အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း ၁၁၆: ရေနက်ပိုင်း ဧရာမနတ်ဆိုး
သင်္ဘောကြီးသည် ချောက်နက်ကြီးထဲသို့ နစ်မြုပ်သွားတော့သည်။
သုံးဆယ့်နှစ်ထပ်ကောင်းကင်သို့သွားရန် ပင်လယ်အောက်ခြေသို့ မည်သည်ကြောင့် နစ်မြုပ်သွားရသည်ကို လုရန် မသိသော်လည်း သူ စူးစမ်းချင်စိတ် မရှိလောက်အောင် ပျင်းရိနေခဲ့သည်။
စိတ်ဝိညာဉ်နယ်မြေတွင် လုရန် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော အရာများစွာ ရှိနေပေ၏။
လူတစ်ယောက်သည် အတွေ့အကြုံများမှတဆင့်သာ အကြောင်းအရင်းများကို နားလည်နိုင်သည်။ မေးမြန်းခြင်းက ရှင်းလင်းသော အဖြေများကို ပေးမည် မဟုတ်ပေ။ ထိုကိစ္စကို ရိုးရှင်းစွာ ရှင်းပြ၍ မရနိုင်ချေ။
သူသည် စိတ်ကို အနားပေးရန် သူ၏မျက်လုံးများကို စုံမှိတ်ထားလိုက်သည်။
နာရီဝက်ခန့် ကုန်လွန်သွားခဲ့သည်။
အထက်မှ ပင်လယ်မျက်နှာပြင်သည် သူ၏မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။
ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းများဆီသို့ အလင်းရောင် တစ်စက်လေးမျှပင် မရောက်ရှိတော့ပေ။ အင်မော်တယ်တစ်ယောက်ပင်လျှင် ဤအဆုံးမဲ့ ပင်လယ်၏ အောက်ခြေ၌ အနည်းငယ် မျက်စိကန်းနေသည်ဟု ခံစားရပေမည်။
ထန်ကော်က ရှင်းပြလိုက်၏။
"ဒါက ထျန်းချွဲ နယ်မြေပါ... ချောက်နက်ကြီးကနေ ထျန်းချွဲနယ်မြေကို ဖြတ်ကျော်ပြီးတော့ သုံးဆယ့်နှစ်ထပ်ကောင်းကင်ကို ဝင်ရောက်နိုင်ပါတယ်"
လုရန်က မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူတို့သည် ချောက်နက်ကြီးအတွင်း၌ ရှိနေဆဲဖြစ်ပြီး ဤနေရာသည် မည်သည်ကြောင့် ထျန်းချွဲနယ်မြေ ဖြစ်ရသည်ကို လုရန် မခွဲခြားနိုင်ပေ။
ထိုအချိန်မှာပင်....
ဘုန်း...
ပင်လယ်အောက်ခြေမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများ ရိုက်ခတ်လာကာ သင်္ဘော၏အကာအကွယ်များကို ရိုက်ခတ်သွားတော့သည်။
သင်္ဘောတစ်ခုလုံးမှ ပွတ်တိုက်သံများနှင့် ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
လုရန်သည် ထန်ကော်ကို သိချင်စိတ်ဖြင့် ကြည့်ကာ မေးလိုက်၏။
"ဒါက ပုံမှန်ပဲလို့ သတ်မှတ်လို့ ရလား"
အဘယ်ကြောင့်ဆိုသော် ကုန်းပတ်ပေါ်ရှိ သင်္ဘောသားတချို့သည် ယခုအချိန်၌ အလွန်ထိတ်လန့်နေပုံရကြောင်း လုရန် သတိပြုမိသောကြောင့်ပင်။
လူတချို့က အခြေအနေကို သွားရောက်၍ သတင်းပို့နေကြသည်။
ထန်ကော်က အနည်းငယ် စဉ်းစားပြီးနောက် ပြောဆိုသည်။
"ဒီလိုမျိုး ကျွန်မ အရင်က မကြုံဖူးဘူး... ဒါပေမဲ့ ရေနက်ပိုင်းက ရေစီးကြောင်းတစ်ခု ဖြစ်နိုင်တယ်... ဘာမှမဟုတ်ပါဘူး"
