ပထမဆုံး သစ္စာလာခံသည့်သူ
Vol. 016 Ch. 776
အနက်ရောင်ဆံပင်နှင့်လူကြီး၏ အမြင်တွင် ဝမ်လင်း၏ပုံရိပ်သည် ကြီးကျယ်လွန်းနေသည်။ သူက အလုံးစုံ ကြယ်အဖွဲ့အစည်းကြီးတွင် မည်သူကမျှ ထိုအကြည့်အောက်၌ မတုန်မလှုပ်၊ အန္တရာယ်မဖြစ်ဘဲ နေနိုင်မည် မဟုတ်ဟုပင် ယုံကြည်နေသည်။ ထိုလူများထဲ၌ သူတို့၏ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ ခေါင်းဆောင်ပင် ပါဝင်ပေ၏။
ထိုမျက်လုံးအကြည့်အောက် ကမ္ဘာတစ်ခုလုံးပင် ပုရွက်ဆိတ်မျှသာ ရှိသည်ဟု ခံစားမိသည်။ ထိုခံစားချက်သည် အနက်ရောင်ဆံပင်နှင့်လူကြီး၏ ခန္ဓာကိုယ်ကို တုန်ယင်စေသည်။ သူ့မာန်ဝင့်မှုကြောင့် သူက ထိုကဲ့သို့သော လေးစားမှုမျိုးကို မည်သူ့ကိုမျှ မပေးခဲ့ဖူးပေ။
“တာအိုအမြင်…ဒီအကြည့်က ဒဏ္ဌာရီလာ တာအိုအမြင် ဖြစ်ရမယ်…”
သူ့စိတ်ထဲ၌လည်း တုန်လှုပ်မှု၊ တုန်ယင်မှုတို့ ရှိလို့နေဆဲသာ။ သူက တာအိုအမြင် ဟုသော စကားကို တွေးလိုက်မိသည့်အခါ သူ့စိတ်ထဲ၌ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်သွားပေသည်။
သည်တာအိုမြင်ကွင်းသည် ဒဏ္ဌာရီ ဆန်လှသည်။ အနက်ရောင်ဆံပင်နှင့်လူသည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းအတွင်းတွင် လွန်ခဲ့သော မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာက ပေါ်ထွက်လာခဲသော လူတစ်ယောက်နှင် ပတ်သက်၍ ကောလာဟလ ကြားခဲ့ဖူးပေသည်။ ထိုလူက သူ့ခွန်အားနှင့် မန္တန်တစ်ခုကိုသာ အသုံးပြု၍ အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းအတွင်းရှိ ဒုတိယအဆင့်ရှိ ကျင့်ကြံသူအားလုံးကို အနိုင်ယူခဲ့သည်ဟူ၍ပင်။
ဒုတိယအဆင့် ကျင့်ကြံသူများကြား၌ပင် အနည်းငယ်သော ဆရာကြီးအချို့ကလွဲ၍ အများစုသည် မန္တန်တစ်ခု၊ လက်နက်ရတနာတစ်ခုကိုပင် ထုတ်ဖော်လိုက်ရခြင်း မရှိဘဲ ရှုံးနိမ့်သွားခဲ့ရပေသည်။
ထိုလူက အလွန်စိတ်ပျက်သွားကာ ပြန်ထွက်ခွာသွားခဲ့သည်။ လူတစ်ယောက်က သတ္တိမွေးကာ ထိုမန္တန်၏ အမည်နာမကို မေးမြန်းခဲ့ရာ သူတို့က ရိုးရိုးရှင်းရှင်းရှင်း စကားတစ်ခွန်းကိုသာ ပြန်ရရှိခဲ့သည်။
“ဒီမန္တန်ကို တာအိုမြင်ကွင်းလို့ခေါ်တယ်။ ဒါက ငါ ဖန်တီးထားတာ မဟုတ်ဘူး။ မင်းတို့အားလုံးလည်း ဒါကို လုပ်ဆောင်နိုင်စွမ်း ရှိတယ်…”
