အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃) အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး ရောက်လာပြီ
"အေးပါ နင်အရမ်းချမ်းသာတဲ့ ရည်းစားတစ်ယောက် ရထားတဲ့အတွက် ဂုဏ်ပြုပါတယ်"
ရှန်ယန်းယန်းက ရယ်မောလိုက်၏။
ယွမ် ၂၀,၀၀၀ သို့မဟုတ် ၃၀,၀၀၀ တန်တဲ့ အိတ်က ဘာတန်ဖိုးရှိလို့လဲ... ဂဏန်း ခုနစ်လုံးပါတဲ့ ဘဏ်အကောင့်ကကော ဘာတန်ဖိုးရှိလို့လဲ...
ချန်ဖုန်းရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ယှဉ်လိုက်ရင် အဲဒါက ဘာမှမဟုတ်ပါဘူး…
တစ်ဖက်လူ၏ ပေါ့ပေါ့ဆဆ သဘောထားကို မြင်တွေ့ပြီးနောက်…
လီဝမ်သည် ဝါဂွမ်းကို ထိုးကြိတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အနည်းငယ် နေရခက်သွားပေ၏။
သူမက အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ယန်းယန်း... ငါ့ကို အဲဒီလို မကြည့်ပါနဲ့... နင့်အဖေမှာ ကုမ္ပဏီတစ်ခု ရှိတယ်ဆိုတာ ငါ သိပေမဲ့ လောလောဆယ် သူ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ကြားတယ်"
"နင့်ကိုယ်နင်ပဲ အားကိုးရမှာပါ... တစ်နေ့ကျရင် နင်လည်း အိမ်ထောင်ကျမှာပဲလေ"
"ကောင်းတဲ့ အိမ်ထောင်ဖက်တစ်ယောက် ရှာတာက မိဘတွေကို အားကိုးနေတာထက် အများကြီး ပိုကောင်းပါတယ်... ပြောပါဦး... နင့်ကောင်လေးက နင့်ကို ဘာလက်ဆောင်တွေ ပေးဖူးလဲ"
ရှန်ယန်းယန်းက သေချာ စဉ်းစားကြည့်လိုက်၏။
ချန်ဖုန်း က ငါ့ကို တကယ် ဘာမှမပေးခဲ့ဘူး ထင်တယ်...
ပထမဆုံးတွေ့တုန်းက သူက ငါ့ကို ကားတစ်စီး ပေးခဲ့တယ်... ဒါပေမဲ့ ငါက အဲဒီအတွက် သူ့ကို ပိုက်ဆံပြန်လွှဲပေးခဲ့တာလေ...
လွန်ခဲ့တဲ့ ရက်အနည်းငယ်က
ချန်ဖုန်းက သူ့အဖေရဲ့ ကုမ္ပဏီမှာ နောက်ထပ် ယွမ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတော့ အဲဒါကို ကိုယ့်အတွက် လက်ဆောင်လို့ သတ်မှတ်လို့ မရဘူးလေ…
"ဘာလဲ... သူက ဘာမှ မပေးဘူးလား"
လီဝမ်က ချက်ချင်းပင် လှောင်ပြောင်သည့်ဟန်ဖြင့် တုံ့ပြန်လိုက်၏။
"ငါတို့ကျောင်းရဲ့ အရင်က အလှလေးက ဒီလို အခြေအနေထိ ကျဆင်းသွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... အော် ချန်ဖုန်း... တောင်းပန်ပါတယ်... နင်က ဆင်းရဲတယ်လို့ ငါ ဆိုလိုတာ မဟုတ်ပါဘူး"
"ရှန်ယန်းယန်း က အရှက်မရှိဘူးလို့ ငါ ထင်ရုံတင်ပါ... ဒီလောက်ထိ ကျဆင်းသွားတာတောင် သူက တွေ့ဆုံပွဲကို လာရဲသေးတယ်"
ရှန်ယန်းယန်း မျက်မှောင်ကြုတ်လိုက်ပေသည်။
တစ်ဖက်လူ၏ စကားများသည် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ဖြစ်နေပြီဖြစ်ပြီး သူမနှင့် ချန်ဖုန်း နှစ်ဦးစလုံးကို တိုက်ခိုက်နေခြင်း ဖြစ်၏။
"လီဝမ်... ငါတို့ ကောင်းကောင်းမွန်မွန် တွေ့ဆုံပွဲလေး မလုပ်နိုင်ဘူးလား... ဘာလို့ ဒီမှာ အမြဲတမ်း နှိုင်းယှဉ်နေရတာလဲ"
"ငါက နင်နဲ့ နှိုင်းယှဉ်နေတာ မဟုတ်ပါဘူး"
လီဝမ်က နှုတ်ခမ်းမဲ့လိုက်သည်။
သူမ၏ လက်ရှိ အသားတင် ပိုင်ဆိုင်မှုက ရှန်ယန်းယန်းထက် များစွာ သာလွန်နေပြီဖြစ်ရာ နှိုင်းယှဉ်စရာ လိုသေးသလော။
ရှန်ယန်းယန်းက သူမ၏ တူချောင်းများကို ချလိုက်ပေ၏။
အကယ်၍ တစ်ဖက်လူက သူမကိုသာ တိုက်ခိုက်နေမည်ဆိုပါက ကိစ္စမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးသည် တွေ့ဆုံချိန်တိုင်း အချင်းချင်း စကားများလေ့ရှိသောကြောင့် ဖြစ်သည်။
ဒါပေမဲ့ ချန်ဖုန်းကို တိုက်ခိုက်တာကတော့ အလုပ်မဖြစ်ဘူး...
