← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) ငွေချေးငှားခြင်း အရှုပ်တော်ပုံ

နောက်တစ်နေ့

ချန်ဖုန်း နိုးလာချိန်တွင် ဖုန်းထဲရှိ ဗီဒီယို အက်ပလီကေးရှင်းကို ပြန်ဖွင့်လိုက်ပြီး ခန္ဓာကိုယ်အားဖြည့်စွမ်းရည် ရွေးချယ်စရာကို တွေ့ရှိလိုက်လေ၏။

"အားဖြည့်စွမ်းရည်"

[ ပိုင်ရှင်ရဲ့ ခွန်အား အားဖြည့်စွမ်းရည်က ၆၀၀% ဖြစ်ပြီး သာမန်လူတစ်ယောက်အတွက်တော့ ၁၀၀% ဖြစ်ပါတယ် ]

[ ပိုင်ရှင်ရဲ့ အမြန်နှုန်း အားဖြည့်စွမ်းရည်က ၅၀၀% ဖြစ်ပြီး သာမန်လူတစ်ယောက်အတွက်တော့ ၁၀၀% ဖြစ်ပါတယ် ]

[ ပိုင်ရှင်ရဲ့ ထိခိုက်မှုခံနိုင်ရည်က ၆၀၀% ဖြစ်ပြီး သာမန်လူတစ်ယောက်အတွက်တော့ ၁၀၀% ဖြစ်ပါတယ် ]

ဤစွမ်းရည်ကို တစ်ရက်လျှင် တစ်ကြိမ် အားဖြည့်နိုင်ပေသည်။

သူ၏ လက်ရှိ ခွန်အားသည် စစ်ဘက်ဆိုင်ရာဌာနမှ ကြယ်ငါးပွင့်အဆင့် စစ်သည် တစ်ယောက်ထက် သေချာပေါက် သာလွန်နေပြီဖြစ်ကြောင်း ချန်ဖုန်း ခံစားလိုက်ရသော်လည်း အဲဒီ စစ်သေနာပတိ နဲ့ နှိုင်းယှဉ်ပါက မည်သူက ပိုမို အစွမ်းထက်မည်နည်း ဆိုတာကိုတော့ သူ မသိခဲ့ချေ။

ယခု သူ၏ လက်သီးတစ်ချက်သည် ကြောက်မက်ဖွယ်ကောင်းသော ၂၀၀၀ ကီလိုဂရမ် စွမ်းအား ရှိနေပြီ ဖြစ်၏။

ထိုအချိန်၌ ဖုန်းမြည်လာခဲ့သည်။

မြေအောက်ဂိုဏ်းခေါင်းဆောင် ကျားနက် ဆီမှ ဖုန်းခေါ်ဆိုမှု ဖြစ်ပေ၏။

"မစ္စတာချန် ခင်ဗျား စုံစမ်းခိုင်းထားတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူသုံးယောက်ရဲ့ အမှတ်အသားတွေကို အတည်ပြုပြီးပါပြီ သူတို့က ဒရယ် နဲ့ သူ့ရဲ့ အပေါင်းအပါတွေ ဖြစ်ပြီးတော့ သူတို့အကုန်လုံးက သူဌေးပေါင် ရဲ့ လက်အောက်မှာ ရှိကြတာပါ"

သူဌေးပေါင်…

ပေ့ဟူရှိ နောက်ထပ် မြေအောက်ဂိုဏ်းခေါင်းဆောင် တစ်ဦးပင်။

ကျားနက်၏ စုံစမ်းစစ်ဆေးမှုအရ ဒရယ်သည် သူဌေးပေါင်နောက်သို့ လိုက်ပါလာခဲ့သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်ပြီး ယခုအခါ အဖွဲ့ခေါင်းဆောင်ငယ် တစ်ဦးဖြစ်လာရန် တိုးတက်လာခဲ့ပေ၏။

ချန်ဖုန်း ထူးဆန်းနေသည်မှာ...

