← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) ကန်ချက်တစ်ချက်နဲ့ မဖြေရှင်းနိုင်တဲ့အရာ ဆိုတာ မရှိပါဘူး

လူတိုင်း၏ အာရုံစိုက်မှုသည် ဟွမ်ဇီ ထံသို့ ချက်ချင်း ရောက်ရှိသွားခဲ့ပေ၏။

သူသည် အရပ် ၁.၈ မီတာ ရှိပြီး အလေးချိန်မှာ အနည်းဆုံး ကီလိုဂရမ် ၁၈၀ ရှိလေသည်။ သူသည် အလွန် သန်မာပုံမပေါ်သော်လည်း သူ၏ ကြွက်သားများက သူ့အား အလွန် အစွမ်းထက်ပုံ ပေါ်စေခဲ့သည်။

လှပသော လမ်းညွှန်ဆရာမက ချန်ဖုန်း အား စိုးရိမ်တကြီး ကြည့်ကာ ဒေါသတကြီး ပြောဆိုလိုက်၏။ "ချန်ဖုန်း နင် အဲဒါကို သဘောတူလို့ မဖြစ်ဘူးနော်"

"ရပါတယ်" ချန်ဖုန်း က ဖျော့တော့စွာ ပြုံးလိုက်သည်။

လမ်းညွှန်ဆရာမအား တည်ငြိမ်သွားစေပြီးနောက် သူက ရှေ့သို့ ဖြည်းညင်းစွာ ကြည့်လျက် ပြောဆိုလိုက်၏။ "ဒါဆိုလည်း ဒီမှာပဲ စလိုက်ကြတာပေါ့ ဒါပေမဲ့ ကျွန်တော်က ကြမ်းတမ်းတဲ့ ခွန်အားနည်းနည်းပဲ သိတာ နောက်ကျရင် ကျွန်တော် မရပ်နိုင်ခဲ့ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့နော်"

"ဟားဟားဟား အစွမ်းကုန်ထုတ်ပြီးတော့သာ တိုက်ခိုက်စမ်းပါ" ဟွမ်ဇီ က သူ၏စကားများကို လုံးလုံးလျားလျား လျစ်လျူရှုလိုက်ပေသည်။

သူ၏ အမြင်တွင်

ချန်ဖုန်း တွင် ကြီးမားသော ခွန်အားနှင့် အလားအလာများ ရှိကောင်းရှိနိုင်ပေ၏။

သို့သော် သင့်လျော်သော လေ့ကျင့်မှု မရှိဘဲနှင့် ၎င်းတို့နှင့် အခြားသူများကြားတွင် သိသာထင်ရှားသော ကွာဟချက်တစ်ခု ရှိနေဆဲ ဖြစ်လေသည်။

"ချန်ဖုန်း" လမ်းညွှန်ဆရာမမှာ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခြေဆောင့်လိုက်သည်။

သူမက စေတနာနှင့် ချန်ဖုန်း အား ငြင်းပယ်ရန် ကူညီပေးချင်ခဲ့သော်လည်း သူက ယင်းကို နှလုံးသားထဲ လုံးဝမထားလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

ကျောင်းအုပ်ဝူ ကလည်း မျက်မှောင်ကြုတ်လိုက်၏။

ဒီခေတ် ကျောင်းသားတွေက တကယ်ကို သွေးဆူလွယ်ကြတာပဲ အသေးအဖွဲ ဆွပေးရုံနဲ့ သူတို့ရဲ့ ဒေါသတွေကို မထိန်းချုပ်နိုင်ကြဘူး။

သို့သော်လည်း အဆင်ပြေပါတယ်။

သူ့ကို အခု လူမှုအသိုင်းအဝိုင်းရဲ့ ကြမ်းတမ်းတဲ့ လက်တွေ့ဘဝကို ခံစားခိုင်းလိုက်တာ ကောင်းတယ် ဒါမှ အနာဂတ်မှာ သူက နိမ့်နိမ့်ချချ နေတတ်ဖို့ သင်ယူနိုင်မှာပေါ့။

ထို့နောက် သူက သူ၏ဘေးရှိ ဆရာတစ်ဦးဘက်သို့ လှည့်ကာ ပြောဆိုလိုက်လေသည်။ "ကျောင်းဆေးခန်းကို ပြင်ဆင်ထားဖို့ ပြောလိုက် တကယ်လို့ ဒဏ်ရာရခဲ့ရင် အချိန်မီ ကုသမှုခံယူဖို့ မမေ့နဲ့လို့"