သူမနှင့် ချန်ဖုန်းတို့သည် သူတို့၏ ဆက်ဆံရေးကို တရားဝင် အသိအမှတ် မပြုရသေးသော်လည်း ချန်ဖုန်းအကြောင်း အခြားသူများ အတင်းအဖျင်း ပြောဆိုနေသည်ကို သူမ မလိုလားချေ။
"ကောင်းပြီလေ... ဒါဆိုရင် နင့်ကို ငါ ပြောပြမယ်"
ရှန်ယန်းယန်းက လျစ်လျူရှုဟန်ဖြင့် ပြောဆိုလိုက်၏။
"ယွမ် ၂၀,၀၀၀ တန်တဲ့ အိတ်တစ်လုံးက ဈေးကြီးတယ်လို့ နင် ထင်နေတာလား... ချန်ဖုန်းက ငါ့ကို ဒီဇိုင်နာ အိတ်တစ်လုံး တစ်ခါမှ မပေးဖူးသလို ဘာလက်ဆောင်မှလည်း မဝယ်ပေးဖူးပါဘူး..."
"ဟက်... သူက တကယ်ကို ပိုက်ဆံတစ်ပြားမှ မရှိတဲ့ ဆင်းရဲသားပဲ"
လီဝမ်က သူမ သိနှင့်ပြီးသားဖြစ်သည့်အလား ဟန်ဆောင်လိုက်ပေသည်။
ရှန်ယန်းယန်းက စကားအကြောင်းအရာကို ပြောင်းလဲကာ ပါးနပ်သော အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။
"ဒါပေမဲ့ သူက ငါ့ကို ကာနီဗယ် လက်ဆောင် ၆၀၀ ကို တစ်ခါတည်း ပေးနိုင်ခဲ့တယ်... ပလက်ဖောင်းက သူ့ဝေစု ယူသွားပြီးတဲ့နောက်တောင် ငါက ယွမ် တစ်သန်းကျော် ထုတ်လို့ရသေးတယ်"
"လီဝမ်... ငါ့ကို ပြောပြပါဦး... ဒီ ယွမ် တစ်သန်းကျော်နဲ့ လက်ကိုင်အိတ် ဘယ်နှစ်လုံး ဝယ်လို့ရနိုင်မလဲ"
ဘာ...
ရှန်ယန်းယန်း၏ စကားများကို ကြားလိုက်ချိန်တွင်
လူတိုင်းက မကြည့်ဘဲ မနေနိုင်ခဲ့ကြချေ။
သူတို့၏ စိတ်ထဲတွင် ချန်ဖုန်းသည် ကျေးလက်ဒေသမှ မိဘများရှိပြီး ပိုက်ဆံတစ်ပြားမှ မရှိသောသူ ဖြစ်လေသည်။
ဘယ်လိုလုပ် တစ်ယောက်ယောက်က ကာနီဗယ် လက်ဆောင် ၆၀၀ ကို ပေးဖို့ ပိုက်ဆံရှိနိုင်မှာလဲ...
အဲဒါက ယွမ် နှစ်သန်းကျော်တောင်...
