← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ရှောင်ဟေး... ခြံရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်

ရှောင်ဟေး၏ ရောဂါမှာ သိပ်မပြင်းထန်လှပေ။

ဒုတိယနေ့သို့ ရောက်သောအခါ ၎င်းက အတော်လေး ပြန်လည် နာလန်ထူလာခဲ့သည်။

တတိယနေ့သို့ ရောက်သည့်အခါတွင်တော့ ဤကောင်လေးက ပြန်လည် သွက်လက် လန်းဆန်းလာတော့၏။

အပြင်သို့ ပြေးထွက်ကာ အခြား တိရစ္ဆာန်များနှင့်တောင် သွားရောက် ဆော့ကစားနေသေးသည်။

ရွှီယန်ကတော့ နဂါးမောက်သီး ရောင်းချရန် ကိစ္စများဖြင့် အလုပ်ရှုပ်နေခဲ့၏။

သို့သော် ရှောင်ဟေး ကိုယ့်ဘာသာ တွင်းတူးပြီး မြှုပ်တော့မလို့ လုပ်ခဲ့သည့် ကိစ္စကို တွေးမိတိုင်း ရွှီယန် မနေနိုင်ဘဲ ရယ်ချင်နေမိသည်။

ဤကိစ္စကို သူ ဗီဒီယို တင်လိုက်ရာ အင်တာနက်သုံးစွဲသူများမှာလည်း အလွန် သဘောကျသွားကြပြီး ဤအကြောင်းအရာက အနည်းငယ်တောင် နာမည်ကြီးသွားခဲ့သေး၏။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ ရွှီယန် အားလပ်နေသဖြင့် လိုက်ဖ်ဖွင့်ကာ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝ အချို့ကို ပြသလိုက်သည်။

သူက ရှောင်ဟေး၊ မာလီနွိုက်ခွေးနှင့် ဒရယ်ပြောက်လေး တို့ကို ခေါ်ဆောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ကျားသစ်ပေါက်လေးက လယ်ယာခြံဝင်း၏ စားကျက်မြက်ခင်းပြင်တွင် ဆော့ကစားနေသဖြင့် ခေါ်မလာခဲ့ပေ။

ထို့အပြင် ရွှီယန်က လယ်ယာခြံဝင်းတွင် ကျားသစ် မွေးထားကြောင်းကို အင်တာနက်သုံးစွဲသူများ သိသွားပြီး အငြင်းပွားမှုများ ဖြစ်ပေါ်လာမည်ကို ရှောင်ရှားလိုခြင်းကြောင့်လည်း ပါသည်။

တရားဝင် ခွင့်ပြုချက် ရထားသည် ဆိုသော်လည်း သံသယဝင်သူ များလာပါက ဤကိစ္စက တရားမဝင်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။

ဤကဲ့သို့သော ကိစ္စမျိုးတွင် တိကျသော ဥပဒေ ပြဋ္ဌာန်းချက် မရှိဘဲ အခြေအနေအရသာ ဖြေရှင်းရခြင်း ဖြစ်၏။ ရဲစခန်း၊ သစ်တောနှင့် မြက်ခင်းပြင် စီမံခန့်ခွဲရေး ဦးစီးဌာန နှင့် ရွှီယန်တို့ တိုင်ပင် ဆွေးနွေးပြီး သဘောတူထားသော်လည်း တစ်ယောက်ယောက်က တိုင်တန်းမည်ကိုတော့ စိုးရိမ်ရသေးသည်။

"အားလုံးကို ရှောင်ဟေး ကိုယ့်ဘာသာ တွင်းတူးပြီး မြှုပ်တော့မလို့ လုပ်ခဲ့တဲ့ နေရာဆီ လိုက်ပြမယ်... သူ့ကိုလည်း ခေါ်သွားပြီး သွားကြည့်ခိုင်းမယ်... ဒီကောင်လေးက ကျွန်တော့်ကိုတောင် လန့်သွားစေတာ... နေမကောင်းဖြစ်တာကို ကျွန်တော့်ဆီ လာမကုဘဲ အပြင်ထွက်ပြီး တွင်းတူးကာ သေဖို့ သွားစောင့်နေတယ်လေ... ဘယ်သူကများ သူ့ကို သင်ပေးလိုက်တာလဲ မသိဘူး"

