အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) ဥက္ကဋ္ဌယွင် ဘယ်လေတိုက်လို့ ဒီရောက်လာတာလဲ
ထမင်းစားပွဲတွင် အဖေနှင့် ဒုတိယဦးလေးတို့သည် အရက်အနည်းငယ် သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။
ဒုတိယဦးလေး၏ မိသားစုမှာ အခြေအနေ အနည်းငယ် ပိုကောင်းပေသည်။ ပြီးခဲ့သည့်နှစ်က သူတို့သည် မြို့နယ်ထဲတွင် အိမ်တစ်လုံးဝယ်ခဲ့ပြီး မိသားစုတစ်ခုလုံး ထိုနေရာသို့ ပြောင်းရွှေ့သွားခဲ့ကြ၏။
အိမ်က အခြေအနေတွေကို ကြားလို့ အထူးတလည် ပြန်လာခဲ့တာ ဖြစ်ပေသည်။
သူ့တွင် အထက်တန်းကျောင်းပြီး၍ တက္ကသိုလ်တက်တော့မည့် သမီးတစ်ယောက် ရှိလေ၏။
"ဖုန်းဇီ မင်းရဲ့ ညီမလေး မြို့ပေါ်က တက္ကသိုလ်ကို ရောက်သွားတဲ့အခါ သူ့ကို သေချာ စောင့်ရှောက်ပေးရမယ်နော်"
"စိတ်မပူပါနဲ့ ဒုတိယဦးလေး"
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
ဒုတိယဦးလေးသည် သူ၏မိသားစုနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိပေ၏။
အရင်က မိဘများကို အများကြီး ကူညီပေးခဲ့ဖူးသည်။
သူ ချမ်းသာလာပြီဆိုတာကို သိသွားပြီးတဲ့နောက်မှာတောင် ပိုက်ဆံချေးဖို့ တစ်ခွန်းမှ မပြောခဲ့ချေ။
မိသားစုများ ပျော်ရွှင်စွာ စကားပြောနေကြစဉ်မှာပင် အပြင်ဘက်မှ ကားသံတစ်ခုကို ကြားလိုက်ရလေ၏။
ချက်ချင်းဆိုသလိုပင်။
ချန်ရှားသည် မန်နေဂျာဝေ့တာယဲ့ နှင့်အတူ ဝင်လာခဲ့သည်။
"အစ်ကိုကြီး ဖုန်းဇီ စီးပွားရေးစလုပ်ဖို့ သုံးခဲ့တဲ့ ပိုက်ဆံတွေက အဖိုးကြီး မဆုံးခင်က ချန်ထားခဲ့တာလို့ ထင်လား အစ်ကိုကြီးက ဒီလောက် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"အနည်းဆုံးတော့ ဒီထဲက တစ်စိတ်တစ်ပိုင်းက ငါ့ဟာပဲလေ ဒီနှစ်တွေထဲမှာ အတိုးပွားလာတာနဲ့တင် ယွမ်သိန်းဂဏန်းလောက်အထိ တက်လာလောက်ပြီ"
ချန်ရှားသည် ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ့ကို စတင်မေးခွန်းထုတ်တော့၏။
အဖေဖြစ်သူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။ "ဘာ အဖိုးကြီး ချန်ထားခဲ့တာ ဟုတ်လား"
ဒုတိယဦးလေး လည်း မျက်မှောင်ကြုတ်လိုက်၏။ "တတိယညီမလေး ထိုင်ပြီးမှ သေချာ ပြောကြရအောင်"
ချန်ရှား၏ အပြုအမူက အလွန် ဆိုးရွားနေလျှင်ပင်
သူတို့က တစ်ယောက်ကိုတစ်ယောက် မိသားစုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပေသည်။
"ချန်ဒုတိယ နင်လည်း နင့်အစ်ကိုကြီး လိမ်တာကို ခံလိုက်ရပြီပဲ"
ချန်ရှားက ခါးထောက်လိုက်ပြီး သူမ ပိုတွေးလေလေ ဒေါသပိုထွက်လာလေလေ ဖြစ်နေခဲ့၏။ "အဖိုးကြီးက အစ်ကိုကြီးတို့ဆီမှာ ဆုံးသွားခဲ့တာ သူ ပိုက်ဆံဘယ်လောက် စုထားခဲ့လဲဆိုတာကို အစ်ကိုကြီး တစ်ယောက်တည်းပဲ သိတာလေ"