တကယ်လို့ မင်းဆီမှာ အဲဒီလောက် ပိုက်ဆံများများ ရှိနေရင်တောင် အဲဒါကို ဒီတိုင်း ပေးလိုက်တာ ပိုမကောင်းဘူးလား... ဘာလို့ ပလက်ဖောင်းကို တစ်ဝက်လောက် ယူခိုင်းရတာလဲ...
အရူးပဲ အဲဒီလို လုပ်မှာပေါ့...
ဒါက ရှင်းရှင်းလင်းလင်းကို အလိမ်အညာပဲ…
လွီပင်းကလည်း သူ၏ဘေးရှိ ချန်ဖုန်းအား ပြုံးလျက် ကြည့်ကာတွေးလိုက်ပေသည်။
‘မင်းရဲ့ ကောင်မလေးက တကယ်ကို လှပါတယ်... ငါတောင် သူမကို သဘောကျမိတယ်...
ဒါပေမဲ့ သူ့ရဲ့ ဉာဏ်ရည်ကတော့...
သူမရဲ့ ရုပ်ရည်နဲ့ လဲလှယ်လိုက်ပုံရတယ်... လှတဲ့ မိန်းမတွေက သိပ်ဉာဏ်မကောင်းဘူးဆိုတာ တကယ်ပဲ…’
"ရှန်ယန်းယန်း... နင်က ဘယ်သူ့ကို လှည့်စားဖို့ ကြိုးစားနေတာလဲ"
လီဝမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ငါတို့အားလုံးက အထက်တန်းကျောင်းက အတန်းဖော်တွေလေ... ဒါကြောင့် အားလုံးရဲ့ နောက်ခံကို ဘယ်သူမသိဘဲ နေမှာလဲ... လက်ဆောင်ပေးတဲ့အကြောင်း ပြောရရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က တကယ့် သူဌေးကြီး တစ်ယောက် ရှိခဲ့တာ အမှန်ပဲ"
"ဒါပေမဲ့ အကောင့်နာမည်က ချန်ဖုန်း မဟုတ်ဘူး... အစ်ကိုဖုန်း လို့ ခေါ်တယ်"
"ဒီ အစ်ကိုဖုန်း က အမျိုးသမီး လိုက်ဖ်လွှင့်သူ ရာနဲ့ချီကို တစ်ပြိုင်နက်တည်း လက်ဆောင်တွေ ပေးခဲ့တာ... သူက တကယ့် သူဌေးကြီးပဲ"
"အဲဒီတုန်းက ငါတောင် ကာနီဗယ် ၂၀ ရခဲ့သေးတယ်"
ချန်ဖုန်းက သူမကို ခေါင်းမော့ကြည့်လိုက်မိသည်။
ငါ သူ့ကို လက်ဆောင်ပေးခဲ့သေးလို့လား...
အဲဒီတုန်းက လက်ဆောင်ပေးခဲ့တဲ့ လူတွေ အရမ်းများတော့ ငါတောင် သူတို့ကို မမှတ်မိတော့ဘူး…
ရှန်ယန်းယန်းက ဒေါသတကြီး ပြောဆိုလိုက်၏။
"အစ်ကိုဖုန်း ဆိုတာ ချန်ဖုန်း ပဲ"
"မိုက်မဲမနေစမ်းပါနဲ့... အစ်ကိုဖုန်း က သန်းရာနဲ့ချီပြီး ချမ်းသာတာ... သူ့ရဲ့ Douyin (TikTok) အကောင့်ထဲမှာတင် ယွမ် သန်းတစ်ရာ ဒါမှမဟုတ် နှစ်ရာလောက် ရှိတယ်လို့ ပြောကြတယ်... ဒီ ချန်ဖုန်း ဆီမှာ ယွမ် နှစ်ရာတောင် ရှိလို့လား"
လီဝမ်က သူမကို လုံးဝ မယုံကြည်ခဲ့ချေ။
ထို့နောက် သူမ၏ ဖုန်းကို ထုတ်ကာ လူတိုင်းအား ဟန်ရေးပြလျက် ပြောဆိုလိုက်သည်။
