← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅: ပိုကြည့်လေလေ ပိုရင်းနှီးလေလေပဲ

ကွမ်းဖန်ကျွန်းသည် ဧရိယာအားဖြင့် မကြီးမားပေ။

သို့သော် ထိုအရာပေါ်တွင် လူတော်တော်များများ ရှိနေသည်။

လုရန် အောက်သို့ ဆင်းသက်လာချိန်၌ ဤနေရာသည် တစ်ချိန်က အလွန်စည်ကားခဲ့ပြီး ကြီးမားသော နန်းတော်အဆောက်အအုံများစွာ ရှိခဲ့ပုံရကြောင်း သူ မြင်တွေ့လိုက်ရသည်။

သို့သော် ယခုအချိန်၌ ထိုအရာအားလုံးသည် အပျက်အစီးများနှင့် ကျိုးပဲ့နေသော နံရံများအဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်ခြောက်ကပ်နေပုံရသည်။

ထန်ကော်က ရှင်းပြလိုက်၏။

"အင်မော်တယ်တွေကြားက တိုက်ပွဲတွေက တစ်ခါတလေ ဖြစ်တတ်တယ်... ဒါ့ပြင် ထျန်းချွဲ နယ်မြေကို ဖြတ်ကူးသူ အများစုက သူတို့ရဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ ဆက်ပြီးမရှင်သန်နိုင်တော့တဲ့ မျှော်လင့်ချက်မဲ့ ထွက်ပြေးလာသူတွေ ဖြစ်ပြီးတော့ သူတို့ကို လိုက်လံဖမ်းဆီးနေသူတွေလည်းဟအများကြီးရှိနေတယ်... အရွယ်အစား အမျိုးမျိုးရှိတဲ့ တိုက်ပွဲတွေက ဒီနေရာမှာ မကြာခဏလိုသလို ဖြစ်ပွားတတ်ပြီးတော့ အရမ်းပရမ်းပတာဆန်တယ်"

လုရန်သည် ဤအရာများကို မသိခဲ့ချေ။

ထျန်းချွဲနယ်မြေသည် မည်သည့်နေရာဖြစ်သည်ကို သူ မခန့်မှန်းနိုင်သည့်အပြင် ကွမ်းဖန်ကျွန်းပေါ်၌ မည်သည့်အရာများရှိနေသည်ကိုလည်း သူ မသိခဲ့ပေ။

သူ အောက်သို့ဆင်းသက်လာချိန်၌ အဆုံးမဲ့ပင်လယ် ဘက်သို့ မျက်နှာမူထားသော ကွမ်းဖန်ကျွန်း၏နံဘေးဘက်တွင် ဆိပ်ကမ်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။

ထိုနေရာတွင် ကြီးမားသော သင်္ဘောကြီးများစွာ ဆိုက်ကပ်ထားပြီး တချို့ကမူ ရွက်လွှင့်သွားကြလေပြီ။

ထန်ကော် ပြောဆိုခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍မူ ဤသည်က မမျှော်လင့်ဘဲ ဖြစ်ပွားလာတော့သည်။

လုရန်တို့လူစုသည် ဆိပ်ကမ်းသို့ တန်းတန်းမတ်မတ်သွားရန် ရည်ရွယ်ထားကြ၏။

သို့သော် ရုတ်တရက်...

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အင်မော်တယ်ဧကရာဇ်တစ်ယောက်သည် အဝေးမှ အပြေးအလွှား ရောက်လာသည်။ သူသည် ကွမ်းဖန်ကျွန်းပေါ်သို့ ဆင်းသက်လာပြီး သူ၏ဦးတည်ချက်ကို ခွဲခြားကာ ဆိပ်ကမ်းဆီသို့ အလျှင်အမြန် သွားတော့သည်။