သူက ဒီ ဒရယ် ဆိုတဲ့သူကို လုံးဝ မသိသလို သူဌေးပေါင် ကိုလည်း ဘယ်တုန်းကမှ သွားမရှုပ်ခဲ့ဖူးချေ။

ယခင် ကြိုတင်ခန့်မှန်းချက် ဗီဒီယိုတွင် ဒရယ်က သူ့ကို အဘယ်ကြောင့် ရန်သူအဖြစ် သတ်မှတ်ခဲ့ရသနည်း။

"သူတို့ကို သေချာ စောင့်ကြည့်ထားပါ ပြီးတော့ ထူးခြားမှုတစ်ခုခု ရှိလာရင် ကျွန်တော့်ကို သတင်းပို့ဖို့ မမေ့နဲ့"

"နားလည်ပါပြီ"

ဖုန်းချပြီးနောက် ချန်ဖုန်းသည် အောက်ထပ်သို့ ဆင်းလာခဲ့လေ၏။

ဤအချိန်၌ ရှန်ယန်းယန်း နိုးနေပြီ ဖြစ်သည်။

သူတို့က နံနက်စာပင် ပြင်ဆင်ထားကြသေး၏။

ပေါင်မုန့်များ၊ ကြက်ဥကြော်များနှင့် ဆန်ပြုတ်တို့ ပါဝင်ပြီး အလွန် ပြည့်စုံသော အစားအစာတစ်ခု ဖြစ်ပေသည်။

"ဒါကို နင် လုပ်ထားတာလား"

ချန်ဖုန်းက သူမအား အံ့အားသင့်စွာ ကြည့်လိုက်၏။

မနေ့က တစ်ဖက်လူက ဘာမှမလုပ်နိုင်ခဲ့သော်လည်း အခုတော့ ကြက်ဥကြော်တောင် ကြော်နိုင်နေပြီပဲ။

"ဟုတ်တယ် စားကြည့်ပါလား"

ရှန်ယန်းယန်းက ပျော်ရွှင်စွာ ပြုံးလိုက်သည်။

မနေ့က သူမသည် ဟင်းချက်နည်းကို တစ်စုံတစ်ယောက်အား အထူးတလည် မေးမြန်းခဲ့ရ၏။

ချန်ဖုန်းကို အထင်ကြီးစေရန်အတွက် သူမ ညနေခင်းတစ်ခုလုံး လေ့လာသင်ယူခဲ့ရပေသည်။

"အပူချိန်က အရမ်း ပြင်းသွားတယ်"

"ဆား အရမ်းများသွားတယ်"

"ဆီ အရမ်းများသွားတယ်"

"..."

ချန်ဖုန်းက အစားအစာများကို မြည်းစမ်းရင်း သူ၏ မှတ်ချက်များကို ပြောဆိုလိုက်ရာ ရှန်ယန်းယန်း၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း ပျက်ယွင်းသွားလေ၏။

ထိုအချိန်၌

ရုတ်တရက် သူ တစ်စုံတစ်ရာကို သတိရသွားသည်။ "ဒီကြက်ဥကြော်အတွက် ကြက်ဥကို နင် ဘယ်ကရတာလဲ"

"စားပွဲပေါ်မှာ ရှိနေတာပဲ တော်တော်လေး ကြီးတာပဲ"

ရှန်ယန်းယန်းက နှုတ်ခမ်းဆူလိုက်၏။

ဒီကောင်က အရသာမရှိဘူးလို့ ပြောနေပေမဲ့ သူက တခြားလူတွေထက် ပိုမြန်မြန် စားနေတာပဲ။

ချီးပဲ…

သူ၏ ပါးစပ်ထဲရှိ ကြက်ဥကြော်သည် ရုတ်တရက် အရသာမရှိတော့ကြောင်း ချန်ဖုန်း ခံစားလိုက်ရလေ၏။

မနေ့က ရွှေကြက်ဥကို သူထားခဲ့သော စားပွဲဆီသို့ အလျင်အမြန် ပြေးသွားကြည့်ရာ စနစ်မှ ဆုချထားသော ရွှေကြက်ဥသည် အမှန်တကယ်ပင် ပျောက်ကွယ်နေခဲ့လေပြီ။

ငါ လခွမ်း...

ဒီလောက်ကြီးတဲ့ ဥကြီးကို။

ရှေးခေတ်က တိရစ္ဆာန်တချို့ ဥထားတဲ့ ဥလည်း ဖြစ်နိုင်တယ်လေ။

ဘယ်လိုလူကများ ဒီလို ထူးခြားတဲ့ ဥမျိုးကို စားရက်မှာလဲ။

"ဘာဖြစ်လို့လဲ"

ရှန်ယန်းယန်းလည်း လျှောက်လာခဲ့၏။

သူမ ဇဝေဇဝါ ဖြစ်နေပုံရလေသည်။

"စားပွဲပေါ်မှာ ငါထားခဲ့တဲ့ ဥက ဘယ်ရောက်သွားတာလဲ အဲဒါကို နင် တကယ်ကြီး ကြော်လိုက်တာလား"

