အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) အံ့သြဖွယ် သူဌေးကြီး
ရှန်ကျွင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
"ငါ့တူ ဆိုလိုတာက..."
"ဟုတ်တယ်... ဦးလေး တွေးထားသလိုပါပဲ"
ချန်ဖုန်းသည် သူ၏ အင်္ကျီလက်များကို ခေါက်တင်ကာ လှောင်ပြောင်သည့်ဟန်ဖြင့် ပြောဆိုလိုက်ပေသည်။
"ကျွန်တော်က အဲဒီလောက် အနိုင်ကျင့်ရ လွယ်တဲ့သူ မဟုတ်ဘူး... သူတို့ရဲ့ ပစ္စည်းတွေ သူတို့လက်ထဲမှာတင် ပိတ်မိနေအောင် ကျွန်တော် လုပ်ပစ်မယ်"
"စစ်ဝေ့ နည်းပညာကုမ္ပဏီ က ပေးဆပ်ရလိမ့်မယ် ဥက္ကဋ္ဌရှန်... ကျွန်တော့်ဆီမှာ စာရင်းတစ်ခု ရှိတယ်... အဲဒါကို ပြင်ဆင်ပေးပါ"
ရှန်ကျွင်းသည် ပစ္စည်းစာရင်းကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ဤနေရာတွင် အသုံးပြုထားသော ပစ္စည်းများနှင့် ကိရိယာများသည် ဈေးကွက်တွင် ထိပ်တန်းအဆင့်များ ဖြစ်ကြပြီး ၎င်းတို့ထဲမှ အချို့ကို ကုမ္ပဏီ၏ သုတေသနဌာနတွင်ပင် အသုံးမပြုကြချေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ကုန်သည်အတော်များများကို သိရှိထားသဖြင့် ၎င်းတို့ကို ဝယ်ယူနိုင်ပေလိမ့်မည်။
"ပြဿနာမရှိပါဘူး"
ရှန်ကျွင်းသည် အလွန် အလုပ်တွင်ကျယ်လေသည်။
မွန်းလွဲပိုင်း အလုပ်ဆင်းချိန် ရောက်သောအခါ စာရင်းထဲရှိ အရာအားလုံးကို သူ ရရှိပြီး ဖြစ်နေပေပြီ။
နည်းပညာဌာနတွင် သီးသန့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အခန်းတစ်ခု ရှိပြီး ထိုနေရာသို့ စက်ပစ္စည်းများနှင့် ကိရိယာများအားလုံးကို ရွှေ့ပြောင်းထားခဲ့၏။
ချန်ဖုန်းက အချိန်ကို စစ်ဆေးကြည့်ပြီးနောက် ပြောဆိုလိုက်သည်။
"ဒီနေ့ ကျွန်တော်နဲ့အတူ အချိန်ပိုဆင်းဖို့ ယုံကြည်ရတဲ့ သုတေသန ဝန်ထမ်းနည်းနည်းလောက် ရှာပေးပါ... ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ရဲ့ အချောသတ် ထုတ်ကုန်ကို ရအောင် ကြိုးစားကြည့်ရမယ်"
ဟင်...ထိုအခါမှ ရှန်ကျွင်း အခြေအနေကို သဘောပေါက်သွားလေ၏။
"ဖုန်းအာ... မင်း ကိုယ်တိုင်ပဲ ထုတ်ကုန်ကို တီထွင်တော့မလို့လား"
"မဟုတ်ရင် ဘယ်လိုလုပ်မလဲ... လူသွားရှာဖို့ အမြန်လုပ်ပါ"
ချန်ဖုန်းသည် သုတေသနအခန်းထဲသို့ လျှောက်ဝင်သွားသည်ကို သူ မြင်လိုက်ရပေသည်။
ရှန်ကျွင်း၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားတော့၏။
တစ်ဖက်လူ ပြောဆိုခဲ့သော ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ဆိုသည်မှာ ကျွမ်းကျင်မှုဆိုင်ရာ အချက်အလက်အချို့ကို ပံ့ပိုးပေးပြီး ကုမ္ပဏီ၏ နည်းပညာဌာနကို တဖြည်းဖြည်းချင်း ထုတ်ကုန်တီထွင်ခိုင်းမည်ဟု သူ အမြဲတမ်း ယူဆထားခဲ့သည်။
ချန်ဖုန်း ကိုယ်တိုင် ထုတ်ကုန်တီထွင်မှုကို ပြီးစီးအောင် လုပ်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။
ကုမ္ပဏီ၏ နည်းပညာဝန်ထမ်းများသည် ကူညီပေးရုံသာ ဖြစ်ပေသည်။
ဘုရားရေ...