သူ ဒဏ်ရာရထားကြောင်း ရှင်းလင်းသော်လည်း ဒဏ်ရာများမှာ အလွန်အမင်း မပြင်းထန်လှပေ။

လူနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ရှိသော လူတစ်စုသည် သူ၏နောက်မှ လိုက်လံဖမ်းဆီးနေကြ၏။

သူတို့အနက် အင်မော်တယ်ဧကရာဇ်သုံးယောက် ပါဝင်ပြီး ကျန်လူများမှာ အင်မော်တယ်သခင်များ ဖြစ်ကြကာ သေးငယ်သည်ဟု မယူဆနိုင်သော အင်အားစု တစ်ခုပင်။

အင်မော်တယ်ဧကရာဇ်တစ်ပါးကို တွေ့တိုင်း လုရန်သည် ရှပြည်နယ်တွင် ရှားယီယီ လုပ်ခဲ့သည်များကို အမှတ်မရဘဲ မနေနိုင်ခဲ့ချေ။

ထိုကိစ္စကို များစွာမြင်တွေ့ဖူးသဖြင့် လုရန်သည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ကို မြင်တိုင်း လူသားကျောရိုးတစ်ခုကို ချက်ချင်းတွေးမိသွားသည်။

အရှေ့မှ ထွက်ပြေးနေသော အင်မော်တယ်ဧကရာဇ် သည် အဆင်အခြင်မဲ့စွာ ပြေးလာတော့သည်။ ထိုကဲ့သို့ မြင်ကွင်းများကို ကျင့်သားရနေသော လူအုပ်ကြီးသည် ပါဝင်ပတ်သက်ရန် အားမထုတ်ကြဘဲ သူ့အတွက် တစ်ယောက်ပြီးတစ်ယောက် လမ်းဖယ်ပေးကြ၏။

လုရန်တို့အုပ်စုသည်လည်း သူ၏လမ်းကြောင်းတွင် ရှိနေသည်။

အင်မော်တယ်ဧကရာဇ်က အော်ဟစ်လိုက်သည်။

"ထွက်သွားစမ်း"

ထန်ကော်နှင့်တခြားသူများသည် မသိစိတ်အရ ပြဿနာတွင် မပါဝင်ချင်သောကြောင့် နံဘေးသို့ဖယ်ရန် ရည်ရွယ်ထားကြသည်။

လင်းပေါင်အာကို သူ၏ကျောပေါ်တွင် သယ်ထားသော လုရန်သည်လည်း လမ်းဖယ်ပေးရန် ရည်ရွယ်ထားပေ၏။

သို့သော် အင်မော်တယ်ဧကရာဇ်၏ အော်ငေါက်သံကို ကြားသောအခါ လုရန်၏ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏မျက်ခုံးများ မြင့်တက်သွားသည်။

မင်းကို ဒီလောက်ထိ မောက်မာဖို့ ဘယ်သူက အခွင့်အရေး ပေးထားလို့လဲ...

လုရန် မလှုပ်ရှားသည်ကို မြင်သောအခါ အင်မော်တယ်ဧကရာဇ်က ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။

"သောက်ချေးပဲ... မင်း နားပင်းနေလား... ငါ့လမ်းကနေ ထွက်သွားစမ်း"

အမှန်အားဖြင့် လုရန်သည် သူ့ကို ပိတ်ဆို့ဟန့်တားနေခြင်းပင် မဟုတ်ချေ။

သူသည် အင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။ သူသည် လွယ်လင့်တကူ နံဘေးသို့ ရှောင်ထွက်သွားနိုင်သည်။ လုရန် ထိုနေရာ၌ မတ်တတ်ရပ်နေသည်က မည်သည်ကြောင့် လမ်းပိတ်ထားခြင်း ဖြစ်နိုင်မည်နည်း။

သို့သော် အသက်လုပြေးနေစဉ်တွင်ပင် ဤလူ၏စရိုက်သည် အလွန်မာနကြီးကာ လွှမ်းမိုးချုပါကိုင်လိုပြီး အာဏာရှင်ဆန်နေဆဲပင်။ သူသည် မသိစိတ်အရ ကျိန်ဆဲလိုက်ခြင်းသာ ဖြစ်ပေ၏။

သူ အပြေးအလွှား ရောက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ချီများ တိုက်ရိုက် ပေါက်ကွဲထွက်လာသည်။

လုရန်က သူ၏လက်တစ်ဖက်ကို ရှေ့သို့ ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ထို့နောက် သူသည် ထိုလက်တစ်ဖက်တည်းဖြင့် အောက်သို့ဖိနှိပ်လိုက်၏။

ဘုန်း...

လေဟာနယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားပုံရပြီး ထိုအင်မော်တယ်ဧကရာဇ်၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားတော့သည်။

ထို့နောက်...

ဘုန်း...

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်က သူ့ကို အထက်မှနေ၍ ဖိနှိပ်လိုက်သည်။

ထိုဖိအားက အင်မော်တယ်ဧကရာဇ်ကို မြေကြီးထဲသို့ ရက်စက်ကြမ်းကြုတ်စွာ ရိုက်ချလေသည်။

အသွေးအသားများ နေရာအနှံ့အပြားသို့ လွင့်စင်သွားသည်။ လုရန်၏ ဖိနှိပ်မှုအောက်တွင် အင်မော်တယ်ဧကရာဇ်၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ ပုပ်နေသော ဖရဲသီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး ချက်ချင်းပေါက်ကွဲသွားတော့သည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ထိုမြင်ကွင်းကို ဆွံ့အစွာ စောင့်ကြည့်နေပြီး ကြောက်ရွံ့စွာဖြင့် အတော်ဝေးဝေးသို့ ဆုတ်ခွာသွားကြ၏။

လုရန်က သူ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။

ရိုးရိုးသားသား ပြောရလျှင် သူတို့၏ လိုက်လံ ဖမ်းဆီးမှုတွင် ဝင်ရောက်စွက်ဖက်ရန် သူ မရည်ရွယ်ခဲ့ချေ။ အကယ်၍ ထိုအင်မော်တယ်ဧကရာဇ်သာ မကျိန်ဆဲခဲ့ပါက လုရန်သည် ပွဲကြည့်ရုံဖြင့် အလွန်ပျော်ရွှင်မိပေမည်။

ဤအချိန်တွင်...

အနောက်မှ လိုက်လာသော လူအုပ်စုသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကြ၏။

ခေါင်းဆောင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြန့်ကျဲနေသော အသွေးအသားများကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ထို့နောက် သူမသည် လုရန်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လေသည်။ ဤအလယ်ပိုင်းနယ်မြေ အထူးသဖြင့် ကွမ်းဖန်ကျွန်းပေါ်တွင် တရားမျှတမှုစိတ်ဓာတ်ဖြင့် လှုပ်ရှားရန် ဆန္ဒရှိသူ အမှန်တကယ် ရှိနေသလော။

သူမ၏မျက်လုံးများက မြေကြီးပေါ်သို့ ကျရောက်သွားပြီး ယခင်အင်မော်တယ်ဧကရာဇ်၏ သိုလှောင်အိတ် ကို လျှင်မြန်စွာ သတိပြုလိုက်မိသည်။

သူမသည် ထိုအရာကို စစ်ဆေးရန် ကောက်ယူလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့လေ၏။

သူမတို့ လိုအပ်သောအရာသည် ထိုအရာအတွင်း၌ ရှိနေပုံရသည်။

ထို့နောက် အမျိုးသမီးသည် လုရန်ကို ကြည့်ကာ သူမ၏လက်ကိုပူးဆုပ်ပြီး ပြောလိုက်သည်။

"ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်... အင်မော်တယ်မိတ်ဆွေ"

လုရန်က ပေါ့ပေါ့ပါးပါး တုံ့ပြန်​လိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး... သူသာ မကျိန်ဆဲခဲ့ရင် ငါ သူ့ကို သတ်မှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးနောက် သူတို့နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

အမ်....

လုရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူ၏ရှေ့ရှိ အမျိုးသမီးသည် မည်သည်ကြောင့် အနည်းငယ် ရင်းနှီးနေပုံ ပေါ်နေရသနည်း။

သို့သော် လုရန် အတပ်ပြောနိုင်သည်မှာ သူမသည် သူ၏တပည့်များထဲမှတစ်ယောက် မဟုတ်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သူမသည် 'အနည်းငယ်' သာ ရင်းနှီးနေပုံရသောကြောင့် ဖြစ်ပေ၏။

အမျိုးသမီးကလည်း လုရန်ကို ကြည့်နေခဲ့သည်။

သူမသည်လည်း ထပ်တူထပ်မျှ ဇဝေဇဝါ ဖြစ်နေသည်။ ဤအင်မော်တယ်မိတ်ဆွေကို ကြည့်ရသည်မှာ သူမ အနည်းငယ် ရင်းနှီးနေပုံရသည်။

သို့သော် သူမသည် ထိုကိစ္စကို များစွာမတွေးတောခဲ့ပေ။ သူမသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ရသဖြင့် ရင်းနှီးနေပုံရသော လူအနည်းငယ်နှင့် ကြုံတွေ့ရခြင်းမှာ ပုံမှန်သာဖြစ်ပေ၏။

လုရန်သည် ဆက်လက်၍အချိန်မဆွဲတော့ဘဲ ထန်ကော်တို့နှင့်အတူ ဆိပ်ကမ်းဆီသို့ ဦးတည်သွားတော့သည်။

အမျိုးသမီးအုပ်စုသည်သည် အနောက်မှ လိုက်ပါလာကာ သူမတို့သည်လည်း သုံးဆယ့်နှစ်ထပ် ကောင်းကင်သို့ ပြန်ရန် ရည်ရွယ်ထားပုံရသည်။

ဤသည်မှာ လုရန်သည် ထျန်းချွဲနယ်မြေကို ဖြတ်ကူးသည့် ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ အလွန်စူးစမ်းချင်နေခဲ့သည်။

သို့သော် ထန်ကော်ကို မေးမြန်းပြီးနောက် ထျန်းချွဲ နယ်မြေတွင် မည်သည့်အန္တရာယ်မှမရှိကြောင်း သူ သိရှိခဲ့ရသည်။

ထို့ပြင် သုံးဆယ့်နှစ်ထပ်ကောင်းကင်သို့ သွားလိုပါက ပျံသန်း၍ မရနိုင်ပေ။ လေဟာနယ်သင်္ဘောဖြင့်သာ ခရီးသွားရပေမည်။

ဆိပ်ကမ်းအပြင်ဘက်တွင် ဆိုက်ကပ်ထားသော သင်္ဘောကြီးများကို ဤရည်ရွယ်ချက်အတွက် အသုံးပြုကြခြင်းပင်။

လုရန် ယခင်က ဤအကြောင်းကို မစဉ်းစားခဲ့ဖူးသော်လည်း သင်္ဘောတစ်စင်းသည် ရွက်လွှင့်ဖြတ်ကူးနိုင်ပါက လူအများ မည်သည်ကြောင့် ပျံသန်း၍ မရနိုင်သနည်း။

ကောင်းကင်တာအို စည်းမျဉ်းတစ်ခုခု၏ သက်ရောက်မှုကြောင့် ဖြစ်နေသလော...

သူ ဆက်မမေးတော့ချေ။ သင်္ဘောဖြင့်ဆိုလျှင်လည်း သူ ဤအတိုင်း ခရီးဆက်ရပေမည်။

ထို့ပြင် လူတစ်ဦးစီအတွက် ပေးရမည့် လက်မှတ်ခမှာလည်း အမှန်အားဖြင့် မနည်းလှချေ။

လုရန် ဂရုမစိုက်ပေ။ သူ့ထံတွင် စိတ်ဝိညာဉ် ကျောက်စိမ်းများစွာရှိသည်။

သို့သော် သူ ပိုက်ဆံပေးတော့မည့်အချိန်မှာပင်...

