← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈: နင် ငါ့ကို မှတ်မိသေးလား

မူလက လုရန်သည် ရေနက်ပိုင်းဧရာမနတ်ဆိုး၏ ခန္ဓာကိုယ်မှာ အလွန်ကြီးမားလွန်းသဖြင့် သူ့ကို စုပ်ယူရန် မဖြစ်နိုင်ဟု တွေးထင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသန့်စင်ခြင်းအိုးသည် ကြီးမားလာသော်လည်း ရေနက်ပိုင်း ဧရာမ နတ်ဆိုး၏ ဧရာမခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် ကွာဟချက်မှာ အလွန်ကြီးမားနေဆဲ ဖြစ်သောကြောင့်ပင်။

သို့သော် သူ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပွားလာပေ၏။

ရေနက်ပိုင်း ဧရာမနတ်ဆိုးကို နတ်ဆိုးသန့်စင်ခြင်းအိုးမှ စုပ်ယူချိန်တွင် အိုး၏စွမ်းအားသည် နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်ကို အမှန်တကယ်ပင် စတင်၍ ဖိနှိပ်လာတော့သည်။

မူလက ကျွန်းတစ်ကျွန်းကဲ့သို့ ကြီးမားသော ထိုဧရာမ ခန္ဓာကိုယ်သည် ချက်ချင်းဖိနှိပ်ခံရပြီး စတင်၍ ကျုံ့ဝင်သွားသည်။

ဒါက အရမ်းမြန်တာပဲ...

လက်ရှိနေရာရှိ အသက်ရှင်ကျန်ရစ်သူများသည် ထိုမြင်ကွင်းကို တစ်ယောက်ပြီးတစ်ယောက် ဆွံ့အစွာ စောင့်ကြည့်နေခဲ့ကြ၏။

ဤနှစ်များတလျှောက်လုံး အင်မော်တယ်ဧကရာဇ်များကို မဆိုထားနှင့် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ရောက်လာလျှင်ပငိ မည်သူကမျှ ရေနက်ပိုင်း ဧရာမနတ်ဆိုးနှင့် ထိပ်တိုက် ရင်ဆိုင်နိုင်သည်ဟု မပြောရဲကြချေ။

သို့သော် ယခုအချိန်၌ မှော်ရတနာတစ်ခုကို အသုံးပြု၍ ရေနက်ပိုင်း ဧရာမနတ်ဆိုးကို ဖိနှိပ်နေသူတစ်ဦး ရှိနေသည်။

ဤအချိန်တွင် ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် ကြီးမားနေဆဲ ဖြစ်သော်လည်း ထိုနတ်ဆိုးသည် ဓမ္မပုံရိပ်ယောင်တစ်ခုထက် အနည်းငယ်သာ ပိုကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်ချုပ်ကိုင်နိုင်မှု ခံစားချက်မှာ ပျောက်ကွယ်သွားခဲ့လေပြီ။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိညာဉ်နယ်မြေ၏ အလယ်ပိုင်းနယ်မြေတွင် ဓမ္မပုံရိပ်ယောင်ကို မမြင်ဖူးသူဟူ၍ မည်သူ ရှိမည်နည်း။

နတ်ဆိုးသားရဲအမြောက်အများ၏ အစစ်အမှန် အသွင်သဏ္ဌာန်များသည် ဓမ္မပုံရိပ်ယောင်များထက်ပင် များစွာပို၍ကြီးမားပေ၏။

အဝေးမှ အမျိုးသမီးသည်လည်း ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။

သူမ၏ မွေးရာပါ တာအိုသစ်သီးကို လုရန် လုယူသွားစဉ်က ထိုသောက်ကောင်စုတ်နှင့် တစ်နေ့ ပြန်တွေ့ပါက သူ့ကို မည်သို့မျှ အလွတ်ပေးမည်မဟုတ်ဟု သူမ ကျိန်ဆိုခဲ့သည်။

သို့သော် ယခု ကြည့်လိုက်လျှင် ထိုအခွင့်အရေးကို သူမ ရရှိတော့မည် မဟုတ်ချေ။

အမျိုးသမီးက အံ့အားသင့်စွာဖြင့် တီးတိုးရေရွတ်လိုက်သည်။

"အဲ့ဒီအချိန်တုန်းက မွေးရာပါ တာအိုသစ်သီး အတွက် သူက ငါနဲ့ ယှဉ်ပြိုင်ခဲ့တာ... ပြီးတော့ နောက်ပိုင်းမှာ နောက်တစ်လုံးရဖို့ ငါ ကံကောင်းခဲ့တယ်... ငါတို့ကြားမှာ ဆယ်ရက်တောင် မကွာဘူးလေ... ဒါပေမဲ့ ဒီကောင်က မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီ"