သူက ဒီနည်းပညာကို ကိုယ်တိုင် ကျွမ်းကျင်နေတာပဲ...
ရှန်ကျွင်းသည် အချိန်ထပ်မဖြုန်းရဲတော့ချေ။
ကုမ္ပဏီ၏ နည်းပညာဝန်ထမ်းများထဲမှ ယုံကြည်ရသော ဝန်ထမ်းလေးဦးကို အလျင်အမြန် ရွေးချယ်ကာ သုတေသနအခန်းသို့ စေလွှတ်လိုက်လေ၏။
ဤနည်းပညာရှင် လေးဦးသည် ကုမ္ပဏီ၏ ဝန်ထမ်းဟောင်းများ ဖြစ်ကြပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုမှာ အလွန် မြင့်မားလှပေသည်။ မန်နေဂျာဝေ့တာယဲ့ ကဲ့သို့ ကုမ္ပဏီ၏ လျှို့ဝှက်ချက်များကို ၎င်းတို့ ပေါက်ကြားစေမည် မဟုတ်ချေ။
"တာဝန်တွေကို အရင် ခွဲဝေပေးပါရစေ... ခင်ဗျားတို့ တွက်ချက်ရမယ့် တွက်ချက်မှု ပုံသေနည်း အနည်းငယ်က ဒီမှာပါ... ကျန်တဲ့ အဓိက အစိတ်အပိုင်းတွေကို ကျွန်တော် ကိုယ်တိုင်ပဲ ကိုင်တွယ်ပါ့မယ်"
ချန်ဖုန်းကလည်း မတုံးအချေ။
အဓိက အစိတ်အပိုင်းများသည် ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ အတွက် အလွန် တန်ဖိုးကြီးမားဆဲ ဖြစ်ပေသည်။
ဤအရာကို သူ မည်သူ့ကိုမျှ လွှဲအပ်မည် မဟုတ်ချေ။
လက်ရှိတွင် ဤထုတ်ကုန်ကို တီထွင်နိုင်စွမ်းရှိသူမှာ ကမ္ဘာပေါ်တွင် သူ တစ်ဦးတည်းသာ ဖြစ်နိုင်လေသည်။
"နားလည်ပါပြီ"
လူတိုင်း အလွန်အမင်း တုန်လှုပ်သွားကြ၏။
ဒီသူဌေးကတော့...
သူက သာမန်မဟုတ်ဘူးပဲ...
နောက်ပိုင်းအချိန်များတွင် အဖွဲ့သည် ၎င်းတို့၏ စမ်းသပ်မှုကို အလျင်အမြန် စတင်ခဲ့ကြသည်။
စနစ်မှ လဲလှယ်ယူထားသော ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ အပေါ်ရှိ အချက်အလက်များမှာ အတော်လေး များပြားကျယ်ပြန့်လှပြီး ချန်ဖုန်း ကိုယ်တိုင် ၎င်းတို့ထဲမှ အများစုကို ပေါင်းစပ်ရန် လိုအပ်ပေ၏။
ထို့အပြင် ဤအရာအားလုံးမှာ သီအိုရီများသာ ဖြစ်လေသည်။
ထုတ်ကုန်တစ်ခု ဖန်တီးရန်အတွက် အဆင့်တစ်ဆင့်ချင်းစီကို အတည်ပြုရန်နှင့် စမ်းသပ်ရန် လိုအပ်ပေသည်။
သုတေသန အခန်းတစ်ခုလုံး ချက်ချင်းပင် အလုပ်များသွားတော့၏။
"ဝမ်ကြီး... ငါတို့ရဲ့ ဥက္ကဋ္ဌချန် က ဟိုလိုဂရမ် ရုပ်လုံးကြွ နဲ့ ထုတ်ကုန်တစ်ခုကို တကယ် တီထွင်နိုင်မယ်လို့ မင်း ထင်လား"
နည်းပညာရှင် တစ်ဦးက အချင်းချင်း တီးတိုးပြောဆိုလိုက်သည်။