"အဲဒီတုန်းက အစ်ကိုဖုန်း ကို Douyin မှာ သူငယ်ချင်းအဖြစ်တောင် ငါက အက်ဒ် (Add) ခဲ့သေးတယ်... ယုံလား မယုံဘူးလားတော့ မသိဘူး... ငါ သူ့ဆီ မက်ဆေ့ခ်ျ ပို့လိုက်ရင် ချက်ချင်း လိုက်ဖ်လွှင့်ပြီး လက်ဆောင်ပေးခိုင်းလို့ ရတယ်"
သူမ၏ အမြင်အရ
အစ်ကိုဖုန်းသည် လူများက သူ့ကို ကျေးဇူးတင်ကြောင်း ပြောဆိုသည်ကို ကြားရသည်ကို နှစ်သက်ပေ၏။
အကယ်၍ ကျေးဇူးတင်စကား အကြိမ်အနည်းငယ်မျှ ပြောလိုက်ရုံဖြင့် တစ်ဖက်လူက သေချာပေါက် လက်ဆောင်ပေးလိမ့်မည် ဖြစ်သည်။
ဤအချိန်၌
အခြားသူများကလည်း ဝိုင်းအုံလာကြ၏။
လွန်ခဲ့သော ရက်အနည်းငယ်က အစ်ကိုဖုန်းသည် လိုက်ဖ်လွှင့်သည့် လောကတွင် အလွန် နာမည်ကြီးလာခဲ့သည်။ သူ၏ထံမှ လက်ဆောင်များ ရရှိနိုင်သရွေ့ အလုပ်သွားလုပ်ခြင်းထက် သေချာပေါက် ပိုကောင်းပေ၏။
"ဝမ်ဝမ်... နင် အဲဒီ သူဌေးကြီးကို သိတယ်ဆိုတာ ငါ မသိခဲ့ဘူး... မြန်မြန်... သူ့ဆီ မက်ဆေ့ခ်ျ ပို့လိုက်"
"ဝမ်ဝမ်က အံ့သြဖို့ကောင်းတာပဲ... သူမရဲ့ ကောင်လေးက ဒီလောက် ချမ်းသာရုံတင်မကဘူး ဒီလို အရေးကြီးတဲ့ လူတွေကိုလည်း သူမ သိသေးတယ်"
"သေချာတာပေါ့"
လီဝမ်က ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။
Douyin တွင် အစ်ကိုဖုန်းထံသို့ မက်ဆေ့ခ်ျတစ်ခု တိုက်ရိုက် ပို့လိုက်၏။
သို့သော်။ တုံ့ပြန်မှု မရှိခဲ့ချေ။
"သူ မက်ဆေ့ခ်ျကို မမြင်လို့ နေမှာပါ... နောက်တစ်စောင် ထပ်ပို့လိုက်မယ်"
လီဝမ်မှာ အနည်းငယ် ရှက်ရွံ့နေပုံရပေသည်။ သူမက ယုံကြည်မှုရှိရှိ ကတိပေးထားပြီးဖြစ်ရာ ဤအရေးကြီးသော အချိန်၌ သူမ တွန့်ဆုတ်နေ၍ မဖြစ်နိုင်ချေ။
နောက်ထပ် တစ်စောင် ပို့ရန် ပြင်လိုက်ချိန်မှာပင်…
သူ၏ ဖုန်းကို ကစားနေသော ချန်ဖုန်းက ရုတ်တရက် ပြောဆိုလိုက်၏။
"ထပ်ပို့နေစရာ မလိုတော့ဘူး... မင်း ဘလော့ ခံလိုက်ရပြီ"
ဟင်...
လီဝမ်၏ မျက်နှာအမူအရာမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။
"ချန်ဖုန်း... ဘာအဓိပ္ပာယ်လဲ... နင်က ငါ့ကို အလွယ်တကူ ဘလော့ လို့ရမယ် ထင်နေတာလား... နင့်ကိုယ်နင် တကယ့် သူဌေးကြီးလို့ ထင်နေတာလား"
သို့သော်။ သူမ၏ ဖုန်းကို ပြန်ကြည့်လိုက်ချိန်တွင် သူမ အမှန်တကယ် ဘလော့ ခံထားရကြောင်း တွေ့ရှိသွားလေ၏။
သူမ လုံးလုံးလျားလျား မှင်တက်သွားတယ်...
ဘာဖြစ်သွားတာလဲ...