ထို့ပြင် ထိုအဆင့်ထက်ပင် များစွာပို၍ သာလွန်နေသည်။

မဟာအင်မော်တယ်ဧကရာဇ်များတွင်ပင် ရေနက်ပိုင်း ဧရာမနတ်ဆိုးနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သူဟူ၍ သူမ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။

ထို့ပြင် သူသည် ရေနက်ပိုင်း ဧရာမနတ်ဆိုးကို လွယ်လင့်တကူပုံစံမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနေခြင်းပင်။

သူ မည်သို့ ပြုလုပ်ခဲ့သနည်း....

အချိန်တိုလေးအတွင်း၌ သူသည် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပေ၏။ ထို့ပြင် သူသည် သာမန်မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် မဟုတ်ဘဲ မဟာအင်မော်တယ်ဧကရာဇ်များ ကြား၌ပင် ထူးခြားပေါ်လွင်သူတစ်ယောက် ဖြစ်နေသည်။

သူမ လက်စားချေနိုင်ရန် မျှော်လင့်ချက် လုံးလုံးလျားလျား မရှိတော့ချေ။

အမျိုးသမီးသည် သူမ၏စိတ်နှလုံးသားထဲတွင် သက်ပြင်းချလိုက်ပြီး ဤသောက်ကောင်စုတ် ထိုကိစ္စကို မည်သို့ အောင်မြင်ပြီးမြောက်ခဲ့သည်အား နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

ဤအချိန်တွင် ပို၍ပင် မျှော်လင့်မထားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ရေနက်ပိုင်း ဧရာမနတ်ဆိုး၏ ခန္ဓာကိုယ် ဖိနှိပ်ခံရပြီးနောက် ထိုနတ်ဆိုးသားရဲသည် မှော်ရတနာအတွင်းသို့ တိုက်ရိုက်စုပ်ယူခြင်း ခံလိုက်ရပေ၏။

ဤအတိုင်း ပျောက်ကွယ်သွားသလော...

ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် ဤအတိုင်း ပျောက်ကွယ်သွားသလော...

လူများအားလုံး တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြသည်။

သူတို့သည် လုရန်ကို ကြီးမားသော ကြောက်ရွံ့မှုဖြင့် ကြည့်နေကြ၏။

လုရန်သည် သူ၏မှော်ရတနာကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နတ်ဆိုးသန့်စင်ခြင်းအိုးကို တစ်ချက် ကြည့်လိုက်ရာ ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် အတွင်းထဲတွင် သန့်စင်ခြင်းခံနေရသည်။

သေချာသည်မှာ ထိုနတ်ဆိုးသားရဲကို မူလစိတ်ဝိညာဉ်စွမ်းအားအဖြစ် သူ သန့်စင်နေခြင်း မဟုတ်ချေ။ လုရန်သည် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီဖြစ်သဖြင့် စိတ်ဝိညာဉ်စွမ်းအား လုံးဝမလိုအပ်တော့ပေ။ ထို့ပြင် စိတ်ဝိညာဥ်စွမ်းအားအဖြစ် အပြည့်အဝ မပြောင်းလဲရသေးသော ချီများ သူ့ထံတွင် အများအပြား ကျန်ရှိနေဆဲပင်။

အချိန်နိယာမနှင့် ပေါင်းစပ်လိုက်ချိန်၌ သူ့ထံတွင် အပိုစိတ်ဝိညာဉ်စွမ်းအား များစွာရှိနေခြင်းက အသုံးမဝင်တော့ချေ။

ထိုအစား ရေနက်ပိုင်း ဧရာမနတ်ဆိုးကို သူ၏ ကိုယ်ပိုင်အိမ်မွေးသားရဲအဖြစ် သန့်စင်လိုက်ပါက ထိုအရာက များစွာပို၍ အထင်ကြီးစရာ ကောင်းပေလိမ့်မည်။

ဤအချိန်တွင် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မည်သူမျှ လုရန်၏အနီးသို့ မချဉ်းကပ်ရဲကြပေ။