အနက်ရောင်ဆံပင်နှင့် လူကြီးက အတိတ်က ကောလာဟလ အကြောင်းကို ပြန်တွေးလိုက်ပြီးနောက် အသက်ဝဝရှူသွင်းလိုက်မိသည်။ ချက်ချင်းပင် သူက မိုးကြိုးသားရဲပေါ်ကနေ ဆင်း၍ လေးစားစွာ မတ်တတ်ရပ်နေသည်။ သူက ဝမ်လင်းအကြည့်အောက်တွင် မရှိတော့သည့်အခါမှ အနီးအနားရှိ ဂြိုဟ်သိမ်တစ်ခုပေါ်၌ အခြားလူတစ်ယောက် ရှိနေသည်ကို သတိထားမိလာသည်။
သူက ထိုလူ့ကို မြင်တွေ့လိုက်သည့်အခါ မှင်တက်သွားမိသည်။ သူက ယင်းလူကို ရုပ်သေးတစ်ယောက်ဟု ချက်ချင်း သိလိုက်သည်။ ထို့နောက် သူက ငွေရောင်ဦးချိုဖြင့် မိုးကြိုးသားရဲတစ်ကောင်ကိုပါ မိုးကြိုးကန်၏ အစပ်နားတွင် ထပ်မြင်လိုက်ရသည်။
သူက သည်နေရာသို့ ရောက်လာသည်နှင့် ဝမ်လင်း၏ အကြည့်ဖြင် ဖမ်းစားခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သူက အခြားအရာများကို မြင်နိုင်စွမ်း မရှိခဲ့ပေ။ ခုကျမှ သူသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်မိကာ တုန်လှုပ်သွားခြင်းပင်။
“ငွေရောင်ဦးချို မိုးကြိုးသားရဲ…။ ပုံရိပ်ယောင်ယင်ရုပ်သေး…။ သူ…သူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်က တမန်တော် တစ်ယောက်ပဲလား…”
အနက်ရောင်ဆံပင်နှင့်လူက ထိုအရာများအားလုံးကို မယုံကြည်ဝံ့ပဲ ဖြစ်နေသည်။ သူက ဝမ်လင်း၏ ပုံရိပ်ကို သံသယ မရှိပေ။ သို့သော် သူက ထိုမျှ စွမ်းအားကောင်းသောလူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှ တမန်တော်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူက အများကြီး ဆက်မတွေးနိုင်ခင်မှာပင် ဝမ်လင်းသည် မျက်လုံးနောက်တစ်ဖန် ဖွင့်လာခဲ့ပြန်သည်။ သူ့မျက်လုံးများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။ အစောပိုင်းတုန်းက အနက်ရောင်ဆံပင်နှင့်လူ တုန်လှုပ်ခဲ့ရုံသာမက ဝမ်လင်းကိုယ်တိုင်လည်းပဲ သူ့ကိုယ်သူ မှင်တက်ခဲ့ရပေသည်။
“အစောပိုင်းတုန်းက ရရှိခဲ့တဲ့ ခံစားချက်က ကျင့်ကြံခြင်း တတိယအဆင့်များ ဖြစ်နေနိုင်လား…” ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ ထိုခံစားချက်က အခွင့်ကြုံမှ ရရှိနိုင်သည့် အရာမျိုး ဖြစ်သည်။ သို့ရာတွင် သူ့ကျင့်ကြံမှုအဆင့်က နိမ့်လွန်းနေသည်။ အနှီခံစားချက်က သူ့စိတ်ထဲ၌ ဖမ်းဆုပ်မိနေသော တစ်စုံတစ်ရာ ဖြစ်နေသေးပေမဲ့ သူက လုံးဝ နားမလည်နိုင်သေးပေ။
