← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) ကြီးမားသော အကျိုးအမြတ်

ပရော်ဖက်ဆာချင်က ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်၏။ "ဒါ့အပြင် ဒီနည်းပညာကို တခြား စစ်ဘက်ဆိုင်ရာ သုတေသနတွေမှာလည်း အသုံးပြုလို့ ရတယ်"

"သူက ငါတို့ရဲ့ သိပ္ပံနယ်ပယ်က သက်ဆိုင်ရာ နည်းပညာတွေကို အနှစ်သုံးဆယ်တိတိ ရှေ့ရောက်သွားစေတယ်"

"စဉ်းစားကြည့်စမ်း နောက်ထပ် အနှစ်သုံးဆယ်ကြာမှ ရလာမယ့် နည်းပညာကို အခု သုံးနိုင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"

"..."

ကျန်းထျန်ရှန်း လုံးလုံးလျားလျား အသက်ရှူမှားသွားရလေသည်။

ချန်ဖုန်းက ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သော အရာက သူ့ကို ဤမျှလောက် ကြီးမားသော အံ့အားသင့်မှုကြီးတစ်ခု ပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

မဟုတ်ဘူး…

ဒါက လုံးလုံးလျားလျားကို တုန်လှုပ်စရာကောင်းလွန်းတယ်။

ဒါက တရုတ်နိုင်ငံရဲ့ နည်းပညာကို အနှစ်သုံးဆယ် ရှေ့ရောက်သွားစေတာပဲ။

အထူးသဖြင့် အမှောင်သတ္တု ပေါ့

သတ္တုစပ် တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကို ဖန်တီးနိုင်သည်နှင့် တစ်ပြိုင်နက် စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်တိုင်းသည် ကျည်ဆန်များနှင့် ဓားပြတ်ရှမှုများကို ခံနိုင်ရည်ရှိသွားလိမ့်မည်။

ကျွတ်…

တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ။

စစ်ဘက်ဆိုင်ရာဌာန၏ အလုံးစုံ စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာလိမ့်မည်။

ကျန်းထျန်ရှန်းသည် ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ချန်ဖုန်းအား တစ်ချက်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပေ၏။

သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။

ကျန်းထျန်ရှန်း "ပရော်ဖက်ဆာချင် ဒီအချက်အလက်က သေချာပေါက် အသုံးဝင်တာလား"

"အဓိပ္ပာယ်မရှိတာ သေချာပေါက် လက်တွေ့အသုံးဝင်တာပေါ့ အထက်မှာ ဖော်ပြထားတာက သီအိုရီ ဗဟုသုတသက်သက်ဆိုပေမဲ့ ငါတို့မှာ အချိန်လုံလုံလောက်လောက် ရှိနေသရွေ့ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကို သေချာပေါက် ကျွမ်းကျင်ပိုင်နိုင်အောင် လုပ်နိုင်တယ်"

"ကျန်းကြီး မြန်မြန် ကျန်တဲ့ အချက်အလက်တွေကိုလည်း ပို့ပေးပါဦး"

"ခဏနေဦး"

ကျန်းထျန်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။

ဤအချက်အလက်၏ အရေးပါမှုကို ယခု အတည်ပြုပြီးဖြစ်ရာ မည်သည့် အမှားအယွင်းမျှ မရှိစေရချေ။ "ပရော်ဖက်ဆာချင် တစ်ဖက်လူက ကျန်တဲ့ အချက်အလက်တွေကို မရေးရသေးဘူး"

"သူ ရေးလို့ပြီးသွားရင် အဲဒါကို စစ်ဘက်ဆိုင်ရာဌာနဆီ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ယူလာခဲ့မယ် ပြီးရင် ခင်ဗျားတို့ သေချာ လေ့လာလို့ ရပါပြီ"

"နားလည်ပါပြီ နားလည်ပါပြီ"