ချောက်နက်ကြီး၏အောက်ခြေတွင် ဤအဆင့်ရှိ သန်မာအားကောင်းသောသူ တစ်ဦးသည် ဤနေရာတွင် ရှိနေသူ အားလုံးကို လက်တစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်ပေမည်။

ထိုအစား လုရန်က အရင်ဆုံး စကားစပြောလိုက်သည်။

"ဒါက ​အဆုံးသတ်သွားပြီ... မင်းတို့ထဲက လမ်းသိတဲ့သူ ရှိလား... ဒီနေရာကနေ ငါတို့ ဘယ်လို ထွက်သွားရမလဲ"

ထိုစကားကို ကြားသောအခါ လူအများကြားမှ လူတ၀်စုက ချက်ချင်း ရှေ့သို့ထွက်လာသည်။

သူတို့က ပြောဆိုလေ၏။

"ကြီးမြတ်တဲ့ အင်မော်တယ်ကြီး... ကျွန်တော် သိတယ်"

လုရန်သည် ဤလူများကို တစ်ချက် ကြည့်လိုက်သည်။ သူတို့ ဝတ်ဆင်ထားသော အဝတ်အစားများအရ သူတို့သည် မူလက သင်္ဘောကို ထိန်းချုပ်မောင်းနှင်သော လူအုပ်စု ဖြစ်နိုင်သည်။

လုရန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"ဒါဆိုရင် လမ်းပြပါ... ဒီနေရာကနေ ထွက်သွားကြစို့"

ထိုလူများက အလျှင်အမြန် ခေါင်းညိတ်ပြပြီး ရှေ့မှ လမ်းပြသွားကာ ကျန်လူများက အနောက်မှ လိုက်ပါသွားကြ၏။

သူတို့လည်း လမ်းမသိသဖြင့် ဤနေရာမှ ထွက်သွားရန်အတွက် နောက်မှလိုက်သွားရပေမည်။

ထိုသို့မဟုတ်ဘဲ သူတို့၏အကာအကွယ်ကို ဆက်လက်၍ ထိန်းသိမ်းထားပါက သူတို့၏စိတ်ဝိညာဉ်စွမ်းအား ကုန်ခန်းသွားချိန်၌ ဤနေရာတွင် သေဆုံးသွားပေမည်။

သို့သော် ဤတစ်ကြိမ်ထိခိုက်မှုတွင် လူတော်တော်များများ သေဆုံးသွားခဲ့သည်။

လုရန်က ပတ်ဝန်းကျင်ကို အကြမ်းဖျင်း ကြည့်လိုက်ရာ လူအရေအတွက်မှာ သူတို့ သင်္ဘောပေါ်သို့ ပထမဆုံး တက်စဉ်ကထက် ဆယ်ပုံတစ်ပုံခန့်သာ ရှိတော့ကြောင်း သို့မဟုတ် ထိုထက်ပင် နည်းနိုင်ကြောင်း မြင်တွေ့လိုက်ရသည်။

သေဆုံးသွားသူများနှင့် ပတ်သက်၍မူ လူတချို့မှာ သူတို့၏ ကိုယ်ပိုင်ကျွမ်းကျင်မှု မလုံလောက်ခြင်းနှင့် သူတို့၏ အကာအကွယ်ဒိုင်းများသည် ဤရေနက်ပိုင်း ချောက်နက်ကြီး၏ အောက်တွင် တောင့်မခံနိုင်ခြင်းတို့ကြောင့်ပင်။

ထို့ထက်ပို၍များပြားသူများမှာ ရေနက်ပိုင်း ဧရာမ နတ်ဆိုး၏ ရိုက်ချက်တစ်ချက်ကြောင့် ချက်ချင်း သေဆုံးသွားခဲ့ကြခြင်းဖြစ်သည်။

လုရန်က ထိုအမျိုးသမီးကို ကြည့်လိုက်သောအခါ သူမ၏အကြည့် ရှောင်လွှဲသွားပြီး အလျှင်အမြန် တစ်ဖက်သို့ လှည့်သွားတော့သည်။

သို့သော် ထို့နောက် အမျိုးသမီးသည် ချက်ချင်းပြန်လှည့်ကြည့်လေ၏။

ထို့နောက် သူမသည် သတ္တိမွေးကာ အနည်းငယ်ပို၍ နီးကပ်စွာ ချဥ်းကပ်လာတော့သည်။

သူမက မေးမြန်းသည်။

"ငါ ဘယ်သူလဲဆိုတာကို နင် မှတ်မိသေးလား"

အမ်...

