အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) ပရိသတ်တစ်ခွင်လုံးကို တုန်လှုပ်သွားစေခြင်း
"မြန်မြန်... အားလုံးပဲ ထပြီး ကျားနက် ကို နှုတ်ဆက်ကြ"
အကြောက်လွန်ကာ တုန်ရီနေသော လွီပင်းသည် လူတိုင်းကို ထိုင်ခုံမှ ထရန် ကူညီပေးလိုက်၏။
ကျားနက်၏ အမှတ်အသားမှာ အလွန် ထူးခြားပြီး သူ့ကို မစော်ကားရဲချေ။
သူ၏ ဖခင်ကိုယ်တိုင်ပင် ကျားနက်နှင့် တွေ့ဆုံချိန်၌ "ကျားကြီး" ဟု ရိုသေလေးစားစွာ ခေါ်ဆိုရပေသည်။
အခြားကျောင်းသားများမှာ အသံပင် မထွက်ရဲကြချေ။
အထူးသဖြင့် တစ်ဖက်လူထံမှ ထွက်ပေါ်လာသော ဖိနှိပ်သည့် အငွေ့အသက်ကို ခံစားရချိန်တွင် သူတို့ အလွန် ကြောက်ရွံ့သွားကာ အလျင်အမြန် မတ်တတ်ရပ်လိုက်လေ၏။
သူတို့လည်း ဂနာမငြိမ် ဖြစ်နေပုံရပေသည်။
၎င်းတို့အားလုံးမှာ ကျောင်း၏ ပုခက်ထဲတွင် ကြီးပြင်းလာခဲ့ကြသူများဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အမှောင်မိုက်ဆုံးသော အစိတ်အပိုင်းများကို မကြုံတွေ့ဖူးလျှင်ပင် ယင်းအကြောင်းကို အများအပြား ကြားဖူးထားကြ၏။
ကျားနက် လို လူမျိုးတွေ...
တကယ်လို့ မင်း သူတို့ကို စော်ကားမိရင် မနက်ဖြန် နေထွက်တာကို မင်း မြင်ရတော့မှာ မဟုတ်ဘူး...
လွီပင်းနှင့် လူတစ်စုမှာ အနေရခက်စွာ မတ်တတ်ရပ်နေကြလေသည်။
ကျားနက် အဘယ်ကြောင့် ပေါ်လာသည်ကို သူမသိသလို တစ်ဖက်လူ ဤသီးသန့်ခန်းသို့ လာရသည့် ရည်ရွယ်ချက်ကိုလည်း သူ မသိခဲ့ချေ။
ထိုအချိန်၌
ချန်ဖုန်းသည် ခြေချိတ်လျက် ထိုင်ခုံတွင် ထိုင်နေဆဲဖြစ်ပြီး အခြေအနေကို လုံးဝ သတိမထားမိပုံရကြောင်း သူ ရုတ်တရက် သတိပြုမိသွား၏။
အလန့်တကြားဖြစ်သွားပြီး သူက အလျင်အမြန် ပြောဆိုလိုက်သည်။
"ကျားနက်... အဲဒီကောင်လေးက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး... ကျွန်တော် သူ့ကို မသိဘူး..."
"ဟွန့်"
ကျားနက် ၏ အေးစက်သော အကြည့်က သူ့ထံသို့ တိုက်ရိုက် ရောက်ရှိသွားပေ၏။
ထိုဖိနှိပ်သည့် ခံစားချက်က လွီပင်း၏ နှုတ်ခမ်းများကို ထပ်မံတွန့်ကွေးသွားစေခဲ့သည်။
ထို့နောက်
သူက နောက်ပါ နတ်မင်းကြီးလေးပါး ဖြင့် ချန်ဖုန်းထံသို့ ဖြည်းညင်းစွာ လျှောက်သွားလေ၏။
‘ဟွန့်... ချန်ဖုန်း... မင်းတော့ ကျားနက်ကို စော်ကားမိပြီ... မင်းတော့ ပြီးပြီပဲ’
လွီပင်းက စိတ်ထဲမှ တွေးလိုက်သည်။
ကျားနက်ကို မြင်တာတောင် မင်းက ဒီလောက် မောက်မောက်မာမာ ထိုင်ရဲတယ်ဆိုရင် မင်း သေချင်နေတာ မဟုတ်ဘူးလား…
သူ၏ဘေးတွင်…
ရွှယ်ဟိုင်နှင့် ရှန်ယန်းယန်းတို့မှာလည်း ထိတ်လန့်နေကြပေ၏။
ရှန်ယန်းယန်းက ချန်ဖုန်းကို ဆွဲထူရန် ကြိုးစားသည့်အလား ခိုး၍ပင် ဆွဲလိုက်သေးသော်လည်း မည်မျှပင် ကြိုးစားဆွဲစေကာမူ သူ့ကို မရွေ့လျားနိုင်ခဲ့ချေ။
ချန်ဖုန်း သေချာပေါက် ဒုက္ခရောက်ပြီဟု လူတိုင်း ထင်မှတ်လိုက်ချိန်မှာပင်
ရုတ်တရက် ကျားနက် က ဦးညွှတ်လိုက်လေ၏။
"ဆရာချန်"
သူ၏ အနောက်ရှိ နတ်မင်းကြီးလေးပါး ကလည်း အလွန် ရိုသေလေးစားပုံရပေသည်။
"ဆရာချန်"
"မာစတာချန်"
"မာစတာချန်"
"..."
