← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃) လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်... ဘာဖြစ်လို့လဲ ဝက်ဝံညီလေး... ကိစ္စရှိလို့လား

ကျားသစ်ပေါက်လေးသည် လယ်ယာခြံဝင်းအတွင်း၌ အတော်လေး အသားကျနေပြီ ဖြစ်ကာ အသားကျလွန်းနေသည်ဟုပင် ဆိုနိုင်ပေသည်။

၎င်း၏ စရိုက်လက္ခဏာမှာ တကယ့်ကို ခွေးကြီးတစ်ကောင်နှင့် ဘာမှ မကွာခြားတော့ပေ။

သို့သော် လူများနှင့် ရင်းနှီးကျွမ်းဝင်မှု အပိုင်းတွင်တော့ ရွှီယန် တစ်ယောက်တည်းကိုသာ ခင်တွယ်ခြင်း ဖြစ်သည်။

အစပိုင်းတွင် ဝန်ထမ်းများက အနည်းငယ် ကြောက်ရွံ့နေခဲ့ကြသော်လည်း ရက်အနည်းငယ်ခန့် အတူတကွ နေထိုင်ပြီးနောက်တွင်တော့ မကြောက်ကြတော့ချေ။

အခြား တိရစ္ဆာန်များကလည်း ထိုနည်းတူပင် ဖြစ်၏။ ဥပမာအားဖြင့် ဒရယ်ပြောက်လေးဆိုလျှင် ယခုအခါ ကျားသစ်ပေါက်လေး၏ ဘေးနားတွင်ပင် နေထိုင်နိုင်နေပြီဖြစ်ပြီး ယခင်ကလောက် မကြောက်ရွံ့တော့ပေ။

ရှောင်ဟွာမှာ တကယ့် တောရိုင်းကျားသစ် တစ်ကောင်နှင့် မတူတော့ဘဲ တောရိုင်းတိရစ္ဆာန်တို့၏ စရိုက်လက္ခဏာများ သိပ်မရှိတော့ချေ။ ယင်းအစား လယ်ယာခြံဝင်း၏ ဘဝနေထိုင်မှု ပုံစံများကိုသာ လိုက်နာနေတော့သည်။

ဤရက်ပိုင်းအတွင်း ဝန်ထမ်းများက နဂါးမောက်သီးများကို စတင် ခူးဆွတ်နေကြပြီး ဈေးငယ်လေးဆီသို့ သွားရောက် ရောင်းချရန် ပြင်ဆင်နေကြသည်။

နဂါးမောက်သီးများတွင် အနီရောင်နှင့် အဖြူရောင်ဟူ၍ နှစ်မျိုး ရှိသော်လည်း အပြင်ပန်းကတော့ သာမန် နဂါးမောက်သီးများအတိုင်းပင် ဖြစ်၏။

ရွှီယန်က အင်တာနက်ပေါ်တွင် စိုက်ပျိုးရေး ထုတ်ကုန်များကို လေ့လာကြည့်ရှုသည့်အခါ ယခုအခါ၌ ရွှေရောင် နဂါးမောက်သီးများပင် ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် နောက်ပိုင်းတွင် စမ်းသပ် စိုက်ပျိုးကြည့်ရန် စိတ်ကူးထားလိုက်သည်။

တောင်ပေါ် မတက်ရသည်မှာ ရက်အတော်ကြာပြီ ဖြစ်သဖြင့် ယနေ့ကတော့ သူ၏ တောင်ပေါ်တက်ရမည့်နေ့ပင် ဖြစ်သည်။

လယ်ယာခြံဝင်း၏ စီးပွားရေး တိုးတက်လာပြီးနောက်တွင်တော့ တောင်ပေါ်တက်ခြင်းက ရွှီယန်အတွက် ဘေးပေါက်အလုပ် တစ်ခုသဖွယ် ဖြစ်သွားခဲ့ပြီး အလုပ်အားလပ်ချိန်တွင် အပန်းဖြေသည့် ကိစ္စတစ်ခုကဲ့သို့ ပို၍ ဖြစ်လာခဲ့၏။