"နားလည်ပါပြီ" ဆရာဖြစ်သူက အလျင်အမြန် စီစဉ်မှုများ ပြုလုပ်လိုက်၏။

ကျောင်းဆေးခန်းတွင် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ကန့်သတ်ချက်များ ရှိသော်လည်း သာမန် ဒဏ်ရာများကိုမူ ကုသပေးနိုင်သေးပေသည်။

ဟွမ်ဇီ က ပတ်ပတ်လည်ကို အကဲခတ်ကြည့်ရှုလိုက်သည်။ "ကျောင်းအုပ်ဝူ လက်ရှိ အစည်းအဝေးခန်းမက တိုက်ခိုက်ဖို့အတွက် မသင့်တော်ဘူး တခြား ရနိုင်မယ့် အခန်းတွေ ရှိသေးလား"

ဘေးဘက်တွင် အခန်းလွတ်တစ်ခန်း ရှိပေ၏။

ထို့နောက် ကျောင်းအုပ်ဝူ သည် ဘေးအခန်း၏ တံခါးကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။

၎င်းမှာ နားနေခန်းတစ်ခု ဖြစ်လေသည်။

ချန်ဖုန်း အထဲသို့ ဝင်သွားပြီးနောက် မည်သူမျှ ဝိုင်းရံမနေစေရန်အတွက် တံခါးကို ချက်ချင်း ပိတ်လိုက်ပေ၏။

[ ဒင် အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းရည်များကို လဲလှယ်မှုအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် ၁၀ ပွိုင့် နုတ်ယူလိုက်ပါပြီ ]

[ ဒင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် မာစတာအဆင့် ဝိန်းချွန်း ကို လဲလှယ်လိုက်ပါပြီ စနစ်ပွိုင့် ၂၀ ပွိုင့် နုတ်ယူလိုက်ပါပြီ ]

[ ဒင် မာစတာအဆင့် ပါကျိချွမ် ကို လဲလှယ်မှုအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် ၂၀ ပွိုင့် နုတ်ယူလိုက်ပါပြီ ]

[ ဒင် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက် ကို လဲလှယ်မှုအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် စနစ်ပွိုင့် ၅၀ ပွိုင့် နုတ်ယူလိုက်ပါပြီ ]

[ ဒင်…]

[ ဒင်…]

[ ဒင်…]

………

......

"ချန်ဖုန်း က ဘာလို့ တံခါးကို ပိတ်လိုက်တာလဲ" လမ်းညွှန်ဆရာမသည် တံခါးအပြင်ဘက်တွင် ရပ်ကာ စိတ်ပျက်စွာဖြင့် ခြေဆောင့်နေခဲ့၏။

အကယ်၍ ၎င်းတို့သာ ဘေးမှ စောင့်ကြည့်နေပါက အရေးပေါ် အခြေအနေတွင် ရပ်တန့်ရန် ခေါ်ဆိုနိုင်ပေမည်။ သို့သော် ယခုအခါ အထဲတွင် လူနှစ်ဦးသာ ရှိပြီး ဘာတွေဖြစ်နေသနည်းဆိုတာကို သူတို့ လုံးဝ မသိရှိကြချေ။

တကယ်လို့ ထိန်းချုပ်မှု လွတ်သွားပြီး ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။

ကျန်းထျန်ရှန်း က ဖျော့တော့စွာ ပြုံးလိုက်သည်။ "ဆရာမ ခင်ဗျား စိုးရိမ်ဖို့ မလိုပါဘူး ဟွမ်ဇီ က တစ်ခါတလေ နည်းနည်း ရမ်းကားတတ်ပေမဲ့ သူက တော်တော်လေး ယုံကြည်စိတ်ချရပါတယ် ရပ်သင့်တဲ့အချိန်ရောက်ရင် သူ သေချာပေါက် ရပ်ပါလိမ့်မယ်"

"ဟုတ်တယ် အဲဒါကို ကျွန်တော် အာမခံနိုင်တယ် ဟွမ်ဇီ က ချန်ဖုန်း ကို ဒဏ်ရာရခိုင်းမယ့်အစား သူကိုယ်တိုင်ပဲ ဒဏ်ရာအဖြစ်ခံလိမ့်မယ်"