အစောပိုင်းက အမျိုးသမီး ချဉ်းကပ်လာပြီး လုရန်ကို ပြောဆိုသည်။

"အင်မော်တယ်မိတ်ဆွေ... နင်နဲ့ နင့်ရဲ့ အဖော်တွေအတွက် လက်မှတ်ခကို ငါ ပေးလိုက်ပြီ"

အို...

လုရန်သည် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမျှ မပြောတော့ပေ။

သူသည် ထိုကိစ္စကို ဒုက္ခတစ်ခုဟုသာ သဘောထားလိုက်၏။ ဤသည်မှာ အလွန်သေးငယ်သော ငွေကြေးပမာဏဖြစ်ပြီး သူ လုံးဝဂရုမစိုက်သော်လည်း ပိုက်ဆံပေးခြင်းဖြင့် ဤအမျိုးသမီးသည် လူမှုရေးကျေးဇူးကြွေးတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။

ထို့ကြောင့် လုရန် ဘာမျှမပြောခဲ့ပေ။

သူသည် ထန်ကော်တို့လူစုနှင့်အတူ ကုန်းပတ်ပေါ်တွင် နေရာတစ်ခု ရှာဖွေကာ အနားယူရန် ထိုင်ချလိုက်၏။

အမျိုးသမီးသည် အဖက်လုပ်ခြင်းမခံရဟု ခံစားရသဖြင့် သူမ၏အဖွဲ့ထံသို့ စိတ်ဓာတ်ကျစွာ ပြန်သွားတော့သည်။

အချိန်တခဏအကြာတွင်...

သင်္ဘောကြီး ဖြည်းညှင်းစွာ စတင်၍ ရွေ့လျားလာသည်။

လုရန်က သင်္ဘောဦးပိုင်းသို့ ကြည့်လိုက်သည်။ ဤသင်္ဘောသည် ထျန်းချွဲနယ်မြေကို မည်သို့ ဖြတ်သန်းသွားမည်နှင့် ထိုနယ်မြေသည် အမှန်အားဖြင့် မည်ကဲ့သို့ ဖြစ်နေသည်ကို သူ မြင်ချင်ခဲ့ပေ၏။

မည်သည်ကြောင့် သင်္ဘောသည် ဖြတ်သန်းသွားလာနိုင်ပြီး လူများကမူ ပျံသန်း၍ မရသနည်း...

သို့သော် မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်မှာပင်...

သင်္ဘောကြီးတစ်ခုလုံး အနည်းငယ်တုန်ခါသွားပြီးနောက် အောက်သို့နစ်မြုပ်သွားသည်။

ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများသည် အပြင်းအထန် ဝင်ရောက်လာသော်လည်း သင်္ဘောတွင် တပ်ဆင်ထားသော အကာအကွယ်ဒိုင်းက တားဆီးထားသည်။

လုရန် အနည်းငယ် ဆွံ့အသွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

"သောက်ကျိုးနည်း... ငါ ဒီလိုဖြစ်မယ်လို့ တကယ်ကြီးမျှော်လင့်မထားထားခဲ့ဘူး"

သူသည် သင်္ဘောလက်ရန်းကို မှီကာ အောက်သို့ ငုံ့ကြည့်လိုက်၏။

အဆုံးမဲ့ပင်လယ်၏ အောက်တွင် နက်ရှိုင်းပြီး မှောင်မိုက်နေကာ မည်သည့်အရာကိုမျှ မမြင်ရချေ။