“နင်က အဲဒီ ငှက်ကုလားအုတ်ဥ ကို ပြောနေတာလား…”

ရှန်ယန်းယန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားရပေသည်။

သူမက ဘီရိုဆီသို့ သွားကာ ရွှေကြက်ဥကို ထုတ်ယူလိုက်၏။ "ရော့ ဒီမှာ အစ်မယွင် က မနေ့က နင့်အတွက် သိမ်းထားပေးတာ ဒီဥက ပုပ်နေတဲ့ပုံပဲလို့ သူပြောတယ်"

"အဲဒါက သေချာပေါက် စားလို့ရတဲ့ အရာတော့ မဟုတ်ဘူး ဒါပေမဲ့ အလှပြ သိမ်းထားလို့တော့ ရလောက်တယ်"

တော်သေးတာပေါ့… ဒုက္ခရောက်တော့မလို့ပဲ။

ချန်ဖုန်း ချက်ချင်း သက်ပြင်းချလိုက်မိလေ၏။

ရွှေကြက်ဥကို သူတို့ အလျင်အမြန် ပြန်သိမ်းထားလိုက်သည်။ "ယွင်ထင် ကော"

"အိပ်နေတုန်းပဲ နင်က ဘာလုပ်မလို့လဲ"

ရှန်ယန်းယန်းက သူ့ကို သတိထားလျက် ကြည့်လိုက်၏။ "ငါ နင့်ကို ပြောထားမယ် နင် ငါတို့ အခန်းထဲကို ဝင်ခွင့်မရှိဘူး အထူးသဖြင့် အစ်မယွင် ပေါ့ နင် မသိပါဘူး သူက ညဘက်ဆို အဝတ်မပါဘဲ အိပ်တတ်တာ..."

"ယန်းယန်း နင် ဘာတွေ ပြောနေတာလဲ"

ယွင်ထင်က ရှက်ရွံ့နေသော မျက်နှာအမူအရာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ပေသည်။

ဒီကောင်မလေး

တမင်သက်သက် လုပ်နေတာလား။

ထို့နောက် ချန်ဖုန်း၏ လက်ထဲရှိ ရွှေကြက်ဥကို ကြည့်ရင်း သူမက ရယ်မောကာ မေးလိုက်၏။ "ဒီ ငှက်ကုလားအုတ်ဥ ကို ဘယ်ကရလာတာလဲ"

"ဒါက ငှက်ကုလားအုတ်ဥ မဟုတ်ပါဘူး"

ချန်ဖုန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ "ဒါက မျိုးသုဉ်းသွားပြီဖြစ်တဲ့ သတ္တဝါတစ်မျိုးမျိုး ဖြစ်နိုင်တယ် အကောင်ပေါက်လာရင် သိရမှာပေါ့"

"နင်က အကောင်ပေါက်အောင် လုပ်မလို့လား"

ရှန်ယန်းယန်းက အားရပါးရ ရယ်မောလိုက်၏။ "နင့်ကိုယ်နင် ကြက်မကြီးလို့ ထင်နေတာလား နင်က အဲဒီလောက် စွမ်းဆောင်နိုင်တယ်ဆိုရင် ဘာလို့ ကြက်ပေါက်လေး အနည်းငယ်လောက် အရင် ပေါက်အောင် မလုပ်ကြည့်တာလဲ"

"ရှန်ယန်းယန်း နင် ပြဿနာ ရှာနေတာလား"

"ငါက အားနေလို့ပါ နင် မကျေနပ်ရင် ငါ့ကို ရိုက်လို့ရတယ် ဟီးးဟီးးဟီးး"

"အို နင် ငါ့ဘရာကြိုးကို သွားငြိနေပြီ"

"ချန်ဖုန်း ကျေးဇူးပြုပြီး မလုပ်ပါနဲ့..."

ဆယ်မိနစ်အကြာတွင်…

ရှန်ယန်းယန်း၏ မျက်နှာလေးမှာ ရေစက်များ ကျလုနီးပါး နီရဲနေပြီး ယွင်ထင်၏ အနောက်တွင် ပုန်းကွယ်ကာ ချန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်နေခဲ့ပေ၏။

ဒီကောင်က

သူက တကယ်ကြီး သူမရဲ့ ဖင်ကို ရိုက်ခဲ့တာပဲ။

ရှက်စရာကောင်းလိုက်တာ။

ယွင်ထင်က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကို တွန့်လိုက်သည်။

သူမ ဘာတွေတွေးနေလဲဆိုတာကိုတော့ သူတို့နှစ်​ယောက် မသိရှာဘူး။

"ဟိုဟာလေ..."