ကုမ္ပဏီသည် လောလောဆယ် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ဤအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် အစားထိုးရန် ထုတ်ကုန်အသစ်တစ်ခု လိုအပ်နေပေသည်။
၎င်းတို့အားလုံးမှာ နည်းပညာနယ်ပယ်တွင် အလုပ်လုပ်နေသူများ ဖြစ်ကြ၏။
ကုမ္ပဏီ အခြေအနေ တိုးတက်လာမည်ကို လူတိုင်းက မျှော်လင့်နေကြသော်လည်း ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ သည် မည်မျှ ခက်ခဲကြောင်းကို လူတိုင်း သိထားကြပေသည်။
အခြားနည်းပညာရှင် တစ်ဦးက ခေါင်းခါလိုက်သည်။
"ငါလည်း မသိဘူး... ရှောင်ချန် ရဲ့ အရည်အချင်းတွေကို ငါတို့လည်း သေချာ မသိဘူးလေ... ငါတို့ရဲ့ အလုပ်တွေကိုပဲ အရင် အာရုံစိုက်ပြီး လုပ်ကြတာပေါ့"
“ထုတ်ကုန်တစ်ခု တီထွင်နိုင်မလား၊ မတီထွင်နိုင်ဘူးလား ဆိုတာက ကံတရားအပေါ်မှာပဲ မူတည်တယ်”
"ငါကတော့ တော်တော်လေး ခက်ခဲလိမ့်ဦးမယ်လို့ ထင်တယ်... ငါတို့ဆီမှာ အခုရှိနေတဲ့ ပုံသေနည်းက ရိုးရှင်းတဲ့ အပိုင်းပါ... အခက်ခဲဆုံး အပိုင်းက ရှောင်ချန် ရဲ့ လက်ထဲမှာပဲ ရှိနေလောက်တယ်"
"စဉ်းစားကြည့်လေ ငါတို့ ကုမ္ပဏီကို ထားလိုက်ပါဦး... လုပ်ငန်းနယ်ပယ် တစ်ခုလုံးမှာရော ဘယ်သူကများ..."
ဤနေရာသို့ ရောက်ချိန်တွင်...
နည်းပညာရှင်က ရုတ်တရက် ပါးစပ်ပိတ်သွားလေ၏။
သူသည် မလှမ်းမကမ်းတွင်ရှိသော ချန်ဖုန်းကို အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ပေသည်။
ချန်ဖုန်းသည် ဘောပင်တစ်ချောင်းကို ကိုင်ကာ A4 စက္ကူများပေါ်တွင် ပုံသေနည်းများကို တွက်ချက်နေသည်ကို တွေ့လိုက်ရ၏။
သူက အလွန် မြန်ဆန်လှသည်။
သူသည် ငါးမိနစ်ခန့်တိုင်း A4 စက္ကူတစ်ရွက်ကို အပြည့်ရေးလေ့ရှိပြီး ထို့နောက် အခြားစက္ကူတစ်ရွက်သို့ ပြောင်းကာ ဆက်လက်ရေးသားနေခဲ့ပေသည်။
၎င်းတို့ကြားတွင် ရပ်တန့်မှု လုံးဝ ရှိပုံမပေါ်ချေ။
"ဒါက..."
လူတိုင်း ထိတ်လန့်သွားကြတော့၏။
ဒီလောက်တောင် မြန်တာလား...
သိချင်စိတ်ဖြင့် သူတို့သည် တစ်လှမ်းချင်း လျှောက်သွားကြပြီး ၎င်းအပေါ်တွင် ရေးထားသည်များကို သေချာစွာ ကြည့်ရှုလိုက်ကြပေသည်။
"ဒါက ကွမ်တမ်နည်းပညာ ရဲ့ ပုံသေနည်း တွက်ချက်မှုတွေပဲ..."