ယခင်ကတော့ တောင်ပေါ်တက်ခြင်းကို အဓိကထားခဲ့ရပြီး တောင်ပေါ်တက်၍ ရရှိသော ငွေကြေးဖြင့်သာ သူ၏ဘဝကို ထောက်ပံ့နေခဲ့ရခြင်း ဖြစ်သည်။

ယခုတော့ စီးပွားရေး အခြေအနေ အနည်းငယ် တောင့်တင်းလာသဖြင့် လယ်ယာခြံဝင်းကိုသာ အဓိကထား လုပ်ကိုင်နေတော့သည်။

ဤသို့ ပြန်ကြည့်မည်ဆိုပါက တောင်ပေါ်တက်ခြင်းမှာ တကယ်ကို ပင်ပန်းခက်ခဲသော အလုပ်တစ်ခုပင် ဖြစ်၏။ ငွေရှာရန်အတွက် တောင်ပေါ်တက်နေရသူများ အားလုံးမှာ တကယ်ကို ချွေးနှဲစာလေး ရရှိရန်သာ လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။

အပြင်ဘက်တွင် အနည်းငယ် အေးစိမ့်နေသည်။

ရွှီယန်က အတွင်းခံအထူများကို ဝတ်ဆင်ထားပြီး အပေါ်မှ ဘောင်းဘီအပါးနှင့် အပေါ်ဝတ်အင်္ကျီ တစ်ထည်ကို ထပ်ဝတ်ကာ တောင်ပေါ်သို့ တက်လာခဲ့၏။

ကျားသစ်ပေါက်လေးကလည်း သူနှင့်အတူ လိုက်ပါလာခဲ့သည်။

ဤကောင်လေးမှာ မူလကတည်းက တောထဲရှိ ဘဝနှင့် အသားကျပြီးသား ဖြစ်သဖြင့် သူ၏နောက်သို့ လိုက်ပါရခြင်းက လုံးဝ ပြဿနာမရှိပေ။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်တို့က မိခင်ကျားသစ်မကြီး ယခင်က နေထိုင်ခဲ့သော နေရာသို့ အရင်ဆုံး ရောက်ရှိလာခဲ့ကြသည်။

ကျားသစ်ပေါက်လေးက ရင်းနှီးနေသော နေရာကို မြင်လိုက်သည်နှင့် ချက်ချင်း ပြေးသွားကာ မြေကွက်လပ်ကို ကြည့်ပြီး အောင်အောင် ဟု အော်ဟစ်လိုက်၏။

ရွှီယန်က ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ ဤနေရာတွင် တိရစ္ဆာန်များ လှုပ်ရှားသွားလာခဲ့သည့် အရိပ်အယောင် မရှိသည်မှာ အတော်ကြာမြင့်နေပြီဖြစ်ပြီး အနည်းငယ် ခြောက်သွေ့ ညှိုးနွမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။

မိခင်ကျားသစ်မကြီးမှာ တကယ်ကို ထွက်သွားခဲ့ပြီ ဖြစ်၏။ တောနက်ထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်နိုင်ပေသည်။

သို့သော် ဤသည်က ကောင်းသော ကိစ္စပင်။ ကျားသစ်များ၏ အသက်ရှင်သန်နိုင်စွမ်းက အလွန် ကောင်းမွန်ပြီး ကျားမှလွဲ၍ ကျန်သည့် မည်သည့်အရာကိုမှ ကြောက်ရွံ့မည် မဟုတ်ချေ။