ပရော်ဖက်ဆာချင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

အင်တာနက်ပေါ်တွင် မလုံခြုံမှုများစွာ ရှိနေပေ၏။

အကယ်၍ ယင်းက ပေါက်ကြားသွားပါက ကိစ္စများ အလွန် ရှုပ်ထွေးသွားနိုင်ပေသည်။

ထိုအချိန်၌…

သူက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားလေ၏။ "ကျန်းကြီး တစ်ဖက်လူက မရေးရသေးဘူးလို့ မင်း ခုနက ပြောတယ် မဟုတ်လား မင်းတို့ အခု ဘယ်မှာလဲ ဒီလို သီအိုရီမျိုးကို ရေးနိုင်တဲ့သူက သေချာပေါက် ကမ္ဘာ့ထိပ်တန်း ပရော်ဖက်ဆာတွေထဲက တစ်ယောက် ဖြစ်ရမယ်"

"မင်းတို့က တကယ်ပဲ အံ့သြစရာပဲ ပါရမီရှင်တွေကို ခေါ်ဖို့ နိုင်ငံခြားအထိတောင် သွားခဲ့တာကိုး"

ပရော်ဖက်ဆာချင်သည် ဤဘာသာရပ်ကို လေ့လာခဲ့ဖူးသော တရုတ်နိုင်ငံရှိ လူတိုင်းနီးပါးကို သိရှိထားပေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူမှ ဒီနည်းပညာကို မထုတ်ဖော်နိုင်ခဲ့ကြပါဘူး။

နိုင်ငံခြားကလူတွေဆိုရင်တော့ အဲဒီမှာ တကယ့် ကျွမ်းကျင်သူ တချို့ ရှိနေနိုင်ပါတယ်။

ကျန်းထျန်ရှန်းက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။ "ဒီ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကို ရေးတဲ့သူက... နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ပဲ ပြီးတော့ ငါတို့က အခု ပေ့ဟူတက္ကသိုလ် မှာ ရောက်နေတာ"

"ဘာ"

ပရော်ဖက်ဆာချင်၏ အသံ ရုတ်တရက် အနည်းငယ် ကျယ်လောင်သွားခဲ့ပေသည်။

သူ၏ မျက်နှာတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်သွားလေ၏။

သူတို့သည်တော့ သိပ္ပံနယ်ပယ်တွင် အနှစ်သုံးဆယ်ကျော် အလုပ်လုပ်ခဲ့ကြသော်လည်း အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ကို မည်သူမျှ ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့ကြချေ။

အခုတော့…

ကျောင်းသားတစ်ယောက်က ဒီအရာကို ဘယ်လိုများ ထုတ်ပြနိုင်ခဲ့တာလဲ။

သူ ကိုယ်တိုင် စာရွက်စာတမ်းများကို မမြင်တွေ့ခဲ့ရပါက သူ ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်ချေ။

......

ကျန်းထျန်ရှန်းက ဖုန်းချလိုက်လေပြီ။

သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ချန်ဖုန်း၏ လက်ကို ဆွဲခါလျက် အလွန်အမင်း စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။ "ချန်ဖုန်း မင်းက တကယ်ကို စစ်ဘက်ဆိုင်ရာဌာန နဲ့ တရုတ်နိုင်ငံအတွက် ကြီးမားတဲ့ အကူအညီကို ပေးခဲ့တာပဲ"

"မင်း သေချာပေါက် ဒုတိယအဆင့် ဂုဏ်ပြုဆု ရရမယ်"

"ကျွန်တော် ပံ့ပိုးကူညီမှုတွေ လုပ်ခဲ့တယ် မလုပ်ခဲ့ဘူးဆိုတာက အရေးမကြီးပါဘူး ခင်ဗျားတို့ကို ကူညီနိုင်ဖို့ပဲ မျှော်လင့်ပါတယ်"

ချန်ဖုန်းမှာ အနည်းငယ် အနေရခက်သွားသလို ခံစားလိုက်ရသည်။

အမှန်တကယ်တော့ သူ သိပ်အများကြီး မကူညီခဲ့ပါဘူး စနစ်ရဲ့ ဆုလာဘ်တွေကိုသာ ချရေးပေးခဲ့ခြင်း ဖြစ်ပေ၏။

"ကျန်တဲ့အရာတွေ မပြီးသေးဘူး ကျွန်တော် အရင် ပြီးအောင် ရေးပေးပါ့မယ်"

ထိုသို့ ပြောရင်းဖြင့်

ကွန်ပျူတာဆီသို့ ပြန်သွားကာ နောက်တစ်ကြိမ် စတင်ရေးသားလိုက်လေ၏။

ချန်ဖုန်းအတွက်မူ...