ပထမဆုံး နည်းပညာရှင်သည် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရလေ၏။
ဆက်ဖတ်လေလေ သူတို့မှာ ပို၍ အလန့်တကြား ဖြစ်လာလေလေပင်…
အစပိုင်းတွင် နားလည်နိုင်ပြီး သူတို့၏ နားလည်မှုကလည်း အတူတူလောက်ပင် ဖြစ်ပေသည်။ သို့သော် ဆက်ဖတ်သွားလေလေ ပိုမို ခက်ခဲလာပြီး စိန်ခေါ်မှုများ ရှိလာလေလေ ဖြစ်၏။
သို့သော် သူတို့၏ နှလုံးသားများမှာမူ လှိုင်းထန်မှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။
နောက်ပိုင်း အပိုင်းများကို သူတို့ လုံးလုံးလျားလျား နားမလည်နိုင်ခဲ့လျှင်ပင် ပုံသေနည်းများမှာ လုံးဝ မှန်ကန်ကြောင်းကို သူတို့၏ အလိုအလျောက် သိစိတ်က ပြောနေခဲ့လေသည်။
ယခင်ကပင်လျှင်…
အချို့သော တွက်ချက်မှုများသည် သူတို့အတွက် ဉာဏ်အလင်းပွင့်သွားစေခဲ့ပြီး ယခင်က သူတို့ ကြုံတွေ့ခဲ့ရသော ပြဿနာအချို့ကို ချက်ချင်း နားလည်သွားစေခဲ့ပေ၏။
"မစ္စတာချန်... ဒါက... ခင်ဗျား ရေးထားတာလား"
"မဟုတ်ရင် ဘယ်သူရေးရမှာလဲ"
ချန်ဖုန်းက ၎င်းတို့ကို ခေါင်းမော့ကြည့်လိုက်ပြီးနောက် အကြောင်းအရာများကို ဆက်လက် ပြုစုနေခဲ့သည်။
"ခင်ဗျားတို့ ဖတ်လို့ပြီးရင် မြန်မြန် အလုပ်ပြန်လုပ်ကြတော့... ထုတ်ကုန် တီထွင်ရာမှာ ကူညီပေးဖို့ ခင်ဗျားတို့ကို ဒီကို ခေါ်လာခဲ့တာ... ကျွန်တော့်ကို လာကြည့်ဖို့ မဟုတ်ဘူး"
"ကျွန်တော့်ကို တိရစ္ဆာန်ရုံထဲက မျောက်တစ်ကောင်လို့ ထင်နေတာလား"
“ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့ပါ…”
သို့သော် သူတို့အဖွဲ့သည် အဖြေမှားယွင်းကြောင်း သဘောပေါက်သွားပုံရပြီး အလျင်အမြန်ပြန် ရှင်းပြလိုက်၏။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော်တို့ အခုချက်ချင်း အလုပ်လုပ်ပါ့မယ်"
နောက်ပိုင်းအချိန်များတွင်
အဖွဲ့၏ စိတ်ပျက်အားငယ်နေသော အခြေအနေသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးသွားလေ၏။
ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ ကို ကျော်လွှားရန် ခက်ခဲသည်ဆိုလျှင်ပင်။
သို့သော် ချန်ဖုန်း ပြသခဲ့သော စွမ်းရည်များသည် ၎င်းတို့အား မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေးစွမ်းရန် လုံလောက်နေပေသည်။
ဖြစ်နိုင်တာက...
တကယ်ပဲ အောင်မြင်နိုင်လို့လား...
အဲဒါက ကမ္ဘာကြီးကို တုန်လှုပ်သွားစေမယ့် နည်းပညာတစ်ခုလေ...
တကယ်လို့ အောင်မြင်ခဲ့ရင်...
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ နာမည်ဂုဏ်သတင်းက မြင့်တက်လာရုံတင် မကဘူး... သုတေသနမှာ ကူညီပေးတဲ့ သူတွေရဲ့ တန်ဖိုးကလည်း ကောင်းကင်ထိ ထိုးတက်သွားမှာပဲ...