အစစ်အမှန်မဟုတ်သော အိပ်မက်ထဲ၌ အစစ်အမှန်ဟု ထင်ရသည့် ပုံရိပ်များသည် သူ့ကို တံခါးဖွင့်ပေးခဲ့ကာ တတိယအဆင့်သို့ မြင်စေခဲ့ပေသည်။ အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်း သို့မဟုတ် မဟာမိတ်ကြယ်အဖွဲ့အစည်းက မည်သူမဆို သည်အကြောင်းကို သိသည်နှင့် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အတွက် အရူးအမူး ဖြစ်လာကြပေလိမ့်မည်။
ရှေ့ဖြစ်ဟောသူတို့လို ပုဂ္ဂိုလ်များ၏ အကြီးမားဆုံးပန်းတိုင်က ထိုတတိယအဆင့် မဟုတ်လော။ သူတို့က ထိုတတိယအဆင့်အတွက် အရာအားလုံးကို လုပ်ဖို့ ဆန္ဒရှိနေကြပေသည်။ သူတို့အတွက် တတိယအဆင့်သည် ဘယ်ဆီဘယ်ဝယ်မှန်း မသိဖြစ်နေကာ အမှောင်ထဲ၌သာ စမ်းတဝါးဝါး ခါးခါးသီးသီး လိုက်ရှာဖွေနေကြရသည် မဟုတ်လား။
သို့ရာတွင် ဝမ်လင်းကတော့ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကြောင့် ဖော်ပြနိုင်စွမ်း မရှိလောက်အောင် ကြီးမားသည့် ထိုအခွင့်အရေးကို ရရှိနိုင်ခဲ့ပေသည်။ တစ်ခါတစ်ရံ...ကံတရားဆိုသည်က ဤသို့ဤနှယ်ပင် ဖြစ်သည်။
တတိယအဆင့်မှ တာအိုကို တွေ့မြင်ပြီးနောက် ဝမ်လင်း၏ အနာဂတ် အောင်မြင်မှုများသည် ကြိုမှန်းဆ၍ မရလောက်အောင် အံ့မခန်း ဖြစ်နေပေလိမ့်မည်။
“ဂျူနီယာက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ အဆင့်နှစ် တမန်တော်…ရှန်ကုန်းဟူပါ…။ ရှန်ကုန်းဟုက စီနီယာ့ကို နှုတ်ဆက်ပါတယ်…”
အနက်ရောင်ဆံပင်နှင့်လူက ချက်ချင်းပင် မြေပေါ်သို့ ဝပ်တွားကာ ဝမ်လင်းကို ဆရာတစ်ယောက်ကဲ့သို့ လေးစားသမှု ပြုလိုက်သည်။
အပြင်လူတစ်ယောက်ကသာ ထိုမြင်ကွင်းကို တွေ့မြင်ပါက လုံးဝ တုန်လှုပ်မိသွားပေလိမ့်မည်။ ရှန်ကုန်းဟူသည် အလွန် မာနကြီး ရက်စက်သူဟု ပြော၍ရ၏။ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ တမန်တော်များကြားထဲ၌ပင် သူက မလွယ်လှသည့် လူတစ်ယောက် ဖြစ်သည်။ ကျင့်ကြံခြင်း မိသားစုအများစုသည် သူ့ကို စော်ကားဝံ့ကြခြင်း မရှိပေ။
ပို၍ အရေးကြီးသည်က သူ့ပါရမီပင်။ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ အရှင်သခင်ကပင် ရှန်ကုန်းဟူ၏ ပါရမီသည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးထဲ၌ ထိပ်ဆုံး အဆင့်သုံးဆယ်ထဲတွင် ရှိနိုင်ကြောင်း ပြောခဲ့ပေသည်။