ရွှီယန်က လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများကို ပြောလိုက်သည်။

ဗီဒီယို တင်ထားဖူးသဖြင့် အားလုံးက ဤကိစ္စကို သိရှိထားကြပြီး ဖြစ်၏။

အင်တာနက်သုံးစွဲသူများမှာ အလွန် ပျော်ရွှင်နေကြသည်။

"ရှောင်ဟေး က တကယ့် ခွေးလိမ္မာလေးပဲ... ဒီလို အပြုအမူမျိုး ရှိတာ တကယ်ကို ရှားပါးတယ်"

"ဒါပေမဲ့ ပြောရမယ်ဆိုရင် သူက ကြီးတောင် မကြီးသေးဘူးလေ... သေတော့မယ်လို့ သူ့ဘာသာ ဘယ်လိုလုပ် ဆုံးဖြတ်လိုက်တာလဲ"

"ရိုးရာတောခွေးတွေဆီမှာ ဒီလို အပြုအမူမျိုး ရှိတယ်ဆိုတာ ပထမဆုံးအကြိမ် ကြားဖူးတာပဲ... အရမ်းကို လွန်ကဲလွန်းတယ်"

"ကိုယ့်ဘာသာ တွင်းတူးပြီး မြှုပ်တယ် ဟုတ်လား... ဒါက ခွေးတစ်ကောင် လုပ်နိုင်တဲ့ ကိစ္စလား"

လိုက်ဖ်ထဲမှ လေထုက အထူးပင် စည်ကားနေ၏။

အားလုံးက ဤကဲ့သို့သော ထူးထူးဆန်းဆန်း ရယ်စရာ ကိစ္စမျိုးကို သဘောကျကြသည်။

ရွှီယန်က အကောင်လေးများကို ခေါ်ဆောင်ကာ လမ်းလျှောက် ထွက်လာခဲ့ပြီး သိပ်မကြာခင်မှာပင် ရှောင်ဟေး တူးထားသော တွင်းရှိရာသို့ ရောက်ရှိလာခဲ့၏။

ကိစ္စက ပြီးသွားသည်မှာ နှစ်ရက်ခန့် ရှိနေပြီဖြစ်ရာ ရှောင်ဟေးမှာ ဤကိစ္စကို မမှတ်မိတော့ချေ။

ရွှီယန်က တွင်းဘေးသို့ လျှောက်သွားကာ တွင်းကို လက်ညှိုးထိုးပြပြီး ရှောင်ဟေးကို လှမ်းခေါ်လိုက်သည်ကို မြင်လိုက်ရသည်။

"ရှောင်ဟေး... မင်း ကြည့်စမ်း ဒါက ဘာလဲ"

ရွှီယန် လှမ်းခေါ်သည်ကို ကြားသောအခါ ရှောင်ဟေးက ချက်ချင်း ပြေးလာခဲ့သော်လည်း တွင်းကို မြင်လိုက်ရသည့် တစ်ခဏမှာပင် ခေါင်းကို လှည့်ကာ ချက်ချင်း ပြေးထွက်သွားတော့၏။ တစ်ချက်လေးတောင် ပို၍ မကြည့်ရဲတော့ပေ။

၎င်းက ဆုံးဖြတ်ချက် တစ်ခုခုကို ပြတ်ပြတ်သားသား ချလိုက်သကဲ့သို့ပင်။

လူများက ၎င်း၏ မျက်နှာအမူအရာမှတစ်ဆင့် အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကိုပင် မြင်တွေ့လိုက်ရသည်။

ရှောင်ဟေးမှာ အလွန်အမင်း ရှက်နေပြီဖြစ်ပြီး နောက်ထပ် တစ်ချက်တောင် ပိုမကြည့်ရဲတော့မှန်း သိသာလှပေသည်။

မာလီနွိုက်ခွေးနှင့် ဒရယ်ပြောက်လေးတို့ကတော့ တွင်းကို သိချင်စိတ်ဖြင့် ကြည့်ရှုနေကြပြီး အနားသို့ပင် တိုးကပ်လာကာ သေချာ ကြည့်နေကြ၏။