အခြေအနေက အနေရခက်နေသည်ကို သတိပြုမိသဖြင့် ချန်ဖုန်းက သူ၏ ခေါင်းကို ကုတ်လိုက်၏။

ဤအချိန်၌

ပါဆယ်ထုပ်တစ်ခု ရောက်လာခဲ့ပြီး ၎င်းမှာ မနေ့က သူဝယ်ထားသော သားဖောက်စက် ဖြစ်ပေသည်။

သူက ရွှေကြက်ဥကို အထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါ ရှန်ယန်းယန်း၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။ "နင် တကယ်ကြီး အကောင်ပေါက်အောင် လုပ်တော့မလို့လား"

"ဟုတ်တယ်"

ချန်ဖုန်းက လမ်းညွှန်ချက်များအတိုင်း စက်၏ အပူချိန်ကို ချိန်ညှိနေစဉ် ပြောလိုက်သည်။ "ငါ့ရဲ့ ဒီဥက သေချာပေါက် သာမန်မဟုတ်ဘူး စောင့်သာကြည့်နေလိုက် အဲဒါက နင့်ကို လုံးဝ အံ့သြသွားစေမှာပဲ"

ယွင်ထင်သည် အလိုအလျောက်ပင် သူမ၏ ရင်ဘတ်ကို မော့လိုက်၏။ "ငါ စာအုပ်တချို့မှာ ရှာကြည့်ဖူးတယ် ငှက်ကုလားအုတ်ဥ တွေနဲ့ မိကျောင်းဥ တွေက ဒီလောက် အရွယ်အစားလောက် ရှိပေမဲ့ တူတော့ မတူဘူး"

"အရင်တုန်းက ဒိုင်နိုဆောဥ ကျောက်ဖြစ်ရုပ်ကြွင်းတွေ အကြောင်း တီဗီမှာ လာဖူးတယ် သူတို့ရဲ့ ပုံစံတွေက နည်းနည်းတော့ ဆင်တူတယ်"

"ဒါပေမဲ့ ဒါက ဒိုင်နိုဆောဥတော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား ဟဲဟဲဟဲ"

ဒိုင်နိုဆောဥ တဲ့လား။

ချန်ဖုန်း၏ နှလုံးသားမှာ ရုတ်တရက် တုန်ယင်သွားခဲ့ပေသည်။

ဒါ တော်တော်လေး ဖြစ်နိုင်တယ်လေ။

စနစ်ရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် သာမန် ငှက်ဥတစ်လုံးကို ဘယ်လိုလုပ် ဆုချနိုင်မှာလဲ။

"အဲဒီအချိန်ရောက်ရင် ငါတို့ သိရမှာပါ ဆယ်ရက်လောက်ဆို အကောင်ပေါက်လာလိမ့်မယ်"

ချန်ဖုန်း ရယ်မောလိုက်၏။

ပစ္စည်းများကို သပ်သပ်ရပ်ရပ် သိမ်းဆည်းပြီးနောက် သူက ၎င်းတို့ကို စာကြည့်ခန်းထဲတွင် ထားလိုက်သည်။

ထိုအချိန်၌…

သူ့အမေဆီမှ ဖုန်းဝင်လာခဲ့၏။

ငါ အိမ်ကို နောက်ဆုံးအကြိမ် ပြန်သွားတာ တစ်ပတ်တောင် မပြည့်သေးဘူးလေ။ အရေးပေါ်ကိစ္စများ ရှိနေလို့လား။

ထို့နောက် ဖုန်းကိုင်လိုက်သည်။

"အမေ ဘာဖြစ်လို့လဲ"

"ဖုန်းဇီ ဒီနေ့ နင် အလုပ်ရှုပ်နေလား တကယ်လို့ မရှုပ်ဘူးဆိုရင် ပြန်လာခဲ့ပါလား"

"ဘာတွေဖြစ်လို့လဲ"

ချန်ဖုန်း၏ နှလုံးသားမှာ တစ်ချက် ခုန်သွားခဲ့ပေ၏။

သူ့အမေက အနည်းငယ် ကူကယ်ရာမဲ့သော လေသံဖြင့် ပြောဆိုလိုက်သည်။ "ဆွေမျိုးတချို့က နင် ရွာက လမ်းတွေပြင်ဖို့ ပိုက်ဆံလှူလိုက်တယ်ဆိုတာကို ကြားပြီးတော့ တစ်ကြိမ်တည်းနဲ့ ယွမ် ရှစ်သန်းတောင် လှူလိုက်တာသိပြီး အခု သူတို့အကုန်လုံး ငါတို့အိမ်ကို ရောက်နေကြပြီ"