သည်လူက ကျင့်ကြံတာ အလွန်ကြာမြင့်လှခြင်း မရှိသေးပေ။ သူက နှစ်တစ်ထောင်ခန့်သာ ကျင့်ကြံခဲ့ရသေးသည်။ ထိုနှစ်တစ်ထောင်ဆိုသော အချိန်ဖြင့်ပင် သူက အထည်ဒြပ်ယန်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ကာ ထိုအဆင့်၏ အထွတ်အထိပ်ကိုပင် ရောက်နေခဲ့ချေပြီ။ သည်လိုပါရမီမျိုးက လူအများ သူ့ကို ကြောက်လန့်စေခြင်း ဖြစ်သည်။
သူ့အကန့်အသတ်ကို မည်သူကမျှ ဆုံးဖြတ်နိုင်စွမ်း မရှိကြပေ။ ဖြစ်နိုင်သည်က သူက ဒုတိယအဆင့်ရှိ အစစ်အမှန် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည် ဆိုသည်ပင်။
ဝမ်လင်းက လှုပ်ရှားခြင်း မပြုပေ။ သူ့အသွင်ကလည်း ပုံမှန်အတိုင်း ရှိနေကာ ရှန်ကုန်းဟူကို တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။ တတိယအဆင့်၏ တာအိုကို မြင်တွေ့ပြီးသည့်နောက် သူ့ကျင့်ကြံမှုအဆင့်က တိုးတက်လာခြင်း မရှိသော်လည်း သူ့စိတ်ခွန်အားသည် အတော်လေး ပြောင်းလဲသွားခဲ့ကာ သူ့စိတ်ဝိညာဉ်၏ သဘာဝပင် အရင်နှင့် ခြားနားလာခဲ့ပြီ ဖြစ်သည်။ အခုအချိန်၌ သူက ရှေ့ဖြစ်ဟောသူ၏ ရှေ့တွင် ရပ်နေရမည်ဆိုရင်ပင် မည်သည့်တင်းအား၊ ဖိအားမှ ခံစားရတော့မည် မဟုတ်ပေ။
ဝမ်လင်း၏ အကြည့်အောက်၌ ရှန်ကုန်းဟူက အရင်ကကဲ့သို့ ကြောက်ရွံ့မှုကို မခံစားရတော့သော်လည်း သူက တုန်လှုပ်နေဆဲပင်။ ထို ထိတ်လန့်ကြောက်ရွံ့မှုက သူ့စိတ်ထဲ၌ ရေးထွင်းသွားခဲ့ကာ သူသေဆုံးချိန်အထိ ပျောက်ပျက်နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။
အမှန်တကယ်တော့ ထိုအရာကပင် ရှန်းကုန်းဟူအတွက် အခွင့်ရေးတစ်ခုလည်း ဖြစ်ပေသည်။ ရှေ့ဖြစ်ဟောသူနှင့် သူ့အပေါင်းအပါများသည် ပုတီးစေ့ကို ပိုင်ဆိုင်နိုင်ဖို့ မည်သည့်အခွင့်အရေးမှ မရှိခဲ့လျှင်တော့ သူတို့က တုံ့ဆိုင်းခြင်းမရှိ ယင်းတတိယအဆင့်နှင့် ကိုယ်တိုင်တွေ့ကြုံနိုင်ဖို့ ရွေးချယ်ပေလိမ့်မည်။
ရှန်ကုန်းဟူ၏ ဘေးရှိ မိုးကြိုးသားရဲသည် ခေါင်းငုံ့ထားကာ ၎င်း၏ မျက်နှာပေါ်ရှိ မာန်ဝင့်မှုလည်း ရှိမနေတော့ပေ။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက ဘာသဘောလဲ…”
ခုလက်ရှိ ဝမ်လင်း၏ စိတ်အခြေအနေက အစစ်အမှန်မဟုတ်သည့် အိပ်မက်ထဲကလို အနည်းငယ် ရှိနေဆဲ ဖြစ်ကာ ထိုအရာက သူ့လေသံကိုပါ သက်ရောက်လာခဲ့သည်။