ဤအခိုက်အတန့်တွင်…
လူတိုင်း မှင်တက်သွားကြတော့၏။
သူတို့ လုံးလုံးလျားလျား တုန်လှုပ်သွားတယ်...ချန်ဖုန်းတော့ ဒုက္ခရောက်ပီဆိုပီး
စောင့်ကြည့်နေခဲ့တာလေ...
ဘာဖြစ်သွားတာလဲ...
ကျားနက် နှင့် သူ၏အနောက်ရှိ နတ်မင်းကြီးလေးပါး တို့ နှစ်ဦးစလုံးမှာ ပေ့ဟူရှိ တကယ့် အရေးပါတဲ့ ပုဂ္ဂိုလ်ကြီးတွေလေ...
ဒီလူတွေက တခြားသူတွေအပေါ် ဒီလောက် ယဉ်ကျေးခဲတယ်…
အခု...
သူတို့က ဘယ်လိုလုပ် ချန်ဖုန်း ကို ဒီလောက်တောင် ကျိုးနွံနေရတာလဲ...
ကျားနက်နှင့် အခြားသူများ၏ သဘောထားမှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ ချန်ဖုန်းကို ၎င်းတို့၏ နှလုံးသားထဲမှ အမှန်တကယ် လေးစားနေကြောင်း လွီပင်း သိမြင်နိုင်ပေ၏။
ဘာတွေ ဖြစ်နေတာလဲဆိုတာ...
တစ်ယောက်ယောက် ငါ့ကို ပြောပြနိုင်မလား…
ဤအချိန်၌
ချန်ဖုန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျားနက် က တစ်ခုခုကို နားလည်သွားပုံရလေသည်။ သူက ရုတ်တရက် လှည့်ကြည့်လိုက်ရာ ဖိနှိပ်သည့် ခံစားချက်တစ်ခုက သူ့ထံမှ နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။
"ဆရာချန် က ငါ့ရဲ့ ယွင်တင်းစားသောက်ဆိုင် ကို လာဖို့ အရည်အချင်း မပြည့်မီဘူးလို့ ခုနက ဘယ်သူပြောလိုက်တာလဲ"
"ဆရာချန် ကို အလွယ်တကူ လွှတ်မပေးဘူးလို့ ဘယ်သူ ပြောလိုက်တာလဲ"
"ဟွန့်... ဆရာချန် ကို ဆန့်ကျင်တာက ငါ ကျားနက် ကို ဆန့်ကျင်တာပဲ"
"အကျိုးဆက်တွေကို မင်းတို့ သိသင့်တယ်"
ဤစကားများကို ကြားလိုက်ချိန်တွင်
ဘေးတွင် ရပ်နေသော လီဝမ်မှာ အလွန် ကြောက်ရွံ့သွားသဖြင့် ငိုလုနီးပါး ဖြစ်သွားခဲ့ပေ၏။
သူမ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သူမ၏ ရည်းစားတွင် ငွေအနည်းငယ် ရှိသောကြောင့် သူမသည် အတန်းဖော်များရှေ့၌ အများအားဖြင့် မောက်မာစွာ ပြုမူလေ့ရှိသည်။
တကယ့် မြေအောက်ဂိုဏ်းခေါင်းဆောင် တစ်ယောက်ရှေ့မှာတော့ စကားတစ်ခွန်းတောင် သူမ မပြောရဲဘူးလေ…
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ကျားနက်... အကုန်လုံး ကျွန်မ အမှားပါ... ချန်ဖုန်း ကို အဲဒီလို မပြောခဲ့သင့်ပါဘူး"
လီဝမ်က သူမကိုယ်သူမ အကြိမ်များစွာ ပြင်းပြင်းထန်ထန် ရိုက်လိုက်၏။
မလုပ်လို့လည်း မရဘူးလေ...