"ချန်ဖုန်းက ရုတ်တရက် ချမ်းသာလာတာလေ သူ စီးပွားရေးလုပ်ဖို့ သုံးခဲ့တဲ့ ပိုက်ဆံတွေက အဖိုးကြီး ချန်ထားခဲ့တဲ့ စုဆောင်းငွေတွေဆီက လာတာဆိုတာ နင် မသိဘူးလား"
"ချန်ဒုတိယ နင်လည်း ဒီထဲမှာ ပါတာပဲ တကယ်လို့ ငါသာ နင့်နေရာမှာဆိုရင် အခုချက်ချင်း အစ်ကိုကြီးဆီကနေ ပိုက်ဆံတောင်းနေလောက်ပြီ နင်က ဘယ်လိုလုပ် ထမင်းစားဖို့တောင် တွေးနေနိုင်ရတာလဲ"
ဒုတိယဦးလေးသည် ပိုတွေးလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရလေ၏။ "တတိယညီမ နင် မှားနေပြီ ဖြစ်ရမယ် အဲဒီတုန်းက အဖိုးကြီးရဲ့ ဆေးဖိုးဝါးခတွေ အကုန်လုံးကို အစ်ကိုကြီးနဲ့ ငါကပဲ ပေးခဲ့ရတာ ဘာစုဆောင်းငွေမှ မရှိခဲ့ပါဘူး"
"ဒါ့အပြင် သူ့ရဲ့ ပစ္စည်းဆိုလို့ သစ်သားသေတ္တာ တစ်လုံးပဲ ရှိတာလေ မင်းလည်း အရင်က မြင်ဖူးတယ် မဟုတ်လား အဝတ်အစား နည်းနည်းကလွဲရင် အထဲမှာ ဘာမှမရှိဘူး"
"မင်းက လူကြီးတစ်ယောက်လေ ဖုန်းဇီ ပိုက်ဆံရလာတဲ့ အချိန်တိုင်းမှာ မင်းက ဒီတိုင်း ရပ်ပြီး ပြဿနာရှာနေလို့ မရဘူးလေ"
ထိုသို့ပြောရင်းဖြင့်..
ဒုတိယဦးလေး၏ မျက်နှာအမူအရာမှာလည်း တော်တော်လေး မကျေမနပ် ဖြစ်နေပုံရပေသည်။
"ငါက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာနေတာလား ငါက ဘယ်တုန်းက အကြောင်းပြချက်မရှိဘဲ ပြဿနာရှာဖူးလို့လဲ"
ချန်ရှားမှာ အလွန်အမင်း ဒေါသထွက်နေခဲ့၏။ "ငါ ဂရုမစိုက်ဘူး အဖိုးကြီးက သေချာပေါက် ပိုက်ဆံတချို့ ချန်ထားခဲ့မှာပဲ ဒါမှမဟုတ်ရင် ချန်ဖုန်းက ဘယ်လိုလုပ် ပိုက်ဆံရှာနိုင်မှာလဲ နင်တို့အားလုံး ငါ့ကို ဝေစုတစ်စု ပေးရမယ်"
"တတိယညီမ"
အဖေဖြစ်သူသည် ကုလားထိုင်ပေါ်မှ ခုန်ထသွားပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဒေါသထွက်နေလေ၏။ "လူကြီးတစ်ယောက်အနေနဲ့ နင့်မှာ အမူအကျင့်ကောင်း မရှိဘူးလား ဖုန်းဇီက သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ပိုက်ဆံရှာခဲ့တာ"
"ငါတို့က မိသားစုတွေလေ နင်က ငါတို့အကုန်လုံးကို ဒီပြဿနာထဲ ဆွဲသွင်းရမှာလား"
"ဘာဖြစ်လဲ တကယ်လို့ ပြဿနာ
တတ်မယ်ဆိုလည်း တတ်ပစေပေါ့"
ချန်ရှားက လုံးဝ ဂရုမစိုက်ခဲ့ချေ။
ဘာပဲဖြစ်ဖြစ် သူမက ဒီလူတွေကို သူမရဲ့ မိသားစုလို့ မသတ်မှတ်ထားပါဘူး။
ဘေးတွင် ရပ်နေသော မန်နေဂျာဝေ့တာယဲ့ က အကြံပေးလိုက်၏။ "ကောင်းပါပြီ ငါတို့အကုန်လုံးက မိသားစုတွေပဲလေ ငါတို့ရဲ့ ရင်းနှီးမှုကို မထိခိုက်စေပါနဲ့ အစ်ကိုကြီး ကျွန်တော် ဒီလိုပြောတာကို အပြစ်မတင်ပါနဲ့"