ရှန်ကုန်းဟူ၏ ကျင့်ကြံမှုအဆင့်က အထည်ဒြပ်ယန်အဆင့် ဖြစ်သော်လည်း သူ့စိတ်က ခုချိန်၌ လုံးဝထိခိုက်နေပြီ ဖြစ်သည်။ ခုချိန်၌ သူ့စိတ်နှလုံးကြောင့် သူက ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကိုသာ အသုံးပြုနိုင်စွမ်း ရှိတော့သည်။
သူ့မိုးကြိုးသားရဲကတော့ ခေါင်းပင် မော့မလာဝံ့ပေ။
ဝမ်လင်း၏ ရုတ်တရက် ထွက်ပေါ်လာသည့် စကားများက ရှန်ကုန်းဟူကို မှင်တက်သွားစေသည်။ သူက ခပ်မြန်မြန် ပြန်ပြောလိုက်၏။ ဂျူနီယာက…
သူ့စကား မဆုံးသေးခင်မှာပင် ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဘာကိစ္စမှ မရှိတော့ရင်… မြန်မြန် ထွက်သွားတော့…”
ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ ပြောင်းလဲမှုကို သေချာလေ့လာကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကင်ဘုံပုတီးစေ့၏ စွမ်းအားသည် သူစိတ်ကူးနိုင်သည်ထက် ပိုနေသည်။ တံခါးချပ်က ခပ်ဟဟ ပွင့်ခဲ့ခြင်းကပင် သူ့ကို တတိယအဆင့်ကို မြင်နိုင်စွမ်း ရှိစေခဲ့သည်။ သူကသာ ထိုတံခါးတစ်ခုလုံးကို လုံးဝ ဖွင့်နိုင်ခဲ့ရင်ကော…။
ဝမ်လင်းနှလုံးသားက ထိုသို့ တွေးမိကာ ခုန်ပေါက်နေ၏။ သူက ထိုသို့သာ တံခါးချပ်ကို လုံးဝ ဖွင့်နိုင်ခဲ့လျှင် မည်သို့ ဖြစ်လာမည်ကို စိတ်ကူး၍ပင် မကြည့်နိုင် ဖြစ်ရ၏။
ထို့အပြင် ထိုအိပ်မက်က သူ့နယ်ပယ်ကိုပါ တိုးတက်စေခဲ့သေးသည်။ သူက ပထမအဆင့်ကျင့်ကြံခြင်း၏ အဆုံးသတ် အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။
ရှန်ကုန်းဟူက ဝမ်လင်း၏ ရည်ရွယ်ရင်းဆန္ဒသည် ပုံမှန်ဟုသာ ခံစားလိုက်မိသည်။ အားကောင်းသော လူတစ်ယောက်က ခုလိုမျိုးသာ ပြုမူသင့်သည် မဟုတ်လား။ သူက သည်စီနီယာ၏ ကျင့်ကြံခြင်းကို နှောင့်ယှက်မိခဲ့သူ မဟုတ်လား။ သည်စီနီယာက သူ့ကို သတ်မပစ်တာတောင် အတော်လေး ကြင်နာရာ ရောက်နေပေသည်။
အစောပိုင်းက အကြည့်ကို ပြန်တွေးမိကာ ရှန်ကုန်းဟူက သည်စီနီယာသည် သူ့ကို အသက်ချမ်းသာ ပေးလိုက်သည်ကို သံသယ မရှိတော့ပေ။ မဟုတ်လျှင် သူက ခုချိန်ဆို ကျိန်းသေပေါက် သေဆုံးနေလောက်ပေပြီ။
သူက အသက်ဝဝရှူသွင်းပြီးနောက် ပြောလာ၏။ “စီနီယာ…ဂျူနီယာက တောင်ပိုင်းနယ်မြေ ရှန်ကုန်းမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ ရှန်ကုန်းဟူပါ။ ဒါ့အပြင် ဂျူနီယာက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ အဆင့်နှစ်တမန်တော် ဖြစ်တဲ့ ပုံရိပ်ယောင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ စီနီယာက ငါ့ကို သင့်ရဲ့ သစ္စာခံအဖြစ် လက်ခံပေးဖို့ တောင်းပန်ပါတယ်…”