ဒါက အခွင့်အရေးတစ်ခုပဲ…
ဤအကြောင်းကို တွေးမိချိန်တွင် လူတိုင်း အလွန် စိတ်လှုပ်ရှားသွားကြပြီး ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်သွားကြပေ၏။
သုတေသန အခန်းအပြင်ဘက်တွင်။
ရှန်ကျွင်းသည် လုပ်ငန်းစဉ်ကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်နေပြီး ၎င်းတို့၏ သုတေသနကို မည်သူကမျှ အနှောင့်အယှက် မပေးကြောင်း သေချာအောင် လုပ်ဆောင်နေခဲ့ပေသည်။
အခြားဝန်ထမ်းများ အားလုံး အလုပ်ဆင်းသွားကြပြီ ဖြစ်၏။
သို့သော် သုတေသနအခန်းမှာ အလုပ်စတင်နေပြီဖြစ်ပုံရပြီး အတွင်းမှ အသံများ ထွက်ပေါ်နေကာ စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေပေသည်။
ရှန်ယန်းယန်းသည် ကုလားထိုင်ပေါ်တွင် ကွေးကွေးလေး အိပ်နေပြီး အနည်းငယ် အိပ်ချင်နေပုံရလေသည်။
ရှန်ကျွင်းက စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်၏။
"ယန်းယန်း... သမီး အရင်ပြန်နှင့်ပါလား... အဖေ ဒီမှာပဲ နေပြီး အခြေအနေကို စောင့်ကြည့်ပေးပါ့မယ်"
"ဟင့်အင်း... သမီး မအိပ်ချင်သေးဘူး"
ရှန်ယန်းယန်းက နှုတ်ခမ်းမဲ့ကာ အနည်းငယ် စိတ်ဓာတ်ကျနေပုံဖြင့် ပြောဆိုလိုက်သည်။
"အဖေ... သမီးက အသုံးမကျဘူးလို့ ထင်လား... အကြိမ်ပေါင်းများစွာ သူ့ကို သမီး ကူညီချင်ခဲ့တယ်... ဒါပေမဲ့ သမီး ဘာမှမသိဘူးဖြစ်နေပြီး သူ့ကို လုံးဝ မကူညီပေးနိုင်ဘူး"
"အဲဒါ သမီးရဲ့ ပြဿနာ မဟုတ်ပါဘူး"
ရှန်ကျွင်းမှာလည်း အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရပေ၏။
ချန်ဖုန်းကို ကြည့်ပါဦး... သူက ငါ့သမီးကိုတောင် စိတ်ကျဝေဒနာ ရလုနီးပါး ဖြစ်အောင် လုပ်နေပြီ…
သူက အလျင်အမြန် ပြောဆိုလိုက်သည်။
"သူက အရမ်း ထူးချွန်လွန်းနေလို့ပါ... ဒါကြောင့် အများကြီး တွေးမနေပါနဲ့"
"သူက သာမန်မဟုတ်ဘူးလေ... ကျိုတို တစ်ခုလုံးကို ကြည့်ပါဦး... တရုတ်နိုင်ငံ တစ်ခုလုံးကိုတောင် ကြည့်လိုက်ဦး... သူ့အရွယ်မှာ ဘယ်သူကများ ဖျော်ဖြေရေး ရင်းနှီးမြှုပ်နှံမှုမှာ အဓိက ရှယ်ယာရှင် တစ်ယောက်ဖြစ်လာပြီး ဘီလီယံချီ တန်ကြေးရှိနိုင်မှာလဲ"
ရုတ်တရတ် ရှန်ယန်းယန်း၏ မျက်နှာအမူအရာ ရုတ်တရက် ထူးဆန်းသွားလေ၏။
"အဖေ... ချန်ဖုန်း က ဖျော်ဖြေရေး ရင်းနှီးမြှုပ်နှံမှုမှာ ရှယ်ယာတွေ ပိုင်ဆိုင်ထားရုံတင် မကဘူး... ပြည်နယ်မြို့တော်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကိုလည်း ပိုင်ဆိုင်ထားပုံရတယ်..."
"..."
ရှန်ကျွင်း ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့၏။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တဲ့လား...
အဲဒါက ဈေးကွက်တန်ဖိုး ယွမ် ဘီလီယံဆယ်ဂဏန်းချီ ရှိတာလေ...
ဒီကောင်လေးကတော့...
ဤသို့ဖြင့် သူတို့နှစ်ဦး ဆက်လက် စောင့်ဆိုင်းနေခဲ့ကြသည်။
တစ်နာရီ။
နှစ်နာရီ။
...
ရှန်ယန်းယန်း သည် ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားလိုက်၊ ပြန်နိုးလာလိုက် ဖြစ်နေခဲ့၏။
သူမ နောက်တစ်ကြိမ် ပြန်နိုးလာချိန်တွင် နောက်တစ်နေ့ နံနက် ကိုးနာရီ ရှိနေပြီ ဖြစ်သည်။
သုတေသန အခန်းတံခါး နောက်ဆုံးတွင် ပွင့်လာခဲ့ပေ၏။
ချန်ဖုန်းနှင့် နည်းပညာရှင် အချို့သည် အတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့ကြသည်။
သူတို့က အလွန် စိတ်လှုပ်ရှားနေပုံရလေ၏။