အင်တာနက်သုံးစွဲသူများက ရှောင်ဟေး၏ မျက်နှာအမူအရာနှင့် လှုပ်ရှားမှုများကို မြင်သောအခါ ချက်ချင်းပင် အော်ဟစ် ရယ်မောလိုက်ကြသည်။

"ဟားဟားဟား... သူ အရမ်း ရှက်နေတာကို မြင်ရတယ်... အရမ်း ရယ်ရတာပဲ"

"ဒီကောင်လေး ခေါင်းလှည့်ပြီး ပြေးသွားတာ နည်းနည်းလေးတောင် နှမြောတွယ်တာတဲ့ ပုံ မပေါ်ဘူး"

"ကျွန်တော် ငယ်ငယ်တုန်းက သေတမ်းစာ ရေးခဲ့ဖူးတာကို သွားသတိရမိတယ်... အခု ပြန်တွေးကြည့်ရင် အရမ်းကို ရှက်စရာ ကောင်းလွန်းတယ်"

"ခွေးကိုတောင် အရှက်ခွဲလိုက်တာပဲ"

"ဟားဟားဟား... လောင်ရွှီ မင်းက နည်းနည်း ဆိုးတာပဲ... လူကောင်း မဟုတ်ဘူး"

"ရှောင်ဟေး အပြော... ငါကပဲ မင်းကို ကျေးဇူးတင်ရမယ်"

လိုက်ဖ်ထဲတွင် ဟားဟားဟား ဟူသော ကွန်မန့်များဖြင့်သာ ပြည့်နှက်နေ၏။

လူများဖြစ်စေ တိရစ္ဆာန်များဖြစ်စေ ငယ်စဉ်အခါက ထူးဆန်းလွန်ကဲသော ကိစ္စအချို့ကို လုပ်ခဲ့ဖူးကြပြီး ပြန်လည် တွေးမိသည့်အခါတိုင်း ရှက်ရွံ့တတ်ကြပေသည်။

လူအတော်များများက လိုက်ဖ်ထဲတွင် စကားစမြည် ပြောဆိုနေကြသည်။

အင်တာနက်သုံးစွဲသူ တစ်ယောက်က ဝေမျှလိုက်၏။

"ငယ်ငယ်တုန်းက အဘွား အချစ်ဆုံးခွေးလေး အဆိပ်ခတ် သတ်ခံလိုက်ရတယ်... အဘွား အရမ်း ဝမ်းနည်းနေမှာ စိုးလို့ ညဘက် ခွေးအိမ်ထဲ ဝင်ပြီး ခွေးဟောင်သံ လုပ်ကာ အဘွားကို ပျော်အောင် လုပ်ပေးခဲ့တယ်... ဒုတိယနေ့ကျတော့ အဘွားက နတ်ကတော် တစ်ယောက်ကို ခေါ်လာပြီး မက်မွန်ကိုင်းနဲ့ ရိုက်ကာ မြန်မြန် ထွက်သွားဖို့ ရွတ်ဆိုနေတော့တာပဲ"

ဤအတွေ့အကြုံ မျှဝေမှုများကို မြင်သောအခါ အားလုံးက ပို၍ပင် ပျော်ရွှင်စွာ ရယ်မောလိုက်ကြသည်။

ရွှီယန်ကလည်း ကွန်မန့်များကို ကြည့်ရှုနေရာ ဤကွန်မန့်ကြောင့် မနေနိုင်တော့ဘဲ အသံထွက်အောင် ရယ်မောလိုက်မိ၏။

ထင်သည့်အတိုင်းပင် တောင်ပေါ်ရွာလေးတွင် ပျော်စရာများ များပြားလှပေသည်။

လူများနှင့် တိရစ္ဆာန်များ၏ ရယ်စရာ ကိစ္စများက အလွန် များပြားလွန်းလှသည်။

"ကဲပါ... သွားကြမယ်... သူ့ကို မစတော့ဘူး"

ရွှီယန်က အနောက်သို့ လှည့်ပြန်လိုက်ရာ မာလီနွိုက်ခွေးနှင့် ဒရယ်ပြောက်လေးတို့ကလည်း နောက်မှ လိုက်ပါလာကြသည်။

ရှောင်ဟေးကတော့ အဝေးမှနေ၍ ရပ်စောင့်နေပြီး တစ်လှမ်းလေးတောင် အနားသို့ တိုးမလာချင်တော့ချေ။