ဤသည်မှာ ထန်ကော်သည် ထျန်းချွဲနယ်မြေကို ဖြတ်သန်းသွားသည့် ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိသာရှင်းလင်းသည်။ အတိတ်က အလေ့အထများနှင့် အတွေ့အကြုံများအပေါ် အခြေခံ၍ မည်သည့်အန္တရာယ်မျှ မဖြစ်ပေါ်ခဲ့ဖူးသဖြင့် သူမသည် ထိုကိစ္စကို စိတ်ထဲမထားခဲ့ချေ။
သို့သော် လုရန်ကမူ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
သူသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ ပတ်ဝန်းကျင်ရှိ ချောက်နက်ကြီး၏ အမှောင်ထုထဲသို့ စိုက်ကြည့်နေခဲ့သည်။
ဤနေရာရှိ အထူးပတ်ဝန်းကျင်ကြောင့် မဟာအင်မော်တယ်ဧကရာဇ်ဖြစ်သော လုရန်၏နတ်ဘုရားစိတ်အာရုံပင်လျှင် ပြင်ပသို့ မဖြန့်ကျက်နိုင်ချေ။
သို့သော် ပင်ကိုယ်သိစိတ်ကို အားကိုး၍ လုရန်သည် တစ်စုံတစ်ခုကို ခံစားနေရဆဲပင်။
သူက တီးတိုးရေရွတ်လိုက်သည်။
"ပင်လယ်အောက်ခြေမှာ ဒီလောက် ကြီးမားတဲ့ ဆူညံပွက်လောရိုက်မှုကို ဖြစ်စေနိုင်တဲ့ အရာက သေးငယ်တဲ့ အရာတော့ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ ထန်ကော်လည်း အံ့အားသင့်သွားသည်။
ရေနက်ပိုင်း ဧရာမ နတ်ဆိုး ဖြစ်နိုင်သလောဟု သူမ တွေးတောမိလေ၏။
သူမ ထိုသို့ တွေးနေချိန်မှာပင်...
ဘုန်း...
ယခင်ထက် ပို၍ကြီးမားသော ရေစီးကြောင်းတစ်ခုက သူတို့ကို ရိုက်ခတ်လာသည်။
သင်္ဘောတစ်စီးလုံးသည် ပင်လယ်အောက်ခြေတွင် မှောက်လန်သွားတော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားပြီး ယခုအချိန်၌ အနည်းငယ် တိမ်းစောင်းနေပုံရသည်။
ကုန်းပတ်ပေါ်ရှိ လူများအားလုံး ထိတ်လန့်သွားကြပြီး သင်္ဘောရွက်လွှင့်ရန် တာဝန်ရှိသည့် အဖွဲ့ပင် ပြင်ပသို့ ထွက်လာကြ၏။
လုရန် သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူတို့ထဲတွင် အင်မော်တယ်ဧကရာဇ်ငါးယောက်ရှိပြီး သူတို့၏စွမ်းအားမှာ အတော်အသင့် ကောင်းမွန်သည်။
သို့သော် လုရန် အလယ်ပိုင်းနယ်မြေသို့ ရောက်ရှိကတည်းက ရှားယီယီမှလွဲ၍ ဒုတိယမြောက် မဟာအင်မော်တယ်ဧကရာဇ်ကို မမြင်ဖူးသေးချေ။
အလယ်ပိုင်းနယ်မြေတွင် မဟာအင်မော်တယ်ဧကရာဇ်များ နေရာတိုင်းတွင် ရှိနေမည်ဟု လုရန် မူလက စိတ်ကူးထားခဲ့သော အခြေအနေမှာ ရှင်းလင်းစွာပင် ဖြစ်မလာခဲ့ချေ။
"သောက်ကျိုးနည်း... ဒီရေနက်ပိုင်း ဧရာမနတ်ဆိုးက ဒီနေ့ ဘာဖြစ်လို့ ရူးသွပ်နေတာလဲ"
"သောက်ချေးပဲ... ဒီလိုမျိုး နောက်ထပ် အကြိမ်အနည်းငယ်ဖြစ်ရင် ဒီသင်္ဘောက တောင့်မခံနိုင်မှာကို ငါ စိုးရိမ်မိတယ်"
"အရှိန်မြှင့်... ထျန်းချွဲနယ်မြေကို တတ်နိုင်သမျှ မြန်မြန်ဖြတ်သွားကြစို့..."
"စိတ်မပူပါနဲ့... ရေနက်ပိုင်း ဧရာမနတ်ဆိုးက လူသားမျိုးနွယ်ကို ဘယ်တော့မှ မတိုက်ခိုက်ဘူး"
"ဒါပေါ့... သူ ရူးသွပ်နေရင်တောင် ပုံမှန်ထက် နည်းနည်း ပိုတက်ကြွနေတာပဲ ဖြစ်မှာပါ"
သို့သော် သူတို့၏ အသံများ တိတ်ဆိတ်သွားသည်နှင့် တပြိုင်နက်....