ထို့အပြင် ကျားသစ်များက တစ်ကောင်တည်း နေထိုင်ရသည်ကို သဘောကျကြသည်။ တောင်ပေါ်မှ သားရဲတိရစ္ဆာန် အားလုံးက ဤသို့ပင် ဖြစ်ပုံရ၏။ တစ်ကောင်တည်း နေရခြင်းက ပို၍ ပုန်းအောင်းရန် လွယ်ကူပြီး အသက်ရှင်သန်ရန် ပိုမို လွယ်ကူသောကြောင့် ဖြစ်သည်။

"သွားမယ်... တာ့ဟွာ ဒီမှာ မရှိတော့ဘူး... နောက်ပိုင်း သူ မင်းကို သေချာပေါက် လာရှာမှာပါ... ဆောင်းတွင်းမှာတော့ ငါ့ဆီမှာပဲ လာနေလိုက်ပါ"

ရွှီယန်က ကျားသစ်ပေါက်လေးကို လှမ်းခေါ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ကျားသစ်ပေါက်လေးက ချက်ချင်းပင် အပြေးလေး လိုက်ပါလာခဲ့၏။

ထို့နောက် ရွှီယန်က ကျောပိုးအိတ်ထဲမှ ဒရုန်းကို ထုတ်ယူလိုက်ပြီး သေချာ ချိန်ညှိကာ ကောင်းကင်ပေါ်သို့ လွှတ်တင်လိုက်ပြီး လိုက်ဖ်လွှင့်သည့် ချန်နယ်ကို ဖွင့်လိုက်သည်။

သိပ်မကြာခင်မှာပင် ပရိသတ်များက လိုက်ဖ်ထဲသို့ အသီးသီး ဝင်ရောက်လာကြတော့၏။

'ရှောင်ဟွာ လည်း ပါတာလား... မတွေ့ရတာ ကြာပြီနော်'

'ဒီချစ်စရာကောင်းတဲ့ ကျားသစ်ကြီးကို ငါ တကယ် ကြိုက်တာပဲ'

'အရှေ့မြောက်ကျားသစ်က ပိုပြီး ကြည့်ကောင်းသလိုပဲ'

'ဒီကောင်လေး ကြည့်ရတာ တော်တော်လေး လန်းဆန်းနေတယ်နော်'

လိုက်ဖ်ထဲသို့ ဝင်ရောက်လာပြီးသည်နှင့် လူအတော်များများက ကျားသစ်ပေါက်လေးကို စတင် နှုတ်ဆက်ကြလေသည်။

ယခုဆိုလျှင် လယ်ယာခြံဝင်းထဲမှ တိရစ္ဆာန် အတော်များများမှာ ကိုယ်ပိုင် ပရိသတ် အရေအတွက် အတိုင်းအတာ တစ်ခုအထိ ရှိနေကြပြီ ဖြစ်၏။

ဥပမာအားဖြင့် ဒရယ်ပြောက်လေး၊ ရှောင်ဟေး နှင့် ငှက်ဖောင်းဖောင်းလေးများဆိုလျှင် လူများက အမြဲတမ်း ၎င်းတို့လေးများ လှုပ်ရှားနေသည်ကို ကြည့်ရှုချင်ကြသည်။

ထိုအထဲတွင် ရှောင်ဟွာ ၏ နာမည်ကျော်ကြားမှုက အမြင့်ဆုံးပင် ဖြစ်သည်။

ရွှီယန်က အရှေ့မှနေ၍ အေးအေးဆေးဆေး လမ်းလျှောက်နေပြီး ရှောင်ဟွာ က အနောက်မှ လိုက်ပါလာခဲ့၏။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်၏ အတွဲအစပ်က အတော်လေးကို ကြည့်ကောင်းပြီး ဇိမ်ကျလှပေသည်။

သစ်တောထဲမှ I am Legend ဇာတ်ကားကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ရွှီယန်က အထဲသို့ တောက်လျှောက် ဝင်လာခဲ့၏။