ရွှီယန် ထိုနေရာသို့ ရောက်သွားမှသာ ၎င်းက ထပ်မံ လိုက်ပါလာခဲ့သည်။

ဤကောင်လေး၏ အပြုအမူက ရွှီယန်အတွက်တော့ ရယ်မောစရာ အတော်များများကို ဖြစ်ပေါ်စေခဲ့၏။

ထို့နောက် ရွှီယန်က လယ်ယာခြံဝင်း၏ အပြင်ဘက်တွင် ခဏမျှ လိုက်ဖ်လွှင့်ပြီးနောက် လိုက်ဖ်ကို ပိတ်ကာ လယ်ယာခြံဝင်းထဲသို့ ပြန်၍ အနားယူလိုက်သည်။

သူက နဂါးမောက်သီးများ၏ အခြေအနေကို ထပ်မံ သွားကြည့်လိုက်၏။

အရောင်းအဝယ် အခြေအနေက ပုံမှန်သာ ဖြစ်ပြီး နေ့စဉ် ဈေးထဲသို့ တစ်ရက် သွားရောက် ရောင်းချပါက ကားတစ်ဝက်ကျော်ခန့် ရောင်းထွက်ကာ အနည်းငယ် ပြန်ကျန်တတ်သည်။

ရုပ်ထွက် မကောင်းဘဲ ရောင်းမထွက်သော နဂါးမောက်သီးများကိုတော့ လှီးဖြတ်ပြီး ဝက်များကို ကျွေးလိုက်၏။

မည်သို့ပင်ဖြစ်စေ ဝက်များက အကုန်စားကြသည်။

တစ်ခါတစ်ရံတွင် စတော်ဘယ်ရီများ အလွန်များပြားပြီး ရောင်းမထွက်ပါက အချို့လူများက စတော်ဘယ်ရီများဖြင့် ဝက်များကို ကျွေးတတ်ကြသေး၏။

ဖရဲသီးလည်း ထိုနည်းတူပင်။ ဖရဲသီးများ တကယ်ကို များပြားလွန်းပြီး ဈေးကောင်း မရပါက လယ်သမားများက ဖရဲသီးများဖြင့် ဝက်များကို ကျွေးတတ်ကြရာ အိမ်နီးချင်း နိုင်ငံမှ လူများကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ရွှီယန်က နဂါးမောက်သီး၏ ဝင်ငွေကို တွက်ချက်ကြည့်လိုက်၏။

ယေဘုယျအားဖြင့် အမြတ်ရသော်လည်း အမြတ်က သိပ်မများလှပေ။

အလုပ်သမားခ၊ မှန်လုံအိမ် ကုန်ကျစရိတ်နှင့် ရေဖိုး မီးဖိုးများကို နုတ်လိုက်ပါက လက်ထဲတွင် သိပ်မကျန်တော့ချေ။

စိုက်ပျိုးရေး လုပ်ငန်းက ထင်သည့်အတိုင်းပင် ပိုက်ဆံရှာရန် ထိုမျှ မလွယ်ကူလှပေ။

သို့သော် အမြတ်ရရှိနေခြင်းကပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

နောက်ရက်များတွင် နဂါးမောက်သီးများကို ဤသို့ပင် ဆက်တိုက် ရောင်းချနေခဲ့၏။

ရွှီယန်ကလည်း နေ့တိုင်း အနည်းငယ် စားသုံးသည်။

ထို့နောက် ဤမှန်လုံအိမ်ထဲရှိ ရတနာပြောင်းဖူးများလည်း မကြာမီ မှည့်တော့မည် ဖြစ်၏။

ခန့်မှန်းခြေအားဖြင့် လဝက်ခန့်သာ လိုတော့သည်။

ယခုအခါ ရတနာပြောင်းဖူး စိုက်ပျိုးသူ အတော်များများ ရှိသော်လည်း အများအပြား စိုက်ပျိုးခြင်းမျိုး မဟုတ်ဘဲ အလှဆင် ပစ္စည်းများ စုဆောင်းရသည်ကို နှစ်သက်သူအချို့က ကိုယ်တိုင် ပြောင်းဖူးခင်း တစ်ကွက် စိုက်ပျိုးကာ ထိုအထဲမှ အကောင်းဆုံး ပြောင်းဖူးများကို ရွေးချယ်ပြီး အမှတ်တရ သိမ်းဆည်းထားတတ်ကြသည်။