"စွမ်းအား ထိန်းချုပ်မှု အပိုင်းမှာ ဟွမ်ဇီ က သိသာထင်ရှားတဲ့ အားသာချက် ရှိနေတုန်းပဲ"

အခြားသူများကလည်း ၎င်းတို့၏ အကြံပေးစကားများကို ပြောဆိုခဲ့ကြ၏။

တစ်ဖက်လူမှာ ကျောင်းသားတစ်ဦးသာဖြစ်ပြီး ၎င်းမှာ သူတို့၏ စွမ်းရည်များကို စမ်းသပ်ခြင်းသာဖြစ်ရာ အလွန်အကျွံ လုပ်ဆောင်ရန် အမှန်တကယ်ပင် မသင့်တော်ချေ။

ထိုအချိန်၌

ကျောင်းဆေးခန်းမှ ဒေါက်တာရှား သည်လည်း အလျင်အမြန် ရောက်ရှိလာခဲ့လေသည်။

သူသည် ပြင်ပဒဏ်ရာများကို ကုသရန်အတွက် ဆေးဝါးအမျိုးမျိုး ပါဝင်သော ရှေးဦးသူနာပြုသေတ္တာ တစ်လုံးကို ကိုင်ဆောင်ထားပေ၏။

"ဒုန်း"

"ဒိုင်း"

“ဝုန်း”

အခန်းထဲမှ ရုတ်တရက် ကျယ်လောင်သော ဆောင့်တိုက်သံကြီး ထွက်ပေါ်လာခဲ့သည်။

ဤသည်က လူတိုင်းကို ချက်ချင်း မျက်မှောင်ကြုတ်သွားစေ၏။

တစ်စုံတစ်ယောက်က နံရံကို ဝင်တိုက်မိသကဲ့သို့ ခံစားရပြီး နံရံတစ်ခုလုံး တုန်ခါနေခဲ့ပေသည်။

"ချန်ဖုန်း" လမ်းညွှန်ဆရာမက အလန့်တကြား အော်ဟစ်လိုက်လေ၏။

ချန်ဖုန်း က လွင့်စင်သွားအောင် အရိုက်ခံလိုက်ရကြောင်း ရှင်းလင်းနေပြီး ရိုက်ခတ်မှုကြောင့် နံရံများပင် တုန်ခါနေခဲ့ပေသည်။

ဒုက္ခပါပဲ

သူ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ဆိုရင်

အဲဒါက အရိုးအဆစ်တွေ ကျိုးကြေသွားစေနိုင်တယ်။

လမ်းညွှန်ဆရာမမှာ အလွန်အမင်း စိုးရိမ်ပူပန်နေသဖြင့် ငိုလုနီးပါး ဖြစ်နေခဲ့၏။

ကျန်းထျန်ရှန်း လည်း ပြင်းထန်စွာ မျက်မှောင်ကြုတ်သွားလေသည်။

သူက ဟွမ်ဇီ သည် သူ၏ စွမ်းအားကို ထိန်းချုပ်နိုင်သည်ဟု ယခုလေးတင် ပြောခဲ့သော်လည်း သူ မှားယွင်းကြောင်း ချက်ချင်း သက်သေပြခံလိုက်ရပေ၏။

"ဝုန်း”

"ဝုန်း"

နောက်ထပ် ဆောင့်တိုက်သံ နှစ်ချက် ထွက်ပေါ်လာခဲ့သည်။

အော်ဟစ်သံတစ်ခုပင် ရောနှောနေသေး၏။

"ကျောင်းအုပ်ကြီး မြန်မြန် တံခါးကို ချိုးဖျက်လိုက်ပါ ချန်ဖုန်း သေလုမတတ် အရိုက်ခံနေရပြီ သူ အော်နေတာကို ခုနက ကျွန်မ ကြားလိုက်တယ် တံခါးကို ချိုးဖျက်ပြီး အထဲက လူတွေကို ရပ်ခိုင်းလိုက်ပါ"

လမ်းညွှန်ဆရာမသည် တကယ်ပင် ထပ်မစောင့်ချင်တော့ချေ။

သူမ ကြောက်ရွံ့နေခဲ့၏။

အကယ်၍ သူမ၏ ကြီးကြပ်မှုအောက်တွင် ကျောင်းသားတစ်ဦး ပြဿနာများ ဖြစ်ပေါ်ပါက သူမ တာဝန်မယူနိုင်ချေ။