ဘုန်း...
အမှောင်ထုထဲမှ ဧရာမ ရေဘဝဲလက်တံတစ်ခု ထွက်ပေါ်လာပြီး သင်္ဘောကြီးဆီသို့ ဦးတည်၍ ရိုက်ချလိုက်သည်။
ဝုန်း...
အချိန်တခဏအတွင်းမှာပင် သင်္ဘော၏ အကာအကွယ်များသည် လုံးလုံးလျားလျား အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရတော့သည်။
ထိုမျှသာမက ရေဘဝဲလက်တံ၏လက်ကျန်စွမ်းအားသည် လျော့ကျမသွားဘဲ သင်္ဘော၏အလယ်ဗဟိုကို ရိုက်ခတ်လိုက်သည်။
ထိုရိုက်ချက်က သင်္ဘောတစ်ခုလုံးကို ထက်ပိုင်းတိတိ ကျိုးသွားစေပေ၏။
ထန်ကော်သည် အလွန်အမင်း မယုံကြည်နိုင်ဖြစ်သွားကာ ပြောဆိုသည်။
"သောက်ကျိုးနည်း... ဒီနေ့ ဒီရေနက်ပိုင်း ဧရာမ နတ်ဆိုးက ဘာဖြစ်နေတာလဲ... သူက ဘာလို့ လူသားမျိုးနွယ်ကို တိုက်ခိုက်နေတာလဲ"
သူမသည် သူမ၏ ဆရာကို စိတ်မပူရန် အကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်သော်လည်း ရလဒ်အနေဖြင့် ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် သူမ၏ မျက်နှာကို ချက်ချင်းဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားသည်။
အကာအကွယ် ပျောက်ကွယ်သွားပြီး သင်္ဘောပျက်စီးသွားသည်နှင့် အဆုံးမဲ့ပင်လယ်မှ ပမာဏများစွာသော ရေများ အပြင်းအထန် ဝင်ရောက်လာတော့သည်။
ထန်ကော်က အော်ဟစ်လိုက်သည်။
"ဆရာ... ပင်လယ်ရေကို မထိနဲ့နော်"
သူမကိုယ်တိုင်သည်လည်း သူမ၏စွမ်းအားအကာအကွယ်ကို ချက်ချင်းဖွင့်လိုက်သည်။
အကြောင်းအရင်းကို လုရန် မသိသော်လည်း သူ့ကိုယ်သူ ဝန်းရံရန်အတွက် အကာအကွယ်ဒိုင်းတစ်ခု ဖွဲ့စည်းရန် သူ၏စိတ်ဝိညာဉ်စွမ်းအားကို လျှင်မြန်စွာ ဖြန့်ကျက်လိုက်၏။
လင်းပေါင်အာသည်လည်း လုရန်၏အကာအကွယ် အတွင်းတွင် ရှိနေသည်။
တစ်ချိန်တည်းမှာပင် ဆိုင်ရှင်မိန်းမနှင့် ယောင်သားရဲနှစ်ကောင်သည်လည်း ထိုနည်းတူ လုပ်ဆောင်လိုက်ကြသည်။
သူတို့၏ မျက်နှာချင်းဆိုင်တွင် အစောပိုင်းက အနည်းငယ် ရင်းနှီးနေပုံရသော အမျိုးသမီးသည်လည်း သူမ၏ ကိုယ်ပိုင်အကာအကွယ်ဒိုင်းကို ဖွင့်လိုက်၏။
မည်းနက်နေသော ပင်လယ်ကြမ်းပြင်သည် ယခုအချိန်၌ ကြယ်ရောင်များကဲ့သို့ အလင်းစက်များဖြင့် ပြည့်နှက်နေပုံရသည်။ ရေနက်ပိုင်းကို ခုခံနိုင်စွမ်းရှိသော အင်မော်တယ်များအားလုံး သူတို့၏ စွမ်းအားအကာအကွယ်ဒိုင်းများကို ဖွင့်ထားကြသည်။
သို့သော် ခွန်အားနည်းပါးသူများအနက်မှ တချို့သည် သူတို့၏အကာအကွယ်ဒိုင်းများကို ဖွင့်ရန် အချိန်မရလိုက်ဘဲ ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားကာ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။
ဤပင်လယ်ရေသည် အဆိပ်ပြင်းဖွယ်ရှိကြောင်း လုရန်က အကြမ်းဖျင်း သုံးသပ်လိုက်၏။