လုရန် အနည်းငယ် အံ့အားသင့်သွားပြီး အမျိုးသမီးကို ကြည့်လိုက်သည်။

သူမက ထိုကဲ့သို့ မေးခွန်းမျိုး မေးလာသဖြင့် လုရန်၏ သံသယကို ပို၍အတည်ပြုပေးလိုက်၏။

သူ ဤအမျိုးသမီးကို ယခင်က မြင်ဖူးသည်မှာ သေချာပေါက်ပင်။ သူမသည် ရင်းနှီးနေပုံရသော်လည်း သူမကို မည်သည့်နေရာ၌ မြင်ဖူးသည်ကို သူ မမှတ်မိနိုင်ချေ။

ထို့ကြောင့် လုရန်က စဉ်းစားတွေးတောကာ ရိုးရိုးသားသား ပြောလိုက်သည်။

"မင်းကို ကြည့်ရတာ ငါ နည်းနည်းတော့ ရင်းနှီးနေပုံရတယ်... ဒါပေမဲ့ မင်းကို ဘယ်နေရာမှာ မြင်ဖူးလဲဆိုတာတော့ ငါ မေ့သွားပြီ"

အမျိုးသမီးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"နင် မမှတ်မိတာ သေချာတာပေါ့... ဘာလို့လဲဆိုတော့ နင် ငါ့ကို မြင်တုန်းက ငါက ဒီပုံစံမျိုးမှ မဟုတ်တာ"

လုရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး အမျိုးသမီးကို သိချင်စိတ်ဖြင့် ကြည့်နေလေ၏။

အမျိုးသမီးက ဆက်ပြောသည်။

"ငါ့နာမည်က ပိုင်လော့ပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မဟာလေဟာနယ်ထဲမှာ မွေးရာပါ တာအိုသစ်သီး တစ်လုံးကို ငါ ရှာနေခဲ့တာ... နောက်ဆုံးတော့ သစ်သီးတစ်လုံးကို ငါ ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ အဲ့ဒီနေရာမှာ ပုဆိန်ကိုင်ထားတဲ့ လူတစ်ယောက် ရှိနေတယ်..."

သူမ၏စကား တစ်ဝက်တစ်ပျက်အရောက်တွင် လုရန်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး အမျိုးသမီးကို စူးစိုက်၍ ကြည့်နေသည်။

သူက ပြောဆိုသည်။

"သောက်ကျိုးနည်း... အဲ့ဒီလူက မင်းဖြစ်နေတာလား..."

ပိုင်လော့က ပခုံးတွန့်ပြီး ပြောလိုက်၏။

"နင် မှတ်မိပုံရတယ်... ဟုတ်တယ်... အဲ့ဒီနတ်ဘုရားစိတ်ဝိညာဉ်က ငါပဲ"

လုရန် အနေရခက်စွာ ခေါင်းကုတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမက မွေးရာပါ တာအိုသစ်သီးကို အရင်ရှာတွေ့ခဲ့ပြီး လုရန်က အခြေခံအားဖြင့် သူမကို အနိုင်ယူ၍ လုယူသွားခဲ့ခြင်းပင်။

သူက ရယ်မောရင်း ပြောလိုက်သည်။

"အဲ့ဒီသစ်သီးပေါ်မှာ နာမည်ရေးမထားဘူးလေ... ဒါကြောင့် အရင်ရောက်တဲ့သူက အရင်ရတာပေါ့... အဲ့ဒီကိစ္စအတွက် ငါ တောင်းပန်ပါတယ်... ဘာလဲ... မင်းက ငါ့ကို လက်စားချေဖို့ လာတာလား"

သူ ထိုစကားကို ပြောဆိုသည်နှင့် တပြိုင်နက် အမျိုးသမီးက သူမ၏လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းပြလေသည်။

သူမက ပြောလေသည်။

"မဟုတ်ပါဘူး... ငါ့မှာ အဲ့ဒီလို ရည်ရွယ်ချက် မရှိပါဘူး... ခုဏက နင့်ရဲ့ တိုက်ပွဲကို ငါ အရမ်း ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်... ငါက နင့်နဲ့ ယှဉ်နိုင်တဲ့သူ မဟုတ်ဘူး... ငါ ဘာပြဿနာမှ ရှာမှာ မဟုတ်ပါဘူး... နင် စိတ်မပူပါနဲ့"