ထိုသို့ပြောခြင်းက သူသည် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိ၍ မဟုတ်ပေ။ သို့သော် အစောပိုင်းက ထိတ်လန့်ကြောက်မက်ဖွယ် အကြည့်က သူ့ကို ထိုအရာများနှင့် ပတ်သက်၍ မေ့ပျောက်သွားစေခဲ့သည်။ သူက ဝမ်လင်းကို အစစ်အမှန် အားကောင်းသော ကျင့်ကြံသူတစ်ယောက်ဟုသာ ယုံကြည်နေ၏။ အားကောင်းသော ကျင့်ကြံသူတစ်ယောက်က သူ့ကျင့်ကြံမှုအဆင့်ကို အာဏာတက်ခြင်းအဆင့်သို့ တမင်လျှော့ချ ဖုံးကွယ်ထားသည်ဟုသာ ထင်မြင်နေ၏။
“သစ္စာခံ…”ဝမ်လင်းက မှင်တက်သွားကာ ရှန်ကုန်းဟူကို ကြည့်၏။
ရှန်ကုန်းဟုက မြန်ဆန်စွာ ပြောလိုက်သည်။ “ဂျူနီယာရဲ့ ကျင့်ကြံမှုအဆင့်က ဘာမှမဟုတ်ဘဲ စီနီယာရှိမှာ သစ္စာခံတစ်ယောက် ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီတာ သိပါတယ်။ ဒါပေမဲ့လည်း ဂျူနီယာက တကယ့်ကို စိတ်ရင်းခံနဲ့ ပြောတာပါ။ ဒါ့အပြင် ဂျူနီယာကို သစ္စာခံထားတဲ့ မိသားစုဝင် တော်တော်များများလည်း ရှိပါသေးတယ်။ ဒါကြောင့် စီနီယာ တောင်းဆိုသမျှကို ဂျူနီယာက ကျေနပ်အောင် ကူညီပေးမှာပါ။ စီနီယာက ငါ့ကို သင့်ရဲ့ သစ္စာခံအဖြစ် လက်ခံပေးဖို့ ဂျူနီယာ မျှော်လင့်မိပါတယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းခါလိုက်သည်။ သူက အစောပိုင်းက အကြည့်မန္တန်ကို ထပ်မံ အသုံးမပြုနိုင်တော့ပေ။ အခု သူက ပုံမှန်အတိုင်း တစ်ချက်ကြည့်ရုံဖြင့် ထိုလူသည် အလွန်အမင်း မောက်မာမော်ကြွားမှန်း သိနေ၏။ ထိုလူကသာ တစ်ခုခု သတိပြုမိသွားပါက သူ့အတွက် မလိုလားအပ်သည့် ဒုက္ခများ ဖြစ်လာနိုင်ပေသည်။
ရှန်ကုန်းဟူက ဝမ်လင်း ခေါင်းခါလိုက်သည်ကို တွေ့လိုက်သည့်အခါ သူက ချက်ချင်း ဆက်ပြောလာပြန်သည်။ “စီနီယာ…ဂျူနီယာက တကယ့်စိတ်ရင်းနဲ့ပါ။ အချိန်ဘယ်လောက် ကြာကြာ ဒီသစ္စာခံမှုအတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ စီနီယာကသာ ငါ အဆင့်ချိုးဖျက်နေစဉ်အတွင်းမှာ အနည်းငယ်လောက် ညွှန်ပြပေးတာနဲ့ ဂျူနီယာက ငါ့တာအိုစိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို အပ်နှင်းထားပြီး စီနီယာရှိမှာ နှစ်ပေါင်းတစ်ထောင်ထိ သစ္စာခံပါ့မယ်….