ယနေ့လည်း တောနက်ထဲသို့ ဝင်ရောက်ခြင်းပင် ဖြစ်သည်။

ဤရာသီတွင် တောထဲ၌ တောင်ထွက်ပစ္စည်းများ များပြားသော်လည်း အားလုံးက အတွေ့ရများသော တောသစ်သီးများနှင့် ဆေးဖက်ဝင် အပင်များသာ ဖြစ်ရာ ကျောပိုးခြင်းတောင်း တစ်လုံး အပြည့် ခူးဆွတ်လာပါကလည်း ငွေကြေး သိပ်အများကြီး မရနိုင်ချေ။

ရွှီယန်က ရတနာရှာဖွေရေး တာဝန်ကိုသာ လဲလှယ်ရန် ရည်ရွယ်ထားသည်။

နောက်ပိုင်း တောနက်ထဲသို့ ဝင်ရောက်လျှင်တော့ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ရနိုင်ပေသည်။

နာရီဝက်ခန့် ကြာပြီးနောက် ရွှီယန်နှင့် ကျားသစ်လေးမှာ ခြောက်သွေ့ညှိုးနွမ်းနေသော သစ်တောထဲတွင် လမ်းလျှောက်နေကြ၏။ သစ်ရွက်ကြွေများက အတော်လေး ထူထပ်စွာ စုပုံနေသည်။

ထိုအချိန်မှာပင် မနီးမဝေးရှိ သစ်တောအနောက်ဘက်မှနေ၍ ရုတ်တရက် သန်မာသော ဝက်ဝံမည်း တစ်ကောင် ထွက်ပေါ်လာခဲ့သည်။

ဤရာသီရှိ ဝက်ဝံမည်းများက ဆောင်းခိုရန် နီးကပ်နေပြီဖြစ်သဖြင့် ခန္ဓာကိုယ် အထွားအကြိုင်းဆုံး အချိန်လည်း ဖြစ်၏။

၎င်းတို့က ဆောင်းရာသီ တစ်ခုလုံးကို ဖြတ်ကျော်နိုင်ရန်အတွက် အစားအစာ အများအပြားကို စားသုံးထားရန် လိုအပ်ပေသည်။

ဝက်ဝံမည်းက အသံကြားသဖြင့် အမဲလိုက်ရန် ခုန်ထွက်လာခဲ့ခြင်း ဖြစ်သည်။

၎င်းက ရွှီယန်နှင့် ကျားသစ်ပေါက်လေးကို ချက်ချင်း မြင်တွေ့လိုက်ရ၏။

ကျားသစ်ပေါက်လေးက အနည်းငယ် သိချင်နေသည့် ပုံစံဖြင့် မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။

ရွှီယန်ကတော့ ပို၍ပင် တည်ငြိမ်နေသေး၏။ ခြေလှမ်းများကို ရပ်တန့်လိုက်ရုံသာရှိပြီး သတိထားနေသည့် ပုံစံတောင် နည်းနည်းလေးမှ မရှိပေ။

လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်၏ ပုံစံက ဤသို့ ပြောနေသလိုပင်။

'ဘာဖြစ်လို့လဲ ဝက်ဝံညီလေး... မင်းမှာ ကိစ္စရှိလို့လား...'

ဝက်ဝံမည်းက ရွှီယန်ကို တွေ့ပြီးနောက် ကျားသစ်ပေါက်လေးကို ထပ်တွေ့လိုက်ရသည့်အခါ သိသိသာသာကို ကြောင်အမ်းသွားခဲ့သည်။

၎င်းက နေရာမှာပင် ရပ်နေပြီးနောက် သတိထားကာ အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွား၏။

ထို့နောက် ဝက်ဝံမည်းက ခေါင်းလှည့်ကာ ထွက်ပြေးသွားတော့သည်။

ဝက်ဝံမည်း၏ ပုံစံက ဤသို့ ပြောနေသလိုပင်။

'နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်တော် ဒီတိုင်း လမ်းလျှောက် ထွက်လာတာပါ...'