လုရန် ခေါင်းညိတ်လိုက်၏။

သူသည် အမျိုးသမီးကို တခဏကြာမျှ စိုက်ကြည့်ပြီးနောက် သူက ပြောဆိုသည်။

"မင်းလည်း အခု မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေပြီပဲ... အချိန်တိုလေးအတွင်းမှာ နောက်ထပ် မွေးရာပါ တာအိုသစ်သီးတစ်လုံးကို ရှာတွေ့နိုင်တာက မင်း တော်တော်လေး ကံကောင်းပြီး ကံကြမ္မာ အထောက်အပံ့ကောင်းလို့ပဲ"

ပိုင်လော့ အနည်းငယ် ဆွံ့အသွားတော့သည်။

သူမ ကံကောင်းသလော သို့မဟုတ် ကံဆိုးသလောဆိုသည်ကို သူမ မသိခဲ့ချေ။

သူမကို ကံဆိုးသည်ဟု ပြောမည်ဆိုလျှင် သူမသည် အချိန်တိုအတွင်း မွေးရာပါ တာအိုသစ်သီး နှစ်လုံးကို ရှာတွေ့ခဲ့သည်။

သူမကို ကံကောင်းသည်ဟု ပြောမည်ဆိုလျှင် ပထမတစ်လုံးသည် သူမ၏မျက်စိရှေ့တွင်ပင် လုယူခြင်း ခံခဲ့ရလေ၏။

ထို့ပြင် ပိုင်လော့သာ ဒုတိယတစ်လုံးကို ထိုမျှထိ မြန်မြန်ဆန်ဆန် ရှာမတွေ့ခဲ့လျှင် သူမသည် မဟာလေဟာနယ်ထဲတွင် ရည်ရွယ်ချက်မရှိဘဲ ရှာဖွေနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

အနည်းဆုံးအနေဖြင့် နှစ်အနည်းငယ် သို့မဟုတ် ရာနှင့်ချီ ထောင်နှင့်ချီသော နှစ်များအထိ သူမ ရှာဖွေရနိုင်သည်။

တချို့လူများသည် နှစ်ပေါင်းသုံးထောင် ကြာမြင့်သည့်တိုင် မွေးရာပါ တာအိုသစ်သီးကို ရှာမတွေ့နိုင်ဘဲ မဟာလေဟာနယ်တွင် အမြဲတစေ လှည့်လည်သွားလာနေသည်ဟုပင် သူမ ကြားဖူးခဲ့ပေ၏။

ပိုင်လော့က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"အဲ့ဒါက ကံကြမ္မာပဲလို့ ငါ ထင်တယ်... ခုဏက အဲ့ဒီရေနက်ပိုင်း ဧရာမနတ်ဆိုး...နင် သူ့ကို သတ်လိုက်တာလား"

လုရန်က ခေါင်းခါယမ်းလိုက်သည်။

သူသည် နတ်ဆိုးသန့်စင်ခြင်းအိုးကို တစ်ချက်ကြည့်လိုက်ရာ ရေနက်ပိုင်း ဧရာမနတ်ဆိုးသည် အစွမ်းထက်သော်လည်း သန့်စင်သည့်အမြန်နှုန်းမှာ များစွာပြောင်းလဲသွားခြင်း မရှိကြောင်း မြင်တွေ့လိုက်ရသည်။

ယခုအချိန်၌ ထိုနတ်ဆိုးသားရဲကို လုရန်က သူ၏အိမ်မွေးသားရဲအဖြစ် သန့်စင်လိုက်လေပြီ။

လုရန်က စဉ်းစားဟန်ဖြင့် ပြောဆိုသည်။

"သူ မသေသေးဘူး... အဲ့ဒီကောင်ကို သတ်ပစ်ဖို့က အရမ်းနှမြောစရာကောင်းတယ်"

ပိုင်လော့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေ၏။

အဲ့ဒီကောင်က မသေသေးရင် ဘယ်မှာလဲ...

သူ့ရဲ့ မှော်ရတနာထဲမှာ ပိတ်မိနေတာလား...

သူမက တွေးတောလိုက်မိသည်။

လုရန်က ပြောဆိုသည်။

"ရော့... ဒီမှာလေ..."

အတွေးတစ်ချက်နှင့်အတူ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ဧရာမ ရေနက်ပိုင်း ဧရာမ နတ်ဆိုးသည် ရေနက်ပိုင်းချောက်နက်ကြီးထဲတွင် ပြန်လည်၍ ထွက်ပေါ်လာတော့သည်။

All Chapters