောက်စိမ်းပိုးကောင်ကို ထုတ်လိုက်စမ်းပါ။ မင်းရဲ့ ပိုးကောင်က အရင်လို လန်းနေတုန်းပဲလားဆိုတာ ငါ ကြည့်ချင်သေးတယ်။”

ချန်ကန်းက ယခုအချိန်တွင် ကျန်းဟန်သည် သူ၏ ပြိုင်ဘက် မဟုတ်တော့ကြောင်း သေချာသိနေသဖြင့် ၎င်းကို မထောက်မညှာ နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။

သူ၏ သတ္တုငှက်သည် အဆင့် ၂ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကိုပါ ကျွမ်းကျင်ပိုင်နိုင်ထားသဖြင့် ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်လက်နေခဲ့သည်။ ထိုကျောက်စိမ်းပိုးကောင်မှာမူ တကယ်လို့ ကျောက်စိမ်းဖီးနစ်လိပ်ပြာအဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့လျှင်ပင် ၎င်း၏ တိုက်ခိုက်မှုတစ်ချက်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

“ဒါဆိုရင်လည်း မင်းကို ပြပေးရတာပေါ့။”

ကျန်းဟန်ကလည်း အေးစက်စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပိုင်လင်းကို ဆင့်ခေါ်လိုက်သည်။

မှော်စက်ဝိုင်းပုံစံတစ်ခု ပေါ်ထွက်လာပြီးနောက် ပိုင်လင်းသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။ ၎င်းသည် လက်ရှိအခြေအနေကို သိရှိထားပြီးသား ဖြစ်သဖြင့် တိုက်ပွဲဝင်အနေအထားသို့ ချက်ချင်းပင် ကူးပြောင်းကာ ပျံသန်းဝင်ရောက်လာသော သတ္တုငှက်ကို သတိကြီးစွာဖြင့် စောင့်ကြည့်လိုက်တော့သည်။

သို့သော်လည်း ချန်ကန်းက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဟားဟားဟား... မင်းတော့ တကယ် သွားပြီပဲ။ ဒီလောက်ကြာနေပြီ။ ကျောက်းစိမ်းပိုးကောင်က ခုထိ ဘာမှ မပြောင်းလဲသေးဘူး။ ရွှေလေး... အဲဒီပိုးကောင်ကို သေအောင် သွားဆိတ်ပစ်လိုက်စမ်း။”

ခဲ့ရွှမ်းလီသည် မူလက စိုးရိမ်ပူပန်နေခဲ့သော်လည်း ယခုအခါတွင်မူ ရုပ်ရှင်ကြည့်နေသည့်ပွဲကြည့်ပရိသတ်တစ်ဦးကဲ့သို့ လက်ပိုက်ကာသာ ရပ်ကြည့်နေလိုက်သည်။

သူတို့သည် ပိုင်လင်း၏ ဤကဲ့သို့သော ပုံစံကို မြင်လျှင် မေ့လျော့ပေါ့ဆသွားကြလိမ့်မည်ကို ကျန်းဟန် ကြိုတင်သိရှိထားခဲ့ရာ ယခုမူ သူ မျှော်လင့်ထားသည့်အတိုင်း ကွက်တိပင် ဖြစ်လာခဲ့သည်။

“ကျိ”

သတ္တုငှက်သည် ပိုင်လင်းထံသို့ အရှိန်ပြင်းစွာ ပြေးဝင်တော့မည့် ဆဲဆဲတွင်ပင် ပိုင်လင်းက ရုတ်တရက် စတင်တိုက်ခိုက်လိုက်သည်။ ၎င်း၏ ခေါင်းပေါ်ရှိ ဦးချိုအသေးလေးမှ ခရမ်းရောင် လျှပ်စီးတန်းတစ်ခု ဒုန်းခနဲ ပစ်လွှတ်လိုက်ရာ ဝဟင်မှ ငုံ့လျှိုးဆင်းသက်လာသော သတ္တုငှက်ကို တိကျစွာ ထိမှန်သွားခဲ့တော့သည်။

“ဘမ်း..”

ချက်ချင်းဆိုသလိုပင် သတ္တုငှက်သည် မြေပြင်ပေါ်သို့ ဒုန်းခနဲ ပြုတ်ကျသွားခဲ့ပြီး ထို့နောက်တွင်မူ တူးလှိုင်သော အနံ့အသက်များ ပျံ့လွင့်လာခဲ့သည်။ ပိုင်လင်းသည် ၎င်း၏ သန့်စင်မိုးကြိုးအမြုတေအသွင်ပြောင်းလဲခြင်းကို ပြီးမြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည့်အပြင် စီနီယာ မွေးမြူရေးပညာရှင်တစ်ဦး ဖော်စပ်ထားသော ဆေးရည်များ၏ ပံ့ပိုးမှုပါ ရှိနေသဖြင့် ၎င်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ချေ။

ချန်ကန်းက အလွန်အမင်း ပေါ့ဆခဲ့ပြီး သတ္တုငှက်သည်လည်း ဤမြင်ကွင်းကို လုံးဝ မျှော်လင့်မထားခဲ့မိသဖြင့် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် အသက်ပျောက်သွားခဲ့ရရှာသည်။

“မဟုတ်ဘူး... ငါ့ရဲ့ သတ္တုငှက်လေး။”