"အခု ဖုန်းဇီမှာ ပိုက်ဆံရှိနေပြီဆိုတော့ အဲဒီတုန်းက အဖိုးကြီး ပိုက်ဆံချန်ထားခဲ့တာ ဟုတ်ဟုတ် မဟုတ်ဟုတ် ခင်ဗျားတို့က ငါတို့ကို နည်းနည်းလောက် ပေးလိုက်လို့ အများကြီး ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး"
"ဖုန်းဇီက ယွမ်သန်းဆယ်ဂဏန်းလောက် တန်တဲ့ ကားကိုတောင် ဝယ်နိုင်နေပြီပဲ ငါတို့ကို လက်ဆောင်အနေနဲ့ ယွမ် သိန်းဂဏန်းလောက် ပေးတာက အဓိပ္ပာယ်မရှိတာ မဟုတ်ပါဘူး ဟုတ်တယ်မလား"
"ခင်ဗျားကို ကျေးဇူးဆပ်ဖို့ ဟုတ်လား"
ဤအချိန်၌ ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့သော ချန်ဖုန်းက ရုတ်တရက် လှမ်းကြည့်ကာ ပြောဆိုလိုက်သည်။ "ခင်ဗျားက တကယ်ကို အရှက်မရှိတာပဲ ခင်ဗျားက ကျွန်တော့်အဖေလား ဒါမှမဟုတ် ကျွန်တော့်အမေလား ကျွန်တော်က ဘာလို့ ခင်ဗျားကို ကျေးဇူးဆပ်ရမှာလဲ"
"ချန်ဖုန်း"
မန်နေဂျာဝေ့တာယဲ့ မှာ ဒေါသထွက်လာခဲ့၏။ "ငါက စာရင်းဝင်ကုမ္ပဏီတစ်ခုက ဌာနဆိုင်ရာ မန်နေဂျာတစ်ယောက်ကွ မင်းက ဘယ်လိုလုပ် ငါ့ကို အဲဒီလို ပြောရဲရတာလဲ"
"ဘာလဲ ကျွန်တော် ပြောတာ တစ်ခုခု မှားသွားလို့လား"
ချန်ဖုန်းက အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်သည်။ "ဦးလေးကို ဌာနဆိုင်ရာ မန်နေဂျာအဖြစ် ခန့်ထားတဲ့ ကုမ္ပဏီက ဘယ်လောက်တောင် ကံဆိုးတဲ့ ကုမ္ပဏီလဲဆိုတာ ကျွန်တော် သိချင်မိတယ် သူက ဒီရာထူးနဲ့ မထိုက်တန်ပါဘူး ပြီးတော့ ဒီကုမ္ပဏီက အနှေးနဲ့အမြန် ဒေဝါလီခံရလိမ့်မယ်"
"ဟွန့်"
မန်နေဂျာဝေ့တာယဲ့ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
သူက ခေါင်းကို မောက်မာစွာ မော့လျက် ပြောလိုက်သည်။ "ငါက ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ ဌာနဆိုင်ရာ မန်နေဂျာတစ်ယောက်ကွ ငါတို့ကုမ္ပဏီက စုစုပေါင်း ပိုင်ဆိုင်မှု ယွမ် ဘီလီယံဆယ်ဂဏန်းလောက် ရှိတယ် မင်းဆီမှာရှိတဲ့ ပိုက်ဆံနည်းနည်းလေးက ငါတို့ကုမ္ပဏီနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး"
"ဟင်"
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားလေ၏။
ချီးပဲ…
အဆုံးမှာတော့ အဲဒါက ငါ့ကုမ္ပဏီ ဖြစ်နေတာကိုး။
မန်နေဂျာဝေ့တာယဲ့ ကို ဘယ်အရူးက အလုပ်ခန့်လိုက်လဲဆိုတာ ငါ တကယ် မသိတော့ဘူး ဒီလိုလူမျိုးက ဘယ်လိုလုပ် ကုမ္ပဏီမှာ မန်နေဂျာ ဖြစ်လာနိုင်ရတာလဲ။
"အဒေါ် နဲ့ ဦးလေး ကျွန်တော် ဒါကို တစ်ကြိမ်ပဲ ပြောမယ် ကျွန်တော့်ဆီမှာရှိတဲ့ ပိုက်ဆံတိုင်းက ကျွန်တော့်ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ရှာထားတာ အဲဒါက အဖိုးနဲ့ ဘာမှမဆိုင်ဘူး"
"ခင်ဗျားတို့ကို လူကြီးတွေအနေနဲ့ ကျွန်တော် လေးစားပါတယ် သေချာ စဉ်းစားပြီး ခင်ဗျားတို့ လာခဲ့တဲ့ နေရာကိုပဲ ပြန်သွားကြပါ ဒါမှမဟုတ်ရင်..."