ချန်ဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ "ကျွန်တော့်အိမ်မှာ သူတို့က ဘာလုပ်နေကြတာလဲ ကျွန်တော် လှူလိုက်တဲ့ ပိုက်ဆံက သူတို့နဲ့ ဘာဆိုင်လို့လဲ"

"အင်း တခြား ဘာလုပ်နိုင်မှာလဲ ပိုက်ဆံလာချေးတာပေါ့ တချို့လူတွေက သူတို့မှာ ကားဝယ်ဖို့ ပိုက်ဆံမရှိဘူးဆိုပြီး ငါတို့ကို ယွမ် တစ်သိန်း ချေးခိုင်းတယ် တချို့ကကျတော့ အိမ်ဝယ်ချင်လို့ဆိုပြီး ယွမ် ငါးသိန်း လာချေးကြတယ်"

"ပြီးတော့ နင့်ရဲ့ အဝေးက ဦးလေး တစ်ယောက်လည်း ရှိသေးတယ် ငါတို့နဲ့ အဆက်အသွယ် ပြတ်နေတာ ခုနစ်နှစ် ရှစ်နှစ်လောက် ရှိပြီ အခု သူက ရုတ်တရက် ပြန်ရောက်လာပြီး သူ့သား မင်္ဂလာဆောင်တော့မှာမလို့ သတို့သမီးဘက်က တောင်းတဲ့ တင်တောင်းငွေ ယွမ် သုံးသိန်း လိုနေတယ်တဲ့ အဲဒါကြောင့် ငါတို့ကို ယွမ် ရှစ်သိန်း ချေးပေးဖို့ ပြောနေတယ်"

သူ၏ အမေမှာလည်း အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပေသည်။

ဒီခေတ်ကြီးထဲမှာ ဘဝက တကယ်ကို ခက်ခဲကြမ်းတမ်းပါတယ်။ ဆင်းရဲတဲ့အချိန်မှာ လူတွေက အထင်သေးကြတယ်။

အခု ပိုက်ဆံရှိလာတော့

တခြားသူတွေက ကိုယ့်ရဲ့ ပိုက်ဆံကို သူတို့ရဲ့ ပိုက်ဆံတွေလို စောင့်ကြည့်နေကြတာပဲ။

ချန်ဖုန်းမှာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့၏။ "လုံးဝ မဖြစ်ဘူး သား တက္ကသိုလ်တက်တုန်းက ကျူရှင်ခ မရှိဘူးလေ အမေနဲ့ အဖေက နေရာအနှံ့ ပိုက်ဆံလိုက်ချေးခဲ့ရတာ ဘာဖြစ်ခဲ့လဲ ဘယ်သူက သားတို့ကို ပိုက်ဆံ ချေးပေးခဲ့လို့လဲ"

“အခုကျမှ ဘာတွေဖြစ်သွားပြီလဲ သူတို့အကုန်လုံးက အရှက်မရှိဘဲ ရောက်လာကြတယ်ပေါ့။

ဒါကို သူတို့က ပိုက်ဆံချေးတယ်လို့ ခေါ်တာလား သား ထင်တာကတော့ သူတို့က လုယက်နေတာနဲ့ ပိုတူတယ်”

"မင်းအဖေနဲ့ ငါလည်း သိပါတယ် ဒီပိုက်ဆံတွေကို ချေးလိုက်ရင် သေချာပေါက် ပြန်မရတော့ဘူးဆိုတာကိုလေ"

“ငါ သူတို့ကို မချေးပေးနိုင်ဘူး ငါတို့အကုန်လုံးက ဆွေမျိုးတွေဆိုတော့ နောက်ကျရင် သေချာပေါက် ပဋိပက္ခတွေ ဖြစ်လာလိမ့်မယ်။

တကယ်လို့ အချိန်ရရင် ပြန်လာလည်ပါဦး ဘာပဲဖြစ်ဖြစ် ဒီပိုက်ဆံတွေ အကုန်လုံးကို သား ရှာခဲ့တာလေ ပြန်လာပြီး အမေနဲ့အဖေတိုကို အကြံဉာဏ်လေး ဘာလေး ပေးပါဦး။

All Chapters