တကယ်လို့ သူမ ကိုယ်တိုင် အခုလို မလုပ်ရင် တစ်ဖက်က လူတွေက သူမကို သေချာပေါက် အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး…
လွီပင်းက သွားကြိတ်ကာ တင်းမာသော မျက်နှာဖြင့် ပြောဆိုလိုက်သည်။
"ကျားနက်... ကျွန်တော့် မျက်နှာကို ထောက်ထားပြီး ဒီတစ်ခါတော့ ကျွန်တော့် ကောင်မလေးကို ခွင့်လွှတ်ပေးလို့ ရမလား... သူက တမင်သက်သက် လုပ်တာ မဟုတ်ပါဘူး"
"မင်းမျက်နှာကို ထောက်ထားရမယ် ဟုတ်လား"
ကျားနက် က သူ့ကို ပါးဖြတ်ရိုက်လိုက်ပြီး ဒေါသတကြီး ဟောက်လိုက်၏။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... မင်းမျက်နှာက ဘာတန်ဖိုးရှိလို့လဲ... ငါ ကျားနက် ကို အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာ မင်းက သင်ပေးဖို့ လိုလို့လား"
"ကျွန်တော်..."
လွီပင်း သည် သူ၏ မျက်နှာကို ကာလျက် ရပ်နေခဲ့ပေသည်။
သူက အသံပင် ထပ်မထွက်ရဲတော့ချေ။
"မင်းတို့ကောင်တွေ... ဆရာချန် က ငါတောင် မစော်ကားရဲတဲ့သူကွ... မင်းတို့က ဆရာချန် ကို စော်ကားရဲတယ်ပေါ့လေ... အထူးသဖြင့် ငါ့နယ်မြေထဲမှာ"
ကျားနက် လည်း ဒေါသထွက်နေခဲ့၏။
"ဒီကိစ္စက မပြီးသေးဘူး... ငါ့ဆီ ဖုန်းဆက်ပြီး အလောင်းလာကောက်ဖို့ မင်းတို့ရဲ့ လူကြီးတွေကို ခေါ်လိုက်"
ဤစကားကို ကြားချိန်တွင် လူတိုင်း...
အရမ်း ကြောက်သွားတဲ့အတွက် မျက်နှာက သေသူလို ဖြူဖျော့သွားတယ်...
တကယ်တော့ ဘာဖြစ်သွားတာလဲ...
ချန်ဖုန်းက သာမန် ကျေးလက်သားတစ်ယောက် မဟုတ်ဘူးလား... ကျားနက်တောင် မစော်ကားရဲတဲ့သူ တစ်ယောက် အဖြစ် သူ ဘယ်တုန်းက ပြောင်းလဲသွားတာလဲ...
အခု...
လွီပင်းနဲ့ လီဝမ်တို့တင် မကဘူး...
အခြားသူများကလည်း ချန်ဖုန်းကို တန်းတူ တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြ၏။ ၎င်းတို့ အမြဲတမ်း အထင်သေးခဲ့သော ဤလူသည် ဘယ်အချိန်က ဤမျှ အာဏာရှိလာရသနည်း။
"ကျားနက်... တောင်းပန်ပါတယ်... ကျွန်တော် တကယ် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ..."
"ချန်ဖုန်း... ငါ တကယ် မရည်ရွယ်ပါဘူး...ငါ…ငါ တောင်းပန်ပါတယ်..."
လီဝမ်မှာ မိတ်ကပ်များပင် ပျက်သွားသည်အထိ ငိုကြွေးနေခဲ့ပေ၏။
လွီပင်း လည်း အခြေအနေ မကောင်းလှချေ။
သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေခဲ့သည်။
ဘယ်သူကများ ထင်ထားမှာလဲ...
အပြင်ထွက်ပြီး ထမင်းစားတာက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်လို့…
"ယန်းယန်း... ငါ့ရဲ့ ချစ်လှစွာသော ယန်းယန်း... ကျေးဇူးပြုပြီး... ငါ့အတွက် ချန်ဖုန်း ကို တောင်းပန်ပေးပါ... နင့်ကိုဖြစ်ဖြစ် ချန်ဖုန်း ကိုဖြစ်ဖြစ် ပစ်မှတ်ထားဖို့ ငါ တကယ် မရည်ရွယ်ပါဘူး... အီးဟီးဟီး..."
လီဝမ်က သူမ၏ ပုံရိပ်ကို ဂရုမစိုက်တော့ချေ။
ပုံရိပ်တစ်ခုက ဘာအသုံးကျလို့လဲ...
အဲဒါက အသက်ထက် ပိုတန်ဖိုးရှိလို့လား…
"အာ... ငါ..."