လူတချို့ကမူ သူတို့၏စွမ်းအားသည် အလွန်အားနည်းလွန်းသောကြောင့် သူတို့၏ အကာအကွယ် ဒိုင်းများကို အလျှင်အမြန် ဖွင့်ထားသော်လည်း ပင်လယ်ရေ၏ ရိုက်ခတ်မှုအောက်တွင် လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် ချောက်နက်ပင်လယ်အောက်ခြေသည် မီးအိမ်များကို တစ်ခုပြီးတစ်ခု ထွန်းညှိနေပြီးနောက် တစ်ခုပြီးတစ်ခု ငြိမ်းသေသွားသည့်အလား ဖြစ်နေသည်။
လုရန်၏မျက်လုံးများသည် အောက်ဘက်နှင့် ပတ်ဝန်းကျင်ရှိ အမှောင်ထုကို စူးစိုက်၍ ကြည့်နေခဲ့သည်။
သို့သော် သူ ဘာမျှမမြင်ရပေ။ ရေဘဝဲလက်တံတစ်ကြိမ် ရိုက်ခတ်ပြီးနောက် ထိုအရာသည် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားပေ၏။
ဤရေနက်ပိုင်း ဧရာမ နတ်ဆိုးသည် ကစားနေရုံသက်သက်သာ ဖြစ်နေသလော....
လူသားမျိုးနွယ်၏သင်္ဘောကို ဖျက်ဆီးပြီးနောက် နောက်ထပ်လှုပ်ရှားမှု မရှိတော့သလော...
ထိုအချိန်မှာပင်...
သူ၏နောက်မှ ယောင်သားရဲနှစ်ကောင်က တပြိုင်နက်တည်း အော်ဟစ်လိုက်သည်။
"ကျွန်တော်တို့ ခံစားမိတယ်... အဲ့ဒါက အောက်မှာ ရှိတယ်"
လုရန်က အလျှင်အမြန် အောက်သို့ငုံ့ကြည့်လိုက်သည်။
အောက်ဘက်ရှိ ချောက်နက်ကြီးထဲတွင် ဘီးများကဲ့သို့ ဧရာမ အလင်းကွင်းများ စတင်၍ လင်းလက်လာသည်။
အလင်းကွင်းများသည် ယိမ်းယိုင်နေပြီး လူတိုင်းဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာသည်။
လုရန်သည် သူ၏ကောင်းကင်စိတ်ဝိညာဉ်မျက်လုံး ကို အစွမ်းကုန် အသုံးပြုလိုက်ပြီး နောက်ဆုံးတွင် ထိုအရာ၏ အကြမ်းဖျင်းပုံသဏ္ဌာန်ကို မြင်တွေ့လိုက်ရသည်။
အရမ်းကြီးတာပဲ...
ဤသည်က အလွန်အမင်း တရားလွန်ကြီးမားလှသည်။
ထိုအရာမှာ ရေဘဝဲတစ်ကောင်နှင့် တူသော်လည်း မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားသည်။
နှိုင်းယှဉ်ကြည့်လျှင် ဓမ္မပုံရိပ်ယောင်များကဲ့သို့ အရာများမှာ ခြင်များခန့်သာ ဖြစ်နေပေ၏။
ထိုဧရာမ ရေဘဝဲခန္ဓာကိုယ်သည် ပင်လယ်အောက်ခြေတလျှောက် ပြန့်ကားသွားပြီး ကောင်းကင်ကို ဖုံးကွယ်သွားကာ အဆုံးအစမရှိချေ။
ထိုအလင်းကွင်းများသည် အလင်းကွင်းများ သက်သက်မဟုတ်ပေ။ ထိုအရာများသည် ဤဧရာမ ရေဘဝဲ၏ ရေဘဝဲလက်တံများပေါ်ရှိ စုပ်ခွက်များသာ ဖြစ်ကြသည်။
ရေဘဝဲလက်တံများထဲမှ တစ်ခုသည် လုရန်၏ ဦးတည်ချက်ဆီသို့ အလွန်လျှင်မြန်စွာ ရိုက်ချလာတော့သည်။
အမှန်တကယ်ကို လုရန်၏ဦးတည်ချက်ဆီသို့ပင်။
ထိုအရာသည် လုရန်ကို အတိအကျ ချိန်ရွယ်ထားသည့်အလား အလွန်တိကျလှသည်။
လုရန် အလွန်အမင်း စိတ်ပျက်မှုကို ခံစားလိုက်ရပေ၏။
"သောက်ကျိုးနည်း... ဒီအရာက ငါ့အပေါ် ရန်ငြိုးများ ရှိနေလို့လား... အဲ့ဒါက ငါ့ဆီကို လာနေတယ်လို့ ဘာလို့ ငါ ခံစားနေရတာလဲ"