ယခု သူလိုချင်သောအရာမှာ ကျန်းထျန်ရှန်းနှင့် သူ၏လူများကို အမြန်ဆုံး ဖယ်ရှားပစ်ရန်သာ ဖြစ်ပေသည်။

တစ်ဖက်လူက စောစောက စစ်သေနာပတိအကြောင်း ပြောခဲ့သည်ကို ပြန်လည်အမှတ်ရချိန်တွင် သူ၏ မျက်နှာအမူအရာမှာ တော်တော်လေး ထူးဆန်းသွားခဲ့၏။

မမျှော်လင့်ထားတဲ့ အရာတွေ ဘာမှမဖြစ်လာဖို့ မျှော်လင့်ပါတယ်။

နောက်ထပ် နာရီဝက်ခန့် ရေးသားခဲ့သည်။

နောက်ဆုံးတွင် အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ ၏ သီအိုရီ ဗဟုသုတများအားလုံး ပြီးပြည့်စုံသွားခဲ့လေပြီ။

ဤအချိန်၌…

ကျောင်းအုပ်ဝူနှင့် အခြားသူများသည်လည်း ဝင်လာခဲ့ကြ၏။

ကျန်းထျန်ရှန်းက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ "ကျောင်းအုပ်ဝူ ခင်ဗျားတို့ ကျောင်းက အရမ်းတော်တဲ့ ကျောင်းသားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ ဒါက ကျောင်းအတွက်ရော တရုတ်နိုင်ငံအတွက်ပါ ကောင်းချီးတစ်ခုပဲ"

"တရုတ်နိုင်ငံ တစ်ခုလုံးအတွက် ချန်ဖုန်းရဲ့ ပံ့ပိုးကူညီမှုတွေကို ငါတို့ အမြဲတမ်း မှတ်မိနေမှာပါ"

"သူ့ကို သေချာပေါက် ဒုတိယအဆင့် ဂုဏ်ပြုဆု ပေးအပ်ရမယ်"

ဤစကားများကို ပြောဆိုလိုက်ချိန်တွင်

ရှိတဲ့လူအကုန်လုံး ဆူညံပွက်လောရိုက်သွားတော့၏။

ဒုတိယအဆင့် ဂုဏ်ပြုဆုတဲ့လား…

အဆင့်သတ်မှတ်ချက်က အရမ်း မြင့်မားနေပြီလေ။

တရုတ်နိုင်ငံ တစ်ခုလုံးမှာ ဒီလိုဆုမျိုး ရဖူးတဲ့သူ အရမ်း နည်းပါးပါတယ်။

ချန်ဖုန်းက စစ်ဘက်ဆိုင်ရာဌာနအတွက် ဘယ်လို ပံ့ပိုးကူညီမှုမျိုး လုပ်ခဲ့လဲဆိုတာ သူ မသိခဲ့ချေ။

ငါလည်း မမေးရဲပါဘူး မေးလို့လည်း သူက ပြောမှာမှ မဟုတ်လောက်တာ။

ကျန်းထျန်ရှန်းသည် သူ၏ အိတ်ကပ်ထဲမှ အနီရောင် မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ယူလိုက်၏။ "ချန်ဖုန်း မင်းရဲ့ နည်းပညာက အခုလောလောဆယ် လူသိရှင်ကြား ကြေညာလို့ မရသေးဘူး ဒါကြောင့် ဆုကို သီးသန့်ပဲ ပေးနိုင်တယ်"

"ဒါကို သေချာ သိမ်းထားပါ ဒါက စည်းမျဉ်းတွေအတွင်းမှာ သီးခြား အခွင့်အရေးတချို့ကို ပေးအပ်နိုင်တယ်"

လူတိုင်း မနာလိုမှုများဖြင့် ပြည့်နှက်သွားကြလေသည်။

ဒါက အရမ်းကောင်းတဲ့ အရာပဲ။

ချန်ဖုန်း၏ မျက်လုံးများ လင်းလက်သွားပေ၏။

သူက အနီရောင် မှတ်စုစာအုပ်ငယ်လေးကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