ဤအခိုက်အတန့်၌

သူမတင်မကဘဲ ကျန်းထျန်ရှန်း ၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားလေ၏။ "ဟွမ်ဇီ ဘာဖြစ်သွားတာလဲ မင်းတို့အားလုံး အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ တံခါးကို ချိုးဖျက်လိုက်စမ်း"

"မြန်မြန် တံခါးကို ချိုးဖျက်လိုက်"

လူတိုင်း တံခါးကို ချိုးဖျက်တော့မည့်အချိန်မှာပင် အတွင်းဘက်မှ ရုတ်တရက် ပွင့်လာခဲ့ပေသည်။

ပုံရိပ်တစ်ခုသည် အိတ်ကပ်ထဲ လက်နှိုက်ကာ ဖြည်းညင်းစွာ လျှောက်ထွက်လာခဲ့၏။

"ချန်ဖုန်း" လမ်းညွှန်ဆရာမက ချက်ချင်း ပြေးသွားလေသည်။

ချန်ဖုန်း တွင် မည်သည့် ဒဏ်ရာမျှ မရှိသည်ကို မြင်လိုက်ရချိန်တွင် သူသည် အထဲသို့ ဝင်သွားပြီး ပြန်ထွက်လာသကဲ့သို့သာ ဖြစ်နေခဲ့၏။

အကောင်းပကတိနှင့် မထိခိုက်ထားချေ။

သူမ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ရပေသည်။

"ဘာဖြစ်တာလဲ ခုနက နင် ဒဏ်ရာရသွားတာ မဟုတ်ဘူးလား"

"ဒဏ်ရာရတာလား" ချန်ဖုန်း က ပခုံးတွန့်ကာ ရယ်မောလိုက်သည်။ "မဟုတ်ပါဘူး ကျွန်တော်က ဘယ်လိုလုပ် ဒဏ်ရာရနိုင်မှာလဲ"

လူတိုင်း၏ အကြည့်များက အခန်းဘက်သို့ ပြန်လည်ရောက်ရှိသွားကြ၏။

အခန်း၏ နံရံတစ်ခုလုံး အက်ကွဲနေပြီး ဟွမ်ဇီ သည် အခန်းထဲမှ ခြေတစ်ရွတ်ဆွဲကာ ထွက်လာခဲ့ပေသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် သွေးအနည်းငယ် ရှိနေလေ၏။

သူ၏ မျက်နှာမှာ ဖောင်းအစ်နေပြီး ခြေတစ်ရွတ်ဆွဲ လမ်းလျှောက်နေခဲ့သည်။

သူက လမ်းလျှောက်လာရင်း ကျိန်ဆဲနေခဲ့ပေ၏။ "ချီးပဲ ဒီကောင်လေးက အရမ်း တရားမျှတမှု မရှိဘူးကွ သူ ငါ့ကို ကန်တဲ့အချိန်မှာ ငါ အဆင်သင့်တောင် မဖြစ်သေးဘူး အနည်းဆုံးတော့ မင်းက တခြား ကွက်ကို သုံးသင့်တယ်လေ အချိန်တိုင်း ကန်ဖို့ချည်းပဲ မသုံးနဲ့လေ မဟုတ်ဘူး မဟုတ်ဘူး ဒါက အတည်မယူဘူးကွ"

"..."

လူတိုင်း အံ့အားသင့် မှင်တက်သွားကြလေသည်။

၎င်းတို့က ချန်ဖုန်း အား မိစ္ဆာတစ်ကောင်ကဲ့သို့ ကြည့်ရှုလိုက်ကြ၏။

အို ဘုရားရေ…

အဲဒီအသံတွေကို ချန်ဖုန်း က ဖန်တီးနေတာလို့ သူတို့ ထင်ခဲ့ကြပေမဲ့ တကယ်တမ်း လွင့်စင်သွားအောင် အရိုက်ခံလိုက်ရတာက ဟွမ်ဇီ ဖြစ်နေခဲ့တာပဲ။