သူ၏နတ်ဘုရားစိတ်အာရုံပင်လျှင် အပြင်ဘက်သို့ ထွင်းဖောက်နိုင်ခြင်း မရှိပေ။

သင်္ဘောတစ်စီးလုံးသည်လည်း အောက်ဘက်သို့ တိမ်းစောင်းနေပြီး ချောက်နက်ကြီးတစ်ခုအတွင်းသို့ ကျဆင်းနေသည့်အလားပင်။

ထန်ကော်က လုရန်ကိုကြည့်ပြီး ပြောဆိုသည်။

"ထျန်းချွဲနယ်မြေက အောက်မှာ ရှိတယ်... ဆရာ... စိတ်မပူပါနဲ့... ဘာမှမဖြစ်ပါဘူး... ကျွန်မ အရင်က အကြိမ်ကြိမ် သွားဖူးတယ်"

လုရန်က တီးတိုးရေရွတ်လိုက်သည်။

"ဒီအဆုံးမဲ့ ပင်လယ်ထဲမှာ ဘာမှမရှိဘူးလား... ငါးတစ်ကောင်လေးတောင် မရှိဘူး"

သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ သင်္ဘော အောက်သို့ ဆင်းသက်လာသည်နှင့်အမျှ အလင်းရောင် ပို၍မှိန်လာပေ၏။ ပင်လယ်ကြမ်းပြင် တစ်ခုလုံးမှာ သေလုမတတ် တိတ်ဆိတ်နေပြီး အသက်စွမ်းအားဆိုင်ရာ ရှင်သန်နေမှုဟူ၍ အရိပ်အယောင်မျှ မတွေ့ရပေ။

ထန်ကော်က စဉ်းစားရင်း ပြောဆိုသည်။

"သက်ရှိတချို့တော့ ရှိတယ်—ရေနက်ပိုင်း ဧရာမ နတ်ဆိုးသားရဲတွေနဲ့ တခြား ပင်လယ်နတ်ဆိုးသားရဲတချို့ ရှိတယ်... ဒါပေမဲ့ ကျွန်မတို့က ထျန်းချွဲနယ်မြေ ရဲ့ ပိုင်နက်ထဲကို မရောက်သေးဘူး... အဲ့ဒီအကွာအဝေးထဲကို ဝင်တာနဲ့ ဆရာ သူတို့ကို မြင်ရလိမ့်မယ်... ရေနက်ပိုင်း ဧရာမနတ်ဆိုးသားရဲ မျိုးနွယ်စုတွေက အဆုံးမဲ့ပင်လယ်ရဲ့ အရှင်သခင်တွေပဲ... ဒါပေမဲ့ သူတို့က လူသားတွေရဲ့ သင်္ဘောတွေကို ဘယ်တော့မှ မတိုက်ခိုက်ဘူး... ဒါကြောင့် စိုးရိမ်စရာ မလိုပါဘူး"

သို့သော် လုရန် မသိခဲ့သောအရာမှာ...

ထိုအချိန်မှာပင်...

သူ၏သိုလှောင်အိတ်အတွင်းရှိ ချင်ဝူယောင်း ချန်ထားခဲ့သော သလင်းကျောက်သည် အလင်းဖျော့ဖျော့နှင့် စွမ်းအားအတက်အကျများကို ထုတ်လွှတ်နေခြင်းပင်။

ချောက်နက်ကြီး၏ အမှောင်ထုထဲတွင် ကောင်းကင်နှင့်မြေကြီးအကြားသို့ ရောက်ရှိလာသော ဧရာမပုံရိပ်ကြီးတစ်ခုသည် ဖြည်းညှင်းစွာ စတင်၍ လူးလွန့်လာတော့သည်။

ထို့ပြင် တခြားတစ်ဖက်၌...

ယခင်က ခေါင်းဆောင်အမျိုးသမီးသည် လုရန်ကို စိုက်ကြည့်နေဆဲဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် သူမ ပို၍ကြည့်မိလေလေ သူကို ပို၍ရင်းနှီးလာလေလေ ဖြစ်လာသောကြောင့်ပင်။

All Chapters