"ကောင်းပြီ ငါတို့ သွားသင့်ပြီ အနာဂတ်မှာ ထပ်တွေ့ဖို့ အခွင့်အရေး ရှိလာမှာပါ နောက်တစ်ခါ တွေ့တဲ့အခါ မင်းက ငါ့ကို ဒီထက်ပိုကြီးတဲ့ အံ့အားသင့်စရာတွေ ယူလာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ကျန်းထျန်ရှန်းက သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်၏။

ထို့နောက်…

သူက လှည့်ကာ ကျောင်းအုပ်ဝူနှင့် အခြားသူများကို နှုတ်ဆက်လိုက်သည်။

သူတို့အားလုံး ထွက်သွားကြလေပြီ။

နောက်တစ်ခါ ထပ်တွေ့မယ် ဟုတ်လား။

ချန်ဖုန်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပေ၏။

စိတ်ချပါ နောက်တစ်ခါ ထပ်တွေ့ဖို့ လုံးဝ မရှိစေရဘူး။

ထို့နောက် ကာလများတွင် ချန်ဖုန်းသည် ကျောင်း၌ နောက်တစ်ကြိမ် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြန်လေ၏။

"နင်တို့ ကြားပြီးပြီလား ခုနက ရဟတ်ယာဉ်က ချန်ဖုန်းကို အထူးတလည် လာရှာတာတဲ့ သူတို့က သူ့ကို လျှို့ဝှက်ဆန်းကြယ်တဲ့ စစ်တပ်တစ်ခုဆီ ဖိတ်ခေါ်ချင်လို့တဲ့ ပြီးတော့ ဒီတပ်က အရမ်း အဆင့်မြင့်တယ်လို့ ပြောကြတယ်"

"ဟင် သူတို့က ချန်ဖုန်းကို လာဖမ်းတာလို့ ငါထင်နေတာ တကယ်တမ်းကျတော့ စစ်တပ်ထဲကို ဖိတ်ခေါ်တာကိုး အဲဒါက ငါ့ကို သေမတတ် လန့်သွားစေတာပဲ"

"ဒီစစ်တပ်က သာမန်မဟုတ်ဘူးလို့ ကြားတယ် အဲဒီထဲကို ဝင်နိုင်တဲ့သူတွေက တစ်သောင်းမှာ တစ်ယောက်ပဲ ပြီးတော့ ခံစားခွင့်တွေကလည်း အံ့မခန်းပဲ သူတို့က တစ်သက်လုံး ပိုက်ဆံအတွက် ပူစရာမလိုတော့ဘူးတဲ့"

"မင်းရဲ့ သတင်းအချက်အလက်တွေက ခေတ်နောက်ကျနေပြီ ချန်ဖုန်းက အဲဒီဖိတ်ခေါ်မှုကို ငြင်းလိုက်တာ ကြာပြီ ခုနက အဲဒီလူတွေ ထွက်သွားတဲ့အချိန်မှာ သူ့ကို အရမ်း ယဉ်ကျေးတဲ့ ပုံစံမျိုးနဲ့ လက်ဆွဲနှုတ်ဆက်သွားကြသေးတယ်"

"လက်ဆွဲနှုတ်ဆက်တယ် ဟုတ်လား"

လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့် မှင်တက်သွားကြပြန်လေသည်။

ကျောင်းအုပ်ဝူကိုယ်တိုင်ပင် ၎င်းတို့ကို အလွန် လေးစားစွာ ဆက်ဆံရသဖြင့် ထိုလူများတွင် အလွန် အထူးပြုသော အမှတ်အသားများ ရှိနေရမည် ဖြစ်ပေ၏။

အခုတော့။

ဒီလို အထူးအဆင့်အတန်းရှိတဲ့ သူတစ်ယောက်က ချန်ဖုန်းအပေါ် ဒီလောက်တောင် ယဉ်ကျေးနေတာလား။

၎င်းတို့သည် နက်ရှိုင်းသော တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြလေ၏။