ဤမြင်ကွင်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

လိုက်ဖ်ထဲမှ ကွန်မန့်များက ချက်ချင်း ဆူညံလာတော့၏။

'လခွမ်း... ဝက်ဝံမည်းကြီး ပါလား'

'ဟင်... သူက ဘာလို့ ထွက်ပြေးသွားတာလဲ'

'အပိုတွေ မေးနေပြန်ပြီ... မင်းသာဆိုရင်ရော မပြေးဘဲ နေမလား'

'ဒါက ဘယ်လိုလုပ် သွားစမ်းလို့ ရမလဲ... ကျားသစ် တစ်ကောင်ရယ် ဒရူးဝစ် တစ်ယောက်ရယ် ပါနေတာ... မပြေးရင် အသက်တောင် ပါသွားလိမ့်မယ်'

'ဝက်ဝံမည်းကြီးကို အနောက်တောင် လှည့်မကြည့်ရဲအောင် လန့်သွားစေတာပဲ'

ရှောင်ဟွာ ရှိနေခြင်းက သစ်တောထဲတွင် တကယ်ကို ပို၍ လုံခြုံမှု ရှိစေသည်။

သို့သော် ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲနေ၏။ ရှောင်ဟွာ ရှိနေသည့်အတွက် ချစ်စရာကောင်းသော တိရစ္ဆာန်လေးများဖြစ်သည့် ရှဉ့်များ တောသမင်ငယ်လေးများ က ရွှီယန်အနားသို့ လုံးဝ ကပ်လာမည် မဟုတ်ချေ။

အစားခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင်။

"ဒီရာသီက နည်းနည်း အေးနေပြီလေ... တောထဲမှာ မကြာခင် အရင်လို သက်ဝင်လှုပ်ရှားနေတာမျိုး မရှိတော့ဘူး... တိရစ္ဆာန်တွေလည်း သိပ်ထွက်မလာကြတော့ဘူး... အသိုက်ရှိတဲ့ အကောင်တွေက အသိုက်ဆီ ပြန်သွားကြပြီး အသိုက်မရှိတဲ့ ဒရယ်ပြောက်တွေ တောသမင်လေးတွေ လို တိရစ္ဆာန်တွေလောက်ပဲ တောထဲမှာ လျှောက်သွားနေကြမှာပေါ့... သူတို့ရဲ့ သားရေက ထူတော့ ဆောင်းတွင်းကို အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ပါတယ်"

ရွှီယန်က အထဲသို့ ဝင်သွားရင်း ရှင်းပြနေသည်။

ယနေ့ နေထွက်နေသဖြင့် နေရောင်ခြည် ကျရောက်နေသောကြောင့် အပူချိန်က ထိုမျှလောက်တော့ မကျဆင်းသေးပေ။

ရွှီယန်က အထဲသို့ နောက်ထပ် ခဏမျှ ဆက်လျှောက်သွားပြီး မြစ်နားသို့ ရောက်ခါနီးအချိန်တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ရတနာရှာဖွေရေး တာဝန်ကို ဖွင့်လိုက်၏။

သိပ်မကြာခင်မှာပင် တာဝန်က အောင်မြင်စွာ ပွင့်သွားခဲ့သည်။

[ရတနာရှာဖွေရေး တာဝန် စတင်ပါသည် - နှင်းခွေးကို အစာကျွေးပါ]

[တာဝန် ဖော်ပြချက် - ဆာလောင်နေသော နှင်းခွေးတစ်ကောင်ကို အစာကျွေးပါ]

[တာဝန် ဆုလာဘ် - နှင်းခွေး၏ ခင်မင်မှု ဆုလာဘ်]

[ထောက်ပံ့ပေးသည့် ပစ္စည်း - အသားစိမ်း... လဲလှယ်ရန် ကျော်ကြားမှု ရမှတ် ၁၀၀၀ လိုအပ်ပါသည်]