ရွှီယန်က ဤကဲ့သို့သော ဆန်းသစ်သည့် အရာမျိုးကို ပထမဆုံးအကြိမ် စိုက်ပျိုးဖူးခြင်းဖြစ်ရာ မည်သို့ လုပ်ဆောင်ရမည်ကို တိတိကျကျ မစဉ်းစားရသေးပေ။

ပြောင်းဖူး အဝယ်တော်များကလည်း သူ၏ ပြောင်းဖူးများကို ဝယ်ယူရဲချင်မှ ဝယ်ယူရဲမည်ဖြစ်ပြီး မည်သည့် ဈေးနှုန်းဖြင့် ဝယ်ယူရမည်ကိုလည်း မသိကြချေ။

အချိန်ကျလျှင် ပြောင်းဖူး အနည်းငယ်ကို အရင်ဆုံး အခွံခွာ ကြည့်ရမည်ဖြစ်ပြီး တကယ်လို့ အဆင်မပြေပါက တိရစ္ဆာန် အစာအဖြစ်သာ လုပ်ရတော့မည်။

ပြောင်းဖူးက မူလကတည်းက အလွန် အရေးကြီးသော တိရစ္ဆာန်အစာ ကုန်ကြမ်း တစ်ခုဖြစ်ပြီး ရတနာပြောင်းဖူး၏ ကစီဓာတ် ပါဝင်မှုက အထူး မြင့်မားသဖြင့် ပို၍ပင် သင့်တော်ပေသည်။

အလုပ်များနေရင်းဖြင့် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက်များက စုပုံလာခဲ့၏။

"မနက်ဖြန်ဆိုရင် ငါးကြိမ် ထပ်ပြည့်တော့မှာပဲ... လယ်ယာခြံဝင်းက ကိစ္စတွေက နည်းနည်း များနေတော့ တောင်ပေါ်တက်ဖို့တောင် အချိန်မရတော့ဘူး... နောက်တစ်ခေါက် ကျော်ကြားမှု ရမှတ် တစ်သန်း ပြည့်ရင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ရမယ်... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အဆင့်မြှင့်တင်ပြီးရင် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲ မသိဘူး... စုဆောင်းနိုင်တဲ့ အကြိမ်ရေကို တိုးမြှင့်ပေးနိုင်ရင် ကောင်းမှာပဲ"

ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။

ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်မှာ တကယ်ကို ရတနာကောင်း တစ်ခုပင် ဖြစ်၏။

စောစောစီးစီး အဆင့်မြှင့်တင်သင့်ပေသည်။

နောက်တစ်ခေါက် ကျော်ကြားမှု ရမှတ် တစ်သန်း စုဆောင်းမိသည်နှင့် အဆင့်မြှင့်တင်မည် ဖြစ်သည်။

တောင်ပေါ် မကြာခဏ တက်ပြီး လိုက်ဖ်လွှင့်ပါက ကျော်ကြားမှု ရမှတ် တက်သည့် အမြန်နှုန်းကလည်း မြန်ဆန်ပေလိမ့်မည်။

ညဘက်တွင် ရွှီယန်က မြေပုံကို ထုတ်ယူလိုက်ပြီး ဤတစ်ကြိမ် မည်သည့်တောင်သို့ သွားရမည်နည်းဟု စတင် တွက်ချက်နေလိုက်၏။

အင်တာနက်သုံးစွဲသူများက ရွှီယန်ကို သေမှာမကြောက်သည့် လူကြမ်းကြီး တစ်ယောက်ဟု သတ်မှတ်ထားကြသော်လည်း တကယ်တမ်းတွင် ရွှီယန်က အလုပ်လုပ်ရာတွင် အလွန် သတိကြီးသူ ဖြစ်သည်။