သူသည် သူ၏နံဘေးရှိ လူများကို သူ၏ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်အတွင်းသို့ ထည့်သွင်းကာ ထိုအရာ၏တိုက်ခိုက်မှုကို လေဟာနယ်ကူးပြောင်းခြင်းဖြင့် ရှောင်တိမ်းလိုက်တော့သည်။
ထိုရေဘဝဲ၏အရွယ်အစားမှာ အလွန်ကြီးမားသော်လည်း သူ၏အမြန်နှုန်းမှာ သိပ်မမြန်ကြောင်း လုရန်က သိရှိလိုက်သည်။
ထိုကြောင့် လုရန်ကို ထိမှန်ရန် ဖြစ်နိုင်ခြေမှာ အလွန်နည်းပါးဆဲပင်။
သို့သော် ထိုအရာမှာ လုရန်၏ ခံစားချက်သာ ဖြစ်ပေ၏။ မည်သို့ပင်ဆိုစေကာမူ လုရန်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ပင်။
တခြားသူများကမူ သနားစရာကောင်းသော အခြေအနေတွင် ရှိနေကြသည်။
အထူးသဖြင့် မူလက လုရန်၏ အနီးတွင် ရှိနေပြီး နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားခဲ့ရသူများပင်။
လုရန်က ရှောင်တိမ်းသွားခဲ့သော်လည်း ထိုလူများ၏ လှုပ်ရှားမှုများမှာ အလွန်နှေးကွေးလှသည်။
ထို့ပြင် သူတို့သည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအား အကာအကွယ်ဒိုင်းများကို ထိန်းသိမ်းထားခဲ့ရသည်။
ရေဘဝဲလက်တံ ရိုက်ချလာသည်ကို မြင်ချိန်၌ သူတို့ ရှောင်တိမ်းရန် နောက်ကျသွားခဲ့လေပြီ။
ဘုန်း... ဘုန်း... ဘုန်း...
ရေဘဝဲလက်တံ ပွတ်တိုက်သွားသည်နှင့်အမျှ ထိုလက်တံနှင့် ထိတွေ့မိသော အင်မော်တယ်များ အားလုံး၏ခန္ဓာကိုယ်များ ပေါက်ကွဲကာ သေဆုံးသွားကြတော့သည်။
ထိုလှုပ်ရှားမှုတစ်ခုတည်းဖြင့် လူအများအပြား သေဆုံးသွားခဲ့ပေ၏။
သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ထို့နောက် ရေနက်ပိုင်း ဧရာမ နတ်ဆိုးသည် သူ၏တခြားရေဘဝဲလက်တံ များကို ဝှေ့ယမ်းကာ လုရန်ဆီသို့ ရစ်ပတ်လာတော့သည်။
ပထမတစ်ကြိမ်က မတော်တဆမှု သို့မဟုတ် တိုက်ဆိုင်မှု ဖြစ်ခဲ့လျှင်....
ယခုတစ်ကြိမ်ကမူ ဤရေဘဝဲလက်တံများ၏ ဝိုင်းရံတိုက်ခိုက်မှုက သူ့ဆီသို့သာ အာရုံစိုက်လာခြင်းဖြစ်ကြောင်း လုရန်ကို ချက်ချင်းသိရှိသွားစေခဲ့သည်။
ဒီသောက်ရေးမပါတဲ့ကောင်က ငါ့ဆီ လာနေတာပဲ...
လုရန် စိတ်ပျက်သွားသည်။ ထိုကဲ့သို့ သားရဲမျိုးကို သူ မည်သည့်အချိန်က ရန်စခဲ့မိမှန်းပင် သူ မသိချေ။
သူ ထပ်မံ၍ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် နောက်ထပ် အင်မော်တယ်အုပ်စုကြီးတစ်ခုသည် နောက်ဆက်တွဲ အကျိုးဆက်များတွင် ပါဝင်သွားကာ ရိုက်သတ်ခြင်း ခံလိုက်ရသည်။
ရေဘဝဲလက်တံ အများအပြားသည် ရေနက်ပိုင်းတွင် ဝှေ့ယမ်းနေပြီး ထိုအရာများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ထိတွေ့သမျှ လူအားလုံး သေဆုံးသွားကြသည်။