သူက ထိုသို့ ပြောနေရင်းဖြင့် သူ့လက်ဖြင့် ချိတ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ သူ့နဖူးထက်သို့ ညွှန်လိုက်သည်။ သူ့နယ်ပယ်နှင့်တာအို ပါဝင်သော အနက်ရောင်အလင်းတစ်ခုက သူ့ဦးခေါင်းထက်ကနေ ပျံသန်းထွက်လာခဲ့သည်။
အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးတွင် သစ္စာခံလိုက်သည့် လူတစ်ယောက်သည် ကျေးကျွန်အဖြစ် အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ တာအိုစိတ်ဝိညာဉ်သည် အရေးကြီးဆုံး အရာတစ်ခုဟုလည်း ဆိုနိုင်၏။
သူတို့၏ စိတ်ဝိညာဉ်ကို အခြားတစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်သည်နှင့် ၎င်းက သေဆုံးသည်နှင့် မတူညီသော်ငြားလည်း သူတို့၏တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိပေလိမ့်မည်။ ထို့အတွက် အကျိုးဆက်ကလည်း သိသာပေ၏။
သူ့တာအိုစိတ်ဝိညာဉ်ကို အပ်နှင်းခြင်းဖြင့် ရှန်ကုန်းဟူက သူ့စိတ်ရင်းကို သက်သေပြခြင်း ဖြစ်တော့၏။
သူက ဝမ်လင်း၏ အကြည့်ကို အမှန်အကန် ကြောက်လန့်ပေ၏။ သူက သည်နေ့အခွင့်အရေးကိုသာ လက်လျှော့လိုက်ပါက သူ့တစ်ဘဝလုံးတွင် ထိုအတွက် နောင်တရလိမ့်မည်ဟု ခပ်ရေးရေး ခံစားမိသည်။
ရှန်ကုန်းဟူက သူ့ခံစားချက်ကို တော်တော်လေး ယုံကြည်သည့်သူ ဖြစ်၏။ သူ့ဘဝတွင် အရေးတကြီး ဆုံးဖြတ်ချက်အများစုကို သူ့ခံစားချက်အတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်။
ရှန်ကုန်းဟူ သူ့တာအိုစိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်သည်ကို ကြည့်နေရင်း ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ထိုတာအိုစိတ်ဝိညာဉ်က ဘာကို ကိုယ်စားပြုကြောင်း နားလည်ထားပေ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာသည်။ “မင်းက ဒါနဲ့ ပတ်သက်လို့ နောင်တမရဘူးလား…”
ရှန်ကုန်းဟူက ချက်ချင်းပင် လေးလေးစားစား တုံ့ပြန်လိုက်၏။ “ဂျူနီယာက လုံးတ နောင်တမရပါဘူး…”
ဝမ်လင်းက အချိန်ဆက်၍ ဖြုန်းမနေတော့ချေ။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရှန်ကုန်းဟု၏ တာအိုစိတ်ဝိညာဉ်သည် သူ့ထံသို့ ပျံသန်းလာ၏။ သူက ၎င်းစိတ်ဝိညာဉ်ကို ဝါးမျိုလိုက်ပြီးနောက် သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်စေလိုက်သည်။
တာအိုစိတ်ဝိညာဉ်ကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “မင်းက ဒီနေရာကို ဘာကြောင့် လာခဲ့တာလဲ…”
ရှန်ကုန်းဟူက ခါးသက်သက် ပြုံး၍ ဆိုသည်။ “မိုးကောင်းကောင်းကင်ဘုံ နယ်မြေက သိပ်မကြာခင်မှာ ပွင့်တော့မှာပါ။ ဒါကြောင့် ဂျူနီယာက ဒီနေရာကို အသုံးချပြီး မူလစွမ်းအင်အချို့ကို ကျင့်ကြံမလို့ပါ…”
******