ချန်ကန်း၏ မျက်နှာသည် ရုတ်တရက် ဖြူလျော်သွားခဲ့ပြီး ၎င်းသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင်မူ တုန်လှုပ်ခြောက်ခြားမှုများ၊ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့းသည်။

မလာမီက သူသည် အခြေအနေအမျိုးမျိုးကို စိတ်ကူးပုံဖော်ခဲ့ဖူးသည်။ သူ၏ အမြင်တွင် ကျန်းဟန်သည် သေချာပေါက် ကပ်ဆိုးကြီးနှင့်ကြုံတွေ့ကာ ပျက်စီးရှုံးနိမ့်ပြီး ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးပြီး ၎င်းတို့ကို ထောင်ထဲသို့ ပို့ခဲ့သည့် လုပ်ရပ်အတွက် နောင်တအကြီးအကျယ် ရလိမ့်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ့မျက်စိရှေ့မှောက်ရှိ မြင်ကွင်းသည်မူ သူ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။ ဤကျောက်စိမ်းပိုးကောင်သည် မည်သို့မည်ပုံကြောင့် မိုးကြိုးအမျိုးအစားအဖြစ် ပြောင်းလဲသွားခဲ့သည်မသိရဘဲ တိုက်ခိုက်မှု တစ်ချက်...ထိုတစ်ချက်တည်းဖြင့်တင် သတ္တုငှက်မှာ သေဆုံးသွားခဲ့ရသည်။

၎င်းသည် လက်ရွေးစင်အဆင့် နှောင်းပိုင်းအဆင့်တောင် မဟုတ်သေးချေ။

ဒါက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ မိစ္ဆာကောင်မျိုးလဲ။

“မိုးကြိုးစွမ်းရည်... ဒါက ကျောက်စိမ်းပိုးကောင် မဟုတ်ဘူး။ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

စောစောကတင် တိုက်ပွဲကို ရပ်ကြည့်နေခဲ့သော ခဲ့ရွှမ်းလီသည်လည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရသည်။ သူ၏ မျက်စိရှေ့မှောက်ရှိ ဤမြင်ကွင်းသည် ၎င်းအနေဖြင့် မည်သည့်အခါမျှ မဖြစ်နိုင်ဟု ထင်မှတ်ထားခဲ့သောအရာ ဖြစ်လေသည်။

သတ္တုငှက်သည် အမှန်တကယ် တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် အသက်ပျောက်သွားခဲ့ရသည်။

“ဟမ့်... နောက်တစ်ယောက်က မင်းပဲ။ မင်း ဒီတစ်ခေါက်လည်း ထပ်ပြီး ထွက်ပြေးလွတ်မြောက်နိုင်ဦးမလားဆိုတာ ငါ ကြည့်ရသေးတာပေါ့။”

ကျန်းဟန်က ခဲ့ရွှမ်းလီကို ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

သူသည် စောစောက ပိုင်လင်း ပစ်လွှတ်လိုက်သော တိုက်ခိုက်မှုစွမ်းရည်အပေါ် အလွန် ကျေနပ်အားရမိသည်။ ယခုရက်ပိုင်းအတွင်း ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ရသမျှ အရာအားလုံးက အလဟဿ မဖြစ်ခဲ့ချေ။

“ကျိ....”

ကျန်းဟန်၏ အမိန့်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ပိုင်လင်းသည် ခုန်ပေါက်ခြင်းစွမ်းရည်ကို ဆက်တိုက်အသုံးပြုကာ မြေကမ္ဘာဘောလုံးကြွက်အနားသို့ လျင်မြန်စွာ ချဉ်းကပ်သွားခဲ့ပြီး ပါးစပ်ကိုဖွင့်ကာ ခရမ်းနုရောင် ပိုးမျှင်အချို့ကို ထွေးထုတ်လိုက်တော့သည်။

“မြန်မြန် မြေအောက်ထဲကို တိုးဝင်လိုက်... ငါတို့ ပြေးမှဖြစ်မယ်။”

ခဲ့ရွှမ်းလီမှာ အလွန်အမင်း ထိတ်လန့်ခြောက်ခြားနေပြီ ဖြစ်သည်။ သူသည် မြေကမ္ဘာဘောလုံးကြွက်ကို မြေအောက်ထဲသို့ တိုးဝင်ရန် အမိန့်ပေးပြီးနောက် ကိုယ်တိုင်လည်း လှည့်၍ အသက်လုပြေးတော့သည်။

မြေကမ္ဘာဘောလုံးကြွက်သည်လည်း ပိုင်လင်း၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် သွေးပျက်လုမတတ် ကြောက်ရွံ့နေခဲ့ပြီဖြစ်ရာ ချက်ချင်းပင် မြေအောက်ထဲသို့ တိုးဝင်ကာ ခဲ့ရွှန့်လီနှင့်အတူ ထွက်ပြေးတော့သည်။

“နောက်ကနေ လိုက်ဖမ်း။”

ကျန်းဟန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အဆင့် ၂ မြေကမ္ဘာဘောလုံးကြွက်တစ်ကောင်သည် မြေအောက်ထဲတွင် မီတာအနည်းငယ်မျှသာ တိုးဝင်အောင်းနိုင်စွမ်းရှိသဖြင့် ၎င်းတို့အနေဖြင့် လုံးဝ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဒီနေ့တော့ သူ ဤလျှို့ဝှက်အန္တရာယ်နှစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရပေမည်။

All Chapters