သူမ အလိုအလျောက်ပင် ချန်ဖုန်းကို ခေါင်းမော့ကြည့်လိုက်မိသည်။
ဤအချိန်၌
လွီပင်းလည်း လျှောက်လာပြီး မျက်မှောင်ကြုတ်လိုက်၏။
" ဒီအကိုဖုန်းက တကယ်ကို မာနကြီးတာပဲ... ဒါပေမဲ့ ဒါကလည်း ပုံမှန်ပါပဲလေ... အဲဒီလို သူဌေးကြီးက သူစိမ်းတွေကို သူငယ်ချင်းအဖြစ် သေချာပေါက် လက်ခံ မှာ မဟုတ်ဘူးလေ"
ဤစကားများသည် အခြေခံအားဖြင့် လီဝမ်ကို မျက်နှာပန်းလှစေရန် ကူညီပေးလိုက်ခြင်း ဖြစ်ပေသည်။
"ဟွန့်"
လီဝမ်မှာ ရှက်ရွံ့သွားပြီး ချန်ဖုန်းအပေါ် သူမ၏ အထင်အမြင်မှာ ပိုမို ဆိုးရွားသွားခဲ့လေ၏။
"ရှန်ယန်းယန်း... နောင်ကျရင် နင့်ကောင်လေးကို သေချာ ထိန်းထားသင့်တယ်... စကားကို ကောင်းကောင်း မပြောတတ်ရင် ဘာမှ မပြောနဲ့"
"ငါတို့ လွီပင်း သာ မဟုတ်ရင် သူ ယွင်တင်းစားသောက်ဆိုင် မှာ စားဖို့တောင် အခွင့်အရေး ရမှာမဟုတ်ဘူး"
"ကံကောင်းလို့ ဒီနေ့ သူ စော်ကားမိတာ ငါ ဖြစ်နေလို့ပေါ့"
"တကယ်လို့ တခြားတစ်ယောက်ယောက်သာ ဆိုရင် သူ့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
"နင်..."
ရှန်ယန်းယန်း အလွန်အမင်း ဒေါသထွက်သွားခဲ့ပေ၏။
"နင့်ဘာသာ မျက်နှာအိုးမည်း သုတ်မိတာကို တခြားလူတွေကို အပြစ်တင်ရဲသေးတယ်ပေါ့လေ"
ချန်ဖုန်း၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူမ ဖော်ထုတ်ရန် ပြင်လိုက်ချိန်မှာပင် တံခါးအပြင်ဘက်မှ အသံကျယ်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ဆရာချန် ကို ဘယ်သူက ဒုက္ခပေးရဲလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
တံခါးအပြင်ဘက်မှ လူတစ်စု ရုတ်တရက် ဝင်လာခဲ့ကြ၏။
ခေါင်းဆောင်မှာ အခြားသူမဟုတ်ဘဲ မြေအောက်ဂိုဏ်းခေါင်းဆောင် ကျားနက် ပင် ဖြစ်ပေသည်။
သူ၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး သူ၏ အငွေ့အသက်မှာ အလွန် ကြီးမားလှ၏။
ကျားနက် ၏ အနောက်တွင် ကင်းကောင် နှင့် အခြား နတ်မင်းကြီးလေးပါး တို့က အနီးကပ် လိုက်ပါလာကြပြီး ၎င်းတို့၏ မျက်နှာများမှာလည်း ကြမ်းကြုတ်မှုများ ရှိနေပေသည်။
တစ်ချိန်တည်းမှာပင် မန်နေဂျာနှင့် ယွင်တင်းစားသောက်ဆိုင် ၏ အခြား အကြီးတန်း တာဝန်ရှိသူများကလည်း အလျင်အမြန် ရောက်လာကြ၏။
၎င်းတို့၏ ပေါ်လာမှုက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
လွီပင်း သည် အသံကျယ်ကြီးနှင့်အတူ ခုန်ထလိုက်မိပေ၏။
သူ၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေလေသည်။
"ကျား... ကျားနက်"
ပေ့ဟူတွင် ၎င်းတို့၏ စီးပွားရေးလုပ်ငန်း ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ လူတိုင်းက ဤကျားနက်ကို သိကြပေသည်။
ကျားနက်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးသူများပင် သူ၏ အနောက်ရှိ နတ်မင်းကြီးလေးပါး ကို မြင်ဖူးကြ၏။
ယခင်က စကားပုံတစ်ခု ရှိခဲ့ဖူးသည်။
ကျားနက်က သဘောမတူဘူးဆိုရင် ပေ့ဟူက မင်းရဲ့ စီးပွားရေးက သေချာပေါက် ဆက်လုပ်လို့ ရမှာ မဟုတ်ဘူး...ဒီလောက်ဆို
သူ့ရဲ့ အဆင့်အတန်းကို မင်း မှန်းဆကြည့်လို့ ရပါတယ်…