"ဒါမှမဟုတ်ရင် ဘာဖြစ်မလဲ"
ချန်ရှား၏ မျက်နှာမှာ အလွန်အမင်း မည်းမှောင်သွားခဲ့ပေ၏။
ချန်ဖုန်းက ခေါင်းခါလိုက်သည်။ "ဦးလေးရဲ့ ဌာနဆိုင်ရာ မန်နေဂျာရာထူးက ခက်ခက်ခဲဲခဲ ရထားတာလေ ဒါကြောင့် အဲဒါကို တန်ဖိုးထားဖို့ မျှော်လင့်ပါတယ် ဒါမှမဟုတ်ရင် သူ အလုပ်ပြုတ်သွားနိုင်တယ်"
"ဘာ"
ဘေးတွင် ရပ်နေသော မန်နေဂျာဝေ့တာယဲ့ မှာ ရယ်မောလုနီးပါး ဖြစ်သွားခဲ့၏။
"ချန်ဖုန်း မင်းမလုပ်နိုင်တာကို လျှောက်မပြောနဲ့ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ အဆင့်မြင့် အမှုဆောင်တွေကို မင်းက အလွယ်တကူ အလုပ်ထုတ်ပစ်နိုင်တယ်လို့ ထင်နေတာလား"
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ မင်းက လူတွေကို ပိုက်ဆံနည်းနည်း ပေးလိုက်ရုံနဲ့ သူတို့က မင်းစကားကို နားထောင်မယ်လို့ ထင်နေတာလား"
"မင်းကို အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ တိုက်ရိုက် အထက်လူကြီးက ငါ့ကို အလုပ်ထုတ်ချင်ရင်တောင် အဲဒါက အတည်ဖြစ်ဖို့အတွက် စီအီးအို ရဲ့ လက်မှတ် လိုသေးတယ်ကွ"
ထိုသို့ ပြောရင်း သူက ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်လေသည်။
ကြည့်ရတာ သူတို့က ပိုက်ဆံမရမချင်း ထွက်သွားမှာ မဟုတ်ဘူးပဲ။
အဲဒီလင်မယားက တကယ်ကို ပိုက်ဆံကို ရူးသွပ်နေကြတာပဲ။
"ဖုန်းဇီ မေ့ထားလိုက်ပါ"
အဖေဖြစ်သူက ခေါင်းခါလိုက်၏။
ပြီးခဲ့တဲ့တစ်ခေါက်က သူ့သားက ယွမ် ဆယ်သန်း ပေးထားတာလေ အခု ယွမ် သိန်းဂဏန်းလောက် ထုတ်ပေးလိုက်ရင်တောင် ကျန်တဲ့ပိုက်ဆံက သူတို့နှစ်ယောက် ဘဝဆက်တိုင်း သုံးဖို့ လုံလောက်နေပါတယ်။
"ဘာတွေ စဥ်းစားနေစရာ လိုလို့လဲ ဒါက ပိုက်ဆံကိစ္စ မဟုတ်ဘူး သူတို့က ငါတို့ကို အရမ်း အနိုင်ကျင့်လွန်းတယ်"
သို့သော် အမေဖြစ်သူက လက်မခံခဲ့ချေ။
အကယ်၍ တစ်ဖက်လူက တကယ်ပဲ ငွေကြေးအခက်အခဲ ကြုံတွေ့နေရပြီး ယဉ်ကျေးစွာ အကူအညီတောင်းခံပါက သူမက သူတို့ကို ပိုက်ဆံပေးဦးမည် ဖြစ်ပေသည်။
အခုဟာက တစ်ဖက်လူရဲ့ အမူအရာကြောင့်ပဲ။