ဤတစ်ကြိမ် တာဝန်က အလွန် ရိုးရှင်းပြီး အစာကျွေးရုံသာ ဖြစ်သည်။

သို့သော် တာဝန်၏ ပစ်မှတ်ကတော့ ရွှီယန်ကို အလွန် ဝမ်းသာသွားစေ၏။

'နှင်းခွေး ဟုတ်လား... မတွေ့ရတာ တော်တော်လေး ကြာနေပြီပဲ'

ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။

သစ်တောထဲတွင် တိရစ္ဆာန်များ အလွန်များပြားသော်လည်း မြင်တွေ့ရရန်ကတော့ ထိုမျှ မလွယ်ကူလှချေ။ တိရစ္ဆာန်များ၏ ကိုယ်ရောင်ဖျောက်နိုင်စွမ်းက အလွန် ကောင်းမွန်ပေသည်။

အားလုံးက ပုန်းကွယ်နေကြသဖြင့် လုံးဝ ရှာမတွေ့နိုင်ပေ။

နှင်းခွေးများက ဆောင်းတွင်းတွင် အထွက်များကြ၏။ ရေခဲနှင်းများ ဖုံးလွှမ်းနေသည့် အချိန် အစာရှာရ ခက်ခဲသောကြောင့် လူများနေထိုင်သည့် နေရာများဆီသို့ ထွက်လာပြီး လှုပ်ရှားတတ်ကြသည်။

ယခင်က ဟေးလုံကျန်း ဘက်မှ လယ်သမား တစ်ယောက်က ဆောင်းတွင်းရောက်တိုင်း ဇလုံထဲတွင် အသားစိမ်းများ ထည့်ကာ နှင်းခွေးများကို အစာကျွေးလေ့ရှိသည်။ အများဆုံး အချိန်တွင် နှင်းခွေး ငါးကောင်ခန့် အစာလာစားသည်ကိုတောင် ရိုက်ကူးထားနိုင်ခဲ့၏။

ထို့အပြင် ရဲစခန်း တစ်ခုတွင်လည်း ဆောင်းတွင်းရောက်လျှင် နှင်းခွေးများ အစာလာရှာကြသဖြင့် ကြက်ရိုးများ အများအပြား ပြင်ဆင်ပြီး ကျွေးမွေးခဲ့ဖူးသည်။

ထင်ရှားသည်မှာ ဤအကောင်လေးများက ယခုအခါ အသက်ရှင်သန်ရန် နည်းလမ်းသစ်တစ်ခု ရှာတွေ့သွားပြီ ဖြစ်၏။

၎င်းမှာ ဆောင်းတွင်းတွင် ဗိုက်ဆာပါက လူများထံသို့ သွားရှာရန်ပင် ဖြစ်သည်။

အလွန် စိတ်ဝင်စားစရာ ကောင်းသည်မှာ နွေဦးပေါက်၍ ရေခဲများ အရည်ပျော်သွားသည်နှင့် နှင်းခွေးများ အားလုံး လူများနေထိုင်ရာ နေရာများမှ ပျောက်ကွယ်သွားပြီး လူများထံတွင် အစာလာရှာစားခြင်းမျိုး လုံးဝ မလုပ်ကြတော့ခြင်းပင်။

၎င်းတို့က တောထဲကို ပို၍ သဘောကျကြသည်။

"နှင်းခွေးတဲ့လား... သွားကြည့်ပြီး အစာနည်းနည်း ကျွေးတာ မဆိုးပါဘူးလေ"

ရွှီယန်က စိတ်ဝင်စားသွားပြီး နှင်းခွေးရှိရာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။

မိနစ် ၂၀ ခန့်အကြာတွင်တော့ ရွှီယန်က ပစ်မှတ်နေရာသို့ ရောက်ရှိသွားခဲ့သည်။

သူက နှင်းခွေး၏ အသိုက်ကို မြင်တွေ့လိုက်ရ၏။ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော သစ်ခေါင်းတစ်ခု ဖြစ်သည်။ ၎င်းက နှင်းခွေး၏ အသိုက် ဖြစ်ရမည်။