ဟွမ်ဇီ က ဘယ်သူလဲ

စစ်မှန်တဲ့ ကြယ်လေးပွင့်အဆင့် စစ်သည် တစ်ယောက်လေ။

ဒါ့အပြင် သူက စစ်ဘက်ဆိုင်ရာဌာန ကနေ ပြည့်စုံတဲ့ လေ့ကျင့်မှုတွေကို ခံယူထားတဲ့ ကြယ်လေးပွင့်အဆင့် စစ်သည် တစ်ယောက်ကွ။

ဒီအခိုက်အတန့်မှာ ချန်ဖုန်း က တကယ်ကြီး သူ့ကို ကန်ထုတ်လိုက်တာလား။

ပြန်လည်တိုက်ခိုက်ဖို့ လုံးလုံးလျားလျား အစွမ်းအစ မရှိဘူးပေါ့။

သူတို့နှစ်ယောက် အထဲမှာ နေခဲ့တာ ငါးမိနစ်တောင် မပြည့်သေးဘူး ဟွမ်ဇီ က လုံးလုံးလျားလျား အရှုံးပေးလိုက်ရပြီပဲ။

ကျွတ်။

ဤသည်ကို သဘောပေါက်သွားချိန်တွင် လူတိုင်း အသက်ရှုမှားသွားကြလေ၏။

ကျန်းထျန်ရှန်း ၏ မျက်လုံးများ လင်းလက်သွားပေသည်။

ပြိုင်ဘက်က သူ မှန်းထားသည်ထက်ပင် ပိုမို အစွမ်းထက်နေခဲ့သည်။

သူက တကယ့် ထူးခြားတဲ့ကောင်ပဲ။

"ဝန်ကြီး အဲဒီတုန်းက စစ်သေနာပတိတောင် ဒီလောက် အစွမ်းမထက်ခဲ့ဘူး မဟုတ်လား"

"စစ်သေနာပတိ ဟဲဟဲ..." ကျန်းထျန်ရှန်း က ခေါင်းခါလိုက်၏။

စစ်သေနာပတိ၏ အခြေအနေမှာ ချန်ဖုန်း နှင့် ကွဲပြားသဖြင့် ၎င်းတို့ကို နှိုင်းယှဉ်၍ မရနိုင်ချေ။

သူ၏ အကြည့်များက ချန်ဖုန်း အပေါ်သို့ နောက်တစ်ကြိမ် ကျရောက်သွားလေသည်။ ဒီကောင်လေးက စစ်သေနာပတိ ရာထူးကို လွှဲပြောင်းယူဖို့ အမှန်တကယ်ပင် အလွန် သင့်တော်လှပေ၏။

လူစုသည် အစည်းအဝေးခန်းမသို့ ပြန်လာခဲ့ကြသည်။

ဤတစ်ကြိမ်တွင်

ကျန်းထျန်ရှန်း က တရားဝင် မိတ်ဆက်လိုက်လေ၏။

"ချန်ဖုန်း ငါတို့က တရုတ်နိုင်ငံမှာ အမြင့်ဆုံးအဆင့် လျှို့ဝှက်တပ်ဖွဲ့ဖြစ်တဲ့ စစ်ဘက်ဆိုင်ရာဌာန ကပါ နယ်စပ်တစ်ခုလုံးရဲ့ လုံခြုံရေးအတွက် အဓိက တာဝန်ယူရတယ် ငါတို့နဲ့ ပူးပေါင်းဖို့ မင်း စိတ်ဝင်စားလား"

"စစ်ဘက်ဆိုင်ရာဌာန"

ချန်ဖုန်း ဤနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပေသည်။

ကျန်းထျန်ရှန်း သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောဆိုလိုက်၏။ "ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေက ငါ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲ မင်းလိုလူမျိုးက ငါတို့ရဲ့ စစ်ဘက်ဆိုင်ရာဌာန ကို ဝင်ရောက်သင့်တယ်"

“သေချာပေါက် စစ်ဘက်ဆိုင်ရာဌာန ကလည်း မင်းကို သီးခြား အခွင့်အရေးတွေ ပေးအပ်လိမ့်မယ်”

"တကယ်လို့ မင်းက စစ်ဘက်ဆိုင်ရာဌာန ကို ဝင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဘယ်လို တောင်းဆိုမှုမျိုးမဆို လွတ်လွတ်လပ်လပ် တောင်းဆိုနိုင်ပါတယ်"

All Chapters