'အခုက ဆောင်းဦး နှောင်းပိုင်း ဆိုတော့ သစ်တောထဲမှာ အစားအစာတွေက နှိုင်းယှဉ်ကြည့်ရင် နည်းပါးနေပြီ... ဆိုလိုတာက ကျားတွေ အမဲလိုက်ရတာ သိပ်မလွယ်ကူတော့လို့ ပိုပြီး မကြာခဏ လှုပ်ရှားသွားလာကြလိမ့်မယ်... ချန်ပိုင်တောင်တန်း မှာ အရှေ့မြောက်ကျား ဘယ်နှစ်ကောင် ရှိလဲ မသိဘူး... ငါက တစ်ကောင်တည်းကိုပဲ သိတာ... တခြား အရှေ့မြောက်ကျား တွေနဲ့ တွေ့ရင်တော့ အန္တရာယ် များတုန်းပဲ... ပြေးလို့ လွတ်မှာ မဟုတ်ဘူး'

ရွှီယန် စိတ်ထဲမှ တွက်ချက်နေလိုက်သည်။

ယခုအခါ သူ၏ လက်ထဲတွင် လူကောင်းကတ် ဟူသော အသက်ကယ် လက်နက် မရှိတော့သဖြင့် သူစိမ်းပြင်ပြင် ဖြစ်နေသော တောတောင်များထဲသို့ အလွယ်တကူ မဝင်ရဲတော့ချေ။

အကယ်၍ တောရိုင်း အရှေ့မြောက်ကျားနှင့် တွေ့ဆုံပါက လူသေနိုင်ပေသည်။

ထိုအကောင်ကြီးက မတ်တတ်ရပ်လိုက်ပါက လူထက် ခေါင်းတစ်လုံးစာ ပိုမြင့်ပြီး ရှေ့လက်သည်းများကို လူ၏ ပခုံးပေါ်သို့ အလွယ်တကူ တင်ထားနိုင်၏။

လက်ထဲတွင် သေနတ် ရှိနေခြင်း သို့မဟုတ် လူအများအပြား အတူတကွ ရှိနေခြင်းမျိုးမှလွဲ၍ မည်သို့မှ ယှဉ်တိုက်နိုင်မည် မဟုတ်ပေ။

'ထားလိုက်ပါတော့... ငါ သိတဲ့ ဟိုကျားကြီးရဲ့ နယ်မြေထဲ သွားပြီးပဲ လှုပ်ရှားလိုက်ပါမယ်... တောနက်ထဲ ဝင်တာကလည်း အင်အားနဲ့ နောက်ခံကို ကြည့်ရတာပဲ... ကျားကြီး တစ်ကောင်က အကာအကွယ် ပေးထားရင် ဘာအန္တရာယ်မှ မရှိနိုင်တော့ဘူး'

ထိုအရွယ်ရောက် ကျားကြီး၏ နယ်မြေက အလွန် ကျယ်ဝန်းပြီး ရွှီယန် မသွားဖူးသေးသော နေရာများစွာ ရှိနေသေး၏။

ဤတစ်ကြိမ်တွင်တော့ ထိုနေရာများကို သွားရောက် စူးစမ်းလေ့လာနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွမ်းကျင်နေပြီပဲ ဖြစ်သည်။

ဤအကြောင်းကို တွေးမိပြီးနောက် ရွှီယန်က အငှားကားသမားထံသို့ စာတစ်စောင် ပို့လိုက်ပြီး မနက်ဖြန် မနက် ငါးနာရီတွင် လယ်ယာခြံဝင်းမှ ထွက်ခွာရန် ချိန်းဆိုလိုက်၏။

ယခင် လမ်းကြောင်းအတိုင်းပင် ဖြစ်သည်။

တောင်ပေါ်လမ်းတွင် ကားရပ်ပြီးနောက် ရွှီယန်က တောင်ပေါ်လမ်းအတိုင်း တောနက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားမည် ဖြစ်၏။

တောနက်ထဲတွင် မည်သို့ လျှောက်ရမည်နည်း ဆိုသည်ကိုတော့ ရွှီယန် ကိုယ်တိုင်သာ သိရှိပေသည်။

ထို့နောက် ရွှီယန်က ဝန်ထမ်းများကိုလည်း ဤကိစ္စအား ပြောပြလိုက်သည်။

"သူဌေး... သူဌေး ကိုယ်တိုင် တောင်ပေါ်တက်သွားရင် ကျားသစ် ကို ဘယ်လို လုပ်မလဲ"