နှင်းခွေးများက သစ်ခေါင်းထဲတွင် နေထိုင်ရသည်ကို သဘောကျပြီး သစ်ခေါင်းထဲမှနေ၍ ခေါင်းလေးထုတ်ကာ အပြင်ကို လေ့လာကြည့်ရှုတတ်ကြသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ယခုအချိန်တွင် နှင်းခွေးက သစ်ခေါင်းထဲမှနေ၍ ခေါင်းလေး ထုတ်လာခဲ့၏။

ရွှီယန်က အလျင်အမြန် ပြောလိုက်သည်။

"အားလုံးပဲ ဟိုသစ်ခေါင်းထဲကို ကြည့်လိုက်ကြဦး... နှင်းခွေး တစ်ကောင် ရှိတယ်... ထောင်ဒဏ် တစ်သက်တစ်ကျွန်း နှင်းခွေး လို့လည်း ခေါ်ကြတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ အစစ်အမှန် နိုင်ငံတော်အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲ... ဒီကောင်လေးကို တွေ့ရဖို့က အရမ်း ခက်ခဲတယ်... အရင်တုန်းက လူတွေ အများကြီး အမဲလိုက်ခဲ့ကြလို့ အရေအတွက်က အလွန်အမင်း လျော့ကျသွားခဲ့တာပေါ့... အဲဒီတုန်းက အရှေ့မြောက်ပိုင်းရဲ့ ရတနာ သုံးပါးက ဂျင်ဆင်း... နှင်းခွေး သားရေ နဲ့ သမင်ချို တွေ ဖြစ်တယ်... နောက်ပိုင်းကျတော့ နှင်းခွေးက နိုင်ငံတော်အဆင့် ၁ ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် ဖြစ်သွားပြီး ငါးနှစ်ကနေ စချရမယ် ဆိုတော့မှ အရေအတွက် ပြန်များလာခဲ့တာ... အခု အရှေ့မြောက်ပိုင်းရဲ့ ရတနာ သုံးပါးက ဂျင်ဆင်း... သမင်ချို နဲ့ အူလာမြက် တွေ ဖြစ်သွားပြီလေ"

ဒရုန်းကင်မရာက နှင်းခွေးကို ချိန်ရွယ်လိုက်၏။ ပရိသတ်များကလည်း ချက်ချင်း ကြည့်လိုက်ကြသည်။

နှင်းခွေး၏ ရုပ်ထွက်က တကယ်ကို လှပပြီး မြွေပါမျိုးနွယ်ဝင်များထဲတွင် အလှဆုံးဟုပင် ပြော၍ရပေသည်။

ဤကောင်လေး၏ ခန္ဓာကိုယ် အချိုးအစားက အလွန် ကောင်းမွန်ပြီး အရမ်း ရှည်လျားမနေသလို ခြေထောက်ကလည်း တိုတိုတုတ်တုတ်လေးဖြစ်ရာ ပြေးသည့်အခါ ပို၍ ချစ်စရာကောင်းနေ၏။

နှင်းခွေး၏ အမွေးအမျှင်က အလွန် ထူထပ်ပြီး ဆောင်းတွင်း နှင်းတောထဲတွင်တောင် နည်းနည်းလေးမှ ချမ်းအေးမှုကို မခံစားရဘဲ အေးခဲလှသော ဆောင်းရာသီ၌ပင် အပြင်ဘက်တွင် ပေါ့ပေါ့ပါးပါး လှုပ်ရှားသွားလာနိုင်ကြသည်။

စမ်းသပ်ချက်များအရ နှင်းခွေး၏ မွေးညင်းပေါက် တစ်ခုမှနေ၍ အမွေး ၄၆ ပင်အထိ ထွက်နိုင်သည်ဟု သိရ၏။ ထို့ကြောင့်လည်း ၎င်းက အအေးဒဏ်ကို မကြောက်ခြင်းပင်။ ဤသည်က သူ အမဲလိုက်ခံရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