ရှန်ယန်းယန်း အနည်းငယ် တွေဝေသွားခဲ့ပေ၏။
သူမကိုယ်တိုင်လည်း ယခုလေးတင် ကြုံတွေ့ခဲ့ရသော တုန်လှုပ်မှုမှ ပြန်လည်မသက်သာသေးချေ။
ဤအချိန်၌
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ချန်ဖုန်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။
"ကျားနက်... သူတို့ကို ခြောက်လှန့်နေတာ ရပ်လိုက်တော့"
"ဟုတ်ကဲ့ပါ ဆရာချန်"
ကျားနက် ၏ ကြီးမားလှသော အငွေ့အသက်သည် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
"ဆရာချန် မျက်နှာကို ထောက်ပြီး ဒီတစ်ခါတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်... နောက်တစ်ခါတော့ ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးမျိုး ရမှာ မဟုတ်ဘူး"
"ကျေးဇူးတင်ပါတယ် ကျားနက်…”
“ကျေးဇူးတင်ပါတယ် ဆရာချန်"
"ကျေးဇူးတင်ပါတယ်…”
“ကျေးဇူးတင်ပါတယ်"
သူတို့နှစ်ဦးက အလျင်အမြန် ကျေးဇူးတင်လိုက်ကြပေသည်။
တစ်ချိန်တည်းမှာပင် လုံးလုံးလျားလျား တုန်လှုပ်သွားခဲ့၏။
လွန်ခဲ့သော မိနစ်အနည်းငယ်က ကျားနက်သည် ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေသော်လည်း ချန်ဖုန်း၏ ရိုးရှင်းသော စကားလုံးများကြောင့် ၎င်းတို့နှစ်ဦး၏ အသက်များ ကယ်တင်ခံလိုက်ရလေသည်။
မြင်နိုင်သည့်အတိုင်းပင်
ကျားနက်အတွက် ချန်ဖုန်းက မည်မျှ အရေးပါကြောင်း။
ဤသည်က ၎င်းတို့ကို နောက်တစ်ကြိမ် အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။
စောစောက ချန်ဖုန်းနှင့် ရှန်ယန်းယန်းတို့ကို သူတို့ပြောခဲ့သည့် စကားများကို တွေးမိသောအခါ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့၏။
ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူက ၎င်းတို့ကို အပြစ်မယူခဲ့ချေ။
မဟုတ်ရင်...
အလောင်းလာကောက်ဖို့ လူကြီးတစ်ယောက် လိုအပ်တာက တကယ်ပဲ...
ကျားနက်က သူ့စကားကို ဘယ်တော့မှ ရုပ်သိမ်းလေ့ မရှိဘူး…
ရှန်ယန်းယန်းက ခေါင်းကို စောင်းကာ ချန်ဖုန်းအား ကြည့်လိုက်သည်။
ချန်ဖုန်း အလွန် လျို့ဝှက်ကြောင်းကိုသာ သူမ သိခဲ့သော်လည်း ကျားနက်နှင့် ဤကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မသိခဲ့ချေ။
ကျားနက်သည် သူမ၏ဖခင်ပင် သတိထားရသောသူ ဖြစ်ပေ၏။
သို့သော် ယခုအခါတွင်မူ သူသည် ချန်ဖုန်း၏ရှေ့၌ အလွန် နာခံပြီး ရိုသေလေးစားနေလေသည်။
မည်သူကမျှ မထင်မှတ်ထားနိုင်ခဲ့ချေ။
ခုနက အဲဒီ ကြမ်းကြုတ်တဲ့ မြေအောက်ဂိုဏ်းခေါင်းဆောင်က ဒီလောက်လည်း တိတ်ဆိတ်နေနိုင်တာပဲ...
အထူးသဖြင့် သူ့အနောက်က နတ်မင်းကြီးလေးပါး ပေါ့...
သူတို့တစ်ယောက်ချင်းစီက ပြဿနာရှာတတ်သူတွေနဲ့ ရက်စက်တဲ့ လူသတ်သမားတွေ ဖြစ်ပေမဲ့ သူတို့အားလုံးက အဲဒီမှာ တိတ်တိတ်လေး ရပ်နေကြတယ်လေ...
တကယ်လို့ ဒီမြင်ကွင်းကို တခြားသူတွေကို ပြောပြရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး..
ဤအချိန်၌…
ကျားနက် မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်၏။
"ဆရာချန်... ယွင်တင်းစားသောက်ဆိုင် ကို လာမယ်ဆိုတာကို ဘာလို့ ကျွန်တော့်ကို မပြောခဲ့တာလဲ... ဒီလို အညံ့စား သီးသန့်ခန်းမျိုးက ခင်ဗျားရဲ့ အဆင့်အတန်းနဲ့ မလိုက်ဖက်ပါဘူး"
"ထိပ်တန်း VIP အခန်းတစ်ခန်းကို ကျွန်တော် စီစဉ်ထားပြီးပါပြီ... တခြားနေရာကို ပြောင်းပေးရမလား..."