ငါတို့က သူတို့ကို အကြွေးတင်နေသလိုမျိုးပဲ။
"အမေနဲ့ အဖေ အဲဒီအတွက် စိတ်မပူပါနဲ့"
ချန်ဖုန်းက စကားအပိုတွေ ထပ်မပြောတော့ဘဲ ယွင်ထင် ထံသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်သည်။ "ဥက္ကဋ္ဌယွင် ကျွန်တော် လိပ်စာ ပို့ပေးလိုက်မယ် ကျွန်တော့်အိမ်ကို လာခဲ့ပါ"
"ကောင်းပါပြီ"
ယွင်ထင် ကလည်း စကားတွေ အများကြီး မပြောခဲ့ချေ။
ဖုန်းထဲက ချန်ဖုန်းရဲ့ တည်ကြည်လေးနက်တဲ့ လေသံကို ကြည့်ပြီး တစ်ခုခု ဖြစ်နေပြီဆိုတာကို သူမ သိလိုက်လေ၏။
ချန်ဖုန်း ဖုန်းခေါ်နေသည်ကို မြင်သောအခါ
မန်နေဂျာဝေ့တာယဲ့ က ရယ်မောလျက် ပြောဆိုလိုက်၏။ "ဘာ ဥက္ကဋ္ဌယွင် ဟုတ်လား မင်းက ငါတို့ရဲ့ စီအီးအို ကို တကယ် သိတယ်လို့ ထင်နေတာလား မင်းက ငါ့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာပဲ ဒီနေ့ မင်း ငါ့ကို ဘယ်လိုများ အလုပ်ပြုတ်အောင် လုပ်မလဲဆိုတာ ငါ စောင့်ကြည့်မယ်"
"ဟုတ်တယ် ဥက္ကဋ္ဌယွင် ဆိုတာ ဘယ်သူလဲ သူက ဘီလီယံနာ တစ်ယောက်ဖြစ်တဲ့ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ ဥက္ကဋ္ဌလေ နင်က သူ့ကို သိဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား"
ချန်ရှား က ယင်းကို လုံးဝ အလေးအနက် မထားခဲ့ချေ။
ချန်ဖုန်းက ဘာမှမပြောဘဲ ပြုံးနေလိုက်၏။
ဆယ်မိနစ်အကြာတွင်
ဘန်တလေ တစ်စီးက အပြင်ဘက်တွင် ရပ်တန့်သွားပြီး ယွင်ထင် နှင့် ရှန်ယန်းယန်း တို့က ကားထဲမှ ဖြည်းညင်းစွာ ထွက်လာကြလေသည်။
ချန်ဖုန်း အထဲတွင် ရှိနေသည်ကို မြင်သောအခါ သူတို့နှစ်ဦးသည် ပြုံးလျက် ဝင်လာကြ၏။
"အို ဒါဆို မင်းက တကယ်ကြီး လူလွှတ်လိုက်တာပေါ့"
တစ်စုံတစ်ယောက် ဝင်လာသည်ကို ကြားလိုက်ရချိန်တွင် မန်နေဂျာဝေ့တာယဲ့ သည် တံခါးဘက်သို့ ကျောခိုင်းထားခဲ့လေ၏။
သူ လှည့်ကြည့်လိုက်ချိန်တွင်...
သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပေသည်။
လန့်ဖြတ်သွားပြီး သူက ကုလားထိုင်ပေါ်မှ ခုန်ထကာ အော်ဟစ်လိုက်၏။ "ဥက္ကဋ္ဌယွင် ဘယ်လေတိုက်လို့ ဒီရောက်လာတာလဲ"