ချစ်စရာကောင်းသော နှင်းခွေးခေါင်းလေး လိုက်ဖ်ထဲတွင် ပေါ်လာသည်။ ပရိသတ်များက နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားကြပြန်၏။

'ဘုရားရေ... ချစ်စရာ တိရစ္ဆာန်လေး ထပ်လာပြန်ပြီ... ဘာလို့ တောထဲက တိရစ္ဆာန်တွေက ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ'

'လောင်ရွှီ ရဲ့ လိုက်ဖ်ကို ကြည့်ရတာ ဘာတွေ့တွေ့ အကုန် မွေးချင်နေတာပဲ'

'ငါးနှစ်ကစပြီး အမြင့်ဆုံး ဆယ်နှစ်အထိ ပြစ်ဒဏ်ရှိတယ်'

'မြွေပါမျိုးနွယ်တွေကို အခု မွေးလို့ရနေပြီလေ... ဒါပေမဲ့ နှင်းခွေး မဟုတ်ဘဲ သာမန် အိမ်မွေး မြွေပါလေးတွေပေါ့... ဒီကောင်လေးတွေက အနံ့ အရမ်းပြင်းလို့ မွေးဖို့တော့ အကြံမပြုပါဘူး'

'ချစ်စရာကောင်းတာတော့ တကယ်ကို ချစ်စရာကောင်းတယ်'

အားလုံးက နှင်းခွေး၏ ရုပ်ထွက်အလှထဲတွင် နစ်မြောသွားကြ၏။

ဤအကောင်လေးက မျက်နှာလေး အေးချမ်းပြီး ဖြူစင်သည့် ပုံစံလေးပင်။

ယနေ့ တောနက်ထဲ ဝင်လာရာတွင် တိရစ္ဆာန်များ အများအပြား တွေ့ရပေသည်။

ခုနက ဝက်ဝံမည်း တစ်ကောင် ထွက်လာပြီး ယခု နှင်းခွေး တစ်ကောင် ထပ်တွေ့ပြန်ပြီ ဖြစ်၏။

တောထဲတွင် တကယ် ရတနာများ ရှိနေသည်သာ။

ရွှီယန်က နှင်းခွေးကို အစာကျွေးချင်သော်လည်း သူ ခြေနှစ်လှမ်းခန့် တိုးသွားသည်နှင့် နှင်းခွေးက ရွှီး ခနဲ သစ်ခေါင်းထဲသို့ ခေါင်းပြန်သွင်းသွားတော့သည်။

၎င်း ပုန်းသည်က အတော်လေး မြန်ဆန်လှ၏။

ရွှီယန်က အနည်းငယ် ကြောင်အမ်းသွားပြီး ဘေးမှ ကျားသစ်ကြီးကို ကြည့်လိုက်သည်။

ကျားသစ်ပေါက်လေးကလည်း ရွှီယန်ကို အပြစ်ကင်းစင်ပြီး နားမလည်နိုင်သည့် မျက်လုံးများဖြင့် ပြန်ကြည့်နေ၏။

သူ့ပုံစံက ဤသို့ မေးနေသလိုပင်။

'ဘာဖြစ်လို့လဲ... ငါ့ကို ဘာလို့ ကြည့်နေတာလဲ...'

ရွှီယန်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားတော့သည်။

ဤကောင်လေးကို ခေါ်လာရခြင်းက ပျော်စရာတော့ တော်တော် ကောင်းလှပေသည်။ တိရစ္ဆာန်လေးများက သူ့ကို မြင်လျှင် လုံးဝ အနားသို့ မကပ်ရဲကြတော့ချေ။

ရွှီယန်က အခြားနည်းလမ်းကိုသာ စဉ်းစားရတော့မည် ဖြစ်၏။

All Chapters