ဝမ်ဝူက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ကိစ္စမရှိပါဘူး... ရှောင်ဟွာ ရဲ့ စရိုက်က ခွေးတွေနဲ့ သိပ်မကွာပါဘူး... သူက အရင် စတင်ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး... မဟုတ်ရင်လည်း သူ့ကို လယ်ယာခြံဝင်းထဲမှာ ထားမှာ မဟုတ်ပါဘူး... မင်းတို့ သူ့ကို အပြင်ထွက်မပြေးသွားအောင် ကြည့်ထားရင် ရပြီ... သူက ပုံမှန်ဆိုရင်လည်း အပြင်မထွက်ပါဘူး... မနက်ဖြန် သူ့ရဲ့ ပန်းကန်ထဲမှာ အသား နည်းနည်း ပိုထည့်ပေးထားခဲ့မယ်... ကျားသစ်တွေက အဲဒီလောက်ကြီး လှုပ်ရှားရတာကို သဘောမကျကြဘူး... သူတို့ ဗိုက်ဝနေရင် ဘယ်မှ လျှောက်မသွားချင်ကြဘူးလေ"

ရွှီယန်က ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ သုံးယောက်စလုံးကလည်း သဘောတူလိုက်ကြ၏။

ရွှီယန် ပြောသည့်အတိုင်းပင် ရှောင်ဟွာ က တကယ်ကို အပြင်လျှောက်သွားရသည်ကို သိပ်မနှစ်သက်ချေ။

ဒုတိယနေ့တွင် ရွှီယန်က စောစောစီးစီး အိပ်ရာထပြီး ရှောင်ဟွာ ၏ ပန်းကန်ထဲတွင် အသားစိမ်း နှစ်တုံး ထည့်ပေးလိုက်သည်။

ကျားသစ်ပေါက်လေးက သူ၏နောက်သို့ လိုက်ချင်သော်လည်း ရွှီယန်က ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးကာ ငြင်းပယ်လိုက်၏။

"မင်း ခြံဝင်းထဲမှာပဲ နေခဲ့... လျှောက်မသွားနဲ့နော်... ငါ နေ့လယ်ကျရင် ပြန်လာခဲ့မယ်"

ရွှီယန်က မှာကြားလိုက်သည်။

ကောင်လေးက ထင်သည့်အတိုင်းပင် ငြိမ်သက်သွားတော့၏။

ကျားသစ်ပေါက်လေး၏ အသိထဲတွင်တော့ ရွှီယန်၏ အပြုအမူက အမဲလိုက်ထွက်သည့် အပြုအမူပင် ဖြစ်သည်။

အမဲလိုက်ထွက်သည်ဆိုမှတော့ ၎င်းက စောင့်နေရုံသာ ရှိတော့သည်။

ထို့ကြောင့် ၎င်းက အိမ်ထဲသို့ ပြန်ပြေးဝင်သွားပြီး အနားယူနေလိုက်၏။

ရွှီယန်ကတော့ ကျောပိုးအိတ် တစ်လုံးကို လွယ်ကာ ဆောင်းဦး နှောင်းပိုင်း၏ နံနက်ခင်းတွင် တောင်ပေါ်တက်မည့် ခရီးစဉ်ကို နောက်တစ်ကြိမ် စတင်လိုက်တော့သည်။

ဤအချိန်တွင် ကောင်းကင်က အနည်းငယ် မှောင်နေသေးပြီး ကား၏ မီးရောင်က လမ်းကို လင်းထိန်စေကာ အမှောင်ထုထဲတွင် အနည်းငယ် အထီးကျန်ဆန်နေသကဲ့သို့ပင်။

"ဒီလောက် စောစောစီးစီး ထွက်ရတာလား"

အငှားကားသမားက ရွှီယန်နှင့် စကားစမြည် ပြောဆိုနေ၏။

"အင်း... စောစောသွားမှ စောစော ပြန်လာလို့ ရမှာလေ... မဟုတ်ရင် အချိန်မီ ပြန်မရောက်နိုင်ဘူး"

ရွှီယန်က ခေါင်းညိတ်ပြလိုက်သည်။

"မင်းက လိုက်ဖ်လွှင့်တာ နာမည်ကြီးပြီး ပိုက်ဆံလည်း ရနေတာကို ဒီလောက် ပင်ပင်ပန်းပန်း တောနက်ထဲ သွားနေရသေးလား"