ချန်ဖုန်းမှာ သာမန်မဟုတ်တဲ့ နောက်ခံတစ်ခုခု ရှိနေတာများလား။

အို ဘုရားရေ။

ချန်ဖုန်းက ဆိုရှယ်မီဒီယာမှာ မကြာခဏ ရေပန်းစားနေတာ အံ့သြစရာ မဟုတ်တော့ဘူး။

ပြီးတော့ သူ့မှာ အဲဒီလောက် ပိုက်ဆံအများကြီး ရှိနေသေးတာ…

တကယ်တမ်းတော့ သူ့ရဲ့နောက်ခံက အစကတည်းက သာမန်မဟုတ်ခဲ့တာကိုး။

အချိန်တိုအတွင်းမှာပင်…

၎င်းတို့သည် ချန်ဖုန်း၏ နောက်ခံကို မယုံနိုင်လောက်အောင် ချဲ့ကားပြောဆိုလာကြလေ၏။

ဘတ်စကက်ဘောကွင်းပေါ်ရှိ ကျောက်တုန်းလိုင်မှာ စကားပြောစရာမဲ့ ဖြစ်သွားရပေသည်။

ကနဦး စိတ်လှုပ်ရှားမှုသည် လျင်မြန်စွာပင် စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ချန်ဖုန်း ဒုက္ခရောက်မည်ဟု သူ မျှော်လင့်ခဲ့သည်။

တကယ်တမ်းတွင် ထိုကောင်က မည်သည့် ကံဆိုးမိုးမှောင်ကျမှုမျှ မကြုံတွေ့ရရုံသာမကဘဲ ရည်ရွယ်ချက်မရှိဘဲ ဂုဏ်သတင်းအချို့ကိုပင် ရရှိသွားခဲ့လေ၏။

ကျောက်တုန်းလိုင်သည် ဤအရာကို နားလည်သလိုလို ရှိသွားခဲ့သည်။

ချန်ဖုန်း ရှိနေတဲ့ နေရာတိုင်းမှာ သူ့အနေနဲ့ ထင်ပေါ်ဖို့ အခွင့်အရေး မရှိတော့ဘူးပဲ။

တစ်ဖက်လူက သူ့ရဲ့ ရန်သူတော်ကြီး တစ်ယောက်လိုပဲ ဖြစ်​နေတာက

သူ့ကို အလွန်အမင်း ဒေါသထွက်နေစေခဲ့သည်။

အခြားတစ်ဖက်တွင်…

လမ်းညွှန်ဆရာမသည် ချန်ဖုန်းအား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်ကာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့၏။ "နင်တို့နှစ်ယောက် အတိအကျ ဘာတွေ ပြောခဲ့ကြတာလဲ ဝန်ကြီးကျန်းက နင့်အပေါ် ဘာလို့ အဲဒီလောက် ယဉ်ကျေးနေရတာလဲ သူ့ရဲ့ မှတ်စုစာအုပ်ကိုတောင် ပေးသွားသေးတယ်"

"လျှို့ဝှက်ချက်ပါ"

ချန်ဖုန်းက ပခုံးတွန့်လိုက်သည်။

အခုလောလောဆယ် ဒီအချက်အလက်ကို ထုတ်မပြောတာ အကောင်းဆုံးပါပဲ။

"ဟွန့်"

လမ်းညွှန်ဆရာမက နှာခေါင်းရှုံ့လိုက်ပြီး ယင်းကို နှလုံးသားထဲ မထားခဲ့ချေ။ "ချန်ဖုန်း နင် တစ်နေ့လုံး အတန်းတွေ လစ်နေခဲ့တာ မဟုတ်လား တကယ်လို့ နင် အတန်းထပ်လစ်ရင် နင့်ရဲ့ ခရက်ဒစ်တွေကို ငါ လျှော့ပစ်မယ်"

"ကျွန်တော် လျှောက်လွှာ တင်ထားတယ် မဟုတ်လား တကယ်လို့ အလုပ်သင် ဝင်ဖို့ ရှာတွေ့ရင် အတန်းတက်စရာ မလိုတော့ဘူးလေ"

"ငါ ဂရုမစိုက်ဘူး နင် မသွားရင် ခရက်ဒစ်တွေ လျှော့ခံရမယ်"

လမ်းညွှန်ဆရာမ လှည့်ထွက်သွားလေ၏။

မိန်းမတွေက အငြိုးအတေး ထားတတ်ကြတယ် ဆိုတာ ဒီကောင်မသိဘူးလား။

နင်က ငါ့ကို အလကားနေရင်း စိတ်ပူအောင် လုပ်ခဲ့တယ် ဒါကြောင့် နင့်ရဲ့ ပညာရေးမှတ်တမ်းကနေ အမှတ်တွေ လျှော့ပစ်မယ်။

All Chapters