ကားသမားက ရွှီယန် ဤမျှအထိ ပင်ပန်းခံနေရသည်ကို အတော်လေး ပင်ပန်းမည်ဟု တွေးထင်နေ၏။

"ဟူး... ဘဝဆိုတာ ဒီလိုပါပဲကွာ... အစ်ကိုတောင် ဒီလောက် စောစော ထရသေးတာပဲ... ပိုက်ဆံရှာရတာ အဲဒီလောက် မလွယ်ကူပါဘူး"

ရွှီယန်က ယာဉ်မောင်းဘေးခုံတွင် ထိုင်ကာ ကားထိုင်ခုံကို မှီပြီး မျက်လုံးမှိတ်ကာ ခဏမျှ မှေးနေလိုက်သည်။

မနက်စောစော ထရသည်မှာ အနည်းငယ်တော့ အိပ်ချင်နေသေး၏။

ခဏလောက် ထပ်အနားယူနိုင်ခြင်းကလည်း ကောင်းမွန်လှပေသည်။

ကားသမားကလည်း ဘာမှ ထပ်မပြောတော့ချေ။

သိပ်မကြာခင်မှာပင် ကားက တောင်ပေါ်လမ်းသို့ ဝင်ရောက်သွားပြီး တောင်ပေါ်လမ်းအတိုင်း တစ်ပတ်ပြီးတစ်ပတ် စတင် ရစ်ပတ် မောင်းနှင်သွားတော့၏။

တောင်ပေါ်လမ်း အနည်းငယ်က သိပ်မဝေးသကဲ့သို့ ထင်ရသော်လည်း ပတ်ပြီး မောင်းနှင်ရသည်မှာ အတော်လေး ဒုက္ခများလှပေသည်။

ကားက တစ်နာရီကျော်ခန့် မောင်းနှင်ပြီးမှသာ ပစ်မှတ်နေရာသို့ ရောက်ရှိသွားခဲ့သည်။

ရွှီယန်က အိပ်မက်ထဲမှ နိုးလာပြီး ကားပေါ်မှ ဆင်းလိုက်၏။

"အစ်ကို... ကျွန်တော် နေ့လယ်ကျရင် ဆက်သွယ်လိုက်မယ်... ဒီနား တစ်ဝိုက်မှာပါပဲ... ဒီတောင်ပေါ်ကနေပဲ ပြန်ဆင်းလာလောက်တယ်"

ရွှီယန်က အငှားကားသမားကို ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး... မင်း ဖုန်းသာ ဆက်လိုက်... ငါ သေချာပေါက် လာကြိုပါ့မယ်"

ရွှီယန်က ကျောပိုးအိတ်ကို လွယ်ကာ တောင်ပေါ်လမ်းဆီသို့ ပြန်လည် တက်လှမ်းသွားတော့၏။

သူ သွားရမည့် လမ်းများမှာ တောတောင်များသာ ဖြစ်ပြီး သာမန်လူများကတော့ ဝင်ရောက်နိုင်မည်ဟု မသေချာချေ။

တောကင်းလှည့်သူများပင်လျှင် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်းသာ ကင်းလှည့်ကြပြီး ထိုလမ်းကြောင်းများက ဖောက်လုပ်ထားပြီးသား ဖြစ်သဖြင့် သိပ်မခက်ခဲလှပေ။

ရွှီယန်ကတော့ သူ၏ ကိုယ်ပိုင် လမ်းကြောင်းကို ဖောက်လုပ်နေရခြင်းပင်။

ကံကောင်းသည်မှာ သူက တောထဲတွင် အတွေ့အကြုံ ကြွယ်ဝနေခြင်း ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စများက သူ့ကို မခက်ခဲစေနိုင်ပေ။

ရွှီယန်က ကျား၏ နယ်မြေဆီသို့ တောက်လျှောက် လျှောက်သွားလိုက်၏။

ထိုနေရာက နှိုင်းယှဉ်ကြည့်ပါက အနည်းငယ် ပို၍ လုံခြုံမှု ရှိပေသည်။

သူလည်း အနည်းငယ် စိတ်အေးလက်အေး နေနိုင်မည် ဖြစ်၏။

All Chapters